← Chapters

အခန်း (၁၆၂)

Vol. 13 Ch. 162

အခန်း (၁၆၂)

Vol. 13 Ch. 162

လူအချို့က ချောင်မိသားစုကို ပြန်စဥ်းစားကြည့်ဖို့ စည်းရုံးချင်ကြသည်။ နောက်ဆုံးတွင်၊ ဒါက ဟူမြို့ကို ဆိုလိုခြင်းဖြစ်သည်။ သာ့ချောင်သည် ရှန်မိသားစုကို မွေးစားမိသားစုအဖြစ် အသိအမှတ်ပြုသော်လည်း၊ ထိုသူများသည် သူမ၏မိခင်အရင်းနှင့် နှိုင်းယှဉ်နိုင်ပါသလား?

ထို့အပြင် ရှန်မိသားစုသည် မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ ၎င်းသည် မြို့တွင်းတွင်သာ ဖြစ်သည်။  ဖန်းရှောင်ကျွမ်းက မြို့ကြီးထဲကို လက်ထပ်ဖို့သွားမှာမလား!

ချောင်ရှို့ကျီသည် အလွန်ခိုင်မာသော သဘောထားဖြင့် ငြင်းဆန်ခဲ့သည်။  ဖန်းရှောင်ကျွမ်းက သူမကိုစကားပြန်ပြောဖို့ အခွင့်အရေးမပေးခဲ့ပေ။  ဆက်ဆံရေးကို ဖြတ်တောက်ပါသည်ဆိုတဲ့ စာတမ်းတစ်စောင်ရေးခိုင်းသည်။

ဖန်းရှောင်ကျွမ်းက ဒီထပ်ပိုပြီး မဆွဲချင်တော့‌ပေ။  ဒေါသတကြီးဖြင့် သားအမိဆက်ဆံရေးကို ဖြတ်တောက်စာတစ်စောင်ရေးရန် ပညာတတ်လူငယ်တစ်ဦးကို အခင်းဖြစ်ရာသို့ ခေါ်ခဲ့သည်။ 

ဖြတ်တောက်စာတွင် သူမနှင့် သာ့ချောင်တို့သည် ယနေ့မှစပြီး သားအမိဆက်ဆံရေးကို ဖြတ်တောက်မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။  သူမသည် သာ့ချောင်ကို ပြုစုပျိုးထောင်ခွင့်ကို စွန့်လွှတ်ပြီး တစ်ပြားတစ်ကျပ်မှ ပေးမည်မဟုတ်ပေ။ အနာဂတ်တွင် သာ့ချောင်သည် သူမ၏ အိုမင်းခြင်းကို ပြုစုစောင့်ရှောက်ရန် မလိုအပ်‌ပေ။

ချောင်ရှို့ကျီသည် ဖြတ်တောက်ရေးစာအုပ်၏ အကြောင်းအရာကို ကော်ပီလေးအုပ်မထုတ်မီ မှန်ကန်ကြောင်း အတည်ပြုပြီးခဲ့သည်။  သူမသည် ဖန်းရှောင်ကျွမ်းကို လက်မှတ်နှင့် လက်ဗွေရာတစ်ခုစီ လုပ်ခိုင်းခဲ့သည်။ သူမသည် ထုတ်လုပ်ရေးအဖွဲ့၏ အရာရှိများနှင့် ဂုဏ်သိက္ခာရှိသော အကြီးအကဲများကို သက်သေအဖြစ် ထားရှိခဲ့သည်။

ဤဖြတ်‌တောက်ရေးစာအုပ်လေးအုပ်ကို ဖန်းရှောင်ကျွမ်း၊ သူကိုယ်တိုင်၊ ချောင်ကျန်းကျွင်းနှင့် ထုတ်လုပ်ရေးအဖွဲ့တို့ကို ပေးခဲ့သည်။ ဒါက ဖန်းရှောင်ကျွမ်းသည် မျက်နှာပြောင်တိုက်ပြီး မဝန်ခံမည်ကို တားဆီးလိုက်ခြင်းဖြစ်သည်။

‌ဖန်းရှောင်ကျွမ်းသည် ချောင်ရှို့ကျီ ဤကဲ့သို့ အကာအကွယ်ယူသည်ကြောင့် ဒေါသ တဖန်ပြန်ဆူထွက်လာသလိုခံစားလိုက်ရသည်။

ရှောင်ချောင်သည် သာ့ချောင်နှင့် သားအမိ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ကြောင်း သူမသိလိုက်ရသောအခါတွင် ရှောင်ချောင်သည် အလွန်ပျော်ရွှင်ခဲ့သည်။ ဒီနည်းလမ်းကို သူမလည်း သဘောတူပါသည်။

သူ့အမေက သာ့ချောင်ကို ဟူမြို့ကို တကယ်ခေါ်လာခဲ့ရင် သူမတကယ် သေ‌အောင်အော့အန်မိသွားချင်လိမ့်မည်။

ထုတ်လုပ်ရေးအဖွဲ့မှလူများသည် ဒီနေ့ရှိုးပွဲကြီးကို ကြည့်ရှုခဲ့ကြရသည်။  တစ်ချို့က သက်ပြင်းချကာ၊ တစ်ချို့က ကျေနပ်ကြပြီး၊ တစ်ချို့က ချောင် မိသားစုသည် မိုက်မဲလွန်းသည်ဟု ထင်ကြသည်။

ချောင် မိသားစုသည် အခြားသူများ၏ ထင်မြင်ယူဆချက်ကို ဂရုမစိုက်ပါ။ လင်းဟွေ့ ဒဏ်ရာမရကြောင်း အတည်ပြုပြီးနောက် အိမ်သို့ပြန်ကာ ဂုဏ်ပြုရန် ဟင်းပွဲကောင်းများဖြင့်စားပွဲကြီး ခင်းကျင်းထားသည်။

ထိုညတွင် ချောင်ရှို့ကျီသည် သာ့ချောင်ကို သူတို့နှင့် အတူအိပ်စေခဲ့သည်။

သူမက သာ့ချောင်ရဲ့ဆံပင်တွေကို ပွတ်သပ်ပြီး ပြောခဲ့သည်။ "မင်းအမေနဲ့ ဆက်ဆံရေးပြတ်သွားတဲ့အတွက် အဖွားကို အပြစ်တင်နေလား?”

သာ့ချောင်က သူ့အဖွားရဲ့ လက်ဖဝါးကို ပွတ်သပ်ပြီး " မဟုတ်ပါဘူး၊ အဖွားက ဒါကို သမီးရဲ့အကျိုးတွက် လုပ်တယ်ဆိုတာ သမီးသိပါတယ်!"

သားမိဆက်ဆံရေးကို ဖြတ်တောက်တယ်ဆိုတာ ဘာကိုဆိုလိုမှန်း သူမ တကယ်နားမလည်ခဲ့ပေ။ သူမ၏ အမေကို မထားခဲ့ချင်‌ပေ။ သူမ၏ အဘိုးအဘွားတွေကိုလည်း မထားခဲ့ချင်ပါ။

ချောင်ရှို့ကျီသည် တွေးတောနေရင်း သူမ၏ဆံပင်ကို ပွတ်သပ်လိုက်သည်။ ဖန်းရှောင်ကျွမ်းသာ ဒီလိုကောင်းတဲ့ ကလေးလေးကို ဆုံးရှုံးခဲ့ရတာကို သိခဲ့ရင် သူမ ဘယ်လိုတောင် နောင်တရနေလိမ့်မလဲ။

……

စစ်တပ်ဘက်တွင်။

ဝမ်ယန်းရှန်သည် ထုတ်လုပ်ရေးအဖွဲ့ထံမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။  စာအိတ်ပေါ်မှ ကွေးသော စာလုံးကို သူမြင်သောအခါ ပါးစပ်ထောင့်များက မစိနိုင်တော့ပေ။

အစောင့်ရှောင်လီသည် အမူအရာကင်းမဲ့ပြီး ကိုယ်ကျိုးမဖက်သော  ဗိုလ်မှူးကြီးတစ်ဦးသည် နူးညံ့သိမ်မွေ့စွာ ပြုံးပြသည်ကို မြင်လိုက်ရပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။  ကြက်သီးများ သူ့တစ်ကိုယ်လုံး ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ပုရွက်ဆိတ်ကိုက်ခံရသလို ခံစားလိုက်ရသည်။  သူသည် အလွန်သိချင်ပြီး မေးလိုက်သည်။ "ဗိုလ်မှူးကြီး၊ မင်းကို ဘယ်သူက စာပို့လိုက်တာလဲ?"

ဝမ်ယန်ရှန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက်နဲ့ "အရမ်းဝင်‌ရောက်စွက်ဖက်ရတာကို ကြိုက်တာလား? မင်းမှာ ကြံ့ခိုင်လွန်းတယ်လို့ ငါထင်တယ်၊ မင်းကို ဆယ်ခါလောက် ပြေးခိုင်း သင့်လား?”

ရှောင်လီက ကြောက်ရွံ့စွာဖြင့် ခေါင်းကို အကြိမ်ကြိမ်ခါယမ်းလိုက်ပြီး " ဗိုလ်မှူးကြီး၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော််မသိချင်တော့ပါဘူး! ဗိုလ်မှူးကြီးက တစ်ခါမှ ဒီလောက်နူးနူးညံ့ညံ့ ပြုံးတာကို မမြင်ဖူးခဲ့လို့ပါ။ ဒီစာကို... ဗိုလ်မှူးကြီးရဲ့ မိသားစုက ပို့တယ်ထင်လို့ပါ!"

အရင်က ဗိုလ်မှူးကြီးသည် သူ့အိမ်ကနေ စာတွေ လက်ခံရရှိခဲ့သည်။ သူ့မျက်နှာမှာ ဘယ်တုန်းကမှ အပိုအမူအရာ မရှိခဲ့‌ပေ။  ဒါပေမဲ့ အခုတော့ သူ့မျက်နှာမှာ ပန်းတစ်ပွင့် ပွင့်လုနီးပါးဖြစ်နေလေသည်။  တစ်ခုခုတော့ ဖြစ်ရမယ်!

ဝမ်ယန်ရှန်က စာကိုယူကာ လှည့်ထွက်သွားပြီး "ဒီစာကို ငါ့သတို့သမီးက ပို့လိုက်တာ!"

သတို့သမီး?

ဗိုလ်မှူးကြီးက ဘယ်တုန်းက သတို့သမီးရှိသွားတာလဲ။

ရှောင်လီသည် အံ့ဩသွားသည်။ သူက ဗိုလ်မှူးကြီးကို မေးချင်ပေမဲ့ ဝမ်ယန်ရှန်က ထွက်သွားပြီဖြစ်သည်။

ဝမ်ယန်ရှန်သည် လက်ထဲတွင် စာကို ကိုင်ဆောင်ရင်း အားအင်အပြည့်ရှိနေသည်။ သူပြန်သွားချင်ပြီး ထုတ်ယူလိုက်သည်။ သို့သော် သူသည် နူးညံ့သောအသံကြောင့် လမ်းတစ်ဝက်တွင် ရပ်သွားသည်..။

 "ဗိုလ်မှူးကြီး ဝမ်၊ ခဏစောင့်ပါဦး။”

ဝမ်ယန်ရှန်သည် သူ့ကို ဘယ်သူခေါ်‌နေလဲ သိဖို့ နောက်ပြန်ကြည့်ဖို့ မလို‌ပေ။

တုန်းလီလီသည် စစ်ဒေသဆေးရုံမှ သူနာပြုတစ်ဦးဖြစ်သည်။ သူမသည် စစ်ဦးစီးချုပ် လီအန်ဇနီး၏ တူမလည်းဖြစ်သည်။

တာဝန်ထမ်းဆောင်စဉ် သူသည် ဒဏ်ရာအပြင်းအထန်ရပြီး၊ တုန်းလီလီက သူ့ကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပြီး ပြုစုစောင့်ရှောက်ရန် တာဝန်ယူခဲ့သည်။ အဲဒီနောက်မှာတော့ သူသည် နေရာတော်တော်များများမှာ သူမကို မကြာခဏဆိုသလို တွေ့နေခဲ့ရသည်။

သူသည် ခေါင်းလှည့်ကြည့်လိုက်ပြီး အဖြူရောင်ဝတ်စုံဝတ်ထားသော တုန်းလီလီက သူ့ဆီ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ သူမသည် တောက်ပသော အပြုံးတစ်ခု သူမ၏ မျက်နှာပေါ်တွင် ချိတ်ဆွဲထားသည်။

"ဗိုလ်မှူးကြီး ဝမ်၊ တကယ် ရှင်ပဲ။ ကျွန်မက လူမှားပြီး ထင်မိမှာ စိုးရိမ်‌နေတာ " တုန်းလီလီသည် ကြည်နူးနေသော မျက်နှာဖြင့် ပြေးလာသည်။

ဝမ်ယန်ရှန်သည် လျစ်လျူရှုလိုက်ကာ "သူနာပြုတုန်း၊  ငါ့ကို ဘာအတွက်ရှာနေတာလဲ?”

တုန်းလီလီသည် သူ့၏ မျက်နှာအမူအရာမဲ့နေ‌သောမျက်နှာကို ကျင့်သားရနေပြီး သူမ၏ လက်ထဲရှိ အသီးကို မြှောက်ပြလိုက်သည်။ "ကျွန်မ အဒေါ်က ပန်းသီးတစ်ထုပ် ကျွန်မကို ပို့လိုက်တာ။ ကျွန်မရဲ့စားချင်စိတ်က အရမ်းနည်းလွန်း‌နေတယ်။ ဒါကြောင့် ဗိုလ်မှူးကြီးဝမ်က ကျွန်မကို ကူစား‌ပေးချင်မလားလို့။ ရှင် နည်းနည်းလောက် ဖြိုဖျက်ပေးလို့ရမလား"

တုန်းလီလီက လှသည်။ သူမသည် ငယ်ရွယ်ပြီး တက်ကြွသော ကိုယ်ရည်ကိုယ်သွေးရှိသည်။ အဲဒါအပြင် သူ့မှာ တပ်မှူးချုပ်ဖြစ်သော ဦးလေးတစ်ယောက်ရှိသည်။ တစ်ယောက်ယောက်သည် သူမကိုတွေ့ခဲ့လျှင်  သူမနောက်ကိုလိုက်ဖို့ အစပြုကြလိမ့်မည်။ ဒါပေမဲ့  သူမတွေ့သည့် လူက ဝမ်ယန်ရှန်ဖြစ်နေတာကတော့ သနားစရာဖြစ်သည်။

ဝမ်ယန်ရှန်၏ မျက်နှာသည် လုံးဝပြောင်းလဲခြင်းမရှိပေ။  သူသည် အေးစက်စွာ ငြင်းဆိုလိုက်သည်။ “ကျွန်တော် ပန်းသီးမကြိုက်ဘူး။ သူနာပြုတုန်း မစားနိုင်ရင် ဆေးရုံက တခြားရဲဘော်တွေကို ပန်းသီးတွေ ဝေလို့ရတယ်‌လေ။ စာပြန်ဖတ်ရဦးမှာမို့ ကျွန်တော်အရင်သွားတော့မယ်။”

တုန်းလီလီ၏ နှလုံးသားသည် စိတ်ပျက်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ သူမသည် အဲဒါကို ရှင်းရှင်းလင်းလင်း အရိပ်အမြွက် ပြောထားပြီးသားဖြစ်သည်။ ဒါကို သူက ဘာလို့ လျစ်လျူရှုနေရတာလဲ။

သူမလှတာ မလုံလောက်ဘူးလား။ ဒါမှမဟုတ် သူ့လိုအပ်ချက်နဲ့ မကိုက်ညီနေလို့လား?

တုန်းလီလီ စိတ်ဓာတ်ကျသွားသည်။ သို့သော်လည်း သူမသည် ဤကဲ့သို့ လက်မလျှော့ချင်ပေ။ ထို့ကြောင့် သူမသည် ထပ်ပြုံးပြလိုက်သည်။ "တောင်းပန်ပါတယ်၊ ဗိုလ်မှူးကြီးဝမ်က အမြန်ပြန်ပြီး စာတစ်စောင် ဖတ်ရမယ်ဆိုတာ ကျွန်မ မသိလိုက်ဘူး။ ဒီစာကို… ဗိုလ်မှူးကြီးဝမ်ရဲ့ မိသားစုက ပို့ခဲ့တာလား?"

သူ့လက်ထဲက စာအိတ်ပေါ်ကို စိုက်ကြည့်ပြီး စာကို ပေးပို့ခဲ့သူက ဘယ်သူလဲဆိုတာ သိဖို့ ကြိုးစားခဲ့သည်။ ကံမကောင်းစွာနဲ့ သူသည် စာကို လက်နဲ့ ကာထားခဲ့သည်။  သူမသည် ကွေးကောက်သောလက္ခဏာအချို့ကို ထိုစာအိတ်ပေါ်တွင် မြင်တွေ့နေရသည်။ တစ်ချက်ကြည့်လိုက်တော့ ထိုစာကို ပညာမတတ်သော သူတစ်ယောက်က ရေးခဲ့ပုံပေါ်သည်။

ဝမ်ယန်ရှန်သည် ပြန်ပြောခဲ့သည်။ "ဟုတ်တယ်၊ ကျွန်တော့်သတို့သမီးက ကျွန်တော့်ဆီ စာရေးလိုက်တာပါ။"

သတို့သမီး?

တုန်းလီလီ၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားသည်။ သူမကို လျှပ်စီးရိုက်လိုက်သလို ခံစားလိုက်ရသည်။ “ဗိုလ် ဗိုလ်မှူးကြီးဝမ်.. ရှင့်မှာ စေ့စပ်ထားတဲ့သူ ရှိတာလား? ကျွန်မဘာလို့ ဒါနဲ့ပတ်သက်ပြီး မကြားဖူးရတာလဲ?"

“အဲ့တာက ကျွန်တော် နောက်ဆုံးအိမ်ပြန်တည်းက ဖြစ်နေခဲ့တာ။ နောက်မှတွေ့မယ်။" သူသည်  စကားပြောပြီးနောက် တစ်ဖက်လူကို လျစ်လျူရှုကာ လှည့်ထွက်သွားသည်။

တုန်းလီလီသည် သူ၏ မြင့်မားသော နောက်ကျောကို စိုက်ကြည့်နေသည်။  သူမ၏ မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာသည်။

ဝမ်ယန်ရှန်သည် အခန်းသို့ ပြန်လာပြီး စာအိတ်ကို ဖွင့်ရန် မစောင့်နိုင်တော့ပေ။ စာကိုဖတ်ပြီးနောက် သူ့မျက်ခုံးတွေ တွန့်သွားသည်။

မြို့တော်ရဲ့ တော်လှန်ရေးကော်မတီက ဘယ်လောက်သာလွန်ပြီး အင်အားကြီးသလဲဆိုတာ အရင်က သူ့အစ်ကိုကြီး ပြောတာကို ခဏခဏ ကြားဖူးသည်။  ဒါပေမဲ့ ဒီကိစ္စက သူ့ထိန်းချုပ်မှု‌အောက်မှာ မရှိပေ။  ပြီးတော့ သူသည် စစ်တပ်ထဲတွင် အမြဲရှိနေသောကြောင့် တော်လှန်ရေးကော်မတီကို ဆန့်ကျင်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပေ။

ယခု ချောင်မိသားစုသည် အခြားလူများ၏ ပစ်မှတ်ထားခံနေရသည်။ ချောင်မိသားစုမှာ အပြစ်မရှိပေမဲ့ ချောင်မိသားစုကို သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကနေ မလွှတ်ပေးဘူးလို့ ထင်ရသည်။ 

သူသည် စာကိုအ‌ဝေးမှာ ဖယ်မထားခင် အခန်းကို နှစ်ခါ လှည့်ပတ်ကြည့်ခဲ့သည်။ သူသည် လှည့်ပြီးနောက် ပြန်ထွက်သွားခဲ့သည်။

သူ၏ အဆက်အသွယ်တွေက အကန့်အသတ်ရှိသည်။ ထို့ကြောင့် ဒုဗိုလ်ချုပ်ကြီးကျန်းကို အကူအညီတောင်းခဲ့သည်။

 ...

ရပ်ရွာမူလတန်းကျောင်းမှ ဆရာမသည် ထုတ်လုပ်ရေးအဖွဲ့သို့ လူကိုယ်တိုင်လာရောက်ပြီး ချောင်မိသားစုသို့ သတင်းကောင်းတစ်ခု ယူလာခဲ့သည်။

ပထမဦးစွာ ချောင်တုန်းဟယ်သည် ခရိုင်အတွင်းရှိ ထိပ်တန်းအဆင့်၅၀ဖြင့် မြို့၏ အငယ်တန်းအဆင့်သို့ ဝင်ခွင့်ရခဲ့သည်။  ဒုတိယ၊ သာ့ချောင်သည် တစ်တန်းလုံးတွင် သူမ၏ ပထမနေရာကို ထိန်းသိမ်းခဲ့သည်။  တတိယအ‌နေနဲ့ အန်းပင်းသည် သူ၏စာမေးပွဲတွင် ကြီးမားသောတိုးတက်မှုကို ရရှိခဲ့သည်။ ရလဒ်နှစ်ခုသည် တစ်ရာအထိ ရခဲ့သည်။

 "ငါပြောသားပဲ ငါ ၁၀၀ကို သေချာပေါက် ပြန်ယူမယ်လို့ပြောခဲ့တယ်လေ!"  အန်းပင်းသည် မျောက်တစ်ကောင်ကဲ့သို့ ပျော်ရွှင်စွာဖြင့် အခန်းထဲတွင် ခုန်‌ပေါက်နေသည်။

ချောင်တုန်းယင်သည် သူ့ကို လှောင်ပြောင်လိုက်သည်။ "မင်း ဘယ်လောက်တောင် စိတ်လှုပ်ရှားနေတာလဲ။ မသိတဲ့သူဆို မင်းက စာမေးပွဲမှာ ၁၀၀ရာခိုင်နှုန်းရတယ်လို့ ထင်လိမ့်မယ်!"

အန်းပင်းသည် သူ၏နားကို ကုတ်လိုက်ပြီး ပြောခဲ့သည်။ "ဒုတိယအစ်မ၊ ကျွန်တော် တိုးတက်လာပါပြီ။ နှစ်ထောင်ချီကြာအောင် မပြောင်းလဲခဲ့တဲ့ နင့်ရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် အဖိုးနဲ့ အဖွားက ဒီတစ်ခါ ငါ့ကို ကျိန်းသေပေါက် ချီးမွမ်းလိမ့်မယ်လို့ ငါထင်တယ်!"

ချောင်တုန်းဟယ်သည် သူမကို မြို့ရဲ့ အလယ်တန်းကျောင်းမှာ ဝင်ခွင့် ပေးလိုက်ပြီဆိုတာ သိလိုက်ရတော့ ဝမ်းသာသွားသည်။  ထို့ပြင်၊ ဤအဆင့်ကောင်းများနှင့်အတူ ဖြစ်သည်။

သူမ၏ ညီမငယ်ကို ဒီလိုမြင်တော့ သူမ အနည်းငယ် စိုးရိမ်သွားသည်။ " တုန်းယင် နင် အရင်က ကိစ္စကို မှတ်မိသေးလား "

ချောင်တုန်းယင်သည် တကယ်တော့ လုံးဝ မိုက်မဲတာမဟုတ်ပေ။ သူမ သည် ပထမဆုံးကျောင်းစတက်တုန်းက  မောင်နှမသုံးယောက်ထဲမှာ သူမသည် အဆင့် အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း သူမ၏ ပင်ကိုယ်စရိုက်က ကြမ်းတမ်းသည်။ သူမသည် ယောင်္ကျားလေးများထက် ပို၍ ပြဿနာရှာပြီး ရန်ပိုဖြစ်သည်။  တကယ်ကို ကျောင်းသားဆိုးတစ်ယောက်၏ အကောင်းဆုံးဥပမာပါပဲ။

အလယ်တန်းစာမေးပွဲတစ်ခုတွင် သူမသည် စာမေးပွဲနှစ်ခုစလုံးတွင် ၉၀ရာခိုင်နှုန်းကျော်ရခဲ့သည်။ သူတို့၏ တာဝန်ခံဆရာမက သူမကိုယ်တိုင် စာမေးပွဲအောင်သည်ကို မယုံဘဲ ကျောင်းသားအားလုံးရှေ့တွင် စာခိုးချခဲ့ကြောင်းကို ကြေညာခဲ့သည်။ ထိုအချိန်တွင် အသက် ရှစ်နှစ်သာရှိ‌သေးသည့် ချောင်တုန်းယင်သည် သူမ စားပွဲကို မှောက်သွားသည်အထိ ဒေါသတကြီး ဖြစ်နေခဲ့သည်။

နောက်ပိုင်းတွင် ဒီကိစ္စကို သေချာစုံစမ်းပြီး ဆရာက ချောင်တုန်းယင်ကို တောင်းပန်ခဲ့ပေမဲ့ ချောင်တုန်းယင်သည် စာမေးပွဲကို အလေးအနက် မထားတော့ပေ။ သူမသည် စာမေးပွဲတစ်ခုစီတွင် ၆၀ရာခိုင်နှုန်းအတွက် လုံလောက်သောမေးခွန်းများကိုသာ ဖြေဆိုခဲ့သည်။

ချောင်တုန်းယင်က သူမအစ်မကို ပြုံးပြပြီး "အစ်မ၊ ငါ့အတွက် စိတ်မပူပါနဲ့။ မင်း အလယ်တန်းကျောင်းမှာ ဝင်ခွင့်ရခဲ့ပြီ။ ငါတို့မိသားစုမှာ မကြာခင် စက်ဘီးရှိတော့မယ်။ ငါတို့မိသားစုမှာ ဘယ်သူက စက်ဘီးအရင်စီးရမလဲဆိုတာ သိလား။"

သူမ၏ညီမသည် အလွန်ပြတ်သားသည့် သူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ချောင်တုန်းဟယ်သည် သူမ၏နှလုံးသားထဲတွင် အသက်ရှု‌ချောင်သွားသည်။  သူမသည် ညီမဖြစ်သူ၏ စကားကြောင့် “အဲ့တာက ညီမလေး သာ့ချောင် ဖြစ်မယ်ထင်တယ်။”

ညီမငယ်သာ‌့ချောင်သည် အလွန်ထက်မြက်သည်။ သူမသည် တစ်ကြိမ်ကြည့်ရုံနဲ့ ဘာမဆို သင်ယူနိုင်သည်။  သူမကို သေလောက်သည်အထိ မနာလိုပေ။

ချောင်တုန်းယင် - "အစ်မ၊ ညီမလေး သာ့ချောင်က ဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ၊ သူ့ရဲ့ အရပ်ပုပု‌လေးနဲ့ စက်ဘီးစီးနိုင်မယ်လို့ နင်ထင်နေတာလား။ ငါတို့အဖွားက အဲဒါကို ပထမဆုံး တွေးသင့်တယ်လို့ ငါထင်တယ်။"

‌

ချောင်တုန်းဟယ်က ခေါင်းညိတ်ပြီး "ဒါကို ငါဘာလို့ မစဉ်းစားမိတာလဲ။ ညီမလေး သာ့ချောင်က အရပ်မရှည်ဘူး..."

"အစ်မဝမ်းကွဲ ငါအရပ်ပိုရှည်လာပါပြီ။"

သာ့ချောင်သည် သူမ၏ အရပ်မရှည်ခြင်းနှင့် ပတ်သက်ပြီး ဝမ်းကွဲနှစ်ယောက်၏ မှတ်ချက်ကို အလွန်မကျေနပ်သဖြင့် နှုတ်ခမ်းစူပြီး အပြင်သို့ ထွက်လာခဲ့သည်။

ကျောက်စိမ်းပုတီးစေ့ရေကို သောက်သုံးပြီးကတည်းက သူမ၏ အသားအရည်သည်ပိုဖြူလာပြီး အရပ်ပိုမြင့်လာသည်။ သို့သော် သူမသည် အရပ်မည်မျှပင်ရှိစေကာမူ သူမသည် အသက်ခုနစ်နှစ်အရွယ် ကလေးသာဖြစ်သည်။ သူ့ဝမ်းကွဲတွေကို ကျော်တက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

All Chapters