← Chapters

သူ့အဘွားတဲ့မှ

Vol. 16 Ch. 227

သူ့အဘွားတဲ့မှ

Vol. 16 Ch. 227

မြေအောက်ကမ္ဘာရှိ ​​သေရည်သည် ရေလို မဖြူစင်ပါ။ ချန်ရှီသည် ပျားမွေးမြူရေးသမား အားကျိုးကြောင့် အရက်မူးသွားခဲ့သည်။ ခဏကြာတော့ အားကျိုးလည်း မူးသွားရာ သူနဲ့ လက်ချင်းချိတ်ပြီး တစ်ယောက်ကို တစ်ယောက် ညီအကိုတွေလို့ ခေါ်ကုန်ကြ၏။

"သခင်.... ရာဇ၀တ်ကောင် ရွှဲတောက်ရန် ပုန်းအောင်း​နေတဲ့ နေရာကို ကျ​နော်တို့ ရှာတွေ့ပြီ"

ထိုအချိန်တွင် ပျားအရာရှိတစ်ဦးက ရှေ့သို့တိုးလာ၍ ဦးညွှတ်လေသည်။

"ရွှဲတောက်ရန်က အခုအသက် ၁၄၃ နှစ်ရှိပါပြီ... သက်ရှိကမ္ဘာမှာ ၉၂ နှစ်၊ မရဏကမ္ဘာမှာ ၅၁ နှစ်နေထိုင်ခဲ့ပါတယ်... ယုတ္တိနည်းအရ ပြောရလျှင် သူသေသွားတာ ၅၁ နှစ်ရှိပြီ လွန်ခဲ့တဲ့ ၅၁ နှစ်က သူလွတ်မြောက်ဖို့ သေခြင်းအတုကို သုံးသွားပေမယ့် နောက်ပိုင်းတော့ မြေအောက်တမန်က ရှာတွေ့သွားတယ်... သူက မြေအောက်တမန်ကို ထောင်ချောက်ဆင်ဖို့ ကြယ်ခုနစ်ပွင့်မီးအိမ်ကို သုံးသွားတယ်... တတိယအကြိမ် တွေ့တာက လွန်ခဲ့တဲ့ အနှစ် ၂၀ က ဖြစ်မယ်..."

အားကျိုးက မူးမူးနဲ့ :"အဲဒီအချိန်တုန်းက သူဘယ်လို လွတ်မြောက်လာတာလဲ"

တရားဝင် ပျားအရာရှိက စာရင်းစာအုပ်ကို လှန်ကြည့်ကာ ပြောပြသည်။

"အဲဒီအချိန်တုန်းက ရွှဲတောက်ရန်က ကိုယ်ဝန်ဆောင်မျိုးစေ့ ရှစ်ဆယ်ကို ဝယ်ပြီး သူ ကျက်စားတဲ့ နေရာမှာ ထားခဲ့တယ်... သူက မရဏကမ္ဘာကနေ အဲ့အရွယ်အစား အမျိုးမျိုးရှိတဲ့ မျိုးစေ့တွေကို ထောက်လှမ်းနေခဲ့တာ... လူဝင်စားအခင်းအကျင်းနဲ့ ဖုံးကွယ်ထားပုံရတယ်... အနီးကပ် မစုံစမ်းနိုင်ခဲ့ဘူး...တစ္ဆေ ၃၆ ယောက် လူဝင်စားအခင်းအကျင်းထဲ ဖောက်ထွင်း ဝင်ရောက်နေတုန်း သူတို့ထဲက လေးယောက်ရဲ့ အသက်ကို ချေးယူတယ် လူဝင်စားအခင်းအကျင်းကို အခွင့်ကောင်းယူပြီး ကျက်စားရာလမ်းကို ဖြတ်သွားတဲ့ တစ္ဆေတမန်တို့ကို လှည့်ဖြားပြီး လွတ်မြောက်သွားခဲ့တာ..."

ချန်ရှီ၏ မူးနေသော မျက်လုံးများ စောင်းသွားကာ ပြုံးကာ ပြောလိုက်သည်။

"ဒီကောင်က တကယ် ထွက်ပြေးတတ်တာပဲ"

အားကျိုး : "မင်း သူ့ကို ဘယ်လိုတွေ့တာလဲ?"

"သူခန္ဓာချေးထားတဲ့ လူငယ်က ဆုံးသွားပြီ... ဒီနှစ်က အသက် ၄၀ ပဲရှိသေးတာ... အသက် ၆၂၂ နှစ်မှာ ဆုံးသွားသင့်ပေမယ့် နှစ် ၂၀ လောက်စောပြီး ဆုံးသွားတယ်...အဲဒီလူရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ အရာတစ်ခု ရှိနေတာကို ကျ​နော်တို့ တွေ့လိုက်ရတယ်... ပျားတွေက ပျားရည်တွေ စုဆောင်းနေတုန်း ရွှဲတောက်ရန် ဖြတ်သွားတာ တွေ့လိုက်ကြတာ... သူ့သက်တမ်းက ကုန်ဆုံးသွားပေမယ့် သူ အသက်ရှင်နေသေးတယ်"

"တစ်ဆယ်လေး... သူ့ကိုသွားဖမ်းစို့! ငါ့နောက်လိုက်ခဲ့!"

အားကျိုးက မတ်တပ်ထရပ်ပြီး ချန်ရှီကို ဆွဲတင်လိုက်သည်။ သူတို့နှစ်ဦးသည် အချင်းချင်း ပုခုံးနှစ်ဖက်ကို ကိုင်ကာ မရဏကမ္ဘာမှ ထွက်ခွာသွားကြသည်။

ပျားအရာရှိက အလျင်အမြန် လိုက်ဖမ်းရလေသည်။

"အရှင်သခင်... သခင်က ဥပဒေကို လိုက်နာကျင့်သုံးနေတာ... အသက်ရှင်နေတဲ့ လူကို ခေါ်သွားလို့မရပါဘူး... ဒါက လောကီစည်းမျဥ်းတွေကို ဆန့်ကျင်နေပါတယ်"

အားကျိုးက သူ့အင်္ကျီတွေကို ဝှေ့ယမ်းပြီး။

"ချန်ရှီ... သူက ငါ့ညီ... သူ့အဖိုးနဲ့ ငါက ညီအကိုတွေမှတော့ သူနဲ့လည်း ညီအကိုတွေပဲ... ဘာလို့ အတူတူ မသွားနိုင်ရမှာလဲ... မင်းပြောတာက လူမဆန်ဘူး!"

ပျားအရာရှိလည်း အကျပ်ရိုက်ပြီး သွားများကို အံကြိတ်ကာ

"ကောင်းပြီ ဘာပဲဖြစ်ဖြစ် တရားမျှတမှု သခင်ကလည်း ဒီမှာမရှိဘူး မြေအောက်ကမ္ဘာမှာ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး... လာကြစမ်း! အရှင်သခင်နဲ့ သခင်ငယ်အတွက် ပျားရည်တစ်ခွက်လောက် ယူလာခဲ့ပေး.."

ပျားမိန်းကလေးတစ်ဦးသည် ပျားရည်ကို ကိုင်ဆောင်လာပြီး လူနှစ်ယောက် သောက်ဖို့ ကူညီပေးခဲ့သည်။

ပျားအရာရှိသည် ပျားစစ်သားများနှင့် ရထားလုံးများကို ပြင်ဆင်ပြီး အားကျိုးနဲ့ ချန်ရှီတို့ကို ရထားလုံးပေါ်တက်ရန် ဖိတ်ကြားခဲ့သည်။ ပျားအုပ်စုများသည် ရထားလုံးကို ဝိုင်းရံကာ ဤမရဏကျွန်းမှ ပင်လယ်ကိုဖြတ်၍ ပြေးထွက်လာကြသည်။

ပျားရည်ကို သောက်ပြီးနောက် တိုက်ခတ်လာသော လေအေးကြောင့် ချန်ရှီ အနည်းငယ် ငြိမ်သက်လာသည်။ သူ ကြည့်လိုက်တော့ တောင်တရုတ်ပင်လယ်အတွင်း ကြီးမားသော မြေကြီးတစ်ခု ပေါ်လာပြီး မြေအောက်ကမ္ဘာသို့ စောင်းသွားတာ မြင်လိုက်ရသောအခါ အပြင်ဘက် ရှုခင်းကို လှမ်းကြည့်လိုက်မိသည်။ ဧရာမနဂါးကြီးသည် ကမ္ဘာမြေ​ကြီးကို တုန်လှုပ်စေသော နဂါး​ဟောက်သံကြီးအား ထုတ်ကာ သက်ရှိလောကမှ ပျံသန်းသွားသည်။

၎င်းက ကမ္ဘာနှစ်ခုကြားရှိ အတားအဆီးကို ဖြတ်ကျော်ကာ မရဏကမ္ဘာသို့ ဝင်ရောက်သွားပြီး တစ်ဖန် ကြီးမားသော မြေကြီးပေါ်သို့ ဆင်းသက်လာခဲ့သည်။

"အဲဒါက လျှာဆွဲငရဲရဲ့ အပိုင်းတစ်ပိုင်းပဲ"

အားကျိုးက သူ့ခေါင်းကို ကိုင်လိုက်ပြီး ခေါင်းကိုက်ဝေဒနာကို ခံစားရင်း ပြောပြလာသည်။

"ငါ တောင်ပင်လယ်မှာနေတာ ကြာပြီ မြေအောက်တမန် ဖြစ်ဖို့ မြေအောက်ကမ္ဘာကို မရောက်ခင်ကတည်းက ရှိနေပြီးသား... အခုကစပြီး ငါ မသောက်တော့ဘူး"

ချန်ရှီ သူ့အကြည့်တွေကို ပြန်ရုတ်လိုက်သည်။

"အဲဒီနဂါးက..."

အားကျိုး: "ဒါက နန်မင်မှာရှိတဲ့ ကန့်သတ်နယ်မြေ... လျှာဆွဲငရဲရဲ့ အပိုင်းအစထဲမှာ တည်ရှိတဲ့ ရတနာဖြစ်မယ်"

သူစကားပြောနေစဉ်တွင် လျှာဆွဲငရဲ၏ အထက်ကောင်းကင်သည် ရုတ်တရက် ပွင့်ထွက်သွားပြီး သက်ရှိလောကမှ အပြာရောင် ကျောက်ပြားတစ်ချပ် ခင်းကျင်းလာသည်။ တော်ဝင်မင်းသမီးလို အစွမ်းထက်တဲ့ ရုပ်သွင်ဟာ အပြာရောင် ကျောက်ပြား လမ်းတလျှောက် လျှောက်လာပြီး မရဏကမ္ဘာထဲကို ဝင်လာလေသည်။

သူနှင့်အတူ မရဏကမ္ဘာသို့ ဝင်သွားသော အခြားအမျိုးသမီး တစ်ဦးလည်း ရှိသေးသည်။ သူမ၏ မျက်နှာသည် လှေသမလေးနဲ့ ယောင်ဝါးဝါး ဆင်တူသော်လည်း ယခု သူမသည် အရပ် ဒါဇင်များစွာသော ရှည်သော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့​ပြီ။ သူမသည် တော်ဝင်နတ်သမီးနဲ့ တိုက်ပွဲဝင်​နေခဲ့သည်။

သူတို့သည် အဘွားရှားနဲ့ လှေသမလေးမှလွဲ၍ အခြားသူမဟုတ်။

ရထားလုံးကို ပျားတွေက ဝိုင်းပြီး သူမတို့ဘေးက ဖြတ်သွားကြ၏။ နှစ်ယောက်သား ရထားလုံးပေါ်ရှိ လူများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားကြသည်။ သို့သော် ပျားအုံများသည် အလွန်လျင်မြန်ပြီး ၎င်းတို့အနားမှ လျှပ်တစ်ပြက်အတွင်း ဖြတ်သွားကြသည်။

ထို့နောက် ပျားအုပ်သည် ၎င်းတို့၏ အတောင်ပံများကို ခတ်ကာ လေထဲသို့ ဖြတ်သွားရင်း ယင်နှင့် ယန်ကမ္ဘာကို ထိုးဖောက်ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။

"တစ်ဆယ်လေးနဲ့ ဟိုကောင် အားကျိုး ဖြစ်မယ်!"

အဖွားရှား အံ့သြသွားသည်။ သူမ၏ အကြည့်ထဲတွင် ချန်ရှီနှင့် အလွန်တူသော လူငယ်တစ်ဦး ရထားလုံးထဲ ထိုင်နေတာ တွေ့လိုက်ရသော်လည်း သူသည် လှပသော အဝတ်အစားများကို ၀တ်ဆင်ထားပြီး သာမန် ချန်ရှီနှင့် အနည်းငယ် ကွဲပြားကာ ချောမောသော လူငယ် ဖြစ်နေ၏။

"လွတ်မြောက်သွားတဲ့ အကျဉ်းသားက မြေအောက်တမန်ရဲ့ ရထားလုံးထဲမှာ ထိုင်နေတယ်!"

လှေမိန်းကလေးလည်း အံ့သြသွားသည်။

သူတို့နှစ်ဦးသည် တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံကို ရှာဖွေရင်း ဤနေရာအထိ တိုက်ပွဲဝင်ခဲ့ကြသည်။ ချန်ရှီနဲ့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ပိုလို့တောင် မမျှော်လင့်ထားတဲ့အရာက ချန်ရှီဟာ ချမ်းသာလာပုံရပြီး မရဏကမ္ဘာမှာ အဆင့်အတန်း မြင့်လာပုံပေါ်၏ယ

ဒါပေမယ့် သူတို့ နှစ်ယောက် သိပ်စဉ်းစားဖို့ အချိန် မရှိလိုက်။ သူတို့သည် တိုက်ခိုက်နေစဉ်အတွင်း လျှာဆွဲငရဲ၏ အပိုင်းအစများပေါ်တွင် လဲကျသွားခဲ့ကြသည်။

သူတို့နှစ်ဦး၏ လျှာများ လှုပ်ယမ်းသွားတာကို ခံစားလိုက်ရရာ လန့်သွား​တော့သည်။ သူတို့သည် လျင်မြန်စွာ ပါးစပ်ပိတ်ပြီး လျှာကို ဖိနှိပ်ထားရန် စွမ်းအင်တချို့ကို လှုံ့ဆော်ခဲ့ရသည်။ ဒီနေရာက ထူးဆန်းသော စွမ်းအားများဖြင့် ပြည့်နေ၏။ ပါးစပ်ကို ဖွင့်နေသမျှတော့ လျှာက လွင့်ထွက်သွားလိမ့်မည်။

သူတို့သည် ပျံတက်ပြီး နဂါးကို ဆကိလိုက်ရင်း တိုက်ခိုက်​ကြသည်။ ကောင်းကင်တွင် နဂါးပါးသိုင်းမွှေးများက တွဲကျနေပြီး လူနှစ်ယောက်သည် နဂါးပါးသိုင်းမွှေးများကြားတွင် တိုးလျှိုးကာ တိုက်ခိုက်မှုများက ပို၍ ရက်စက်လာကြသည်။

အဖွားရှားသည် လေ၊ မီး၊ မိုးခြိမ်းသံ၊ တောင်များ၊ ရေ၊ မြေကြီးနှင့် ကောင်းကင်ကို ထိန်းချုပ်ကာ ထိုက်ရှန်ပါးကွာ့ ခန္ဓာကိုယ်ကာကွယ်ရေး စွမ်းအင်ကို ကြွေးကြော်ပြီး အသက်သွင်းလိုက်ချိန်၌ ပိုမိုအားကောင်းလာခဲ့သည်။

လှေမိန်းကလေးကလည်း သူ့ရဲ့ မရဏတမန်တစ်ယောက်လို ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြသခဲ့သည်။ မရဏကမ္ဘာမှာမို့ သူမရဲ့ တိုက်ခိုက်ရေး စွမ်းအားတွေကလည်း အရှိန်အဟုန်နဲ့ တိုးတက်လာပါ၏။ မြင်းခေါင်းဝိဥာဉ်က သူမနောက်မှာ ပေါ်လာပြီး လှောင်ပြောင်လိုက်သည်။

"အဖွားရှား... ရှင် စွမ်းအားအပြည့်နဲ့ မြေအောက်ကမ္ဘာမှာ တိုက်ခိုက်ရဲလား... ရှင့်ရဲ့ရန်သူဟောင်းက လိုက်ရှာမှာကို မကြောက်ဘူးလား"

အဘွားရှားကလည်း သူမရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပြီး ရယ်မောလိုက်သည်။

"ငါက စန့်ရန်ပဲ.. မြေအောက်ကမ္ဘာထဲက ရုန်းထွက်ပြီး သက်ရှိကမ္ဘာကို ပြန်သွားနိုင်တယ်... မင်းကို ငါကဘာလို့ ကြောက်ရမှာလဲ... မရဏတမန်တွေ ဘယ်လောက်ပဲ လာပါစေ ငါက သူတို့ကို အနိုင်ယူ​ပြမယ်"

နှစ်ပေါင်း ၁၄၀၀ အသွင်ပြောင်းပြီးနောက် တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံသည် လျှာဆွဲငရဲ၏ အပိုင်းအစများ တစ်လျှောက် လှည့်ပတ် ပျံသန်းနေသော ဧရာမနဂါးကြီး အဖြစ်သို့ ပြောင်းလဲသွားပါပြီ။ ၎င်းက အမြင့်တစ်နေရာကို တက်ပြီး သူတို့နှစ်ယောက်ကို အပေါ်စီးကနေ ငုံ့ကြည့်နေသည်။

ဒီလူနှစ်ယောက်ဟာ တကယ့်ကို အစွမ်းထက်ပြီး တခြားရတနာမုဆိုးတွေထက် အများကြီး အားကောင်းမှန်း သိလိုက်ရတဲ့အတွက် သက်ရှိကမ္ဘာက ထွက်ပြေးလာပြီး ဒီနေရာကို ပုန်းအောင်း​နေခဲ့ပေမယ့် ဒါကိုတောင် ရှာတွေ့နိုင်ဦးမယ်လို့ မမျှော်လင့်ထားခဲ့။

အဘွားရှားက ဒေါသတကြီးနဲ့ အော်လေ၏။

"ဘာလို့ ဒီနတ်ဘုရားလေးကို မသတ်နိုင်ရမှာလဲ... ငါ အရင်က မလုပ်ဖူးတာ မဟုတ်ဘူး..."

ဒါကို သူမ တွေးလိုက်ရင်ပဲ ကောင်းကင်ကြီးက ခလုတ်တစ်ခုကို တစ်ချက်နှိပ်လိုက်သလိုမျိုး ရုတ်တရက် ပွင့်ထွက်သွားပြီး ကြည်လင်တောက်ပတဲ့ ကောင်းကင်ကြီးဟာ တောင်တရုတ်ပင်လယ်ပြင်ထဲမှ အချိန်နဲ့ အာကာသကို ပြင်းထန်စွာ လှုပ်ခတ်သွားစေသည်။

"အနတ္တလေဟာပြင်ဘုံ!"

အဘွားရှားနဲ့ လှေသမလေးတို့ မျှော်ကြည့်လိုက်တဲ့အခါ ကြီးမားသော မှော်အစွမ်းနှင့် တိမ်တိုက်များမှ ဆန့်ထွက်လာသော လက်ကြီးတစ်ချောင်းကို တွေ့လိုက်ရသဖြင့် အံ့သြတုန်လှုပ်သွားလေသည်။ ၎င်းက နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသော တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံကို တခဏအတွင်း ဖမ်းဆုပ်လိုက်ပါ၏။

"လွှတ်!"

အဘွားရှားနဲ့ လှေသမလေးသည် တစ်ချိန်တည်းတွင် လက်ကြီးနှင့် တိုက်ခိုက်ခဲ့သော်လည်း ပျက်ပြယ်သွားသော နယ်ပယ် ပျောက်ကွယ်သွားပြီးနောက် လက်ကြီးသည် တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

နှစ်ယောက်သား ဒေါသထွက်ပြီး တုန်လှုပ်သွားကြသည်။ အဖွားရှားသည် အပြာရောင်ကျောက်ပြား လမ်းတလျှောက် သက်ရှိကမ္ဘာသို့ အပြေးအလွှား ပြေးလာပြီး ပြင်းပြင်းထန်ထန် လိုက်သွားခဲ့သည်။ သို့သော်လည်း သူမသည် ရေကန်၏ မျက်နှာပြင်ပေါ်တွင် သေးငယ်သော အမှုန်အမွှားများကိုသာ မြင်လိုက်ရပြီး ထိုနေရာတွင် မည်သူမျှ မရှိခဲ့ပေ။

သူမရဲ့ နှလုံးသားက အေးစက်သွားပြီး နဖူးမှလည်း ချွေးများ ဖုံးလွှမ်းသွားခဲ့သည်။

"ငါတို့နောက်ကို လိုက်လာပြီး ငါတို့ရတမာကို လုယူဖို့ ကြိုးစားနေတဲ့ ထိပ်တန်း မဟာယာနနယ်ပယ်က ဆရာကြီးတစ်ယောက် ရှိနေတယ်"

လှေသမလေးကလည်း ဒီအခြေအနေကို လှမ်းမြင်လိုက်ရပါသည်။ သူမကလည်း ဆို၏။

"ဒီလူက အစွမ်းထက်လွန်းတယ်... အဘွားရှား သူ့နေရာကို ရှာတွေ့နိုင်လား... ကျွန်မတို့ ပူးပေါင်းလိုက်ရင် ဒီရတနာကို သေချာပေါက် ပြန်ယူနိုင်မှာပါ"

အဘွားရှား တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ကြိုးစားသော်လည်း ရတနာကို ဘယ်သူခိုးသွားမှန်း မသိနိုင်သေးပါ။ ထို့ကြောင့် သူမက ခေါင်းသာခါပြနိုင်လေသည်။

"ဒီလူက စီစဉ်ထားတာကြာပြီ... သူအောင်မြင်ပြီးတာနဲ့ သူ့ရဲ့ရောင်ဝါအားလုံးကို ချက်ချင်း ဖုံးကွယ်ပစ်လိုက်တယ်... သူ့ဝိညာဉ်ကိုတောင် ခြေရာခံလို့ မရတော့ဘူး တရားသူကြီးရဲ့ နဂါးမုတ်ဆိတ်စုတ်တံကို ရှာတွေ့ဖို့ မဖြစ်နိုင်ပါဘူး..."

သူမ မျက်နှာက မှုန်ကုပ်ကုပ် ဖြစ်သွားသည်။

ချန်ရှီသည် အားကျိုးရဲ့ ရထားလုံးပေါ်တွင် ထိုင်နေခဲ့သည်။ ပျားအုံများသည် ၎င်းတို့ကို သက်ရှိလောကထဲသို့ ခေါ်ဆောင်သွားကြတာကြောင့် သူ လှည့်ကြည့်လိုက်တော့ အဘွားရှားကို မမြင်ရတော့ပေ။

"အဲဒီလူက အဖွားရှားပဲ!"

အားကျိုး : "ငါလည်း မြင်ပါတယ် ဒါပေမယ့် တရားဝင်အလုပ်က ပိုအရေးကြီးတယ်... ရွှဲတောက်ရန်နဲ့ အရင်စလိုက်ရအောင် ပြီးရင် သူ့ကို သွားရှာလိုက်တာပေါ့... ရေကန်ငါးခု လူဆိုးခြောက်ယောက်က အတူတူ မရှိနေတာတောင် ကြာပြီ!"

"ရေကန်ငါးကန် လူဆိုးခြောက်ယောက်လား?"

ချန်ရှီ မျက်တောင်ခတ်လိုက်သည်။

"လူဆိုးငါးယောက်ပဲ ရှိတယ်ဆိုတာ အဘွားရှားဆီက ကြားဖူးတယ်..."

အားကျိုး အံ့သြသွားပြီး :"သူမကိုယ်တိုင်ကိုကျ ထည့်မတွက်ထားဘူးလား? မူလ လူဆိုးငါးယောက်က မင်းအဘိုး၊ သွေးကွဲမြေခွေး ဟူရှောင်လျောင်၊ နတ်ဆိုး ချင်းယန်၊ ကမ္ဗည်းထိုးသမား အဘိုးကြီးတု၊ ဝိညာဥ်ရှာ အဘွားရှားနဲ့ ငါ...- ငါ ကိန်းဂဏန်းတွေပဲ ရေးထားတာ... လုံးဝ မဆိုးပါဘူး"

ချန်ရှီ အံသြသွားရသည်။ အဖွားရှားရဲ့ အဆိုအရဆို ပျားထိန်းအားကျိုးက လူဆိုးငါးယောက်ထဲတွင် အရက်စက်ဆုံး ဖြစ်သည်။ သို့သော် နာမည်ပြောင်ကို ကြည့်ပြီး ပြောရရင်တော့ အဖွားရှားက အရက်စက်ဆုံးဟု ထင်ရ​လေသည်။

အားကျိုး: "မင်း မမျှော်လင့်ဘဲ သေဆုံးသွားတော့ အစ်ကိုကြီးချန်က မင်းကို အသက်ပြန်သွင်းဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်... ပြီးတော့ တဖြည်းဖြည်းနဲ့ ငါတို့နဲ့ ဝေးကွာသွားခဲ့တယ် အဘိုးကြီးတုနဲ့ ငါ နှစ်ယောက်လုံးက အလုပ်တွေရှိတော့ ငါတို့က အနားယူလို့ မရဘူး... ဒါပေမယ့် ​မြေခွေး၊ သိုးစိမ်းနဲ့ အဘွားရှားကတော့ အစ်ကိုကြီးချန်ကို ဝိုင်းဖွဲ့ထားကြတယ်"

သူသက်ပြင်းချရင်း :“ဖြစ်ကောင်းဖြစ်နိုင်တာကတော့ ငါ့တစ်သက်လုံး ဒီလူဆိုးခြောက်ယောက် စုဝေးနေတာကို ဘယ်တော့မှ မမြင်နိုင်တော့​လောက်ဘူး”

ချန်ရှီ ပြုံးလိုက်သည်။

"ဦးလေးအားကျိုး.. အနာဂတ်ကို ဘယ်သူက ခန့်မှန်းနိုင်လို့လဲ... ဖြစ်လာနိုင်လောက်ပါတယ်"

အားကျိုးက ခေါင်းယမ်းလိုက်ပြီး မတ်တပ် ထရပ်လိုက်သည်။ ထိုစဥ် ရထားလုံးက တဖြည်းဖြည်း ရပ်သွားတာ တွေ့လိုက်ရသည်။ သူ ဆင်းသွားတာကြောင့် ချန်ရှီလည်း သူ့နောက်ကို လိုက်သွားရလေ၏။ သူတို့၏ အဝတ်အစားများသည် တဖြည်းဖြည်း ရိုးရှင်းလာကာ လယ်သမားများ ဝတ်ဆင်လေ့ရှိသော ပိတ်ကြမ်း အဝတ်အစားများအဖြစ် ပြောင်းလဲသွားတာ မြင်လိုက်ရသည်။

အားကျိုးသည်လည်း သူ့အရင်ကလို သူရဲကောင်းပုံမပေါ်တော့ဘဲ သူ့လက်တွေ ခြေတွေ ပြောင်လက်နေပြီး မျက်နှာက နေလောင်ပြီး ရင်ဘတ်နဲ့ လည်ပင်းမှာလည်း နေလောင်ထားတဲ့ အသားအရေ ဖြစ်လာသည်။

ရထားလုံးသည် ပျားအုံများစွာရှိသော သစ်သားလှည်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့နောက်ကွယ်ရှိ ပျားနယ်မြေများသည် သေးငယ်လာပြီးရင်း သေးငယ်လာကာ စုဝေးရင်း ပျားအုံများအတွင်းသို့ တွားသွားကာ ပျားရည်အမွှေးအကြိုင်များ ပေါက်ကြားထွက်လာကြသည်။

ချန်ရှီ အံ့သြသွားသည်။ အနီးကပ်ကြည့်လျှင် ဤပျားများနှင့် အင်းဆက်များသည် သာမန်ပျားများနှင့် အင်းဆက်များလိုပင်။ ဤပျားများနှင့် အင်းဆက်ပိုးမွှားများသည် မြေအောက်ကမ္ဘာက ထောင်သောင်းမကသော သရဲတစ္ဆေစစ်သည်များ ဖြစ်နိုင်ကြောင်း ဘယ်သူမှ မထင်နိုင်လောက်တော့ချေ။

ပျားလှည်းရှေ့တွင် နွားအိုအသွင်ပြောင်းကာ ပျားလှည်းကို ရှေ့သို့ ဆွဲယူနေသော ပျားအရာရှိတစ်ဦး ရှိသည်။ သူတို့ရှိနေတဲ့ နေရာက တောင်ပိုင်းရေကန်မှာ ရှိနေတုန်းပါပဲ။ ဒါပေမယ့် ကန်ရဲ့မြောက်ဘက်ကမ်း ရောက်နေပြီ။

ချန်ရှီနဲ့ အားကျိုးသည် ပျားလှည်းနောက်မှလိုက်ကာ ရွာတစ်ရွာသို့ ရောက်လာခဲ့သည်။ ပျားမွေးမြူရေးသမား လာနေတာကို တွေ့တော့ ရွာက ယောက်ျားလေးတွေ ကောင်မလေးတွေက ဝမ်းသာအားရ ပြေးလာကြသည်။ အားကျိုးကလည်း သူတို့တစ်ဦးစီအတွက် ပျားရည်အနည်းငယ်ကို ဖြတ်ထုတ်ပေးလိုက်သည်။

"လှည်းနားမကပ်ပါနဲ့... ပျားအကိုက်ခံရမယ်... သတိထားကြ!!"

ကလေးတွေက အရမ်းစိတ်လှုပ်ရှားနေကြ၏။ ရွာက လူကြီးတွေကပါ ပျားရည်ဝယ်ဖို့ ပန်းကန်တွေ သယ်လာကြသည်။ ပျားရည်သည် ပန်းများ၏ရနံ့နှင့် ရှားပါးချိုမြိန်သော အစာဖြစ်သည်။ ပျားမွေးမြူရေးသမား ဖြတ်သွားတဲ့အခါ အပိုငွေနည်းနည်းရှိတဲ့ ရွာက ဘယ်သူမဆို ပျားရည်ကို ဝယ်ကြလိမ့်မည်။

"အားကျိုး မင်းဒီကိုမရောက်တာ ကြာပြီနော်!"

ရွာက အဖိုးအိုက သူ့ကို မှတ်မိပြီး ပြုံးပြလာ၏။ အားကျိုးက သူ့လက်ကို မြှောက်လိုက်ပြီး နဖူးပေါ်က ချွေးတွေကို လက်ကောက်ဝတ်နဲ့ သုတ်လိုက်သည်။ ထို့နောက် သူက နုံအစွာ ပြုံးရင်း။

"ဟုတ်တယ်... ကျုပ် ပျားတွေ လွှတ်ဖို့ ကန်တောင်ဘက်ကို သွားနေတာ... အဲဒီမှာ မွှေးပျံ့တဲ့ ပန်းတွေ အများကြီးရှိတယ်.. လအနည်းငယ် ကြာသွားတာပေါ့ဗျာ"

"မှန်ပါတယ်... ပျားတွေလွှတ်ဖို့ ဒီကနေတောင်ဘက်သွားဖို့ လနဲ့ချီကြာတယ်..."

အားကျိုးက ပျားရည်ကို ရိတ်သိမ်းချိန်ဆပြီး အလုပ်များနေစဥ် ချန်ရှီက ငွေစုဆောင်းနေကာ ၎င်းတို့နှစ်ဦးလုံးသည် ပျားရည်ကျင် ဒါဇင်နှင့်ချီ၍ ရောင်းချခဲ့ရသည်။

ထိုအချိန်တွင် ပြောင်မြောက်လှသော တာအိုဝါဒီတစ်ဦး ဖြတ်သွားသည်။ သူသည် ပျားရည်ရနံ့ကို အနံ့ခံမိတဲ့အခိုက် စားချင်စိတ်ကို သွေးဆောင်ခံလိုက်ရလေ၏။ သူက ပြုံးပြီး ပြောလာသည်။

"ပျားရည်နှစ်ကျင် ဖြတ်ပေးပါ"

အားကျိုးကလည်း ပျားအုံကိုဖွင့်ပြီး ပျားရည်ကိုထုတ်ယူလိုက်သည်။

"ဆရာကြီး... ထည့်စရာရှိလို့လား"

ညစ်ပတ်သော တာအိုဝါဒီသည် သူ့လက်ထဲတွင် စုတ်တံတစ်ချောင်းကို ကိုင်ထား၏။ ချန်ရှီလည်း အံ့ဩသော အကြည့်ဖြင့် ကြည့်နေမိသည်။ ကောက်ကျစ်သော တာအိုဝါဒီက သူ့ကို သတိပြုမိသဖြင့် ပြုံးပြလာသည်။

"ငါ အပြင်က ပြန်လာတာ ဘာမှ မသယ်လာဘူး... ငါ့အိမ်ကို လိုက်ခဲ့"

အားကျိုးကလည်း နာခံစွာဖြင့် လှည်းကို မောင်းပြီး ညစ်ပတ်တဲ့ တာအိုကျင့်ကြံသူရဲ့နောက် လိုက်သွားခဲ့လေသည်။

"တာအိုမိတ်ဆွေ... ကျုပ်အရင်တစ်ခေါက် ရွာကိုလာတော့ ခင်ဗျားကို မတွေ့မိပါဘူး... ခင်ဗျား ဘယ်က လာတာလဲ"

အနီးနားရှိ လူတစ်ယောက်က ရယ်ပြီး ပြောလေသည်။

"ဆရာကြီးရွှဲက ငါတို့ရွာမှာနေတာ ဆယ်နှစ်ကျော်ကြာပြီ... နောက်ဆုံးတစ်ခေါက် ရောက်တုန်းက သူ့ကို မတွေ့ဘူးလား"

"မတွေ့လိုက်ဘူး..."

အားကျိုးက ခေါင်းယမ်းလိုက်သည်။

"ဆရာကြီးရွှဲက အရမ်းကြင်နာတတ်တဲ့ သူတစ်ယောက်ပါ... လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငါတို့ရွာအတွက် အဆောင်လက်ဖွဲ့နဲ့ စာလုံးပေါင်းဆွဲတာ၊ ရောဂါတွေကို ကုသပေးတယ် နတ်ဆိုးတွေကို သုတ်သင်တယ်.. တစ်ပြားတစ်ချပ်မှ မပေးရဘူး။"

ရွာသားများက ချီးကျူးကြလေသည်။

ချန်ရှီ မျက်ခုံးပင့်လိုက်သည်။ အားကျိုး လွန်ခဲ့တဲ့ လအနည်းငယ်က ဒီကိုလာခဲ့ပေမယ့် ဒီတာအိုကျင့်ကြံသူရွှဲကို တစ်ခါမှမမြင်ဖူးခဲ့ချေ။ သို့သော်လည်း သူ ဤနေရာတွင် ဆယ်နှစ်ကျော် နေထိုင်ခဲ့သည်ဟု ရွာသားများက ပြော​နေသည်။ တစ်ဖက်လူအနေနဲ့ မြေအောက်တမန် တစ်ယောက်ရဲ့ မှတ်ဉာဏ်ကို ဖျက်စီးဖို့ထက် ရွာသားတွေရဲ့ မှတ်ဉာဏ်ကို ဖျက်စီးဖို့က ပိုလွယ်တာ သိသာပါ၏။

"စုတ်တံက ဒီမှာ...."

ကောက်ကျစ်သော တာအိုကျင့်ကြံသူသည် သူတို့ကို ၎င်း၏နေအိမ်သို့ ခေါ်ဆောင်ကာ တံခါးဖွင့်ကာ ဝင်လာခဲ့သည်။ အားကျိုးက ခြံထဲသို့ လိုက်သွားကာ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။

"လွန်ခဲ့တဲ့ သုံးလကျော်က ရှစ်ကျစ်မင်နဲ့ သူ့ဇနီးအပါအဝင် မိသားစုဝင် ခြောက်ယောက်ရှိတဲ့ မိသားစုက ဒီမှာခဲ့နေတာပါ... သူတို့ ဘယ်မှာလဲ တာအိုမိတ်ဆွေက ဒီမှာ ဘယ်လိုလုပ် နေနေတာလဲ"

ကောက်ကျစ်သော တာအိုဘုန်းကြီးသည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် နောက်ပြန်ဆုတ်ထားသည်။ သူသည် ဓားလက်ချောင်းများကြားတွင် အဝါရောင် အဆောင်လက်ဖွဲ့ကို ကိုင်ပြီး ညင်သာစွာ ယမ်းလိုက်ရာ မှိုမီးလောင်ကျွမ်းသွားစေသည်။ သူက ပြုံးပြီး ပြောလေ၏။

"ပျားလုပ်သား... ငါ မင်းဘေးနားက ကောင်လေးဆီက တစ်ခုခု ငှားချင်တယ်"

အားကျိုးက ပြုံးပြီး ပြောလိုက်သည်။

"ဘာငှားချင်တာလဲ... ကျုပ်တို့မှာရှိရင် သေချာပေါက် ငှားပေးမှာပါ"

ကောက်ကျစ်သော တာအိုကျင့်ကြံသူက လှည့်ကြည့်ကာ ချန်ရှီကို ​ပြန်ကြည့်လိုက်သည်။

"ဒီညီလေးဆီက သက်တမ်း အနှစ်နှစ်ဆယ်ကို ချေးချင်ပါတယ်!"

အားကျိုးက ခဏတိတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်၏။

"ဒါဆို တာအိုကျင့်ကြံသူရွှဲက ဒီနည်းလမ်းနဲ့ အသက် ၁၄၃ နှစ်ထိ အသက်ရှင်ဖို့ အားကိုးခဲ့တာလား? မင်းအသက်ကို ငှားခဲ့တဲ့ ရွှဲတောက်ရန်က သေပြီးသားပေါ့"

ကောက်ကျစ်သော တာအိုကျင့်ကြံသူလည်း ထိတ်လန့်သွားပြီး အားကျိုးကို ကမန်းကတန်း ကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး အမှောင်နှင့် အုံ့မှိုင်းနေသော မရဏကမ္ဘာဖြင့် အစားထိုးသွားသည်။ ညည်းတွား​နေသော လေပြင်းက မြေကြီးတစ်ပြင်လုံးကို ဖြတ်တိုက်သွားလေ၏။

ရိုးသားသော လူခန္ဓာကိုယ်သည် ဤအခိုက်အတန့်တွင် အလွန်မြင့်မားပြီး ခံ့ညားလာသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို နတ်အလင်းရောင်များဖြင့် ထွန်းလင်းစေသည်။ အမိန့်တော်တံဆိပ်နှင့် ဘဏ္ဍာစာလိပ်ကို သူ့လက်ထဲတွင် ကိုင်ဆောင်ကာ ညှိုးငယ်သောအကြည့်ဖြင့် ကြည့်လေ၏။

ဤ မြေအောက်တမန်၏ နောက်ကွယ်တွင် ထောင်ပေါင်းများစွာသော ပျားများနှင့် အင်းဆက်ပိုးမွှားများသည် ယင်စစ်သားအဖြစ်သို့ ပြောင်းလဲသွား​ကြသည်။ အချို့မှာ ပျားဦးခေါင်းနှင့် လူ့ခန္ဓာကိုယ်၊ အချို့မှာ လူ့ဦးခေါင်းနှင့် ပျားကိုယ်များပါရှိပြီး အချို့မှာ လေထဲတွင် ပျံဝဲကာ သူ့အား ဝန်းရံထားသည်။

ကောက်ကျစ်သော တာအိုကျင့်ကြံသူရဲ့ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားကာ ရုတ်တရက် ဒေါသကို ဖုံးကွယ်မထားတော့ဘဲ ကျယ်လောင်စွာ ရယ်မောချလိုက်သည်။ သူ၏ အငွေ့အသက်များက တဟုန်ထိုး တက်လာပြီး လေထဲတွင် လှည့်ပတ်နေသော ကျောက်စိမ်းလိုဏ်ဂူတစ်ခုကဲ့သို့ သူ၏ ခေါင်းနောက်တွင် ကြီးမားသော ကွက်လပ်တစ်ခု ပေါ်လာသည်။ နေ၊ လနှင့် ကြယ်များသည် ကောင်းကင်နှင့် မြေကြီး၏ အပိုင်းအစတစ်ခုကဲ့သို့ ဂူထဲတွင် ရွေ့လျားနေသည်။

"စဉ်းစားကြည့်ပေါ့... တစ်သက်လုံး အစွမ်းထက်တဲ့ လူတစ်ယောက်ဖြစ်ခဲ့တဲ့ ရွှဲတောက်ရန်က ကမ္ဘာမှာ တုနှိုင်းမရတဲ့ အရည်အချင်းတွေနဲ့ နေခဲ့တာ... ဘယ်သူကမှ ငါ့ပြိုင်ဘက် မဖြစ်ဖူးဘူး!"

ကောက်ကျစ်သော တာအိုကျင့်ကြံသူရဲ့ ဝိညာဉ်သည် အလွန်ကျယ်ပြောပြီး ပျက်ပြယ်သွားခဲ့သည်။ သူက တစ္ဆေစစ်သူကြီး အားကျိုး နှင့် တခြား တစ္ဆေစစ်သည်များကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

"ငါ့ရဲ့သက်တမ်းက ကုန်သွားပြီဆိုတော့ မင်းတစ္ဆေကျွန်တွေရဲ့ ခွေးလို အမဲလိုက်ခံရတာပဲ... ဒီနေ့တော့ ငါမပုန်းတော့ဘူး မင်းရဲ့ တစ္ဆေကျွန်တွေကို မကြောက်တော့ဘူး... မင်းကို ငါတစ်ကွက် သင်ပေးမယ်"

သူ့လက်ဖဝါးကို လှန်လိုက်တဲ့အခါ စုတ်တံတစ်ခုပေါ်လာ၏။ သူက လှောင်ပြောင်ပြီး။

"ဒါက လျှာဆွဲငရဲရဲ့ တရားသူကြီး နဂါးမုတ်ဆိတ်စုတ်တံက ဒီနေ့ပဲ..."

အားကျိုး၏ ခြေရင်းတွင်တော့ ချန်ရှီသည် အမွှေးတိုင်တစ်ချောင်းကို ကိုင်ဆောင်ကာ ရွတ်လိုက်၏။

"စုတ်တံ... လာခဲ့!"

ညစ်ညမ်းသော တာအိုကျင့်​ကြံသူ လက်ထဲရှိ နဂါးမုတ်ဆိတ်စုတ်တံက ရုတ်တရက် တုန်ခါကာ ရှိုက်ကြီးတငင်ဖြင့် ပျံထွက်သွားပြီး ချန်ရှီလက်ထဲသို့ ကျရောက်သွားသည်။ ချန်ရှီ စုတ်တံကို ကိုင်ကာ အလွန်ပျော်နေ၏။

"ကံကောင်းလိုက်တာ... ငါ ဒီရက်တွေမှာ လေ့ကျင့်နေခဲ့လို့ပေါ့..!"

ကောက်ကျစ်သော တာအိုကျင့်ကြံသူခမျာ ထိတ်လန့်သွားသော်လည်း မြေအောက်တမန် အားကျိုးက မြေအောက်တမန် စည်းတံဆိပ်ကို တွန်းထုတ်လိုက်တာ တွေ့လိုက်ရသည်။ သူက ကာကွယ်ဖို့ လက်ကို မြှောက်လိုက်သည်။ သူ့ဝိညာဉ်သည် အနတ္တလေဟာပြင်ဘုံမှ ချက်ချင်းဆင်းသက်လာပြီး ကောင်းကင်နှင့်မြေကြီးကို ထိန်းချုပ်နိုင်သည့် ဧရာမနတ်ဘုရားနှင့် နတ်ဆိုးအဖြစ်သို့ ပြောင်းလဲကာ သူ့​ရုပ်ခန္ဓာနှင့် ပေါင်းစည်းတော့မည် ဖြစ်သည်။

တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံ မရှိရင်တောင် သူသည် ကမ္ဘာပေါ်တွင် ရှားပါးပြီး ပြိုင်ဘက်ကင်းသော သခင်များထဲမှ တစ်ဦးဖြစ်နေဆဲဖြစ်သည်။ မြေအောက်တမန်ကို ရင်ဆိုင်ရလျှင်ပင် သူ့တွင် ပြန်တိုက်ခိုက်ရန် ခွန်အားရှိပြီး စားပွဲများကို လှန်ကာ အနိုင်ယူကာ မြေအောက်တမန်လက်ထဲက လွတ်မြောက်နိုင်သေးသည်။

သို့သော် ထိုအချိန်တွင် သူ့​ဝိညာဉ်သည် ကွက်လပ်ထဲမှ ပြေးထွက်သွားလိုက်စဥ် မရေမတွက်နိုင်သော အဆိပ်ရှိ ဆူးပင်များက သူ့စိတ်ဝိညာဉ်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ကောက်ကျစ်သော တာအိုကျင့်ကြံသူလည်း အံ့ဩသွားခဲ့သည်။ သူက အနတ္တလေဟာပြင်ဘုံ ဖြစ်ရာ ဤအနှစ်သာရမရှိသော အရာတွေက ဘယ်လိုလုပ် ထိမှန်နိုင်ပါ့မလဲ။

“စွက် စွက် စွက်!”

မရေမတွက်နိုင်သော အဆိပ်ရှိ ဆူးများက သူ့ရှေ့နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။

"သူ့အဘွားတဲ့မှ! တစ်ယောက်ချင်းတိုက်ဖို့ သတ္တိရှိလား...."

ညစ်ပတ်သော တာအိုကျင့်ကြံသူ၏ သူ့မျက်နှာမှာ မည်းမှောင်​နေသော အကြည့်များဖြင့် ယိမ်းယိုင်သွားကာ လဲကျသွား​တော့သည်။

All Chapters