← Chapters

ယုတ်မာနေရင် သာမန်လောကထဲကို ရောက်သွားလိမ့်မယ်

Vol. 16 Ch. 228

ယုတ်မာနေရင် သာမန်လောကထဲကို ရောက်သွားလိမ့်မယ်

Vol. 16 Ch. 228

ပျားများနှင့် အင်းဆက်ပိုးမွှားများသည် ကောက်ကျစ်သော တာအိုကျင့်ကြံသူကို ဇောက်ထိုး ချိတ်ဆွဲထားလိုက်​ကြသည်။ ဇောက်ထိုး တွဲလောင်းဟုခေါ်သော ဇောက်ထိုးဆွဲထားခြင်းမှာ လက်နှင့်ခြေတို့ကို နောက်ကျောဘက်တွင် ချည်နှောင်ထားကာ ၎င်းတို့ကြားကို တုတ်တစ်ချောင်းကို ဖြတ်စေကာ မျက်နှာနှင့် ဝမ်းဗိုက်ကို အောက်ဘက်၌ မြှောက်ထားသည်။

ကောက်ကျစ်သော တာအိုကျင့်ကြံသူ၏ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့၌ အဆိပ်ပြင်းသော အနံ့ဆိုးများ ရှိ​နေသည်။ သူသည် ပျားများနှင့် အင်းဆက်ပိုးမွှားများကို ထပ်မထိမိစေရန် ဇောက်ထိုး အနေအထားမှ လှုပ်ယမ်းနေခဲ့သည်။

မဟာယာနနယ်ပယ်က သခင်ကြီးသည် အလွန်မတရားသော ရှုံးနိမ့်မှုကို ခံစားခဲ့ရသည်။ သူ့ရဲ့ ကျွမ်းကျင်မှု အပြည့်နဲ့တောင် မလှုပ်ရှားနိုင်ဘဲ အဆိပ်ကြောင့် မြေပြင်ပေါ် လဲကျသွားခဲ့ရသည်။ ထို့နောက် သူ့ကို မြေအောက်ပျားအိမ်တော်က မြေအောက်စစ်သားများက ဖမ်းသွားခဲ့သည်။

သူ့တွင် ကြီးမားသော စွမ်းရည်ရှိပြီး ကျင့်ကြံမှုအဆင့်က အလွန်အစွမ်းထက်ပါသည်။ မဟုတ်ပါက ရက်စက်ယုတ်မာသော စစ်သူကြီး အားကျိုးကို ရင်ဆိုင်ရသောအခါ ငြိမ်သက်နေမည် မဟုတ်ပေ။ ဒါပေမဲ့ အဆိပ်ပြင်းတဲ့ ပျားတုပ်တာက ဒီလောက်ထိ အစွမ်းထက်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့။

"ဒီအဆိပ်ရှိတဲ့ ပျားတွေက မြေအောက်ကမ္ဘာက သတ္တဝါတွေ ဖြစ်နိုင်တယ်... သူတို့ရဲ့ အဆိပ်က ခန္ဓာကိုယ်နဲ့ ဝိညာဉ်ရဲ့ အကာအကွယ်တွေကို ထိုးဖောက်နိုင်တယ်...နတ်ဝိညာဉ်ကို သွက်သွက်လက်လက် အဆိပ်ခတ်ပစ်နိုင်တယ်!"

ချန်ရှီသည် သူ့စိတ်ထဲတွင် ရေရွတ်ရင်း အံ့သြသွားမိသည်။ ဂရုမစိုက်မိရင် မဟာယာနနယ်ပယ်မှာ ရှိတဲ့ လူတစ်ယောက်တောင် ဒီပျားတွေကြောင့် သေသွားနိုင်၏။

အားကျိုးက ပျားအရာရှိကို ခေါ်ပြီး အမိန့်ပေးလိုက်သည်။

"တာအိုကျင့်ကြံသူရွှဲကို မြေအောက်ကမ္ဘာ အရင်ပြန်ခေါ်သွား... သူ့ခန္ဓာကိုယ်ကို သတ်ပစ်ပြီး သူ့ဝိညာဉ်ကို အရင် ချိတ်ပိတ်ထားလိုက်ပါ... ငါပြန်လာမှ သူ့ကို ဖြေရှင်းမယ်"

ပျားအရာရှိကလည်း အမိန့်ကို နာခံကာ ပျားအုပ်ကို ခေါ်ထုတ်သွားခဲ့သည်။ အားကျိုးက ဝက်ခြံရှေ့ ရောက်ရှိလာပြီး ဝက်ငါးကောင်ကို ကြည့်လိုက်သည်။ အကောင်ကြီး ၃ကောင်နှင့် အသေးနှစ်ကောင်ပင်။ သူက တစ်ခုခုကို ရေရွတ်လိုက်ရင်ပဲ ဝက်ငါးကောင်ဟာ တွားသွားနေတဲ့ လူငါးယောက် အသွင် ပြောင်းသွားကြသည်။ တစ်ကိုယ်လုံးက ဖုန်တွေဖုံး​နေပြီး အလွန်ညစ်ပတ်နေပါပြီ။

ထိုလူငါးဦးမှာ ရှစ်ကျင့်မင်တို့ မိသားစု အတိအကျဖြစ်သည်။ ရွှဲတောက်ရန်က သူတို့ကို ဝက်ဖြစ်အောင် ပြောင်းလဲပစ်ခဲ့ရာ အခုသူတို့ပြန်လွတ်လာတော့ ကူကယ်ရာမဲ့ မျက်ရည်တွေကျလာပြီး အားကျိုးကို အကြိမ်ကြိမ် ကန်တော့နေကြတော့သည်။

"မင်းတို့မိသားစုမှာ လူခြောက်ယောက် ရှိပါတယ်... နောက်တစ်ယောက်က ဘယ်မှာလဲ"

ရှစ်ကျင့်မင်: "ကျ​နော့်​အဖေကို အဲ့နတ်ဆိုးက စျေးထဲခေါ်သွားပြီး ရောင်းပစ်လိုက်တာ!"

အားကျိုးလည်း ပျားအရာရှိတစ်ဦးကို ခေါ်ပြီး ဖခင်နေရာကို သိရှိရရန် တောင်းဆိုခဲ့သည်။ “သားသတ်သမားက မခုတ်သေးရင် မျှော်လင့်ချက် ရှိသေးတယ်” ဟုဆိုရင်း ပျားအရာရှိက ထွက်ပြေးသွားသည်။

နာရီဝက်လောက်ကြာတော့ ပျားအရာရှိက ပြန်ရောက်လာသည်။

“အသားတွေတောင် ရောင်းပြီးပါပြီ”

အားကျိုး စိတ်မကောင်းစွာဖြင့် ခေါင်းယမ်းလိုက်သည်။

"မင်းအဖေကို ငါမကယ်​ပေးနိုင်​တော့ဘူး... ငါက အဲ့လောက်ထိ တန်ခိုးမရှိဘူး.. အခု ငါ့ကိစ္စတွေကို ဘယ်သူ့ကိုမှ မပြောရဘူး မဟုတ်ရင် မင်းရဲ့ အကျင့်သီလတွေ ဆုံးရှုံးပြီး နတ်ဘုရားတွေက တရားစီရင်လိမ့်မယ်"

ရှစ်ကျင့်မင်ရဲ့ မိသားစုသည်လည်း ကျေးဇူးတင်ရှိကြောင်းနဲ့ ဘယ်သူ့ကိုမှ မပြောပါကြောင်း ကတိပြုခဲ့သည်။

အားကျိုးသည် မြေအောက်ပျားတပ်မှူး၏ အသွင်အပြင်သို့ ပြန်မပြောင်းဘဲ ရိုးရိုးသားသား ပျားမွေးမြူရေးသမားအဖြစ်သာ ရွာထဲကနေ ပျားလှည်းဖြင့် ထွက်ခွာလာခဲ့သည်။

ချန်ရှီ သူ့နောက်ကို လိုက်သွားခဲ့သည်။

"ဦးလေးအားကျိုး... ကျနော်တို့ ဘယ်သွားမလို့လဲ"

"အိမ်ပြန်မယ်.."

အားကျိုးက ပြုံးပြီး ပြော၏။ ချန်ရှီလည်း အံ့ဩသွားသည်။

အိမ်ပြန်လို့မလား။ မြေအောက်တမန်က သက်ရှိကမ္ဘာမှာလည်း အိမ်တစ်အိမ် ရှိသေးတာလား။

ပျားလှည်းဆွဲသော နွားအိုနေရာ၌ ပျားအရာရှိနှစ်ဦးမှ အသွင်ပြောင်းထားခဲ့သည်။ အရှိန်မှာ မနှေးပေ။ တောင်တန်းတွေ မြစ်တွေကို ဖြတ်ကျော်ပြီး နေ့ခင်းဘက် ရောက်တော့ ကြာကန်ဘေးက ရွာတစ်ရွာကို ရောက်သွားခဲ့​သည်။ ထိုရွာသည် တောင်ပိုင်းရေကန် ဘေးတွင် တည်ရှိပြီး ထူးခြားဆန်းကြယ်သည်။ ရွာကိုဖြတ်၍ ကန်အတွင်းသို့ စီးဝင်သော မြစ်တစ်စင်းရှိသည်။

ပျားလှည်းသည် ကျောက်တံတားပေါ်တွင် ရွေ့လျားနေ၏။ တံတားဦးခေါင်းရှိ သစ်ပင်များအောက်တွင် အေးမြသော အအေးဓာတ်ကို ခံစားနေကြသော သက်ကြီးရွယ်အိုတချို့သည် သူတို့ကိုယ်သူတို့ ယိမ်းနွဲ့ရင်း အားကျိုးကို စစ်ဆေးနေပုံဖြင့် ကြည့်နေပြီးနောက် အံ့သြ ဝမ်းသာသွားကြသည်။

"ဒါက...အားကျိုး ပြန်လာပြီလား!"

"ဦးလေးကျွီ... ဦးလေးယွမ်... ဦးလေးကြီးတို့ ကျနော် ပြန်လာပြီ!"

အားကျိုးက အပြုံးနဲ့ လှမ်းနှုတ်ဆက်လေ၏။ ချန်ရှီလည်း တံတားပေါ်မှာ ရပ်လျက် သူတို့တွေ စကားပြောနေတာကို ကြည့်ပြီး အခြေအနေက အရမ်းထူးခြားပေမယ့် အရမ်းနွေးထွေးတယ်လို့လည်း ခံစားရလေသည်။

အားကျိုးသည် ကမ္ဘာပေါ်ရှိ ထိပ်တန်းကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်ပြီး မြေအောက်ပျားအိမ်တော်က အရှင်သခင်လည်း ဖြစ်လေ၏။ မကြာသေးမီကပင် သူသည် အသက်နှင့်သေခြင်းမှ လွတ်မြောက်သွားခဲ့သော မဟာယာနနယ်ပယ်က ရွှဲတောက်ရန်ကို ဝန်းရံကာ နှိမ်နင်းရန်ပင် ယင်စစ်သည်တွေကို ဦးဆောင်ခဲ့သည်။

ယခုမူ သူသည် သာမန်လူတစ်ယောက် ကဲ့သို့ပင်။ အိမ်ပြန်သည်၊ ရွာသူရွာသားများနှင့် တွေ့ဆုံကာ မိသားစုကိစ္စများ စကားစမြည် ပြောနေသည်။

သူ့ဦးလေးက ပြုံးပြီးပြောသည်။

"အားကျိုး ဒီလမ်းကိုပိတ်ပြီး ရပ်မနေနဲ့.. မြန်မြန်ပြန်သွားလိုက်... မင်းရဲ့ဇနီးနဲ့ ကလေးတွေက ဒီရက်ပိုင်း မင်းပြန်လာမှာကို စောင့်နေကြတာ!"

အားကျိုးသည် နုံအစွာပြုံးကာ တံတားကိုဖြတ်၍ ပျားလှည်းကို ဆွဲယူလာခဲ့သည်။ တစ်ဖက်သို့လာကာ မြစ်ကမ်းနားရှိ အိမ်ဆီသို့ လမ်းလျှောက်သွားခဲ့သည်။

သူသည် အခြားနေရာများတွင် အလုပ်လုပ်နေသော သာမန်ရွာသားတစ်ဦးကဲ့သို့ ထင်ရပြီး ပြန်လာခဲသည်။ သူတွေ့တဲ့ ရွာသူရွာသားတိုင်းကို နှုတ်ဆက်ပြီး မိသားစုကိစ္စတွေ စကားစမြည်ပြောရင်း နည်းနည်းလည်း ရှက်နေပုံပေါ်၏။

ရွာသားများသည် ချန်ရှီ၏ နောက်ခံအကြောင်းကိုလည်း သိချင်​နေကြသည်။

အားကျိုး: "သူက ပျားမွေးမြူနည်းကို သင်ချင်နေတဲ့ အငှားအလုပ်သမားတစ်ယောက်ပါ"

ချန်ရှီ ရွာသားတွေကို ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်သည်။

"ဘယ်လိုတောင် လိမ္မာပါးနပ်လိုက်တဲ့ ကောင်လေးလဲကွယ်!"

လူတွေကလည်း တစ်ယောက်တစ်မျိုး ချီးကျူးကြသည်။

အားကျိုးလို မြေအောက်တမန်တစ်ပါးဟာ သာမန်လူတစ်ယောက်လိုပါပဲ။ ထိပ်တန်းပညာရှင် တစ်ယောက်ဟာ တကယ်ကို မကောင်းဘူးလို့ ထင်ရတဲ့ သာမန်လူတစ်ယောက်အဖြစ် ဆက်လက် ဟန်ဆောင်နေခဲ့သည်။

အားကျိုးက သူ့အိမ်ပြန်ရောက်တော့ တံခါးကို တွန်းဖွင့်လိုက်သည်။

ခြံထဲတွင် အသက် ၄၀ ခန့်ရှိ လုံ့လဝီရိယရှိဟန်တူသော အမျိုးသမီးတစ်ဦးသည် ဆံပင်ကို ဖဲကြိုးဖြင့် ချည်နှောင်ရင်း လှေ့ခြင်းတောင်းကို ကိုင်ကာ ကြက်အစာကျွေးရန်အတွက် ကောက်ညှင်းဆန်များကို ကြဲချနေသည်။ အားကျိုး ဝင်လာတာကို မြင်တော့ သူမမျက်လုံးတွေက ချက်ချင်း တောက်ပလာပြီး အံ့သြဝမ်းသာသွားလေ၏။

သူမက တောင်းကို ချလိုက်ပြီး အပြေးကလေး ရောက်လာပေမယ့် ရုတ်​တရက်​ ဘေးနားက ချန်ရှီကို​တွေ့လိုက်​တော့ ခဏတာ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူမသည် နောက်တစ်ကြိမ် ထပ်ပြေးလာပြီး အားကျိုးကို ပွေ့ဖက်ကာ ခုန်ပေါက်ကာဖြင့် အားတက်သရော ရယ်မောနေ၏။ ထို့နောက်မှ ရုတ်တရက် သူမက တစ်ခုခုကို သတိရပြီး အိမ်ဘက် လှည့်ကြည့်လိုက်သည်။

"ချောင်ဝေ ချောင်ဟူတို့ မင်းတို့အဖေ ပြန်လာပြီလေ... ဘာလို့ မထွက်လာသေးတာလဲ"

ပင်မအခန်းမှ စူးစူးရှရှ အသံများ ထွက်ပေါ်လာပြီး ချန်ရှီထက် နှစ်အနည်းငယ်ငယ်သော ကလေးနှစ်ယောက် ပြေးထွက်လာကာ အားကျိုးကို ပွေ့ဖက်လိုက်ကြသည်။ အားကျိုးကလည်း အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး လက်တစ်ဖက်စီက ကောက်ကိုင်ကာ မုတ်ဆိတ်မွေးများဖြင့် ပွတ်သပ်လိုက်ရာ ကလေးနှစ်ယောက်က တခစ်ခစ် ရယ်မောနေကြ၏။

"အားယင်... ကိုယ် ပျားတွေကို လွှတ်ပြီး ပိုက်ဆံရှာထားတယ်..."

အားကျိုးက ခဏကစားပြီးနောက် ကလေးနှစ်ယောက်ကို ချကာ ပိုက်ဆံအိတ်ကို အမျိုးသမီးထံ ပေးလိုက်သည်။ အမျိုးသမီးကလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြော၏။

"ကျွန်မတို့ မိသားစုအတွက် လုံလောက်ပါတယ်"

အားယင်က ပိုက်ဆံကိုယူပြီးနောက် ချန်ရှီကို အံ့သြသော အကြည့်များဖြင့် ကြည့်​နေသည်။

"ဒေါ်လေး..."

ချန်ရှီ အမျိုးသမီးကို နှုတ်ဆက်လိုက်သည်။

"ကျွန်​တော့်နာမည်က ချန်ရှီ... ဟွမ်ဖောရွာ ချန်ယန်တောင်ကပါ..."

"မင်းရဲ့ မျိုးရိုးနာမည်က ချန်လား... အဲဒီအဘိုးကြီးချန် နဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ"

"ချန်ယင်တူးက ကျနော့်အဖိုးပါ..."

အမျိုးသမီးအားယင်က နှာမှုတ်လိုက်ပြီး။

"မင်းအဖိုးက လူဆိုးပဲ... ယုတ်မာတဲ့ ရည်ရွယ်ချက်တွေ စကားတွေပဲ အများကြီး ပြောတတ်တယ်... သူက ငါ့ရဲ့ အားကျိုးကို လာခေါ်သွားပြီးရင် လပေါင်းများစွာ ပျောက်သွားရော... တစ်ခါတလေ သူ့တကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ ပြန်လာတာ... တုယိရန်၊ ဟူရှောင်လျောင် ဆိုတဲ့ လူဆိုး​တွေလည်း ရှိသေးတယ်.."

ချန်ရှီ ဝမ်းနည်းစွာနဲ့ ဖြတ်ပြောလိုက်၏။

"အဘိုးက ဆုံးသွားပါပြီ"

အမျိုးသမီး အားယင်က စကားဆက်ပြောဖို့ တုံ့ဆိုင်းသွားပြီး ခဏအကြာမှာတော့။

"သူသေပြီဆိုတော့ ငါလည်း မကောင်းတာတွေ မပြောတော့ပါဘူး ဒါပေမဲ့ မင်းအဘိုးက... ဘာမှ မပြောဘဲနေတာပဲ ပိုကောင်းပါတယ်"

ချန်ရှီလည်း ရှက်သွားသည်။

"ဒါက မျိုးဆက်ဟောင်းတွေရဲ့ အပြစ်ပါ မင်းနဲ့ ဘာမှမဆိုင်ဘူး မင်းလည်း စိတ်မ၀င်စားသေးဘူးမလား...ထမင်း မစားရသေးရင် ဟင်းနှစ်ခွက် ပြင်လိုက်မယ်... အားကျိုး မီးလာမွှေးကုန်ပါဦး!!"

လင်မယားနှစ်ယောက် အလုပ်ရှုပ်နေချိန် ချန်ရှီလည်း အားလပ်ချိန်တွေ ရသွားသည်။ သူသည် တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံကို ထုတ်ယူပြီး ထပ်ခါထပ်ခါ ကြည့်​နေသည်။

သာမာန်စုတ်တံသည် ဝံပုလွေအမွေး စုတ်တံ တစ်ခုသာဖြစ်ပြီး ဤစုတ်တံမှာ သာမာန်စုတ်တံထက် အနည်းငယ်ပိုကြီးသည်။ စုတ်တံခေါင်းသည် ဝံပုလွေအမွေးများဖြင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ သာလွန်ထူးခြားသော တန်ခိုးပါ၀င်ပုံရသော နဂါးမုတ်ဆိတ်မွှေးများ ဖြစ်သည်။

"ဒီစုတ်တံက အသက်ရှင်တာနဲ့ သေခြင်းတရားကို ဆုံးဖြတ်နိုင်တာလား"

ချန်ရှီသည် တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံကို ကိုင်ကာ အမွှေးတိုင်တစ်ချောငိး မီးရှို့လိုက်သည်။ အမွှေးတိုင် နံ့သာတွေက တွန့်ကာလိမ်ကာဖြင့် စုတ်တံထဲ စီးဝင်သွားနေတာကို သူ မြင်လိုက်ရသည်။ ထို့နောက် နက်ရှိုင်းနဂါးရွေ့ဓားကို ထုတ်ကာ အမွှေးတိုင် တစ်ချောင်း ပူဇော်လိုက်၏။

ဒါက အနစ်နာခံမှုပင်။

ယဇ်ပူဇော်ခြင်းဟာ ဘဏ္ဍာကို နာမ်တရားဖြစ်အောင် ပြုလုပ်ခြင်းသာ ဖြစ်သည်။ ယဇ်ပူဇော်ခြင်းအပြင် သန့်စင်ခြင်းလည်း ရှိရမည်။

သန့်စင်ခြင်း ဆိုတာဟာ ရတနာကို ကျွေးမွေးရန်၊ ရတနာရဲ့ ဝိညာဉ်ကို အာဟာရ ဖြည့်တင်းရန်နှင့် မှော်လက်နက်ကို ပိုမိုအားကောင်းလာစေဖို့ အတွက် ကိုယ်ပိုင် ချီနှင့် သွေးကို အသုံးပြုရန် ဖြစ်သည်။

ချန်ရှီ ရတနာနှစ်ပါးကို သေသေချာချာ ကြည့်​နေသည်။ တရားသူကြီးစုတ်တံက နဂါးပါးသိုင်းမွေးများဖြင့် ပြုလုပ်ထားပြီး နဂါးဓားသည် တောင်များမှ နဂါးစွမ်းအင်ကို စုပ်ယူထားခဲ့သည်။ နှစ်ခုစလုံးက ကိုယ်ပိုင် အရည်အချင်းတွေ ရှိကြ၏။

မည်သို့ပင်ဆိုစေကာမူ နဂါးမုတ်ဆိတ်စုတ်တံရဲ့ စွမ်းအားက ပိုကြီးသင့်ပြီး ၎င်းရဲ့ လုပ်ဆောင်ချက်သည်လည်း ပို၍ထူးခြားသင့်သည်။ နောက်ပြီး နက်ရှိုင်းနဂါးရွေ့ဓားရဲ့ လုပ်ဆောင်ချက်ကျတော့ အတော်လေး ရိုးရှင်းပါသည်။

"ဘာပဲဖြစ်ဖြစ် ဒီရတနာကို အရှင်ဝူဝမ့်အတွက် ယူလာပေးမယ်လို့ ကတိပေးထားတယ် ဘယ်လောက်ကောင်းနေပါစေ သူ့ကို ​ပြန်ပေးရမယ်"

ရတနာနှစ်ပါးသည် နံ့သာပေါင်း၏ရနံ့ကို စုပ်ယူပြီးနောက် ချန်ရှီ ၎င်းတို့ကို ဘုံကျောင်းငယ်လေးထဲတွင် ထားရှိခဲ့သည်။ ရုတ်တရက် သူ့မှာ အကြံတစ်ခု ရလာခဲ့သည်။

"ငါ့ကို လေ့ကျင့်တဲ့​နေရာမှာ ကူညီပေးတဲ့ မယ်မယ်ရှစ်ကျီကို နတ်သန္ဓေသားလို့ သတ်မှတ်နိုင်တယ် အဲဒါကြောင့် နဂါးမုတ်ဆိတ်စုတ်တံ ဖြစ်ဖြစ် နက်ရှိုင်းနဂါးရွေ့ဓားကိုလည်း နတ်သန္ဓေသားလို့ သတ်မှတ်လို့ ရတယ်မလား?"

အစွန်းရှစ်ပါး ရွှေနန်းတော်ကို အသက်သွင်းရန် ကြိုးစားလိုက်သောအခါ ရွှေတံခါးရှစ်ခု ပေါ်လာသည်။ သို့သော် ရတနာနှစ်ပါးကို နတ်ကွန်းထဲ၌ မထားခဲ့ပေ။ သူတို့တွင် ဝိညာဉ်ရှိသော်လည်း နတ်သန္ဓေသား အဆင့်သို့ မရောက်ရှိနိုင်ဘူးဟု ထင်ရ​လေသည်။

အဖွားအို ထမင်းကို ပြင်ပြီး​ပြီမလို့ စားဖို့ လှမ်းခေါ်နေတာကြောင့် ချန်ရှီလည်း ထိုင်ချလိုက်သည်။ အမျိုးသမီးအားယင်က သူ့ကို အထူးဂရုတစိုက် ကျွေးမွေးပြီး ပြုံးပြုံးလေးနဲ့ စကားပြောသည်။

"ချစ်တူလေး... အခုတလော လေ့ကျင့်ထားတာ ဘယ်လိုလဲ? မင်းက ကျင့်​ကြံသူလား ? အားကျိုးကို သင်ပေးလို့ ရလား ? မင်းဦးလေးက ဆိုးပေမယ့် ဥာဏ်ကောင်းပါတယ်... သူက ဘာမဆို မြန်မြန်ဆန်ဆန် သင်ယူနိုင်တယ် သူ့ကို သင်ပေးပါလား... အဒေါ် မင်းကို အရသာရှိတာတွေ ချက်ကျွေးပါ့မယ် "

ချန်ရှီ အံ့အားသင့်သွားပြီး ပါးစပ်ထဲ ဝါးတူထည့်ရင်း အားကျိုးကို လှမ်းကြည့်လိုက်သည်။ ထိုအမျိုးသမီး အားယင်သည် သူမ၏ခင်ပွန်းသည် ကမ္ဘာပေါ်တွင် သြဇာအရှိဆုံးသော ကျင့်ကြံသူ၊ မြေအောက်ပျားအိမ်တော်က မရဏ အရှင်လည်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိခဲ့ပုံပင်။

အားကျိုး : "ဒါကို သင်ယူဖို့ ငါက အသက်ကြီးနေပြီ... အားယင် ရှုပ်နေတာတွေ ရပ်လိုက်တော့!"

အားယင်က ပြုံးပြီး :"ဝေလေးနဲ့ ဟူလေးတို့ကို သင်ပေးနိုင်မလား ကိုယ်ပိုင်ကျောင်း တက်ရတာက အရမ်းစျေးကြီးတယ်လေ... မိသားစုက မတတ်နိုင်မှာ ကြောက်ရတယ်"

ချန်ရှီလည်း ခဏတုံ့ဆိုင်းသွားသည်။

"ကျွန်တော်က ပုဂ္ဂလိကကျောင်းကို မရောက်ဖူးပေမယ့် သင်ပေးနိုင်ပါတယ်..."

ထိုစဥ် အားကျိုးက သူ့ကို ဝင်နှောင့်ယှက်လိုက်သည်။

"အားယင် အဲဒါကို မစဉ်းစားနဲ့တော့.. အရင်စား တစ်ဆယ်လေးက ငါ့ဆီ လာလည်တာ နှစ်ရက်နေရင် ပြန်ရမှာ ဆိုတော့ သူ ဒီမှာ အကြာကြီး မနေနိုင်ဘူး "

အမျိုးသမီးလည်း ဝမ်းနည်းစွာ သက်ပြင်းချလိုက်လေသည်။

ညစာစားပြီးသောအခါ သူမက ပြုံးပြီး ပြောလာသည်။

"တူလေး... ဝေလေးနဲ့ ဟူလေးကို ဆော့ကစားဖို့ ခေါ်သွားလိုက်... မင်းဦးလေးနဲ့ ငါက ဒီနေ့လည်ခင်းမှာ လုပ်စရာတွေ ရှိတယ် နေဝင်ခါနီးအထိ ကစားပါ"

ချန်ရှီကလည်း ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ!"

ထို့နောက် ကလေးနှစ်ယောက်ကို ဖယ်ထုတ်လာခဲ့သည်။

ချောင်ဝေနဲ့ ချောင်ဟူတို့သည် ငယ်ရွယ်သော်လည်း သန်မာပြီး ခွန်အားအပြည့် ရှိသည်။ ချန်ရှီ သူတို့ကို ငှက်သိုက်ဖမ်းဖို့ ၊ အမဲလိုက် တွင်းတွေ တူးဖို့ ၊ ငါးဖမ်းဖို့ သင်ပေးသည်။ ရွာခွေးတွေနဲ့ ဆော့ကစားရင်း ရန်ဖြစ်ကြပေမယ့် ကောင်လေးနှစ်ယောက်ကတော့ မပင်ပန်းသေးချေ။

စောနေသေးတာကြောင့် ချန်ရှီသည် ရွာအပြင်ဘက်ကို တစ်ချက် စစ်ဆေး​ကြည့်ခဲ့သည်။ ထို့နောက် ကလေးနှစ်ယောက်ကို မြောင်းထဲမှ ရွှံ့များကို တူးယူကာ ဆည်အဖြစ် စုပုံထားခိုင်းသည်။ မြောင်းအပိုင်းကို ဖြတ်၊ ရေကို ဖယ်ပြီး ငါးဖမ်းဖို့ ကြံစည်ကြလေသည်။

မြောင်းဘေးမှာ ထူးဆန်းတဲ့ အဝတ်အစားဝတ်ထားတဲ့ လူတချို့ ဖြတ်သွားတဲ့အခါ သူတို့သုံးယောက်ဟာ အလုပ်ကြိုးစားနေကြဆဲပင်။ သူတို့က ရုတ်တရက် ရပ်လိုက်ပြီး မြောင်းထဲက လူ ၃ ယောက်ကို မေးလိုက်သည်။

"ကလေးတို့... ဒီလိုခွေးကြီးနဲ့ ဒီလိုကလေးမျိုးကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က တွေ့ဖူးလား"

ချန်ရှီ၊ ချောင်ဝေနဲ့ ချောင်ဟူတို့၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ရွှံ့နွံများဖြင့် ​ပေကျံနေကြသည်။ ထိုစကားကိုကြားလို့ ခေါင်းမော့ကြည့်လိုက်တော့ လူတစ်ယောက်က လက်ထဲတွင် ရုပ်ပုံတစ်ပုံ ကိုင်ဆောင်ထားတာ တွေ့လိုက်ရသည်။ ပုံထဲတွင် ဒေါသကြီးနေသလို ထူထပ်သော မီးခိုးငွေ့များနှင့် ခွေးကြီးတစ်ကောင် ရှိနေသည်။

အခြားသူ ကိုင်ဆောင်ထားသော ပန်းချီကားမှာ ချန်ရှီ ကိုယ်တိုင်ပင် ဖြစ်သည်။ ချန်ရှီရဲ့ နှလုံးခုန်သံက တစ်ချက် ဆောင့်ခုန်သွားသည်။

"နက်ရှိုင်းနဂါးရွေ့ဓားရဲ့ သားကောင်က ငါ့ဆီလာနေပြီ!"

သူ စကားပြောခါနီးတွင် ချောင်ဝေနဲ့ချောင်ဟူက ခေါင်းယမ်းကာ “ကျွန်တော် သူ့ကို မသိပါဘူး တစ်ခါမှလည်း မတွေ့ဖူးဘူး” ဟု တစ်ညီတညွတ်တည်း ပြောကြားလာခဲ့သည်။

ထူးထူးခြားခြား အဝတ်အစားမျိုး ဝတ်စားထားသော အမျိုးသားများသည် ခေါင်းညိတ်ပြကာ ရွာဘက်သို့ လျှောက်သွားကြသည်။ သူတို့ ထွက်သွားပြီးနောက် ကလေးနှစ်ယောက်က သူ့ဘက်ကို ချာကနဲ လှည့်ကြည့်လာ၏။

"အစ်ကိုတစ်ဆယ်လေး.. မြန်မြန်လာ... သူတို့က မင်းနဲ့ စာရင်းရှင်းဖို့ လာနေကြတာ! အခု မသွားရင် အရမ်းနောက်ကျသွားလိမ့်မယ်!"

ချန်ရှီ ရယ်လိုက်သည်။

"သူတို့က ငါ့ကို လာရှာတာမှန်း မင်းတို့ ဘယ်လိုသိလဲ"

“အရင်တုန်းက အဖေနဲ့ မင်းအဘိုးက အပြင်မှာ ပြဿနာတက်တုန်းကလည်း အစိုးရက သူတို့ကို ပုံတူတွေနဲ့ လိုက်ရှာတတ်တယ်လို့ အမေက ပြောဖူးတယ်”

ချန်ရှီ သူ့လက်ကို ပေါ့ပေါ့တန်တန် မြှောက်လိုက်သည်နှင့် မြောင်းထဲရှိ ရေသည် လွင့်ပျံလာပြီး မြစ်တစ်ဖက်ကမ်းသို့ ဆင်းသက်လာသည်။ မြောင်းထဲမှာ ငါးတွေပဲ ကျန်တော့၏။

"မြန်မြန်ငါးဖမ်း... ငါးဖမ်းပြီးရင် အိမ်ပြန်ကြ.. ဒီလူတွေက ငါ့သားကောင်တွေ... ငါ သူတို့ကို ဆေးကြောသန့်စင်ဖို့ မြစ်ဘက်ကို လိုက်သွားလိုက်ဦးမယ်!"

ကလေးနှစ်ယောက်ကလည်း ငါးကို အလျင်အမြန် လိုက်ဖမ်းကြသည်။ ငါးဖမ်းပြီးတာနဲ့ ချန်ရှီ သူတို့ကို တံတားကိုဖြတ်ပြီး တစ်ဖက်ကမ်းသို့ ပြန်လွှတ်လိုက်၏။ ထို့နောက် တံတားအောက်မှာ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်က ရွှံ့များကို ဆေးကြောကာ တံတား​ပေါ်သို့ ပြန်သွားကာ သစ်ပင်အောက်တွင် ထိုင်နေလေသည်။

ထူးထူးခြားခြား ၀တ်စားထားတဲ့သူတွေ အမြန်ပြန်လာကြ၏။ ပုံတူပုဂ္ဂိုလ်က ရွာမှာရှိတယ်ဆိုတာ ကြားတော့ မြောင်းဘက်ကို ပြန်ပြေးလာခဲ့ကြသည်။

ချန်ရှီ မတ်တပ်ထရပ်လိုက်သည်။

"မိတ်ဆွေတို့.. ငါ့ကိုရှာနေစရာ မလိုပါဘူး... ငါဒီမှာစောင့်နေတာဖြင့် ကြာလှပြီ"

လူငါးဦးသည် ချန်ရှီရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါ တစ်ယောက်က ပေတစ်ရာအကွာအထိ ချက်ချင်း နောက်ပြန်ဆုတ်သွားကာ တောင်ပိုင်းရေကန်၏ မျက်နှာပြင်သို့ ရောက်သွားသည်။ သူက ခေတ္တရပ်လိုက်ပြီး တစ်ချက်နှိပ်လိုက်သည်နှင့် ရေနဂါးတစ်ကောင်လို အသွင်အပြင်က ကွက်ကွက်ကွင်းကွင်းနှင့် အသက်ဝင်လာကာ ရေအိုင်ကြီးထဲတွင် ဝေ့ဝဲလာသည်။

ခြောက်ပေ၊ ခုနစ်ပေလောက် လှမ်းတက်ပြီး လေထဲမှာ နောက်ပြန်ခုန်လိုက်သည်။ နောက်အခိုက်အတန့်တွင်တော့ သူသည် ပေဒါဇင်များစွာအကွာမှ ခုန်ချကာ အိမ်ခေါင်မိုးပေါ်၌ ရပ်လျက် ခြေထောက်တစ်ဖက်က ငုတ်တုတ် အနေအထားနှင့် တစ်ဝက်ကို ကွေးကာ အချိန်မရွေး အင်အားသုံးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

သူ့ဦးခေါင်းနောက်ဘက်ရှိ နတ်ကွန်းက လင်းထိန်သွားပြီး အခြေတည်ဝိညာဉ် ပျံထွက်သွားကာ သူ့စွမ်းရည်များ စတင် လည်ပတ်လာသည်။ တခဏချင်းမှာပဲ သူ့လက်မောင်းအောက်က သွေးတွေနဲ့ ချီစွမ်းအင်တွေ စုစည်းလာပြီး လက်ခြောက်ချောင်း ထွက်ပေါ်လာလေ၏။ သူသည် နတ်ကွန်းထဲမှ ဓားရှည်များကို တစ်ချောင်းပြီး တစ်ချောင်း ထုတ်သည်။

ဓားများသည် မိုးကြိုးအဆောင်လက်ဖွဲ့များကို အဓိကထား အသုံးပြုထားတာကြောင့် အလွန်အစွမ်းထက်လှသည်။

နောက်ထပ် လူနှစ်ဦးကတော့ ချန်ရှီနံဘေးသို့ ပြေးလာပြီး ပေတစ်ရာကျော် အကွာ၌ နေရာယူထားသည်။ တစ်ယောက်က သူ့လက်ကို မြှောက်လိုက်ပြီး နောက်တယောက်ကတော့ သူ့ရဲ့ မှော်အစွမ်းနဲ့ မြင့်မြင့်ကနေ ငုံ့ကြည့်နေသည်။

အပေါ်မှာ တစ်ထပ်နဲ့ အောက်တစ်ထပ်ဖြင့် လူနှစ်ယောက်တို့သည် အဆောင်လက်ဖွဲ့ လက်နက်များကို အသီးသီး မြှောက်ထားကြသည်။

အောက်ကလူရဲ့ လက်နက်က နတ်ကွန်းထဲက ပျံထွက်လာကာ လေချွန်သံနှင့်အတူ လှည့်နေ၏။ အပြင်ဘက်ရောက်သော် ဘီးပုံသဏ္ဌာန်ရှိသော အဝိုင်းပြား ဖြစ်သွားကာ အတွင်းအပေါက်နဲ့ အတွင်းဘက်တွင် သွားများ ပေါက်နေသည်။ ညင်ညင်သာသာ လှည့်သွားတာနဲ့ စွမ်းအင်များက ပေါက်ကွဲထွက်ကာ မီးတောက်များ တောက်လောင်သွားသည်။

အထက်ကလူသည် အပ်တစ်ရာကျော်ကို ထုတ်ထား၏။ အောက်ဘက်သို့ ညွှန်ပြ​နေသော အပ်ထိပ်ချွန်များစွာက ကွင်းတစ်ခုအသွင် တပ်ဆင်ကာ ချန်ရှီကို ချိန်ထားသည်။

ပဉ္စမမြောက်လူသည် ချန်ရှီကို မျက်နှာမူကာ ငြိမ်သက်စွာ ရပ်နေသော်လည်း နတ်ကွန်းထဲက နတ်သန္ဓေသားလေးတစ်ဦးနှင့်အတူ အခြေတည်ဝိညာဥ်က နတ်သန္ဓေသား၏ လက်ဖဝါးတွင် ထိုင်နေခဲ့သည်။

၎င်းတို့ငါးဦးစလုံးသည် အ​ခြေတည်ဝိညာဥ်က သခင်များ ဖြစ်ကြပြီး ခေတ္တခဏအတွင်း တိုက်ခိုက်ရေး အပြင်အဆင်ကို ပြီးမြောက်သွားခဲ့သည်။

ဒါကိုမြင်တော့ ချန်ရှီရဲ့ မျက်လုံးတွေ တောက်ပလာခဲ့သည်။

"ခင်ဗျားတို့ ညီအစ်ကိုတွေ အကုန်လုံးက အရမ်း ကျွမ်းကျင်တာပဲ... ဒီသိုင်းနဲ့ သတ်ဖြတ်နည်းကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြရမှာပေါ့နော်... ဒါပေမယ့် အထင် မမှားပါနဲ့ ခင်ဗျားတို့ကို တားလိုက်တာက ရတနာကို ပြန်ပေးဖို့ပါ"

သူ့စိတ်နဲ့အတူ ခေါင်းအနောက်မှာ ဘုံကျောင်းငယ်တစ်ခု ပေါ်လာသည်။ ချန်ရှီသည့ တရားသူကြီးရဲ့ နဂါးမုတ်ဆိတ်စုတ်တံနဲ့ နက်ရှိုင်းနဂါးရွေ့ဓားကို နတ်ကွန်းထဲမှာ ထည့်ထားခဲ့ပြီး သူ့​​သွေးနဲ့ စွမ်းအင်တွေဖြင့် ပူဇော်ထားခဲ့သည်။

သူအနည်းငယ် တုံ့ဆိုင်းနေသော်လည်း နက်ရှိုင်းနဂါးရွေ့ဓားသည် တစ်ဖက်လူတွေ ခက်ခက်ခဲခဲ ရှာဖွေခဲ့သော ရတနာတစ်ခုဖြစ်ရာ တွန့်ဆုတ်နေသော်လည်း ပြန်ပေးရမည်။

ချန်ရှီနှင့် ဆန့်ကျင်ဘက်လူသည် ဗေဒင်ဆရာအဖြစ် ၀တ်ဆင်ထားသည်။ ချန်ရှီ ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်ကို မြင်လိုက်ရတော့ အနည်းငယ် အံ့အားသင့်မိသော်လည်း ဓားပျံထွက်လာတာ မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားကာ အနည်းငယ်ပြုံးပြရင်း မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။

"ခေတ်ကို သိတဲ့သူက သူရဲကောင်းပဲ... ညီလေး မင်းအချိန်တွေကို ကောင်းကောင်း သိတဲ့လူဆို​ပေမယ့် ပန်းရှန်းဂိုဏ်းရဲ့ ရတနာတွေကို လုယက်ပြီးမှ ဒီဓားကို ဒီအတိုင်းပဲ ပြန်ပေးသင့်တယ်လို့ ထင်နေလား... မင်းက နုံတယ်​လို့​ပြောရမယ်..."

ချန်ရှီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက ဘယ်ဂိုဏ်းက??"

ဗေဒင်ဆရာက ပြုံးပြီး ပြော၏။

"ပန်းရှန်းဂိုဏ်း"

ချန်ရှီ နက်ရှိုင်းနဂါးရွေ့ဓားကို ကိုင်ထားပြီး ဓားကို အနည်းငယ် စောင်းကြည့်လိုက်သည်။

"ဒါဆို မင်းတို့က သခင်​လေးရဲ့ လူတွေပေါ့?"

All Chapters