ဖန်တီးခံတတိယအဆင့်၊ အိပ်မက်ဆိုးသစ်သား
Vol. 16 Ch. 229
ဗေဒင်ဆရာကလည်း အတော်လေး အံ့အားသင့်သွားပုံဖြင့် ချန်ရှီကို အပေါ်အောက် ငုံ့ကြည့်လိုက်သည်။
"သခင်ငယ်ကို သိလား? မင်းက ဘယ်သူလဲ"
သခင်ငယ်သည် နျန်တူး တစ်ခုတည်းမှာပင် ပိုင်ဆိုင်မှု ၃ လေးခု အပါအဝင် ၎င်း၏အမည်အောက်တွင် ပိုင်ဆိုင်မှုများစွာ ရှိသည်။ သူသည် ကိုယ့်လူအချင်းချင်း မစော်ကားချင်ပါ။
ချန်ရှီက နက်ရှိုင်းနဂါးရွေ့ဓားရဲ့ ဓားသွားကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ဓားမြှောင်ထဲက နဂါးငယ်သည် သူ့လက်ချောင်းများနှင့်အတူ ကူးခတ်နေပြီး သူ့လက်ချောင်းထိပ်များကို အလွန်စိတ်ဝင်စားနေပုံရသည်။
"ယွိတူး... ယန်းကျစ်လမ်းကြားက အမျိုးသမီးကြီး၊ ပျော်ရွှင်သစ်တောက လူကြီးမင်းတု၊ ဟုန်ညောင်အဖွဲ့က အဒေါ်ရွှယ်၊ မင်ဖုန်းအဆောက်အအုံက ဆိုင်ရှင်ချို... "
ချန်ရှီ အပြုံးတစ်ပွင့်နဲ့ ပြောလိုက်သည်။
"သူတို့အားလုံး ငါ့လက်ထဲမှာပဲ သေကုန်ကြတာ.... မင်းက ပန်းရှန်းဂိုဏ်းရဲ့ ဗေဒင်ဆရာပေါ့ ဒီနေ့ မင်းရဲ့ ကံကြမ္မာက ဘယ်လိုရှိလဲ ငါ့ကို လာပြောစမ်းပါဦး... အဲဒါမှန်မမှန် ငါကြည့်ကြည့်မယ်"
ဗေဒင်ဆရာ၏ မျက်နှာသည်လည်း အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ ဦးခေါင်း အနောက်က အခြေတည်ဝိညာဥ်၏ လက်ထဲတွင် ပေသီးတစ်လုံး ပေါ်လာသည်။ ပေသီးသည် အလွန်သိမ်မွေ့ပြီး အရွယ်အစားမှာ တစ်လက်မခွဲခန့်သာ ရှိသော်လည်း ၉၁ လုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
အထူးခြားဆုံး အချက်မှာ ပေသီးပုတီးစေ့ တစ်လုံးစီတွင် မတူညီသော အဆောင်စာလုံး တစ်ခုစီပါရှိပြီး အရှေ့နှင့်အနောက် တစ်ဖက်စီတွင် အဆောင်စာလုံး ငါးခုစီထွင်းထားကာ ဒြပ်စင်ငါးခုနှင့် ကိုက်ညီလေသည်။
ပုတီးစေ့ရဲ့ အလယ်အပိုင်းက ပို၍ပင် ရှုပ်ထွေးလှသည်။ ၎င်းပေါ်တွင် ရေးထိုးထားသော စာလုံးများက ရှစ်မျိုးအထိ ရှိကာ ပါးကွာ့အစီအရင် ရှစ်ကွက်နှင့် ကိုက်ညီသည်။ ပေသီးကိုယ်နှိုက်ကိုလည်း ရွှေချည်နှင့် ရောစပ်ထားကာ ထူးထူးခြားခြား ပုံစံအမျိုးမျိုးဖြင့် ရေးထွင်းထားသည်။ လက်ရာမြောက်သော လက်ရာတစ်ခုပင်။
ဒီပေသီးလေးပေါ်က ပုတီးစေ့တစ်စေ့လောက်ကတောင် ငွေရာနဲ့ချီ တန်လေသည်။ ဤကျွမ်းကျင် လိမ္မာသော လက်မှုပညာသည် ပိုင်လျန့်ခန်းမ သို့မဟုတ် ပန်းရှန်းဂိုဏ်းရဲ့ လက်ရာသာ ဖြစ်သည်။
"ကံကြမ္မာကို ပြောခိုင်းနေတာ! ငွေလာရေပြနေတယ်!!"
ချန်ရှီ ဟစ်အော်ကာ ရှေ့သို့ လှမ်းတက်လိုက်သည်။ သူ့လက်ထဲက ဓားလက်ချောင်းကိုလည်း "ဝှေ့ယမ်း" သံဖြင့် ခုတ်ချလိုက်သည်။
ဗေဒင်ဆရာလည်း လေထုပေါက်ကွဲသံကို ကြားလိုက်ရသည်။ နက်ရှိုင်းနဂါးရွေ့ဓားက သူ့ရှေ့ကို ရုတ်ချည်း ရောက်ချလာရာ ၎င်းကိုရှောင်ရန် သူ့ခေါင်းကို လှည့်လိုက်သည်။ တစ်ဖန် နက်ရှိုင်းနဂါးရွေ့ဓားကို တိုက်ခိုက်ဖို့ အခြေတည်ဝိညာဥ်ကို ထုတ်လွှတ်လိုက်၏။
"လွတ်သွားပြီ!"
သူက မျက်လုံးကို ပြူးကျယ်ကျယ် ဖွင့်ထားသည်။ နက်ရှိုင်းနဂါးရွေ့ဓားသည် အေးစက်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ့အား ဖြတ်ကျော် ပျံသန်းလာတာကို ကြည့်ရင်း သူ့နှလုံးသားမှာ မပျော်ရွှင်မှု အပြည့်နှင့်။
ချန်ရှီ၏ ဓားသည် မြန်လွန်းသဖြင့် သူ့အသက်ကို ချည်မျှင်ဖြင့် ချည်နှောင်ထားလိုက်သလိုပင်။ ကံကောင်းထောက်မစွာပဲ သူ့လည်ပင်းက သန်မာပြီး ခေါင်းကို အချိန်မီ လှည့်လိုက်နိုင်ခဲ့သည်။ မဟုတ်ရင် ဒီထိုးနှက်မှုက သူ့အသက်ကို ဆုံးရှုံးသွားစေလိမ့်မည်။
သို့သော် သူ့ရဲ့ လျင်မြန်လွန်းသော တုံ့ပြန်မှုကြောင့် ပေသီးများကို အချိန်မှား၍ တွက်ချက်မိသွားကာ ချန်ရှီဓားကို မတားမိလိုက်။
ထိုအချိန်တွင် ပေသီးပုတီးစေ့များရဲ့ စွမ်းအားက စတင်နှိုးဆွလာသည်။ ပုတီးစေ့ မျက်နှာပြင်ပေါ်ရှိ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီးစွမ်းအင်တို့က ရုတ်ချည်း တောက်ပလာကာ ချန်အကွက်၊ ခွမ်းအကွက်ထဲက လေနှင့် မိုးခြိမ်းသံများလည်း လှည့်လာပြီး ပေသီးပုတီးစေ့များကို လျင်မြန်စွာ ကြီးထွားလာစေလေသည်။
ဤလက်နက်က အလွန်အစွမ်းထက်ပေ၏။ အသက်သွင်းပြီးတာနဲ့ ပေသီး ၉၁ လုံးဟာ ဒြပ်စင်ငါးပါးဖြင့် အချင်းချင်း ပေါင်းစပ်သွားကာ တန်ခိုးများက သိသိသာသာ တိုးလာသည်။ ပါးကွာ့အစီအရင်ရဲ့ အကူအညီကြောင့် ပိုလို့တောင် ကြီးမားလာသည်။
ဒြပ်စင်ငါးပါးက တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဖြစ်သည်။ ရန်သူဘက်က အားကောင်းလွန်းပါက ရန်သူကို ထောင်ချောက်ဆင်ရန် ပေသီးပုတီးစေ့များကို အသုံးပြုနိုင်သည်။ အားနည်းတဲ့ ရန်သူဆိုလျှင် ပြင်ပမှ ထိန်းထားရန် ဒြပ်စင်ငါးပါးကို သုံးကာ အတွင်းပိုင်းမှ ဒြပ်စင်ငါးခုကို ပေါက်ကွဲစေပြီး ရန်သူကို ခဏအတွင်း အပိုင်းပိုင်းအထိ ဖြိုခွဲပစ်နိုင်သည်။
သူ၏ ပေသီးတွင် အသုံးပြုနည်း ၁၀၈ ခု ရှိပြီး အနီးကပ် တိုက်ခိုက်ရေး ကာကွယ်ရေးနှင့် အဝေးမှ ပစ်လွှတ်ရန်အတွက် ရွေ့လျားနည်း ၁၀၈ မျိုးအထိ ရှိကာ အားလုံး ကျေနပ်အားရစရာ ကောင်းသည်။
"ဒီလူက နက်ရှိုင်းနဂါးရွေ့ဓားကို ရသွားပေမယ့် ဘယ်လို ပြုပြင်ရမလဲဆိုတာ မသိသလို ဓားတစ်လက်လိုပဲ သုံးနေတာ!"
ခဏတာအတွင်း သူ့စိတ်ထဲမှာ အတွေးများစွာ ပေါ်လာပြီး အချို့ကို ထုတ်ဖော်ပြသဖို့ စိတ်ကူးတွေပါ ပေါ်လာသည်။
"သူ့ရဲ့ခန္ဓာအောက်ပိုင်းကို ဖမ်းဖို့အတွက် အတွင်းဒြပ်စင်ငါးခုကို သုံးလိုက်မယ်... သူ့ကို ချေမှုန်းဖို့ ရွှေစွမ်းအင်၊ သူ့ကို တောင့်တင်းသွားအောင် သစ်သားစွမ်းအင်၊ သူ့ကို မီးရှို့ဖို့ မီးစွမ်းအင်၊ သူ့ကို ပြာဖြစ်အောင် ဆေးကြောဖို့ ရေစွမ်းအင်နဲ့ သူ့ကို အမှုန့်ချေပစ်ဖို့ မြေကြီးစွမ်းအင်ကို သုံးမယ်... ပြီးရင်တော့ သူ့ကို အပိုင်းပိုင်းခွဲဖို့ ပြင်ပဒြပ်စင်ငါးပါးကို သုံးလိုက်မယ်... နောက်ဆုံးရောက်မှ သူ့ကို သန့်စင်ဖို့ ပါးကွာ့အစီအရင်ကို သုံးမယ်!"
ဒီအချိန်မှာ သူ့ပေသီးရဲ့ အစွမ်းက အပြင်ဘက်မှာ ကျယ်ပျံ့လာတဲ့အတွက် ဗေဒင်ဆရာကလည်း သူ့စွမ်းအင်ကို ထိန်းဖို့ ပြင်ဆင်နေလေသည်။ တစ်ချိန်တည်းမှာပင် သူ့နောက် ပေဒါဇင်များစွာသော ခေါင်မိုးပေါ်၌ ထိုင်နေသော အခြေတည်ဝိညာဥ် ကျင့်ကြံသူ၏ လည်ပင်းတွင် အနီရောင်မျဉ်းတစ်ကြောင်း ရုတ်တရက် ပေါ်လာသည်။
ထိုလူက သူ့ဆီသို့ ပျံသန်းနေသော ဓားရှည်ကို မြင်သော်လည်း ၎င်းရဲ့အရှိန်က မြန်လွန်းသဖြင့် ဘယ်လိုမှ မတုံ့ပြန်နိုင်ခဲ့။ သူ့ရှေ့တွင် အလင်းတစ်ခု ပေါ်လာပြီး သူ့လည်ပင်းကို ဖြတ်သွားခဲ့သည်။ ထိတ်လန့်သွားပြီး လေထဲသို့ အမြန်ခုန်ဆင်းလိုက်ပေမယ့် လေထုထဲမှာ ပျံဝဲနေရင်း ရုတ်တရက် တစ်ခုခုကို သတိထားမိသွား၏။
"ငါ ဘာလို့ ဒီလောက်တောင် ပေါ့ပါးနေတာလဲ"
အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့လည်ပင်းအောက်က အလောင်းမှာ လက်ရှစ်ချောင်းရှိပြီး ခုန်တော့မယ့်ပုံအတိုင်း လက်နှစ်ဖက်ကို ဆန့်တန်းထားတာ တွေ့လိုက်ရသည်။ သူသည် သူ့ခန္ဓာကိုယ်နှင့် ခုန်တက်ခဲ့သော်လည်း သူ့ခေါင်းက ပိုမြင့်လာခဲ့သည်။
နက်ရှိုင်းနဂါးရွေ့ဓားက သူ့ကို ထိလိုက်တာနဲ့ တစ်ချိန်တည်းမှာပဲ ချန်ရှီကလည်း သူ့ရဲ့ ဓားပုံစံကို တိမ်ဓားပုံစံအဖြစ် ပြောင်းလဲပစ်လိုက်သည်။
တိမ်တိုက်ဓားပုံစံ မပြီးမီ ၎င်းသည် ခုတ်ထစ်ဓားပုံစံအဖြစ် ပြောင်းလဲပြီးနောက် စုစုပေါင်း လေးကြိမ်မျှ လှုပ်သွားသည်။ ကျစ်ဝူရှဲ့သတ်ဓားရဲ့ အရိုးရှင်းဆုံး လှုပ်ရှားမှုများဖြစ်ပြီး ပညာတတ်သူတိုင်း လုပ်ဆောင်နိုင်သည့် လှုပ်ရှားမှုများဖြစ်သည်။
မြန်ဆန်လွယ်ကူသော ဓားလှုပ်ရှားမှု လေးခုသာ။
သူ့အထက်တွင် ဆေးအပ်တစ်ရာကျော်ကိုလည်း တိမ်တိုက်ဓားဖြင့် ဖြတ်တောက်ပစ်လိုက်ကာ အဲဒီလူရဲ့ လည်ပင်းကိုလည်း တိမ်ဓားနဲ့ ဖြတ်ပစ်ခဲ့သည်။
ဓားက တစ်စုံတစ်ခုကို ခွဲသွားသည့် ပုံစံသည် အပေါ်မှအောက်သို့ ဖြတ်ကျော်သွားသည်။ ချန်ရှီနောက်ဘက် ပေတစ်ရာခန့်ရှိ လူ၏ဦးခေါင်းကို ဖြတ်သွားတာကြောင့် ထိုသူ၏ခေါင်း အနောက်ဘက်ရှိ နတ်သန္ဓေသားပါ အအတူ ပိုင်းခြားခံလိုက်ရသည်။
ဓားသုတ်သင်သည့် ပုံစံ၏ အရှိန်သည် အလွန်မြန်သည်။ ပေတစ်ရာအကွာ ရေကန်မျက်နှာပြင် အထက်က ရေနဂါးသည် ၎င်း၏လည်ပင်းကို လိမ်ကာ သုတ်သင် ခံလိုက်ရပေ၏။
နဂါးခေါင်းပေါ်တွင် ရပ်နေသော အခြေတည်ဝိညာဥ် နယ်ပယ်က လူလည်း ရေနဂါးနှင့်အတူ လည်ပင်းကို အဖြတ်ခံလိုက်ရသည်။ ဤအခိုက်အတန့်တွင် သူသည် လည်ချောင်းကို လက်တစ်ဖက်ဖြင့် အုပ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆေးပုလင်းကို အရူးအမူး ရှာဖွေနေသည်။ သူ့အသက်တာ ဆက်ရှည်ဖို့ မသေခင်မှာ ဆီလိမ်းဖို့ ကြိုးစားနေခဲ့၏။
သူ့ခမျာ ထိတ်လန့်တုန်လှုပ်သွားစွာ တုန်ရီနေတာကြောင့် သူ့လက်ထဲက ဆေးပုလင်းဟာ ရေကန်ထဲကို ရုတ်တရက် ပြုတ်ကျပါသွားတော့သည်။ အော်ဟစ်နေရင်း သူ့လည်ပင်းမှာ သွေးတွေဟာ အသည်းအသန် စိမ့်ထွက်လာခဲ့ကာ သူ့ခန္ဓာကိုယ်ကလည်း ရေကန်ထဲ နစ်မြုပ်သွားလေသည်။
ချန်ရှီသည် ပျံသန်းနေသော နက်ရှိုင်းနဂါးရွေ့ဓားကို ဖမ်းကိုင်လိုက်ပြီး ဓားကိုယ်ထည်ကို ဓားလက်ချောင်းဖြင့် အသာအယာ သုတ်လိုက်သည်။
ဓားကိုယ်ထည်သည် ရေနှင့်တူပြီး ရေထဲတွင်ရှိသော နဂါးငယ်သည် သူ့လက်ချောင်းများ၏ လှုပ်ရှားမှုအတိုင်း လိုက်နာကာ နာခံစွာ ကူးခတ်နေသည်။
"မင်း သိပြီလား?"
ချန်ရှီရဲ့ လက်ချောင်းထိပ်များက ဓားဖျားကို ပွတ်လိုက်ပြီး တစ်ဖက်လူရဲ့ မျက်လုံးများကို စိုက်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"ဒီနေ့ မင်း အသက်ရှင်မှာလား ဒါမှမဟုတ် သေတော့မှာလား"
ဗေဒင်ဆရာသည် ဤအချိန်တွင်တော့ "လူ့ဇာတိ အဂ္ဂိရတ်ဆေး" ကို တွေးပြီး ပေသီး၏ စွမ်းအားကို ထိန်းထားနိုင်ခဲ့သည်။ ဒုတိယအကွက်ကို ဆက်သုံးဖို့ ပြင်ဆင်တော့မည်။ ထိုမှပင် သူနှင့်အတူ လိုက်ပါလာသည့် လူလေးယောက်လုံး သေဆုံးသွားကြောင်း ရုတ်တရက် သိလိုက်သည်။
နဖူးပေါ်ကနေ အေးစက်သော ချွေးများက ထွက်လာပြီး သူအနောက်ဖက်၌ လေးလံသော အရာတစ်ခု ပြုတ်ကျသံကို ကြားလိုက်ရသည်။ အသံနှစ်ချက် ထွက်ပေါ်လာ၏။ ပထမတစ်ချက်မှာ ဦးခေါင်းမရှိသော ခန္ဓာကိုယ် ပြုတ်ကျသံဖြစ်ပြီး ဒုတိယအသံမှာ လူခေါင်း ပြုတ်ကျသံ ဖြစ်သည်။
ထို့နောက် ကျယ်လောင်သော အသံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့ကာ ပျံသန်းနေသော ဆေးအပ်များ ကောင်းကင်မှ ပြုတ်ကျသွားသည်။ အပ်စက်ကွင်းက ပျက်စီးသွားကာ အပ်ပိုင်ရှင်၏ ခန္ဓာကိုယ်သည် လေချွန်သံနှင့်အတူ ပြုတ်ကျသွားသည်။
သူ့နောက်မှာတော့ ဦးခေါင်းပြတ်သွားတဲ့ အလောင်းဆီမှ နတ်ကွန်း ကွဲထွက်သွားတဲ့အသံကို ကြားရပြီး ရေထဲကျသွားတဲ့ အလောင်းရဲ့အသံကိုလည်း ရေကန်မျက်နှာပြင်ထက်မှာ ကြားနေရပါ၏။
ဗေဒင်ဆရာ့နဖူးမှာ ချွေးတွေက ရေခဲတမျှ အေးစက်နေသည်။ ဒီလောက် လျင်မြန်စွာ ပျံသန်းနိုင်သော ဓားရှည်ကို သူ တစ်ခါမှ မမြင်ဖူးပါ။
အရမ်းမြန်လွန်းသည်။
မူလက သူသည် ပျံသန်းနေသောဓားကို ချိန်ရွယ်ထားသည်ဟု ထင်ခဲ့သည်။ သူ ဓားပျံကို ရှောင်လိုက်သောအခါ အနည်းငယ် စိတ်သက်သာရာ ရသွားကာ သူ့ကိုယ်သူ သန်မာပြီဟုပင် ထင်ခဲ့မိသည်။ မမျှော်လင့်ဘဲ ပျံသန်းနေသောဓား၏ ပစ်မှတ်မှာ သူလုံးဝ မဟုတ်ဘဲ သူ့အဖော်တွေ ဖြစ်နေ၏။
တိုက်ခိုက်မှုကို သူ ပြန်မရုတ်သိမ်းနိုင်ခင်မှာ သူ့ရဲ့အဖော် လေးယောက်စလုံးဟာ ပေတစ်ရာ ဒါမှမဟုတ် နှစ်ရာလောက် အကွာမှာတင် သေဆုံးသွားခဲ့ပါပြီ။
ဒီလို လျင်မြန်တဲ့ ဓားရှည်ကြီးကို သူ တစ်ခါမှ မမြင်ဖူးဘူး။
ပန်းရှန်းဂိုဏ်းတွင် သခင်များနှင့် ထူးချွန်သူများ များစွာ ရှိသော်လည်း ဒီလောက် လျင်မြန်သော ဓားမျိုးကို တစ်ခါမှ မထုတ်သုံးနိုင်ကြ။ ချန်ရှီကို ကြည့်လိုက်ချိန်၌ သူ့စ်တ်ထဲ နားမလည်နိုင်တဲ့ ဖိအားကို ခံစားလိုက်ရသည်။
"ငါ……"
သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်လာသည်။ သူတွေးလိုက်မိတဲ့ လှုပ်ရှားမှုတွေ အားလုံး ပျောက်ကွယ်သွားပြီး သူ့စိတ်တွေ လွတ်ထွက်သွားသည်။ ထိုအခိုက် ချန်ရှီက သူ့ဆီ လှမ်းတက်လာပြီး နက်ရှိုင်းနဂါးရွေ့ဓားကို ဖယ်ကာ နဂါးမုတ်ဆိတ်စုတ်တံကို ထုတ်ယူလိုက်သည်။
"မင်းပြန်သွားပြီးရင် ဖြည်းဖြည်းချင်း တွက်ကြည့်လို့ ရတယ်"
သူသည် သူ၏ ချီသွေးနှင့် စွမ်းအင်ကို သစ်ကြံပိုးခေါက်အဖြစ် သုံးကာ နဂါးမုတ်ဆိတ်စုတ်တံကို လှုပ်ရှား ရေးသားနေခဲ့သည်။ ဤအဆောင်စာလုံး ရေးသားပုံက မိရိုးဖလာ အဆောင်ဆွဲနည်းစနစ်ရဲ့ အပိုင်းသုံးပိုင်း ဖွဲ့စည်းပုံ မပါဝင်ချေ။ ယင်းအစား မြွေ သို့မဟုတ် ရေဘဝဲတစ်ကောင်လို အမြစ်များစွာပါရှိသော သစ်ပင်ကြီးတစ်ပင်ကို ပုံဖော်ထားခြင်းပင်။
အတွင်းပိုင်း ဖွဲ့စည်းပုံသည် အလွန်ရှုပ်ထွေးပြီး အသေးစိတ် အချက်များစွာ ရေးထည့်ထားသည်။ ဒီလို အဆောင်လက်ဖွဲ့ကို သာမန်စုတ်တံနဲ့ ဆွဲလျှင် နှစ်ရက် သို့မဟုတ် သုံးရက်ခန့်ကြာမြင့်မှာ ဖြစ်ပြီး အမှားလုပ်မိဖို့လည်း လွယ်ကူသည်။
ဒါပေမယ့် ထင်ထားတဲ့အတိုင်း အခုဒီစာလုံးပေါင်း တစ်ခုကို ဖန်တီးနိုင်ဖို့ အလွန်ရိုးရှင်းပြီး အမှားလုပ်မိနိုင်ခြေ အလွန်နည်းတာ တွေ့လာရသည်။
ဤအဆောင်လက်ဖွဲ့ကို အိပ်မက်ဆိုးသစ်သား ဟုခေါ်ပြီး "အဆောင်လက်ဖွဲ့ဖန်တီးရတနာ စာအုပ်" တွင် တတိယအဆင့် အဖြစ် အဆင့်သတ်မှတ်ထားသည်။ ၎င်းသည် အခြေတည်ဝိဥာဉ်နယ်ပယ်မှာ ချန်ရှီ ရေးဆွဲနိုင်သည့် အရှုပ်ထွေးဆုံး ဖန်တီးမှု သင်္ကေတဖြစ်သည်။
၎င်းကိုဆွဲရန် ထူးဆန်းသော ပစ္စည်းများစွာ လိုအပ်သည်။ နတ်ဆိုး၏ အရေပြား၊ သရဲတစ္ဆေများ လုပ်ထားသော ဖျော်ရည်၊ ပန်းချီမရေးဆွဲမီ နံနက်ခင်းမှာ ကျသော နှင်းရည်နှင့်အတူ အထူးမြေမှုန့်ကို လိုအပ်ပါသည်။
သို့သော် ရတနာဖန်တီးမှု စာအုပ်ထဲက အဆောင်စာလုံးတွေဟာ ယင်နှင့်ယန်ကို ချိတ်ဆက်နိုင်သည့် စုတ်တံတစ်ခုရှိလျှင် ထိုပစ္စည်းများကို ရှာနေစရာ မလိုအပ်တော့ဘူးဟု ဆိုထားသည်။ ဆေးခြယ်ထားသော အိပ်မက်ဆိုးသစ်သားက အစွမ်းထက်မှုတော့ နည်းပါးပေလိမ့်မည်။
ဗေဒင်ဆရာက ကျယ်လောင်သော လေသံဖြင့် လှမ်းအော်သည်။
“ငါ့ကို လွှတ်ပေးမှာလား?
ချန်ရှီ: "အိပ်မက်ဆိုးသစ်သားလို့ ခေါ်တဲ့ အဆောင်စာလုံးကို မင်းရင်ဘတ်မှာ ကပ်ထားခဲ့တယ်... မင်း ပန်းရှန်းဂိုဏ်းကို ပြန်ရောက်တဲ့အခါ မင်းရဲ့ဂိုဏ်းချုပ်ကို ချက်ချင်းရှာပြီး အဆောင်စာလုံးကို ချိုးခိုင်းဖို့ အကောင်းဆုံး အဆောင်ဆွဲ မှော်ဆရာကို တောင်းဆိုလိုက်... မင်းကို သုံးနာရီလောက် အချိန်ပေးမယ် မနှောင့်နှေးမိစေနဲ့..."
ဗေဒင်ဆရာလည်း တုန်လှုပ်ခြောက်ခြားကာ အရှိန်အဟုန်ဖြင့် အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။ ချန်ရှီ သူ့လက်ချောင်းထိပ်များကို ညင်သာစွာ ယမ်းလိုက်ရာ ကြီးမားသော မီးတောက်များ ပျံတက်သွားပြီး အလောင်းများကို မြေပြင်ပေါ်တွင်ပင် လောင်ကျွမ်းကာ ပြာချပစ်လိုက်သည်။
လရောင်ကြောင့် နတ်ဆိုးများအဖြစ်သို့ မပြောင်းလဲစေရန် ရွာရှိ အခြားအလောင်းနှစ်လောင်းကိုလည်း ပြုစုပေးလိုက်သည်။ ထို့နောက် ရွာသားများ၏ ထိတ်လန့်သော အကြည့်များကြားတွင် သူသည် အားကျိုး၏ အိမ်ဆီသို့ လျှောက်သွားခဲ့သည်။
အားယင်က သူ လူသတ်နေတာကို မြင်သောအခါ တုန်တုန်ယင်ယင်ဖြင့် တံခါးကို သော့ခတ်ပြီး ခြံထဲတွင် ပုန်းနေခဲ့သည်။ သူမက ကလေးနှစ်ယောက်ကို ပွေ့ဖက်ရင်း တဆက်ဆက် တုန်လှုပ်နေ၏။
တံခါးခေါက်သံ ကြားလိုက်ရတော့ အားကျိုးက တံခါးသွားဖွင့်ဖို့ ပြင်ဆင်နေတာကို တွေ့လိုက်ရသဖြင့် သူမက အလျင်စလိုနဲ့ တားလိုက်သည်။
"ချောင်ကျိုး... တံခါးမဖွင့်နဲ့ သူက လူတစ်ယောက်ကို သတ်လိုက်တာ!"
အားကျိုး: "တစ်ဆယ်လေးက ငါတို့ကို ဒုက္ခမပေးဘူး"
"သူ ကျွန်မတို့ကို မကောင်းတာလုပ်မှာ မဟုတ်ဘူး ဆိုရင်တောင် သူ့ရန်သူတွေကရော?"
အားကျိုး ခဏ တုံ့ဆိုင်းသွားစဥ် တံခါးအပြင်ဘက်မှ ချန်ရှီရဲ့ အသံကို ကြားလိုက်ရသည်။
"ဦးလေးအားကျိုး... ကျွန်တော် တစ်ဆယ်လေးပါ.. လူတိုင်းမှာ ကိုယ့်လုပ်ရပ်အတွက် တာဝန်ရှိတယ် ကျွန်တော် အမှားတစ်ခုခုလုပ်မိပြီး နောက်ဆက်တွဲ အကျိုးဆက်တွေကို ကျွန်တော်ကိုယ်တိုင် ခံပါ့မယ်... ဒီကိစ္စကို ကျွန်တော်သွားဖြေရှင်းလိုက်ပါ့မယ်.. ဦးလေးတို့ကို မနှောင့်ယှက်တော့ပါဘူး"
အားကျိုးလည်း တံခါးနောက်မှာ ရပ်လိုက်ပြီး တုံ့ပြန်သည်။
"မင်း သွားလို့ရပြီ... ချန်ယင်တူးရဲ့ သားမြေးတွေက တခြားသူတွေထက် အားမနည်းပါဘူး.. မင်းအဘိုးရဲ့ ဂုဏ်သတင်းကို အရှက်မကွဲစေနဲ့"
ချန်ရှီ တစ်ချက် ဦးညွှတ်လိုက်သည်။
"ဦးလေး စိတ်မပူပါနဲ့... ကျွန်တော် အစွမ်းကုန် လုပ်မယ် အဒေါ်လည်း စိတ်ချပါ... ကျွန်တော် အဒေါ့်ကို စိတ်မပျက်စေရပါဘူး"
အမျိုးသမီးက စကားမပြောရဲပေ။ ချန်ရှီ တံခါးပေါက်ရဲ့ အက်ကွဲရာကနေ ငွေစက္ကူတချို့ကို ဖွဖွလေး ထိုးထည့်ပေးလိုက်သည်။
"ဒေါ်လေး ဝေလေးနဲ့ ဟူလေးကို သင်ပေးဖို့ အချိန်မရှိဘူး.... ဦးလေးအားကျိုးမှာ လုပ်စရာတွေ အများကြီး ရှိတယ် ပိုက်ဆံလည်း သိပ်မရဘူး။ ဒီမှာ ငွေတချို့ကို ယူပြီး သူတို့အတွက် ကိုယ်ပိုင်ကျောင်းကောင်းကောင်း ရှာပေးလိုက်ပါ... သူတို့အနာဂတ်ကို မနှောင့်နှေးပါစေနဲ့.."
ထို့နောက် သူ လှည့်ထွက်သွားခဲ့သည်။
အားကျိုး ထိုငွေစက္ကူများကို ထုတ်ကာ ဖွင့်လိုက်သည်။ ၎င်းတို့အားလုံးသည် တစ်ရွက်လျှင် ငွေတစ်ရာတန်ဖိုးရှိပြီး ဝမ့်စန်းငွေစံအိမ်ရဲ့ အသိအမှတ်ပြုမှုပါလို့ မည်သည့်နေရာတွင်မဆို ငွေ လဲလှယ်နိုင်သည်။
အားကျိုးက တံခါးဖွင့်ပြီး သူ့ကို ပြန်ပေးချင်ပေမယ့် အမျိုးသမီးအားယင်က သူ့ကို တားလေသည်။
"ဒါက ရှင့်တူလေးရဲ့ လက်ဆောင်လေ... ဘာလို့ လက်မခံတာလဲ... ဒီပိုက်ဆံကို လက်မခံရင် ရှင့်သားနှစ်ယောက် ကျောင်းတက်နိုင်ပါ့မလား ပျားမွေးမြူရေးလုပ်ရတဲ့ ပိုက်ဆံနဲ့ ဒီဘဝမှာ ပုဂ္ဂလိကကျောင်းကို ဘယ်တော့မှ ဝင်နိုင်မှာမဟုတ်ဘူး"
အားကျိုးလည်း ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"မင်းတို့ သားအမိတွေကို ဒုက္ခပေးမိလို့ ကိုယ် တောင်းပန်ပါတယ်"
သူက ရုပ်ရည်ချောမောပြီး စွဲမက်ဖွယ်ကောင်းပေမယ့် တောက်ပြောင်တဲ့ မျက်နှာနဲ့ ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်ပင်။ မြေအောက်တမန်တွေကို မရဏာနိုင်ငံမှ လစာပေးပါသည်။ လစာကများပေမယ့် သေပြီးရင် သုံးလို့ရတဲ့ စက္ကူငွေတွေနဲ့ စုဆောင်းထားတဲ့ ကုသိုလ်ကံများသာ ဖြစ်သည်။
ဤငွေနှင့် ကုသိုလ်ကောင်းမှုတို့သည် လူတစ်ဦး၏ တစ်သက်တာအတွက် အသုံးမချနိုင်ပေ။ သူ့မိသားစုကို ထောက်ပံ့ဖို့အတွက် ပျားမွေးမြူခြင်းဖြင့်သာ ဝင်ငွေရှာနိုင်ခဲ့သည်။
သူ့ရဲ့ ကျင့်ကြံမှု ဘယ်လောက်ပဲ တန်ခိုးကြီးပါစေ၊ အဆင့်အတန်း ဘယ်လောက် မြင့်မားပါစေ၊ အဝင်အထွက် ဘယ်လောက် ဘုန်းကြီးနေပါစေ လူများ ဝန်းရံထားသော်လည်း လူနေမှု လောကတွင် သာမာန် ပျားမွေးမြူရေးသမားသည် တစ်နေ့လျှင် သုံးနပ်အတွက် ဝင်ငွေ ရှာရသော သာမာန် ပျားလုပ်သားသာ ဖြစ်သည်။
သူသာ နည်းနည်းပိုဆိုးလခုက်ရင် သူ့မိသားစု ဒီလောက်ဆင်းရဲမှာ မဟုတ်ချေ။ မရေတွက်နိုင်သော စည်းစိမ်ဥစ္စာ၊ အလှတရားများနှင့် ကျွန်များ ရှိလိမ့်မည်။ ဒါပေမဲ့ နည်းနည်း ပိုဆိုးလိုက်ရင် သူက အဆိုးဆုံး အားကျိုး ဖြစ်လာမှာမဟုတ်ပါလား။
ချန်ရှီ တံတားသို့ ရောက်သောအခါ မြေပြင်ပေါ်ရှိ ပြာများကို စစ်ဆေးနေသော လူအချို့ကို တွေ့လိုက်ရသည်။ သူ လာတာ မြင်သောအခါ ထိတ်လန့်စွာ ထွက်ပြေးသွားကုန်၏။
"သွား အစိုးရကိုခေါ်!"
တစ်ယောက်ယောက်က အော်လိုက်သည်။
ချန်ရှီ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အဝေးကလူကို လှမ်းဆွဲထားလိုက်သည်။ ထိုလူသည် အရူးအမူးဖြင့် နောက်ပြန် ပြေးလာကာ သူ့ရှေ့မှာ ပြုတ်ကျလာ၏။ သူအရမ်းထိတ်လန့်သွားသဖြင့် သူ့လက်တွေ ခြေတွေက ထော့နဲ့ထော့နဲ့ဖြင့်။
ချန်ရှီ: "မင်းရဲ့ရွာနာမည်က ဘာလဲ"
"ရေနှုတ်ခမ်းဝရွာ..." ရွာသားက ကြောက်ရွံ့တုန်လှုပ်သွား၏။
ချန်ရှီ သူ့လက်ကို မြှောက်ပြီး ဗေဒင်ဆရာ ပြေးသွားတဲ့ လမ်းကြောင်းကို ညွှန်ပြလိုက်သည်။
"အဲ့ဘက်ကိုသွားရင် ဘယ်ရောက်သွားမှာလဲ"
"ကျူပန်းရွာ..."
"နည်းနည်းဝေးရင်ရော..."
"ယွမ်မုမြို့... ဒီထက်ပိုဝေးရင်... နျန်တူးမြို့ပါ..."
ချန်ရှီ ညင်သာစွာ ခေါင်းညိတ်ပြပြီး ရွာသားကို လွှတ်လိုက်သည်။ သေးငယ်တဲ့ ငွေစကို ထုတ်ယူပြီး သူ့လက်ထဲမှာ သေချာ ထည့်ပေးလိုက်သည်။
"ငါ့နာမည်က ချန်ရှီ... ရှင်းရှန်ခရိုင် ချန်ယန်တောင်က.. ငါက ပြည်နယ်နှစ်ခုဖြစ်တဲ့ ရှင်းရှန်ပြည်နယ်နဲ့ ကွမ်ကျုံးပြည်နယ်ရဲ့ နံပါတ်တစ်... အဲဒီလူလေးယောက်ကို သတ်လိုက်တာက တခြားသူတွေနဲ့ ဘာမှ မသက်ဆိုင်ပါဘူး... မင်းအာဏာပိုင်တွေကို သတင်းပို့တဲ့အခါ သေချာရှင်းပြရမယ်"
ရွာသားက အကြိမ်ကြိမ် ခေါင်းညိတ်သည်။
"သွားပြီး မြန်မြန် သတင်းပို့လိုက်"
ချန်ရှီ သူ့လက်ကို ဝှေ့ယမ်းကာ။
"ရှင်းအောင်ပြောပါရစေ... အဲဒါက ချန်ရှီနော် နယ်ချဲ့စာမေးပွဲမှာ ထိပ်တန်းပညာရှင် ချန်ရှီမဟုတ်ဘူး... ပြည်နယ်နှစ်ခုရဲ့ ထိပ်တန်းပညာရှင် ချန်ရှီ!!"
ရွာသားက ငွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး လှည့်ထွက်သွားသည်။ သူ့လက်ထဲမှာ ပိုက်ဆံရှိနေတာမို့ ရာဇ၀တ်မှုကို သတင်းပို့တဲ့ တခြားသူတွေထက် အများကြီး ပိုမြန်သွားသည်။ ထိုစဥ် ချန်ရှီက နျန်တူးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားနေ၏။
ဗေဒင်ဆရာသည် ခဏမျှ မရပ်ဝံ့ဘဲ နျန်တူးဆီသို့ တည့်တည့်သွားနေခဲ့သည်။ နျန်တူးကို ရောက်တဲ့အခါ တခြားဘာကိုမှ ဂရုမစိုက်ဘဲ ပန်းရှန်းဂိုဏ်း ဝင်ပေါက်ထဲကို အတင်း တိုးဝင်တော့သည်။
"ကူညီကြပါ-"
ပန်းရှန်းဂိုဏ်းရှိ လူတိုင်းသည်လည်း သူ့ကြောင့် ထိတ်လန့်သွားပြီး အလျင်စလို ပြေးထွက်လာခဲ့သည်။
သူတော်စင်မရွှမ်းနဲ့ ဂိုဏ်းချုပ် ပိုင်လီမုတို့လည်း သတင်းကြားပြီးနောက် အမြန် ပြေးလာကြသည်။ လူအုပ်ထဲမှာ ဗေဒင်ဆရာကြီး ရပ်နေတာကို တွေ့တော့ စိုးရိမ်တဲ့ လူတွေကလည်း ဝိုင်းပြီး ဘာဖြစ်တာလဲ မေးမြန်းကြသည်။
ဗေဒင်ဆရာက အော်ဟစ်ပြီး အင်္ကျီကို ဆုတ်ဖြဲပစ်လိုက်သည်။
"အကုန်သေပြီ... ဓားသွားလုတဲ့လူက ငါ့ကို ဓားနဲ့ထိုးတယ် သုံးနာရီအတွင်း ငါ့ကို သတ်ပစ်ချင်နေတာ... အခု နာရီဝက်ကျော်သွားပြီ"
သူ့ရင်ဘတ်ပေါ်ရှိ အိပ်မက်ဆိုးသစ်သား အဆောင်စာလုံးက အလွန်မျက်စိ ဖမ်းစားချင်စရာ ကောင်းလေသည်။ ဤအင်္ဂတေ၏ ဖွဲ့စည်းပုံက အလွန်ရှုပ်ထွေးလှသည်။ သူ့ကိုယ်ပေါ်မှာ ရိုက်နှိပ်လိုက်တာနဲ့ သက်ရှိအရာလို အမြစ်တွယ်ကာ လူကို ကုပ်ထားသည်။ မြေသြဇာအဖြစ် သူ့သွေးနှင့် စွမ်းအင်ကို စုပ်ယူလိုက်သကဲ့သို့ သူ့ခန္ဓာကိုယ်ထဲ အဆက်မပြတ် တွန့်လိမ်လျက် ထိုးဖောက်နေဆဲဖြစ်သည်။
"အကုန် ဖယ်ကြစမ်း!!"
ပန်းရှန်းဂိုဏ်းမှ မြင့်မြတ်သော အဆောင်ဆွဲ ဆရာအမြောက်အမြား ရောက်လာပြီး လူအုပ်ကို တွန်းဖယ်လိုက်သည်။ အဲဒီထဲက တစ်ယောက်က အဆောင်စာလုံးကို မြင်တဲ့အခါ အံ့သြသွားပြီး အလျင်စလိုနဲ့ မေးလိုက်၏။
"စာလုံး စိုက်လိုက်တဲ့သူက ဒီဟာကို ဘာလို့ ပြောပြလိုက်လဲ? "
ဗေဒင်ဆရာက :“သူက ဒါကို အိပ်မက်ဆိုးသစ်သားလို့ ခေါ်တယ်တဲ့...”
မှော်ဆရာကြီး၏ မျက်နှာသည် အနည်းငယ်ပြောင်းသွားသည်။
"တောင်ပိုင်းအဆောင်လက်ဖွဲ့ ပညာပဲ... တတိယအတင့် အိပ်မက်ဆိုးသစ်သား...တကယ်ကြီး ဒါကို ဆွဲနိုင်တဲ့ လူတစ်ယောက် ရှိနေတာပဲ... သူ ဘယ်လောက်တောင် ကျွမ်းကျင်နေတာလဲ?"
သူသည် ဗေဒင်ဆရာ၏ အောက်မျက်ခွံကို ဖိကာ အောက်သို့ ဆွဲချလိုက်ရာ မျက်လုံးများတွင် အဖြူရောင် အမြစ်သေးသေးလေးများ လှုပ်ယမ်းနေတာ တွေ့လိုက်ရသည်။ ဗေဒင်ဆရာရဲ့ နဖူးကို လက်ညှိုးနဲ့ ထိလိုက်တော့ ဗေဒင်ဆရာရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။ နတ်ကွန်းတစ်ခုက သူ့ခေါင်းနောက်ကနေ ခုန်ထွက်လာပြီး နတ်ကွန်းနဲ့ အခြေတည်ဝိညာဥ် ကြားမှာ အမြစ်များစွာ ပေါက်ဖွားနေပြီ။
ဒါကိုမြင်တော့ လူတိုင်း အံသြသွားလေ၏။ ဒါက နတ်ဆိုး အဆောင်လက်ဖွဲ့ပဲ ဖြစ်ရပေမည်။
ထိုဆရာသည် ဗေဒင်ဆရာ၏ အခြေတည်ဝိညာဥ်ကို စစ်ဆေးကြည့်ရာ အမြစ်များဖြင့် မရောယှက်ဘဲ နတ်ကွန်းအတွင်းက လေထဲ၌ ထိုင်နေတာ တွေ့လိုက်ရသည်။ သူ သက်ပြင်းတစ်ချက်ချကာ။
"ကံကောင်းထောက်မစွာနဲ့ အခြေတည်ဝိညာဥ် အထိ မကူးစက်သေးဘူး... အမြစ်တွေထဲ နစ်မြုပ်သွားရင် အိပ်မက်ဆိုးသစ်သားရဲ့ ရင့်ကျက်မှုအရှိန်က ပိုအားကောင်းလာလိမ့်မယ်... ပြီးရင် တခဏချင်း ပေါက်ကွဲသွားမှာ...အခြေတည်ဝိညာဥ် နယ်ပယ်အောက်မှာ ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ပိုင်လီမု : "ဒါကို ဖြေရှင်းပေးနိုင်လား?"
အဆောင်ဆွဲဆရာက အနည်းငယ် ပြုံးပြသည်။
"ဂိုဏ်းချုပ်... ဒီပုဂ္ဂိုလ်ရဲ့ အဆင့်က ကျုပ်ထက် မြင့်နေတယ်ဆိုရင် သူ့စာတွေကို ပုံဖော်ဖို့က အလွန်အန္တရာယ်ကြီးပါတယ်... ဒါပေမယ့် သူက ကလေးပဲမို့လို့ သူ့စာတွေကို ဖြေရှင်းဖို့က မခက်ပါဘူး"
သူသည် ချက်ချင်းပင် သစ်ကြံပိုးခေါက်၊ ခွေးနက်သွေးနှင့် အခြားအရာများကို ပြင်ဆင်ပြီး အဆောင်စာလုံးကို ချိုးဖျက်ရန် ကြံရွယ်ခဲ့သည်။
ပိုင်လီမုလည်း သက်ပြင်းချကာ ဗေဒင်ဆရာကို “ဓားသွားကိုင်ထားတဲ့သူကို ဘယ်မှာတွေ့တာလဲ” လို့ မေးလိုက်သည်။
"ရေနှုတ်ခမ်းဝရွာ.."
"ရေနှုတ်ခမ်းဝရွာလား? ကောင်းပြီ!"
သူ လှည့်ထွက်သွားသည်။ ပန်းရှန်းဂိုဏ်းမှ ပညာရှင်တစ်စုကလည်း သူ့နောက်ကို အမြန်လိုက်လာခဲ့သည်။ သူ့နောက်မှာတော့ အဆောင်ဆွဲဆရာက စုတ်တံကို ကောက်ကိုင်လိုက်ပြီး ဗေဒင်ဆရာရဲ့ ရင်ဘတ်ပေါ်မှာ တင်၍ အဆောင်စာလုံးကို ချိုးလိုက်ပါတော့၏။
ရုတ်တရက်ပင် ပိုင်လီမု သူ့နောက်မှ နှလုံးခုန်သံ ထွက်လာတာ ခံစားလိုက်ရသည်။ ကမန်းကတန်း ပြန်လှည့်ကြည့်လိုက်တော့ ဗေဒင်ဆရာရဲ့ ခန္ဓာကိုယ်က ရုတ်တရက် ဖောင်းလာတာပေသည်။ ထူးဆန်းသော သစ်ပင်တစ်ပင်သည် သူ့ခန္ဓာကိုယ်မှ ပေါက်ထွက်ကာ အရပ်ရပ်သို့ ပြန့်ကျဲ ကြီးထွားလာသည်။
လေထဲ၌ သစ်ကိုင်းများ ကျိုးကျနေသံက ဆူညံကုန်ကာ ခန်းမထဲတွင် ပရမ်းပတာ ဖြစ်သွားသည်။ ပန်းရှန်းဂိုဏ်းမှ ထွက်ပြေးလာသူများ၏ ဦးခေါင်းနောက်ဘက်တွင်တော့ အကိုင်းအခက်များက ထိုးဖောက်လျက်သား။
ပနိးရှန်းဂိုဏ်း၏ သခင်များသည် တစ်ဦးပြီးတစ်ဦး အမြစ်များနှင့် အကိုင်းအခက်များ ပိုမိုကြီးထွားလာသဖြင့် လေထဲတွင် လွင့်ပျံသွားကြသည်။ ကြောက်ရွံ့မှုတွေ ပေါ်လာတာနဲ့ စိတ်ဝိညာဉ်က အဆုံးမရှိတဲ့ အိပ်မက်ဆိုးကြီးထဲကို ရောက်သွားလေ၏။
"ကယ်ပါဦး... မြန်မြန်ကယ်ပေးပါ!"
အိပ်မက်ဆိုး သစ်သားကို ဖြိုဖျက်ခဲ့သော ဆရာသည်လည်း ထိတ်လန့်သော အကြည့်ဖြင့် သူ့ဦးခေါင်းကို သစ်ကိုင်းတစ်ကိုင်း အထိုးခံထားရသည်။
"ငါ့အိပ်မက်ဆိုးက အရမ်းကြောက်စရာ ကောင်းတာပဲ!"