← Chapters

ခြေအိတ်ကို ကိုက်ထား

Vol. 16 Ch. 235

ခြေအိတ်ကို ကိုက်ထား

Vol. 16 Ch. 235

သူတော်စင်မရွှမ်း၏ နဖူးပေါ်မှ အေးစက်သော ချွေးစက်များ ထွက်ကျလာသည်။

ချန်ရှီ၏ စကားများထဲတွင် ဝှက်ထားသော ထောင်ချောက်တစ်ခု ရှိသည်။ ဂရုမစိုက်မိရင် လိမ်ညာပြီး ဖြေမိလိမ့်မည်။ ဒါက တကယ်သာ လျှာဆွဲငရဲဖြစ်ရင် သူမလျှာက တကယ်ကို ပျောက်ကွယ်သွားလိမ့်မည်။

ဒါက လျှာဆွဲငရဲဟုတ်မဟုတ် သူမ သေချာမသိပေမယ့် သတိထားနေတာက အကောင်းဆုံးပင်။

တကယ် လျှာဆွဲငရဲပင်လား။

"ခင်ဗျား စကားမပြောဘူးလား ဗိုက်နာနေပြန်ပြီလား"

ချန်ရှီက စိုးရိမ်စိတ်ဖြင့် မေးလာသည်။ သူတော်စင်မရွှမ်း တစ်ချက် ညည်းမိ၏။ တကယ်ပဲ ဗိုက်နာနေပြန်သည်။

"နာတယ်..."

သူမသည် နာကျင်စွာဖြင့် ခန္ဓာကိုယ်ကို လိမ်ကာ ဘောလုံးတစ်လုံး ဖြစ်သွားတဲ့အထိ ကွေးကောက်လိုက်သည်။

ယခုတစ်ကြိမ်တွင် ချန်ရှီက သူမ၏ ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုများ၏ အမြင့်ဆုံး ကန့်သတ်ချက်ကို စမ်းသပ်နေတာသာ ဖြစ်လိမ့်မည်။ သူ့တိုက်ခိုက်မှုသည် မှန်ကန်ခဲ့ပြီး သူမကို ပြင်းပြင်းထန်ထန် ရိုက်နှက်သော်လည်း အသက်ရှုသွင်းနိုင်အောင် သက်ညှာပေးထားခဲ့ကာ သူမအသက်ကို သေတာထက် ပိုဆိုးစေခဲ့သည်။

ချန်ရှီသည် ရွှမ်ကျီးပိုင်ပြန့် မီးဖိုကိုကိုင်ပြီး သူမဘက်သို့ လာကာ မှုတ်လိုက်သည်။ အသက်မသွင်းမီကပင် ဤမီးဖိုသည် ကြီးမားပြီး အမြင့် ခုနစ်ပေနှင့် အကျယ် ကိုးပေရှိသည်။ အသက်သွင်းပြီးနောက် အမြင့် လေးဆယ့်ငါးပေ၊ အကျယ်ငါးပေမှ ခြောက်ပေရှိသည်။

မီးဖိုအတွင်းနံရံ၏ ဖွဲ့စည်းပုံက အလွန်ရှုပ်ထွေးသည်။ မီးဖိုနံရံတွင် မှန်ဘီလူးနှင့်တူသော အရာထောင်ပေါင်းများစွာ ရှိကာ ကြေးမုံ၏အတွင်းပိုင်းကို အဆောင်စာလုံး အက္ခရာများဖြင့် ဖုံးအုပ်ထားသည်။ စဖွင့်လိုက်သောအခါ မှန်သည် မတူညီသော မှန်မျက်နှာပြင်များမှ ပေါက်ထွက်နေသော အဆောင်စာလုံး အလင်းကို အလင်းပြန်စေပြီး စာလုံးစွမ်းအင်ကို ချက်ချင်း ချဲ့ထွင်စေသည်။

၎င်းကို လေထုထဲတွင် ပုံဖော်ထားပြီး မီးဖိုထဲမှ ပျံထွက်လာသည့် အစွမ်းထက်သော သတ္တုလက်နက်များအဖြစ် ပြောင်းလဲထားပစ်မည်။

မီးဖိုအတွင်းရှိ မှန်ဘီလူးအားလုံးသည် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် မီးဖိုအလယ်ဗဟိုတဝိုက်တွင် လှည့်ပတ်နေကြသောအခါ အဆောင်စာလုံး လက်နက်များက မီးဖိုထဲမှ ပြေးထွက်လာပြီး ပြိုင်ဘက်ကို ခုခံရန် သို့မဟုတ် ဖမ်းယူရန် အချိန်မပေးဘဲ အလွန်လျင်မြန်စွာ သတ်ပစ်လိမ့်မည်။

ဤမီးဖိုရှိ မှန်ထဲတွင် ရိုက်နှိပ်ထားသော စာလုံးများသည် ပိုင်လျန့်ခန်းမရဲ့ ထူးခြားသော ရတနာ သန့်စင်မှုစွမ်းရည်ကို ပြသထား​လေသည်။ ၎င်း၏ ရှုပ်ထွေးသော ဖွဲ့စည်းပုံနှင့် ကျွမ်းကျင်လိမ္မာသော သန္ဓေတည်မှုက ရင်သပ်ရှုမောဖွယ် လက်ရာပဲ ဖြစ်သည်။

ချန်ရှီသည် ချီစွမ်းအင် အငွေ့အသက်ကို ရှူထုတ်လိုက်ပြီး ရွှမ်ကျီးပိုင်ပြန့် မီးဖိုကို ပိုင်လီမုကို တိုက်ခိုက်ရန်အတွက် ငှက်အသွင်ပြောင်းရန် ကြိုးစားသော်လည်း အသက်ရှုသွင်းပြီးနောက်တွင် သူ့မျက်နှာကသာ နီရဲလာပြီး သူလိုချင်သည့် ပုံစံအဖြစ် မပြောင်းလဲနိုင်တော့တာ တွေ့လိုက်ရသည်။

“ဝုန်း!”

ချန်ရှီ သူ့ကိုယ်သူ ​ပြန်မှုတ်သွင်းပြီး သေလုနီးပါး ဖြစ်သွားသည်။ ရွှမ်ကျီးပိုင်ပြန့် မီးဖိုသည် နောက်ဆုံးတွင် ပြောင်းလဲသွားပါ၏။ ၎င်းက အမြင့် ခုနစ်ပေ သို့မဟုတ် ရှစ်ပေနှင့် အကျယ် ကိုးပေခန့်ရှိသော ဖားကြီးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။

ဖားကြီးက ခုန်တက်လာပြီး သူတော်စင်မရွှမ်း နှင့် မျက်နှာချင်း ဆိုင်လိုက်သည်။ သူတော်စင်မရွှမ်း၏ ခန္ဓာကိုယ်သည် နာကျင်ကိုက်ခဲလာသော်လည်း သူမစိတ်က ထူးထူးခြားခြား ကြည်လင်နေပြီး ဤအရာက ထူးဆန်းနေကြောင်း ခံစားမိသည်။

"ကူကွား!"

ဖားကြီးသည် သူမရှေ့မှ ခုန်ဆင်းကာ သူမအား အော်ပြောလိုက်သည်။

သူတော်စင်မရွှမ်းသည် ကျက်သရေရှိလှသော ဖားတစ်ကောင်ရှေ့ကနေ တွားသွားပြီး ထွက်သွားချင်သော်လည်း သူမဗိုက်သည် အလွန်နာကျင်လာသဖြင့် မလှုပ်ရှားနိုင်တော့ပေ။

“ဝုန်း!”

ဖာကြီး၏ ခန္ဓာကိုယ်မျက်နှာပြင်က ရုတ်တရက် ကွဲထွက်သွားပြီး ယခင်ကဲ့သို့ ပြန်လည်ကောင်းမွန်လာကာ လျှို့ဝှက်ဆန်းကြယ်သော မီးဖိုအဖြစ် တစ်ဖန်ပြန်လည် ရောက်ရှိသွားခဲ့သည်။

ချန်ရှီ မျက်မှောင်ကြုတ်လိုက်သည်။ သူတော်စင်မရွှမ်းလည်း သူ၏ အလိုမကျသော မျက်နှာကို မြင်လိုက်ရသောအခါ ဝမ်းသာသွားရင်း နာကျင်မှုကလည်း အနည်းငယ် သက်သာသွားသည်။

"ချန်ရှီ... မင်းဂိုဏ်းချုပ်ပိုင်လီကို လုပ်ကြံဖို့ ကြိုးစားနေတာလား... ဂိုဏ်းချုပ်ပိုင်လီမုက နတ်ဆင်းသက်နယ်ပယ်က ကျင့်ကြံသူ မင်းရဲ့ နယ်ပယ်နဲ့ သူ့ကြားက ကွာဟချက်က ကြီးလွန်းတယ်... မင်းက သူ့ရန်သူဖြစ်ဖို့ ဝေးလွန်နေသေးတယ်... မင်းဘာလို့ ရုန်းကန်နေတာလဲ မင်း သခင်ငယ်နဲ့ လက်တွဲဖို့ ဆန္ဒရှိမယ်ဆိုရင် မင်းနဲ့ ဂိုဏ်းချုပ်ပိုင်လီမုကြားက ပဋိပက္ခကို ဖြေရှင်းဖို့ ငယ်သား... စည်းရုံးရေးသမား ဖြစ်ချင်ပါတယ်"

သူ့ကိုယ်သူ ငယ်သားလို့ တစ်ခါမှ မခေါ်ဖူးပါ။ တကယ်တော့ သူမဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး သူမရဲ့နှလုံးသားထဲမှာ ဗုဒ္ဓကလွဲလို့ တခြားဘာမှမရှိပါဘူး။ သခင်ငယ်၏ရှေ့တွင်ပင် သူမသည် တစ်ခါမျှ နှိမ့်ချမှုမရှိခဲ့ပေ။

သို့သော် ချန်ရှီသည် သခင်ငယ်၏ ကွပ်ကဲမှုအောက်ရှိ သန်မာသော ယောက်ျားများထက် များစွာ ထက်မြက်ပြီး အရည်အချင်းရှိသူဖြစ်သည်။ ထို့ကြောင့် သူမသည် မိမိကိုယ်ကို ငယ်သားအဖြစ် ခေါ်လိုပြီး ချန်ရှီကို လက်နက်ချဖို့ ဆွဲဆောင်ရန် သူမ၏ ကိုယ်ဟန်အနေအထားကို လျှော့ချလိုက်သည်။

ချန်ရှီ လျှို့ဝှက်ဆန်းကြယ်သော မီးဖိုကို ကြည့်ကာ စိတ်ပူသွားသည်။

ထိုအချိန်တွင် ပိုင်လီမုရဲ့ အသံက ထွက်လာပြီး သူ့ကိုတိုက်ခိုက်ရန် ခေါ်နေသေးသော်လည်း အသံက ပိုဝေးသွားသောကြောင့် သူလမ်းကြောင်း မှားသွားခဲ့တာ ဖြစ်နိုင်သည်။

သူတော်စင်မရွှမ်း : "သခင်ငယ်က တခြားသူတွေကို သက်ညှာတဲ့စိတ်၊ ဘယ်သူတွေပဲဖြစ်ဖြစ်၊ အလွှာပေါင်းစုံကပဲဖြစ်ဖြစ် လူသိနည်းတဲ့ သူတွေကိုတောင် လေးလေးစားစား ဆက်ဆံပါတယ်... ပန်းရှန်းဂိုဏ်းက လူအများနဲ့ မဆိုင်တဲ့ သင်္ချိုင်းဓားပြတိုက်တဲ့ ဂိုဏ်း ဆိုပေမယ့် ဂိုဏ်းချုပ်ပိုင်လီမုကို လေးလေးစားစား ဆက်ဆံနေတုန်းပဲ.... ဂိုဏ်းချုပိကြီးကို သင်္ချိုင်းတူးဖော်တဲ့ နည်းနည်း နဂါးရွေ့လျားကျမ်းကိုလည်း ပေးတယ်..."

ချန်ရှီက ရွှမ်ကျီးပိုင်ပြန့် မီးဖိုကို ခဏလောက် လှည့်ပတ်ပြီး ကြည့်နေသည်။

"သူတော်စင်မရွှမ်း... ပိုင်လီမုက သခင်ငယ်နဲ့ပေါင်းရင် အသက်ဆက်ရှင်နိုင်တယ် သူ့အရည်အချင်းတွေကို လက်ဆောင်အဖြစ်တောင် ပေးနိုင်တယ်ပေါ့... ပိုင်လီမုက တုံးလွန်းနေတာ.. ဒါပေမယ့် ငါ့လို ထူးချွန်တဲ့လူက သူနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် မင်းရဲ့ သခင်လေးက ငါ့ကို သည်းမခံနိုင်​လောက်ဘူး.. ငါက ပိုထက်မြက်ပြီး သူကလည်း ထက်မြက်တဲ့သူမို့လို့... ဆိုလိုတာက သူ့မှာ အချိန် နှစ်ရက်ပဲ ရှိလိမ့်မယ်... အဲ့အချိန်အတွင်း ငါသူ့ကို အပြင်ထွက်ပြီး တိုက်ခိုက်လာမှာကို စိုးရိမ်နေမှာပဲ..."

သူတော်စင်မရွှမ်း : "မင်းအတင့်... ပေါက်ကရတွေ လျှောက်ပြောနေတာပဲ သခင်ငယ်က တခြားသူတွေကို သည်းမခံနိုင်တဲ့လူ မဟုတ်ဘူး!"

"သခင်ငယ်လေးရဲ့ စရိုက်ကို သေချာစဉ်းစားစမ်းပါ... ငါသူ့ကို လက်မြှောက်ထားရင် သူက ငါ့ကိုသတ်မှာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား... ဒါက လျှာဆွဲငရဲနော်... မင်း ထပ်ပြောကြည့်!"

သူတော်စင်မရွှမ်းမှာ ပါးစပ်ကို ဖွင့်ထားသော်လည်း ဘာမှ ထပ်မပြောဝံ့။ နဖူးမှာ ချွေးသီးပုတီးတွေ ပေါ်လာပြီး သူမရဲ့ နှလုံးသားထဲက အသံတစ်ခုက "သခင်ငယ်ကို သူ လက်မြှောက်ထားရင် ဖြစ်နိုင်တာက... သခင်ငယ်က သူ့ကို တကယ်သတ်လိမ့်မယ်!" ဟု ပြောနေသည်။

ဒါကို တွေးပြီး စိတ်ထဲမှာ အေးခဲသွားသလို ခံစားလိုက်ရသည်။

မရည်ရွယ်ဘဲ သူမသည် ချန်ရှီကို သခင်ငယ်ထက်ပင် အားကောင်းသူတစ်ဦးအဖြစ် မှတ်ယူထားမိသောကြောင့် သခင်ငယ်သည် ချန်ရှီကို သည်းမခံနိုင်​လောက်တော့ဘူးဟု ခံစားမိလာ၏။

"သခင်ငယ်ကို မင်း ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... သူ့ရဲ့ မူလအစ၊ မိသားစုနောက်ခံ၊ အရည်အချင်း၊ နာမည်ကောင်း ဒါမှမဟုတ် အဆက်အသွယ် ဖြစ်ဖြစ် သူက သခင်လေးထက် အဆပေါင်းများစွာ နိမ့်တယ်။ သူ..."

သူမရဲ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့၏- "သူက ဘာလို့ ငါ့နှလုံးသားထဲမှာ သခင်လေးနဲ့ နှိုင်းယှဥ်နိုင်သွားတာလဲ"

ငယ်ရွယ်သော ချန်ရှီသည် အချစ်ဇာတ်လမ်းကို မသိဘဲ၊ စက်ဆုပ်ရွံရှာဖွယ် ကောင်းသော၊ ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ ချောမောပြီး နူးညံ့သိမ်မွေ့သော သခင်ငယ်နှင့် နှိုင်းယှဉ်ပါက ၎င်းတို့ကြားတွင် ကြီးမားသော ကွာခြားချက်ရှိသည်။ ဒါပေမယ့် ချန်ရှီက သူမအတွေးကို ထိမိစေပြီး သခင်ငယ်လေးနဲ့ နှိုင်းယှဉ်ခံရနိုင်တယ်လို့ သူမ ခံစားမိစေခဲ့တာက ဘာကြောင့်လဲ မသိချေ။

သူမ ခဏတာ နားမလည်နိုင် ဖြစ်မိလာသည်။

"မင်းဆိုလိုတာက... ပိုင်လီမုက နဂါးရွေ့လျားကျမ်း၊ နဂါးသံသယကျမ်းနဲ့ ပြောင်းပြန်မြှုပ်နှံနည်းတွေကို လေ့ကျင့်ထားတာလား..."

ချန်ရှီ သူမအနားမှာ ရပ်လိုက်ပြီး အတွေးပျက်သွားသည်။

"ဒီနည်းသုံးမျိုးကို ငါလည်း တွေ့ဖူးပါတယ်.. ပိုင်လီမုရဲ့ မှော်စွမ်းအားက အရမ်းပြင်းထန်ပြီး အရမ်းအစွမ်းထက်တာ အံ့သြစရာတော့ မဟုတ်ပါဘူး..."

သူတော်စင်မရွှမ်းက လှောင်ပြောင်လိုက်သည်။

"ချန်ရှီ ဒီကျင့်စဥ်သုံးမျိုးက အရမ်းရှားတယ်... အဲဒါတွေက သမားရိုးကျမဟုတ်တဲ့ ကျင့်စဥ်တွေ... အဲဒါတွေကို မင်းတကယ် မြင်ဖူးလို့လား"

ချန်ရှီ ခိုင်လုံတဲ့အဖြေကို မပေးသရွေ့ သူ့လျှာကို လျှာဆွဲငရဲက ဆွဲထုတ်သွားမှာ ဖြစ်ပြီး ဒီကောင်လေးအတွက် သေးငယ်တဲ့ ပြစ်ဒဏ်တစ်ခုလို့ ယူဆနိုင်တာကြောင့် သူမစိတ်ထဲ ကျေနပ်သွားသည်။

"မြင်ဖူးတယ်..."

ချန်ရှီသည် ဘုရင်ကျန်း၏ ဂူဗိမာန်အပြင်ဘက်ရှိ သစ်တောတွင် မြင်ခဲ့ရသည့်အရာကို တွေးတောရင်း ခေါင်းညိတ်လိုက်သည်။

"ဒီစွမ်းရည်သုံးခုစလုံးက မြေပြင်အနေအထားပေါ် အခြေခံပြီး မှော်ပညာက ကြမ်းတမ်းတာ... အစွမ်းထက်ပေမယ့် ခွန်အား မလုံလောက်ရင် သူ့ရဲ့လှုပ်ရှားမှုတွေကို ချိုးဖျက်ဖို့က အရမ်းလွယ်ကူတယ်... သူတော်စင်မ... သခင်ငယ်လေးက သူ့ဆီ ကျင့်စဥ် အလုံးစုံကို ပေးခဲ့လား"

သူတော်စင်မရွှမ်းသည် သူ့လျှာထွက်သွားရန် စောင့်ဆိုင်းခဲ့သော်လည်း ချန်ရှီက လုံခြုံစွာ အသံထွက်နေဆဲ။

"အပြည့်အစုံ မဟုတ်ဘူး..."

သူတော်စင်မရွှမ်း ဒီလိုပြောပြီးတာနဲ့ သူမစိတ်ထဲမှာ တိတ်တိတ်လေး နောင်တရမိလာသည်။ "ဘာလို့ အမှန်အတိုင်း ပြောရမှာလဲ ငါမဖြေဘူး! ဒီမှာ လိမ်လို့မရဘူး ဒါပေမဲ့ မဖြေလည်း ရတာပဲ"

ဝုန်း!

စူးရှသောအသံသည် သူမ၏အတွေးများကို အနှောင့်အယှက် ဝင်ပေးလိုက်သည်။ ချန်ရှီသည် ရွှမ်ကျီးပိုင်ပြန့် မီးဖိုကို လက်ဗလာဖြင့် ဖြိုဖျက်ကာ မီးဖို၏ အပြင်ဘက်နံရံကို ဖယ်ရှားနေတာ သူမတွေ့လိုက်ရသည်။

သူတော်စင်မရွှမ်း ဒေါသတကြီးနဲ့ အော်လိုက်သည်။

"မင်းဘာလုပ်လိုက်တာလဲ ဒီမှော်လက်နက်က ရတနာ! ဘာလို့ ခွဲပစ်တာလဲ? ပိုင်လျန့်ခန်းမက ဒါကို မှော်လက်နက်ဖြစ်အောင် ပြုပြင်ဖို့ ဘယ်လောက်​တောင် ခက်ခဲလဲ မင်းသိလား... ပိုင်လျန့်ခန်းမရဲ့ ကျွမ်းကျင်တဲ့ လက်သမားဆရာတွေက ဒီစာလုံးတွေကို နေ့တိုင်း ထပ်ခါထပ်ခါ ထွင်းထုပြီး ခြေရာခံရတယ်... ကြေးမုံပြင်ပေါ်မှာ လက်နက် ရာနဲ့ချီပြီး ထွက်လာအောင်.. မှန်တစ်ချပ်ကို ပြီးအောင်လုပ်ဖို့ ရက်တစ်ရာ အချိန်ယူရတယ်... မီးဖိုထဲမှာ မှန်ဘီလူးဘယ်လောက်ရှိလဲ မင်း သိလား?"

သူမ စကားပြောနေစဉ်တွင် ချန်ရှီသည် ရွှမ်ကျီးပိုင်ပြန့် မီးဖို၏ အပြင်ဘက်နံရံကို ဖြိုဖျက်ပြီး​ပြီ ဖြစ်သည်။ ၎င်းကို ဆက်လက် စောင့်ကြည့်​နေပြီးနောက် အတွင်းဘက်က မှန်ဘီလူးများကိုပါ ဖယ်ရှားခဲ့သည်။

ရွှမ်ကျီးပိုင်ပြန့် မီးဖို၏ ခမ်းနားထည်ဝါသော အတွင်းပိုင်း တည်ဆောက်ပုံက သူ့ကို အံ့အားသင့်စေတယ်လို့ ဆိုရမည်။

"လူပန်ဂိုဏ်းရဲ့ မှော်လက်နက်က စွမ်းအားပေးနိုင်ဖို့ ကျောက်မီးသွေးကို မီးရှို့ရတယ်...မီးဖိုရဲ့ ဖွဲ့စည်းပုံကို စွမ်းအင်ဗဟိုချက်လို သုံးလိုက်ရင် ဒါကို ပျံနိုင်အောင် ကျောက်မီးသွေးကို မီးရှို့လို့ရလောတယ်"

ရွတ်ရင်း မှန်များကို ခွဲထုတ်လိုက်ပါတော့သည်။ သူတော်စင်မရွှမ်းလည်း ဒေါသအရမ်း ထွက်လာ၏။

"မင်းဘာလို့ ဒီလိုရတနာမျိုးကို ဖြုန်းတီးနေရတာလဲ... ပိုင်လျန့်ခန်းမက ပိုင်ပြန့်မီးဖိုကို ဖျက်စီးလိုက်ရင် နောက်ထပ် မီးဖိုကို သန့်စင်ဖို့ ဘယ်လောက်ကြာလဲ မင်းသိလား"

"ငါနဲ့ဘာဆိုင်လို့လဲ" ချန်ရှီက ခေါင်းမထောင်ဘဲ မေးလိုက်သည်။

သူက ဆက်ပြီး ဖြိုဖျက်နေကာ သိပ်မကြာခင်မှာပဲ ရွှမ်ကျီးပိုင်ပြန့် မီးဖိုတစ်ခုလုံးကို ဖျက်စီးပစ်လိုက်တော့သည်။ မှန်ဘီလူးအပြည့်နှင့် အသေးအဖွဲ့ အရာဝတ္ထုများစွာက ဧကပေါင်းများစွာ၏ မြေပြင်တွင် ပြည့်နေသည်။ သူတော်စင်မပင် သူနှင့် မငြင်းခုံနိုင်တော့ပေ။ အနုပညာလက်ရာ တစ်ခုကဲ့သို့ လက်ရာမြောက်လှသည့် အသွင်ပြောင်းမီးဖိုဟာ အမှိုက်ပုံကြီးအဖြစ် ပြောင်းလဲသွားတာကို သူမ ကြည့်​နေရုံသာ ကြည့်နိုင်ခဲ့သည်။

ထိုအချိန်တွင် သံချေးတက်နေသော အသံတစ်ခုကြားရပြီး ထူးဆန်းသော သတ္တဝါအချို့သည် မြေပြင်ပေါ်ရှိ အရာဝတ္ထုများကို တပ်မက်နေသကဲ့သို့ အမှောင်ထဲကနေ ချောင်းကြည့်နေကြတာ သူမ သတိပြုမိသည်။

သေးငယ်တဲ့ သတ္တဝါလေးဟာ အမှောင်ထဲမှာ ပြေးလွှားရင်း မှန်ဘီလူးကို ဖမ်းကိုင်ကာ အမှောင်ထဲကို ဆွဲထုတ်ယူသွားဖို့ ကြိုးစားနေကြ၏။ ချန်ရှီ လှမ်းတက်ပြီး မှန်ဘီလူးကို ပြန်ဆွဲယူလိုက်သည်။ ထိုအခါ အခြားသော သတ္တဝါငယ်လေးများက သူ့ကို မော့ကြည့်ကာ ခြိမ်းချောက်ချင်နေကြသည်။

"အဲဒါဘာလဲ?"

သူတော်စင်မရွှမ်း သိချင်လာသဖြင့် မထိန်းနိုင်ဘဲ ထုတ်မေးလိုက်သည်။ ချန်ရှီက သူ့ရဲ့ မှော်ပညာကို အသက်သွင်းနေရာမှ ပြန်မေး၏။

"ဒါက လျှာဆွဲငရဲလေ.. လျှာဆွဲငရဲမှာ အများဆုံးရှိတာ ဘာလဲ..."

"တစ္ဆေ!"

ချန်ရှီ ခေါင်းခါလိုက်ပြီး :"လျှာ"

သူ မှုတ်ထုတ်လိုက်သည်နှင့် မြေပြင်ပေါ်ရှိ ရွှမ်ကျီးပိုင်ပြန့် မီးဖို၏ မှန်ဘီလူးများနှင့် အမျိုးမျိုးသော အရာဝတ္ထုများသည် ရုတ်တရက် ဖားအုပ်စုကြီး ဖြစ်သွားကာ ခုန်ပေါက်နေကြတော့သည်။

"ကွာ!"

၎င်းတို့က သူတော်စင်မရွှမ်းဆီ အော်လိုက်ကြသည်။ ချန်ရှီ ၎င်းတို့အားလုံးကို ဖားအသွင် မပြောင်းလဲနိုင်သောကြောင့် ပစ္စည်းတွေကို ဆက်မှုတ်​နေခဲ့သည်။

ခဏအကြာတွင် ရွှမ်ကျီးပိုင်ပြန့် မီးဖိုမှ ဖြိုဖျက်လိုက်သော အရာများအားလုံးသည် အရွယ်အစား အမျိုးမျိုးရှိ ဖားအုပ်စုကြီး ဖြစ်သွားကာ နေရာတိုင်းတွင် တကွာကွာ အသံများဖြင့် အော်နေကြလေ၏။

"သူတို့က မုသာရဲ့လျှာတွေ... လျှာဆွဲငရဲရဲ့ နေရာတိုင်းမှာ နေကြတာ...ဒီလျှာပိုင်ရှင်တွေက သူတို့အသက်ရှင်နေတုန်းက လိမ်ညာမိသွားလို့ သူတို့လျှာတွေကို အနှုတ်ခံလိုက်ကြရတယ်... သူတို့ရဲ့ လျှာတွေကို ဆွဲထုတ်ပြီးရင် သူတို့က ဒီကမ္ဘာမြေအောက်က သတ္တဝါတွေ ဖြစ်သွားလိမ့်မယ်... သတိထားရမှာက သူတို့လိုချင်တဲ့ အကောင်းဆုံး အရာက သူတို့ရဲ့ နွေးထွေးတဲ့ ပါးစပ်တွေဆီကို ပြန်သွားချင်ကြတာ... ငါသာဒီမှာ မရှိရင် မင်းပါးစပ်ကို ခဏလောက် ဖွင့်ထားရုံနဲ့ ပြေးဝင်သွားကြလိမ့်မယ်"

သူတော်စင်မရွှမ်းလည်း တုန်လှုပ်သွားခဲ့သည်။

"ဒါဆို?"

"ပြီးရင် သူတို့က မင်းရဲ့ လျှာကို ဆွဲထုတ်ပြီး ထွက်သွားလိမ့်မယ်"

ချန်ရှီ ပါးစပ်ကို ကိုက်ပြီး ရယ်လိုက်သည်။

"သူတို့က မင်းရဲ့ ပါးစပ်ထဲကို ဝင်ပြီး မင်းရဲ့ လျှာနေရာမှာ အစားထိုးနေမယ် ပြီးရင်တော့ မင်းပါးစပ်ထဲမှာ အသက်ရှင်ပြီး တစ်ချိန်လုံး မုသားတွေပဲ ပြောလိမ့်မယ်"

သူတော်စင်မရွှမ်းလည်း သူမပါးစပ်ကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်ပြီး မဖွင့်ရဲတော့ချေ။ ထိုစဥ် ချန်ရှီက သူ့ခါးပတ်ကို ဖြည်ချလိုက်ဆာကြောင့် သူတော်စင်မရွှမ်းလည်း လန့်သွား၏။

"မင်းဘာလုပ်နေတာလဲ"

ပြီးမှ တစ်ခုခုကို သတိရသွားကာ မြန်မြန် ပါးစပ်ပိတ်လိုက်ရသည်။ ချန်ရှီသည် သူမ၏လက်များကို နောက်ကျောတွင် ချည်နှောင်ကာ သူမ၏ခြေဖဝါးများကိုလည်း နောက်ကျောဘက်ကို ခေါက်လျက် လက်နှစ်ဖက်နဲ့အတူ ချည်နှောင်ထားလိုက်သည်။

—— သူသည် ပျားနန်းတော်ရှိ ပျားများနှင့် အင်းဆက်ပိုးမွှားများထံမှ ချည်နှောင်ထားသော ကိုယ်ဟန်အနေအထားကို သင်ယူခဲ့သည်။ သူ့ကို ပျားတွေနဲ့ ပိုးကောင်တွေကလည်း ဒီနည်းအတိုင်း ချည်နှောင်ထားခဲ့၏။

သူတော်စင်မရွှမ်မှာ ရှက်လည်းရှက်ကာ ရုန်းထွက်ရန် ကြိုးစားခဲ့သည်။ သူမ၏ကိုယ်ပေါ်ရှိအဝတ်အစားများသည် ထောင်ပေါင်းများစွာသော စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ဖြတ်ကျော်နေသဖြင့် ဒေါသဖြစ်ခဲ့ရသည်။ အရင်က ရန်သူတွေကို သတ်ပြီး တိုက်ပွဲကိုအနိုင်ယူဖို့ အဆောင်စာလုံး လက်နက်တွေကို ဖန်တီးထားခဲ့သည်။ သို့သော်လည်း သူမသည် ယခုအချိန်တွင် ခွန်အားရှိသမျှ ဆုံးရှုံးသွားခဲ့ရာ သူမ၏ခါးပတ်ပတ်လည်ရှိ ဖဲကြိုးကိုပင် မချည်နိုင်တော့ပေ။

ယခု သူမ အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။ သူမ ဘာကြောင့် ဖဲကြိုးကို ဓားလက်နက်အဖြစ် မသန့်စင်ထားမိတာလဲ။ သူမမှာသာ ရှိခဲ့ရင် လွတ်မြောက်ဖို့ ပိုလွယ်လိမ့်မယ်လေ။

ချန်ရှီ သူမဖိနပ်ကို ချွတ်လိုက်တာကြောင့် ပိုတောင် ထိတ်လန့်သွားသည်။ သူမ ခန္ဓာကိုယ်ကို နောက်ပြန်ကွေးပြီး လွတ်မြောက်သွားအောင် ရှေ့သို့ တွားသွားရန် ကြိုးစားနေသည်။

"ချန်ရှီ... မင်းဒီလိုလူမဟုတ်ဘူးဆိုတာ ငါသိတယ် မင်းနှလုံးသားထဲမှာ နတ်ဆိုးက ချုပ်ကိုင်နေတာ! သတိထားစမ်း!"

ချန်ရှီ သူမ၏ ခြေထောက်များကို ဆုပ်ကိုင်လိုက်ပြီး နောက်သို့ ဆွဲထုတ်လိုက်သည်။ သူမ အလွန်အမင်း တုန်လှုပ်သွားသော်လည်း ချန်ရှီကို စည်းရုံးဖို့ ကြိုးစားနေတုန်း။

"စဉ်းစားကြည့်ဦး... မင်းင အသက်ရှင်ဖို့ ပြေးနေရတုန်းပဲ... ဂိုဏ်းချုပ်ပိုင်လီမုက မင်းကို လိုက်နေတုန်းပဲမလား... ဒါကို မင်း လုပ်လို့မဖြစ်ဘူး ကာမဂုဏ်ဆိုတာ တကယ့်ပျော်ရွှင်မှုတော့ မဟုတ်ဘူး! မှားနေတာ! ​​ခဏတာ ကြည်နူးစရာပဲ... မင်းက အင်္ဂါလေးပါးထဲက လွတ်ချင်နေ...."

ချန်ရှီသည် သူမ ခြေအိတ်များကို ချွတ်ကာ ပါးစပ်ကိုဖွင့်ရင်း ပါးစပ်ထဲသို့ ထိုးထည့်ပစ်လာသည်။ သူတော်စင်မရွှမ်းသည် ပါးစပ်ထဲက တဟင့်ဟင့် အသံထွက်ကာ ခြေအိတ်များကို သူမ၏လျှာဖြင့် တွန်းထုတ်ရန် အပြင်းအထန် ကြိုးစား​နေခဲ့သည်။

သူမမျက်လုံးများရ ပြူးကျယ်သွားကာ မကျေနပ်သည့် မျက်ရည်များက ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည်။ သူမ၏ ကြေကွဲဖွယ် ကံကြမ္မာကို သူမ ကြိုမြင်နိုင်နေပြီ ဖြစ်သည်။

ဒီလို ရှက်စရာကောင်းတဲ့ အမူအရာ၊ ပေါက်ကွဲတော့မယ့် ချန်ရှီရဲ့ သားရဲ သဘာဝနဲ့အတူ အနာဂတ်မှာ သခင်ငယ်လေးကို သူမ ဘယ်လို ရင်ဆိုင်ရမလဲ။

"ကြောက်စရာမလိုပါဘူး... ရုန်းလည်း မရုန်းနဲ့... မင်းခြေအိတ်တွေကိုသာ တင်းတင်းကျပ်ကျပ် ကိုက်ထား... အဲဒီလျှာတွေ ဝင်မလာအောင် မင်းခြေအိတ်တွေကို မထုတ်မိစေနဲ့.. မဟုတ်ရင် မင်းလျှာက အာမမခံနိုင်တော့ဘူး"

သူက ထီးကို ထုတ်ယူပြီး တစ်စုံတစ်ခုကို ရေရွတ်ကာ မှုတ်သွင်းလိုက်သည်။ ထီးက လှည့်ပတ်ခုန်ပြီး ဖားများကြားတွင် ပုန်းအောင်းကာ လျှာအဖြစ်ပြောင်းသွားသည်။

"သူ ဂိုဏ်းချုပ်ပိုင်လီမုကို လုပ်ကြံချင်နေတာပဲ!"

သူတော်စင်မရွှမ်း ရုတ်တရက် သဘောပေါက်သွားသည်။

"ငါ အခုပဲ ဂိုဏ်းချုပ်ပိုင်လီမုရဲ့ ကျင့်စဥ်တွေကို မတော်တဆ ပြောပြခဲ့တာ... သူ ဂိုဏ်းချုပ်ပိုင်လီမုရဲ့ အားနည်းချက်ကို တွေးပြီး လုပ်ကြံချင်ခဲ့တာပဲ ​ဖြစ်မယ်!"

ချန်ရှီက ငုံ့ပြီး တိတ်တိတ်လေး ပြန်ဆုတ်သွားသည်။ သူတော်စင်မရွှမ်းမှာ မျက်လုံးများကို လှည့်ပတ်ကာ စိုက်ကြည့်နေရာမှ အသံထွက်အောင်လည်း ကြိုးစားရင်း ပါးစပ်ထဲက ဟစ်တဟစ်ဟစ် အသံများ ထွက်နေသည်။

ပိုင်လီမုရဲ့ အသံက အဝေးမှ ထွက်ပေါ်လာသည်။ သူက ချန်ရှီရဲ့ ခြေရာများကို ဆက်လက်ရှာဖွေကာ ဤဘက်သို့ ပြေးလာခဲ့သည်။

သူတော်စင်မရွှမ်း အစပိုင်းတွင် ဝမ်းသာခဲ့သော်လည်း နောက်ပိုင်းတွင် တုန်လှုပ်နေသည့် အသံများက သူမပတ်ဝန်းကျင်တွင် တဖြည်းဖြည်း ပေါ်လာပြီး ပို၍နီးကပ်လာသောကြောင့် သူမ ကြောက်လန့်သွားသည်။

သူမသည် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သော်လည်း ဦးရေပြား ထုံကျဉ်လာသည်အထိ ထိတ်လန့်နေခဲ့သည်။ သူမရဲ့ ဦးရေပြားဟာ အရမ်းနာကျင်နေပြီ။ ချန်ရှီ သူမကို ထိသွားတဲ့ နေရာနှစ်ခုက ခေါင်းသေးသေးလေးနှစ်ခု ကြီးထွားလာသလိုပဲ ရောင်ရမ်းနေခဲ့ပါ၏။

သူမ မျက်လုံးများ လှည့်ပတ်ကာ လှည့်ကြည့်ရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်သည် ဘေးတိုက်သာ ဖြစ်နေတာကြောင့် သူမ နောက်ကွယ်က ဘာဖြစ်ပျက်နေသလဲ မမြင်နိုင်ပေ။

သူမဆီသို့ လျှောက်လှမ်းနေသော ရုပ်သေးသေးလေးအုပ်စုကိုသာ သူမ မြင်နိုင်သည်။ ၎င်းတို့သည် ထူထဲပြီး ဆံခြည်မျှင်စွန်းများဖြင့် ဆွဲထုတ်ထားသော လျှာများဖြစ်သည်။ သူတို့သည် ခုန်ပေါက်သည့်ပုံစံဖြင့် လျှောက်လာကာ သူမဆီသို့ အလိုလို ရောက်လာကြသည်။

အခြေတည်ဝိညာဥ်ကို သူမ၏ ခန္ဓာကိုယ်ထဲက စွန့်ထုတ်ရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သော်လည်း ကောင်းကင်တံခါးက သွေးခဲများဖြင့် ပိတ်ဆို့ထား​လေသည်။ နတ်ကွန်းသည် သူမ၏ ခန္ဓာကိုယ်ထဲက မခွာနိုင်သည့်အပြင် ကျောက်စိမ်းခေါင်းအုံးကိုလည်း သွေးခဲများဖြင့် တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားသည်။

"ချန်ရှီ... ချန်ရှီ... မြန်မြန်ပြန်လာခဲ့ပါ!"

သူမ မျက်ရည်များ စီးကျနေပြီး ယခုအခိုက်တွင် သူမခေါင်းနောက်တွင် တွားသွားကာ ဆံနွယ်များပေါ်တက်ကာ ပါးပြင်ပေါ်သို့ တွားသွားနေတာ ခံစားလိုက်ရသည်။ ထိတ်လန့်သွားတဲ့ အချိန်မှာ ချန်ရှီရဲ့ ညွှန်ကြားချက်ကို သတိရကာ ခြေအိတ်ကို အမြန် ကိုက်ထားလိုက်သည်။

သေချာတာပေါ့။ ထိုအသားတွေက သူမခြေအိတ်ကို ပါးစပ်ထဲကနေ ဆွဲထုတ်ဖို့ ကြိုးစားနေကြခြင်းပင်။

ခြေအိတ်များကို ပါးစပ်မှ ဆွဲထုတ်ရန် ကြိုးစားရင်း သူမ၏ နှုတ်ခမ်းများကို လျှာများက ဝိုင်းလာကြသည်။ သူတော်စင်မရွှမ်း မျက်လုံးများကို မှိတ်ထားပြီး မကြည့်ဝံ့ဘဲ ခြေအိတ်များကို ဆွဲထုတ်မရအောင်သာ ခက်ခက်ခဲခဲ ကိုက်ထားရသည်။

အဲဒါကို နှုတ်လိုက်ရင် သူ့လျှာကို ဒီရွံရှာဖွယ်အရာတွေက ဆွဲထုတ်ပြီး သိမ်းပိုက်သွားမှာကို အသေ ကြောက်နေမိပြီ။

"ချန်ရှီ ပြန်လာပါ... မြန်မြန်ပြန်လာပါ!"

သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်များ ဆက်တိုက် စီးကျလာသည်။ သူမ ပါးစပ်ထဲက ခြေအိတ်တွေ လျော့ရဲလာပြီး ဒီအရာလေးတွေကြောင့် ဆွဲထုတ်ခံရတော့မယ်လို့ ခံစားနေရပါပြီ။

ထိုအချိန်တွင် ပိုင်လီမုဆီက အသံထွက်လာသည်။

"ချန်ရှီ မင်းငါ့ကိုသေအောင် မတိုက်ချင်ဘူးလား? ဘာလို့ ကြွက်တစ်ကောင်လို ဖုံးကွယ်ထားရတာလဲ... ဟေး... သူတော်စင်မရွှမ်း မင်းဘာလို့ဒီကို ရောက်နေတာလဲ..."

သူတော်စင်မရွှမ်းရဲ့ မျက်ရည်များက သူမမျက်နှာပေါ်သို့ စီးကျလာပြီး သူမသည် ဆုတောင်းနေသကဲ့သို့ အသံ၏ ရင်းမြစ်ဆီသို့ လှမ်းကြည့်သော်လည်း ပိုင်လီမုရဲ့ ရုပ်သွင်ကို သူမ မမြင်နိုင်ဘဲ အဝေးတွင် ရပ်နေသည့် ခြေတစ်စုံသာ မြင်ရလေ၏။

"သူတော်စင်မရွှမ်း...ချန်ရှီ မင်းကို လုပ်ကြံခဲ့တာလား"

ခြေနှစ်ချောင်းက သူမဆီသို့ လျင်မြန်စွာ လျှောက်လှမ်းလာခဲ့သည်။

"ချန်ရှီ အနီးနားမှာ ပုန်းနေတာပဲ... သူက ငါ့ကို လုပ်ကြံဖို့ စောင့်နေတာ ဖြစ်မယ်....သူတော်စင်မရွှမ်း မင်းမှာ ခန္ဓာကိုယ်ကောင်းကောင်း ရှိတာပဲ... ဟဲဟဲ... သခင်ငယ်လေးရဲ့ မိန်းကလေး...."

သူတော်စင်မရွှမ်းရဲ့ မျက်လုံးများ ပြူးကျယ်သွားပြီး ပိုလို့တောင် ထိတ်လန့်သွား​တော့သည်။

All Chapters