← Chapters

သတိပေးခြင်း

Vol. 015 Ch. 1450

သတိပေးခြင်း

Vol. 015 Ch. 1450

ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံသည် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ် နတ်မိမယ် ချင်းဟယ်ထံသို့ လာရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထိုအသံကို ကြားသည့်အခါ နန်းတော်အတွင်းမှ လူများ ထွက်လာကြသည်။ နတ်မိမယ်အားလုံးမှာ လေးနက်သည့် အမူအရာနှင့် နန်းတော်အပြင်သို့ ထွက်၍ ကြိုဆိုလေသည်။ သိသာစွာပင် သူတို့သည် ဝမ်ယန်ပင်းထက်ပို၍ ထိုသူ၏ လည်ပတ်မှုကို အလေးအနက် ထားကြပေသည်။

ယခုလာသည့်သူမှာ ကောင်းကင်အာဏာစက်ဘုံတွင် ပြိုင်ဘက်ကင်းအဆင့်အတန်း ရှိသူ ပြည်ထောင် အိမ်ရှေ့စံ ဖြစ်လေသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်သည် နှစ်ပေါင်းများစွာကပင် ထင်ရှား ကျော်ကြားခဲ့သည့် အုပ်ချုပ်သူများ ဖြစ်ကြသည်။ သူတို့က အားနည်းသွားလျှင်ပင် သူတို့က ဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နေနိုင်ဆဲ ဖြစ်သည်။ ပြည်ထောင်သည် များပြားလှသည့် မင်းဆက်အစဉ်အဆက် ဆင်းသက်ခဲ့ပြီး မြင့်မားသော သမိုင်းစဉ်နှင့် ကြွယ်ဝမှုကို ပိုင်ဆိုင်သည်။ လွန်ခဲ့သည့် နှစ်များက ဂူထျန်းရှင်းနှင့် ရင်ဆိုင်ခဲ့ရစဉ်က ကောင်းကင်အာဏာစက် ပြည်ထောင် မည်မျှ အစွမ်းထက်ခဲ့သည်ကို ခန့်မှန်းရန် ခက်ခဲပေသည်။ ထိုတိုက်ပွဲတွင် အလောင်းများက တောင်လိုပုံကာ ပြည်ထောင်တစ်ခုလုံး သွေးချင်းချင်း စွန်းထင်းခဲ့ပေသည်။

အချို့က ပြောကြသည်မှာ ထိုစစ်ပွဲ၌ ပါဝင်ခဲ့သော ရန်ဟောင် တစ်ဝက်မျှသည် ဂူထျန်းရှင်း တစ်ယောက်တည်းမှ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟူ၍ ဖြစ်ကာ အထွတ်အထိပ် ရောက်နေသည့် တစ်စုံတစ်ယောက်က မည်မျှ ဖျက်ဆီးနိုင်စွမ်းရှိသည်ကို ပြသခဲ့သည်။

ချင်းဟယ်သည်လည်း နန်းတော်အပြင်ဘက်သို့ ရောက်ရှိလာသည်။ သူမ ဘေးမှ အချို့က ပြောလိုက်သည်။

“ကြိုဆိုပါတယ် ... အိမ်ရှေ့စံ”

ပြည်ထောင်မှ တန်ခိုးရှင်များသည် နန်းတော်၏ လှေကားများကို လှမ်းတက်လာပြီး နန်းတော်ရှေ့သို့ ရောက်ရှိလာသည်။ အိမ်ရှေ့စံသည် ရပ်နေရုံဖြင့်ပင် သူ့အနီးမှ အရှိန်အဝါက အာရုံစိုက်မှုများ အားလုံးကို ဆွဲဆောင်ထားနိုင်သည်။ ထိုအရှိန်အဝါတစ်ခုတည်းကပင် လူအများ မရရှိနိုင်သော အရာဖြစ်သည်။

“ကျုပ်တို့ ခရမ်းရင့်ကောင်းကင်နန်းတော်မှာ တွေ့ခဲ့ကြသေးတယ်နော် နတ်မိမယ်။ ဒါပေမဲ့ စကားမပြောဖြစ်ခဲ့ကြဘူး။ ခင်ဗျားလည်း ဟောက်ထျန်းမြို့ကို ရောက်နေတယ်ဆိုတာ သိလို့ ကျုပ် လာလည်တာပါ” အိမ်ရှေ့စံက ပြောလိုက်သည်။ သူ၏ ထက်ရှသော အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်လျှင် သူက သိမ်မွေ့ပြီး ခန့်ညားသည့်အသွင် ပေါ်ပေါက်လာလေသည်။

“ရှင် ရောက်လာတဲ့အတွက် ကျွန်မတို့ရဲ့ နန်းတော်က တကယ် ကျက်သရေ ရှိသွားပါတယ် အိမ်ရှေ့စံ”  ချင်းဟယ်က ဆက်ပြောလိုက်သည်။

“ရှင် ကျွန်မတို့ရဲ့ နိမ့်ကျတဲ့ နေရာကို စိတ်မရှိဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးပြု ပြီး ထိုင်ပါ”

အိမ်ရှေ့စံအနီးမှ လူများအားလုံး မျက်မှောင်ကြုတ်သွားကြပြီး ချင်းဟယ်က သူတို့၏ ဧည့်သည်ကို နန်းတော်အပြင်၌ ဧည့်ခံရန် ရည်ရွယ်နေသည်လား အံ့အားသင့်သွားကြပေသည်။

သူတို့သည် ယခင် ဝမ်ယန်ပင်း လာလည်စဉ်က အကြောင်းကို ကြားထားပြီး ဖြစ်သော်လည်း ဝမ်ယန်ပင်းက အိမ်ရှေ့စံကို နှိုင်းယှဉ်နိုင်ရန် အကြောင်းမရှိပေ။

အဆင့်အတန်းတစ်ခုတည်းနှင့် ကြည့်မည်ဆိုလျှင် ဟောက်ထျန်းမြို့၏ ဝမ်ကလန်သား ဖြစ်သည့် ဝမ်ယန်ပင်းသည် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ်နတ်မိမယ်ထက် သိသာစွာ နိမ့်ကျပေသည်။ ချင်းဟယ်သည် ဝမ်ယန်ပင်းအား မျက်နှာသာပေးသည် ဆိုလျှင်ပင် နန်းတော်အပြင်ဘက်၌ လက်ခံတွေ့ဆုံသည်မှာ ပုံမှန်ပင် ဖြစ်သည်။

သို့သော် ယခုတွင် ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံ ဖြစ်သည်။ ဘုံအတွင်း၌ အိမ်ရှေ့စံ၏ အဆင့်အတန်းကို နံပါတ်တစ် နတ်မိမယ် ချင်းဟယ်ပင်လျှင် လှုပ်ခါနိုင်လိမ့်မည် မဟုတ်ပေ။

“ခင်ဗျားက မင်းသားကို နန်းတော် အပြင်ဘက်မှာ လက်ခံတွေ့ဆုံဖို့ ရည်ရွယ်ထားတာလား နတ်မိမယ်” အိမ်ရှေ့စံနောက်ရှိ ပြည်ထောင်မှ တစ်စုံတစ်ယောက်က မကျေမနပ် မေးလိုက်သည်။ ဝမ်ယန်ပင်း၏ လူများက မကျေမနပ်ဖြစ်ရန် အဆင့်မမီသော်လည်း သူတို့ကတော့ ထိုသို့မဟုတ်ပေ။

အကယ်၍ ထိုသည်ကသာ ချင်းဟယ်၏ ရည်ရွယ်ချက် အမှန်ဖြစ်ပါက သူမ၏ သဘောထားက လွန်လွန်းလှပေသည်။

ချင်းဟယ်က ပြောလိုက်သည့် တစ်ယောက်ကို ကြည့်ပြီးနောက် မင်းသားအား ပြောလိုက်သည်။

“နန်းတော်က ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ အမျိုးသမီးတွေ ကျင့်ကြံတဲ့နေရာပါ။ ခွင့်လွှတ်ပေးပါ အိမ်ရှေ့စံ”

“အဲဒါက နည်းနည်းလေး ဟိတ်ဟန်ထုတ်နေတာ မဟုတ်ဘူးလား နတ်မိမယ်။ ကျုပ် သိသလောက်တော့ နန်းတော်ထဲမှာ အမျိုးသား နည်းနည်းရှိနေသလိုပါပဲ” ပြည်ထောင်မှ ထိုအမျိုးသားမှ ဆက်ပြောလိုက်သည်။ ရီဖူရှင်းသည် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နတ်မိမယ်များနှင့် အတူ နန်းတော်တွင် အစကတည်းက နေထိုင်နေခဲ့သော ယောက်ျားသားများထဲမှ တစ်ယောက် ဖြစ်သည်။

ချင်းဟယ်က အခြားနည်းလမ်းဖြင့် ပြောဆိုပါက အဆင်ပြေကောင်း ပြေနိုင်မည် ဖြစ်သော်လည်း ထိုသို့သော ဆင်ခြေမျိုးသည် သူတို့ကို အနည်းငယ် ကသိကအောက် ဖြစ်စေပေသည်။

ရီဖူရှင်းနှင့် သူ့လူများက နန်းတော်တွင် နေနိုင်ကြလျှင် သူတို့သည် အိမ်ရှေ့စံကို နန်းတော်အပြင်၌ လက်ခံတွေ့ဆုံရန် အကြောင်းမရှိပေ။

“ကျွန်မမှာ အဲဒီလိုကိစ္စတွေ ရှင့်ကို ရှင်းပြဖို့ လိုအပ်တယ်လို့များ ထင်လား” ချင်းဟယ်၏ အသံက ရုတ်တရက် အေးစက်သည့် ဘက်သို့ ပြောင်းလဲသွားသည်။ သူတို့သည် သူမ၏ စကားလုံးများထဲမှ အေးစက်သည့် အရှိန်အဝါရေးရေးကို ခံစားမိပေသည်။

သူမက နန်းတော်အတွင်း မည်သူ့အား ခြေချခွင့်ပြုရမည်ကို ကောင်းကင် အာဏာစက်ပြည်ထောင် လူများထံ ခွင့်ပြုချက်တောင်းရန် လိုသည်ဆိုပါက ရယ်စရာပင် ဖြစ်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များ၏ အကြည့်တို့က မည်းမှောင်သွားလေသည်။

သူသည် ကောလာဟလ ထွက်နေသကဲ့သို့ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ်နတ်မိမယ် ချင်းဟယ်က ရီဖူရှင်းအား စိတ်ဝင်စားနေသည်ဆိုခြင်းက အမှန်တကယ်လား သိချင်နေပေသည်။

သို့သော် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံမင်းသားသည် အခြားသူများနှင့် မတူသော ဒဏ္ဍာရီပုဂ္ဂိုလ် ဖြစ်သော်လည်း ချင်းဟယ်င သူ့အား နောက်တစ်ခါ ကြည့်ရန်ပင် အလုပ်ရှုပ်မခံခဲ့ပေ။ ထို့အစား သူမသည် ရီဖူရှင်းအား စိတ်ဝင်စားနေခဲ့ပေသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်မှ ထိုသူသည် ဆက်ပြောရန် ရည်ရွယ်လိုက်သော်လည်း အိမ်ရှေ့စံက လက်ပြကာ သူ့အား တားဆီးလိုက်ပေသည်။ ထို့နောက် အိမ်ရှေ့စံက ပြောလိုက်သည်။

“မင်းတို့တွေ အရမ်းလွန်တာပဲ။ နတ်မိမယ်ကို တောင်းပန်လိုက်ကြ”

ပြည်ထောင်မှ လူများသည် ဇဝေဇဝါ ဖြစ်သွားသော်လည်း အိမ်ရှေ့စံ၏ မျက်လုံးများကို မြင်ပြီးနောက် လက်ကို အရိုအသေပြုဟန် ဆုပ်လိုက်၍ ချင်းဟယ်ကို ပြောလိုက်သည်။

“ကျုပ်တို့ စည်းကျော်သွားမိပါတယ်။ ခွင့်လွှတ်ပေးပါ နတ်မိမယ်”

“ကိစ္စမရှိပါဘူး။ စိတ်မရှိစေဖို့ဘဲ မျှော်လင့်ပါတယ် အိမ်ရှေ့စံ” ချင်းဟယ်က သူမ၏ အေးစက်မှုတို့အား ပြန်ရုပ်သိမ်းလိုက်သည်။

လူတိုင်းက သူတို့၏ နေရာများတွင် ထိုင်လိုက်ကြပြီး ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူများက အိမ်ရှေ့စံအား ကြည့်လိုက်ကြသည်။ သူတို့သည် အိမ်ရှေ့စံက ယခင်ကနှင့် မတူတော့သည်ကို တွေ့ရှိလိုက်ကြရ၏။ ယခင် ခရမ်းရင့်ကောင်းကင်နန်းတော်၌ တွေ့ခဲ့စဉ်က သူသည် အလွန် မာနကြီး ဝံ့ကြွားသည့် အမူအရာရှိသည်။ သို့သော် ယခုတွင် သူသည် နှိမ့်နှိမ့်ချချ နေနေပုံရလေသည်။

“ဒီကို ဘာကိစ္စများ ရှိလဲ သိပါရစေ အိမ်ရှေ့စံ” ချင်းဟယ်က မေးလိုက်သည်။

“ကျုပ် အပြင်ထွက်ပြီး စွန့်စားခန်း အများကြီး မဖွင့်ရသေးပေမဲ့ ဗြဟ္မာ့သန့်စင် ကောင်းကင်ရဲ့ နတ်မိမယ်တွေက ဘယ်လောက်ထူးချွန်လဲဆိုတာ ကြားသိခဲ့ရပါတယ်။ ဧကရီအရှင်မရဲ့ စိတ်စွမ်းအားက ဘုံသုံးထောင်ကို ဖြန့်ကြက် လွှမ်းမိုးနိုင်တယ်။ သူမက မဟာလမ်းစဉ်အားလုံးကို ကျင့်ကြံနိုင်ခဲ့တယ်။ သူမရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းပဲ။ သူမက ကောင်းကင်အာဏာစက်ဘုံရဲ့ အမျိုးသမီးတွေကြားမှာ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် ချီးမြှောက်ခံရတယ်။ ကျုပ်အဖေ ပြောတာတော့ ဘုံတစ်ခွင်မှာ ဧကရီအရှင်မနဲ့ ယှဉ်နိုင်တဲ့ အမျိုးသမီးမရှိဘူးတဲ့။ အခုတော့  ဧကရီအရှင်မလို စွမ်းဆောင်ရည်ရှိတဲ့ မင်းကို ကျုပ် တွေ့ခွင့်ရတယ်။ မင်းက ဧကရီအရှင်မရဲ့ ဆက်ခံသူတစ်ယောက်အဖြစ် ကျော်ကြားတယ်။ အဲဒါကြောင့် ကျုပ်က ဗြဟ္မာ့သန့်စင်ကောင်းကင်ကို အမြဲ သွားလည်ချင်နေခဲ့တာ။ နှမြောစရာကောင်းတာက ကျုပ် အဆင့်အတန်းက သိပ်အဆင်မပြေတာဘဲ။ အခု အဲဒီလို အခွင့်အရေးမျိုး ရနေပြီဆိုတော့ ကျုပ်လည်း ဒီကို အလည်လာခဲ့တာ သဘာဝကျပါတယ်”

ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံက အလွန် ယဉ်ကျေးစွာဖြင့် အသေးစိတ်ချီးမြှောက် ပြောဆိုလိုက်ပေသည်။

“မြှောက်ပင့်လွန်းနေပါပြီ အိမ်ရှေ့စံ။ ကျွန်မက အရှင်မနဲ့ ကိုယ့်ကိုယ်ကိုယ် မယှဉ်ဝံ့ပါဘူး” ချင်းဟယ်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ဧကရီအရှင်မသည် ကိုယ်ပိုင် အထွတ်အထိပ် အင်အားစုကို တည်ထောင်ခဲ့ပြီး တစ်ခေတ်ဆန်းစေခဲ့သူ ဖြစ်ပေသည်။ သူမ ငယ်ရွယ်စဉ်က နံပါတ်တစ် အလှလေးအဖြစ် ကျော်ကြားကာ သူမအား ပိုးပန်းသူများစွာ ရှိခဲ့သည်။ လက်ရှိတွင်ပင် သူမ၏ အသွင်အပြင်က အထွတ်အထိပ်၌ ကျန်ရှိနေဆဲ ဖြစ်သော်လည်း မည်သူကမှ အရိုအသေတန်စွာနှင့် သူတို့၏ ဆန္ဒအလျောက် သူမအား မပြုမူရဲကြပေ။

ကောင်းကင်အာဏာစက်ပြည်ထောင် မင်းသားသည် ချင်းဟယ်၏ စကားလုံးများမှ စည်းခြားထားမှုကို ခံစားမိပေသည်။  သူက ပြုံးကာ ထပ်ပြောလိုက်သည်။

“ကျုပ်ရဲ့ ဖခင်က နတ်မိမယ်ကို စောင့်ရှောက်ဖို့ မှာလိုက်တယ်။ ဒါပေမဲ့ သေချာတာတော့ ကျုပ်က မဟာမိတ်ဖွဲ့ဖို့ မင်္ဂလာပြုရတာမျိုးကို သိပ်စိတ်မဝင်စားဘူး။ ကျုပ်က မင်းကို လေးစားတာမို့ ကျုပ် မိသားစုရဲ့ သဘောထားနဲ့ ကျုပ် ခံစားချက်တွေကို လုံးဝ ရောထွေးမှာမဟုတ်ဘူး။ ကျုပ်က မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင်တော့ ဆင်ခြင်ပါ့မယ်။ ဒီနေ့ ဒီကို လညလည်ရတာက နတ်မိမယ်နဲ့ မိတ်ဆွေ ဖြစ်ချင်ရုံပါပဲ။ တခြားသဘောမရှိပါဘူး”

“ကျေးဇူးတင်ပါတယ် အရှင့်သား” ချင်းဟယ်က ခေါင်းညိတ်လိုက်သည်။ သူမက မဟာမိတ်လက်ထပ်ခြင်းအား မနှစ်မြို့မှုသည် သူမ ရီဖူရှင်းအား စတွေ့စဉ်က မနှစ်မြို့ခဲ့သလိုပင် ဖြစ်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အထက်အကြီးအကဲများက သူမအား ထိုသို့သော တစ်စုံတစ်ခု ခွင့်ပြုမည် မဟုတ်ပေ။  သူမကိုယ်တိုင်သည်လည်း မည်သည့်အတွက် ထိုအမျိုးသားနှင့် နီးကပ်စွာ ရှိနေခဲ့မိသည်ကို နားမလည်နိုင်ပေ။

သို့သော် သူမသည် ရီဖူရှင်းကို ကောင်းကောင်းသိရှိလာလေ သူ့ကို မုန်းတီးခြင်းမျိုး ဆွဲကိုင်ထားခြင်းမျိုး မရှိတော့ပေ။  ထိုသည်က ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အမိန့်ဖြစ်ကာ အစကတည်းက သူနှင့်ပတ်သက်၍ မည်သည့်အရာမှ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။ ထို့ပြင် သူမ တွေ့ရှိခဲ့သည်မှာ ထိုသူက အတော်လေး ဆန်းကြယ်ပြီး သူသည် အမြဲ အံ့သြစရာများကို ယူဆောင်လာနိုင်ပေသည်။

“ကျုပ် ကြားတာတော့ မင်းက ရီဖူရှင်းနဲ့ အတော်လေး ရင်းနှီးတယ်ဆို။ သူ့ကို ဘယ်လို မြင်လဲ သိခွင့်များ ရှိမလား” အိမ်ရှေ့စံက မေးလိုက်သည်။

ချင်းဟယ်သည် သတိအပြည့် ဖြစ်သွားခဲ့သည်။ အိမ်ရှေ့စံက သူမအား ဆန့်ကျင်ရန် ရည်ရွယ်ချက်မရှိဟု ဆိုသော်လည်း သူက ရီဖူရှင်းနှင့် ပတ်သက်၍ တီးခေါက်ကြည့်နေသည်။ သူမက သူ့စိတ်ထဲ၌ မည်သည့်တို့ တွေးနေသည်အား ဇဝေဇဝါ ဖြစ်နေပေသည်။

“သခင်လေးရီက အခြားလူနဲ့ မတူတဲ့ ပါရမီရှင်ပါပဲ။ ရှင်လည်း ခရမ်းရင့် ကောင်းကင်နန်းတော် တိုက်ပွဲမှာ တွေ့ဖူးမယ်လို့ ထင်တယ်။ သူက ဟောက်ထျန်းမြို့ရဲ့ နှစ်ပေါင်းထောင်ချီ မလှုပ်ရှားခဲ့တဲ့ သက်ရှည်တောင်ကြားက လိပ်နက်ကိုတောင် နိုးထစေခဲ့ပြီး ထူးခြားလမ်းစဉ်ကို ရရှိခဲ့တယ်။ တခြားထက်ကို သူ့မှာ ဘယ်လို နောက်ခံကောင်းကောင်းမှ မရှိပေမဲ့ သူနဲ့ ပတ်သက်သမျှ အရာအားလုံးက ထူးခြားဆန်းကြယ်နေတယ်” ချင်းဟယ်က ထိုအမျိုးသားကို လေးစားချီးကျူးနေပြီး အိမ်ရှေ့စံ မည်သည်တို့ တွေးနေသည်အား အာရုံစိုက်ရန် ခက်ခဲနေပေသည်။

သူမ ပြောခဲ့သည်များမှာ ရပ်တည်ချက်နှင့် မသက်ဆိုင်ဘဲ အချက်အလက်များကို သုံးသပ်ခြင်း သက်သက်သာ ဖြစ်လေသည်။

“မင်း ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး အတော်လေး ယုံကြည်မှုရှိတဲ့ပုံပဲ။ တကယ်လည်း သူက မူလတောင်တန်းမှာ သူရဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပါတယ်။ သူက အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အမွေအနှစ်ကို ရရှိခဲ့ပြီး နတ်ဆင်တွေရဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်ရေး နည်းစနစ်တွေကိုတောင် ရယူနိုင်ခဲ့တယ်။ ခရမ်းရင့်ကောင်းကင် နန်းတော်မှာလည်း အံ့သြစရာကောင်းအောင် ထူးခြားသာလွန်တဲ့ အရည်အချင်းကို ပြသခဲ့တယ်။ သူက တကယ်ကို အများနဲ့မတူတဲ့ ပါရမီရှင်ပါပဲ” ထို့နောက် သူက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“မင်း သူ့ကို မြင့်မြင့်မားမား တွေးထားတာ အံ့သြစရာမရှိပါဘူး နတ်မိမယ်”

“နေရာအနှံ့မှာ ကောလာဟလတွေ ပျံ့နေတာတော့ မင်းက သူ့ကို စိတ်ဝင်စားနေတယ်တဲ့။ အဲဒါ ဟုတ်များ ဟုတ်နေမလား သိချင်မိပါရဲ့”

ချင်းဟယ်က စကားဆက်ပြောလိုက်သည့် အိမ်ရှေ့စံကို စူးစိုက်ကြည့်လိုက်သည်။

“ကျိန်ရဲပါတယ် နတ်မိမယ် ကျွန်တော့်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး”

“ကျွန်မက သခင်လေးရီနဲ့ မိတ်ဆွေကောင်းတွေပါပဲ” ချင်းဟယ်က ပြန်ဖြေလိုက်သည်။

အိမ်ရှေ့စံက ခေါင်းညိတ်လိုက်ပြီးနောက် ထပ်ပြောလိုက်၏။

“မင်းက တကယ်ပဲ ရီဖူရှင်းနဲ့ စုံတွဲဖြစ်လာမယ်ဆို အဲဒါက စိတ်ကျေနပ်စရာသတင်း ဖြစ်လာပါလိမ့်မယ်။ အမှန်တော့ ကျုပ်က ရီဖူရှင်းနဲ့ မိတ်ဆွေဖွဲ့ဖို့ ဝန်မလေးပါဘူး။ ဒါပေမဲ့ ကျုပ်တို့ ကြားက သေချာနေတဲ့ ပတ်သက်မှုကြောင့် ဆန္ဒရှိသလို မဖြစ်နိုင်မှာစိုးမိတယ်။ ကျုပ်ကတော့ အရာအားလုံးနဲ့ မပတ်သက်ဘဲ မိတ်ဆွေ ပတ်သက်မှုကို ကန့်သတ်မထားဖို့ မျှော်လင့်မိတယ်။ ဗြဟ္မာ့သန့်စင်ကောင်းကင်က လူတွေနဲ့ နတ်ဆင်တွေကလည်း ဒါကို စိတ်ထဲထားမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်”

သူက ချင်းဟယ်နှင့် ရီဖူရှင်း၏ မိတ်ဆွေဖြစ်နေမှုကို စိတ်ထဲမထားဘဲ ကောင်းကင်အာဏာစက်ဘုံ၏ အင်အားစုများအကြား မည်သည့် အရေးမှ စွက်ဖက်ခြင်း မပြုစေလိုကြောင်း ပြောဆိုနေခြင်း ဖြစ်သည်။ သူက ချင်းဟယ်နှင့် ရီဖူရှင်းက မိတ်ဆွေ ဖြစ်နေသော်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်ကတော့ ကောင်းကင်နတ်တံခါးဘက်မှ မရပ်တည်ရန် မျှော်လင့်နေပေသည်။

“အဲဒါက ကျွန်မ စဉ်းစားဆုံးဖြတ်ပေးလို့ ရတာမျိုး မဟုတ်ဘူးလေ” ချင်းဟယ်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။ အိမ်ရှေ့စံက မှန်သော်လည်း လေးနက်သည့် အရေးကိစ္စများက သေချာပေါက် ဧကရီအရှင်မ ဆုံးဖြတ်ချက်ချရမည် ဖြစ်ကာ သူမက ထိုကိစ္စများတွင် မည်သို့မှ ပြောဆိုလိမ့်မည် မဟုတ်ပေ။

“အရှင်မင်းသားက ဒီလို စိတ်ဝင်တစားရှိတာ လေးစားမိပါတယ်”

ထိုအချိန်တွင် အသံတစ်ခုကို ကြားလိုက်ရသည်။  ရီဖူရှင်းနှင့် သူ့လူများက နန်းတော်အပြင်သို့ လျှောက်လာနေပြီး ထိုနေရာ၌ ထိုင်နေသည့် အိမ်ရှေ့စံအား ကြည့်လိုက်ကြသည်။

“ခင်ဗျားပြောသလိုပဲ ကျုပ်တို့က ဘယ်တော့မှ မိတ်ဆွေ ဖြစ်လာနိုင်မှာ မဟုတ်တဲ့ ကံကြမ္မာဖြစ်နေတယ်” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ ကောင်းကင် အာဏာစက်ဘုံသည် သူ့ အစ်ကိုသုံး၏ ကမ္ဘာမကြေရန်သူ ဖြစ်ရာ သူတို့အကြား၌ ပြေလည်နိုင်စရာအကြောင်း မရှိပေ။ ပြည်ထောင်၏ အိမ်ရှေ့စံမင်းသားသည် အစ်ကိုသုံးနှင့် အနှေးနဲ့အမြန် တိုက်ခိုက်ရမည့်သူ ဖြစ်လာပေလိမ့်မည်။ အချို့ကိစ္စများသည် အစကတည်းကပင် ကံကြမ္မာက သတ်မှတ်ထားခဲ့ပြီးသား ဖြစ်လေသည်။

“ကျုပ်တို့က မိတ်ဆွေ မဖြစ်နိုင်ရင်တောင် ရန်သူတွေ ဖြစ်မလာဖို့တော့ မျှော်လင့်နေမိဆဲပါပဲ” အိမ်ရှေ့စံက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။

“ဒါက ကျွန်တော် အာမခံပေးလို့ ရတာမျိုး မဟုတ်ပါဘူး အရှင်မင်းသား” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။

“ကျုပ် သိပါပြီ” အိမ်ရှေ့စံက ခေါင်းညိတ်လိုက်သည်။

“ကျုပ်တို့ချင်း ရန်သူဖြစ်တာကို မမြင်ချင်ပေမဲ့ ရန်သူဖြစ်ဖို့လည်း ဝန်မလေးပါဘူး။ ရီဖူရှင်း … မင်းက နတ်ဆင်အင်ပါယာရဲ့ အမွေအနှစ်ကို ရရှိခဲ့တာကြောင့် ကျုပ်က ကိုယ်ပိုင်ဆန္ဒနဲ့တော့ သေချာပေါက် မင်းကို ဆန့်ကျင်မှာမဟုတ်ဘူး။ ဒါပေမဲ့ နတ်ဆင်တွေက မင်းတစ်ယောက်တည်း အတွက်နဲ့ သူတို့ရဲ့ ရပ်တည်မှုကို ရှင်းရှင်းလင်းလင်း လုပ်ပစ်မှာ မဟုတ်ဘူးလို့တော့ ယုံကြည်တယ်။ ဒါကြောင့် မင်းရဲ့ အကျိုးအတွက်နဲ့ တခြားအင်အားစုတွေကို ဆွဲမထည့်ဖို့တော့ မျှော်လင့်မိတယ်။”

“အခုလို စိတ်ဝင်တစားရှိလို့ တကယ်ကို ကျေးဇူးတင်မိပါတယ် အရှင်မင်းသား” ရီဖူရှင်းက ဆက်ပြောလိုက်သည်။

အိမ်ရှေ့စံက ပြုံးကာ ထပ်ပြောလိုက်သည်။

“လူတစ်ယောက်ရဲ့ စွမ်းအားက အကန့်အသတ်ရှိတယ်။ ရှန့်ထိုအဆင့်မှာ ရှိနေတဲ့ လူတစ်ယောက်ဆိုရင် ပိုဆိုးတာပေါ့။ မင်းက အရမ်းထူးချွန် ထက်မြက်တဲ့ စွမ်းရည်တွေ ရှိတာကို အသိအမှတ်ပြုပေမဲ့ မင်းက ကောင်းကင်အာဏာစက်ဘုံ အထွတ်အထိပ်မှာ ရပ်တည်ဖို့တော့ လိုအပ်နေသေးတယ်လို့ ထင်နေမိတုန်းပဲ”

“အရှင်မင်းသားက တကယ့်ကို မာန်ကြီးတာပဲ” ရီဖူရှင်းက ဆက်ပြောလိုက်သည်။

“ဒါနဲ့ အရှင်မင်းသားရဲ့ ကိုယ်ပိုင်စွမ်းအားကရော ဘယ်လိုများလဲ”

“ကျုပ်လား” အိမ်ရှေ့စံက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကျုပ်က တစ်ယောက်တည်းတော့ ဖြစ်မှာ မဟုတ်ဘူး”

သူ ပြောပြီးသည်နှင့် သူ့နောက် ဘယ်ညာနှစ်ဖက်မှ ရှန့်ထိုရောင်ဝါများ လင်းလက်လာ၏။ သူတို့အနီးရှိ မဟာလမ်းစဉ် စွမ်းအားများသည် ချက်ချင်း တသားတည်း ဖြစ်သွားကာ အလွန် အစွမ်းထက် ဖိအားများကို ထုတ်လွှတ်နေသည်။

“သူတို့ အားလုံးက ကောင်းကင်အာဏာစက် ပြည်ထောင် အုပ်ချုပ်မှုအောက်က ပါရမီရှင်တွေပဲ။ ဒီမှာ ရှန့်ထိုအဆင့်တိုင်းက ပြည်ထောင်မင်းသားတွေလည်း ရှိသေးတယ်။ မင်း သူတို့နဲ့ ကြိုးစားကြည့်ချင်လား” အိမ်ရှေစံက ထပ်ဖြည့်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့ စွမ်းအားအရဆိုရင်တော့ သူတို့က မင်းနဲ့ သေချာပေါက် တစ်ယောက်ချင်း ယှဉ်နိုင်မှာတော့ မဟုတ်ဘူး”

ချင်းဟယ်က အိမ်ရှေ့စံ နောက်မှ လူများကို ကြည့်လိုက်ပြီး သူတို့ထံမှ အလွန် ပြင်းထန်သည့် စွမ်းအားတို့ကို ခံစားမိလိုက်သည်။

သူတို့အားလုံးသည် တူညီသည့် မျိုးဆက်မှ မွေးထုတ်ပေးထားသော ပါရမီရှင်များ ဖြစ်နိုင်ပြီး အထူးသဖြင့် ကောင်းကင်အာဏာစက် ပြည်ထောင် မင်းသားကို ကူညီထောက်ပံ့ပေးရန် ရည်ရွယ်ပုံရလေသည်။

***

All Chapters