← Chapters

ပုန်းလျှိုးကွယ်လျှိုး မနေနိုင်

Vol. 16 Ch. 231

ပုန်းလျှိုးကွယ်လျှိုး မနေနိုင်

Vol. 16 Ch. 231

ပိုင်လီမုရဲ့ နှလုံးက ဆောင့်ခုန်သွားလေသည်။ သူ့လူများကို ချက်ချင်း ထွက်သွားစေပြီး ချန်ရှီကို သတ်ပစ်ရန် အဆင်သင့် ဖြစ်​နေခဲ့သော်လည်း ရုတ်တရက် ရပ်တန့်သွားကာ သူ့မျက်နှာက အုံ့မှိုင်းမှိုင်း ဖြစ်လာခဲ့သည်။

နျန်တူးရဲ့ ဘုရင်ခံက ကောင်းချန်းသည် နျန်တူးရဲ့ မိုင်တစ်ရာအတွင်း ချန်ရှီကို မထိရန် အမိန့်ပေးခဲ့ပြီးလို့သာ မဟုတ်ပါက ပန်းရှန်းဂိုဏ်း တစ်ခုလုံးက သွားသုတ်သင်ပစ်မှာ ဖြစ်သည်။ ကောင်းချန်း ထွက်သွားသည်နှင့် တပြိုင်နက် သူလှည့်၍ ချန်ရှီကို သတ်ပစ်လိုက်မည်ဟု တွေးလိုက်သည်။

နျန်တူးစီရင်စုမှာ ကောင်းချန်းရဲ့ တပ်များရှိသည်။ ထို့ကြောင့် ပန်းရှန်းဂိုဏ်းကို ရှင်းလင်းရန် သူ့အတွက် အလွယ်လေးပင်။ သခင်ငယ်သည် ဤစီရင်စုက ဘုရင်ခံနဲ့ ကောင်းမိသားစုကို ပန်းရှန်းဂိုဏ်းအတွက် အမှန်တကယ် စော်ကားပါ့မလား။

သို့သော် ပန်းရှန်းဂိုဏ်းမှ လူရာပေါင်းများစွာကို အဆောင်ဆွဲ မှော်ဆရာချန်က သတ်ဖြတ်သွားခဲ့သည်။ အခုလေးတင် ဖြစ်သွားပေမယ့် လူသတ်သမားက အရှိန်အဟုန်ဖြင့် ရောက်ရှိလာနေပါသည်။

သူတော်စင်မရွှမ်း : "ဂိုဏ်းချုပ်ပိုင် ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ.. လူကြီးမင်းကောင်းက ဒီကိစ္စကို ဖြေရှင်းပြီး ရှင်းပြပေးပါ့မယ်"

ပိုင်လီမုလည်း ငြိမ်သက်သွားသည်။

"လူကြီးမင်းကောင်းက ဒါကို တရားမျှတစွာ ကိုင်တွယ်ရင်တော့ ပိုကောင်းတာပေါ့ မဟုတ်ရင် လူထုကို စည်းရုံးဖို့ ခက်သွားလိမ့်မယ်!"

ချန်ရှီသည် နျန်တူးမြို့ထဲသို့ ဝင်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ နျန်တူးမှာက ရထားလုံးများနှင့် ကုလားထိုင်များ ပြုလုပ်သည့် အလုပ်ရုံများ ပြည့်နှက်နေကြောင်း သူမြင်ရသည်။ တခြားပြည်နယ်နဲ့ ခရိုင်မြို့တွေထက် ပိုစည်ကားသည်။ ဤနေရာတွင် ထုတ်လုပ်သော ရထားလုံးများကို အမျိုးအစားခွဲခြားထားသည်။

တချို့အလုပ်ရုံများသည် ရှပ်များ ပြုလုပ်ရာတွင် အထူးပြုသည်။ အချို့မှာ ဘီးများကို အထူးပြုလုပ်ကြကာ တချို့မှာတော့ ထိုင်ခုံများကိုသာ လုပ်ကြသည်။ အဆောင်စာလုံး ပုံဆွဲခြင်းတို့ကို အထူးပြုသည့် အလုပ်ရုံများအပြင် ထူးခြားဆန်းပြားသော သားရဲများနှင့် မြင်းများကို မွေးမြူရာတွင် အထူးပြုသည့် မြင်းခြံများနဲ့ ငှားရမ်းသည့် စျေးကွက်တစ်ခုပင် ရှိသေးသည်။

ဤနေရာတွင် ယာဥ်များ ရောင်းချသည့် ဆိုင်များစွာရှိပြီး တစ်ခုစီက ကိုယ်ပိုင် ဆိုင်းဘုတ်ပါရှိသည်။ ရထားလုံးအမျိုးမျိုး၊ မြင်းလှည်း၊ နွားလှည်း၊ မြင်းနှစ်ကောင်၊ မြင်းလေးကောင်၊ မြင်းခြောက်ကောင် စသဖြင့် အတော်လေး စုံလင်သည်။

ရထားလုံး အလှဆင်ရာတွင် ပုလဲ၊ ဖန်၊ ကျောက်တုံး၊ လည်ဆွဲအမျိုးမျိုးလည်း ရှိပါသည်။ အခြားသူများ၏ ရတနာများအဖြစ် မှတ်ယူထားသော ပုလဲများနှင့် ပုတီး​စေ့များကို လမ်းတစ်လျှောက်တွင် အပိုင်းပိုင်းခွဲကာ နေရောင်အောက်တွင် မတူညီသော အလင်းရောင်ဖြင့် ထွန်းလင်းနေ​စေသည်။

လမ်းတိုင်းသည် နေရာတိုင်းတွင် ဈေးဝယ်သူများဖြင့် စည်ကားနေပြီး ကမ္ဘာတစ်ဝှမ်းမှ လေယူလေသိမ်းများ နှင့် စျေးဝယ်သံများဖြင့် ဆူညံနေသည်။

"ရှောင်ဝမ်စွင်းသာဆို ဒီကိုရောက်တာနဲ့ ထွက်သွားဖို့ တွန့်ဆုတ်နေမှာ သေချာတယ်... ဒါပေမယ့် သူ့မှာ ပိုက်ဆံမရှိဘူး"

ချန်ရှီ အရှိန်လျှော့ပြီး ဘေးနှစ်ဖက်က ဆိုင်တွေကို ကြည့်လိုက်သည်။ သူလည်း သူ့ရဲ့ သစ်သားတွန်းလှည်းကို အလှဆင်ဖို့ တစ်ခုခု ဝယ်ချင်လာ၏။

သစ်သားတွန်းလှည်းကို သက်ရှိသတ္တဝါ တစ်ကောင်လို ပြောင်းလဲဖို့ ဖန်တီးခံအ​ဆောင်စာလုံးကို သုံးခဲ့သည်။ ချန်ရှီသည် လှည်းကို ပြုပြင်မွမ်းမံပြီး နဂါးသွေးနှင့် ရောစပ်ထားသော မြင်းနှစ်ကောင်ကို ဝယ်ရန် ငွေများစွာ သုံးစွဲခဲ့သည်။ မြင်းများကို လှည်းဆွဲခွင့်ပေးရန် စီစဉ်ခဲ့သည်။ သို့သော် လှည်းကို ချည်နှောင်လိုက်သည်နှင့် သစ်သားလှည်းဆီက စားသောက်ခံလိုက်ရသည်။

သူလည်း တခြားရထားလုံးတွေ စီးချင်ပေမယ့် သူတို့အားလုံးကို သစ်သားလှည်းက ကိုက်စားပစ်ခဲ့သည်။

ဒီသစ်သားလှည်းက အဖိုးရဲ့ အမွေအနှစ်ပင်။ သွားလာတာ လွယ်ကူစေရန်အတွက် အဆောင်စာလုံးတွေနဲ့ အစီအရင် ဖွဲ့ထားကာ ဘီးလေးဘီးဖြင့် ချိတ်ဆက်ထားပြီး အလွန်ရိုးရှင်းပါသည်။ အလွန် ပြင်းထန်တဲ့ တုန်လှုပ်တာတွေကို ခံနိုင်ရည်ရှိပြီး လမ်းက အထူးဆိုးရွားတာမျိုး မရှိသရွေ့ လှည်းစီးနေရင် တုန်လှုပ်မှုများစွာကို ခံစားရမည် မဟုတ်ပါ။

သို့သော် သူ့ရဲ့ သစ်သားလှည်းတွင် အမိုး သို့မဟုတ် အကာများ မရှိသည့်အပြင် မြင်းများ သို့မဟုတ် ထူးခြားဆန်းပြားသော သားရဲများကို သယ်ယူပို့ဆောင်တာမျိုး မလုပ်နိုင်ပေ။

ချန်ရှီ လက်ရှိ ကြည့်နေသော ရထားလုံး အတွင်းက နေရာက သိပ်မကြီးပါဘူး။ လူနှစ်ယောက်၊ ခွေးတစ်ကောင်၊ စာအုပ်သေတ္တာတစ်လုံးနှင့် ထည့်လိုက်ရင် အနည်းငယ် စည်ကားနေပုံပေါ်လိမ့်မည်။ သို့သော် လှည်းထဲမှာ ကူရှင် မပါတဲ့အတွက် ထိုင်ရင် ခါးနာလိမ့်မည်။

ချန်ရှီ ပတ်ဝန်းကျင်ကို ကြည့်နေရင်း အသံတစ်သံ ထွက်လာခဲ့သည်။

"ချန်ကျဲယွမ် အဝေးက လာတာ လက်စားချေဖို့လား ဒါမှမဟုတ် ရထားလုံး ဝယ်ဖို့ စဥ်းစားနေတာလား"

ချန်ရှီ ရပ်တန့်ကာ လှည့်ကြည့်လိုက်သည်။ မနီးမဝေးတွင် ပေါ့ပေါ့ပါးပါး ၀တ်စားဆင်ယင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဟာ နောက်လိုက်နှစ်ဦးနှင့်အတူ ရပ်နေတာ တွေ့လိုက်ရသည်။ အခြွေအရံနှစ်ဦးသည် ပြင်းထန်သော လေထုကို ထုတ်လွှတ်နေသည့် အရာရှိများနှင့် တူနေ၏။

ဆန့်ကျင်ဘက်အားဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် တရားဝင်လေထုနှင့် မညစ်ညမ်းဘဲ သူ့မျက်နှာသည် အလွန်နူးညံ့သိမ်မွေ့ပြီး လူတို့အား ကြင်နာ၍ ချဉ်းကပ်ရလွယ်ကူသော ခံစားချက်ကို ပေးသည်။

ချန်ရှီသည် ကျဲယွမ် ဟူသော ခေါင်းစဉ်ကို ကြားလိုက်သောအခါ သူ့ကို ရင်းနှီးနေ​ကြောင်း ခံစားလိုက်ရသည်။

"ခင်ဗျား ကျွန်တော့်ကိုသိလား?"

လူလတ်ပိုင်းအရွယ်က ပြုံးပြီး ပြောလာသည်။

"ရှင်းရှန်နဲ့ ကုံကျိုးစီရင်စု စာမေးပွဲမှာ ပထမရခဲ့တဲ့ ချန်ရှီက ဘယ်သူမှန်း မသိစရာလား...ချန်ကျဲယွမ် ငါက နျန်တူးရဲ့ ဘုရင်ခံ ကောင်းချန်းပါ.. ချန်ကျဲယွမ်ကို ဂါဝရပြုပါတယ်"

"မခံယူဝံ့ပါဘူးဗျာ!"

ချန်ရှီလည်း ဝမ်းသာအားရနဲ့ ပြုံးပြီး နှုတ်ဆက်စကား ပြန်ပြောလိုက်သည်။

"ဘာတွေဖြစ်ကုန်မှန်း မသိဘဲ ပထမဆုရှင်ဖြစ်လာတာ နည်းနည်းတော့ စိတ်ရှုပ်နေတုန်းပဲ... ကျနော့်မှာ အရည်အချင်းတွေ ရှိတယ်လို့ ထင်ရပေမယ့် ကုံကျိုးနဲ့ ရှင်းရှန်က အရည်အချင်းရှိတဲ့ လူတွေကို မွေးတဲ့ ပြည်နယ်နှစ်ခုပါပဲ... ပထမနေရာကို အောင်မြင်နိုင်တာက ဘုရားရဲ့ မျက်နှာသာတော်ပါပဲ"

ကောင်းချန်းက ရှေ့ကို တိုးလာပြီး ဆိုသည်။

"ချန်ကျဲယွမ် အရမ်း ကျိုးနွံမနေပါနဲ့... အနောက်နွားရှင်းကျိုးမှာတောင် ချန်ကျဲယွမ်ရဲ့ အရည်အချင်းက အကောင်းဆုံးပါပဲ အခု နှစ်သစ်ကုန်ဆုံးတော့မှာ ဆိုတော့ ဘယ်အချိန် ရှီးကျင်းကို သွားမှာလဲ"

စကားအနည်းငယ် ပြောပြီးနောက်တွင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာအောင် သိကျွမ်းခဲ့ကြပြီး အတိတ်အကြောင်းများကို ပြန်လည် အမှတ်ရနေကြသလို ချန်ရှီနှင့် အလွန်ရင်းနှီးလာခဲ့သည်။

ချန်ရှီလည်း ပြုံးပြီး ဖြေလိုက်သည်။

"ရှင်းရှန်ကို ရထားလုံးစီးပြီးရင် ပြန်မယ် နှစ်သစ်ကူး စောင့်ပြီးရင်တော့ စာမေးပွဲဖြေဖို့ ရှီးကျင်းကို သွားမယ်!"

ကောင်းချန်းက ညင်သာစွာ ခေါင်းညိတ်လိုက်ပြသည်။

"ရှီးကျင်း ခရီးက ရှည်လျားတော့ ရထားလုံး ကောင်းကောင်းတော့ တကယ်လိုတယ်... ကျုပ်က ချန်ကျဲယွမ်ကို အကြာကြီး သဘောကျခဲ့တာမို့ ရထားလုံး ကောင်းကင်းတစ်စီး ပေးချင်စိတ်ပြင်းပြခဲ့ပါတယ်.. လာမယ့်နွေဦး စာမေးပွဲမှာ အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်"

"ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ကျနော့်မှာ သစ်သားတွန်းလှည်း ရှိတယ်... ဟောင်းပေမယ့် ငါ့အဖိုးရဲ့ အမွေအနှစ် ဆိုတော့ မစွန့်ပစ်နိုင်ဘူး.. ဒီတစ်ခါတော့ ပစ္စည်းသေးသေးလေးတွေ ဝယ်ပြီး ပြုပြင်မွမ်းမံဖို့ စိတ်ကူးထားတာပါ..."

"ချန်ကျဲယွမ် လူကြီးလူကောင်းတစ်ယောက်ပါ... လွမ်းဆွတ်စရာ ဆိုပေမယ့် အမြစ်တွေကို ဘယ်တော့မှ မမေ့ဘူး.. ဒါကမှ လူကြီးလူကောင်းပါဘဲ... လေးစားပါတယ်"

ချန်ရှီ သူပြောတာကို ကြားပြီးနောက် သူ့နှလုံးသားထဲက သံယောဇဉ် ဖြစ်နေသလို ခံစားလာရသဖြင့် သက်တောင့်သက်သာ ရှိမှုကို ခံစားလာရသည်။

မီးပူနေချိန်မှာ ကောင်းချန်းက သံကို ဆက်ရိုက်လေသည်။

"ချန်ကျဲယွမ် ငါ့မှာ မလိုလားအပ်တဲ့ တောင်းဆိုချက်တစ်ခု ရှိတယ်.. ငါ့ရထားမြို့တော်ကို ကြည့်လိုက် အနောက်နွားရှင်းကျိုးက ရထားလုံး တစ်ဝက်လောက်ကို ရထားမြို့တော်မှာ ထုတ်လုပ်ထားတယ်... ကူးသန်းရောင်းဝယ်မှု သာယာပြီး လူတွေကလည်း ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်လုပ်ကိုင်ကြတယ်... သူတို့မှာ မကောင်းတဲ့ အကြံအစည်မရှိ၊ ဓားပြတွေကို မထောက်ပံ့ပါဘူး"

ချန်ရှီ ခေါင်းညိတ်လိုက်သည်။ နျန်တူး အနီးတွင် နေထိုင်သူများသည် အခြားနေရာများရှိ လူများထက် ပို၍ နေသာထိုင်သာ ရှိကြတာကို သူလည်း တွေ့ခဲ့သည်။ နျန်တူးတွင် လူများစွာကို ပံ့ပိုးပေးသည့် လုပ်ငန်းများသာ ရှိသည်။

လုပ်ငန်းတစ်ခုရှိလျှင် စားစရာနှင့် ဝတ်စရာအဝတ်အစားများ ရှိလိမ့်မည်။ အကြောင်းပြချက်ကတော့ အလွန်ရိုးရှင်းပါ၏။

"ငါ့မှာ ဒီနေရာကို ဦးဆောင်နိုင်လောက်တဲ့ အရည်အချင်း မရှိသေးပါဘူး... နျန်တူးရဲ့ ကုန်သွယ်မှုကို ဖျက်စီးပြီး လူတွေကို အိုးမဲ့အိမ်မဲ့ ဖြစ်စေချင်တာ မရှိပါဘူး ဒါကြောင့် နျန်တူးမှာရှိတဲ့ ရန်ငြိုးတွေအားလုံးကို ဒီမှာပဲ မဖြေရှင်းပါနဲ့လို့ မေတ္တာရပ်ခံပါတယ်... သူတို့ကို နျန်တူးနဲ့ မိုင်တစ်ရာဝေးတဲ့ အရပ်မှာ ဖြေရှင်းကြပါ"

သူသည် မြေကြီးပေါ်သို့ လေးလေးနက်နက် ဦးညွှတ်ပြီး ရိုးသားစွာ ပြောလာခဲ့သည်။

"ကောင်းချန်း ချန်ကျဲယွမ်ကို ဂါဝရပြု တောင်းဆိုလိုက်ပါတယ်!"

ချန်ရှီ အမြန် ပြေးထူလိုက်သည်။

"လူကြီးမင်းကောင်း မြန်မြန်ထပါ... ဒုက္ခရောက်အောင် လုပ်မိအတွက် တောင်းပန်ပါတယ်!"

လူနှစ်ယောက် မတ်တပ် ထရပ်လိုက်သည်။

"လူကြီးမင်းကောင်းက ကျနော့်ကို သိတာပဲ ကျနော်က ရိုးရိုးလူတစ်ယောက်ပါ.. ရွာက ကလေးပါပဲ အဲ့လောက်လည်း ဒုက္ခမပေးတတ်ပါဘူး။ သူများတွေ နှိုးဆွမှ ရန်ပြန်ဖြစ်တာ... ကမ္ဘာပေါ်က လူတွေက ကျနော့်ကို အများကြီး နားလည်မှုလွဲနေကြပုံပဲ"

ကောင်းချန်း နောက်ကွယ်မှ အရာရှိနှစ်ဦး၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်နေသည်။ ကောင်းချန်းက သူတို့ကို တစ်ချက် နောက်ပြန်လှည့်ကြည့်ပြီး ရိုးသားစွာ ပြောလိုက်သည်။

"ချန်ကျဲယွမ်ကို ကောင်းကောင်း နားလည်ပါတယ်။ မင်းနဲ့ငါ နှစ်ယောက်စလုံးက ဆရာကြီးရဲ့ တပည့်တွေပါ... ငါတို့က သဘာဝအတိုင်း ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့သူတွေပေါ့.. ငါတို့ကြားမှာ ဘယ်လိုလုပ် ပြဿနာတက်လို့ ဖြစ်မှာလဲ "

ချန်ရှီမှာ ဆွေမျိုးပေါက်ဖော် စိတ်ဓာတ်ကို ရုတ်တရက် ရှာတွေ့လိုက်သလို ခံစားသွားရလေသည်။

"လူကြီးမင်းကောင်းကလည်း ဆရာကြီးရဲ့ သွန်သင်ချက်တွေကို လိုက်နာကျင့်ဆောင်တဲ့သူ ဖြစ်မယ်... ကျွန်တော်တောင် မမျှော်လင့်ထားမိဘူး... ကျွန်တော် ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိပေမယ့် ပန်းရှန်းဂိုဏ်းက ကျွန်တော့်ကို တိုက်ခိုက်ခဲ့တော့ ပြန်တိုက်ခိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘူး... ဒီနေ့ နံနက်ခင်းကမှ အမှန်တရားကို ကြားခဲ့တာ.. ညနေခင်းတော့ သေရမှာပဲ"

ကောင်းချန်းလည်း နားမလည်သလို အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။ ဒါကိုမြင်တော့ ချန်ရှီ အတွင်းစိတ်က သက်ပြင်းတစ်ချက် ချလိုက်သည်။

"လူကြီးမင်းကောင်းမှာ အရည်အချင်းတွေ ရှိပေမယ့် အများကြီးတော့ မဟုတ်ဘူး ဆရာကြီးရဲ့ စကားရဲ့ အဓိပ္ပာယ်ကို နားမလည်နိုင်သေးဘူးမလား?"

ဒါပေမယ့် ကောင်းချန်းက ချန်ရှီ သူ့ကို ဒုက္ခမပေးချင်ဘူးဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ နားလည်လိုက်ပါသည်။

"စိတ်မပူပါနဲ့ ချန်ကျဲယွမ်... ငါ နျန်တူးရဲ့ မိုင်တစ်ရာအတွင်းမှာ မင်းကို ဘယ်တော့မှ မတိုက်ခိုက်ဖို့ ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမကို အမိန့်ပေးထားပြီးသားပါ... နျန်တူးကနေ ထွက်ခွာပြီးရင် နာကျည်းမှုအားလုံးကို ဖြေရှင်းနိုင်မှာပါ... ချန်ကျဲယွမ်ရော ဘယ်လိုထင်လဲ "

ချန်ရှီ ဝမ်းသာအားရနဲ့ :"လူကြီးမင်းကောင်းရဲ့ အမိန့်ကို ဘယ်လိုလုပ် လွန်ဆန်ရဲပါ့မလဲ?"

ကောင်းချန်းကလည့း ရယ်ပြီး "ချန်ကျဲယွမ်က အရမ်းထက်မြက်တော့ စာမေးပွဲအောင်မှာ သေချာပါတယ်... နောင်တစ်ချိန်မှာ တူညီတဲ့ မင်းဆက်မှာ အရာရှိတွေနေရာ ထမ်းဆောင်တဲ့အခါ ချန်ကျဲယွမ် ကောင်းချန်းကို မမေ့ရဘူးနော်!"

"ကျွန်တော် အမှတ်အများဆုံးသူလို့ မပြောဝံ့ပါဘူး... စာမေးပွဲကတောင် မစသေးဘူးလေ!"

"ဟုတ်ပါပြီ!"

နှစ်ယောက်သား စကားစမြည်ပြောရင်း ရယ်မောကြပြီး တစ်ယောက်ကို တစ်ယောက် ကျေနပ်စွာ ကြည့်နေမိသည်။ ထိုစဥ် ကောင်းချန်းက သူတော်စင်မရွှမ်း ကြွလာတာကို မြင်တော့ မိတ်ဆက်ပေးလေ၏။

"ဒါက သူတော်စင်မရွှမ်း လို့ခေါ်တဲ့ ဗောဓိတာအိုကျောင်းက ကျိရွှမ်းရွှမ်း... ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ် ထားရာနေရာ သုံးခုထဲက တစ်ခုပဲ... သူတော်စင်မရွှမ်းက ဆရာကြီးမြောက်ယင်းက သင်ကြားပေးပြီး ကျော်ကြားတဲ့ မိသားစုကနေ ဆင်းသက်လာတာ..."

သူတော်စင်မရွှမ်း ရောက်လာပြီး ကောင်းချန်းနဲ့ ချန်ရှီတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ကောင်းချန်းက နှုတ်ခွန်းဆက်စကား ပြန်ပြောပြီး။

"ကျဲယွမ် ငါ့မှာ အသေးအဖွဲ့ ကိစ္စလေးတွေ ရှိသေးတယ်.... အဲ​ဒါကြောင့် ငါ အခု အနားယူလိုက်ဦးမယ်"

"လူကြီးမင်း ကျွန်တော် လိုက်မပို့​တော့ပါဘူး"

ချန်ရှီရဲ့ မျက်လုံးများက သူတော်စင်မရွှမ်းကို စိုက်ကြည့်လာသည်။ ထိုအမျိုးသမီးသည် ဝတ်ကောင်းစားလှ၊ အချိုးအစား ကျသော အသွင်အပြင်၊ သွယ်လျသောခါးနှင့် ဖြူစင်သော အသားအရေရှိသည်။

ဆွဲဆောင်မှု အရှိဆုံးအရာကတော့ နှုတ်ခမ်းရဲ့ညာဘက် အပေါ်ထောင့်မှ မှဲ့နက်သေးသေးလေးပဲ ဖြစ်ပါ၏။ လူတွေက သူမကိုမြင်တဲ့အခါ သူတို့ရဲ့ မျက်လုံးတွေက သူမနှုတ်ခမ်းပေါ် မသိစိတ်က ကျဆင်းလာတာကြောင့် သူမကို ပိုတပ်မက်လာစေနိုင်သည်။

သို့သော်လည်း သူမ၏ စိတ်နေစိတ်ထားမှာ အခိုးအငွေ့ နှင့် ဖုန်မှုန့်များ မရှိဘဲ ဗုဒ္ဓဘာသာမှ ဆင်းသက်လာသော သာလွန်အေးမြသော ခံစားမှုမျိုး ရှိသည်။

သူတော်စင်မရွှမ်းက အရပ်ရှည်သည်။ သူမ အနားကို ရောက်သွားတော့ ခိုင်ခံ့မှု မရှိသော်လည်း အလွန်ပြေပြစ်သော မွှေးရနံ့လေး ထွက်ပေါ်လာသည်။ သူမက ချန်ရှီကို တိုးတိုးလေး ပြော၏။

"ရွှမ်းရွှမ်း သခင်လေးချန်ကို ဂါဝရပြုပါတယ်"

ချန်ရှီရဲ့ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားပြီး ဘေးသို့ ရွေ့သွားသည်။ သူတော်စင်မရွှမ်းလည်း အံ့အားသင့်သွားပြီး သူ့ကို ရှုပ်ယှက်ခတ်စွာ ကြည့်နေသည်။ ထိုအခါ ချန်ရှီက ခေါင်းခါပြလေ၏။

"သခင်လေးဆိုတဲ့ ဘွဲ့ကို ငါ မကြိုက်ဘူး... အမြဲတမ်း စော်ကားသလို ခံစားရတယ်"

သူတော်စင်မရွှမ်းရဲ့ မျက်ခုံးများက ကွေးသွားကာ သူမ ပြုံးလိုက်သည်။

"ဒါဆို ငါ မင်းကို ဘာခေါ်ရမလဲ တစ်ဆယ်လေးလား ဒါမှမဟုတ် ချန်ရှီလား"

ချန်ရှီ : "ငါ သူတော်စင်မရွှမ်းနဲ့ သိပ်မရင်းနှီးဘူး အဲ့တော့ ငါ့ကို ချန်ကျဲယွမ် ဒါမှမဟုတ် သခင်ကြီးကျဲယွမ်လို့ ခေါ်ပါ"

သူတော်စင်မရွှမ်းက ကျက်သရေအပြည့်နဲ့ ရယ်မောလိုက်သည်။

"ကောင်းပါပြီ သခင်ကြီးကျဲယွမ်..."

ချန်ရှီနဲ့ ပိုနီးစပ်ဖို့ ကြိုးစားချင်သဖြင့် ချန်ကျဲယွမ် ဆိုတဲ့ ခေါင်းစဉ်ကို မရွေးချယ်ခဲ့ပါဘူး။ ယင်းအစား သူမသည် သူမ၏ ကိုယ်ဟန်အနေအထားကို လျှော့ချပြီး "သခင်ကြီးကျဲယွမ်" ဟု နောက်ပြောင်သည့် ခေါင်းစဉ်ကို အသုံးပြုခဲ့သည်။

သူမသည် မကြိုက်ရခက်သော မိန်းမမျိုးဖြစ်တာကိုတော့ ငြင်းမရနိုင်ပါ။ သူမသည် လှပသော မျက်နှာလေးရှိပြီး ချောမောလှပသော အသွင်အပြင်နှင့် ကွေးကောက်သော ရှားပါးအလှတရား တစ်ခုဖြစ်သည်။ အထူးသဖြင့် သူမသည် ဗုဒ္ဓဘာသာနောက်ခံမှ ဆင်းသက်လာသောကြောင့် လူတို့သည် ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်လိုစိတ်နဲ့ တခြားစိတ် နှစ်မျိုးလုံးရှိကြသည်။

ချန်ရှီ သူမကို အလွန်သိချင်လာသည်။

"ဗောဓိတာအိုကျောင်းက ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ်ထားရာ နေရာသုံးခုထဲက တစ်ခု ဆိုတော့ ဒီက သီလရှင်လား..."

သူတော်စင်မရွှမ်း : "ဗောဓိဓမ္မကျောင်းမှာ သီလရှင် ရှိတယ် ဒါပေမယ့် သီလရှင် မဟုတ်တဲ့ သီလရှင်တွေလည်း ရှိပါတယ်... ငါ့ ဆရာအရှင်သခင် မြောက်ယင်း နေထိုင်တဲ့ နေရာကိုတော့ ကျစ်ရွှေသီလရှင်ကျောင်း လို့ခေါ်တယ်... အကြီးတန်း အစ်ကိုချန် စိတ်ဝင်စားရင် ဗောဓိတာအိုကျောင်းမှာ ခဏလောက် လာနေနိုင်ပါတယ်"

ချန်ရှီ ခေါင်းခါလိုက်သည်။

"စိတ်မ၀င်စားဘူး... ခင်ဗျားက သီလရှင်လား... ဒါဆို ဘာလို့ ဆံပင်ရှိနေတာလဲ"

သူတော်စင်မရွှမ်းလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုမေးခွန်းသည် သူမအတွက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။

"ကျွန်မက အသက်ဆယ့်ခြောက်နှစ် မပြည့်သေးပါဘူး လောကီဆက်ဆံရေးက မပြီးသေးဘူးလေ... အခုကျွန်မက ဆံပင်မညှပ်တဲ့ သီလရှင်တစ်ပါးပဲ အချစ်ကိုတွေ့တဲ့အခါ ခေါင်းရိတ်ပြီး ဗုဒ္ဓဘာသာကို လိုက်လျှောက်မယ်... အဲဒီအခါ ဒီလောကီကြိုးသုံးထောင်က ရှိတော့မှာ မဟုတ်ဘူး"

"ဟုတ်လား"

ချန်ရှီ သူမကို စိတ်ဝင်စားမှု မရှိတော့ဘဲ သစ်သားတွန်းလှည်းပေါ်တွင် အသုံးပြုနိုင်သော ပစ္စည်းများကို စိတ်ဝင်တစားဖြင့် ကြည့်ရင်း လမ်းပေါ်ရှိ ဈေးဆိုင်များသို့ သွားရောက်လည်ပတ်ခဲ့သည်။

သူတော်စင်မရွှမ်းကလည်း သူ့နောက်က လိုက်လာသည်။

"အကြီးတန်း အစ်ကိုချန်က အရမ်းထက်မြက်ပါတယ်..."

"ကျောင်းမှာ တစ်ခါမှ စာမသင်ဖူး မရောက်ဖူးဘူး"

ချန်ရှီက အရိပ်နဲ့ အမိုးအကာတွေ ပေးနိုင်တဲ့ ဆိုင်ထဲကို ၀င်သွားလိုက်သည်။ သို့သော် လူတိုင်း အရိပ်အမိုးအကာတွေကို အသုံးမပြုနိုင်ပါ။ ခရီးသွားသည့်အခါတွင် ဘုရင်များနှင့် မင်းသားများသာ အသုံးပြုနိုင်သည်။ သာမာန်လူများကသာ သုံးရင် ၎င်းကို လုယက်မှုအဖြစ် သတ်မှတ်ကာ ထောင်ထဲသို့ အပို့ခံရမည်။

ဒါပေမယ့် အနောက်နွားရှင်းကျိုးမှာက ရိုးရာဓလေ့တွေနဲ့ ယဥ်ကျေးမှုတွေက ကမောက်ကမ ဖြစ်နေတာ ကြာပါပြီ။ ဒါကြောင့် ဒီအရာတွေကို ဘယ်သူကမှ ဂရုမစိုက်ကြတော့​ပါ။ ပိုက်ဆံရှိသရွေ သုံးနိုင်သည်။

သူတော်စင်မရွှမ်း သူ့နောက်ကနေ တိုးတိုးလေး လိုက်ပြောသည်။

"အစ်ကိုချန်က ကျောင်းမတက်ဖူးသေးပေမယ့် ထက်မြတ်တဲ့ အရည်အချင်းနဲ့ ဗဟုသုတတွေ ရှိတယ်.. ဒါက အရမ်းဉာဏ်ကောင်းတယ် ဆိုတာ ပြသနေတာပဲ... ရွှမ်းရွှမ်းက ငြိမ်းချမ်းရေးကို လိုလားလို့ ဂိုဏ်းချုပ်ပိုင်နဲ့ အတူထိုင်ဖို့ ဖိတ်ခေါ်ချင်တာပါ... သောက်ပြီး စကားပြောရင်း ရန်ငြိုးကို ခင်မင်မှုအဖြစ် ပြောင်းကြတာပေါ့"

ချန်ရှီက ဆိုင်၏ နံရံနှင့် ခေါင်မိုးပေါ်တွင် ချိတ်ဆွဲထားသော ရထားလုံး ခေါင်မိုးများကို ကြည့်လိုက်သည်။ အချို့သည် အလွန်လက်ရာမြောက်ပြီး နဂါးရုပ်များ၊ ဖီးနစ်များ၏ ပန်းချီကားများ၊ တောင်များနှင့် မြစ်များကို ချယ်သထားကြသည်။ အချို့ကို ဇိမ်ခံပစ္စည်းများဖြင့် ပြုလုပ်ထားပြီး လည်ဆွဲများ၊ ကျောက်စိမ်း နှင့် ပုလဲများဖြင့် ချိတ်ဆွဲထားသည်။

တခြားသူတွေက ကာကွယ်ရေးကို အာရုံစိုက်တတ်တာကြောင့် အမိုးပေါ်တွင် အဆောင်လက်ဖွဲ့ အမျိုးမျိုး၊ ခုခံရေး အဆောင်လက်ဖွဲ့ အမျိုးမျိုးကို ခြယ်မှုန်းထားသည်။ အမိုး တစ်ခုစီးတွင် ရာနှင့်ချီသော အဆောင်လက်ဖွဲ့များရှိပြီး ခံစစ်စွမ်းအားက အံ့မခန်းပင်။

"ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် သူတော်စင်မရွှမ်း"

ချန်ရှီ သူ့ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။

"ဂိုဏ်းချုပ်ပိုင်လီမုက ပန်းရှန်းဂိုဏ်းရဲ့ သခင်... ပန်းရှန်းဂိုဏ်းက သင်္ချိုင်းတွေကို လုယက်ပြီး အသက်မွေးတယ် မင်မင်းဆက်ရဲ့ ဥပဒေတွေအရ ဂိုဏ်းသားအားလုံးကို သေဒဏ်ပေးသင့်တယ် တရားမဲ့ သူနဲ့ အရက်သောက်ပြီး စကားပြောရမှာလား... ခင်ဗျာ ဒီကိစ္စကို ထပ်ပြီး မပြောမိစေနဲ့... ဆိုင်ရှင်..."

ဒါကိုကြားတော့ ဆိုင်ရှင်က ထီးပုံသဏ္ဍာန်ကို ညွှန်ပြပြီး “အဲဒါလား” လို့ မေးလာသည်။

ချန်ရှီ ခေါင်းညိတ်လိုက်သည်။

ဆိုင်ရှင်က ခေါင်မိုးကို ဖြုတ်ချလိုက်သည်။ ဤအမိုးသည် အခြားအကာများနှင့် မတူပါ။ တခြားအမိုးများက ပိတ်၍မရသော်လည်း ဤအရာက ထီးပုံစံကဲ့သို့ တည်ဆောက်ထားပြီး အသုံးမပြုလိုသည့်အခါတွင် ခေါက်ထားနိုင်သည်။

လူတစ်ဦးစာလောက် ရှည်သဖြင့် ဖွင့်လိုက်သောအခါတွင် ဆယ်ပေအကျယ်အဝန်း ရှိသည်။ ခေါင်မိုးပေါ်မှာ ၁၀၈ ခေါက်ရှိကာ သစ်သားကြမ်းဖြင့် ပြုလုပ်ထားပြီး ၎င်းပေါ်တွင် အဆောင်စာလုံးတွေ ဆွဲသားထားခြင်း မရှိသေးချေ။

ဆိုင်ရှင်က “လူကြီးမင်း ဒီအမိုးအကာက လွတ်နေပါ​သေးတယ်”

"ဒါကိုလိုချင်တယ်... ဘယ်လောက်လဲ။"

"ငွေငါးချောင်း"

ချန်ရှီ ဈေးဝယ်နေစဥ် သူတော်စင်မရွှမ်းက အနားမှာ ရပ်စောင့်နေ၏။ ခဏအကြာတွင် ချန်ရှီသည် ခေါင်မိုး၏စျေးနှုန်းကို ငွေ ခုနစ်ဆင့်အထိ လျှော့ချပြီးနောက် ပေးချေခဲ့သည်။

သူတော်စင်မရွှမ်းလည်း သူမ၏ မျက်နှာပေါ်က ထူးဆန်းသော အကြည့်ဖြင့် "ဒီလူက သာမန်ပြည်သူတစ်ယောက်လိုပါပဲ အသက်ဆယ့်နှစ်နှစ် ဒါမှမဟုတ် ဆယ့်သုံးနှစ်ပဲ ရှိပါသေးတယ်" ဟု တွေးနေသည်။

ချန်ရှီ ဝယ်ခဲ့သော အမိုးတွင် ဘာအဆောင်စာလုံးမှ မပါရှိပါ။ သူ့အထင်နဲ့ အစွမ်းထက် အဆောင်လက်ဖွဲ့ကို သူကိုယ်တိုင်ဆွဲဖို့ ကြံစည်ခဲ့တာ ထင်ရှားပါသည်။ သို့သော်လည်း ချန်ရှီက ငွေပေးဆောင်တဲ့အထိ သူမ တိတ်တဆိတ် စောင့်နေဆဲ ဖြစ်သည်။

"အစ်ကိုချန်...ရှင်က ငြိမ်းချမ်းရေးကို မလိုလားမှတော့ ရွှမ်းရွှမ်းလည်း အများကြီး မပြောတတ်​တော့ပါဘူး..."

ချန်ရှီ အံ့သြသွားသည်။

"ခင်ဗျား မထွက်သွားသေးဘူးလား... ခင်ဗျား ထွက်သွားတာ ကြာပြီလို့တောင် ထင်နေတာ!"

သူတော်စင်မရွှမ်း အနည်းငယ် ရှက်သွားကာ အနည်းငယ်လည်း မပျော်မရွှင် ဖြစ်သွားသည်။ သူမက

"နက်ရှိုင်းနဂါးရွေ့ဓားက သခင်ငယ်လေး ပိုင်တာ... အစ်ကိုချန်က လှည့်စားမှုတစ်ခုနဲ့ သိမ်းသွားလိုက်တာလေ...အစ်ကိုချန် ရွှမ်းရွှမ်းကို မျက်နှာသာ ပေးတဲ့အနေနဲ့ ဓားကို ပြန်ပေးလို့ရမလား..."

ချန်ရှီ သူမကို တစ်ချက်ကြည့်လိုက်ပြီး မေး၏။

"ခင်ဗျားက သီလရှင်မို့လို့ လောကီတပ်မက်မှုတွေ ရှိ​နေတာလား"

"ကျွန်မက လောကီလိုအင်ဆန္ဒတွေရဲ့ ဖြားယောင်းတာကို ခံ​နေရတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေပြီလေ... ပြင်ပအာကာသထဲက နတ်ဘုရားက ခါတိုင်းထက် ပိုတိုတောင်းပြီး ညတွေ ပိုကြာအောင် ထပ်ခါတလဲလဲ မှောင်မိုက်နေခဲ့တာ... မထင်မှတ်ထားတဲ့ ကပ်ဆိုးကြီးတစ်ခု ဖြစ်လာမှာကို ကျွန်မကြောက်တယ်.. ဒါက ဒုက္ခရောက်တော့မယ့် ကာလရဲ့ နိမိတ်တစ်ခုပါ... သခင်ငယ်မှာက ကောင်းကင်ဘုံက နတ်ဘုရားကြောင့် ဒုက္ခရောက်နေတဲ့ လောကကို ကူညီနိုင်တဲ့ တစ်ခုတည်းသော ရည်မှန်းချက်ရှိတယ်...အနောက်နွားရှင်းကျိုး ကျွန်းကို ပေါင်းစည်းဖို့လေ..."

သူမက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိုးတိုးလေးပြောသည်။

"အစ်ကိုချန် မင်း ဘာလို့ နက်ရှိုင်းနဂါးရွေ့ဓားကို ပြန်မပေးသေးဘဲ သခင်ငယ်လေးနဲ့ မပူပေါင်းလိုက်တာလဲ... နောင်မှာ မင်းလည်း နဂါးရွေ့လျားကျမ်းကို လိုက်ကျင့်ရင်း......"

"သူရဲကောင်း" ဟူသော စကားလုံးကို သူမ မပြောမီတွင် ချန်ရှီသည် ဒူးကို မြှောက်လိုက်ပြီး သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို တိုက်ချပစ်လိုက်သည်။ သူမ၏ အရေးပါသော စွမ်းအင်များ ပြိုပျက်သွားတာကြောင့် မထင်မှတ်လောက်အောင် နာကျင်သွား၏။

ကျိရွှမ်းရွှမ်း အလွန်တုန်လှုပ်သွားပြီး နာကျင်စွာဖြင့် ငုံ့ကြည့်လိုက်သည်။

ထိုစဥ် ချန်ရှီက သူမ ညာဘက်နားရွက်ကို ထိုးကြိတ်ပြီး မြေကြီးပေါ် ခေါက်လိုက်သည်။ သူက သူ့လက်ထဲက ရထားလုံးအမိုးကို မြှောက်ပြီး သူမကို ထိုးတော့မှာ ဆိုပေမယ့် ခဏလောက်တွေးမိသွားကာ ၎င်းကို ဘေးနား ချထားလိုက်ပြီး နောက်ထပ် ကုလားကာရဲ့ တိုင်ကို ဆွဲထုတ်၍ သူတော်စင်မရွှမ်းကို ရိုက်နှက်တော့သည်။

ဝုန်း!

စူးစူးဝါးဝါး အော်ဟစ်သံများ ကြားနေရသည်။ ခေါင်မိုးကို အမျိုးမျိုးသော အဆောင်စာလုံး သာဓကများဖြင့် တံဆိပ်ခတ်ထားပြီး အလွန်ခိုင်မာသော်လည်း ချန်ရှီ လက်ထဲမှာတော့ ဘယ်လိုမှ မခိုင်ခံ့နိုင်တော့။ အကြိမ် ဒါဇင်နဲ့ချီပြီး ရိုက်ပြီးတာနဲ့ တိုင်က ကျိုးသွား၏။

ချန်ရှီ နောက်ထပ် တစ်တိုင်းကို ပြောင်းပြီး တိုင်ကျိုးသွားသည်အထိ အကြိမ်ပေါင်းများစွာ ရိုက်ခဲ့သည်။ ထို့နောက် ဘေးသို့ ပစ်ချလိုက်သည်။

သူတော်စင်မရွှမ်းမှာ သူမ၏ ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ခံရပြီး နှာခေါင်းနှင့် မျက်နှာတွင် ဒဏ်ရာများစွာ ရသွားခဲ့သည်။ သူမသည် အစပိုင်းတွင် နာကျင်မှုကို ခံနိုင်ရည်ရှိနေဆဲ ဖြစ်သော်လည်း နောက်ပိုင်းတွင် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရာ မကြာမီ သူမအသံကြောင့် ပတ်ဝန်းကျင်က ဆူညံလာ​တော့သည်။

"ဆိုင်ရှင်... တိုင်နှစ်တိုင်က ဘယ်လောက်လဲ ကျနော်ပေးပါ့မယ်..."

ချန်ရှီ လှည့်မေးလိုက်စဥ် ဆိုင်ရှင်သည် အထိတ်တလန့်ဖြစ်ကာ ကြီးကြီးကျယ်ကျယ် စျေးနှုန်းကို မဖော်ပြဝံ့ပေ။

"ဒီတိုင်နှစ်တိုင်ကို အဆောင်ဆွဲဆရာကြီးတစ်ယောက်က ရေးထိုးပြီး လုပ်ထားတာပါ... ကုန်ကျစရိတ်က ရှစ်ဆယ်ကျော်"

"အရမ်းစျေးကြီးတာပဲ.."

ချန်ရှီသည် ထုံကျင်နေသော လက်များကို ယမ်းလိုက်ပြီး ငွေအချောင်းတစ်ရာတန် စက္ကူကို ထုတ်ပေးလိုက်သည်။

"ကျနော့် ဆယ်ချောင်းပဲ ​ပြန်ပေးပါ!"

ဆိုင်ရှင်လည်း ကမန်းကတန်း ပြန်အမ်းပေးရ၏။ ချန်ရှီ ပိုက်ဆံကိုယူကာ ထီးခေါင်မိုးကို သူ့ပုခုံးပေါ်တင်ကာ ထွက်လာခဲ့သည်။ ဒါတောင် မကျေနပ်သေးဘဲ သူတော်စင်မရွှမ်းရဲ့ ဖင်ကို နှစ်ကြိမ် ကန်ရင်း အဆိုပါ အမျိုးသမီးအား ဆိုင်ထဲမှ ကန်ထုတ်လိုက်သည်။

"ဗုဒ္ဓဗိမာန်အောက်မှာ တရားထိုင်ပြီး ဘုရားကို ကိုးကွယ်မယ့်အစား သခင်ငယ်အတွက် စည်းရုံးဖို့ ထွက်လာတယ်တဲ့... မင်း တော်တော် အရှက်မဲ့တာပဲ!"

ချန်ရှီသည် ဆိုင်ထဲမှ ဖြတ်လျှောက်လာပြီး သူတော်စင်မရွှမ်းကို တံတွေးနှင့် ထွေးကာ ပက်လက်လန်ပေးလိုက်သည်။

"လူကြီးမင်းကောင်းကို မျက်နှာသာပေးပြီး မြို့ထဲမှာ ဘယ်သူ့ကိုမှ မသတ်ရဘူးလို့ ကတိမပေးခဲ့ဘူးဆိုရင် မင်းကို ဝိညာဥ်တစ်သောင်းအလံက တာအိုဝါဒီ သူငယ်ချင်းဆိုပြီး လာခေါ်လာနေလောက်ပြီ!"

All Chapters