← Chapters

အခန်း (၁၆၇)

Vol. 13 Ch. 167

အခန်း (၁၆၇)

Vol. 13 Ch. 167

အဘွားကြီးဖန်းက လူတိုင်းရဲ့ စကားကိုကြားတော့ ပထမတော့ အံ့ဩသွားပြီး သူမအာရုံကို ပြန်ရလာတော့ သုံးပေလောက်အမြင့်ကို ခုန်လိုက်သည်။ "နင် ဘာကိုဆိုလိုချင်တာလဲ? ငါ့မြေးအကြီးဆုံးက သူ့ညီလေးကို ရေထဲတွန်းချလိုက်တာလို့ ပြောချင်တာလား? နင်က အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာပဲ။ ထပ်ပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောရင် ငါ…ငါ နင်တို့ရဲ့ အိမ်တံခါးမှာ ကြိုးဆွဲချသေမယ်!”

လူတိုင်း - "..."

ကောင်းပြီ၊ ဒီလှည့်ကွက်က သေလောက်အောင်ပါပဲ။

သူမသာလူတိုင်းကိုပြောခဲ့လျှင် သူမသည် သူတို့ကို အဆုံးထိ တိုက်ခိုက်လိမ့်မည်။ သူမကို မည်သူမျှ မကြောက်ပေ။ ဒါပေမဲ့ တခြားသူရဲ့ အိမ်တံခါးမှာ ကြိုးဆွဲ‌သေမယ်လို့ ခြိမ်းခြောက်ရင် ဒီရူးသွပ်တဲ့မိန်းမကို ဘယ်သူကမှ နှစ်ခြိုက်မှာ မဟုတ်‌ပေ။

ဝမ်ရွှေရှန်က ရှုံ့တွနေသည့် မျက်နှာဖြင့် ပြောသည်။ "ဒီကိစ္စရဲ့အမှန်တရားက ဘာလဲ၊ ငါတို့ ဖန်းယုလန် နဲ့ စကားပြောပြီးမှသာ သိနိုင်မှာ"

အဘွားကြီး ဖန်းက ဒီစကားကိုကြားသောအခါ သူ့နှလုံးသားက ဒရမ်လို ခုန်နေသည်။ "ဒါက…ငါတို့မိသားစုကိစ္စပဲ။ ငါတို့ဖာသာပဲ ရှာလိုက်မယ်။”

ဖန်းယုလန်သည် အရင်က နည်းနည်းဆိုးပေမဲ့ သူ့ညီလေးအတွက် ခံစားချက်တွေ ရှိနေဆဲပါ။ သူ့အမေ ဆုံးပါးသွားပြီးနောက် သူ့စိတ်နေစိတ်ထားက အရမ်းပြောင်းလဲသွားသည်။ ဖန်းယုရိုကို မကြာခဏ မျက်ရည်ကျသည်ထိ ရိုက်တတ်သည်။ အချိန်အနည်းငယ်ကြာတော့ သူ့ကို သေအောင် လည်ပင်းညှစ်လုနီးပဲ။

အဘွားကြီး ဖန်းသည် သူ့အရင်က မှတ်တမ်းကို တွေးကြည့်သောအခါတွင် သူမ၏ မြေးငယ်ကို ရေထဲသို့ တွန်းချလိုက်သည်မှာ သူမ၏ အကြီးဆုံးမြေးဖြစ်ကြောင်း သူမ နှလုံးသားထဲတွင် သိထားပြီးဖြစ်သည်။

ဖန်းမိသားစုမှာ ဒီသွေးသားပဲကျန်တော့တယ်။ ဘာပဲဖြစ်ဖြစ် သူ့ကို အဆုံးရှုံးတော့ မခံနိုင်ပေ။

အဘွားကြီးဖန်း၏ တုံ့ပြန်သံကို လူတိုင်းကြားလိုက်သောအခါတွင် သူတို့သည် သံသယများ ပို၍ပို၍ တိုးလာခဲ့သည်။ သို့သော် အဘွားကြီး ဖန်းသည် မိမိကိုယ်မိမိ ကြိုးဆွဲချရန် သူတို့ အိမ်သို့သွားမှာကို ကြောက်ရွံ့နေခဲ့ကြသည်။ သူတို့သည် ထုတ်မပြောရဲကြပေ။

ဝမ်ရွှေရှန်က "ဒါဟာ လူ့အသက် ကိစ္စ‌ပါ။ အခု ဒါက မင်းရဲ့ မိသားစုကိစ္စပဲ မဟုတ်ဘူး။ သူ့ကိုသယ်သွားတော့။ ငါ ဖန်းယုလန်ကို သွားရှာလိုက်မယ်။ မင်းတို့ သူ့ကို တိုက်ရိုက် မေးကြည့်!”

အဘွားကြီး ဖန်းက ဆန့်ကျင်ချင်သော်လည်း လူအနည်းငယ်က ဝန်းရံနေပြီး အခုချက်ချင်း ရဲကို ခေါ်ချင်လား သို့မဟုတ် ပြဿနာကို ရှင်းဖို့ ဖန်းယုလန်ကို ရှာချင်လားဆိုပြီး မေးမြန်း‌နေကြသည်။ ဖန်းမိသားစုမှာ လက်ခံလိုက်ဖို့ကလို့ ရွေးစရာမရှိတော့ပေ။

ဖန်းမိသားစု ထွက်သွားသည်နှင့် လူအုပ်ကြီး ကွဲသွားသည်။

ချောင်ရှောင်သည် ဖန်းမိသားစုနောက်သို့ မလိုက်မီ ဟော်ချီကို တစ်ချက်ကြည့်လိုက်သည်။

သာ့ချောင်သည် ဤမြင်ကွင်းကို ဖမ်းနိုင်ခဲ့သည်။ သူမက ခေါင်းကိုမော့ပြီး ထူးဆန်းတဲ့နေရာကို ထောက်ပြပြီး "အစ်ကိုဟော်ချီ၊ ညီမလေးက အစ်ကို့ကို ကြည့်နေသလိုမျိုး ညီမ ဘာလို့ခံစားရတာလဲ။"

ဟော်ချီက မျက်မှောင်ကြုတ်ပြီး "ရုပ်ဆိုးတဲ့ လူတွေက အဲ့လိုပဲ လုပ်တာလေ။ သူဘာတွေ လုပ်ဖို့ စီစဉ်ထားလဲ ငါမသိဘူး"

သာ့ချောင်သည် ထိုစကားကိုကြားသောအခါ သူမ၏ မျက်ခုံးများလည်း တွန့်သွားပြီး “အကိုဟော်ချီ ဒါဆို အစ်ကိုသတိထားရမယ်!"

ဟော်မိသားစုသည် ဝက်မွေးမြူခြင်းနှင့် တရုတ်ဆေးဖက်ဝင်အပင်များ စိုက်ပျိုးခြင်းအတွက် တာဝန်ရှိသည်။ ဤအရာနှစ်ခုသည် ဟော်မိသားစုနှင့် ထုတ်လုပ်ရေးအဖွဲ့အတွက် အလွန်အရေးကြီးပါသည်။ တစ်ခုခုမှားယွင်းပါက ဟော်မိသားစုသည် ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်ပြီး လယ်ကွင်းသို့ပင် ပြန်ပို့ခံရနိုင်သည်။

သူမသည် အစ်ကိုဟော်ချီကို အဝေးသို့ မပို့စေချင်ပေ။

သူမသည် သူ့အတွက် စိတ်ပူနေတာကို မြင်တော့ ဟော်ချီက သူမ၏ မျက်ခုံးကြားကို လက်ညိုးထိုးပြီး ပြောလိုက်သည်။ "မျက်မှောင်ကြုတ်မနေနဲ့။ အဲ့တာက မင်းကို ရုပ်ဆိုးစေလိမ့်မယ်!"

သာ့ချောင်သည် အဲ့တာကို ကြားလိုက်‌သောအခါ အံ့သြသွားပြီး မျက်ခုံးများကို ပြန်ဖြေလျှော့လိုက်သည်။ "အစ်ကိုဟော်ချီ အခု နွေရာသီ အားလပ်ရက်ဆိုတော့ နောက်ရက်အနည်းငယ်ကြာရင် ညီမနဲ့ တူတူ ညီမရဲ့ဝမ်းကွဲတွေကို သီးသန့် နေရာလေးကို ကြည့်ရှူဖို့ ခေါ်ခဲ့မယ်။ ဒီလိုနည်းနဲ့ ညီမလေး မကောင်းတာလုပ်ဖို့ အခွင့်မရတော့ဘူး!"

ဟော်ချီက သူမသည် သူ့အတွက် စိတ်ပူနေပေမဲ့ အလှအပကို မမေ့တာကို တွေးကာ ရယ်မောနေခဲ့ပြီး "အမ်း၊ ဒါပေမဲ့ မင်းစိတ်မပူပါနဲ့။ သူတို့အမေနဲ့ သမီးက မကြာခင် ထုတ်လုပ်ရေးအဖွဲ့ကနေ ထွက်သွားတော့မယ်လေ။ သူတို့က ဉာဏ်ကောင်းတယ်၊ ဒီအချိန်မှာ သူတို့ ပြဿနာမရှာလောက်ဘူး”

သာ့ချောင်လည်း ဒါကို အမြင်ရှိလှသည်ဟု ခံစားမိသည်။ ဒါပေမဲ့ သူတို့ကို ကာကွယ်ဖို့ လိုအပ်နေပါသေးသည်။

…

ချောင်အိမ်ဟောင်းသို့ ပြန်သွားခြင်း။

ချင်းရှောင်မေနှင့် တုန်းရွှယ်တို့သည် သာ့ချောင်နှင့်အတူ ဝမ်အာလေး ဝင်လာသည်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ မျက်လုံးများ တောက်ပလာသည်။

"ချစ်လေး၊ မွေးစားအ‌မေဆီ လာ!" သူမသည် သာချောင်ကို စောစောက တွေ့ခဲ့ပြီးသော်လည်း ချင်းရှောင်မေသည် အလွန်စိတ်လှုပ်ရှားနေသေးသည်။

သာ့ချောင်၏ နူးညံ့သိမ်မွေ့သော အကြည့်သည် သူမ၏ နှလုံးသားကို တကယ် စူးရှစေသည်။ သူ့ရှေ့မှာ သူမကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ကာ ပွတ်သပ်ပေးချင်စိတ်ဖြစ်လာသည်။

တုန်းရွှယ်သည် စိတ်ကို အတော်လေး ထိန်းထားရသည်။ သို့သော် ဝမ်အာ‌လေးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူမကို စိတ်လှုပ်ရှားစေခဲ့သည်။

သူမသည် ဝမ်အာလေးဆီသို့ လျှောက်သွားသည်။ သူမကို ကြောက်နေတာကြောင့် သူမအရမ်းအနီးကပ်မနေဘဲ "ဝမ်ဝမ်၊ မင်းရဲ့ မွေးစားအမေကို မှတ်မိလား?”

ဝမ်အာလေးသည် သူမဘေး သူမ၏ အစ်မနားတွင် ပုန်းနေသည်။ ထိုအချိန်တွင် ချူထျန်းပိုင် ရောက်လာပြီး သူမကို ညင်သာစွာခေါ်ခဲ့သည်။ သူမက ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။

သူ့အပေါ် သူမ တုံ့ပြန်တာကို မြင်တော့ ချူထျန်းပိုင်က လှုပ်ရှားပြီး ပျော်ရွှင်နေခဲ့သည်။ သူသည် သူမဆီသို့ လက်ကိုဆန့်ကာ "ဝမ်ဝမ် ​မွေးစားအ‌ဖေဆီကို ဘယ်လိုရောက်လာတာလဲ?"

ဝမ်အာသည် စပျစ်သီး အနက်ရောင်လို မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။ သူမသည် အချိန်ကြာကြီး မလှုပ်ပေ။ သူမလှုပ်ချင်ဘူးဟု လူတိုင်းကထင်နေသော်လည်း သူမသည် အလိုလိုလမ်းလျှောက်လာပြီး ချူထျန်းပိုင်၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။

ချူထျန်းပိုင်သည် ဝမ်အာလေးကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ သူ့နှလုံးသားသည် အလွန် ပီတိဖြစ်‌နေခဲ့သည်။

တုန်းရွှယ်၏ မျက်လုံးများသည် နီရဲနေသည်။ သူမ မျက်လုံးတွေကို သူမလက်နဲ့ သုတ်လိုက်ပြီး "ဒီကလေးက ငါတို့ကို မမှတ်မိတော့မှာကို စိုးရိမ်နေတာ။ မထင်ထားဘူး..."

သူမကို ကိုင်ခွင့်မပေးတာတော့ စိတ်မကောင်းစရာပဲ။ ဒါက နားလည်နိုင်ပါသည်။ သူမ ယောင်္ကျားက လူကုန်ကူးသူတွေဆီကနေ ဒီကလေးကို ကယ်တင်ခဲ့သည်။ ချောင်မိသားစုက ရှာမတွေ့ခင်ထိ ကလေးက သူမ‌ ယောင်္ကျားကိုသာ ယုံကြည်ခဲ့သည်။

တုကျိုးချန်က ချောင်ကျမ်းမင်နှင့် အရပ်တူသည်။ ဒါကြောင့် ချောင်ကျန်းမင်က သူ့ကို အဝတ်လဲဖို့ သူ့အခန်းထဲ ခေါ်သွားလိုက်သည်။ သူ့အဝတ်အစားတစ်ထည်ကို ထုတ်ယူပြီး ပြောင်းပေးလိုက်သည်။

ချောင်ကျန်းမင်သည် အဝတ်အစားလဲပြီးနောက် အခန်းမှ ထွက်လာခဲ့သည်။ အဝတ်လဲပြီးနေပြီဖြစ်သော တုကျိုးချန်သည် ခြံဝင်းထဲတွင် ရပ်နေပြီး ပြာလဲ့နေသော ကောင်းကင်ကြီးကို မော့ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူသည် အနားကပ်သွားသောအခါတွင် တစ်ဖက်လူက "သေခြင်းက သက်သာရာရစေတယ် မဟုတ်ဘူးလား။ အသက်ရှင်ဖို့ သတ္တိလိုတယ်"

ချောင်ကျန်းမင်က ခဏလောက် အံ့အားသင့်သွားသည်။ ဒါပေမဲ့ သူစကားမပြောမီ တုကျိုးချန်က သူ့ကိုမြင်ပြီး ရယ်မောကာ သူ့ခေါင်းကို လှည့်ပြီး "ပဉ္စမအစ်ကိုချောင် မင်းရဲ့အဝတ်အစားအတွက် ကျေးဇူးတင်ပါတယ်၊ ငါ‌ နောက်မှလျှော်လိုက်မယ်။ ငါ့မိသားစုဆီကို ပို့လိုက်"

ချောင်ကျန်းမင်က သူ့လက်ကို ဝှေ့ယမ်းပြီး "မလိုပါဘူး။ မင်းစိတ်မကောင်းရင် ဒီကိုပို့လိုက်ပါ။ မင်းမိသားစုကို ဒီကို ခရီးထွက်ခွင့် မပေးပါနဲ့!"

တုကျိုးချန်က ခေါင်းညိတ်လိုက်သည်။ "ဒါလည်း အဆင်ပြေတယ်"

သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြ‌ပေ။ တုကျိုးချန်တွင် ငြိမ်သောကိုယ်ရည်ကိုယ်သွေးရှိပြီး ချောင်ကျန်းမင်နှင့် သူသည် တူညီသောလမ်းကြောင်းပေါ်ရှိလူများမဟုတ်ပေ။ နှစ်ယောက်သားသည် ယဉ်ကျေးစွာ စကားအချို့ပြောပြီး ပင်မအခန်းကို အတူတူသွားကြသည်။

အရင်က သူမကို ပျော်ရွှင်စေခဲ့တဲ့အတွက် မွေးစားအဖေနှင့် မွေးစားအမေကို ကျေးဇူးတင်ဖို့ သာ့ချောင်က သူမကိုယ်တိုင် ငါးတို့ဟူးစွပ်ပြုတ်ကို အထူးချက်ပြုတ်ခဲ့သည်။

ငါးက အခုမှ ဖမ်းထားတာ အရမ်းလတ်ဆတ်သည်။

သူမသည် ငါး၏ခေါင်းကို ကိုင်လိုက်ပြီး ဓားကိုချကာ “ဒေါင်” ဟူသောအသံနှင့်အတူ ငါးခေါင်းကို ခုတ်လိုက်သည်။ သူမသည် မျက်တောင်တောင် မခတ်ခဲ့ပေ။

အန်းပင်းက ဒါကိုကြည့်ရင်း ရင်တုန်သွားသည်။ ညီမငယ် သာ့ချောင်သည် သိမ်မွေ့ပြီး နူးညံ့ပုံပေါ်သည်။ သူမက ယောင်္ကျားတစ်ယောက်ထက် ပိုပြီး ပြင်းပြင်းထန်ထန် ဒါကို လုပ်နိုင်ရတာလဲ?

သူသည် ဘေးနားတွင် ငုတ်တုတ်ထိုင်နေသော ရှန်ထျန်းရုံအား တိုးတိုးပြောလိုက်သည်။"ညီမသာ့ချောင်ကို မကြောက်ဘူးလား?"

တောက်ပသော မျက်လုံးများဖြင့် ရှန်ထျန်းရုံသည် သာချောင်သည် ငါးကို တစ်ချက်ပြီး တစ်ချက် ခုတ်ထစ်သည်ကို ကြည့်နေသည်။ "မဟုတ်ဘူး။ ငါတော့ အစ်မသာ့ချောင်က အံ့ဩစရာပဲလို့ ထင်တယ်။ ငါ့မှာသာ ဆရာမရှိသေးဘူးဆိုရင် အစ်မသာ့ချောင်ကို ငါ့ဆရာလုပ်ဖို့ သေချာပေါက် တောင်းဆိုမှာ!”

အန်းပင်း - ".."

သူ့ရဲ့ ဒုတိယအစ်မ။ အခုတော့ ညီမလေးသာ့ချောင်။ ဒီကောင်လေးက ကြမ်းတမ်းတဲ့မိန်းမတွေလို ဖြစ်မလာနိုင်ဘူးလား။

ငါးခေါင်းကို လှီးဖြတ်ပြီးနောက် သာ့ချောင်သည် ငါးထဲက အတွင်းအင်္ဂါများကို ထုတ်လိုက်သည်။ သူမသည် သန့်စင်ပြီး ကြက်သွန်ဖြူ၊ ဂျင်းကို ပါးပါးလှီးပြီး ဒယ်အိုးထဲ ဆီထည့်လိုက်သည်။

ဒယ်အိုးပူလာလျှင် ငါးကို ဒယ်အိုးထဲ ထည့်ကြော်လိုက်သည်။ နှစ်ဖက်လုံးမှာ ရွှေရောင်ဖြစ်သွားရင် ပြန်ဆယ်လိုက်သည်။ ကြက်သွန်ဖြူနဲ့ ဂျင်းကို ငါးမထည့်ခင်မှာ နှစ်ခါလောက် ကြော်လိုက်သည်။ ရေငါးခွက် ပါသည်။ ထို့နောက် တုံးထားသော တို့ဟူးကို အိုးထဲသို့ ထည့်လိုက်သည်။ ခဏကြာတော့ အိုးထဲက စွပ်ပြုတ်သည် ငါးနံ့သင်းသင်း ထွက်လာပြီး နို့အဖြူရောင် ပြောင်းသွားသည်။

ပန်းကန်လုံး၏ အောက်ခြေတွင် လှီးထားသော ကြက်သွန်မြိတ်များကို ထားပြီး အပေါ်ကနေ ငါးဟင်းရည်ကို လောင်းချလိုက်သည်။ ဒါဆို ငါတို့ဟူးစွပ်ပြုတ် ပြီးပြီဖြစ်သည်။

အစားစားချိန်ရောက်သောအခါ သာ့ချောင်၏ တို့ဟူးစွပ်ပြုတ်ကို လူတိုင်းက တညီတညွတ်တည်း ထောက်ခံခဲ့ကြသည်။ ရွှယ်ချွမ်ရဲ့ ဟင်းချက်ကျွမ်းကျင်မှုကြောင့် မဟုတ်ဘဲ သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ သူမရဲ့ ဟင်းချက်ကျွမ်းကျင်မှု အရမ်းကောင်းတာကြောင့်ဖြစ်သည်။ အဲ့တာက လူတိုင်းကို အံ့သြစေခဲ့သည်။

ချင်းရှောင်မေရဲ့ ပါးစပ်က အရသာရှိတဲ့ အစားအစာတွေနဲ့ ပြည့်နေသည်။ သူ့မျက်လုံးတွေက သာ့ချောင်ကို လောဘကြီးစွာ ကြည့်ပြီး "ဒီစွပ်ပြုတ်က အရမ်းအရသာရှိတယ်။ သာ့ချောင် အချစ်လေး၊ မင်းဘာလို့ အရမ်းအံ့ဩစရာ ကောင်းတာလဲ?”

သာ့ချောင်၏ မျက်နှာသည် ချီးကျူးသံကြောင့် နီရဲသွားသည်။ သူမသည် ချိုမြိန်သော အပြုံးလေးနဲ့ "သမီး ဒါတွေအားလုံးကို အဘိုးဆီက သင်ယူခဲ့တာ။ သမီးအဖိုးက တကယ်ကို အံသြစရာကောင်းတဲ့ သူတစ်‌ယောက်ပဲ။ ငါလည်း အံ့သြစရာကောင်းတယ်"

အဆုံးတွင် သူမသည် သူမကိုယ်ကို ချီးကျူးရန် မေ့လျော့မသွားသည်ကို မြင်လိုက်ရသည့် လူတိုင်း မရယ်ပဲ မနေနိုင်ကြပေ။

ချင်းရှောင်မေသည် သူမ၏ ချစ်စဖွယ်ကောင်းမှုကြောင့် သူမကို အိမ်ပြန်ခေါ်သွားချင်ခဲ့သည်။ ဒီလို ချိုမြိန်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးက သူ့သမီးမဟုတ်လို့ ပိုပြီး ဝမ်းနည်းနေမိသည်။

ချူရှန်မေသည် သာ့ချောင်ကို အလွန်နှစ်သက်သည်။ သူမသည် ကုန်းပြီး သူမ၏ စေ့စပ်ထားသူအား တိုးတိုးလေးပြောလိုက်သည်။ “သာ့ချောင်လို ချစ်စရာကလေး‌လေးမွေးနိုင်ရင် ကောင်းမှာပါနော်"

တုကျိုးချန်က သူမကိုကြည့်ပြီး နူးညံ့စွာပြုံးကာ "ချစ်စရာ‌ကောင်းတဲ့ အမေကသာ ချစ်စရာကလေးမွေးနိုင်လိမ့်မယ်"

သူမကို ချီးကျူးသောအခါ ချူရှန်မေ၏ ပါးပြင်များ ပူလာသည်။ အနီရောင် တိမ်တိုက်နှစ်ခု ချက်ချင်းပေါ်လာသည်။

လူတိုင်းက ဒါကို မြင်တော့ သူတို့အားလုံး ပြုံးလိုက်ကြသည်။

နေ့လယ်စာစားပြီးနောက် ချူမိသားစုနှင့် ရှန်မိသားစုတို့သည် ထွက်ခွာရန် ပြင်ဆင်ကြသည်။ အထူးသဖြင့် ချူမိသားစုသည် ဒီနေ့ ခရိုင်မြို့သို့ အပြေးပြန်ခဲ့ရသောကြောင့်ဖြစ်သည်။

မသွားခင် သာ့ချောင်က သူ့အိမ်လုပ် နှင်းဆီခြောက်တွေ နှင့် စံပယ်ပန်းတွေကို လိ‌မ္မော်ရောင်ဗူးထဲတွင် ထည့်ထားသည်။ သူမသည် မိသားစု တစ်စုကို ငါးဗူးစီ ပေးခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ ချူထျန်းပိုင်နှင့် တုန်းရွှယ်နှစ်ယောက်လုံးသည် သက်ပြင်းချခဲ့ရသည်။ သူမသည် ငယ်ရွယ်စဉ်တွင်ပင် ဉာဏ်ကောင်းသည်၊ စာနာတတ်သည်၊ အရည်အချင်းရှိသည်။ ဒါက မိဘတိုင်းလိုချင်တဲ့ ဂျာကင်အင်္ကျီလေးဖြစ်သည်!

သာ့ချောင်ကိုမြင်ပြီး သူမ၏ ကိုယ်ပိုင်အခြေအနေကို တွေးနေမိသည်။ တုန်းရွှယ်သည် သူ့ကိုယ်သူ သနားစိတ်မဖြစ်ဘဲ မနေနိုင်ပေ။ သာ့ချောင်လို ကလေးရဖို့ ခက်ခဲသည်။ သူမသည် ဝမ်အာလေးကို ရရင်တောင် သူမကျေနပ်နိုင်သည်။

တစ်ချက်ကြည့်လိုက်တော့ ချူထျန်းပိုင်က သူ့မိန်းမ ဘာတွေတွေးနေလဲ သိသည်။ ဘယ်သူကမှ အာရုံမစိုက်နေသောအခါ သူ့ဇနီးသည်၏ လက်ကို ဆုတ်ကိုင်လိုက်သည်။

တုန်းရွှယ်သည် သူ့ခင်ပွန်းကို ကြည့်ကာ သူမ၏ စိတ်ထဲတွင် သက်သာမှုနှင့် မသက်သာမှု နှစ်ခုလုံးကို ခံစားရသည်။

All Chapters