← Chapters

အခန်း (၁၆၈)

Vol. 13 Ch. 168

အခန်း (၁၆၈)

Vol. 13 Ch. 168

ချူမိသားစုနှင့် ရှန်မိသားစုတို့ ထွက်ခွာသွားပြီးနောက် ချောင်မိသားစုသည် ပြန်လည်ငြိမ်သက်သွားခဲ့သည်။ ဖန်းမိသားစုသည် အလွန်တက်ကြွနေချိန်ဖြစ်သည်။

ဖန်းယုရိုက သေဆုံးသွားခဲ့သည်။

ဖန်းယုလန်ကို တွေ့သောအခါ သူသည် ကောက်ရိုးပုံပေါ်တွင် အိပ်ပျော်နေသည်။ ဖန်းယုရိုအကြောင်းကို လူတိုင်းက နိုးလာသည့် ဖန်းယုလန်ကို မေးခွန်းထုတ်ပြီးနောက် ဖန်းးယုလန်သည် လုံးဝ အထိတ်တလန့် မဖြစ်ပေ။ သူသည် ဖန်းယုရို ရေထဲကျသွားတာကို သူ မသိဘူးလို့ ပြောခဲ့သည်။ သူထွက်သွားတုန်းက ဖန်းယုရိုသည် ကမ်းပေါ်တွင် ရပ်နေဆဲဖြစ်သည်။

ဝမ်ရွှေရှန်က သူ့ညီကို ဘာကြောင့် ထားခဲ့ကာ ထွက်ပြေးသွားတာလဲဟု မေးခဲ့သည်။ သူက သဘာဝအတိုင်း ပြုမူခဲ့သည်။ အမြီးရှည်တဲ့ ငါးတွေကို မကြိုက်ကြောင်း ရှင်းပြခဲ့သည်။ သူသည် သူ့ညီ၏ အကူအညီတောင်းသံကို မကြားခဲ့ကြောင်းလည်း ပြောခဲ့သည်။ သူကြားရင် ကယ်တင်ဖို့ သေချာပေါက် ပြန်သွားလိမ့်မည်။

ဒီစကားတွေပြောတဲ့အခါ သူသည် လုံးဝ အပြစ်ရှိတယ်လို့ မခံစားရပေ။ သူသည် မျက်တောင်တောင် မခတ်ခဲ့ပါ။ ခဏကြာတော့ လူတွေက သူလိမ်‌နေတာလား သို့မဟုတ် တကယ်လားကို မသိတော့ပေ။

သူ့ညီလေး ဆုံးပါးသွားသည်ကို ကြားလိုက်ရသည်နှင့် အစမှအဆုံး သူသည် ဝမ်းနည်းပုံမပေါ်ပေ။ သူ့ရဲ့ သွေးအေးမှုက လူတွေကို အေးခဲသွားစေလောက်အောင် ဖြစ်သည်။

ဖန်းရှောင်ကျွမ်းသည် သူ့တူလေး ရေနစ်သေဆုံးသည့်သတင်းကို ကြားသောအခါ ထိတ်လန့်သွားသည်။ ရှောင်ချောင်ကဲ့သို့ပင် သူမသည် ဖြစ်ပျက်ပြီးသည့်နောက်တွင်မှ ၎င်းကို မှတ်မိနေခဲ့သည်။

သူမသည် ဒီကိစ္စကို သူမနောက်မှာ မထားခင် ခဏလောက် ဝမ်းနည်းပူဆွေးခဲ့သည်။

ရှောင်ချောင်က သူ့အမေကို အချမ်းသာဆုံးလူ ဟော် အကြောင်း ပြောပြခဲ့သည်။ အဲဒီအခါမှာ သူ့အမေက ဒီကိစ္စနဲ့ ပတ်သက်ပြီး မည်သည့် အကြံရှိလား မေးခဲ့သည်။

ဖန်းရှောင်ကျွမ်းက ဒါကို ကြားတော့ သူမပေါင်ကို ရိုက်လိုက်ပြီး "အိုး၊ နင် ငါ့ကို သတိပေးတာပဲ! ဒီလိုအရေးကြီးတာကို ငါဘယ်လိုမေ့နိုင်မှာလဲ?"

ရှောင်ချောင်က မျက်မှောင်ကြုတ်ပြီးပြောခဲ့သည်။ "အမေ အချမ်းသာဆုံးသူဌေး ဟော်ရဲ့သားက ဝက်ခြံက ကလေးလို့ ဆိုလိုတာလား?"

ဖန်းရှောင်ကျွမ်းက နှုတ်ခမ်းကို တွန့်ကာ ရယ်မောပြီး "သူလား? ဟား ဟား၊ ဆုတောင်း။ ကံမကောင်းစွာပဲ သူ့မှာ ကံကြမ္မာမရှိဘူး။ အဲဒါ သူမဟုတ်ဘူး။ အချမ်းသာဆုံးလူဟော်ရဲ့သားက ဒီနှစ်မှာ ဆယ့်တစ်နှစ်ပဲရှိသေးတာကို ငါမှတ်မိတယ်။ သူက လယ်ကွင်းထဲမှာ ရှိနေတုန်းလေ!"

ရှောင်ချောင်က သေချာအောင်လုပ်သည်။ "အမေ သေချာရဲ့လား? အဲ့ဝက်ခြံက မိသားစု မဟုတ်ဘူးလား?

ဖန်းးရှောင်ကျွမ်းက စိတ်မရှည်စွာ ပြန်ဖြေလိုက်သည်။ "ဒါပေါ့ မဟုတ်ဘူး၊ အရင်တုန်းက အချမ်းသာဆုံး သူဌေးဟော်က သူ့သားကို ကားနဲ့ ခေါ်လာတုန်းက ငါက အဲ့အနီးနားတစ်ဝိုက်မှာလေ။ ငါသွားကြည့်ခဲ့တယ်။ အဲ့ဒီကောင်လေးက အရမ်းကြည့်ကောင်းတယ်။ ဝက်ခြံက ကောင်နဲ့ဘာမှမတူဘူး!”

ရှောင်ချောင်က ဒါကိုကြားလိုက်တာနဲ့ နောက်ဆုံးတော့ သူမ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ “အမေ၊ အချမ်းသာဆုံးလူ‌ဟော်ရဲ့သားက ဘယ်သူလဲဆိုတာ သမီးတို့သိတဲ့အတွက် သူ့ရဲ့ အနိမ့်ဆုံးအချိန်မှာ သမီးတို့ သူ့ကို ကောင်းကောင်းဆက်ဆံသင့်တယ်။ ဒါဆို သူ့ကို ချမ်းသာတဲ့ဟော်က ပြန်လာခေါ်တဲ့ခါ သမီးတို့ကို ကျေးဇူးတင်နေမှာ!”

အချမ်းသာဆုံးလူဟော်ရဲ့သားက ကြည့်ကောင်းပြီး သူ့မှာ ချမ်းသာသည့် အဖေ ရှိကတည်းက သူမသည် အနာဂတ်တွင် သူ့ကိုလက်ထပ်ရန် စဉ်းစားနိုင်သည်။ ဤနည်းအားဖြင့် သူမသည် သူမဘဝအတွက် ဘာမှ စိတ်ပူစရာ မလိုတော့ပေ။

ဖန်းရှောင်ကျွမ်း၏ မျက်လုံးများ တောက်ပလာသည်။ သူမက ခေါင်းညိတ်လိုက်ပြီး "မင်းပြောတာ မှန်တယ်။ ဒါပေမဲ့ သူက အခု လယ်ကွင်းမှာ ရှိနေတယ်။ သူနဲ့ ဆုံဖို့ နည်းလမ်းရှာရမယ်။ ဒါမှ နောင်မှာ ပစ္စည်းတွေ အလွယ်တကူ ပို့ပေးနိုင်မှာပါ"

ရှောင်ချောင်က ခေါင်းခါပြီး မှတ်ချက်ပေးသည်။ "အမေ ဒါက အလုပ်ဖြစ်မယ် မထင်ဘူး။ သမီးတို့က သူနဲ့ အဆက်အဆံ မရှိဘူး။ သူ့ကို တွေ့ဖို့ ဘာအကြောင်းပြချက် သုံးမှာလဲ? ငါတို့က သူ့ဆီ တစ်ခုခု ပို့ရင် သမီးတို့ရဲ့ နာမည်နဲ့ လိပ်စာတွေ ချန်ထားခဲ့လို့ မရဘူးလေ။ ပြီးတော့ တခြားသူကိုလည်း စောင့်ဦး။ မှားယွင်းတဲ့လူက ဒါတွေကို လက်ခံရရှိပါတယ်လို့ ပြောမယ်။ တခြားလူက သမီးတို့ရဲ့ အကျိုးအမြတ်တွေကို နှစ်တွေအကြာကြီး ရရှိပြီး သူက ဒီကျေးဇူးကို ပုခုံးထမ်းနေရလိမ့်မယ်။

‌ဖန်းရှောင်ကျွမ်း၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ နက်ရှိုင်းလာသည်။ "မင်း သေသေချာချာ စဉ်းစားထားတာပဲ။ ကောင်းပြီ မင်းရဲ့နည်းလမ်းနဲ့ သွားရအောင်!"

သားအမိသည် တောက်ပသော အနာဂတ်ကို မျှော်လင့်ခဲ့ကြသည်။ အဲဒီညက သူတို့ ချမ်းသာလာသည့် အိပ်မက်တွေ မက်ခဲ့သည်။ တစ်ယောက်က အချမ်းသာဆုံး‌ဟော် နဲ့ လက်ထပ်ဖို့ အိပ်မက်မက်ခဲ့ပြီး နောက်တစ်ယောက်က အချမ်းသာဆုံး‌ဟော်ရဲ့သားနဲ့ လက်ထပ်ဖို့ အိပ်မက်မက်ခဲ့သည်။

သူတို့၏ အိမ်မက်တွေ ဘာတွေဖြစ်မယ်ဆိုတာ သိရင် သူတို့မှာ ဘယ်လိုအမူအရာတွေရှိမယ်ဆိုတာ စဉ်းစားစရာပေ။

ဖန်းမိသားစုအပြင် ချန်းရှောင်ရှောင်လည်း ကြေကွဲစရာ ရှိသည်။

ချန်းရှောင်ရှောင်သည် ထိုနေ့တွင် အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကိုတို့သည် ကိုယ်ဝန်ဖျက်ချသည့်ဆေးကို တိုက်ကျွေးပြီးနောက်တွင် သူမသည် ပြင်းထန်စွာ နာကျင်မှုကို ခံစားခဲ့ရသည်။ ပိုဝမ်းနည်းစရာကောင်းတာက သူမမှာ သွေးတွေ အများကြီး ထွက်ခဲ့သည်။ သွေးများသည် အဆက်မပြတ် စီးကျလာသည်။ ဘာပဲဖြစ်ဖြစ် အဲ့တာက ရပ်တော့မှာ မဟုတ်ပေ။

သူမကို အေးခဲစေတာကတော့ သူမသေခါနီးမှာ သူမရဲ့မိသားစုက သူ့ကို ဆေးရုံပို့ဖို့ မဝံ့မရဲဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆေးရုံသွားရခြင်းမှာ သူတို့သည် မလိုအပ်ဘဲ ငွေကြေးအကုန်ကျ ခံရသောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် သူမသည် အေးခဲနေသော ဆောင်းရာသီတွင် ရေခဲခန်းထဲသို့ တွန်းချခံလိုက်ရသလို ခံစားလိုက်ရသည်။ သွေးသည် ခေါင်းအစ ခြေအဆုံးခဲသွားခဲ့သည်။

သူမ နောင်တရမိသည်။ သူမသည် ချောင်ကျန်းမင်ကို သစ္စာမဖောက်သင့်ပေ။ ချောင်အိမ်မှာ သူမတစ်ခုခုဖြစ်ခဲ့ရင် ချောင်မိသားစုက သူမကို သေစေမှာ မဟုတ်ဘူးဆိုတာ သေချာပါသည်။

ထိုအချိန်တွင် သူမအပေါ် ချောင်ကျန်းမင်၏ ကြင်နာမှုကို သတိရမိသည်။ သူ့နှလုံးသားကို ဓားနဲ့ခုတ်သလို ခံစားလိုက်ရသည်။

နောက်ဆုံးတွင် သူမသည် ကုတင်ပေါ်မှ လှဲချကာ ဒူးထောက်ပြီး သူမ မိသားစုကို တောင်းပန်ခဲ့သည်။ ဆေးရုံတက်ဖို့ ပိုက်ဆံကို သူမ ပြန်ပေးမယ်လို့ ကတိပေးခဲ့သည်။ ဒါကြောင့် သူတို့က သူမကို ဆေးရုံပို့ပေးခဲ့သည်။

ထိုအချိန်တွင် သူမသည် ဆေးရုံမှ နိုးလာကာ သူမ‌၏ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ဗိုက်မှာ နာကျင်မှုကို ခံစားနေရသည်။

သူမ ခေါင်းကိုလှည့်ကာ အခန်းကို လှည့်ကြည့်လိုက်သည်။ သူမ မိသားစုက မြင်ကွင်းမှာ မရှိပေ။

သူမ ဘေးက ဆေးရုံကုတင်မှာ သူမနှင့် အသက်အရွယ်လောက်ရှိသည့် အမျိုးသမီးတစ်ယောက်ရှိသည်။ သူ့ရောဂါက ဘာမှန်းမသိပေ။ သူမသည် လောလောဆယ် ဖြူဖျော့သော မျက်နှာဖြင့် ခေါင်းအုံးကို မှီထားသည်။ သူ့ခင်ပွန်းက သူမကို စွပ်ပြုတ်‌ကျွေးနေသည်။ သူ့လှုပ်ရှားမှုများသည် အရမ်းနူးညံ့သည်။ တခါတလေ သူသည် သူမနှုတ်ခမ်းကို သုတ်ပေးသည်။

ချန်ချောင်ချောင်၏ မျက်လုံးများသည် ဤမြင်ကွင်းကြောင့် ပူထူလာသည်။ သူမ၏စိတ်ထဲတွင် ချောင်ကျန်းမင်ကို ပြန်တွေးလိုက်မိသည်။

သူမသည် ချောင်ကျန်းမင်ကို စတင်ချဉ်းကပ်ခဲ့သော်လည်း ချောင်ကျန်းမင်သည် အလွန်တာဝန်ကျေသည်။ သူမသည် သူနှင့်လိုက်ဖက်သည်ဟု ဝန်ခံပြီး အလုပ်ကိစ္စခရီးတစ်ခုမှ ပြန်လာတိုင်း သူမကို ပစ္စည်းလေးများ ယူလာပေးခဲ့သည်။

တခါတရံမှာ သရေစာဖြစ်သည်။ တခါတရံ ခေါင်းစည်းကြိုး အနည်းငယ်ဖြစ်သည်။ အရမ်းမတန်ပေမယ့် အဲဒီတုန်းက လက်ခံရရှိသောအခါ သူမသည် အရမ်းပျော်ခဲ့သည်။ အဲ့တာက သူမကို သူ့နှလုံးသားထဲမှာ ထည့်ထားတယ်ဆိုတာ ပြသနေခဲ့သည်။

သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်အချိန်ကစပြီး ပြောင်းလဲလာခဲ့တာလဲ?

အိုး၊ ဟုတ်တယ်။ ဝမ်အာလေးတွေဟာ တခြားကလေးတွေနဲ့ မတူဘူးဆိုတာကို သူမ သိလိုက်ချိန်မှာပဲ စတင်ခဲ့တာဖြစ်သည်။

ဝမ်အာလေးသည် အခြားသူများကို မတုံ့ပြန်ခဲ့ပေ။ သူမသည် တစ်နေကုန် တစ်နေရာတည်းတွင် နေနိုင်သည်။ မွေးစကနေ သုံးနှစ်သားအထိ သူမသည် ငိုတာကလွဲလို့ အသံမထွက်ဖူးပေ!

သူ့ကို စစ်ဆေးဖို့ ခရိုင်မြို့ကို ခေါ်သွားခဲ့ကြသည်။ ဆရာဝန်က ဘာမှ မမှားဘူးလို့ ပြောခဲ့သည်။ ကလေးက ကျန်းမာသည်။ ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာကို ဆရာဝန်က မွေးရာပါ ဉာဏ်တုံးတဲ့ကလေး ဖြစ်နိုင်တယ်လို့ ဆိုခဲ့သည်။

တစ်နည်းဆိုရသော် ကလေးသည် မွေးရာပါ တုံးအပြီး ဦးနှောက်မရှိခြင်းဖြစ်သည်။

သူမသည် တုံးအသော သူများကို မကြိုက်ပေ။ ချောင်ကျန်းမင်နဲ့ လက်မထပ်ခင်မှာ သူတို့ရဲ့ ကလေးတွေဟာ အနာဂတ်မှာ ဘယ်လောက်တောင် ဉာဏ်ကောင်းမလဲဆိုတာ စိတ်ကူးယဉ်ခဲ့သည်။ မထင်မှတ်ဘဲ သူမသည် ဤကဲ့သို့ အရူးကလေးကို မွေးဖွားခဲ့သည်။ ထိုအချိန်တွင် သူမသည် အလွန်စိတ်ပျက်သွားသည်။

ပထမတော့ သူမသည် သူ့ကလေးဟာ တခြားသူတွေထက် တုံးအနေလိမ့်မယ်လို့ သူမ မယုံချင်ခဲ့ပေ။ ဝမ်အာလေးကို သင်ယူဖို့ ဖိအားပေးခဲ့သည်။ သူမကို စကားပြောတတ်အောင် သင်ပေးပြီး စာရေးတတ်အောင် သင်ပေးခဲ့သည်။ သူမ မနာခံလျှင် သူမကို ငှက်မွှေးဖြင့် ရိုက်ခဲ့ပြီး သူမကို အော်ဟစ်ခဲ့သည်။ ဒီကလေးသည် အကြွေးတွေစုဖို့တွက် မွေးလာခဲ့သည်။ သူမကို ဘယ်လိုပဲ သင်ပေးပါစေ သူမသည် ဝက်တစ်ကောင်လို မိုက်မဲနေတုန်းပင်။

ချောင်ကျန်းမင်က အိမ်မှာမရှိချိန် သူမဟာ ဝမ်အာလေးကို ကြာပွတ်နဲ့ရိုက်ခဲ့သည်။ တစ်ချိန်က ချောင်ကျန်းမင်ဟာ ရက်အနည်းငယ် စောပြီး ပြန်လာခဲ့ပြီး ဝမ်အာလေးမှာ အမာရွတ်တစ်ခုကို တွေ့ရှိခဲ့သည်။ အဆုံးတွင် သူမသည် ဗရုတ်သုတ်ခ ကျော်သွားသော်လည်း သူတို့၏ ဆက်ဆံရေးသည် ထိုအချိန်မှ စ၍ ယိုယွင်းလာခဲ့သည်။

ဝမ်အာလေးသာမရှိရင် ချောင်ကျန်းမင်နဲ့ သူမရဲ့ဆက်ဆံရေးက ပြောင်းလဲမှာမဟုတ်‌ပေ။ သူမသည် ထန်ကျန်းမင်နှင့်လည်း အတူမနေချင်ပါ။ ဒါတွေအားလုံးက နောက်ဆုံးမှာ အဲ့အရူးရဲ့ အမှားဖြစ်သည်။

ချန်ချောင်ချောင်သည် အဲ့အကြောင်းကို ပိုတွေးလေလေ သူမနှလုံးသားထဲတွင် မုန်းတီးတီးလေလေဖြစ်သည်။ သူမသည် စောစောသိရင် မွေးပြီးတာနဲ့ သတ်ခဲ့မှာဖြစ်သည်။

ထိုအချိန်တွင် သူမ၏ ဒုတိယယောင်းမသည် ထမင်းဗူးတစ်လုံးနှင့် ရောက်လာသည်။ သူမ နိုးလာသည်ကိုမြင်တော့ သူ့မျက်နှာပေါ်တွင် အပြုံးမရှိတော့ပေ။ "နိုးပြီလား။ နိုးလာရင် မြန်မြန်စားလိုက်။ မြန်မြန်၊ ငါ အိမ်အလုပ် ပြန်လုပ်ရဦးမယ်!"

‌ချန်ချောင်ချောင်က သူ့မိသားစု အေးစက်ပြီး ရက်စက်တယ်ဆိုတာ သိထားပြီးသားဖြစ်သည်။ သို့သော် ဒုတိယ‌ယောင်းမ၏ စကားကို ကြားသောအခါ သူမသည် စိတ်ဓာတ်မကျဘဲ မနေနိုင်ခဲ့ပေ။

သူမထထိုင်ပြီး စားဖို့ ထမင်းဗူးကို ယူချင်ခဲ့သည်။

သို့သော် ဤလုပ်ရပ်သည် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းရှိ ဒဏ်ရာကို ဆွဲမိသွားခဲ့သည်။ အဲဒါက သူမကို နာကျင်စေသည်။ သူမ၏ ဒုတိယယောင်းမက သူမကို မမြင်သလို ပြုမူခဲ့သည်။ သူ့လက်ချောင်းများဖြင့် ဘာမှမထူးခြားဘဲ လှုပ်ယမ်းရုံပဲ လုပ်နိုင်သည်။

ချန်ချောင်ချောင်က အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ အရမ်းနာကျင်ခဲ့ပြီး သူမလက်လျှော့ခဲ့သည်။ "ဒုတိယ ယောင်းမ ငါ နင့်ကို အကူအညီတောင်းချင်လို့"

ဒုတိယ‌ယောင်းမချန်သည် နားမကြားဟန် ဆက်ဟန်ဆောင်ခဲ့သည်။

ချန်ချောင်ချောင်က မုန်းတီးစွာဖြင့် သွားများကို ကြိတ်ကာ " ချောင်အိမ်ဆီ သတင်းပို့ဖို့ကူညီနေသရွေ့ ငါ နင့်ကို တစ်ယွမ် ပေးပါ့မယ်!"

ဤတစ်ကြိမ်တွင် ဒုတိယ‌ယောင်းမချန်သည် နောက်ဆုံးတွင် နားထောင်ခဲ့သည်။ သူမက ခေါင်းကိုမော့ပြီး "နင့်မှာ ပိုက်ဆံတကယ်ရှိတာလား?”

ချန်ချောင်ချောင်က ခေါင်းညိတ်လိုက်ပြီး "ဒီတစ်ခေါက် ငါ ယွမ်သုံးဆယ် ပြန်ယူလာခဲ့တယ်။ နင် ငါ့ကို ကူညီနေသရွေ့ ငါပြန်သွားတဲ့အခါ ငါ နင့်ကိုပိုက်ဆံ ပေးမယ်။"

ဒုတိယယောင်းမချန်သည် သူမ၏အကြွေးများကို မပေးနိုင်မည်ကို မကြောက်ခဲ့ပေ။ သူမက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ နင်ဘာကို ပို့ချင်တာလဲ"

ချန်ချောင်ချောင်က နှုတ်ခမ်းကို ဖွဖွကိုက်ရင်း " ချောင်အိမ်သွားပြီး ငါသေတော့မယ်လို့ ပြောလိုက်။ ငါ မသေခင် ချောင်ကျန်းမင်ကို တွေ့ချင်တယ်။ သူ့ကို လာဖို့ပြောလိုက် "

ဒါကိုကြားတော့ ဒုတိယယောင်းမချန်ရဲ့ မျက်လုံးတွေက မှုန်ကုပ်ကုပ်နဲ့ ပြုံးပြီး စိုက်ကြည့်ရင်း "ညီမလေး၊ ဒီလှည့်ကွက်ကို နင်သုံးမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ကောင်းပြီ ငါ နင့်အတွက်သွားပေးမယ်။ ပိုက်ဆံကို မမေ့နဲ့!"

ချန်ချောင်ချောင်သည် သူမ၏ အပြုံးကြောင့် ရှက်သွားပြီး "ငါ အဲ့တာကို မေ့မှာ မဟုတ်ဘူး"

ထိုနေ့တွင် ငွေအတွက်ကြောင့် ဒုတိယယောင်းမချန်သည် ချောင်အိမ်သို့ သွားခဲ့သည်။

ချောင်ကျန်းမင်ကို မတွေ့ရတာ သနားစရာပဲ။ သူမသည် ချောင်အိမ်သို့ပင် မဝင်ခဲ့ရပေ။ အဲဒီအစား သူမကို ချောင်ရှို့ကျီက ရေနဲ့ပက်ပြီး နောက်ဆုံးမှာ ချောင်မိသားစုရဲ့ခွေးကို လိုက်ခိုင်းခဲ့သည်။

နောက်ပိုင်းတွင် ချောင်ကျန်းမင်းသည် ချန်ချောင်ချောင်က သူ့ကို ရှာနေကြောင်း သိခဲ့သည်။ သူက မထီမဲ့မြင်ပြုံးပြီး သူ့စိတ်ကို နောက်သို့ ပစ်ချလိုက်သည်။

ဆေးရုံမှဆင်းပြီး တစ်လအကြာတွင် ချန်ချောင်‌ချောင်သည် ဇနီးသေဆုံးသွားသော အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် မိသားစုမှ စီစဉ်ပေးခံခဲ့ရသည်။ အဲ့ဒီလူက ရုပ်ဆိုးပြီး အသက်ကြီးသည်။ သူက သူ့အဖေထက်ပင် အသက်ကြီးပုံပေါ်သည်။

ပိုအရေးကြီးတာက သူ့သားက သူမထက်အသက်ကြီးသည်။ သူမသည် အိမ်ထောင်မပြုချင်သော်လည်း သူမကို မိသားစုမှ နှင်ထုတ်ခံရပြီး ရွာသို့ပို့ခဲ့သည်။

ရွာက တော်တော်ဝေးသည်။ သူမသည် ရွာနာမည်နဲ့ ရွာ၏ တည်နေရာတောင် မသိပေ။ အဘိုးအိုက သူမ ထွက်ပြေးမှာကို ကြောက်တဲ့အတွက် သူ့ကို စောင့်ရှောက်ဖို့ ခွေးတစ်ကောင်နှင့် ထားသည်။

သူမမှာ အကူအညီတောင်းစရာနေရာမရှိပေ။ ဒီအချိန်မှာပဲ သူမအမှားလုပ်မိခဲ့တာကို သူမတကယ်နားလည်သွားခဲ့သည်။

လောကကြီးမှာ နောင်တအတွက် ဆေးမရှိပေ။

All Chapters