အခန်း (၁၆၃)
Vol. 13 Ch. 163
ချောင်တုန်းဟယ်သည် သူ့ညီမ၏ စိတ်ဆိုးနေသော ပုံစံကို မြင်သောအခါ သူမ၏ နှလုံးသားသည် ပျော့ပျောင်းသွားပြီး လျင်မြန်စွာ ချော့မော့လာသည်။ "မှန်ပါတယ်။ တခြားကလေးတွေနဲ့ ယှဉ်ရင် ညီမလေးက အရမ်းအရပ်ရှည်နေပြီ။ အခုပဲ အစ်မဝမ်းကွဲ ပြောတာ စကားမှာနေတာ။ စက်ဘီးထိုင်ခုံက အရမ်းမြင့်လွန်းတယ်။ အစ်မဝမ်းကွဲတောင် မစီးနိုင်ပါဘူး”
သာ့ချောင်လည်း တကယ်စိတ်မဆိုးပေ။ သူမဝမ်းကွဲဖြစ်သူ၏ ချော့ခြင်းကို ခံရပြီးနောက် သူမသည် လျင်မြန်စွာ ရွှင်မြူးလာပြန်သည် - "အစ်မမ်းကွဲ မင်းက တကယ်ကို အံ့သြစရာပဲ! အစ်မ နောက်ဆုံးအကြိမ်တုန်းက မုန့်ကြော်စားချင်တယ်လို့ ပြောတယ်မလား။ မနက်ဖြန် အစ်မအတွက် ညီမလုပ်ပေးမယ်!"
ချောင်တုန်းဟယ်၏ နှလုံးသား ပျော့ပျောင်းသွားသည်။ ညီမငယ်၏ ဖြူဖွေးပြီး နူးညံ့သိမ်မွေ့သော မျက်နှာကို ညှစ်ရန် လက်ကို ဆန့်ထုတ်ကာ "ကောင်းပြီ၊ ဝမ်းကွဲညီမလေး ကျေးဇူးနော်!"
"နားထောင်ကြဦး ငါ့မှာပြောစရာရှိတယ်။ ညီမလေး သာချောင် ငါလည်း စားချင်တယ်!" အန်းပင်းသည် သူ၏ခေါင်းကြီးအား နီးကပ်လာကာ တံတွေးကို မျိုချလိုက်သည်။
ချောင်တုန်းယင်က သူ့ကို ရယ်မောလိုက်ပြီး "နင့်ရဲ့ ကတိမတည်တဲ့ ပုံစံကို ကြည့်လိုက်ဦး။ နောက်ဆုံးတော့ ငါသိသွားပြီ၊ စားစရာရှိတဲ့နေရာ နင်ရှိတယ်ဆိုတာ!"
အန်းပင်းသည် လုံးဝမရှက်ဘဲ "အစားအသောက်က လူတွေရဲ့ အဓိက လိုအပ်ချက်ပဲ။ ဒုတိယအစ်မ၊ အစားအသောက်က လူတွေကို အရမ်းပျော်စေအောင် လုပ်ပေးတယ်လို့ မထင်ဘူးလား။”
ရပ်ရွာ မူလတန်းကျောင်း၏ ပညာရေးအဆင့်သည် အမြဲတမ်း ခရိုင်၏ ကျောင်း ထက်နိမ့်ကျခဲ့သည်။ ခရိုင်မူလတန်းကျောင်းနဲ့ နှိုင်းယှဥ်မရသော်လည်း၊ ချောင်တုန်းဟယ်က အခုအကြိမ် စာမေးပွဲတွင် ရလဒ်ကောင်းများကြောင့် ရပ်ရွာမူလတန်းကျောင်းသည် ပညာရေးဗျူရိုတွင် မျက်နှာရရှိခဲ့သည်။
ကျောင်းအုပ်ကြီးသည် ပျော်ရွှင်ပြီး ချောင်တုန်းဟယ်ကို ဘောပင်နှစ်ချောင်း၊ မှတ်စုစာအုပ်နှစ်အုပ်နှင့် အထူးဆုငွေ နှစ်ယွမ်ကို ဆုပေးခဲ့သည်။ ချောင်တုန်းဟယ်သည် ဤဆုလာဘ်များကို မြင်သောအခါ သူမ၏မျက်နှာသည် အနီရောင်ပန်းသီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဆရာမ ထွက်သွားပြီးတာနဲ့ ဝမ်ချွမ်ကျီက တုန်းယွင်လေးကို ပွေ့ချီပြီး "ဆရာမပေးတဲ့ ပိုက်ဆံက ဘယ်မှာလဲ၊ ငါ့ကို ပေးစမ်!"
ချောင်တုန်းဟယ်၏ မျက်နှာသည် နီမြန်းလာပြန်သည်။ ဒါပေမဲ့ ဒီတစ်ခါတော့ ဒေါသထွက်နေပြီး "မေမေ၊ ဒီပိုက်ဆံကို သမီးကိုယ်တိုင် သိမ်းထားချင်တယ်"
ဝမ်ချွမ်ကျီက သူမလက်ကို ဆန့်ထုတ်ပြီး အော်လိုက်သည်။ "ကလေးတစ်ယောက်က ပိုက်ဆံအများကြီး ကိုင်ဖို့လိုလို့လား? အဲ့တာကို ထုတ်လိုက်စမ်း!”
ချောင်တုန်းယင် - "မေမေ၊ သမီး အဖွားက ပြောပြီးပြီ။ ဒီပိုက်ဆံက အစ်မအတွက်လို့ ပြောတာ။ မင်းဒီအတိုင်းယူချင်ရင် သမီးအဖွားကို ပြောပြလိုက်မယ်!"
ဝမ်ချွမ်ကျီက ဒေါသအရမ်းထွက်ပြီး သူမ၏ ခြေထောက်ကို နင်းချင်နေသည်။ "သေပြီကောင်မလေး၊ နင်က နေ့တိုင်း အတင်းပြောဖို့ပဲသိတယ်။ ငါက မင်းအမေပဲနော်။ နင့်ပိုက်ဆံတွေကို ငါ့ရှိမှာထားရမှာကို ဘာတွေ စိုးရိမ်နေတာလဲ? တုန်းဟယ် နင်က ဒီနှစ် ဆယ့်သုံးနှစ်နော်။ နင်နောက်ထပ် စာသင်စရာ လိုတယ်လို့ ငါမထင်ဘူး။ နင်အိမ်မှာ နှစ်နှစ်နေ။ နောက်ကျ နင့်ကို မိသားစုကောင်းနဲ့လက်ထပ်ဖို့ ငါ အောင်သွယ် ဟုန်ကို ပြောလိုက်မယ်!"
ချောင်တုန်းဟယ်သည် ရှက်ရွံ့ဒေါသထွက်ပြီး သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမသည် မျက်ရည်ကျတော့မည်။
သူမ၏ အစ်မဖြစ်သူ စိတ်ဆိုးနေတာကိုမြင်တော့ ချောင်တုန်းယင်သည် ဒေါသထွက်လွန်းလို့ ထရပ်လိုက်သည်။ သူမသည် သာ့ချောင် တိုးတိုးလေးပြောသံကြားတော့ သူ့အဖွားကို တိုင်ကြားဖို့ အပြင်ထွက်ဖို့ ပြင်နေသည်...။
"အကြီးဆုံး အဒေါ်၊ ဝမ်းကွဲအစ်မ စာသင်ဖို့ မြို့ကို မသွားဘူးဆိုရင် အဖွားက စက်ဘီးဝယ်မှာ မဟုတ်ဘူး။ အဲ့ဒါဆို အကြီးဆုံးဦးလေးက အဒေါ့်ကို ထုတ်လုပ်ရေးအဖွဲ့ဆီသွားဖို့ စက်ဘီး မသုံးနိုင်တော့ဘူး။ သနားစရာပဲ”
ဒီစကားကြားတော့ ဝမ်ချွမ်ကျီသည် ထိတ်လန့်သွားသည်။
သူမ၏ခင်ပွန်းက သူမကို ထုတ်လိုက်ရေးအဖွဲ့ဆီ စက်ဘီးနဲ့ လိုက်ပို့မှာလား?
ဒါဆိုရင် ထုတ်လုပ်ရေးအဖွဲ့မှာရှိသည့် မိန်းမတွေက သူမကို သေအောင်မနာလို ဖြစ်ကြလိမ့်မည်။
သူမသည် အဲ့အကြောင်းကို ပိုတွေးလေလေ၊ သူမမျက်လုံးတွေက ပိုတောက်ပလာလေပင်။ သူမ ယောက္ခမကို အခု စက်ဘီးဝယ်ဖို့ မစောင့်နိုင်တော့ပေ။ သူမသည် စက်ဘီးဘယ်လိုစီးရမှန်း မသိရင်တောင်မှ ထုတ်လုပ်ရေးအဖွဲ့က အမျိုးသမီးတွေရှေ့မှာ စက်ဘီးကို အကြိမ်ပေါင်း ဒါဇင်နဲ့ချီပြီး တွန်းလို့ရသည်။ အဲဒါက သူတို့ကို မနာလိုစေမှာ ကျိန်းသေသည်။
ဒါပေမဲ့ သမီးအကြီးဆုံး ကျောင်းသွားရင် အိမ်မှုကိစ္စတွေကို မိသားစုထဲမှာ ဘယ်သူမှ မကူညီနိုင်ပေ။
ချန်ချောင်ချောင် ထွက်သွားပြီးကတည်းက သူမ၏ သမီးအငယ်ဆုံးလေးကို ပြုစုစောင့်ရှောက်ခဲ့ရသလို အိမ်မှုကိစ္စတွေလည်း လုပ်ခဲ့ရသည်။
အရင်က သူမသည် သူမ၏ အကြီးဆုံးသမီးကို စာမသင်စေချင်တော့ပေ။ ဒါမှ အကြီးဆုံးသမီးက အိမ်မှာနေပြီး သူ့သမီးအငယ်ဆုံးကို ပြုစုစောင့်ရှောက်ကာ အိမ်မှုကိစ္စတွေကို ကူညီနိုင်မှာဖြစ်သည်။ သူမသည် အလုပ်ရမှတ်အချို့ ရရှိနိုင်သည်။
ယခုတော့ သူမသည် ပဋိပက္ခဖြစ်နေသည်။
နောက်ဆုံးတွင် သူမ၏ လိုချင်စိတ်သည် အခြားအတွေးများထက် သာလွန်နေသည်။ သူမက ချောင်းဟမ့်ရင်း “ငါနည်းနည်းစဉ်းစားကြည့်တာ အမျိုးသမီးတွေကလည်း စာပိုလေ့လာသင့်တယ်။ တုန်းဟယ် နင် ကျောင်းသွားသင့်တယ်။"
သူမစကားပြီးသောအခါ သူမသည် တုန်းယွင်လေးကို သူမ၏ သမီးအကြီးဆုံးဆီသို့ ပေးလိုက်ပြီး ချောင်ကျန်းဟော်ကိုရှာရန် လှည့်ကြည့်လိုက်သည်။ သူမသည် သူ့ကို စက်ဘီးကောင်းကောင်းစီးတတ်ဖို့ ကြိုပြောထားချင်သည်။ ဒါမှ သူမသည် ထုတ်လုပ်ရေး အဖွဲ့ထဲမှာ လှည့်ပတ်ပြီး ကြွားနိုင်မှာဖြစ်သည်။
သူ့အမေ ထွက်သွားပြီးတာနဲ့ ချောင်တုန်းယင်သည် လက်ကိုဆန့်ထုတ်ပြီး သာ့ချောင်ရဲ့ မျက်နှာကို ပုတ်ပြီး "ညီမလေးက လိမ္မာတဲ့ မျောက်ကလေးပဲ။ နင်က ငါ့အမေကို စကားတစ်ခွမ်းတည်းနဲ့ စည်းရုံးနိုင်တယ်၊ ဘရာဗို!"
ချောင်တုန်းဟယ်သည် ပြန်ပြုံးခဲ့သည်။ သူမသည် ကြက်ကလေးလို ခပ်မြန်မြန် ခေါင်းညိတ်ပြကာ "ညီမလေးသာ့ချောင် မင်းရဲ့ ဦးနှောက်က အရမ်းထက်တယ်!"
သူ့အဖွားသည် အမေ့ကို ကျောင်းတက်ရအောင် ပြောပေးနိုင်ပြီး ဒါက ပြဿနာမဟုတ်ပေ။ သူ့အမေက မကျေမနပ်ဖြစ်ပြီး ခဏခဏ ဆူညံပူညံ လုပ်နေလိမ့်မည်။ ထိုအရာက အလွန်စိတ်ပျက်စရာဖြစ်သည်။
ယခုမူ ညီမလေး သာ့ချောင်၏ ဖြားယောင်းခြင်းကို ခံခဲ့ရပြီး နောင်တွင် သူမအား နှောင့်ယှက်မည်မဟုတ်ပေ။ ညီမလေးသာ့ချောင်က အံ့သြစရာပဲ! သာ့ချောင်၏ မျက်နှာလေးသည် နီမြန်းနေသည်။ သူမက ရင်ဘတ်ကို ဖွဖွပုတ်ရင်း ပြောခဲ့သည်။ "အင်း၊ ညီမ ဦးနှောက်က အရမ်းမြန်တယ်။ အနာဂတ်မှာ အစ်မတို့မှာ ပြဿနာတစ်ခုခုရှိရင် ညီမကိုမေး။ ညီမက ဉာဏ်ကောင်းတယ်လေ"
"ဖွီ...."
ညီမလေးသာ့ချောင်၏ ချစ်စဖွယ်ကောင်းမှုကြောင့် ချောင်တုန်းဟယ်သည် လူတိုင်းစားဖို့ သကြားလုံးများဝယ်ရန် ငွေငါးပြားကို ရက်ရက်ရောရော ပေးရန် ဆုံးဖြတ်ခဲ့သည်။
ချောင်တုန်းယင်သည် မကူညီနိုင်ဘဲ မျက်လုံးကို မှိတ်ထားလိုက်သည်။ ညီမလေး သာ့ချောင်သည် ထက်မြက်သော်လည်း သူမသည် ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းသည်။
ဝမ်ချွမ်ကျီသည် သူမ၏ ယောင်္ကျားကို ရှာမတွေ့ခဲ့ပေ။ သူမသည် ထုတ်ဖော်ပြသလိုသော ဆန္ဒကြောင့် သူမ၏နှလုံးသား ပူလောင်နေသည်။ သူမသည် လှည့်လိုက်ကာ လူတိုင်းအား ကြွားဝါရန် ထွက်လာခဲ့သည်။
"နင့်ကလေးရဲ့ နောက်ဆုံး စာမေးပွဲက ဘယ်လိုလဲ။ အမှတ်၇၀လောက်ပဲ ရတယ်။ မဆိုးပါဘူး။ ငါတို့မိသားစုက သမီးကြီးဆုံး တုန်းဟယ်က ခရိုင်မှာ ထိပ်တန်းအဆင့်ငါးဆယ်ကို ရထားတယ်။"
"နင်မကြားသေးဘူးလား? ဆရာမက ငါ့သမီးတုန်းဟယ်က ဒီကျေးရွာတစ်ခုလုံးမှာ အတော်ဆုံးကျောင်းသားဖြစ်တယ်လို့ ပြောခဲ့ပြီး တုန်းဟယ်ကို သုံးယွမ် ဆုချခဲ့တယ်။ ဘောပင်နဲ့ မှတ်စုစာအုပ်တွေလည်း အများကြီးပါတယ်။ နင်ရောရလား? မရဘူးလား? ဒါဆို မှန်တာပေါ့။ နင့်သမီးက ငါ့တုန်းဟယ်လောက် မတော်ဘူးလို့ ဘယ်သူပြောတာလဲ။
“စကားမစပ်၊ ကျွန်မယောက္ခမက တုန်းဟယ်ကို မြို့ရဲ့အလယ်တန်းကျောင်းမှာ ဝင်ခွင့်ရရင် ကျွန်မ သမီးအကြီးဆုံးအတွက် စက်ဘီးဝယ်ပေးမယ်လို့ ပြောထားတယ်။ ကလေးအဖေက ကလေးကို မြို့ကနေ သွားကြိုဖို့တွက် လွယ်ကူစေမှာ" စက်ဘီးတစ်စီးက ဘယ်လောက်တန်ဖိုးရှိလဲ? ကျွန်မက ဒီလောက်ပိုက်ဆံမသုံးနိုင်နိုင်ပေမဲ့ ကျွန်မမွေးတဲ့ကလေးတွေက ဉာဏ်ကောင်းတော့ အကြီးဆုံးသမီးကို ဆုချရမယ်လို့ ယောက္ခမကပြောတယ်”
ဝမ်ချွမ်ကျီ၏ ကောင်းကင်ထိ ကြွားလုံးထုတ်တာကို လူတိုင်း နားထောင်နေကြသည်။ အချို့က စိတ်ပျက်၊ အချို့က မနာလိုပြီး အချို့က မနှစ်မြို့ဖွယ်ကောင်းသော စကားများ ပြောကြသည်။
"ဒါက မိန်းကလေးပဲလေ၊ သူမ နာမည်ကို ရေးတတ်ရင် လုံလောက်ပါပြီ။ နင်တို့ချောင် မိသားစုမှာ ပိုက်ဆံအများကြီးရှိတယ်ဆိုရင်၊ သူ့ကို အလယ်တန်းတက်ဖို့ မြို့ကိုသွားခွင့်ပေးလိုက်လေ"
"မဟုတ်ဘူးလား! စာအုပ်တွေ အများကြီးဖတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရည်ရွယ်ချက်က ဘာလဲ? သိပ်မကြာခင် သူမက တခြားသူရဲ့ မိသားစုဖြစ်တော့မှာ မဟုတ်ဘူးလား? ငါပြောတာက၊ အကြီးဆုံးချောင်ရဲ့မိန်းမ နင်ရဲ့ တုန်းဟယ်ကို ကျောင်းမတက်ခိုင်းတာက ပိုကောင်းပါတယ်။ အဲ့ဒီအစား သူမကို အိမ်မှာ အိမ်မှုကိစ္စလုပ်ခိုင်းလိုက်။ သူမက မိသားစုကို ထောက်ပံ့ဖို့ လယ်ထဲကို သွားမလား? "
ထိုသို့ ရွာသားများက ပြောသောအခါ သူတို့သည် ချောင်မိသားစုကို ပစ်မှတ်ထားခြင်းမဟုတ်ပေ။ ဒါကို လူတိုင်း၏ နှလုံးသားထဲမှာ သိထားသည်။
အခုခေတ်မှာ လူတော်တော်များများသည် ထမင်းကို ဝအောင်ပင် မစားနိုင်ပေ။ သူတို့ သားသမီးတွေ ကျောင်းတက်ဖို့ အပိုငွေတွေ ဘယ်မှာရှိမလဲ? မိသားစုက အခြေအနေကောင်းမယ်ဆို သူတို့၏ သားတွေကို ကျောင်းပို့လိမ့်မည်။ ချောင်မိသားစုကဲ့သို့သော သမီးများကို ကျောင်းပို့မယ်ဆိုရင် လူတစ်ယောက်ထဲကို ဘယ်နှစ်ယောက်က မှီခိုနေသလဲ။
ဘိုးဘေးမရှိသည့် လူအချို့က သူတို့၏သမီးတွေ နှင့် မြေးတွေကို ကျောင်းတက်ခွင့် ပေးတာမျိုးလည်းရှိပါသည်။ ဒါပေမဲ့ အဲ့တာက တစ်နှစ်၊ နှစ်နှစ်လောက်ပါပဲ။ သူတို့ နာမည်ကိုရေးနိုင်ပြီး ရေတွက်နိုင်ပြီဆို လုံလောက်ပါပြီ။ ထို့ကြောင့် အထက်တန်းအဆင့်တွင် ဆက်လက်ပညာသင်ကြားနေသည့် မိန်းကလေးသည် နည်းသည်ထက် ပိုနည်းပါးလာသည်။
ထုတ်လုပ်ရေးအဖွဲ့သည် ယခုအကြိမ်တွင် မူလတန်းကျောင်းဆင်းစာမေးပွဲဖြေဆိုရန် စုစုပေါင်း ဆယ်ဦးရှိသည်။ ရှောင်တုန်းဟယ်သည် တစ်ဦးတည်းသော မိန်းကလေးဖြစ်သည်။ အခြားသူများသည် ယောင်္ကျားလေးများသာဖြစ်သည်။ ထိုယောင်္ကျားလေးများထဲတွင် ဝင်ခွင့်စာမေးပွဲ အောင်မြင်သွားရင်တောင် သူတို့မိသားစုသည် ၎င်းတို့ကို ဆက်လက်ပညာသင်ကြားပေးရန် စိတ်ကူးမပေ။
ရွာသားတွေရဲ့ နှလုံးသားထဲမှာ သူတို့သည် ဘယ်လောက်ပဲ လေ့လာနေပါစေ၊ အသုံးမဝင်ပေ။ ကျေးလက်မှာ အလုပ်လုပ်ဖို့ စေလွှတ်ခံရသည် ပညာတတ်လူငယ်တွေကို မမြင်ဖူးကြဘူးလား။
ဝမ်ချွမ်ကျီသည် လူတိုင်း၏ တုံ့ပြန်မှုကို ကြားလိုက်သောအခါတွင် သူမသည် ချက်ချင်းပင် စိတ်ဆင်းရဲသွားသည်။ သူမ၏ ပေါင်ကိုရိုက်လိုက်ပြီး "နင်တို့ နားမလည်ဘူးလား sh*t! သမီးတွေ စာလေ့လာရင် အသုံးမဝင်ဘူးလို့ ဘယ်သူပြောတာလဲ? နင်တို့က ယောင်္ကျားလေးတွေကို မိန်းကလေးတွေထက် ပိုပြီးမျက်နှာသာ ပေးနေကြတာပဲ။ နင်တို့က မိန်းမတွေ မဟုတ်ဘူးလား။ တခြားမိန်းမတွေကို ပြောချင်တယ်ဆို ကိုယ့်ကိုကိုယ်လည်း ပြန်ကြည့်ဦး။ နင်တို့ဘာလို့ ဒီလောက်တောင် မသိနားမလည်ဖြစ်နေရတာလဲ? အဲ့တာနင်တို့ လေ့လာအားနည်းလို့လေ!"
လူတိုင်း - "..."
သေစမ်း၊ ဝမ်ချွမ်ကျီရဲ့ ဦးနှောက်တွေက နစ်မြုပ်သွားပြီလား?
လူတိုင်းက သမီးထက် သားကို ပိုမျက်နှာသာပေးတယ်လို့ သူမ ဘယ်လို မျက်နှာထားနဲ့ ပြောခဲ့တာလဲ > သူမလည်း အတူတူပဲ မဟုတ်ဘူးလား?
တစ်ယောက်ယောက်က ပြန်တုံ့ပြန်ခဲ့သည်။ “နင်က မိန်းကလေးတွေထက် ယောင်္ကျားလေးတွေကို ပိုပြီးမျက်နှာသာမပေးသလို၊ နင်ကပဲ စာအုပ်တွေ အများကြီးဖတ်ဖူးသလိုပဲ ပြောနေတာပဲ။ ဖွီ! နင် တစ်၊ နှစ်၊ သုံး၊ လေးတောင် မသိဘူးမလား။ အဲ့တာကို နင်က ငါတို့ကို ဘယ်လိုပြောရဲရတာလဲ။”
ဝမ်ချွမ်ကျီက ခုန်ပေါက်ပြီး တံတွေးထွေးလိုက်သည်။ "ငါက စာမတတ်ဘူး၊ အဲဒါက လူ့အဖွဲ့အစည်းဟောင်းက အဆိပ်ခတ်ခံရလို့ပဲ မဟုတ်ဘူးလား? ဒါပေမဲ့ ငါ့မှာ တိုးတက်မှုတွေကို လိုက်စားဖို့ နှလုံးသားရှိတယ်။ ငါက ဘယ်လိုရေးရမှန မသိပေမဲ့ ငါ့သမီးတွေ စာလေ့လာတာကိုတော့ လိုချင်တယ်။ သူတို့လေ့လာနိုင်သမျှ ငါက ဆက်ပြီး ပံ့ပိုးပေးနေမှာပဲ။ နင်တို့မလုပ်နိုင်ရင်လည်း လိုက်ကိုက်မနေနဲ့!”
လူတိုင်း - "..."
ဝမ်ချွမ်ကျီရဲ့ အတွေးအခေါ်တွေက ဘယ်တုန်းက အရမ်းတိုးတက်သွားတာလဲ?
သူမသည် လွှမ်းမိုးမှုရှိသော အကြောင်းအရာများစွာကို ထုတ်နှုတ်ကြားခဲ့သည်။ သရဲတစ္ဆေမြင်ရတာ နဲ့တူသည်။
လူတိုင်းက သူမကို ပြောစရာလောက်အောင် ဖြစ်နေတာကို မြင်လိုက်ရတော့ ဝမ်ချွမ်ကျီသည် အလွန်ဂုဏ်ယူ၍ သူမသည် နောက်ပြန်လှည့်ပြီး ကြွားဝါရန် စစ်မြေပြင်နောက်တစ်ခုကို ရှာဖို့ သွားလိုက်သည်။
ညနေပိုင်းတွင် ချောင်အိမ်ဟောင်းတွင် ကလေးတွေရဲ့ တိုးတက်မှုကို ဂုဏ်ပြုရန်အတွက် ဟင်းကောင်းများ နှင့်စားပွဲတစ်ခု ပြုလုပ်ခဲ့သည်။
ချောင်ကျန်းကော်က သူ့သမီးသည် အလယ်တန်းကျောင်း ဝင်ခွင့်ရကြောင်း သိလိုက်ရတော့ သူ ပီတိဖြစ်သွားပြီး "အမေ၊ အရင်ကပြောခဲ့တဲ့ စက်ဘီးကို ဘယ်တော့ဝယ်မှာလဲ"
ချောင်ရှို့ကျီ - "မင်းလိုချင်ရင် ဘယ်လိုဝယ်လို့ ရလဲ။ စက်ဘီးတစ်စီးဝယ်ဖို့ ကူပွန်တစ်ခုက အရေးကြီးတယ်!"
စားသောက်ရင်း ဘေးမှာထိုင်နေတဲ့ ချောင်ကျန်းမင်က ဝင်ပြောလိုက်သည်။ “အမေ၊ ဒါကို စိတ်ပူနေစရာမလိုပါဘူး။ ကျွန်တော့်သူငယ်ချင်းကို အကူညီတောင်းပြီး ကူပွန်တစ်ခု တောင်းလိုက်မယ်။”
ချောင်ရှို့ကျီက သူ့သား လျှို့ဝှက်အလုပ်လုပ်နေတာကို ခန့်မှန်းပြီးသားဖြစ်သည်။ ခရိုင်မှာရှိတဲ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီကို သူသွားကတည်းက သူက လစာနှစ်ဆတိုးသွားသည်။ ပြီးတော့ သူပြန်ဝယ်လာတဲ့ တစ်ချို့အရာတွေက အကုန်အကျများပြီး ဝင်ငွေတစ်ခုတည်းနဲ့ ဝယ်လို့မရပေ။
ရွှယ်ချွမ်နှင့် ဆွေးနွေးပြီးနောက် သူမသည် သူ့ကို တားရန် အစီအစဉ်မရှိခဲ့ပေ။ သူမက သူ့ကို ပိုပြီးဂရုစိုက်ရန် သတိပေးခဲ့သည်။
အခု သူ့စကားကြားတော့ သူမက ခေါင်းညိတ်ပြပြီး "ကောင်းပြီ။ သား ဘယ်တော့ ခရိုင်ကို ပြန်မှာလဲ?"
ချောင်ကျန်းမင် - "မနက်ဖြန် ကျွန်တော် သွားမယ်။ ဝမ်အာလေးကို အဖေနဲ့အမေရဲ့ စောင့်ရှောက်မှုရှိမှာ ထားခဲ့လိုက်မယ်"
သူပြောပြီးသည်နှင့် သာ့ချောင်အနားရှိ သူ့သမီးကို လှည့်ကြည့်လိုက်သည်။ သာ့ချောင်သည် သူမကို ထမင်းကျွေးနေသည်။ သူမ၏မျက်လုံးများသည် လခြမ်းကဲ့သို့ ကွေးသွားသည်။ အရင်က သူမ၏ တုံ့ပြန်မှုကင်းသော အသွင်အပြင်နှင့် အလွန်ကွာခြားသည်။
သူ့မိဘများ၊ သာ့ချောင်တို့ နှင့်ထားလျှင် သူခရိုင်သို့သွားသည့်တိုင် စိတ်ချလက်ချ နေနိုင်သည်။
ထိုညတွင် ဝမ်ချွမ်ကျီသည် စက်ဘီးဝယ်ဖို့ ကိစ္စကြောင့် စိတ်လှုပ်ရှားပြီး အိပ်မပျော်ခဲ့ပေ။ သူမသည် သူမ၏ ယောက်ျားကို တံတောင်ဖြင့် ထိုးလိုက်ကာ "ကျန်းကော်၊ စက်ဘီးစီးတာ သင်ပြီးတာနဲ့ ကျွန်မကို ထုတ်လုပ်ရေးအဖွဲ့ကို ခေါ်သွားနော်"
ချောင်ကျန်းကော်က သမ်းဝေပြီး ငြင်းဆိုလိုက်သည်။ "မိန်းမ မင်းရဲ့အလေးချိန်က စက်ဘီးကို ဖျက်ဆီးလိမ့်မယ်။ စက်ဘီးဝယ်ပြီးတာနဲ့ ဝေးဝေးမှာနေဖို့ သတိရ"
သူမသည် ဒေါသကြောင့် သွေးများထွက်ကျလုမတတ် ဖြစ်သွားသည်။ "..."
သူမရဲ့ ကိုယ်အလေးချိန်က အဆင်ပြေပါသည်။ သူမ ဗိုက်က အသားကို ကိုင်လိုက်ပြီး "ဒါဆို ထမင်းတစ်ပန်းကန် လျှော့စားလိုက်ပါ့မယ်။ ရှင်သင်ပြီးတာနဲ့ နောက်ကျ ကျွန်မကို ခေါ်သွားပေးနော်။ အဆင်ပြေလား?”
ချောင်ကျန်းကော်က မဖြေပေ။
သူမ လှည့်ကြည့်လိုက်တော့ သူ့ယောင်္ကျားက ဟောက်နေတာ တွေ့လိုက်ရသည်။ သူက အိမ်မက်ကမ္ဘာထဲ ရောက်သွားပြီဖြစ်သည်။
ဒီကောင်က သူမကို တကယ်ကို ဒေါသထွက်စေတာဖြစ်သည်။