← Chapters

မြေအောက်တမန်

Vol. 16 Ch. 226

မြေအောက်တမန်

Vol. 16 Ch. 226

ပျားအုံများသည် ချန်ရှီနဲ့ မယ်မယ်ရှစ်ကျီတို့ကို အချိန်အတော်ကြာ ပျံသန်းစေပြီး နောက်ဆုံးတွင် မြေကွက်တစ်ခုဆီသို့ ရောက်လာခဲ့သည်။ နန်မင်းပင်လယ်ထဲက ကျွန်းတစ်ကျွန်း ဖြစ်နိုင်သော်လည်း ဧရိယာကတော့ အလွန် ကျယ်ဝန်းသည်။

ကျွန်းသည် ကြီးကျယ်ခမ်းနားသော တောင်တန်းများနှင့် ကျောက်ဆောင်များ အပြည့်ရှိသည်။ တောင်ပေါ်မှာ သရဲတွေ၊ ဝိညာဥ်တွေလည်း အများကြီး ရှိသေး၏။ ၎င်းတို့တွင် မဲနယ်လိုအသားအရေ၊ ကြမ်းတမ်းသောမျက်နှာ၊ ပါးစပ်ထဲမှာတော့ အစွယ်များ၊ လက်ထဲတွင် သံမဏိခက်ရင်းခွ များရှိပြီး ၎င်းတို့၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးအုပ်ရန် လူသေများဆီမှ လုယူထားသော အ၀တ်စုတ်များကို ၀တ်ဆင်ထားသည်။

အရှင်ဝူဝမ့်ရဲ့ နေရာမှာ မြင်လိုက်ရတဲ့ သရဲတစ္ဆေငယ်လေး ကြီးပြင်းလာချိန်မှာ ဒီလိုပုံစံ ဖြစ်လိမ့်မယ်လို့ ချန်ရှီ တွေးနေမိသည်။

သူတို့က သာမန်လူတွေထက် အများကြီး အရပ်မြင့်လေသည်။ ချန်ရှီနဲ့ မယ်မယ်ရှစ်ကျီတို့မှာ ပျားတွေကြောင့် လေထဲမှာ မှောက်လျက်သား ​တွဲလောင်းကျနေကြရာ ၎င်းတို့၏ သံမဏိခက်ရင်းခွများဖြင့် တိုက်မိကုန်သည်။ ချန်ရှီ ကမန်းကတန်း ရှောင်လိုက်လို့သာ မဟုတ်ရင် သူတို့ရဲ့ ဗိုက်ကို ဖောက်မိသွားလောက်ပြီ။

လူဦးခေါင်းပျားများစွာက ပျံဝဲလာကာ သံချောင်းများကို ရိုက်ချပစ်ကြသည်။

"အကျဉ်းသားက သခင်ရဲ့တူလို့ ပြောထားတယ်!! သူ့ကိုသတ်မိရင် အကျိုးဆက်တွေကို မင်းတို့ဘာသာ ခံကြ!"

ထိုသရဲတစ္ဆေများသည် ချန်ရှီကို လှမ်းထိုးနေတာအား ရပ်လိုက်​ကြပြီး မယ်မယ်ရှစ်ကျီကို စတင်ကိုက်ခဲ တိုက်ခိုက်​ကြ​တော့သည်။ မယ်မယ်ရှစ်ကျီမှာ သတိလစ်သွားသော်လည်း သူမခန္ဓာကိုယ်က အလွန်မာကျောပြီး အသားတစ်စ ပဲ့သွားအောင်တောင် မထိနိုင်သောကြောင့် လက်လျှော့လိုက်ရသည်။

သို့သော် လမ်းတစ်လျှောက်တွင် သရဲတစ္ဆေများက အလွန်များပြားနေပြီး သရဲတစ္ဆေတိုင်းက သူတို့ကို မြင်သောအခါတွင် ရိုက်နှက် ပုတ်ခတ်ချင်ကြသဖြင့် ထိုလူသားဦးခေါင်းပျားများလည်း အလွန် အလုပ်ရှုပ်သွားခဲ့သည်။

နောက်ဆုံးတွင် ပျားအုပ်စုသည် ချန်ရှီနဲ့ မယ်မယ်ရှစ်ကျီကို ကျွန်းအလယ်ရှိ ရှေးဟောင်းနန်းတော်တစ်ခုသို့ ခေါ်ဆောင်လာပြီး သရဲအုပ်စုတို့အား ဖြိုခွင်းလိုက်သည်။ ချန်ရှီရဲ့ ခန္ဓာကိုယ်က တုန်ယင်နေပြီး မလှုပ်ရှားနိုင်ပေ။ သူ့မျက်လုံးများကို ခက်ခက်ခဲခဲ လှုပ်ရှားနိုင်ရုံမျှသာ ရှိသည်။

နန်းတော်ရှေ့၏ ဘယ်ညာအခြမ်းတွင် ခြေနှစ်ချောင်း၊ လက်လေးချောင်းနှင့် ပျားများ တန်းစီလျက် လက်တစ်ဖက်စီ၌ ခွဆုံသုံးချောင်း လက်နက်များကို ကိုင်ထား​ကြသည်။ ၎င်းတို့က တည့်တည့်ကြီး မလှုပ်မယှက် ရပ်နေကြပေ၏။

နန်းတော်ရှေ့က ကမ္ပည်းပြားပေါ်တွင် နားမလည်နိုင်သော ထူးဆန်းသည့် ရေးစာအချို့ ရှိနေသည်။

ထိုအချိန်တွင် သပ်ရပ်သော အဝတ်အစားများ ဝတ်ထားသော ပျားကြီးတစ်ကောင်သည် နန်းတော်မှ ထွက်လာ၏။ ပျားနှင့် အင်းဆက်များ၏ ခေါင်းဆောင်ဖြစ်ပုံရသည်။ ၎င်းက အခြားပျားများနှင့် အင်းဆက်ပိုးမွှားများထက် အဆများစွာ ပိုကြီးသည်။ လူဦးခေါင်းပါရှိသော်လည်း ၎င်း၏နဖူးတွင် ရှည်လျားသော အင်တာနာ နှစ်ခုရှိသည်။ ချန်ရှီနဲ့ မယ်မယ်ရှစ်ကျီကို တစ်ချက်ကြည့်လိုက်ပြီး မေးလာ၏။

"ဒါက ဘယ်သူတွေလဲ"

"ဦးခေါင်းကြီးက နန်မင်မှာ ပြဿနာရှာနေတဲ့ ရာဇ၀တ်ကောင်ပါ... သူ့ဘေးကတော့ ကြံရာပါ.."

ပျားဦးခေါင်းများထဲမှ တစ်ဦးက ဝင်ပြောလိုက်သည်။

“ကြံရာပါက သခင့်ရဲ့တူပါ”

"သခင်ရဲ့တူလား?"

ပျားအရာရှိသည် ရှေ့သို့ အမြန်သွားကာ အောက်ကိုငုံ့ကာ ချန်ရှီမျက်နှာကို ကြည့်လိုက်သည်။

"သူက သခင့်ရဲ့တူလေးနဲ့ တကယ်ကို တူပါတယ်... မင်းနာမည်ဘယ်လိုခေါ်လဲ"

ချန်ရှီခမျာတော့ မျက်လုံးများသာ လှုပ်ရှားနိုင်သည်။

ပျားအရာရှိက :“မင်း သူ့ကို အဆိပ်ခတ်လိုက်တာလား”

လူသားဦးခေါင်းပျား: "သူက သခင်ရဲ့တူဆိုတာ မသိလိုက်တုန်းက ဖြစ်သွားတာပါ အဲဒါကြောင့် ကျနော် နည်းနည်းလေး ထည့်မိသွားတယ်..."

ပျားအရာရှိက ချန်ရှီ ပျားဖယောင်းဆေးပြားကို အမြန်ကျွေးလိုက်သည်။ ခဏစောင့်ပြီးနောက် ချန်ရှီ နည်းနည်းလေး လှုပ်ရှားနိုင်တာကို မြင်တာနဲ့ သူက ချက်ချင်း မေးလိုက်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ မင်းဘယ်ကလာတာလဲ အိမ်မှာဘယ်သူရှိလဲ"

ချန်ရှီရဲ့ လည်ချောင်း ကြွက်သားများက မလှုပ်နိုင်သော်လည်း စကားပြောရတာ ခက်နေသေးသည်။

"ကျွန်တော်က ရှင်းရှန်က ချန်ယန်တောင်ဇာတိပါ... ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က ချန်.. ကျွန်တော့်နာမည်က ရှီပါ...ကျွန်တော့်မိသားစုမှာ တစ်ယောက်မှ မရှိပါဘူး... ဆုံးပါးသွားတဲ့ ချန်ယင်တူး ဆိုတဲ့ အဖိုးတစ်ယောက်ရှိတယ်"

ပျားအရာရှိ: "ဒါက သခင်ရဲ့တူပဲ.. မြန်မြန် မြန်မြန်! နောက်ထပ် အဆိပ်ဖြေဆေးတွေ မြန်မြန် ယူလာခဲ့စမ်း!"

လူဦးခေါင်းပျား တချို့သည် အဆိပ်ဖြေဆေးများကို အမြန်ထုတ်ယူလာပြီး ချန်ရှီအား အဆိပ်ဖြေပေးဖို့ ကမန်းကတမ်း လုပ်ကြလေသည်။ ချန်ရှီသည် သူ့ရုပ်ခန္ဓာက လှုပ်လှုပ်ရွရွ သိပ်မလှုပ်ရှားနိုင်ဘူးဟုသာ ခံစားခဲ့ရသော်လည်း အခြေတည်ဝိညာဥ်က လေဖြတ်သွားသလို လုံးဝ မလှုပ်ရှားနိုင်သေးပေ။

ပျားအရာရှိသည် ချန်ရှီ နန်းတော်ထဲသို့ လျှောက်သွားစဉ် လက်နှစ်ဖက်ဖြင့် ထောက်ကူကာ ပို့ပေးနေ၏။

"သခင်ငယ် ဖြည်းဖြည်းလေး လမ်းလျှောက်ပါ... သခင်ငယ် လာမယ်ဆိုတာ မသိထားတော့ နည်းနည်းတော့ လက်ပါသွားမိတယ်... လာကြစမ်း! အဲဒီခေါင်းကြီးနဲ့ မိန်းမကို ဆွဲထားလိုက်... သခင်ငယ် ဒီလမ်းပါ... သခင်ငယ်ရဲ့ အခြေတည်ဝိညာဥ်က တဖြည်းဖြည်း ပြန်ကောင်းလာလိမ့်မယ်... ခန္ဓာကိုယ်ထဲက ချီသွေးတွေကို ဖြည်းဖြည်းချင်း ပို့ဆောင်ပေး မင်းရဲ့ စွမ်းအားနဲ့ သွေးတွေကိုလည်း ဖြည်းဖြည်းချင်း ပို့ဆောင်ပေးရင် အခြေတည်ဝိညာဥ်ထဲက အဆိပ်တွေကို ထုတ်နိုင်ပါလိမ့်မယ်..."

"ခေါင်းကြီးတဲ့မိန်းမကို ကြာပွတ်နဲ့ ရိုက်ရမလား" လူခေါင်း ပျားတစ်ကောင်ကို မေးလိုက်သည်။

ပျားအရာရှိ: “အခုတော့ မရိုက်သေးနဲ့ဦး... သခင်ပြန်လာတဲ့အထိ စောင့်ရအောင်!”

ချန်ရှီက ပျော့ညံ့စွာ ပြောလိုက်သည်။

"ခေါင်းကြီးတဲ့မိန်းမက ကျ​နော့်သူငယ်ချင်းပါ... ခင်ဗျား သူ့ကို လွှတ်​ပေးနိုင်မလား"

ပျားအရာရှိက ခဏတုံ့ဆိုင်းသွားသည်။

"သူမက ကျုပ်တို့ မြေအောက်ပျားအိမ်တော်ရဲ့ စည်းကမ်းတွေကို ချိုးဖျက်တယ်... အဲဒီနန်မင်က ကျုပ်တို့ မြေအောက်ပျားအိမ်တော်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေတာ...ဟူး... မေ့လိုက်ပါတော့ သခင်ငယ်ကို ထောက်ထားပြီး သူ့ကို အရင်လွှတ်လိုက်မယ်.... အဆိပ်ဖြေဆေးနှစ်ချောင်းကို ပေးလိုက်... သူမကို အဆိပ် လုံးဝ ကင်းသွားအောင် မလုပ်ပေးသေးနဲ့..."

ပျားများနှင့် အင်းဆက်ပိုးမွှားများက ထိုအမိန့်ကို နာခံကြ​လေသည်။

ပျားတာဝန်ရှိသူက ချန်ရှီကို ပဲပင်စင်္ကြံကို ဖြတ်လျှောက်လာစဉ် ကူညီပေးခဲ့သည်။ ပျားမိန်းကလေးတွေ အများကြီးလည်း ရောက်လာကြ၏။ သူတို့ရဲ့ အဝတ်အစားတွေက အစိမ်းရောင်ပိတ်စလေးလိုပါပဲ။ သူတို့တွင် လူသား အမျိုးသမီးများလို ချောမောလှပသော အသွင်အပြင်နှင့် သွယ်လျသော ခါးများရှိသည်။

“သခင်ငယ်...ကျွန်မတို့က သခင်ငယ်ကို အစေခံဖို့ပါ...”

"အကူအညီ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ပျားအရာရှိက :“သခင်ငယ်ကို ကူညီပေးလိုက်... ပျားရည်ကိုလည်း ကျွေး... အဆိပ်ဖြေဖို့ ခဏလောက်လည်း အိပ်ခိုင်းလိုက်...”

ပျားမိန်းကလေးများက နာခံစွာဖြင့် အမွှေးရနံ့များ သင်းပျံ့နေသော အခန်းသို့ ခေါ်သွားကြသည်။ အခန်းက မွှေးပြီး အိပ်ယာကလည်း တိမ်တွေလိုပဲ နူးညံ့လှသည်။ သူတို့က ချန်ရှီကို အိပ်ရာထဲ အသာချပေးကာ အဆိပ်ပြေအောင် ပျားရည်တွေ တိုက်သည်။ ထို့နောက် ပျားမိန်းကလေးများက ကုတင်ပေါ်မှ ဆင်းကာ အပြင်ဘက်တွင် စောင့်နေကြ၏။

ချန်ရှီ ငိုက်မျဉ်းလာတာကြောင့် ချွေးများ ရွှဲနေသည့်ကြားမှ အိပ်ပျော်သွားကာ သူ့ကိုယ်တွင်းရှိ အဆိပ်များကိုတော့ ချွေးများဖြင့် ဖယ်ရှားပစ်လိုက်သည်။

သူ ထထိုင်မိလိုက်ချိန်မှာတော့ သူ့အဝတ်အစားတွေ ပြောင်းသွားတာ တွေ့လိုက်ရသည်။ သူ၏မူရင်း အဝတ်အစားများတွင် အပေါက်များစွာ ပေါက်သွားသောကြောင့် သူအိပ်နေတဲ့အချိန်မှာ ပျားမိန်းကလေးတွေက အဝတ်အစား လဲပေးထားတာ ​ဖြစ်ပေမည်။

ချန်ရှီ တင်ပျဥ်ခွေ ထိုင်ပြီး အခြေတည်ဝိညာဥ်ထဲက အဆိပ်ထုတ်ရန် ချီစွမ်းအင်နဲ့ သွေးတို့ကို လှုံ့ဆော်ပေးလိုက်သည်။ ထိုစဥ် ပိတ်စ ကန့်လန့်ကာ အပြင်ဘက်မှ မိန်းကလေး၏ အသံ ထွက်လာသည်။

"သခင်ငယ် နိုးပြီလား... ရေချိုးချင်လား ကျွန်မ ရေ ပြင်ပေးပါ့မယ် "

"ကျနော် အခြေတည်ဝိညာဥ်ရဲ့ အဆိပ်ကို ကုသဖို့ ကြိုးစားနေတယ် အဲဒါကြောင့် အခုအချိန်မှာတော့ ရေပြင်စရာ မလိုပါဘူး"

ကောင်မလေးက ရှေ့သို့ ထွက်လာကာ ပိတ်ပါးစ ကန့်လန့်ကာကို ဖွင့်လိုက်သည်။ ထို့နောက် ပိတ်ပါးစကို နှစ်ဖက်စလုံးရှိ ရွှေချိတ်ပေါ်တွင် ချိတ်ဆွဲထားရင်း ပြုံးပြလာ၏။

"သခင် ပြန်လာပြီ... သခင်ငယ်ကိုတွေ့ဖို့ စောင့်နေပါတယ်... ရေချိုးပြီးမှ အဆိပ်ဖြေလည်း ရပါတယ်"

သူမသည် အလွန်ချောမောသော မျက်နှာ၊ သွယ်လျသော ခန္ဓာကိုယ်အချိုးအစား၊ နူးညံ့သောမျက်နှာနှင့် အပြုံးချိုချိုရှိသော မိန်းကလေးမျိုးဖြစ်သည်။ သူ့နဖူးမှာ ပျားတွေရဲ့ ထိပ်ဖူးလေးနှစ်ခုသာ မရှိရင် လူသားမိန်းကလေးလို့သာ ထင်မိလိမ့်မည်။

သူမက လျင်မြန်စွာ ရွေ့လျားလာကာ ချန်ရှီမတ်တတ်ထရပ်နိုင်ဖို့ လက်နှစ်ဖက်ဖြင့် ကူညီပေးလိုက်သည်။ သူ့အဝတ်အစားများကို အခြားလက်နှစ်ဖက်ဖြင့် သပ်ရပ်အောင် ကူညီပေးသည်။ ချန်ရှီ အိပ်ယာက ထလိုက်တော့ မြေပြင်ပေါ်တွင် ဖိနပ်အသစ်တစ်ရံ တွေ့သည်။ ဖိနပ်ကိုလည်း ပျားမိန်းကလေးများက ပြောင်းပေးလိုက်တာ ထင်ပါရဲ့။

ပျားမိန်းကလေးသည် ချန်ရှီကို ထောက်ခံပြီး အခြားအခန်းဆီသို့ လျှောက်သွားခဲ့သည်။ အဲဒီအခန်းထဲမှာ ပျားမိန်းကလေး တော်တော်များများက ရေနွေးကို ယူလာပြီး သစ်သားစည်ကြီးထဲကို လောင်းချပြီးပြီ။ ချန်ရှီ လမ်းလျှောက်လာသောအခါ ရေပုံးမှာ ရေပြည့်လုနီးပါး ဖြစ်နေသည်။

ပျားမိန်းကလေး သူ့အဝတ်အစားများကို ချွတ်တော့မည် ဖြစ်သော်လည်း ချန်ရှီ သူ့ခါးပတ်ကို အမြန်ကာကွယ်လိုက်သည်။

"အစ်မ... ကျနော့်ဘာသာ လုပ်လို့ရပါတယ်!"

ပျားမိန်းကလေးက ရယ်ပြီး ပြန်ပြော၏။

"သခင်ငယ်က ဘာလို့ရှက်နေတာလဲ ကျွန်မတို့ အခုနတုန်းက အဝတ်အစားလဲပေးတော့ အားလုံးမြင်ပြီးပြီ"

ချန်ရှီလည်း ရှက်ရွံ့သွားသည်။

"ကောင်းပါပြီ အစ်မ... ကျနော့်ဘာသာ ချွတ်ပါ့မယ်"

ပျားမိန်းကလေးက ပြုံးလိုက်သည်။

"ကောင်းပြီ ကိုယ့်ဘာသာ ချွတ်!"

"ကျေးဇူးပြုပြီး အဝေးကို သွားနေပေးပါ... လှည့်မကြည့်ပါနဲ့"

ပျားမိန်းကလေးကလည်း ညွှန်ကြားချက်များကို လိုက်နာကာ "ငါ မင်းကို မကြည့်ပါဘူး" လို့ ပြုံးပြုံးလေး ပြောရင်း ကန့် စခရင်နောက်ကို လိုက်လာခဲ့တယ်။

ခဏကြာတော့ သူမက မအောင့်အီးနိုင်ဘဲ ဆက်ပြောပြန်သည်။

“သခင်ငယ်... အခုနက ကျွန်မ အကုန် မြင်ပြီးပြီ”

ချန်ရှီ ရှက်သွားပြီး သူ့အဝတ်အစားတွေကို အမြန် ချွတ်ကာ ရေချိုးကန်ထဲကို ခုန်ဝင်သွားလိုက်တော့သည်။ ပျားမိန်းကလေးက ရေသံကြားတော့ နောက်ကွယ်မှ ထွက်လာသည်။

"ခင်ဗျားဒီမှာ ဘာလာလုပ်တာလဲ ထွက်သွား... မြန်မြန်ထွက်သွား!"

"ဟုတ်ပါပြီ... သခင်ငယ်ရေ ရေချိုးဖို့ ကူညီပေးမလို့ပါ... ကျွန်မသာ ရေဆေးမပေးရင် သခင်ငယ်ရဲ့ အခြေတည်ဝိညာဉ်ထဲက အဆိပ်တွေကို ဘယ်လိုလုပ် ဖယ်ရှားနိုင်မှာလဲ"

ချန်ရှီလည်း ရှက်ပြီး ရေချိုးကန်ထဲမှာ မသက်မသာ ထိုင်နေလိုက်တော့သည်။ ပျားမိန်းကလေးက ပိုးလက်ကိုင်ပုဝါကို ယူကာ သူ့ခန္ဓာကိုယ်ကို သုတ်ပေးသည်။

"သခင်ငယ်က ကျင့်ကြံသူပဲဟာကို စိတ်တွေက ဘာလို့ ကမောက်ကမ ဖြစ်နေရတာလဲ... တောင်ပြိုကျတဲ့အခါ ပန်းတွေတောင် မ၀င်နိုင်ဘူး... အလှတရားက ဘာနဲ့မှ လိုက်မမီဘူးလို့ သခင့်ဆီက ကြားဖူးတယ်..."

ချန်ရှီလည်း ဒါကိုကြားတော့ အံ့အားသင့်သွားခဲ့သည်။

"ခင်ဗျားရဲ့ အကြံဉာဏ်အတွက် ကျနော် ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောပြီးနောက် သူသည် သူ၏အခြေတည်ဝိညာဉ်ထဲတွင် ကျန်ရှိနေသော အဆိပ်အတောက်များကို ဖယ်ရှားပစ်ရန် သူ၏ ချီစွမ်းအင်နဲ့ သွေးကို လှုံ့ဆော်ပေးနေစဉ်တွင် သူ့ခန္ဓာကိုယ်ကို သုတ်ပေးရန်အတွက် သူမအား ကူညီခွင့်ပြုခဲ့သည်။

ဤပျားအဆိပ်သည် နှစ်ထောင်ပေါင်းများစွာကတည်းက သန့်စင်ထားသော ထူးဆန်းသော အဆိပ်ဖြစ်နိုင်သည်။ မြေအောက်ကမ္ဘာမှ အဆိပ်ရှိသော ယင်စွမ်းအားနဲ့လည်း ရောစပ်ထားသေး၏။ ကူးစက်ခံရပါက ခန္ဓာကိုယ်တစ်ခုလုံး လေဖြတ်သွားမှာ ဖြစ်ပြီး စိတ်ဝိညာဉ်ကိုပါ ထိခိုက်လာစေတဲ့အထိ အလွန်အစွမ်း ထက်ပါသည်။

သို့သော်လည်း ချန်ရှီသည် အခြေတည်ဝိညာဥ် အတွင်းရှိ အဆိပ်သင့် ချီနှင့် သွေးများကို အစားထိုးရန်အတွက် အဆိပ်ထုတ်ဆေး အမြောက်အမြားကို သောက်ခဲ့ပြီးပြီမလို့ အခြေတည်ဝိညာဥ်ကို လျင်မြန်စွာ သန့်စင်နိုင်ခဲ့သည်။

မျက်လုံးဖွင့်ပြီးနောက် ဘေးက ပျားမိန်းကလေးကို မေးလိုက်သည်။

“အစ်မ ဒီနေရာက ဘယ်မှာလဲ”

"သခင်ငယ် ကျွန်မကို အစ်မလို့ ခေါ်လို့မရဘူး... ကျွန်မနာမည်က ဖုန်းလင်အာ ဆိုတော့ လင်အာလို့ ခေါ်နိုင်တယ်"

သူမခေတ္တရပ်လိုက်ပြီး :"ဒီနေရာကို နန်မင်ပျားအိမ်တော်လို့ ခေါ်တယ်... မြေအောက်တမန်တွေကြားက ပျားတမန်တွေရဲ့ နေထိုင်တဲ့ နေရာပဲ...

"မြေအောက်တမန်တွေ ကြားမှာလည်း ပျားတမန်တွေ ရှိတယ်ပေါ့?"

ချန်ရှီ အတော်လေး အံ့သြသွားသည်။

"မြေအောက်တမန်က ဘယ်သူလဲ"

"မရဏ မြေအောက်ကမ္ဘာက မြေအောက်တမန်တွေက နေ့ရောညပါ လှည့်ပတ်နေတဲ့ နတ်၊ အဖြူအမည်းတမန် ဟေးပိုင်ဝူချန်၊ နွားခေါင်း၊ မြင်းမျက်နှာနတ်၊ တစ္ဆေဘုရင်၊ ကျားသစ်မြီး၊ ငှက်နှုတ်သီး၊ ငါးပါးဟက်၊ နကျယ်ကောင်တွေ ပါတယ်... နန်မင် မြေအောက်ပျားအိမ်တော်ကျတော့ ပျားတမန်တွေ နေတဲ့နေရာ..."

ဖုန်းလင်အာက သူ့ရင်ဘတ်ကို ပွတ်သပ်ပြီး ပြုံးကာ ပြောလိုက်သည်။

"အရှင်သခင်က မရဏကမ္ဘာမှာ စစ်အာဏာရှိတယ်... သတ္တဝါအားလုံးရဲ့ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းခြင်း၊ သေဆုံးခြင်းတွေကို ထိန်းချုပ်ထားတဲ့ မြေအောက်တမန်ပေါ့"

ချန်ရှီ အံ့ဩသွားသည်။

"ဦးလေးက ဆုံးသွားပြီလား... မဟုတ်ရင် သူဘာလို့ မြေအောက်ကမ္ဘာမှာ ပျားတမန် လာဖြစ်နေရတာလဲ"

ဖုန်းလင်အာက သူမခေါင်းကို ခါပြလိုက်သည်။

"အရှင်သခင်က အသက် အလယ်အလတ်ပဲ ရှိသေးတယ်... ဘယ်လိုလုပ် သေရမှာလဲ"

ချန်ရှီက ပဟေဋ္ဌိ ဖြစ်နေတုန်းပဲမလို့ ဖုန်းလင်အာက ပြုံးပြီး ဆက်ပြောပြရလေသည်။

"အရှင်သခင်က သက်ရှိလောကထဲက လူတစ်ယောက် ဖြစ်ပေမယ့် မရဏကမ္ဘာရဲ့ မရဏတန်ခိုးကို အသုံးချနိုင်တယ်"

ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ ဤလောက၌ တချို့သောလူတို့သည် မသေဆုံးမီတွင် မြေအောက်ကမ္ဘာ၌ ရာထူးရနိုင်ကြသည်ဟု သူ့အဘိုးဆီက ပြောသံ ကြားဖူးသည်။ ဥပမာ သက်ရှိကမ္ဘာပေါ်တွင် တစ္ဆေတမန်များ နှင့် မရဏတမန်များအဖြစ် လုပ်ဆောင်ကြသော လူများသည် သက်ရှိလောကထဲသို့ လွတ်မြောက်သွားသော မကောင်းဆိုးဝါး သရဲတစ္ဆေများကို ဖမ်းမိစေရန် ကူညီပေးကြရသည်။

ဤလူမျိုးကို သရဲတစ္ဆေနှင့် မမြဲသော အသက်ရှင်ခြင်းဟု ခေါ်သည်။

သက်တမ်း ကုန်ဆုံးသွားသော လူအချို့ ရှိသော်လည်း သေခြင်းတရားမှ ရှောင်လွှဲနိုင်စေဖို့ မှော်ပညာကို အားကိုးကြသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုလူတို့အား ဖမ်းယူ၍ မရဏာကမ္ဘာသို့ ပို့ဆောင်​ပေးရန်အတွက် အသက်ရှင်သော တစ္ဆေတမန်နှင့် သက်ရှိတစ္ဆေတို့ လိုအပ်သည်။

ဒါကို ယခင်က သူ အကြောင်းကို ကြားဖူးသော်လည်း ပျားထိန်းအားကျိုးက ဒီလောက် အဆင့်မြင့် မြေအောက်တမန် ဖြစ်​နေလိမ့်မယ်လို့တော့ မထင်ထားခဲ့ပေ။

"ဟုတ်သား... နန်းနန်းရဲ့ နောင်တော်နှစ်ယောက်ကလည်း ဘိုးဘွားပိုင်မြေမှာ နေထိုင်တဲ့ မြေအောက်တမန်တွေ ဖြစ်မယ်...နန်းနန်းက အသက်ရှင်နေတဲ့အချိန်မှာ မရဏနတ်ဘုရင် ဖြစ်ခဲ့တာ ဖြစ်မယ်"

ချန်ရှီ တွေးလိုက်သည်။

"သခင်ငယ်ရဲ့ခြေထောက်တွေကို မြှောက်ပေးပါလား...ကျွန်မ သုတ်ပေးပါ့မယ်"

ချန်ရှီ : "မလိုပါဘူး!"

ဖုန်းလင်အာ : "ဒါဆို မတ်တပ်ရပ်လိုက်ပါလား... ကျွန်မ သုတ်ပေးပါ့မယ်..."

ချန်ရှီရဲ့ မျက်နှာက နီမြန်းလာပြီး "ကျွန်တော် ကိုယ်တိုင် ဆေးလိုက်ပါ့မယ်" လို့ မဝံ့မရဲနဲ့ ပြောလိုက်ရသည်။

ဖုန်းလင်အာက တခစ်ခစ်ရယ်ပြန်သည်။

"သခင်ငယ်က ကျင့်ကြံသူနော်... ဘာလို့ ထပ်ပြီး စိတ်ရှုပ်နေ​ပြန်တာလဲ... ကောင်းပါပြီ ကိုယ့်ဘာသာကို ရေဆေးလိုက်..."

သူမက လက်ကိုင်ပုဝါကို ချန်ရှီလက်ထဲ ထည့်ပေးပြီး ကန့်လန်ကာ အနောက်သို့ လျှောက်သွားခဲ့သည်။

ချန်ရှီလည်း အမြန်ထရပ်ပြီး သူ့ကိုယ်သူ ဆေးကြောလိုက်သည်။ သူ့ခန္ဓာကိုယ်က အဆိပ်အတောက်တွေနဲ့ သွေးညစ်ညစ်တွေက ချွေးတွေကနေတစ်ဆင့် ရွှံ့တွေလို အများကြီးထွက်လာတာကြောင့် အနံ့ဆိုးတွေ ထွက်နေရာ သေချာစွာ ပွတ်တိုက်ဖို့ လိုအပ်နေပါပြီ။

ချန်ရှီ သူ့ကိုယ်သူ ပွတ်သပ်ကာ ရေကို သုတ်လိုက်ပြီး ရေချိုးကန်ထဲမှ ထွက်လာရင်း သူ့အဝတ်အစားကို ယူလိုက်သည်။ ဖုန်းလင်အာက ထိုအသံကို ကြား​တော့ နောက်ကွယ်မှ ထွက်လာ၏။

"သခင်ငယ်... ကျွန်မ ကူညီမယ်"

ချန်ရှီ သူ့ခန္ဓာကိုယ် အောက်ပိုင်းကို လျင်မြန်စွာဖုံးအုပ်ကာ နောက်ပြန် လှည့်အော်လိုက်သည်။

"ပြန်သွား.... မြန်မြန်ပြန်သွား!"

ဖုန်းလင်အာက ရယ်လေ၏။

"ဘာကို တားနေတာလဲ... ကျွန်မ မြင်သင့်သမျှ မြင်ဖူးပြီးသားပါ!"

ချန်ရှီ ရေချိုးကန်ထဲ ပြန်ခုန်ဆင်းတော့မှာကို မြင်တော့ သူမက ကမန်းကတမ်း တားလိုက်သည်။

"မလုပ်နဲ့ မလုပ်နဲ့... ခုနက ဝတ်ထားတဲ့ အဝတ်တွေက သခင်ငယ် အိပ်တုန်းက ဝတ်ထားသလိုပဲ... ချွေးတွေနဲ့ စိုရွှဲပြီး ပြန်ဝတ်လို့မရတော့ဘူး ကျွန်မ အဝတ်သစ်တွေ ပြင်ဆင်ပြီးပြီလေ ကျေးဇူးပြုပြီး ဒီတစ်မျိုးကို ပြောင်းဝတ်လိုက်ပါလား"

သူမသည် အဝတ်အစားအသစ် တစ်ထည်ယူလာပြီး ချန်ရှီဘေးရှိ ခွေးခြေခုံပေါ်တွင် တင်​ပေးလိုက်သည်။ ချန်ရှီက တစ်ဖက်သို့ အမြန်လှည့်သွား၏။ ဖုန်းလင်အာသည် သူ၏ဖြူဖွေးသော တင်ပါးကို မြင်လိုက်သောအခါတွင် သူမအား ရုတ်တရက် လှောင်ပြောင်နေသလို ခံစားလိုက်ရသောကြောင့် ရယ်မောကာ ထွက်ပြေးသွားခဲ့သည်။

ချန်ရှီ နောက်ပြန် လှည့်ကြည့်တော့ သူမ ထွက်သွားတာကို တွေ့လိုက်ရသည်။ စိတ်သက်သာရာရသလို သူ့အဝတ်အစားတွေကို တစ်လွှာချင်း ၀တ်ဆင်လိုက်၏။ ဒါပေမယ့် သူ့အတွင်းခံအဝတ်အစားကို ဝတ်ပြီးနောက် ဖုန်းလင်အာက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ဝင်လာပြီး သူ့အပြင်ဘက်အဝတ်အစားကို ဝတ်ပြီး ကော်လာကို ဖြောင့်အောင် ကူညီပေးခဲ့သည်။

ထို့နောက် သူမသည် သူ့ကို စားပွဲတင်ခုံသို့ ခေါ်သွားကာ ဆံပင်ကို ဖြီးကာ ချည်နှောင်ပေးသည်။ ရွှေသရဖူငယ်ကို တင်ကာ ဆံပင်အတိုများကို ထိန်းထားဖို့ ရွှေဆံထိုးကို ထိုးပေး၏။ ချန်ရှီ မတ်တပ်ထရပ်တော့ သူမက အနီရောင်ပိုးဖဲကြိုးကို ထုတ်ကာ ချန်ရှီ၏ခါးတွင် ချည်နှောင်ကာ သူ့ခါးတစ်ဝိုက်တွင် ငြိမ်းချမ်းရေးအတွက် ကျောက်စိမ်းဆွဲသီးကို ချိတ်ဆွဲထားသည်။

သူ့ကို သပ်ရပ်အောင် ၀တ်ဆင်​​ပေးပြီးနောက် ချန်ရှီ မှန်ထဲ ကြည့်လိုက်ရာ သူရဲကောင်းဆန်ပြီး ပြေပြစ်သော အမူအရာဖြင့် ချောမောသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ မှန်ထဲတွင် မသိစိတ်ဖြင့် သူ့ကိုယ်သူ ပြုံးပြလိုက်သည်။

"သခင်ငယ်...ကျွန်မနောက်ကို လိုက်ခဲ့ပါ..."

ဖုန်းလင်အာသည် ချန်ရှီကို ရှည်လျားသော စင်္ကြံတစ်ခုဖြတ်၍ အခန်းအပြင်သို့ ခေါ်ဆောင်သွားပြီး ခန်းမများစွာကို ကျော်ဖြတ်ကာ စာဖတ်ခန်း တစ်ခန်းသို့ ရောက်ရှိလာခဲ့သည်။ သူမက အပြင်မှာ ရပ်ပြီး ဦးညွှတ်လိုက်သည်။

“အရှင်သခင်... သခင်ငယ် လာပါပြီ”

"ဝင်လာခဲ့..."

စာဖတ်ခန်းထဲမှ လေးလံသော အသံတစ်သံ ထွက်ပေါ်လာသည်။ ဖုန်းလင်အာ တံခါးကို တွန်းဖွင့်ပြီး ချန်ရှီကို ကြည့်လိုက်သည်။ ချန်ရှီရဲ့ နှလုံးခုန်သံလေးမှာ ညည်းညူစပြုလာသည်။

အဘိုး မသေခင်မှာ သူ့သူငယ်ချင်း အားကျိုးက တောင်ပိုင်းရေကန် ဧရိယာမှာ သစ္စာအရှိဆုံးသူလို့ ပြောခဲ့ပါ၏။ သို့သော်လည်း ပျားထိန်း အားကျိုးဟာ လွန်ခဲ့သော ဆယ်နှစ်ကစလို့ နတ်ဆိုးများလို ညစ်ညမ်းသွားပြီး နတ်ဆိုးကြီးအဖြစ်သို့ ပြောင်းလဲသွားကြောင်း အဘွားရှားက ပြောခဲ့သည်။

အခုတော့ သူ့အဖိုးရဲ့ သူငယ်ချင်းနဲ့ တွေ့ဖို့ စိတ်မပူဘဲ မ​နေနိုင်တော့ချေ။ သို့သော် စိတ်အေးအေးထားပြီး စာဖတ်ခန်းထဲကို ၀င်သွားလိုက်သည်။

စာဖတ်ခန်းထဲတွင် စာအုပ်စင်တန်းများရှိပြီး စင်ပေါ်၌ မဲနယ်တစ္ဆေများ ငုတ်တုတ်ထိုင်နေကြသည်။ ၎င်းတို့က စာအုပ်စင်ပေါ်တွင် ဇောက်ထိုးချိတ်ဆွဲကာ လက်ထဲတွင် စုတ်တံများ ကိုင်လျက် စာအုပ်များပေါ်တွင် ရေးချရေးနေ၏။

စာအုပ်စင်ပေါ်က တစ္ဆေငယ်လေးက သူ့ကို မော့ကြည့်ပြီးနောက် အဝေးကို လှမ်းကြည့်ကာ စုတ်တံကို နမ်းပြီး ဆက်ရေးနေလိုက်သည်။

ပုခုံးကျယ်ကျယ် လူငယ်တစ်ယောက်သည် စာအုပ်စင်များကြားတွင် ရပ်ကာ စာအုပ်တစ်အုပ်ကို လက်ထဲတွင် ကိုင်ထား၏။ ထိုလူက မျက်မှောင်ကြုတ်ကာ လေ့လာနေသော်လည်း အခက်အခဲတချို့နဲ့ ကြုံတွေ့နေပုံပေါ်သည်။

သူဝင်လာတာကို မြင်တော့ လူငယ်ရဲ့မျက်ခုံးတွေက ပြေလျော့သွားပြီး ချန်ရှီ အပေါ်အောက် ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ့စာအုပ်ကို ချလိုက်ပြီး ရှေ့ကို လျှောက်လာခဲ့ကာ ချန်ရှီရဲ့ ပုခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းပုတ်ပြီး တစ်ဖန် အပေါ်အောက် ငုံ့ကြည့်ကာ ပြုံးလိုက်သည်။

"တစ်ဆယ်လေး... နောက်ဆုံးတော့ မင်းဦးလေး ငါ့ဆီကို လာတွေ့ပြီပေါ့လေ!"

"တူလေးက ဦးလေးအားကျိုးကို နှုတ်ဆက်ပါတယ်!"

ချန်ရှီ ဦးညွှတ်လိုက်သည်။ အားကျိုးက သူ့ကို ဆွဲထူရင်း။

"ငါတို့က ဦးလေးနဲ့ တူပဲကို ဒီလောက ကျင့်ဝတ်တွေကို ဂရုစိုက်မနေနဲ့... ငါ မင်းကို နောက်ဆုံးတွေ့တုန်းက မင်းကအခေါင်းထဲမှာ... ဒါပေမယ့် မကြာသေးမီနှစ်တွေမှာ ငါလည်း တရားဝင် တာဝန်တွေနဲ့ အလုပ်ရှုပ်နေတော့ မင်းကို တွေ့ဖို့ ချန်ယန်တောင်ကို သွားဖို့ အချိန်မရှိလိုက်ဘူး"

မျက်ခုံးထူထူနှင့် မျက်လုံးကြီးများ၊ ရိုးစင်းသော စိတ်ထားနှင့် သူရဲကောင်း စိတ်ဓာတ်ရှိသည်။ သူက ချန်ရှီကို တည့်တည့်ကြည့်ပြီး မေးလာ၏။

"မင်းအဘိုး အဆင်ပြေလား"

ချန်ရှီ ဝမ်းနည်းစွာနဲ့ :"အဘိုးဆုံးပါးသွားပြီ... သူ မြေအောက်ကမ္ဘာမှာ.."

အားကျိုးက အံ့အားသင့်သွားပြီး လက်ခုပ် ထတီးလေသည်။

"သေတာ ကောင်းတယ်!"

ချန်ရှီ သူ့ကို အံ့သြတကြီး မော့ကြည့်လိုက်သည်။

"သူ့ခန္ဓာကိုယ်ကို မပျက်စီးအောင် ပြုပြင်မွမ်းမံခဲ့တာ ကြာပြီလေ... သူသေပြီးရင် သူ့ခန္ဓာကိုယ်ကလည်း မရဏကမ္ဘာကို ရောက်သွားနိုင်တယ်... ဒါကြောင့် သာငါ့ကို ရှာလို့ရပြီ"

အားကျိုးက သူ့ကို မျှော်လင့်တကြီး ကြည့်ကာ မေးလေ၏။

"မင်းအဘိုး ဘယ်တုန်းက ဆုံးတာလဲ"

"တစ်နှစ်ခွဲကျော်ရှိပြီ။"

"တစ်နှစ်ခွဲကျော်သွားပြီလား"

အားကျိုးရဲ့ မျက်လုံးများထဲက မျှော်လင့်ချက်များ ပျောက်ကွယ်သွားပြီး အနည်းငယ် စိတ်ပျက်သွားသည်။

“သူ ငါ့ဆီ မလာဖြစ်တာ တစ်နှစ်ခွဲရှိပြီပေါ့… သူ မသေခင် ငါ့ကို ပြောခဲ့တာများရှိလား?"

"အဘိုး ပြောတာက ဦးလေးအားကျိုးက သစ္စာအရှိဆုံးနဲ့ သူ့အခင်ဆုံး သူငယ်ချင်းတဲ့... ဦးလေးနဲ့ အဘိုးရဲ့ အတိတ်အကြောင်းလည်း ပုံပြင်တွေ အများကြီး ပြောပြတယ် အခက်အခဲတွေကြုံလာရင် ဦး​လေးဆီလာရင် ကူညီလိမ့်မယ်လို့လည်း ပြောခဲ့သေးတယ်.."

အားကျိုးက ပြုံးပြီး ညည်းညူလိုက်သည်။

"သူငါ့ကို ဘယ်တော့မှ မမေ့ဘူးဆိုတာ ငါသိတယ်... သူ ငရဲပြည်ကို ရောက်သွားတာတောင် ငါ့ကို လာမရှာတာက တခြားအရာတွေကြောင့် ဒုက္ခရောက်နေခဲ့တာ ဖြစ်မယ်!"

သူက စိတ်အားထက်သန်နေပြီး။

"ဒီတစ္ဆေစာအုပ်ကို မဖတ်နေတော့ဘူး... ဦးလေးနဲ့တူ ဆုံရတာ ရှားတယ် အဲ့တော့ အတူတူ သောက်ရမှာပေါ့!"

"ကျ​နော် မသောက်ဘူး..."

"ရပါတယ် အဆင်ပြေပါတယ် မြေအောက်က သေရည်က ရေချိုလိုပဲ... ဟုတ်သား ဒီနှစ် မင်းအသက်ဘယ်လောက်ရှိပြီလဲ"

"ဆယ့်နှစ်နှစ်... နှစ်သစ်ပြီးရင် ၁၃နှစ် ပြည့်တော့မှာ..."

"မင်းသေတာ ရှစ်နှစ်ရှိပြီဆိုတာ မင်းမေ့သွားပြီလား... မင်းဒီနှစ်နှစ်ဆယ်ပဲ မကြာခင် နှစ်ဆယ့်တစ် ဖြစ်လာလိမ့်မယ်"

အားကျိုးက ရယ်လိုက်သည်။

"ငါ ဆယ်နှစ်သားတုန်းက မင်းအဘိုးနဲ့တွေ့ပြီး မူးသွားဖူးတယ်... အခု မင်းက အသက်နှစ်ဆယ်​တောင် ရှိနေပြီ... သောက်လို့ရပြီ!"

"ဆယ်နှစ်?.. ကျနော့်အဘိုးက အဲဒီလိုသားရဲကောင်ကြီးလား...."

"မင်း သူ့ကို မချီးမွမ်းမိစေနဲ့... သူက သားရဲထက် ပိုဆိုးတာ အသိသာကြီးကွ!"

အားကျိုးက ရယ်လေ၏။

All Chapters