← Chapters

အခန်း (၁၆၅)

Vol. 13 Ch. 165

အခန်း (၁၆၅)

Vol. 13 Ch. 165

ချောင်အိမ်ဟောင်း။

ရှန်ရှို့ခိုင်က ထိုင်ပြီးနောက်၊ သူသည် နေရာဆီသို့ တည့်တည့်သွားသည်။ “ ဒုတိယညီချောင် ထုတ်ပယ်ခံရတယ်ဆိုတာ အဖေဆီက ကျွန်တော် ကြားပြီးပြီ။ ငါ ပြန်ညှိပေးချင်‌ပေမဲ့ ချူမျိုးရိုးက ကျွန်တော့်ကို လွှတ်မပေးဘူး”

ချူရှင်းယောင်းက သူ့တူ ရှုပ်နေတာ‌တွေ အမျိုးသမီး ပါတီကို ပျံ့နှံ့သွားမှာကို စိုးရိမ်နေသည်။ ဒါကြောင့် ချောင်ကျန်းကျွင်းကို အစားအသောက် စက်ရုံက အရင် ထုတ်ပယ်လိုက်တာက ပိုကောင်းသည်။ ပြီးတော့ ချောင်မိသားစုကို ကျေးလက်မှာ ကန့်သတ်ထားသည်။ ဤနည်းအားဖြင့် နေရာတိုင်းတွင် အဓိပ္ပာယ်မရှိသော စကားများကို  ပြောဆိုခွင့်ရမည် မဟုတ်ပေ။

ရှန်မိသားစုနှင့် ချောင်ဟုန်းရှ၏ ဝမ်ယန်ရှန်ကို လက်ထပ်မှုသည် သူတို့၏ ဆက်ဆံရေးတွက်မဟုတ်ပါက၊ သူသည် နူးညံ့သိမ်မွေ့မည်မဟုတ်ပေ။ ချောင်မိသားစုသည် ထိုအရာကြောင့် ပျက်စီးရန် အလွန်နီးစပ်ခဲ့သည်။

ချောင်ရှို့ကျီသည် ရှန်မိသားစုက ဤကိစ္စအတွက်နဲ့ အရေးကြီးရောက်လာရန် မမျှော်လင့်ခဲ့ပေ။ သူမက အရမ်းကျေးဇူးတင်သည်။ "ငါ မင်းကို စိတ်ပူအောင်လုပ်မိပြီ။ မင်း ဒီကိစ္စမှာ ဝင်ပါဖို့ မလိုဘူး။ အဲဒါက မင်းကို ပတ်သက်လာမှာကို ငါကြောက်တယ်!"

ချင်းရှောင်မေ - "အန်တီ ရှို့ကျီ ဘာပြောတာလဲ? ငါတို့က တစ်မိသားစုထဲ‌လေ။ အန်တီတို့ ကိစ္စက သမီးတို့ ကိစ္စပဲလေ။ ချူနာမည်က မြို့ထဲမှာ အလွန်အားကြီးတယ်။ ငါတို့ သူ့ကို အချိန်မရွေး ဆွဲချလို့မရဘူး။  အန်တီ စိတ်ဆိုးရင်လည်း ဆိုးပါ!"

ဒီအမှုမှာ အ‌နှောင့်ယှက်အဖြစ်ဆုံး သူကတော့ ချောင်ကျန်းမင် ဖြစ်သည်။ သူက  ဒီလို အစိမ်းရောင် ဦးထုပ်စိမ်းလည်း ဆောင်းထားရသည်။ သူသည် စိတ်ဆိုးရုံတင်မကဘဲ အခု သူ့မိသားစုအတွက်ပါ စိတ်ပူနေရသည်။  အခုတော့ သူ့မိသားစုနဲ့ ပက်သက်ပြီး ဒေါသထွက်ရာမှ ရူးသွပ်နေရသည်။ 

ရှန်ရှို့ခိုင်က ရုပ်ဆိုးသော အပြုအမူဖြင့် ခေါင်းညိတ်ပြီး "ပဉ္စမမြောက်အစ်ကို‌ချောင် စိတ်မပူပါနဲ့။ ငါစိတ်မမြန်ပါဘူး!

အခင်းဖြစ်ချိန်၌ သူသည် အိမ်ထောင်ရေးဖောက်ပြန်သူနှင့် သတ်‌သေရန် ကြံရွယ်ခဲ့သည်။ ဒါပေမဲ့ သူ့အမေက လန့်နိုးစေခဲ့သည်။

သူက တစ်ယောက်တည်း မဟုတ်ဘူး။ သူ့မှာ မိသားစုနဲ့ သမီးလေးရှိသည်။ သူသည် စိတ်မြန်လက်မြန်ပြုမူခဲ့ရင် သူ့မိသားစုကို အန္တရာယ်ဖြစ်စေလိမ့်မည်။

ဒါကြောင့် ဒီရှင်သန်ခြင်းကို သည်းခံရသည်။ ချူမျိုးရိုးသည် တစ်သက်လုံး ကြီးစိုးနေနိုင်လိမ့်မည်ဟု သူ မယုံပေ။ ချူမျိုးရိုးသည် အကယ်၍ ကောင်းကင်ကြီးကို တစ်သက်လုံး ဖုံးကွယ်ထားနိုင်ခဲ့ပါက၊ သူသည် ကံမကောင်းလွန်းသည်ဟုသာ ပြောနိုင်သည်။

ထိုအခိုက်တွင် အပြင်ဘက်မှ လူတစ်ယောက်၏ အသံထွက်လာသည်။ "ဒါက ချောင်ကျန်းမင်ရဲ့အိမ်လား?"

ချောင်ကျန်းမင်သည် အသံကိုကြားသောအခါ ထိတ်လန့်သွားသည်။ သူသည် ရုတ်တရက် ထရပ်လိုက်ပြီး "ဘာလို့ ဒီအသံလေးကို ချူမိသားစုရဲ့ အကြီးဆုံးအစ်ကိုကြီးအသံနဲ့ တူနေရတာလဲ?"

ချောင်ရှို့ကျီ - "အသံတူတာပဲ။  အပြင်ထွက်ကြည့်စမ်း။"

ချောင်ကျန်းမင်က လက်ခံပြီး လှည့်ထွက်သွားသည်။

ချင်းရှောင်မေ - "အန်တီပြောတဲ့ ချူမိသားစုက ဝမ်အာလေးကို မွေးစားတဲ့ မိသားစုလား?"

ချောင်ရှို့ကျီက ခေါင်းညိတ်လိုက်ပြီး "အဲ့တာက ချူမိသားစုပါ။ အခုလာတာက သူတို့ ဟုတ်မဟုတ်တော့ မသိဘူး။

ဘတ်စ်ကားဖြင့် နန်းရှန်ခရိုင်ကနေ ဒီကို ရောက်ရန် ရက်အနည်းငယ်ကြာသည်။ သိပ်အဆင်မပြေပေ။ အခုက နှစ်သစ်ကူး(သို့) ပွဲတော်တစ်ခု မရှိ‌ပေ။ ချူမိသားစုက ဘာကြောင့် ဒီကိုရောက်လာတာလဲလို့ သူတို့ မစဉ်းစားနိုင်ကြပေ။ 

ချောင်ကျန်းမင်က ပြေးထွက်လာပြီး ချူထျန်းပိုင်က တံခါးနားမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများ တောက်ပလာပြီး ရွှင်မြူးစွာ ပြုံးကာ "အစ်ကိုကြီး ချူ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"

ချောင်ကျန်းမင်ကိုတွေ့တော့ ချူထျန်းပိုင်က ပြုံးပြီး "နောက်ဆုံးတော့ နေရာမှန်ကို ရှာတွေ့သွားပြီ။ ဒီတစ်ခေါက် ခရီးက ရှန်မေရဲ့ မင်္ဂလာဆောင်အတွက်ပါ။ ဒီကို လာဖို့ အချိန်မရှိဘူးလို့ ထင်ခဲ့တာ။ ဒါကြောင့် မင်းကို ကြိုပြီး အကြောင်းကြားခဲ့တာ။  တုန်းရွှယ်က ဝမ်အာလေးကို ဒီနှစ်ရက်အတွင်း လွမ်းနေတာ။ သူမက မအိပ်နိုင် မစားနိုင် ဖြစ်နေတာ။ ငါတို့ ဒီကို လာခဲ့ရတာ။"

ချောင်ကျန်းမင်က ချူမိသားစုကို အလျင်အမြန် ကြိုဆိုလိုက်သည်။

ဒီတခေါက်မှာတော့ ချူထျန်းပိုင်နဲ့ သူ့မိန်းမ မဟုတ်‌တော့ဘူးး  ချူရှန်မေနှင့် သူမ၏ စေ့စပ်ထားသူ တုကျိုးချန်တို့လည်း ရှိနေခဲ့သည်။

တုကျိုးချန်သည် နှစ်ဆယ့်လေးနှစ် သို့မဟုတ် နှစ်ဆယ့်ငါးနှစ်အရွယ်ရှိပုံရသည်။  ပိန်ပါးသော ခန္ဓာကိုယ်နှင့် ဖြူဖျော့သော မျက်နှာဖြင့် ဆက်ဆံရေးကောင်းပုံရသည်။  လိုရင်းပြောရရင် သူ့မှာ အထူးကျန်းမာတဲ့ ခန္ဓာကိုယ်ရှိပုံ မပေါ်ပေ။

သို့သော်လည်း ထက်မြက်သော ယောင်္ကျား နှင့် လှပသော မိန်းမတို့သည် လိုက်ဖက်သည်။

တုန်းရွှယ်ဝင်လာသည်နှင့် သူမသည် ဝမ်အာလေးကို ချက်ချင်းရှာလိုက်သည်။ "ဝမ်အာလေး ဘယ်မှာလဲ? သူမ အိမ်မှာမရှိဘူးလား?"

ချောင်မိသားစုက ဝမ်အာလေးကို ခေါ်သွားတဲ့အခါ သူမသည် ကောင်းကောင်းမစားနိုင် မသောက်နိုင် ဖြစ်သွားသည်။  သူမသည် သူတို့နှင့်အတူ ဝမ်အာလေး၏ ဓာတ်ပုံကို ကိုင်လိုက်တိုင်း သူမနှလုံးသားသည် ဗလာဖြစ်နေသည်။

ဒီခရီးစဉ်ရဲ့ အချိန်ဇယားက အရမ်းခက်ခဲသည်။ သို့သော် သူမသည် ဝမ်အာလေးကို အလွန်လွမ်းနေလို့သာ ဖြစ်သည်။ သူမကို မတွေ့ရင်ဘဲ ပြန်သွားရရင် သူမ သေချာပေါက် အိပ်ရေးပျက်လိမ့်မည်။

ချောင်ကျန်းမင်က သူ့သမီးအကြောင်း တွေးပြီး သူ့နှုတ်ခမ်းထောင့်က အပြုံးက ပိုနက်ရှိုင်းလာသည်။ "ဝမ်အာက သူ့‌မောင်နှမတွေနဲ့ ငါးဖမ်းဖို့သွားတယ်။ ပြီးရင် ငါ ပြန်ခေါ်လာပေးမယ်။"

ဒီစကားကြောင့် တုန်းရွှယ်၏ မျက်လုံးတွေ တောက်ပလာပြီး "ဝမ်အာလေးက တခြားကလေးတွေနဲ့ ကစားဖို့ ဆန္ဒရှိတာလား?”

ချောင်ကျန်းမင်က ခေါင်းညိတ်ပြီး ဂုဏ်ယူစွာပြောသည်။ "ဝမ်အာလေး ပြန်လာပြီးနောက်မှာ သူမရဲ့ ပင်ကိုယ်စရိုက်က သူမမောင်နှမတွေရဲ့ ဂရုစိုက်မှုကြောင့် အများကြီးပွင့်လင်းလာတယ်။ အခု သူက တစ်ခါတစ်ရံဆို တခြားသူတွေရဲ့ မေးခွန်းတွေကို ဖြေနိုင်နေပြီ!"

ချူထျန်းပိုင်နှင့် တုန်းရွှယ်က အံ့သြသွားပုံရသည်။

ဝမ်အာလေးရဲ့ အခြေအနေအကြောင်း သူငယ်ချင်းတွေဆီက ကြားပြီးပြီ ဖြစ်သည်။

အဲဒါက အော်တစ်ဇင်လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းမှုလို့ သူတို့ သိထားကြသည်။ အဲ့တာသည် ကုသရန် အလွန်ခက်ခဲခဲ့သည်။  ဖြစ်နိုင်ချေအများဆုံးကတော့ သူမသည် သူမ၏ ကိုယ်ပိုင်ကမ္ဘာထဲမှာသာ နေပြီး တခြားသူများနှင့် အဆက်အဆံမလုပ်ဘဲ နေထိုင်တာဖြစ်သည်။

သူတို့သည် တစ်နှစ်ခွဲအတွင်း ဤမျှကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။  ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာ သတင်းပဲ။  ဒီခရီးစဉ်ထွက်ဖို့ လုပ်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။

ချောင်ကျန်းမင်က သူ့မိန်းမကို လုံးဝမပြောတာကို သတိထားမိတော့ ဒါက တစ်ခုခုမှားနေပုံရသည်။

ချူထျန်းပိုင်နှင့် သူ့ဇနီးသည် အကြည့်ချင်းဖလှယ်ကာ ဤအကြောင်းအရာကို မထိမိစေရန် ယဉ်ကျေးစွာ ရွေးချယ်ခဲ့သည်။

ပင်မခန်းထဲဝင်သွားတော့ ရှန်မိသားစုသည် ချူမိသားစုကို တွေ့လိုက်သောအခါ  မတ်တပ်ထရပ်လိုက်သည်။

ရှန်မိသားစုနှင့် ချူမိသားစု၏ ဇနီးမောင်နှံသည် တစ်ခါမှမတွေ့ဖူးသော်လည်း ချူရှန်မေသည် ရှန်လင်လင်၏ သူငယ်ချင်းဖြစ်သည်။  အရင်က ကောင်မလေးတွေသည် တစ်ယောက်အိမ်မှာ တစ်ယောက်လိုက်ဆော့ကြသည်။ ပြီးတော့ ဝမ်အာ၏ ကိစ္စအနည်းငယ်ဖြင့်‌ကြောင့် မိသားစုနှစ်ခုလုံးသည် သူတို့အချင်းချင်း၏ တည်ရှိမှုကို သိထားကြသည်။  ထို့ကြောင့် အခု သူတို့တွေ့တဲ့အခါ မရင်းနှီးခြင်း မရှိကြပေ။

နှုတ်ဆက်ပြီးနောက်၊ ချောင်မိသားစုနှင့် ရှန်မိသားစုတို့သည် ချူရှန်မေ၏ လာမည့်မင်္ဂလာပွဲကို တွေးပြီး ဂုဏ်ပြု‌ပေးကြသည်။ သူတို့သည်  ပွဲကို ဘယ်အချိန်မှာ ကျင်းပကြမှာလဲလို့ မေးကြသည်။

ချူရှန်မေ၏ ပါးပြင်များသည် နီရဲနေပြီး ရှက်နေခဲ့သည်။  သူမက "မင်္ဂလာဆောင်ပွဲကို စက်တင်ဘာလမှာ သတ်မှတ်ထားတယ်။ အဲဒီအခါကျ လာခဲ့ရမယ်နော်!”

တုကျိုးချန် နန်ရှန်ခရိုင်တွင် အလုပ်လုပ်သော်လည်း သူ့မိသားစုသည် ပေါချောင်ခရိုင်တွင် နေထိုင်ကြသည်။  ဒါကြောင့် ပွဲကို ယောင်္ကျားလေး ဘက်မှာ ကျင်းပမည် ဖြစ်သည်။

ချောင်ကျန်းမင်နှင့် ရှန်မိသားစု နှစ်ခုလုံးသည် သွားဖို့ သဘောတူခဲ့ကြသည်။

ချောင်ကျန်းမင်က မတ်တပ်ထရပ်ပြီး ပြောခဲ့သည်။ "မင်းတို့ ခဏထိုင်ကြဦး။ ငါဝမ်အာလေးကို ပြန်ခေါ်လာခဲ့မယ်။"

သူပြောသည့်အတိုင်း လှည့်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။  သို့သော်လည်း တုကျိုးချန်က သူ့ကို " ချောင်မိသားစုရဲ့ ပဉ္စမမြောက် အစ်ကို ငါ မင်းနဲ့အတူ လိုက်မယ်"

ချောင်ကျန်းမင်က ခဏတော့ အံ့သြသွားသည်။  ခဏကြာတော့ သူပြန်ကောင်းလာကာ ခေါင်းညိတ်ပြီး တုံ့ပြန်ခဲ့သည်။ "ကောင်းပြီ။ မင်း ကျေးလက်ကို လာခဲတယ်။ ဒါက လျှောက်ကြည့်ဖို့တွက် အခွင့်အရေးကောင်းပဲ"

ချူရှန်မေသည် ထိုစကားကိုကြားသောအခါ သူမသည် ထရပ်ကာ လည်ပတ်ကြည့်လိုသော ဆန္ဒကို ထုတ်ဖော်လိုက်သည်။

ထုံးစံအတိုင်း ချောင်ကျန်းမင်က ငြင်းမှာမဟုတ်ပေ။  ဒါနဲ့ သူတို့သုံးယောက် အတူတူထွက်သွားကြသည်။

သူတို့သုံးယောက် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရှန်ရှိုးခိုင်သည် အနည်းငယ် အဆင်မပြေ ဖြစ်နေသည်။

သူတို့စကားစမြည်ပြောရင်း လမ်းတစ်ဝက်မှာ ချူမိသားစုရောက်လာသည်။ ချောင်ကျန်းမင်နှင့် ချူမိသားစုတို့သည် မွေးစားဆွေမျိုးများ ဖြစ်ကြသော်လည်း ဤကိစ္စသည် အမျိုးသားတစ်ဦး၏ မျက်နှာ ပါဝင်ပတ်သက်နေသည်။  သူကိုယ်တိုင် ဆုံးဖြတ်ချက်မချနိုင်ဘဲ အဲ့တာက ပေါက်ကြားသွားခဲ့သည်။

သို့သော်လည်း ချောင်ရှို့ကျီက သူ့ကို ဆက်ပြောခဲ့သည်။  ပဉ္စမြောက်သည် ဒီကိစ္စမှာ အပြစ်မရှိ‌ပေ။ ဒါကို ဖုံးကွယ်ထားစရာ မလိုပါဘူး။ ထို့အပြင် ထန်နှင့် ချူ မိသားစုများရဲ့ မျက်နှာထက်  တန်ပြန်အစီအစဉ်များကို စဉ်းစားရန်မှာ ပို၍အရေးကြီးပါသည်။

မကြာခင်မှာပဲ ချူမိသားစုက ချောင်မိသားစုမှာ ဖြစ်ပျက်ခဲ့တာကို သိခဲ့သည်။ သူတို့သည် အဲ့တာကို ကြားလိုက်ရပြီးနောက် တုန်လှုပ်ခြောက်ခြားသွားကြသည်။

တုန်းရွှယ်က အံကြိတ်ရင်း " အနိုင်ကျင့်တာပဲ! တော်လှန်ရေးကော်မတီရဲ့ လက်ထောက်ဒါရိုက်တာ တစ်ယောက်ပဲ! သူရဲ့ လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကို တစ်သက်လုံး ဖုံးကွယ်ထားနိုင်မယ်လို့ သူကထင်နေတာလား။”

ချူထျန်းပိုင်က မျက်မှောင်ကြုတ်ကာ မေးခဲ့သည်။ "အစ်ကိုရှန်ရှို့ ဒီကိစ္စကို မင်းဘယ်လိုထင်လဲ" 

ရှန်ရှို့ခိုင်က ခေါင်းညိတ်ပြီး "ချူရှင်းယောင်က မထင်မှတ်လောက်အောင်ပါပဲ။ သူက လူတွေကို အချိန်မရွေး လွတ်လွတ်လပ်လပ် သတ်နိုင်တယ်။ သူဒီလို အမြဲလုပ်နေရင် နှစ်တွေကြာလာတာနဲ့အမျှ လူတွေအများကြီး သူက ထိခိုက်လာလိမ့်မယ်။ သူ့ကို သတ်ချင်တဲ့သူတွေ အများကြီးရှိမယ်။ ငါ  မကြာသေးမီက လူတွေကို သူ့ရဲ့ ရာဇ၀တ်မှု အထောက်အထားတွေကို တိတ်တဆိတ် စုဆောင်းဖို့ ညွှန်ကြားထားတယ်။ ပြီးရင် အထက်ကို သတင်းပို့ဖို့ နည်းလမ်း ရှာနေတယ်”

ချူထျန်းပိုင်က ဒါကိုကြားတော့ သူက ခေါင်းညိတ်ပြီး "ဒါက နည်းလမ်းကောင်းပဲ။ အထက်က တစ်ယောက်ယောက်က သူ့ကို ကာကွယ်ပေးမှာကို ငါကြောက်တယ်!"

ဒီလိုမှမဟုတ်ရင် မြို့ထဲမှာ တော်လှန်ရေးကော်မတီ လက်ထောက်ညွှန်ကြားရေးမှူးက ပြစ်ဒဏ်မခံရဘဲ  နှစ်ပေါင်းများစွာ ဒုစရိုက်ကို ဘယ်လို ကျူးလွန်နိုင်မှာလဲ။

ရှန်ရှို့ခိုင်က မျက်မှောင်ကြုတ်ကာ " မင်း မှန်တယ်။ သူတို့နဲ့ ပေါချောင်ခရိုင်ရဲ့ ခရိုင်တရားသူကြီးက မကြာခင် ဆွေမျိုးဖြစ်တော့မှာ။ ဒုအုပ်ချုပ်ရေးမှူးက သူနဲ့ အဆက်အသွယ်ရှိတယ်လို့ ငါကြားတယ်။ ဒါပေမဲ့ ငါဘာမှ ရှာမတွေ့ဘူး။"

ချူထျန်းပိုင်က ခဏလောက် စဉ်းစားပြီး ပြောခဲ့သည်။ "ငါ အဲ့ဒီဘက်မှာ အဆက်အသွယ် နည်းနည်းရှိတယ်။ ငါပြန်သွားရင် လမ်းရှင်းပေးမဲ့လူကို ရှာလိုက်မယ်။ ငါတို့အတူတူလုပ်ရင် ဒီ‌ခွေးကောင်က သတ်နိုင်မယ်လို့လုပ် ငါမယုံဘူး။"

ချောင်ရှို့ကျီ နှင့် ရွှယ်ချွမ်တို့ မိသားစုနှစ်စုသည် ချောင် မိသားစုအတွက် ဖြေရှင်းပေါ် အကျိုးမရှိတာကို တွေ့လိုက်ရသောအခါ အလွန်လှုပ်ရှားသွားသည်။

ရွှယ်ချွမ်က မတ်တပ်ထရပ်ပြီး သူ့သားအကြီးဆုံးကို အသားနည်းနည်းနဲ့ ပြန်လာခိုင်းဖို့ ထွက်သွားသည်။ သူက နေ့လယ်၌ မိသားစု နှစ်ခုအတွက် ထမင်းချက်ဖို့ ပြင်ဆင်နေသည်။

…..

ချောင်ကျန်း‌မေသည် ချူရှန်မေနှင့် တုကျိုးချန်တို့နှင့်အတူ စမ်းချောင်းဆီသို့ လျှောက်သွားခဲ့သည်။

ချူရှန်မေသည် ထုတ်လုပ်ရေးအဖွဲ့သို့ နောက်ဆုံးအကြိမ်ရောက်လာတုန်းက သူမသည် အမြန်ထွက်ခွာသွားခဲ့သည်။  သူမသည် ရှုခင်းကို တန်ဖိုးထားကြည့်ရန် အချိန်မရှိခဲ့ပေ။  သူမသည် အခုမှ ထူးထူးဆန်းဆန်း လှည့်ပတ်ကြည့်နေသည်။

လယ်ကွင်းကိုဖြတ်သွားတဲ့အခါ ရွာသားတွေက ချောင်ကျန်းမင်ကို သူစိမ်းနှစ်ယောက်နဲ့ လမ်းလျှောက်နေတာကို တွေ့လိုက်ရသည်။ ထိုယောင်္ကျားနဲ့ မိန်းမ၏ သူတို့ဝတ်စားပုံနှင့် ‌သူတို့ရဲ့လေထုက ကျေးလက်က လူတွေနဲ့ မတူပေ။ သူတို့ စပ်စုချင်လာသည်။

"ပဉ္စမမြောက်ချောင် ဒါက မင်းရဲ့ ဆွေမျိုးလား? ငါ ဘာလို့ သူတို့ကို အရင်က မတွေ့ဖူးတာလဲ?”

ချောင်ကျန်းမင်က ယောင်ဝါးဝါး တုံ့ပြန်လိုက်သည်။  သူသည် ချူမိသားစု၏  အထောက်အထားအမှန်ကို လူတိုင်းအား ပြောပြရန် သို့မဟုတ် ဝမ်အာလေးက သူတို့၏ မွေးစားသမီးအဖြစ် အသိအမှတ်ပြုထားကြောင့်ကို  သူတို့အား အသိပေးရန် ရည်ရွယ်ချက်မရှိပေ။

သူတို့ ထွက်သွားပြီးနောက် လူအားလုံးက တစ်ချိန်တည်းမှာ အလုပ်လုပ်ရင်း စကားပြောနေကြသည်။

"ချောင်မိသားစုက တကယ်ကို မတူဘူး။ လက်ထောက်အကြီးအကဲက မနက်က ဒီကို ရောက်လာတယ်။ အခု မြို့က ဆွေမျိုးတွေရှိတယ်။ ကျွတ်စ် ကျွတ်စ် ကျွတ်စ်၊ ငါ သူတို့ကို သေလောက်အောင် မနာလိုဘူး!"

“ချောင်မိသားစုတင် မကဘူး။ ဖန်မိသားစုက ပိုကောင်းလာတယ်မလား? ဖန်းရှောင်ကျွမ်း ကို အခု ကြည့်လိုက်စမ်း။ သူမက လယ်အလုပ်မလုပ်တော့ဘူး။ မြို့ကို တရားဝင်မယားအဖြစ် မသွားခင် သူ့အသားအရည်ကို ပိုဖြူအောင် လုပ်ဖို့ ပြင်ဆင်နေတယ်!"

"စကားမစပ် ပ‌ဥ္စ‌မြောက်ချောင်က သူ့မိန်းမကို ဘာလို့ကွာရှင်းထားတာလဲ မင်းသိလား? ငါမေးနေတာကြာပြီ ဒါပေမဲ့ ဘာသတင်းမှ ရှာမတွေ့ဘူး!”

"အခု မင်းပြောတာ ငါတကယ်မသိဘူး!"

"ဟုတ်တယ်၊ သူတို့ ဘာလို့ကွာရှင်းလိုက်တာလဲ? ဝမ်အာလေး ပျောက်သွားတုန်းက သူတို့ မကွာရှင်းခဲ့ဘူး။ အခုတော့ ကလေးပြန်လာတာကြာပြီးမှ ရုတ်တရက် ကွာရှင်းလိုက်တယ်"

လူတိုင်းက သဘာဝတိုင်း မခန့်မှန်းနိုင်ကြ‌ပေ။ တချို့က ဒီကိစ္စက ထန်ကျန်းမင်နဲ့ သက်ဆိုင်တယ်လို့တောင် သံသယရှိကြသည်။ မဟုတ်ရင် ချန်ချောင်ချောင်က ထန်ကျန်းမင် ထွက်သွားပြီးတာနဲ့ ဘာကြောင့်ကွာရှင်းခံရမှာလဲ။ ဒါက ဒီလို တိုက်ဆိုင်မှုမျိုး မဟုတ်ဘူးလား။

ထန်ကျန်းမင်၏ ဦးလေးသည် တော်လှန်ရေးကော်မတီ၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ပြီး သူ၏စေ့စပ်ထားသူသည် ခရိုင်တရားသူကြီး၏ တူမဖြစ်ကြောင်း တစ်စုံတစ်ယောက်က ပြောပြသည့်အခါမှသာ မည်သူမှ အတင်းစကား မပြောရဲတော့ပေ။

ချောင်ကျန်းမင်တို့ သုံးယောက်သည် ဖန်းရှောင်ကျွမ်း ရဲ့ တဲတံခါးနားက ဖြတ်သွားတဲ့အခါ ဖန်းရှောင်ကျွမ်း ဟာ အိမ်အပြင်ကို ထွက်လာခဲ့သည်။ သူမသည် သူတို့သုံးယောက်သားကိုမြင်ပြီး လန့်သွားသည်။

All Chapters