← Chapters

အခန်း (၁၆၄)

Vol. 13 Ch. 164

အခန်း (၁၆၄)

Vol. 13 Ch. 164

မိသားစုအတွက် သတင်းကောင်းဖြစ်ပေမယ့်မြို့တွင်ရှိနေသော ချန်ချောင်ချောင်သည် ထိုနေ့တွေမှာ ငရဲမှာနေရသလို ဖြစ်နေသည်။

"မေမေ၊ အစ်ကိုအကြီးဆုံး၊ ဒုတိယအစ်ကိုကြီး၊ ငါ့ကို လွှတ်ပေး!”

ချန်ချောင်ချောင်သည် သစ်သားတံခါးကို အပြင်းအထန် ထု‌နေသည်။ ရလဒ်အနေနဲ့ သူမ၏ လက်များသည် နီရဲပြီး နာကျင်‌နေသည်။ ဘယ်သူမှ ရောက်မလာပေ။

အဲဒီနေ့မှာပဲ သူမရဲ့ မိသားစုက သူ့ကို ထုတ်လုပ်ရေးအဖွဲ့ကနေ ခေါ်သွားပြီး ချောင်ကျန်းမင်နဲ့ ကွာရှင်းဖို့ ခေါင်းညိတ်ခိုင်းခဲ့သည်။ အကြောင်းမှာ ထန်မိသားစု၏ ကတိကို ပါတာကြောင့်ဖြစ်သည်။ သူမ ကွာရှင်းလိုသရွေ့ ထန်မိသားစုက သူမကို သူတို့ရဲ့ချွေးမအဖြစ် အသိအမှတ်ပြုပြီး သူ့ဝမ်းထဲက ကလေးကိုလည်း အသိအမှတ်ပြုမှာ ဖြစ်သည်။

သူမသည် အခက်ခဲဆုံးရွေးချယ်မှုတွေနှင့် ကမ္ဘာ့ နံပါတ်တစ် အမျိုးသမီး ဖြစ်တယ်လို့ ခံစားခဲ့ရသည်။ သူမသည် လူနှစ်ယောက်ကို တစ်ပြိုင်နက် ချစ်မိသွားသည်။  ချောင်ကျန်းမင်က သူမကို စွန့်လွှတ်ခဲ့ပြီး ထန်ကျန်းမင်က သူမကို လက်ထပ်ဖို့ ဆန္ဒရှိနေခဲ့သည်။ တခြား သူမဘာလုပ်နိုင်မှာလဲ?

နည်းနည်းစိုးရိမ်ပြီးနောက်မှာတော့ သူမသည် ပစ္စည်းတွေကို ထုပ်ပိုးပြီး အဲဒီနေ့မှာ သူမမိခင်အိမ်ဆီ ပြန်သွားခဲ့ပြီး နောက်နေ့မှာ ချောင်ကျန်းမင်နဲ့ ကွာရှင်းခဲ့သည်။

ချောင်ကျန်းမင်က နောက်ပြန်လှည့်မကြည့်ဘဲ ကွာရှင်းစာအုပ်ကို လက်ထဲမှာ ထားခဲ့တာကို မြင်လိုက်ရတော့ သူမ နှလုံးသားက ခုန်ကာ နာကျင်လာသည်။ သို့သော် သူမသည် ထန်ကျန်းမင်နှင့် နေပြီး ရင်သွေးလေးကို မွေးဖွားနိုင်မည်ဟု တွေးကာ သူမ၏နှလုံးသားသည် ချိုမြိန်ပြီး မျှော်လင့်ချက်များဖြင့် ပြည့်နေပြန်သည်။

အိမ်ပြန်ရောက်တာနဲ့ ကွာရှင်းလက်မှတ်ကို သူ့မိသားစုက ဝှက်ထားမယ်ဆိုတာ ဘယ်သူကသိမှာလဲ။ ပြီးနောက် သူမကို အခန်းထဲမှာ သော့ခတ်ထားသည်။

ပထမတော့ သူမ မိသားစု ဘာလုပ်နေလဲ နားမလည်‌ပေ။  သူမ အမေက ကိုယ်ဝန်ဖျက်ဆေးတစ်ပန်းကန်နဲ့ ရောက်လာမှပဲ သူမနားလည်သွားသည်။

သူမ၏ အမေက ကိုယ်ဝန်ဖျက်ဆေးကို နာခံစွာသောက်ဖို့ ပြောခဲ့သည်။  သူမ နေပြန်ကောင်းလာပြီဆိုရင် နောက်အိမ်ထောင်ပြုနိုင်လိမ့်မယ်လို့ ပြောခဲ့သည်။

သူမသည် ထိတ်လန့်ပြီး ဒေါသတကြီးနှင့် ဘာကြောင့် ဒီလိုလုပ်ရတာလဲလို့ သူမအမေကို မေးခဲ့သည်။ ထန်မိသားစုက သူမကို ဗိုက်ထဲက ကလေးနဲ့ သူတို့ ထန်မိသားစုထဲ ဝင်ဖို့ ဘယ်တုန်းကမှ အစီစဉ်မရှိခဲ့ဘူးဟု အမေပြောပြခဲ့သည်။

သူမက မယုံဘဲ ထန်‌ကျန်းမင်ကို ရှာဖို့ အပြေးအလွှားထွက်လာခဲ့သည်။  ဒါပေမဲ့ သူမ၏ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့က သူမကို အခန်းထဲသို့ ပြန်တွန်းခဲ့သည်။  ထပ်ပြီး သူမကို ချုပ်ထားခဲ့သည်။

အစ်ကိုကြီးက သူမကို "ညီမ‌လေး၊ မှန်ထဲမှာ ကိုယ့်ကိုကိုယ်ကြည့်စမ်း။ မင်းရဲ့ရုပ်ရည်နဲ့  လူတွေက မင်းကို တကယ်ကြိုက်တယ်လို့ ထင်လား။ သူက မင်းနဲ့ကစားချင်‌ရုံပဲ။ မင်းက ဒါကို လေးလေးနက်နက် ဆက်ဆံတာ အရမ်းရူးတာပဲ!"

ဒုတိယအစ်ကိုဖြစ်သူ နောက်ကနေပြီး “ဟုတ်တယ်၊ ညီမလေး။ ငါနင့်ကို ဒီကိုယ်ဝန်ဖျက်ချဖို့ အကြံပေးချင်တယ်။  ပြီးရင် အိမ်မှာ တစ်နှစ် နှစ်နှစ်လောက်နေလိုက်။ ဒီကိစ္စ‌တွေပြီးသွားရင် မင်းလက်ထပ်ဖို့ တခြား ယောင်္ကျားကို ရှာလို့ရတယ်။ မနာခံရင်၊ ငါတို့ တစ်မိသားစုလုံးကို မင်းက ဆွဲချသွားလိမ့်မယ်!”

သူမသည် ဒေါသတကြီး အော်ဟစ်ကာ ပြေးထွက်သွားချင်သည်။  အကြိမ်အနည်းငယ် ပြင်းထန်စွာ ထုရိုက်ရုံမျှဖြင့် သူမ၏ ခြေလက်များကို ကြိုးချည်ပြီး ပါးစပ်ကို အဝတ်ဖြင့် ပိတ်ထားသည်။ မနေ့က သူမ အရှုံးမပေးသည်ကို မြင်သောအခါ သူတို့လွှတ်မပေးတော့ပေ။

တံခါးကို ပြင်းပြင်းထန်ထန် တွန်းဖွင့်လိုက်သည်။  မိခင်ချန်သည် သူမလက်ထဲတွင် ကိုယ်ဝန်ဖျက်ချဆေးတစ်ပန်းကန်တစ်ကို ကိုင်ဆောင်ပြီး သူမသမီးစီကို လျှောက်လာသည်။

"သမီး မလိုလားဘူးဆိုတာ အမေသိပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ? ဒါက နင့်ရဲ့ အရှက်မဲ့မှုကြောင့်ပဲ မဟုတ်ဘူးလား။  ဒီလောက်ကောင်းတဲ့ ဘဝမျိုးကို မလိုချင်ဘဲ ဒီလို အရှက်မဲ့တာ‌တွေကို ဆက်ပြီး လုပ်နေတယ်။ ဒါသာ ပျံ့သွားရင်တော့ ငါတို့ ချန်မိသားစုရဲ့ မျက်နှာက မင်းကြောင့် ပျက်စီးသွားလိမ့်မယ်!"

သူ့အမေရဲ့စကားကိုကြားတော့ ချန်ချောင်‌ချောင်က သူ့နှလုံးသားထဲကို အပ်နဲ့ထိုးလိုက်သလို ခံစားလိုက်ရသည်။ "အမေတောင်းပန်ပါတယ်။ သမီးကို အပြင်ထွက်ခွင့်‌ပေးပါ။ ထန်ကျန်းမင်ကို ရှာလိုက်မယ်။ သူက သမီးကို ချစ်တယ်လို့ပြောတယ်။  သမီးဗိုက်ထဲက ကလေးကို ဖယ်ဖို့ သူဆန္ဒရှိမှာ မဟုတ်ပါဘူး!"

အမေချန် - "ဒီအခြေအနေတောင်ရောက်နေပြီ၊ ခုထိ မင်းမနိုးထနိုင်သေးဘူးလား? ဖျက်ချဆေးသောက်လိုက်။ မင်းအဖေနဲ့ အစ်ကိုနှစ်ယောက်က မင်းနားမထောင်ရင် မင်းကို အဝေးက ရွာမှာ လက်ထပ်ခိုင်းလိမ့်မယ်။ ပြီးရင် နင်ပြန်လာချင်ရင်‌တောင် ပြန်မလာနိုင်ဘူး!"

သူမ၏ သမီးကို ဖိအား‌မပေးချင်ပေ း။  ဒါပေမဲ့ သူမက ဘာလုပ်နိုင်မှာလဲ။

ထန်မိသားစုက သူတို့သည် ချောင်ချောင်၏ ပါးစပ်ကို မပိတ်နိုင်ရင် ချန်မိသားစုက မြို့ထဲမှာ ဆက်နေဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့သည်။  သူတို့သားနှစ်ယောက်ကို အလုပ်က ထုတ်ပစ်ခံရရုံတင်မကဘဲ သူတို့လည်း ပျက်စီးသွားနိုင်သည်။

ဒါပေမဲ့ သူတို့ပြောတဲ့အတိုင်းလုပ်ရင် ကိစ္စပြီးတာနဲ့ ချန်မိသားစုကို ယွမ်တစ်ရာ ပေးမယ်လို့ပြောသည်။

 ယွမ်တစ်ရာရယ်၊ သားနှစ်ယောက်၏ အလုပ်များနှင့် သူမ၏ မိသားစုလုံခြုံရေးအတွက် သူမသမီးကို စတေးဖို့သာ ရွေးချယ်နိုင်ခဲ့သည်။

သူမ ပါးစပ်ထဲ ကိုယ်ဝန်ဖျက်ချဆေးကို အတင်းတိုက်နေတာမြင်တော့ ချန်ချောင်ချောင်က သူမရဲ့ သွားတွေကို တင်းတင်းကျပ်ကျပ်စိ့ လိုက်ပြီး သူမအမေကို တွန်းထုတ်လိုက်သည်။

ဘုန်း!

ကြွေပန်းကန်လုံးဟောင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ အပိုင်းပိုင်းကွဲသွားခဲ့သည်။

သူမသည် မတ်တပ်ထရပ်ကာ အပြင်သို့ ပြေးသွားခဲ့သည်။

ထန်ကျန်းမင်က သူမကို ဒီလိုဆက်ဆံလိမ့်မယ်လို့ သူမ မယုံခဲ့‌ပေ။  သူပြောခဲ့သမျှ စကားအားလုံးကို မှတ်မိနေသေးသည်။  ထို့ကြောင့် သူ့ကိုရှာပြီး ရှင်းပြချက်တောင်းချင်သည်!

သူမသည် တံခါးဝကို ပြေးသွားလိုက်တာနဲ့ အစ်ကိုအကြီးဆုံးနဲ့ ဒုတိယအစ်ကိုဖြစ်သူက သူမကို ဖမ်းမိသွားသည်! 

သူတို့နှစ်ယောက်က သူမကို အခန်းထဲသို့ တစ်ဖန်ပြန်ဆွဲ‌ခေါ်ကာ အမြန် ကြိုးပြန်ချည်လိုက်ကြသည်။

သူမကိုလွှတ်လိုက်ဖို့ တောင်းပန်ချင်ပေမဲ့ သူမပါးစပ်က ပိတ်နေခဲ့သည်။  သူမ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။

နာရီဝက်အကြာတွင် ကိုယ်ဝန်ဖျက်ချဆေး ပန်းကန်လုံးအသစ်နှင့် ထပ်ဝင်လာပြန်သည်။

သူမ၏ မေးကို အတင်းဖွင့်ထားသည်။ ကိုယ်ဝန်ဖျက်ဆေးကို သူမပါးစပ်ထဲသို့ လောင်းချလိုက်ပြီး သူမ၏ မျက်ရည်များ ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည်။

ဆယ်မိနစ်လောက်အကြာတွင် အခန်းထဲကနေ နာကျင်စွာ အော်ဟစ်သံတွေ ထွက်လာသည်။

ချန်‌ချောင်ချောင်က ကုတင်ပေါ်မှာ လူးလိမ့်နေသည်။  သူမသည် နာကျင်မှုကြောင့် မူးလဲလုမတတ်ဖြစ်နေသည်။

နောက်တစ်နေ့တွင် ချောင်ကျန်းမင်းသည် ခရိုင်မြို့သို့ ပြန်သွားတော့မည်။ ထိုအချိန်တွင် ချူမိသားစုနှင့် ရှန်မိသားစုသည် ချောင်အိမ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

ရှန်မိသားစုသည် မနက်ခင်းတွင် ပထမဆုံးရောက်လာသည်။

ထုတ်လုပ်ရေး အဖွဲ့တွင်းသို့ ကားဝင်လာသည်နှင့် တစ်ပြိုင်နက် ရွာသားများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိခဲ့သည်။

"ကျွတ်စ် ကျွတ်စ် ကျွတ်စ်၊ ချောင်မိသားစုရဲ့ မွေးစား ဆွေမျိုးတွေ ဒီကို ရောက်လာပြန်ပြီ။ တကယ်ကို မနာလိုစရာကောင်းလိုက်တာ!"

“ဒါက သူတို့ရဲ့ ကံကြမ္မာပါပဲ။ သူတို့ကို မနာလိုလို့ မရဘူးလေ! သာ့ချောင်က ဖန်းရှောင်ကျွမ်း နဲ့ ဟူမြို့ကို လိုက်မသွားခဲ့တာ ကောင်းပါတယ်။ ဖန်းရှောင်ကျွမ်း က အဲဒီကလေးကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်‌လေ။ သူမ ကလေးကို အဝေးကို ခေါ်သွားရင် ဘယ်လိုဆက်ဆံမယ်ဆိုတာ ဘယ်သူသိမှာလဲ။"

"မှန်တယ်။ အဝေးကို‌ ခေါ်သွားမယ်ဆိုရင်၊ ချောင်မိသားစုက က‌လေးကို သူမ သေအောင်ရိုက်မလားဆိုတာ မသိနိုင်ဘူး!"

ချောင်ရှို့ကျီသည် ရှန်မိသားစု ရောက်ရှိလာသည်ကို မြင်သောအခါ သူမသည် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ထံမှ ထွက်ခွာခွင့်တောင်းရန် ရွှယ်ချွမ်နှင့် အတူသွားခဲ့သည်။

ဝမ်မိသားစုနှင့် ချောင်မိသားစုသည် ယခုအခါ ဆွေမျိုးတော်စပ် လာကြသည်။ ဝမ်‌ရွှေရှန်သည် ရိုးရိုးသားသား သဘောတူကြောင်း မပြောဘဲ ထွက်သွားခဲ့သည်။

ချောင်အိမ်ဟောင်းကို ရောက်တာနဲ့ ချင်းရှောင်မေသည် ကားပေါ်ကဆင်းပြီး သာ့ချောင်ရဲ့ဓာတ်ပုံကို ကြည့်ရင်း "သာ့ချောင်ဘယ်မှာလဲ၊ သူမက အိမ်ဟောင်းမှာမနေဘူးလား?"

ချောင်ရှို့ကျီသည် သူမခေါင်းကို ခါ‌နေစဉ် သာ့ချောင်က သူမနောက်မှာ ကလေးသုံးယောက်နှင့်  ရေပုံးငယ်လေးကို သယ်လာသည်ကို တွေ့လိုက်ရသည်။

"အို အချစ်လေးသာ့ချောင်၊  မွေးစားအမေကို လာဖက်ပေးပါဦး။ ခေါင်းကိုင်အမေက မင်းကို လွမ်းနေတာ"  ချင်းရှောင်မေက ချက်ချင်းပျော်ရွှင်သွားသည်။

"မွေးစားအမေ၊ ဘာလို့ ဒီကို ရောက်နေတာလဲ? သမီးလည်း အမေ့ကို လွမ်းနေတာ"

သာ့ချောင်သည် ပြေးသွားသည်။ ချင်းရှောင်မေက သူမကို ပွေ့ဖက်လိုက်ပြီး သူမရဲ့ပါးလေးကို အနမ်းမိုးရွာချပေးလိုက်သည်။ သိပ်မကြာခင် သူမ၏ပါးပြင်များ နီရဲလာသည်။

သူ့မိန်းမရဲ့အပြုအမူကိုမြင်တော့ ရှန်ရှို့ခိုင်က သက်ပြင်းချပြီး ခေါင်းခါယမ်းလိုက်သည်။ "ကလေးရဲ့မျက်နှာက ဘယ်လောက်နီနေပြီလဲ ကြည့်စမ်း။ အရွယ်ပဲရောက်ပြီး ကိုယ့်ကိုကိုယ် ဘယ်လိုထိန်းချုပ်ရမှန်းမသိသေးဘူး!" 

သာ့ချောင်က မျက်လုံးများကွေးအောင် ပြုံးလိုက်ပြီး  "မွေးစားအဖေ  မွေးစားအမေကို အပြစ်မတင်ပါနဲ့။ သမီး လုံးဝ မနာပါဘူး!"

ဒါဟာ တကယ်ကို မထိခိုက်ပေ။ ချင်းရှောင်မေက သူမကို အရမ်းချစ်သည်။ သူမသည် သူမ၏ အားကို ဘယ်လို ထိန်းချုပ်ရမည်ကို သဘာဝကျကျပင် သိသည်။  သူမ၏ အသားအရည်သည် နူးညံ့လွန်းသည်။  အားနည်းနည်းလေး‌ကြောင့် အနီရောင်ကို ပြောင်းသွားလိမ့်မည်။

ချင်းရှောင်မေက ခေါင်းမော့ပြီး သူမ၏ ခင်ပွန်းကို ကြည့်လိုက်သည်။ သူမက "ဒါကို ရှင်ကြားလား? ကလေးက ပြေပါတယ်တဲ့။ တကယ်ဆို ရှင်ကျွန်မကို မနာလိုဖြစ်နေတာလား" လို့ ပြောခဲ့သည်။

ရှန်ရှို့ခိုင်သည် သာ့ချောင်၏ မွေးစားဖခင်ဟု အမည်တွင်သော်လည်း ပြတ်ပြတ်သားသား ပြောရလျှင် သူတို့နှစ်ဦးသည် သွေးသား ပတ်သက်မှုမရှိပေ။  ထို့ကြောင့် သူသည် သာ့ချောင်ကို ဘယ်တော့မှ ပွေ့ဖက်မနမ်းဖူး‌ပေ။ အများစုမှာ ကလေး၏ဆံပင်ကို ပွတ်ပေးသည်။

ဇနီးဖြစ်သူ၏ ပြောင်ချော်ချော် အသွင်အပြင်ကို မြင်လိုက်ရသဖြင့် ရှန်ရှို့ခိုင်သည် ခေါင်းယမ်းကာ မရယ်မောပဲ မနေနိုင်တော့ပေ။ သူ့မျက်လုံးထဲတွင် မနာလိုမှုများ ပြည့်နေသည်။

"အစ်မသာ့ချောင်၊ မင်း ရေပုံးနဲ့ ဘာလုပ်မလို့လဲ?"  ရှန်ထျန်းရုံက စပ်စပ်စုစုလိုက် မေးသည်။

သူနဲ့မတွေ့တာ တစ်လ၊ နှစ်လလောက်ကြာပြီး သူ၏ ကိုယ်အလေးချိန်က အများကြီး ပြန်တက်လာပုံရသည်။

သာ့ချောင်က သူ့ဘက်လှည့်ပြီး "ငါတို့ ငါးဖမ်းမလို့။ မောင်လေးထျန်းရုံ နင်ရောပါချင်လား?”

"ငါပါချင်တယ်၊ ငါအရင်က ဒီလို ငါးတစ်ခါမှ မဖမ်းဖူးဘူး!"  ရှန်ထျန်းရုံ၏ မျက်လုံးများသည် ကောင်းကင်က ကြယ်များကဲ့သို့ တောက်ပနေကာ "စကားမစပ်၊ ငါ့အစ်မယင် က‌ရော? ဘာလို့ ငါ သူ့ကို မမြင်ရတာလဲ?”

သူမအကြောင်း ပြောနေစဉ်မှာပဲ သူမသည် ရုတ်တရက် ရောက်လာသည်။  သူ‌ပြောပြီးသည်နှင့် သည်နှင့် သူသည် လှောင်အိမ်နှစ်ခုကို လက်ထဲတွင်ကိုင်ထားပြီး အိမ်ဝင်းထဲမှ ထွက်လာသည့် ချောင်တုန်းယင်ကို မြင်လိုက်ရသည်။

လှောင်အိမ်များကို ဝါးခြမ်းများဖြင့် ပြုလုပ်ထားသည်။  အစွန်းများသည် အဝိုင်းပုံသဏ္ဍာန်ရှိပြီး အရှည် ၃၀မှ ၄၀ စင်တီမီတာခန့်ရှိသည်။  အရင်တုန်းကတော့ ဒီလှောင်အိမ်တွေကို ငါးရှဉ့်တွေကို ဖမ်းဖို့ သုံးသည်။

“အစ်မ ယင်၊ ငါ အစ်မကို အရမ်းလွမ်း‌နေတာ " ရှန်ထျန်းရုံသည် သူမကိုမြင်ပြီး ချက်ချင်းပြေးသွားလိုက်သည်။  သူသည် အိမ်က ယူလာတဲ့ ယုန်ဖြူသကြားလုံးတွေကို ထုတ်ယူလိုက်သည်။

ချောင်တုန်းယင်က သူ့ကို တခြားသူတွေနဲ့ သကြားလုံးတွေ ဝေပေးဖို့ ပြောပြီးနောက် သူမက တစ်လုံးယူလိုက်သည်။  သူမက သူ့ကို အပေါ်အောက် သေချာကြည့်ပြီး "မင်း ကိုယ်အလေးချိန် အများကြီးတက်လာတယ်လို့ ငါဘာလို့ခံစားနေရတာလဲ။ မင် သကြားလုံးစားတာကို ရပ်သင့်ပြီထင်တယ်!"

ရှန်ထျန်းရုံက ဒီစကားကိုကြားတော့ သူမပျော်ဖြစ်သွားသည်။  အဲဒီအစား သူက ကြက်ကလေးလို ခပ်သွပ်သွပ် ခေါင်းညိတ်လိုက်သည်။  "အစ်မယင် ပြောတာ မှန်တယ်။ နောက်ကျ သကြားလုံးတွေကို ငါ မစားတော့ဘူး!”

ချင်းရှောင်မေသည် သူ့သား၏ ယုတ်တိမရှိသော အပြုအမူကို မြင်လိုက်ရသောအခါတွင် သူမ၏ မျက်လုံးများ နာကျင်သွားသည်ကို ခံစားလိုက်ရသည်။  နောက်တဖန် အကယ်၍ သူမသည် သူ့ကို အချိုလျှော့စားစေပါက သူသည် နောင်တွင် သူမကို ကျေးဇူးတင်နေလိမ့်မည်။

အကြီးများ၏ သဘောတူညီချက်ကို ရရှိပြီးနောက်၊ ကလေးအနည်းငယ်သည် ငါးများဖမ်းရန် ထွက်လာခဲ့သည်။

လမ်းတစ်ဝက်မှာ သာချောင်က လူတိုင်းကို ပြောလိုက်သည်။ "ငါ သူငယ်ချင်းတစ်ယောက်ရှာရမယ်။ မင်းတို့ မြစ်ကို အရင်သွားလိုက်။ မကြာခင် ငါတို့ မင်းတို့ကို လာရှာမယ်။"

ချောင်တုန်းဟယ်က သူမ ဟော်ချီကို ရှာမယ်ဆိုတာ သိသည်။ သူမက ဘာမှမပြောဘဲ သူမ၏ နောက်လိုက်ကလေးသုံးယောက်ကို ခေါ်ထားရန် စတင်ယူခဲ့သည်။

နောက်လိုက်ကလေးသုံးယောက်က မျက်ရည်ဝဲလာသည်။  ယိမင်လေးက မျက်လုံးကိုခပ်ပြီး "အစ်မသာ့ချောင် မင်းလာရမယ်နော်!"

အခြားနောက်လိုက် နှစ်ယောက်ကလည်း ကြက်သွန်လှီးသလိုမျိုး(p.s မြန်မြန်ညိတ်ပြတာမျိုးပါ) ခေါင်းညိတ်ပြပြီး"အစ်မ လာရမယ်နော်!"

ဒါကိုမြင်တော့ ချောင်တုန်းယင်က သူမမျက်လုံးတွေကို ကောင်းကင်ကို လှိမ့် မကြည့်နိုင်တော့ပေ။ ဒါကို သူစိမ်းတစ်ယောက်က မြင်ခဲ့ရင် ဒါက အကြီးစားဘဝ‌သေဆုံးခြင်း မြင်ကွင်းတစ်မျိုးလို့ ထင်ကြလိမ့်မည်။

သာ့ချောင်က ဖက်ထုပ်လေးသုံးကောင်ရဲ့ မျက်နှာကို ညှစ်လိုက်ပြီး ကတိပေးလိုက်သည်။ "စိတ်မပူနဲ့။ အစ်မ မကြာခင် လာခဲ့ပါ့မယ်။ တခြား အစ်ကို အစ်မတွေရဲ့ စကားကို နားထောင်ရမယ်နော်၊  နားလည်လား?"

"နားလည်ပါပြီ၊ သားတို့ လိမ္မာပါ့မယ်။"  သုံးယောက်သား တစ်ညီတစ်ညွတ်တည်း တုံ့ပြန်ခဲ့ကြသည်။ လမ်းခွဲပြီးနောက် သာ့ချောင်သည် အစ်ကိုကြီးဟော်ချီကို ရှာဖွေရန် ဝက်ရှိရာသို့ သွားခဲ့သည်။

အရင်တုန်းကတော့ ဟော်မိသားစုဟာ ဝက်ချေးတွေကို လှည်းကျင်းပြီး တခြားချေးတွင်းတွေကို သန့်ရှင်းရေးလုပ်ပေးဖို့ တာဝန်ရှိခဲ့သည်။  လယ်ယာစိုက်ပျိုးမှု အထွတ်အထိပ်ကာလတွင် သူတို့က လယ်ထဲသို့ သွားရောက်ကူညီခဲ့ရသည်။ သူတို့မှာ မနက်ကနေ ညအထိ အားလပ်ချိန်မရှိပေ။ 

သို့သော် ဟော်ဟွာချင်းသည် သူ့ကို နောက်ဆုံးနည်းလမ်းကို ပြသပြီး တရုတ်ဆေးဖက်ဝင်အပင်များ စိုက်ပျိုးရန် ကူညီပေးပြီးနောက် ဟော်မိသားစုသည် ဝက်များကို မွေးမြူရန်နှင့် တရုတ်ဆေးဖက်ဝင်အပင်များ စိုက်ပျိုးရန်အတွက် လမ်းညွှန်မှုသာ သူတို့လိုအပ်သည်။ တခြားအရာတွေအတွက် သူတို့ မလိုအပ်တော့ပေ။

သာ့ချောင် သွားသောအခါ၊ ဟော်ချီသည် သူ့အဖိုး၏ ဝက်ချေးများကို လှည်းကျင်းပေးနေသည်။ သူမ တိတ်တဆိတ် လှည့်မထွက်ခင် နည်းနည်းလောက် စောင့်ကြည့်နေခဲ့သည်။  သို့သော်လည်း ဟော်ဟွာချင်းက သူမကို တားဆီးခဲ့သည်။

"ချောင်မိသားစုရဲ့ ကောင်မလေး၊ မင်းရောက်ပြီး ဘာလို့ တိတ်တိတ်လေး ထွက်သွားတာလဲ။"

သူ့အဖိုးရဲ့စကားကြားတော့ ဟော်ချီက သာ့ချောင်ကိုရှာဖို့ ခေါင်းကို မော့လိုက်သည်။ သူသည် ချက်ချင်းဆိုသလို သူ့လက်ထဲက ဂေါ်ပြားကို ချပြီး သူကလျှောက်မလာခင် လက်ကိုဆေးလိုက်သည်။ "မင်းဘာလို့ဒီကိုရောက်နေတာလဲ။ မင်းတစ်ခုခုတွက် ငါ့ကို လာရှာတာလား?"

သူမကို ရှာဖွေတွေ့ရှိတာကိုတွေ့လိုက်ရတော့ သာ့ချောင်က လှည့်လိုက်ပြီး ရွှင်မြူးစွာ တုံ့ပြန်ခဲ့သည်။ "မင်္ဂလာပါ အဘိုး‌ဟော်၊ အစက အစ်ကိုဟော်ချီကို သမီးတို့နဲ့ ငါးလိုက်ဖမ်းချင်လားလို့ လာမေးတာပါ။ ဒါပေမဲ့ အစ်ကိုဟော်ချီက အလုပ်ရှုပ် နေတာကို တွေ့လိုက်ရတော့ သမီး သူ့ကို မနှောင့်ယှက်ချင်တော့ပါဘူး”

“ ချီအာ သွားကစားလိုက်ပါ။ ဒီမှာ အလုပ်က သိပ်မရှိပါဘူး။ အဘိုးတစ်ယောက်တည်း လုပ်လို့ရတယ်။"

ဟော်ဟွာချင်းသည် သူ့ရှေ့က ကောင်မလေးကို အလွန်သဘောကျသည်။  သူမသည် လှပပြီး ဖြူစင်သည်။  သူမသည် အလွန်ကြင်နာသော နှလုံးသားရှိသည်။  သူမ‌ကြောင့်သာမဟုတ်ရင်၊ ဒီဆင်းရဲနွမ်းပါးတဲ့အဖိုးအိုဟာ အရင်က ဖျားနာပြီး သေဆုံးသွားနိုင်သည်။  သူမကျေးဇူးကြောင့် ချီအာသည် ဖတ်စာအုပ်များမှ အသိပညာများကို စနစ်တကျ သင်ယူနိုင်ခဲ့သည်။ 

ဟော်ချီက ခဏတုံ့ဆိုင်းသွားပြီး ပြောခဲ့သည်။ “ငါ့ကို ခဏစောင့်ဦး။ ကျန်တဲ့ဝက်ချေးတွေကို ကျုံးပြီးရင် မင်းနဲ့လိုက်ခဲ့မယ်"

သာ့ချောင်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး အစ်ကိုဟော်ချီကို စောင့်ရင်း အဘိုးဟော်နှင့် စကားပြောရန် သွားခဲ့သည်။

All Chapters