ဆန္ဒပြပွဲ- အိပ်မက်ဆိုးသစ်ပင်ပေါ်တွင် အလောင်းကို ကြိုးဆွဲချပြီ
Vol. 16 Ch. 230
ဆရာချန်ရှီ ထားခဲ့သော အိပ်မက်ဆိုး သစ်သားကြီးသည် ဘယ်သူမှ မထိပါက သုံးနာရီအတွင်း ပေါက်ကွဲလိမ့်မည်။ အကယ်၍ ထိုစာလုံးကို သော့ဖွင့်ရန် ကြိုးစားသော်လည်း ၎င်းကို မှန်ကန်စွာ မလုပ်ပါက၊ ချက်ချင်း အကျိုးသက်ရောက်လိမ့်မည်။
ယခုက ပန်းရှန်းဂိုဏ်း၏ မှော်ဆရာကို ဟော့ရှန်းထင် ဟုခေါ်သည်။ သူသည် ပန်းရှန်းဂိုဏ်းတွင် လူသိများသော အဆောင်ဆွဲ ဆရာလည်းဖြစ်သည်။ ပန်းရှန်းဂိုဏ်းက သင်္ချိုင်းတွေကို လုယက်တဲ့အခါ အဆောင်လက်ဖွဲ့ တွေနဲ့ ဖွဲ့စည်းထားတဲ့ သင်္ချိုင်းတွေ ဒါမှမဟုတ် ဖုတ်ကောင်ထောင်ချောက်တွေလိုမျိုး အုတ်ဂူတွေကို စောင့်ကြပ်တဲ့ နည်းလမ်းတွေနဲ့ ကြုံခဲ့ရင် သူ့ကို သွားချိုးဖျက်ခိုင်းပါလိမ့်မည်။
သူသည် ငယ်စဉ်ကတည်းက ပညာတော်သင်တစ်ဦးဖြစ်ခဲ့ပြီး နယ်ချဲ့စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သော်လည်း ငါးနှစ် သို့မဟုတ် ခြောက်နှစ်ကြာ စောင့်ဆိုင်းပြီးနောက် တရားရုံးက သူ့ကို တရားဝင်ရာထူး မပေးခဲ့သောကြောင့် အိမ်တွင်သာ ပျင်းရိနေခဲ့ရသည်။
ဒါပေမဲ့ အသက်မွေးဝမ်းကြောင်းပြုလို့ အဆောင်လက်ဖွဲ့ ပညာကို လေ့လာပြီး ဆရာသမားတစ်ယောက် ဖြစ်လာခဲ့သည်။ အရပ်ဝေးသို့ ခရီးနှင်ရင်း ဤနယ်ပယ်၌ အောင်မြင်မှုတွေ တိုးမြင့်လာ၏။
သို့သော် သူသည် မှော်ဆရာတစ်ဦးအဖြစ် ငွေများများစားစား မရှာနိုင်ခဲ့ဘဲ ပန်းရှန်းဂိုဏ်းနှင့် မတော်တဆ အဆက်အသွယ် ရခဲ့သည်။ ပန်းရှန်းဂိုဏ်းမှ လူကြီးများက သူ့ကို အကြိမ်ပေါင်းများစွာ ကူညီရန် တောင်းဆိုခဲ့သည်။ ဤအရာက ငွေအမြန်ရနိုင်တာ မြင်ရသဖြင့် ဟော့ရှန်းထင်လည်း ပန်းရှန်းဂိုဏ်းသို့ ဝင်ရောက်လာခဲ့သည်။
သူသည် မြောက်ပိုင်းနှင့် တောင်ပိုင်းကျောင်းများမှ အဆောင်ဆွဲ ပညာများကို ဆည်းပူးခဲ့သည်။ သူသည် တောင်ပိုင်းကျောင်းက အဆောင်ဆွဲ ပညာကို စတုတ္ထအဆင့်အထိ သင်ယူခဲ့ပြီး တတိယအဆင့်ကို အနည်းငယ်သာ နားလည်ခဲ့သည်။
သူသည် အိပ်မက်ဆိုးသစ်သားကို မကျွမ်းကျင်သော်လည်း ကမ္ဘာပေါ်ရှိ အဆောင်စာလုံးများ အားလုံးသည် အနှစ်သာရအားဖြင့် တူညီသည်ဟု သူ ခန့်မှန်းခဲ့သည်။ ထို့အပြင် စာလုံးစိုက်လိုက်သူမှယ အသက် တစ်ဆယ့်သုံးနှစ်သာ ရှိဦးမည်။
မမျှော်လင့်ဘဲ သူသည် အိပ်မက်ဆိုးသစ်သားကို ဖြိုခွဲရန် ကြိုးစားသောအခါတွင် အိပ်မက်ဆိုး သစ်သားစွမ်းအားကို အစပျိုးစေသည့် စာလုံးဖြင့် မှားယွင်းသွားခဲ့သည်။ ၎င်းက နာမည်အတိုင်းပဲ လူတွေကို အိပ်မက်ဆိုးတွေ ဖြစ်စေနိုင်တဲ့ သစ်ပင်တစ်ပင်ပင်။
ချန်ရှီသည် ဗေဒင်ဆရာထံ စာလုံးကို ရေးဆွဲပေးလိုက်စဥ် အစေ့က ဗေဒင်ဆရာရင်ဘတ်မှာ အမြစ်စွဲပြီး အညှောက်ပေါက်လာသည်။ ချက်ချင်းပင် ဗေဒင်ဆရာ၏ ခန္ဓာကိုယ်နှင့် အခြေတည်ဝိညာဉ်သည် အားလုံးကို စုပ်ယူသွားပြီး အိပ်မက်ဆိုးသစ်သားကို မျိုချလိုက်သော ပထမဆုံးလူသားအဖြစ်သို့ ပြောင်းလဲသွားသည်။
ဟော့ရှန်းထင်က ဒုတိယလူပါပဲ။
သူ့ခေါင်းနောက်ကျောကို ဖောက်ထားတဲ့ သစ်ကိုင်းတစ်ခုကြောင့် သူ လွတ်မြောက်ဖို့ အချိန်မရှိတော့အာပါ။ ထို့နောက် သူသည် သတိမေ့မြောသွားကာ အိပ်မက်ဆိုးတစ်ခုထဲသို့ ရောက်သွားခဲ့သည်။
အခုနတုန်းက အော်ငေါက်တာက အိပ်မက်ဆိုးတစ်ခုကနေ နိုးလာတဲ့အခါ ဝမ်းနည်းပူဆွေးတဲ့ ငိုကြွေးသံကြီးသာ။ ဒီထူးဆန်းတဲ့ သစ်ပင်ဟာ သူ့ဦးနှောက်ထဲကို ထိုးဖောက်ဝင်ရောက်သွားပြီး ဦးနှောက်ထဲက အရာတွေကို စုပ်ယူနေတာကို တွေ့လိုက်ရလေသည်။
ထို့နောက် သူသည် နောက်ထပ် အိပ်မက်ဆိုးတစ်ခုထဲသို့ ၀င်သွားလေသည်။
အိပ်မက်ဆိုးသစ်သည် လူသားတစ်ဦးစီနှင့် ချိတ်ဆက်ထားသည်။ အိပ်မက်ဆိုးသစ်သားနဲ့ ချိတ်ဆက်ထားသော မည်သူမဆို အလိုအလျောက် အိပ်မက်ဆိုး တစ်ခုထဲသို့ ကျရောက်မည် ဖြစ်ပြီး ဘဝတွင် အကြောက်ဆုံးသော မြင်ကွင်းက အိပ်မက်ထဲတွင် ပေါ်လာလိမ့်မည်။
သူတို့ ဖန်တီးတဲ့ အိပ်မက်တွေက အပြန်အလှန် ဆက်စပ်နေပေမည်။
မတူညီသော လူများ၏ အိပ်မက်များသည် အတူတကွ ချိတ်ဆက်နေလိမ့်မည်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံလေလေ အိပ်မက်ဆိုးတွေက ပိုကြောက်စရာကောင်းလေလေပါပဲ။ အိပ်မက်ဆိုးတွေမှာ ကြုံတွေ့ရတဲ့ ဒဏ်ရာတွေက စိတ်နဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေပါလိမ့်မည်။
နောက်ဆုံးတွင်တော့ ဆက်စပ်နေသူများ အားလုံးသည် အိပ်မက်ဆိုးများထဲ တစ်ခုပြီးတစ်ခု နစ်ဝင်ကာ သေဆုံးသွားကြလိမ့်မည်။ ဒီအိပ်မက်ဆိုးကြီးကို မဖယ်ရှားနိုင်ရင်တော့ တစ်ယောက်ပြီး တစ်ယောက် သေတဲ့အထိ နှိပ်စက်ခံရမှာပဲ ဖြစ်သည်။
အိပ်မက်ဆိုးသစ်ပင်သည် ဤဆက်စပ်ပစ္စည်းများကို အာဟာရအဖြစ် မှီခိုအားထားကာ ၎င်းတို့၏ ကြောက်ရွံ့မှုများနှင့် အိပ်မက်ဆိုးများကို အဆက်မပြတ် စုပ်ယူပြီး သူ့ကိုယ်သူ ခိုင်ခံ့စေရန်အတွက် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာ ခွန်အားကို အသုံးချနိုင်သည်။
၎င်းကမြေကြီးမှာ အမြစ်မစွဲဘဲ လူ့ခန္ဓာကိုယ်မှာသာ အမြစ်စွဲလိမ့်မည်။
မြေကြီးတွင် အာဟာရဓာတ်နှင့် ရေပါဝင်သောကြောင့် သစ်ပင်များသည် မြေကြီး၌ အမြစ်တွယ်သည်။ တူညီသော နိယာမအတိုင်း လူ့ခန္ဓာကိုယ်တွင် အမြစ်တွယ်နေသမျှ အိပ်မက်ဆိုးသစ်ပင်ဟာ အသက်ရှင်နိုင်သည်။
အခြားသစ်ပင်များနှင့် မတူသည့် အချက်မှာ ၎င်းသည် လူသားများကို ရှာဖွေရန်၊ ဖမ်းယူကာ တစ်ဦးချင်းစီနှင့် ချိတ်ဆက်ကာ ၎င်းတို့ကို ၎င်း၏ကိုယ်ပိုင်အာဟာရအဖြစ် ပြောင်းလဲပစ်ရန် အစပျိုးလုပ်ဆောင်မှာပဲ ဖြစ်သည်။
၎င်းသည် အလွန်လျင်မြန်သော အရှိန်ဖြင့် လမ်းလျှောက်နိုင်သည်။
ယခုအချိန်တွင် ၎င်းသည် ပန်းရှန်းဂိုဏ်း၏ ခန်းမဝင်ပေါက်ကို လျင်မြန်စွာ ရွေ့လျားနေပြီး အရှေ့ဘက်ခန်းမမှ နံရံကို ဖြတ်ကာ ကျားဖြူခန်းမဆီသို့ ပြေးသွားနေခဲ့သည်။
ကျားဖြူခန်းမတွင် ပန်းရှန်းဂိုဏ်းမှ ကျွမ်းကျင်သူ ဆယ်ဦးကျော်ရှိသည်။ သူတို့ထဲက တချို့က သူတို့ရဲ့ ရွှေအမြုတေ၊ အခြေတည်ဝိညာဥ်တွေကို ထုတ်ထားကြသည်။ တချို့က အဆောင်လက်ဖွဲ့နဲ့ လက်နက်တွေကို ပြင်ထားကြပြီး တချို့ကတော့ ကြောက်လန့်တကြား ခုန်ဆင်းသွားသည်။
အိပ်မက်ဆိုးသစ်ပင်၏ အမြစ်များသည် အလွန်လျင်မြန်သော လက်တံများသဖွယ် မြေပြင်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားသွာယကာ နံရံများပေါ်သို့ တွယ်တက်သွားသည်။ နံရံများပေါ်ရှိ သူတို့၏ ရွေ့လျားမှုအရှိန်မှာလည်း အံ့ဩစရာပင်။ သူတို့သည် တိုက်ခိုက်ရေး အဆောင်စာလုံး စာလုံးပေါင်းများ၊ လက်နက်များနှင့် ဓားစွမ်းအင်များကို ရှောင်ရှားသွား၏။
“စွက် စွက် စွက်!”
၎င်းရဲ့ အကိုင်းအခက်များသည် ကျင့်ကြံသူတွေရဲ့ ဦးခေါင်းနောက်ဘက်ကို မယုံနိုင်လောက်အောင် တိကျစွာ ထိုးဖောက်သွားခဲ့သည်။
ဦးခေါင်းနဲ့ ကျောကို အကိုင်းအခက်ဖြင့် ထိမိသွားသော ဒါဇင် သို့မဟုတ် ထို့ထက်မကသော လူများသည် အိပ်မက်ဆိုးထဲသို့ ချက်ချင်း ပြုတ်ကျပြီး ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးများ အမျိုးမျိုးကို တွေ့ကြုံခံစားကြရသည်။
သူတို့က သစ်ပင် အကိုင်းအခက်များပေါ်တွင် ချိတ်ဆွဲခံထားရကာ အိပ်မက်ဆိုးသစ်ပင်နှင့်အတူ လှုပ်ရှားနေကြပုံရသည်။
ဤထူးဆန်းသော သစ်ပင်သည် ကျားဖြူခန်းမမှ ပြေးထွက်လာပြီး ဥယျာဉ်နောက်ဘက်ရှိ စင်္ကြံထဲသို့ ပြေးဝင်သွားပြန်သည်။ ထို့နောက် စင်္ကြံကိုဖြတ်ကာ ခေါင်မိုးပေါ်သို့ ခုန်တက်ပြီး ဂိုဏ်းမှ ရာနှင့်ချီသော လူများကို တင်ဆောင်သွားသည်။ ဒါတောင် အပြေးမြန်ဆဲ။
၎င်း၏အကိုင်းအခက်များသည် ရိုင်းစိုင်းစွာ ကြီးထွားလာပြီး ဂိုဏ်း၏ ကျန်နေသူများနောက်ကို ဆက်လိုက်သွားသည်။ သစ်ကိုင်းများက ထိုလူတွေရဲ့ ဦးနှောက်ထဲကို တိုးဝင်လာပြီးတာနဲ့ လူတွေဟာ သစ်ကိုင်းတွေနဲ့အတူ ပျံပြီး လေထဲမှာ ကနေသလိုတောင် ဖြစ်နေ၏။
အိပ်မက်ဆိုးသစ်ပင်သည် လူတစ်ဦးနှင့် ချိတ်ဆက်မိသည့် အခါတိုင်း အာဟာရများကို စုပ်ယူနိုင်ပြီး လျင်မြန်စွာ ကြီးထွားလာသည်။ ထိုလူများ၏ ဦးခေါင်းနောက်ကွယ်မှ အမြစ်များနှင့် အကိုင်းအခက်များ ပိုမိုကြီးထွားလာကာ တခြား လူများစွာကို လျင်လျင်မြန်မြန် ဖမ်းယူနိုင်သည်။
တခဏတာအတွင်း ပန်းရှန်းဂိုဏ်းတွင် ပရမ်းပတာ ဖြစ်ကုန်ကာ ဂိုဏ်းသားတွေက နေရာတိုင်းမှာ ထွက်ပြေးနေကြတော့သည်။ သို့သော် ခပ်ဝေးဝေးသို့ မပြေးနိုင်မီတွင် ၎င်းတို့၏ ခန္ဓာကိုယ်များသည် ရုတ်တရက် တုန်ခါကာ အေးခဲမေ့မြောသွားပြီး သစ်ပင်ပေါ် ရောက်သွားကုန်၏။
အိပ်မက်ဆိုး သစ်ပင်ကြီး၏ အရွယ်အစားမှာ ပိုပိုကြီးလာပြီး ကျင့်ကြံသူတွေကလည်း အကိုင်းအခက်များပေါ်တွင် တွဲလောင်းကျနေလေသည်။
ဤသတ္တဝါသည် မော်အဆင့် နတ်ဆိုးမဟုတ်တဲ့ ဆွေ့အဆင့် နတ်ဆိုးမျှသာဖြစ်သော်လည်း ၎င်းရဲ့စွမ်းအားက အလွန်လျင်မြန်စွာ တိုးမြင့်လာသည်။ အခြေတည်ဝိညာဥ် နယ်ပယ်က သာမန်လေ့ကျင့်သူများမှာ ၎င်းရဲ့တိုက်ခိုက်မှုကို မခံနိုင်ဘဲ အဖမ်းခံလိုက်ရသည်။
ပိုင်လီမုလည်း ထိတ်လန့်ပြီး ဒေါသထွက်လာသည်။ သူသည် အိပ်မက်ဆိုးသစ်ပင်အထက်က ကောင်းကင်ကို ခုန်တက်လိုက်ကာ အေးစက်စွာ ဟစ်အော်ရင်း တောင်ကြီးတစ်ခုလို ကြီးမားသော လက်ဝါးကို မြှောက်လိုက်သည်။
ဤအခိုက်တွင် အိပ်မက်ဆိုးသစ်ပင်ပေါ်တွင် ရာနှင့်ချီသော ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ် နယ်ပယ်မှ ကျင့်ကြံသူများရဲ့ မျက်လုံးများ ပွင့်လာပြီး ပိုင်လီမုကို ကြည့်နေကြသည်။ သူတို့ မျက်လုံးများက နှင်းဖြူတွေလို ဖွေးဖွေးဖြူနေ၏။
ပိုင်လီမုရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ မှော်စွမ်းအားတွေကို ထုတ်လွှတ်ဖို့ လက်နှစ်ဖက်အား တစ်ပြိုင်တည်း မြှောက်လိုက်ကြသည်။ ဝုန်းကနဲ အသံနဲအတူ အိပ်မက်ဆိုး သစ်ပင်ကြီးပေါ်တွင် ချိတ်ဆွဲခံထားကသော လူများသည် အရိုးနှင့် အရွတ်များ ကျိုးကြေသွားကာ ခြေလက်များလည်း ပေါက်ကွဲလို့ အားလုံး ကြေမွသွားကြသည်။
ဒါပေမဲ့ ပိုင်လီမုရဲ့ နဂါးရွေ့လျားကျမ်းက စွမ်းအင်ကတော့ သူ့လက်ထဲမှာ ကျန်ရှိနေတုန်းပင်။ အိပ်မက်ဆိုးသစ်ပင်ပေါ်ရှိ လူအများစုမှာ ဒဏ်ရာများ ရရှိသွားသဖြင့် နောက်တစ်ကြိမ် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
သို့သော် အဆောင်စာလုံးနဲ့ ဖန်တီးထားသော သတ္တဝါသည် နတ်ဆင်းသက်ခြင်း နယ်ပယ်ရှိ သခင်တစ်ဦးရဲ့ ထိုးနှက်ချက်ကို ကာကွယ်ထားနိုင်တာကြောင့် ဒီအောင်မြင်မှုက အံ့ဩစရာပဲလို့ ဆိုရမည်။
ပိုင်လီမု ပတ်ပတ်လည်တွင် နဂါးတစ်ကောင်ကဲ့သို့ တောင်တန်းတစ်ခု ရှိနေပုံရပြီး သူ့လက်ဖဝါးကို ရှေ့သို့ တွန်းလိုက်သည်။
အိပ်မက်ဆိုး သစ်ပင်ကြီးမှာ သစ်သားများ ကွဲအက်ပေါက်ကွဲသွားသော်လည်း သစ်ကိုင်းများပေါ်တွင် ချိတ်ဆွဲထားသော လူများက ပိုင်လီမုကို ပြုံးလျက် စိုက်ကြည့်နေကြသည်။ သူတို့က တစ်ပြိုင်တည်း ရေရွတ်လာကြသည်။
"မင်းက ပန်းရှန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား? ကျင့်စဥ်ကတော့ တကယ့်ကို ထူးထူးခြားခြားပဲ... ရှင်းရှန်က ချန်ရှီ မင်းဆီကနေ အများကြီး သင်ယူနိုင်ခဲ့ပါပြီ..."
ဗုန်း!
ပိုင်လီမု လက်ဝါးကို အတင်းဖိချလိုက်သည်နှင့် အိပ်မက်ဆိုးသစ်သားလည်း ကွဲအက်သွားကာ အလောင်းတွေ မြေပြင်မှာ ပျံ့ကျဲကုန်သည်။ သူ ခဏ ရပ်တန့်ပြီး မှုန်ကုပ်ကုပ်နဲ့ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်၏။
သူ့ရဲ့ နဂါးရွေ့လျားကျမ်းရဲဲ့ မှော်အစွမ်းက အလွန်အစွမ်းထက်သော်လည်း မပြည့်စုံသေးပါ။ သခင်ငယ် သူ့အား ပေးသော နဂါးရွေ့လျားကျမ်းက မပြည့်စုံသောကြောင့် သူ့ရဲ့မှော်အစွမ်းက အလွန်ကြမ်းတမ်းပြီး ထိန်းချုပ်ရခက်စေသည်။
သူသည် အိပ်မက်ဆိုးသစ်သားကို ဖြိုခွဲလိုက်သော်လည်း ၎င်းနောက်ကွယ်ကနေ ထိန်းချုပ်ထားသူမှာ ထိခိုက်ဒဏ်ရာရမရ သူ အာမမခံနိုင်ပါ။ သို့သော် သူ့ရဲ့စွမ်းအားက အလွန်တိကျသဖြင့် ဤလူများကို ကယ်တင်နိုင်ခဲ့လျှင်ပင် သူတို့ ရှင်သန်နိုင်တော့မှာ မဟုတ်ချေ။
အိပ်မက်ဆိုးထဲတွင် ရှိနေသောကြောင့် အိပ်မက်ဆိုး သစ်သားရဲ့ သေဆုံးမှုက သူတို့ရဲ့ သေဆုံးမှုပဲ ဖြစ်သည်။ အိပ်မက်ဆိုးတွေ ပြိုကျတဲ့အခါ အိပ်မက်ဆိုးကို ချုပ်ကိုင်ထားတဲ့ အရာနဲ့ လူအားလုံးလည်း သေကြလိမ့်မည်။
မရဏကမ္ဘာတွင် ချန်ရှီသည် ရတနာကိုသာ လုယူသွားခဲ့ပြီး ၎င်းတို့ကို မသတ်ဘဲတောင် ဒါဇင်နှင့်ချီသော လူများ ဒဏ်ရာရရှိသွားခဲ့သည်။
ဤတစ်ကြိမ်တွင် ချန်ရှီ၏ အိပ်မက်ဆိုး သစ်သားနတ်ဆိုးက သူတို့ရဲ့ နျန်တူးက ခန်းမအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ရာနှင့်ချီသော လူများကို သေဆုံးစေခဲ့သည်။
ယခု ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမမှာ လူဦးရေ ၁၃၀၀ ကျော်ရှိပြီး ပိုင်လျန့်ခန်းမက လူဦးရေ ၃၀၀ ကျော် ရောက်လာခဲ့ပါသည်။ ကျန်တာတွေကတော့ ပန်းရှန်းဂိုဏ်းက လူတွေတွေပင်။ ဤအက္ခရာလေး တစ်လုံးကြောင့် ဆယ်ပုံတစ်ပုံလောက်က ပျက်စီးသွားခဲ့သည်။
ချန်ရှီရဲ့ နေရာကို ရှာဖွေဖို့ အဲဒီလူတွေကို သူ အမိန့်ပေးခဲ့တာကြောင့် အဲဒီလူအများစုက ခန်းမထဲမှာ မရှိကြဘူး။ သူတို့တွေသာ စုနေတုန်း အိပ်မက်ဆိုးသစ်သား နတ်ဆိုး ရုတ်တရက် အသက်ဝင်လာရင် နောက်ထပ် အသေအပျောက်တွေ ရာနဲ့ချီ ရှိလာနိုင်ပါ၏။
ထိုအချိန်တွင် အိပ်မက်ဆိုးသစ်သားသည် ပို၍ပင် အားကောင်းလာလိမ့်မည်။ သူသတ်လိုက်သော အိပ်မက်ဆိုးသစ်ပင်သည် ယခုမှ မွေးဖွားလာကာ အရွယ်ရောက်ချိန်နှင့် ဝေးကွာနေသေးသည်။
သူ ကြီးပြင်းလာရင် မိမိတောင် သူ့ပြိုင်ဘက်ဖြစ်မှာ မဟုတ်တော့ပါ။ သူ့ကို ပိုလို့တောင် ဒေါသထွက်ပြီး အရှက်ရစေခဲ့တာကတော့ ဒီအိပ်မက်ဆိုးသစ်ပင်ကို ချန်ရှီက ထိန်းချုပ်ထားတာပင်။ ချန်ရှီသည် ပန်းရှန်းဂိုဏ်းမှ ရာနှင့်ချီသော လူများကို အမှန်တကယ် ထိန်းချုပ်ထားရင်း ပါးစပ်ဖြင့် သူ့ကို ဆန့်ကျင်ဆန္ဒပြခဲ့သည်။
ပိုင်လီမု ဒေါသတကြီးဖြင့် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ အော်လိုက်၏။
"မင်းက ငါ့ဓားကို ခိုးပြီး ပန်းရှန်းဂိုဏ်းက လူတွေအများကြီး သတ်ပစ်လိုက်တယ်... ကောင်းကင်ဘုရင် ကြွလာရင်တောင် မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး... လာကြစမ်း! အကုန်လုံးကို လူစုခိုင်းလိုက်..."
သူသည် ဒေါသတကြီးဖြင့် ပန်းရှန်းဂိုဏ်းမှ အသက်ရှင်ကျန်ရစ်သော တပည့်များကို အမိန့်ပေးလိုက်သည်။ ထိုလူတွေကလည်း အဆောင်လက်ဖွဲ့များကို အဆောတလျင် ပူဇော်လိုက်ကြရာ အဆောင်ဆွဲ မှော်ဆရာသည်လည်း ကောင်းကင်သို့ ပျံတက်သွားပြီး လေထဲတွင် ရွှေလော်ယန်ဂေါ်ပြားအဖြစ် ပြောင်းလဲသွားသည်။
ဒါကတော့ ပန်းရှန်းဂိုဏ်းရဲ့ သင်္ကေတဖြစ်သည်။ တပည့်များသည် ဤရွှေရောင် လော်ယန် ဂေါ်ပြားကို မြင်တာနဲ့ အလုပ်အားလုံးကို ဖျက်ကာ အလျင်စလို စုရုံးကြလိမ့်မည်။
နျန်တူးရဲ့ အတွင်းရော အပြင်မှာပါ ချန်ရှီကို ရှာဖွေဆဲဖြစ်တဲ့ ပန်းရှန်းဂိုဏ်းရဲ့ တပည့်များစွာ ခန်းမထဲကို ပြေးဝင်လာကြသည်။
မကြာခင်မှာပဲ ကျွမ်းကျင် တိုက်ခိုက်ရေးသမား ၃၀၀ ကျော် ခန်းမထဲမှာ စုရုံးရောက်ရှိလာ၏။ ပိုင်လီမုသည် မြို့တွင်းမှ ထွက်ခွာရန် အသင့်ပြင်ထားသဖြင့် အဆောင်လက်ဖွဲ့ အမျိုးမျိုးနှင့် လက်နက်များကို ပြင်ဆင်ခိုင်းထားသည်။
ထိုအချိန်တွင် နျန်တူး စီရင်စုက ဘုရင်ခံ ကောင်းချန်းသည် ၎င်း၏ စီရင်စု စစ်သည်များနှင့်အတူ ရောက်လာသည်။ အမိန့်တစ်ခု ရထားသကဲ့သို့ ထောင်နှင့်ချီသော စစ်သည်များဖြင့် ပန်းရှန်းဂိုဏ်းဝင်ပေါက်ကို ဝိုင်းထားကြသည်။
"အင်ပါယာတရားရုံးက ငါ့ဂိုဏ်းကို ဖျက်ဆီးချင်နေတာလား..."
ပိုင်လီမုလည်း ထိတ်လန့်သွားပြီး သူတော်စင်မရွှမ်းကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။
အမှန်တော့ ပန်းရှန်းဂိုဏ်းသည် ဖြောင့်မတ်သောဂိုဏ်း မဟုတ်ပါ။ သူတို့သည် သေခြင်းတရားသို့ ဦးတည်နေသော လုပ်ငန်းတစ်ခုထဲတွင် ပါဝင်လုပ်ကိုင်ကြတာကြောင့် အစိုးရကသာ ပစ်မှတ်ထားရင် ရှင်းသွားလိမ့်မည်။
အခုနတုန်းက သူ ဒေါသအရမ်းထွက်ပြီး တည်ငြိမ်မှု ပျောက်သွားပြီး သူ့နောက်လိုက်တွေကို ကြီးကျယ်ခမ်းနားစွာ ဆင့်ခေါ်လိုက်လို့ သူ့ကို အစိုးရက ရှာတွေ့သွားခဲ့တာ ထင်ရှားပါ၏။
ယခုဆိုလျှင် ပန်းရှန်းဂိုဏ်းကို ကယ်တင်နိုင်သူမှာ သူတော်စင်မရွှမ်းသာ ရှိတော့သည်။
သူတော်စင်မရွှမ်း: "စိတ်မပူပါနဲ့ ဂိုဏ်းချုပ်... ရှင်က သခင်ငယ်လေးရဲ့ လူပဲ ရွှမ်းရွှမ်းက ရှင် ဘေးကင်းစေဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးမှာပါ"
ပိုင်လီမုလည်း စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်၏။
"ကျေးဇူးတင်ပါတယ် သူတော်စင်မ.."
ပန်းရှန်းဂိုဏ်းသည် ရှေးရိုးဆန်သော ဂိုဏ်းဖြစ်သော်လည်း ဗောဓိတာအိုကျောင်းကတော့ ကျော်ကြားပြီး စစ်မှန်သော ဂိုဏ်းတစ်ခုဖြစ်သည်။
မိန်းမစိုးစန်းပေါင် အနောက်နွားရှင်းကျိုး ကျွန်းကို ရှာဖွေတွေ့ရှိပြီးနောက် ဗောဓိတာအိုကျောင်းသည် ရေတပ်သင်္ဘောများနှင့် ဤထူးဆန်းသော ပြည်သို့ ရွှေ့ပြောင်း အခြေချသူ ပထမအသုတ်နောက်ကို လိုက်လာခဲ့ကာ တာအိုဘာသာကို ပြန့်ပွားစေကာ နတ်ဆိုးများကို ချေမှုန်းနိုင်ခဲ့သည်။
ရှင်းကျိုးရှိ နတ်ဆိုးအများစုကို ချေမှုန်းပြီးနောက် အနောက်နွားရှင်းကျိုးတွင် ဗောဓိတာအိုကျောင်း၊ ရေလအံ့ဖွယ်ကြေးမုံနဲ့ တပေါက်ကော်ဘုံကျောင်းတို့ကို ရှင်ကျိုးရှိ အဓိက ဗုဒ္ဓဘာသာ အထွတ်အမြတ်ထားရာ နေရာ (၃) ခုဟု သတ်မှတ်ခဲ့သည်။
သူတော်စင်မရွှမ်းသည် ဗောဓိဘုရားကျောင်း၌ မွေးဖွားခဲ့ပြီး ဆံပင်မညှပ်ဘဲ သီလရှင် ဖြစ်လာသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် အဆင့်အတန်း မြင့်မားပြီး ဗောဓိသူတော်စင်အဖြစ် လေးစားခံရသဖြင့် အစိုးရကလည်း သူမကို မျက်နှာသာပေးမှာ သေချာ၏။
ထိုအချိန်တွင် ဘုရင်ခံ ကောင်းချန်းသည် တစ်ယောက်တည်း လမ်းလျှောက်လာပြီး သူ၏ ဘယ်ညာ ညာဖက်လူများကို ဆုတ်ခွာရန် အချက်ပြလိုက်သည်။
"ဦးလေးကောင်း မတွေ့တာကြာပြီ..."
သူတော်စင်မရွှမ်းက ရှေ့ထွက်လာပြီး ပြုံးပြုံးလေး ပြောလိုက်သည်။ ဘုရင်ခံ ကောင်းချန်းသည် အစပိုင်းတွင် တင်းမာသော မျက်နှာရှိခဲ့သော်လည်း သူမကို မြင်သောအခါ သူ့အမူအရာသည် တည်ငြိမ်သွားခဲ့၏။
"သူတော်စင်မရွှမ်းလည်း ဒီကိုရောက်နေတာကိုး တိုက်ဆိုင်လိုက်တာ.. သခင်ငယ်လေး နေကောင်းလား"
သူတော်စင်မရွှမ်းလည်း ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။
"ဦးလေးကောင်း... ရွှမ်းအာက ဗောဓိတာအိုကျောင်းရဲ့ တပည့်ပါ... သခင်လေးရဲ့ အစေခံလည်း မဟုတ်ဘူး ကျွန်မကိုတွေ့တာ ဘာလို့မေးနေတာလဲ"
ဘုရင်ခံ ကောင်းချန်းကလည်း ရယ်မောလိုက်သည်။
"သူတော်စင်မနဲ့ သခင်လေးက အရမ်းရင်းနှီးတာ ဆိုတော့ နားလည်မှုမလွဲလို့ မရဘူးလေ... မင်းရဲ့ မင်္ဂလာပွဲသေရည်ကို သောက်ဖို့ စောင့်နေတုန်းပဲ!"
သူ့ဆီ လျှောက်လာနေသော ပိုင်လီမုကို ငုံ့ကြည့်လိုက်ပြီးနောက် သူ့အမူအရာက ချက်ချင်းပင် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။ ပိုင်လီမုရဲ့ နှလုံးခုန်သံများလည်း ခုန်ပေါက်သွားကာ ရှေ့သို့ အလျင်အမြန် ဒူးထောက်ချလိုက်သည်။
"ကျွန်တော်က နှိမ့်ချတဲ့ကျွန် ပိုင်လီမုပါ... လူကြီးမင်းကောင်းကို ဂါရဝပြုပါတယ်!"
သူ့ရဲ့ ကျင့်ကြံမှု အဆင့်သည် ဘုရင်ခံ ကောင်းချန်းလို နတ်ဆင်းသက်နယ်ပယ်မှာ ရှိသော်လည်း သူတို့၏ အဆင့်အတန်းမှာ အလွန်ကွာခြားပါသည်။ ကောင်းချန်းသည် မြင့်မြတ်သောမိသားစု ဆယ့်သုံးမျိုးထဲမှ တစ်ခုဖြစ်သော ကောင်းမိသားစုမှ ကျောထောက်နောက်ခံ ပြုထားပြီး အင်ပါယာတရားရုံးကိုလည်း ကိုယ်စားပြုသည်။ ဘယ်ဂိုဏ်းကမှ ဘယ်မိသားစုနဲ့မှ ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ် နေရာသုံးခုကိုတောင် မယှဉ်နိုင်ပါဘူး။
ပိုင်လီမုသည် ကျင့်ကြံမှုအဆင့် မြင့်မားသော်လည်း ကောင်းမိသားစုကဲ့သို့ ဘီလူးကြီးနှင့် ရင်ဆိုင်ရတဲ့အခါ ခေါင်းငုံ့ထားရသည်။ အကြောင်းမှာ တစ်ဖက်က လက်ညိုးထိုးလိုက်လျှင်ပင် ပန်းရှန်းဂိုဏ်းက ရှင်းသွားလိမ့်မည်။
"ဦးလေးကောင်း... ဂိုဏ်းချုပ်က သခင်ငယ် လက်အောက်မှာ အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ..."
ကောင်းချန်းက ခေါင်းခါပြီး :"သူက သခင်လေးရဲ့ လူမှန်း ငါသိပါတယ် မဟုတ်ရင် မြို့ထဲကို ဖမ်းပြီး ကွပ်မျက်လိုက်တာ ကြာပြီပေါ့"
ပိုင်လီမု ခေါင်းငုံ့ပြီး စကားမပြောရဲ။
ကောင်းချန်း : "ဒီအစိုးရက သခင်ငယ်အတွက် မျက်ကွယ်ပြုထားပေးလို့ နျန်တူးမှာ လှည့်ပတ်သွားလာနိုင်တယ်.. ဒါပေမယ့် နျန်တူးမှာ လူတွေကို ဒုက္ခရောက်အောင်လုပ်ပြီး သတ်ချင်ရင်တော့ ဒီအစိုးရက သည်းမခံနိုင်ဘူး... ပိုင်လီမု နျန်တူးက မင်းလုပ်ချင်တာ လုပ်လို့ရတဲ့ နေရာမဟုတ်ဘူး... မင်း ပြဿနာ ရှာချင်ရင် ထွက်သွားလိုက်ပါ..."
"သခင်ကြီး နျန်တူးမှာ လှုပ်ရှားလိုက်တာက ပန်းရှန်းဂိုဏ်း မဟုတ်ပါဘူး ဒါပေမယ့် နျန်တူးမှာရှိတဲ့ ပန်းရှန်းဂိုဏ်းဝင်တွေကို သတ်ခဲ့တာက တခြားသူပါ..."
"ငါ ဂရုမစိုက်ဘူး... နျန်တူးရဲ့ မိုင်တစ်ရာအတွင်းမှာ ပန်းရှနိးဂိုဏ်းကို ကလဲ့စားလာချေမယ့် ကိစ္စတွေ ခွင့်မပြုဘူး... နျန်တူးနဲ့ မိုင်တစ်ရာဝေးတဲ့ အရပ်ကို ထွက်သွားပြီးမှ ရန်ငြိုးတွေအားလုံးကို ဖြေရှင်းသင့်ပါတယ်"
ပိုင်လီမုလည်း ဒေါသကြီးစွာဖြင့် သူ့ဘာသာသူ တွေးနေမိသည်။ "လူကြီးမင်းကောင်းက ချန်ရှီ မအရေးယူခင် ငါ့ကို ထွက်သွားဖို့ အခိုင်အမာပြောနေတာပဲ.... သူက ငါ့နာမည် ပိုင်လီ (မိုင်တစ်ရာ) ကို လှောင်ပြောင်နေတာလား"
သူတော်စင်မရွှမ်းက ပြုံးပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်ပိုင်လီမု.... ဘာလို့ ကျေးဇူးမတင်တာလဲ။"
"ကျေးဇူးတင်ပါတယ် လူကြီးမင်း!"
ပိုင်လီမုလည်း မြေပြင်ပေါ်သို့ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
ကောင်းချန်းသည် ဒီလူ အခုနကတော့ ဒူးတစ်ဝက်လောက်သာ ထောက်နေတာကို မြင်လိုက်ပေမယ့် အခုတော့ ချက်ချင်း ဦးညွှတ်ပြီး မသိနားမလည်သူလို့ လုပ်နေတဲ့အတွက် အပြစ်တင်လိုက်ပါ၏။ သို့သော် သူသည် ဂရုမစိုက်ရန် ပျင်းလွန်းလှသည်။
"ငါပြောစရာတွေ ကုန်ပြီ... ပန်းရှန်းဂိုဏ်းက သတိထားသင့်တယ် နျန်တူးရဲ့ မိုင်တစ်ရာကျော်ရှိတဲ့ ဧရိယာနဲ့ မနီးစေနဲ့... မဟုတ်ရင် မင်းတို့ကို ကရုဏာမရှိ သတ်ပစ်မယ်!"
လူကြီးမင်းကောင်းက ဤစကားကို ချန်ထားခဲ့ကာ ထွက်သွားခဲ့သည်။ သူတော်စင်မရွှမ်းလည်း ကပျာကယာနောက်က လိုက်သွားခဲ့သည်။
"ဦးလေး... ကျွန်မ လိုက်ပို့ပါ့မယ်!"
"သူတော်စင်မရွှမ်း... ကျေးဇူးပြုပြီး ဒီလမ်းကို ကြွပါ..."
ရွှမ်းရွှမ်းသည် သူနှင့် ဘေးချင်းကပ်လျက် လမ်းလျှောက်လာပြီး တိုးတိုးလေး ပြောသည်။
"ဦးလေးကောင်း... ဂိုဏ်းချုပ်ကြီး ပိုင်လီမုကို ပြစ်တင်ဖို့ ဒီကို လာရတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိရမယ်"
ကောင်းချန်းလည်း ဘာမှ ဖုံးကွယ်မထားဘဲ။
"ရေနှုတ်ခမ်းဝရွာက တစ်ယောက်ယောက်က ရွာမှာ လူသတ်မှု ဖြစ်တဲ့အကြောင်း သတင်းပို့လာတယ်... ရာဇဝတ်သားက ရှင်းရှန်၊ ချန်ယန်တောင်က ချန်ရှီ... ပြည်နယ်နှစ်ခုမှာ ထိပ်တန်း ပညာတော်သင်... ဒီသတင်းကို ကြားလိုက်တာနဲ့ မကောင်းမှန်း သိတယ်... သူ ပိုင်လီမုကို လက်စားချေဖို့ မကြိုးစားခင် အပြေးသွားလာလိုက်တာ..."
သူ့မျက်နှာက တည်တည်ကြည်ကြည်နဲ့ ဆိုသည်။
"ချန်ကျဲယွမ်ရဲ့ ဇစ်မြစ်ကို သူတော်စင်မ သိလား?"
သူတော်စင်မရွှမ်းက ပြုံးလိုက်သည်။
"သူက သခင်ငယ်ရဲ့ မှော်လက်နက်ဖြစ်တဲ့ နက်ရှိုင်းနဂါးရွေ့ဓားကို မြေအောက်ကမ္ဘာကနေ ခိုးယူသွားပါတယ်... သူဘယ်ကလာတယ်ဆိုတာ ကျွန်မလည်း မသိတဲ့အတွက် သခင်လေးကို ဆက်သွယ်ပြီး သူ့အကြောင်း တစ်ခုခု ပြောပြခဲ့ပါတယ်..."
ကောင်းချန်း: "ကုံကျိုးမှာရှိတဲ့ နတ်ဆိုးပြောင်းလဲမှုအကြောင်း မင်းသိထားသင့်တယ်... သူက အဲဒါကို ဖြစ်ပေါ်စေခဲ့တဲ့သူပါ ငါ့ဘဝနဲ့ ပိုင်ဆိုင်မှုက နျန်တူးအပေါ်မှာ မူတည်တယ်... နျန်တူးကို ဒုတိယ ကုံကျိုး မဖြစ်စေချင်ဘူး သခင်ငယ်လေးကို စော်ကားဖို့ မတတ်နိုင်တော့သလို ရှင်းရှန်က ချန်ရှီကို စော်ကားဖို့လည်း မတတ်နိုင်ဘူး"
သူက အနည်းငယ် ပြုံးပြီး "နျန်တူးကို ထားခဲ့ပြီး မင်းလုပ်ချင်တာ မှန်သမျှ လုပ်လိုက်ပါ" လို့ ပြောလိုက်သည်။
"သူတော်စင်မရွှမ်း... မင်းက ဗောဓိတာအိုကျောင်းမှာ ပြုစုပျိုးထောင်ခဲ့တဲ့ ပါရမီရှင်တစ်ယောက်... မင်းရဲ့သခင်က ရှင်းရှန်မှာရှိတဲ့ ချန်ရှီက ဘယ်လောက် အန္တရာယ်ကြီးလဲ ဆိုတာ မင်းကို ပြောပြလောက်မှာပါ.. မင်းမပူလောင်ချင်ရင် တားမြစ်ထားတဲ့ တိုက်ပွဲမှာ မပါဝင်တာ အကောင်းဆုံးပဲ"
သူတော်စင်မရွှမ်းက ပေါ့ပေါ့ပါးပါး ပြုံးပြီး။
"ကြင်နာမှုကို လေးစားပါတယ် ဦးလေး... ကျွန်မမှာ သခင်လေးချန်ကို ရန်စလိုစိတ် မရှိပါဘူး သူ့ကို တိုက်ခိုက်မှာလည်း မဟုတ်ဘူး"
"ဒါက အကောင်းဆုံးပဲ။"
သူ့တပ်တွေကို အရင်ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်သည်။ ထိုစဥ် သူတော်စင်မရွှမ်းက အဝေးကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"သခင်လေးချန်က တားမြစ်သူ ဖြစ်ပေမယ့် သူက သာမန်လူပဲ... သခင်ငယ်ကတော့ ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ထိန်းချုပ်ထားတဲ့ သူတစ်ယောက်ပါ... သခင်ငယ် အာဏာရလာပြီး ကမ္ဘာကြီးအတွက် ရည်မှန်းချက်တွေ ရှိလာတဲ့အခါ ကျွန်မရဲ့ ဗောဓိတာအိုကျောင်းက သခင်ငယ်နောက်ကို လိုက်မယ့် သူရဲကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်"
ချန်ရှီက ဗောဓိတာအိုကျောင်း အတွကိ ဘာတွေ ဆောင်ကြဉ်းပေးနိုင်မှာမလို့လဲ။
ထိုအချိန်တွင် လူတစ်ယောက်သည် အော်ဟစ်ရင်း သတင်းပို့ရန် ရောက်လာသည်။
"ဂိုဏ်းချုပ်ကြီး ဂိုဏ်းချုပ်... ချန်ရှီ မြို့ထဲဝင်လာပြီး ဒီလမ်းအတိုင်း လာနေပါပြီ"
သူတော်စင်မရွှမ်းရဲ့ နှလုံးခုန်သံက ပြင်းထန်စွာ ခုန်နေပြီး သူမ၏ ဦးနှောက်ဆီသို့ သွေးများ စီးကျလာသလို ခံစားလိုက်ရသည်။
"ဒီလူက အရမ်းရဲတင်းနေတာပဲ!"
ဘယ်လောက်တောင် ရဲတင်းနေတာလဲ။
ဘယ်လောက်တောင် ရဲတင်းနေတာလဲ။