အားသုံးပြီး ညှစ်ထုတ်လိုက်
Vol. 16 Ch. 236
ပိုင်လီမုအသံထဲမှ နတ်ဆိုးဆန်သော အသံကို သူမ ကြားလိုက်ရသည်။
သူမ၏ ဆရာ မြောက်ယင်းသည် စိတ်နတ်ဆိုးကြောင့် အလိုဆန္ဒတွေ ဖြစ်ပေါ်လာရကြောင်း တစ်ချိန်က ပြောခဲ့ဖူးသည်။ အလိုဆန္ဒကို မချုပ်တည်းဘဲ ခွင့်ပြုလိုက်ပါက အတွင်းစိတ်က နတ်ဆိုး သဘာဝသို့ ပြောင်းလဲသွားပေလိမ့်မည်။
သူမသည် နတ်ဆိုး သဘောသဘာဝအပေါ် မရေရာသော နားလည်မှုရှိသည်။ ချန်ရှီသည် အလွန်လူသတ်တတ်သောကြောင့် ချန်ရှီက နတ်ဆိုးတစ်ပါးဟု သူမ ယခင်က ထင်ခဲ့ဖူးသည်။ သူသည် ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမမှ ထောင်ပေါင်းများစွာသော ကျင့်ကြံသူများကို သတ်ရန်အတွက် အိပ်မက်ဆိုးသစ်ပင်ကို သုံးခဲ့သည်။ သူသည် အမှန်ပင် မကောင်းဆိုးဝါး သဘာဝများနှင့် ပြည့်နှက်နေခဲ့သည်။
ယခုမူကား သူမသည် အတွင်းစိတ် နတ်ဆိုး ဖြစ်လာခြင်းအကြောင်း ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ မကောင်းသော သဘာဝတရားသည် အမှန်တကယ်ပင် မှောင်မိုက်ခန်းထဲတွင် ပုန်းနေခဲ့ရာမှ ကြီးထွားဖွံ့ဖြိုးလာတာ တွေ့လာရသည်။
အမျိုးကောင်းသားတစ်ဦးသည် တစ်ဦးတည်းနေချိန်တွင် သတိကြီးစွာထားပြီး လျှို့ဝှက်စွာ မလှည့်ဖြားတတ်ကြောင်း ကျမ်းဂန်ထဲတွင် ဖော်ပြထားသည်။
အဘယ်ကြောင့်ဆိုသော် အခြားသူများ မကြည့်မိသည့်အခါ မကောင်းသော အကြံအစည် အမျိုးမျိုး ပေါ်ပေါက်ရန် မလွယ်ကူပေ။ ကြည့်မိရင်တော့ မကောင်းတဲ့ အကြံအစည်များရ နတ်ဆိုးများအဖြစ် ကြီးထွားကာ ဆက်လက်၍ ဆိုးယုတ်သော သဘောအသွင် ပြောင်းလဲသွားတတ်ပါသည်။
ဒါက ပိုင်လီမု အတိုင်းပင်။
တနန်ရေကန်အလယ်က လူဦးရေ ကျဲပါးသောနေရာတစ်ခု ဖြစ်ကာ နျန်တူးနဲ့ ဘယ်လောက်ဝေးသလဲ မသိနိုင်ပေ။ ဒဏ်ရာအနာတရ ရှိထားသော အမျိုးသမီးတစ်ဦးသည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်ပုံစံဖြင့် ချည်နှောင်ခံထားရ၏။ သူမ ပတ်ပတ်လည်တွင် တွန့်လိမ်နေသည့် လျှာများနဲ့ မြင်ကွင်းက သူ့နှလုံးသား၏ မှောင်မိုက်သော အပိုင်းထဲတွင် ကွဲပြားသော ခံစားချက်များကို စတင်ပေါက်ဖွားလာစေသည်။
သူမ ဘယ်လောက်ပဲ ကြိုးစားနေပါစေ အကူအညီကို ဘယ်သူ့ထံမှ မရရှိနိုင်ချေ။ သပ်သပ်ရပ်ရပ် ကိုင်တွယ်လိုက်ရင် ဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူးလေ။
"သခင်လေးရဲ့ မိန်းကလေး.... မင်းသူနဲ့ကစားလို့ရပေမယ့် ငါနဲ့ရော မလုပ်နိုင်ဘူးလား...."
ပိုင်လီမုလည်ချောင်းက အနည်းငယ် ခြောက်လာသည်။
"ငါက ဘယ်သူလဲ... ငါက အနိမ့်ဆုံး ကိုးတန်းစားတွေထက်တောင် ယုတ်ညံ့တဲ့လူ.. လူသတ်တဲ့လူပဲ။ သင်္ချိုင်းတွင်းတူးတဲ့ လူယုတ်မာတစ်ယောက်ပဲ... သခင်လေးကပဲ ဗောဓိဘုရားကျောင်းက သူတော်စင်တွေနဲ့ ဆော့ကစားလို့ရတယ်"
သူသည် သူ့အဝတ်အစားများကို ဆွဲကိုင်လိုက်ပြီး သူတော်စင်မရွှမ်း အနီးသို့ လျှောက်သွားလိုက်သည်။
နတ်ဆိုးက ပိုသန်မာလာတာ ခံစားလိုက်ရသဖြင့် သူတော်စင်မရွှမ်းရဲ့ ဆံပင်များ ထောင်သွားခဲ့သည်။ သူမသည် ချန်ရှီ၏ နှောင်ကြိုးမှ လွတ်မြောက်ရန် ကြိုးစားရင်း နှလုံးသားထဲတွင်လည်း တိတ်တဆိတ် ညည်းတွားကာ ပြင်းပြင်းထန်ထန် ရုန်းကန်နေခဲ့သည်။
သို့သော် ချန်ရှီသည် သူမအား တင်းတင်းကြပ်ကြပ် ကျွမ်းကျင်စွာ ချည်နှောင်ထားသောကြောင့် သူမ ဘယ်လောက်ပဲ ကြိုးစားပါစေ အရာမဝင်။
အခြေတည်ဝိညာဥ်ကို အသက်သွင်းရန် အပြင်းအထန် ကြိုးစားခဲ့ပြီး ကောင်းကင်တံခါးကို ဖြတ်ကျော်ရန် ကြိုးစားခဲ့သော်လည်း ကောင်းကင်တံခါးက သူမ၏ သွေးခဲများဖြင့် ပိတ်ဆို့ခံထားရသဖြင့် အခြေတည်ဝိညာဥ်က မထွက်လာနိုင်ချေ။
သူမ ရုန်းကန်ရလေလေ၊ သူမ၏အဝတ်အစားများ ပိုရှုပ်လေလေ၊ အရေပြားများ ထိတွေ့လေလေဖြစ်သည်။ သူမ၏ နှင်းဖြူပခုံးများ၊ ခါးနှင့် အောက်စကတ်များ အားလုံးကို ပေါ်လွင်လယစေပြီး သူမသည် ဖော်မပြနိုင်လောက်အောင် ဆွဲဆောင်မှု ရှိလာသည်။
လျှာဆွဲငရဲလို နေရာမျိုးမှာတောင် နှစ်ဆစိတ်လှုပ်ရှားစရာ ကောင်းနေပုံရ၏။ ထိုအခိုက် ပိုင်လီမုဆီက တံတွေးမျိုချသံကို သူမ ကြားလိုက်ရပြီး သူမ၏ လည်ချောင်းထဲက ဆူဆူညံညံအသံနှင့်အတူ သူမနှလုံးသားက ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
"သခင်လေးက ငါ့သခင်... သူတော်စင်မရွှမ်းက ဘယ်သူလဲ ငါ့ရဲ့ သခင်မ"
ပိုင်လီမုအသံမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ရုတ်တရက် ဆိုလာသည်။
"ချန်ရှီ မင်းက အမှောင်ထဲမှာ ရှိနေတယ် မဟုတ်လား မင်းက သူတော်စင်မရွှမ်းငို ဒီလိုပုံစံဖြစ်အောင် တမင်လုပ်ထားတာ ဟုတ်တယ်မဟုတ်လား ငါ့စိတ်တွေရောထွေးပြီး မင်း တိုက်ခိုက်ဖို့ အခွင့်အရေးပေးမိအောင် လုပ်ချင်တာလား... မင်းရဲ့လှည့်ကွက်လောက်ကတော့ ငါမရှုံးပါဘူး"
သူတော်စင်မရွှမ်း စိတ်သက်သာရာ ရသွားခဲ့သည်။
'သူက ဆင်ခြင်တုံတရား ရှိနေတုန်းပဲ... ငါ သူ့ကို နားလည်မှုလွဲသွားတယ် သူ့ဆန္ဒတွေက နတ်ဆိုးသဘာဝ ဖြစ်သွားတယ်လို့ ထင်ခဲ့တာ... ငါ မှားနေပြီပဲ'
ပိုင်လီမုက ရယ်လိုက်သည်။
"ဒါပေမယ့် မင်းရဲ့လှည့်ကွက်အတွက် ငါကျသွားတယ်... မင်းဘာလုပ်နိုင်မှာလဲ မင်းနဲ့ သူတော်စင်မရွှမ်းကို အတူတူ သတ်ခဲ့ရင် ငါလုပ်ခဲ့တာကို ဘယ်သူသိမှာလဲ..."
"ဖောင်း----"
သူ စကားမဆုံးခင်မှာပဲ အမည်မသိတဲ့ အင်အားတစ်ခုက သူ့လျှာကို ပါးစပ်ထဲကနေ ဆွဲထုတ်လိုက်ပြီး လေထဲပျံသွားကာ သွေးလမ်းကြောင်းကြီး ပြသလိုက်တော့၏။ ပိုင်လီမု အံ့သြသွားသည်။
လျှာသည် မြေပြင်ပေါ် ရောက်သွားသောအခါ ထူးထူးခြားခြား သွက်သွက်ခါအောင် ဖျတ်လက်နေသည်။ ၎င်းက မြေပြင်ပေါ်ရှိ လျှာများစွာနှင့် ရောယှက်ကာ ခုန်ထွက်သွားသည်။
သူတော်စင်မရွှမ်းလည်း ထိုအခြေအနေကို မြင်သောအခါ သူမ အနည်းငယ် ပျော်သွားခဲ့သည်။
"ဝူး ဝူး!"
ပိုင်လီမု စိတ်ထဲ ကမောက်ကမ ဖြစ်နေဆဲ။ သူက တွေးမနေဘဲ ဝိညာဉ်ဖြင့် လွင့်ထွက်သွားပြီး ထိုလျှာကို ဖမ်းဆုပ်လိုက်သည်။
မြေပြင်ပေါ်တွင် ရာနှင့်ချီသော လျှာများ ပြေးလွှားနေကြသည်။ ဤလျှာများသည် လိမ်ညာပြောဆိုခြင်းအတွက် နှုတ်ထုတ်ခံရသောကြောင့် လျှာဆွဲငရဲသို့ ကျရောက်ခဲ့ကြသူများ ဖြစ်သည်။
ဘယ်သူဘယ်ဝါလဲ သူ မပြောနိုင်ပေ။
လျှာကို ဖမ်းကိုင်လိုက်သည်နှင့် သွေးမတွေ့ရသောကြောင့် အလျင်အမြန် ပစ်ချကာ နောက်တစ်ခုကို လှမ်းဆွဲလိုက်သည်။
"အစောကမှ ငါ့လျှာကို ဆွဲထုတ်လိုက်တာ! သွေးထွက်နေရမယ် ပူနေရမယ်!"ဟု သူ ထင်နေသည်။
သူတော်စင်မရွှမ်းလည်း မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး စိတ်ထဲကနေ "ချန်ရှီက ဒီအခွင့်အရေးကို စောင့်နေတာဖြစ်မယ် ဒီနတ်ဆိုးကောင်က ပိုင်လီမုရဲ့လျှာကို နှုတ်လိုက်တဲ့အခိုက်အတန့်ကို စောင့်ရတာ... အခုက ပိုင်လီမု သတိလွတ်နေတဲ့ အခိုက်အတန့်... သူ့ကို သတ်ဖို့ အကောင်းဆုံးအချိန်ပဲ!" ဟု ရေရွတ်နေ၏။
ထိုအချိန်တွင် "ဂူဂူ" နှင့် "ကွာကွာ" ဟူသော အသံများဖြင့် ဖားအုပ်အုပ်စုများက ခုန်ဆင်းလာသည်။ ဤဖားများသည် အင်းဆက်ပိုးမွှားများကို စားသုံးရန် ဖမ်းစားနေပုံရပြီး မြေပြင်ပေါ်တွင် လှည့်ပတ်နေသော လျှာများကတော့ ၎င်းတို့၏ အရသာရှိသော အစားအစာများသာ ဖြစ်သည်။
ပိုင်လီမု ထိတ်လန့်ပြီး ဒေါသထွက်လာသည်။ သူသည် ဖားတစ်ကောင်ကို ဖမ်းဆုပ်ကာ တင်းတင်းကျပ်ကျပ် ညှစ်ထည့်လိုက်သည်။ ထိုအခါ ဖားက ပါးစပ်ကို အလိုအလျောက် ဖွင့်လိုက်ပြီး ပါးစပ်ထဲတွင် သက်ဝင်လှုပ်ရှားနေသော လျှာကို ထုတ်ပြလာသည်။
ပိုင်လီမုလည်း သူ့လျှာကို ထုတ်လိုက်ပြီး တစ်ချက် တိုင်းကြည့်လိုက်တော့ လျှာက သူ့လျှာမဟုတ်တဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့ လွှင့်ပစ်လိုက်သည်။ ပြီးတော့ နောက်ထပ် တစ်ကောင်ကို ဖမ်းကိုင်ကာ ညှစ်ထုတ်ရင်း ဆက်လက်စစ်ဆေးပြန်သည်။
ဧကပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်ပေါ်တွင် တွားသွား ဖားများသည် နေရာတိုင်းတွင် ရှိနေကြပြီး ခုန်ပေါက်နေကြသည်။ ပိုင်လီမုကလည်း တစ်ကောင်ပြီး တစ်ကောင် ဖမ်းနေ၏။ တစ်ဖက်မှာတော့ သူတော်စင်မရွှမ်း တိတ်တဆိတ် စိုးရိမ်လာသည်။
"သူဘာလို့ မလှုပ်ရှားသေးတာလဲ? ချန်ရှီ လှုပ်ရှားသင့်ပြီ... အခုအချိန်မှာ ပိုင်လီမု စိတ်ရှုပ်နေပြီ... လှုပ်ရှားဖို့ အချိန်ကောင်းပဲ!"
ပိုင်လီမုသည် နေရာတိုင်း၌ ပုရွက်ဆိတ်များသဖွယ် များပြားနေသော ဖားများကို ဖမ်းကိုင်လိုက်ပြီး တဖြည်းဖြည်း ဒေါသတကြီး ဖြစ်လာသည်။ ရုတ်တရက် သူ့ဝိညာဉ်က ပျံဝဲလာကာ သူတော်စင်မရွှမ်းကို ဖမ်းကိုင်ကာ မြေပြင်ပေါ်သို့ ပစ်ချရင်း ပြင်းထန်စွာ ပြောလိုက်သည်။
"သူတော်စင်မရွှမ်း... ငါ့လျှာကို ရှာတွေ့အောင် ကူညီပေး... ငါ မင်းကို သန့်စင်တဲ့ ခန္ဓာကိုယ်နဲ့ ထားခဲ့မယ်!"
သူသည် နတ်ဆင်းသက်နယ်ပယ်တွင် ရှိနေသဖြင့် နတ်ဝိညာဥ်က အရပ် ခြောက်ပေရှိနေပြီ ဖြစ်သည်။ သူ၏ ရှေးဦးစိတ်ဓာတ်သည် တည်ငြိမ်လာပြီး ပစ္စည်းတစ်ခုလိုမျိုး သေသေချာချာ သန့်စင်ထားသောကြောင့် နောက်ထပ် တိုးတက်မှုတစ်ခု ရဖို့ ဖြစ်နိုင်ချေ ရှိနေပြီ။
သို့သော် သူဤသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် "ဖောင်း" ဟူသည့် အသံတစ်ခု ထွက်ပေါ်လာပြီး သူ့ဝိညာဉ်ပါးစပ်မှ လိုက်လျောညီထွေရှိသော လျှာက ထွက်သွားလေသည်။
သူ့ဝိညာဉ်ရဲ့ လျှာကိုလည်း နှုတ်သွားပြီ!
ပိုင်လီမုလည်း အလွန်တုန်လှုပ်ကာ ဒေါသထွက်သွားသည်။ ပါးစပ်ကို တင်းတင်းကြပ်ကြပ် အုပ်ထားလိုက်သည်။ သို့သော် သူတော်စင်မရွှမ်းကတော့ ဒေါသတွေကြားမှ ကျေနပ်နေ၏။
'သူလိမ်နေတာ! သူ့လျှာကို ငါကူရှာပေးရင်တောင်မှ ငါ့အပြစ်ကင်းစင်မှုကို လုယက်ပြီး မုဒိမ်းကျင့်လိမ့်မယ်!'
ဤနေရာသည် တာအို၏ နားမလည်နိုင်သော စည်းမျဉ်းများဖြင့် ပြည့်နှက်နေသော လျှာဆွဲငရဲဖြစ်သည်။ တာအိုနိယာမက ယခင်ကကဲ့သို့ အလုပ်မလုပ်တော့သော်လည်း နတ်ဝိညာဥ်ရဲ့ လျှာကို ဆွဲထုတ်ရန်တော့ မလွယ်ကူသေးပေ။
သူတော်စင်မရွှမ်းလည်း သူမပါးစပ်ထဲမှ ခြေအိတ်ကို ထုတ်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်သွားပြန်သည်။
နတိဝိညာဉ်မှာလည်း လျှာရှိလား။
နတ်ဝိညာဥ်သည် စိတ့ဝိညာဉ်နှင့် အခြေတည်ဝိညာဥ်တို့ ပေါင်းစည်းသောအခါ ဖြစ်ပေါ်လာတာကြောင့် သဘာဝအတိုင်း လျှာရှိလိမ့်မည်ဟု သူမ ရုတ်တရက် တွေးလိုက်မိသည်။ လျှာဆွဲငရဲသည် မူလက သရဲတစ္ဆေများ၏ လျှာများကို ဆွဲထုတ်ရန်အတွက် ဖြစ်သည်။
ပိုင်လီမုရဲ့ ဝိညာဉ်လျှာကိုလည်း ဆွဲထုတ်လိုက်ပြီမို့ စကားမပြောနိုင်တော့ပေ။ သူ့တစ်ကိုယ်လုံးဆို နာကျင်စွာ တုန်ခါနေ၏။ စိတ်ဝိညာဉ်ရဲ့ နာကျင်မှုက ရုပ်ခန္ဓာနာကျင်မှုထက် ပိုဆိုးကာ ရုပ်ခန္ဓာထက် အဆပေါင်း ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍ နာကျင်လေသည်။
သူအရမ်း နာကျင်နေတာကြောင့် သူ့စိတ်တွေကပါ ကယောင်ခြောက်ခြား ဖြစ်လာကာ သူ့ခန္ဓာကိုယ်ထဲက ကြွက်သားတွေက ဆန်ခါနေသလိုမျိုး တုန်နေ၏။
"ငါသာ ချန်ရှီဆို အခုချက်ချင်း လှုပ်ရှားပစ်မယ်!"
သူတော်စင်မရွှမ်းရဲ့ လက်ဖဝါးများဟာ အေးစက်သော ချွေးများဖြင့် ပြည့်နေသည်။ သူမ ပိုင်လီမုကို မကြည့်နေပေမယ့် နှလုံးတွေ တဒိန်းဒိန်းခုန်နေကာ ယခုအချိန်သည် လှုပ်ရှားဖို့ အကောင်းဆုံးအချိန်ဖြစ်ကြောင်း အသံတစ်သံက ဆက်လက်ပြောနေ၏။
အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသော်လည်း ဒီအချိန်မှာတော့ အချိန်တွေက အလွန်နှေးကွေးသွားပုံရတဲ့အတွက် သူတော်စင်မရွှမ်းမှာ သူမရဲ့ နှလုံးခုန်နှုန်းက နှေးကွေးသွားသလို ခံစားလိုက်ရသည်။ သူမနှလုံးက ဖြည်းညှင်းစွာ ဖောင်းလာပြီး ဖြည်းဖြည်းချင်း ကျုံ့သွားကာ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ သွေးများ ပို့ပေးသည်။ သူမ ဦးနှောက်ထဲသို့ သွေးများစီးကျနေသံကိုပင် ကြားလိုက်ရပြီး ရင်ခုန်သံများက သူမနားထဲအထိ ရောက်လာသည်။
သူမ အရမ်းစိတ်လှုပ်ရှားနေ၏။ ချန်ရှီထက်ပင် ပို၍ စိတ်လှုပ်ရှားနေပါသည်။ အခွင့်အရေးက ခဏပဲရတာ။ ချန်ရှီ ဒီအခွင့်အရေးကို ဆုပ်ကိုင်ဖို့ ပျက်ကွက်သွားရင် ပိုင်လီမုကို ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ချေ။
ချန်ရှီသာ အခွင့်အရေးမှားကို ဆုပ်ကိုင်လိုက်ရင် ပိုင်လီမုက သူ့ကို ပြန်သတ်လိမ့်မည်။
"ချန်ရှီ တကယ်ပဲ ဘာလုပ်နေတာလဲ"
သူတော်စင်မရွှမ်းလည်း အလွန်စိုးရိမ်နေခဲ့သည်။ ယခုအချိန်တွင် ပိုင်လီမုသည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ယခင်ကဲ့သို့ မစိုးရိမ်တော့ဘဲ စိတ်ပျက်အားလျော့သွားသည်။ ချန်ရှီဟာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုအတွက် အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးသွားပါပြီ။
ပိုင်လီမုသည် ဧကခြောက်ဆယ်မှ ခုနစ်ဆယ်အတွင်း ဧရိယာတစ်ဝိုက်ရှိ ဖားများနှင့်လျှာအားလုံးကို နှိမ်နင်းရန် သူ၏ကိုယ်ပိုင် မှော်အစွမ်းကို ဝေ့ယမ်းပစ်လိုက်၏။ ဤနည်းဖြင့်သာ သူသည် ဖားပါးစပ်ထဲမှ သူ့လျှာကို အေးအေးဆေးဆေး ရှာဖွေနိုင်မှာ ဖြစ်သည်။
သူတော်စင်မရွှမ်းသည် သူ့ကို ရှာဖွေရာမှာ ကူညီပေးချက်ခဲ့ပေမယ့် သူမရဲ့ နှလုံးသားက ပိုအေးလာပြီးရင်း အေးစက်လာသည်။
ချန်ရှီရဲ့ အစီအစဉ်က ဉာဏ်ကောင်းတယ်လို့ ဆိုနိုင်သော်လည်း အခွင့်အရေးကို အမိအရ မဆုပ်ကိုင်ထားဘဲ အခွင့်အရေးကို လွတ်သွားခဲ့သည်။
"ပိုင်လီမု လျှာကိုရှာတွေ့ရင် နတ်ဆင်းသက်နယ်ပယ်ရဲ့ အားကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုနဲ့ ချိတ်ဆက်ဖို့ လွယ်ကူသွားလိမ့်မယ်... သူပြန်ကောင်းလာပြီးရင် သူငါ့ကို ဒီလိုလုပ်မှာ ကြောက်ရတယ်..."
သူမ ဝမ်းနည်းလာသည်။
ထိုအချိန်တွင် သူမသည် ပိုင်လီမုကိုသတ်ရန် ချန်ရှီတစ်ယောက် အသက်စွန့်စားလိမ့်မည်ဟု အမှန်တကယ် မျှော်လင့်နေမိသည်။
ရုတ်တရတ် ဖားပါးစပ်ထောင့်မှာ သွေးစွန်းထင်းနေသော လျှာကို သူမတွေ့လိုက်သည်။ သူမသည် ထိတ်လန့်သွားပြီး ဖားတစ်ကောင်ကို ဖမ်းရန် ရှေ့သို့ တိုးသွားသည်။
ပိုင်လီမုလည်း ထိုဖားကို မြင်တာကြောင့် ဖမ်းဆွဲကာ ညှစ်လိုက်လေသည်။ ဖားက အလိုအလျောက် ဖွင့်ကာ ပါးစပ်ကို ဖွင့်လိုက်သည်။ လျှာသည် သွေးများဖြင့် စွန်းထင်းနေပြီး ၎င်းကို အစောကမှ ဆွဲထုတ်လိုက်တာ သိသာသည်။
"တွေ့ပြီ!"
ပိုင်လီမု အရမ်းပျော်သွားပြီး လျှာကိုဆွဲကိုင်ပြီး အတင်းဆွဲထုတ်လိုက်၏။ သူ့လက်ထဲမှာ လျှာက ခုန်ပေါက်နေကာ ပိုင်လီမုလည်း ပါးစပ်ကိုဖွင့်ပြီး လျှာကို ပါးစပ်ထဲ ပြန်ထည့်လိုက်သည်။
ရုတ်တရက် အပြောင်းအလဲ တစ်ခု ဖြစ်သွား၏။
လျှာသည် ရုတ်တရက် တစ်မီတာကျော်မြင့်သော ထီးတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားကာ ဆူညံသောအသံဖြင့် ဖွင့်လိုက်သည်။ ထီး၏ တစ်ရာ့ရှစ်ခေါက်နှင့် အဆောင်စာလုံး ၁၂၀၀က နတ်အလင်းရောင်များဖြင့် ထွန်းတောက်နေခဲ့သည်။ ဟွာရှနတ်ဘုရားပေါင်း ၁၂၀၀နဲ့အတူ ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်က သူ့ကို ဖိနှိပ်ပစ်လိုက်ကြလေသည်။
တစ်ချိန်တည်းမှာပင် ထီးထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပိုင်လီမုရဲ့ ပါးစပ်အတွင်းထဲသို့ ပြေးဝင်ကာ လျှပ်စီးလက်သလို ပေါက်ကွဒသွားသည်။
"ကြီး!"
ချန်ရှီရဲ့ အသံကို ကြားရပြီးတာနဲ့ "ဖောင်း"ကနဲ သည့်အသံနှင့်အတူ တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံက ပိုင်လီမုရဲ့ လည်ချောင်းထဲ၌ ပေါက်ကွဲသွားခဲ့သည်။
ထိုကျယ်လောင်လှသော အသံကြောင့် ပိုင်လီမုရဲ့ အသံအိုး အက်ကွဲသွားပြီး ထူထဲသော နဂါးမုတ်ဆိတ်စုတ်တံက သူ့လည်ပင်းကို ချက်ချင်း ဆန့်ထုတ်ပစ်လိုက်သည်။ တရားသူကြီး၏ စုတ်တံသည် သူ၏လည်ချောင်းမှ ဆင်းသက်ကာ နှလုံးနှင့် အဆုတ်များ၊ အတွင်းအင်္ဂါများနှင့် ချိုင့်ဝှမ်းများမှတဆင့် အပြင်သို့ တိုးထွက်ကာ ရူးသွပ်သော အရှိန်ဖြင့် ဖောက်ထွက်သွားသည်။
“ဖောင်း!”
ပိုင်လီမုရဲ့ ခန္ဓာကိုယ် အပိုင်းပိုင်း ကွဲသွားခဲ့သည်။ တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံဟာ အထူဆယ်ပေနှင့် အလျား ပေသုံးဆယ်ကျော်အထိ ချဲ့ထွင်လာသည်။ ၎င်းသည် မတ်တတ်ရပ်နေသော တိုင်ကြီးတစ်ခုနဲ့တောင် ခပ်ဆင်ဆင် တူနေ၏။ တိုင်အောက်ခြေတွင် ပိုင်လီမုရဲ့ ခြေနှစ်ချောင်းသာ နဂိုအတိုင်းရှိနေကာ တိုင်တွင် ကပ်နေသည်။
ပေသုံးဆယ်ကျော် မြင့်သော စုတ်တံထိပ်တွင်မူ ပိုင်လီမု၏ဦးခေါင်းက ကပ်နေ၏။ မျက်လုံးများက ပြူးကျယ်နေကာ မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျနေသည်။
ဝုန်း!
ရုလိုင်ပေါင်စည်းတံဆိပ်က အလောင်း၏ လက်အိတ်ထဲမှ ပြုတ်ကျလာပြီး သူတော်စင်မရွှမ်းရဲ့ ခြေရင်းသို့ လိမ့်သွားသည်။ သူတော်စင်မရွှမ်းမှာ တွေတွေကြီး စိုက်ကြည့်နေ၏။ သူမ အာရုံတွေ ပြန်မရောက်ခင်မှာပဲ ပိုင်လီမုရဲ့ ဝိညာဉ်ကို ရေထဲက ထိုးဖောက်သွားသလို ဓားအလင်းက ဖြတ်သန်းသွားခဲ့သည်။
သူ့စိတ်ဝိညာဉ်ကို ထိုးဖောက်လိုက်သည်နှင့် တပြိုင်နက် ထိုထောင်ပေါင်းများစွာသော ဖားများကလည်း ရုတ်တရက် ပျံတက်လာသည်။ မှန်ဘီလူး ထောင်ပေါင်းများစွာ ရှိသည့်အနက်မှ လျှို့ဝှက်ဆန်းကြယ်သော မီးဖို၏ အစိတ်အပိုင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအစိတ်အပိုင်းများ၏ အပြင်အဆင်က အလွန်ပညာသားပါစွာ သန့်စင်ထားသော ရွှမ်ကျီးပိုင်ပြန့် မီးဖို၏ ယေဘူယျပုံစံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတော်စင်မရွှမ်းရဲ့ ဦးရေပြားတစ်ခုလုံး ထုံကျင်လာကာ ဒီမြင်ကွင်းကို သူမ မယုံနိုင်စွာ ကြည့်လိုက်မိသည်။
ချန်ရှီသည် ရွှမ်ကျီးပိုင်ပြန့် မီးဖိုကို ဖြုတ်ပစ်ပြီးနောက် ယခု သူသည် အလွန်ရှုပ်ထွေးသော ဖွဲ့စည်းပုံဖြင့် ဤမှော်လက်နက်ကို ပြန်လည်ဖန်တီးနေပြီ ဖြစ်သည်။ မှော်လက်နက်ကို အမှန်တကယ် မဖျက်ဆီးခဲ့ဘဲ မှော်လက်နက်ထဲက အစိတ်အပိုင်းတိုင်း၏ အနေအထားကို အလွတ်ကျက်ရန် သူ၏ အစွမ်းထက်သော မှတ်ဉာဏ်ကို အားကိုးခဲ့တာပင်။
ထို့အပြင် ဤအစိတ်အပိုင်းများသည် ဖားအုပ်စုကြီး ဖြစ်နေစဥ်က စည်းမဲ့ကမ်းမဲ့ ဖြစ်နေပုံရပြီး အပြင်အဆင်မရှိပုံ ပေါ်သော်လည်း အမှန်တကယ်တွင် ၎င်းတို့အားလုံးသည် လျှို့ဝှက်ဆန်းကြယ်မီးဖို၏ တည်နေရာအတိုင်း ရွေ့လျား ဖွဲ့စည်းနေခြင်းသာ။
ယခုအချိန်တွင်တော့ ပိုင်လီမုရဲ့ ဝိညာဉ်က မီးဖိုထဲတွင် ရှိနေသည်။
မရေမတွက်နိုင်သော မှန်ဘီလူးများ တောက်ပလာပြီး ပိုင်လီမုရဲ့ ဝိညာဉ်ကို ချိန်ထားကြသည်။ တောက်ပသော မှန်များသည် နက်ရှိုင်းနဂါးရွေ့ဓားရဲ့ ဓားအလင်းကို ထင်ဟပ်နေတာမို့ ၎င်း ပစ်လွှတ်လိုက်သော အရာများသည် လက်နက်တွေ မဟုတ်တော့ဘဲ ရေကူးနေသာ နဂါးနှင့် နက်နဲသော စမ်းရေတွင်းထဲက ပြေးထွက်လာသော ဓားစွမ်းအင်များ ဖြစ်ကုန်သည်။
ဓားစွမ်းအင်များက မီးဖိုအတွင်းရှိ ပိုင်လီမု၏ ဝိညာဉ်ဆီသို့ ဦးတည် ပြေးသွားကြသည်။
ဒါကမှ တကယ့် လူသတ်သမားရဲ့ လှုပ်ရှားမှုပါပဲ။ ပိုင်လီမုရဲ့ဝိညာဉ်ကို ကိုင်တွယ်ဖို့ ချန်ရှီ ပြင်ဆင်ထားတဲ့ လူသတ်သမား လှည့်ကွက်ပင်။
လျှို့ဝှက်ဆန်းကြယ်သော မီးဖိုသည် အတွင်းပိုင်းမှာ ကျုံ့သွားကာ အစိတ်အပိုင်း အမျိုးမျိုးကို ပေါင်းစပ် ရောယှက်သွားသည်။ မထင်မှတ်ပဲ ပိတ်သွားတဲ့အခါမှာတော့ အမြင့်လေးငါးမီတာနှင့် ခြောက်မီတာခန့် ကျယ်သော အပေါက်တစ်ခု ဖြစ်သွားသည်။
မီးဖိုထဲမှာတော့ ဓားမီးများက ဒီရေလှိုင်းလို အသံထွက်နေ၏။ နက်ရှိုင်းနဂါးရွေ့ဓား၏ စွမ်းအားသည် ချန်ရှီ တစ်ခါမှ မတွေးဖူးသော အမြင့်သို့ လှုံ့ဆော်ပေးခဲ့သည်။ သူတော်စင်မရွှမ်းပင် မထိန်းနိုင်ဘဲ လက်ခုပ်တီးကာ ချီးကျူးမိသွားသည်။
သူသည် ထီးအမိုးကို ပိုင်လီမုရဲ့ လျှာအဖြစ် အသွင်ဆောင်ခဲ့ရာ ပိုင်လီမုသည် သူ့လျှာကို ရှာတွေ့ပြီဟု သတိလွတ်သွားသောအခါတွင် အလွန်ပျော်သွားပြီး ချက်ချင်း ပြန်တပ်လိုက်သည်။ ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်ဖြင့် ဖိနှိပ်ခံရကာ တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံဖြင့် သူ့ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်လိုက်သည်။
ဒါပေမယ့် ခန္ဓာကိုယ်ကို သတ်ပစ်ရုံနဲ့ မလုံလောက်ပါဘူး။ ဝိညာဉ်သည် ခန္ဓာကိုယ်ထက်သာလွန်သော တိုက်ခိုက်ရေး စွမ်းအားကိုပင် ပိုင်ဆိုင်ထားသည်။ ဒါကြောင့် သူ့စိတ်ဝိညာဉ်ရှေ့တွင် ချန်ရှီသည် အလွယ်တကူ ဖျက်ဆီးခံရပြီး တစ်ချက်ထိုးနှက်ရုံနဲ့ သေသွားနိုင်၏။
သို့နှင့် ချန်ရှီသည် လျှို့ဝှက်ဆန်းကြယ်သော မီးဖိုကို ပြိုကွဲစေပြီး ပိုင်လီမုဝိညာဉ်ကို မီးဖိုထဲတွင် ချိတ်ပိတ်ခဲ့သည်။ သူသည် နက်ရှိုင်းနဂါးရွေ့ဓား၏ ထက်မြက်မှုနှင့် မီးဖိုထဲက လျှို့ဝှက်ဆန်းကြယ်မှုကို အသုံးချကာ ဓား၏ စွမ်းအားကို မြှင့်တင်ကာ ထိုဝိညာဉ်ကို တစ်ရှိန်ထိုး ဖျက်ဆီးပစ်လိုက်သည်။
ဒီလှုပ်ရှားမှုက တကယ့်ကို ထက်မြက်ပါ၏။
ဒါကို သူမ တွေးနေရင်းတုန်း အမိုးအကာတွေ လွင့်ပျံလာတာကို တွေ့လိုက်ရသည်။ ခေါင်မိုးအောက်မှာ ပြိုးပြိုးပြက်ပြက် အလင်းပြနေတဲ့ အလင်းတန်းတွေက တန်းစီရပ်နေတဲ့ နတ်ဘုရားတွေလို လှည့်ပတ်ပြီး ရွှမ်ကျီးပိုင်ပြန့် မီးဖိုရဲ့ ပါးစပ်ဝကို ဖိချလိုက်သည်။
တစ်ချိန်တည်းမှာပင် လူငယ်က ခုန်တက်လာပြီး တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံက သူ့လက်ထဲသို့ လှံကြီးတစ်ချောင်းသဖွယ် ပျံတက်သွားသည်။ စုတ်တံထိပ်ဖျားသည် လေထဲတွင် တစ်စုံတစ်ခုကို ရေးဆွဲနေကာ လျှို့ဝှက်ဆန်းကြယ်သော မီးဖိုဆီသို့ ရိုက်နှိပ်လိုက်သည်။
သူတော်စင်မရွှမ်းရဲ့ မျက်လုံးများလည်း ပြူးကျယ်သွားလေသည်။ မူလက ကျုံ့သွားသော ရွှမ်ကျီးပိုင်ပြန့် မီးဖိုသည် ယခုအခါ ပိုကျယ်လာပြီး ပိုကွဲအက်လာတာ မြင်လိုက်ရ၏။ ပိုင်လီမုရဲ့ စွမ်းအားက ရွှမ်ကျီးပိုင်ပြန့် မီးဖို၏ ခံနိုင်ရည်ထက် ကျော်လွန်နေတာ ထင်ရှားပါသည်။
မီးဖိုထဲတွင် စိတ်ဝိညာဉ်မှ ထွက်လာသော နတ်အလင်းရောင်သည် ပိုမိုအားကောင်းလာလေသည်။ ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသော လျှို့ဝှက်ဆန်းကြယ်သော မီးဖိုကြီး ပေါက်ကွဲသွားသည်။ ပိုင်လီမု၏ဝိညာဉ်သည် ရွှမ်ကျီးပိုင်ပြန့် မီးဖိုကို ဖောက်ခွဲပြီးတဲ့အခါ မရေမတွက်နိုင်သော အပိုင်းအစများဆီက တိုက်ခိုက်ခံရတော့၏။
သူ့ဝိညာဉ်သည် ဦးခေါင်း၌ ဓားဖြင့် အထိုးခံထားခဲ့ရသည်။ ယခုအခါ နက်ရှိုင်းနဂါးရွေ့ဓားက သူ့ခေါင်းနောက်ဘက်သို့ ထိုးသွင်းလိုက်ပြန်ပါ၏။ သူ့ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာတွေ၊ ဓားဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေပြီး နဂို အရေပြားများပင် မကျန်တော့ဘူးလို့ ပြောလို့ရနေပါပြီ။
သူ့တွင် လျှာမရှိသဖြင့် မအော်နိုင်သော်လည်း တစ်ကိုယ်လုံး တွန့်လိမ်တုန်လှုပ်နေရာ အလွန်အမင်း နာကျင်နေကြောင်း သိသာလှသည်။
ခေါင်မိုးပေါ်မှ ပြုတ်ကျလာသော ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်ဆီက ဖိနှိပ်တာကို ခံခဲ့ရသော်လည်း ထိုနာကျင်မှုကို မခံစားရတော့ပေ။ သူသည် ထိုဖိအားကို တောင့်ခံရင်း ချန်ရှီဆီသို့ ပြေးသွားခဲ့သည်။
ချန်ရှီဆီက ချုံခိုတိုက်ခိုက်တာကို ခံခဲ့ရသော်လည်း၊ နက်ရှိုင်းနဂါးရွေ့ဓားနဲ့ ရွှမ်ကျီးပိုင်ပြန့် မီးဖိုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း၊ ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်ဆီက ဖိနှိပ်ခံခဲ့ရသော်လည်း၊ သူ့ခန္ဓာကိုယ်အစစ်မှာ ဒဏ်ရာများစွာဖြင့် သေဆုံးနေသော်လည်း၊ ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားသော်လည်း သူသည် ချန်ရှီကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တဲ့ တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
သူ့နယ်ပယ်က ချန်ရှီထက် အများကြီး ပိုမြင့်သည်။ ချန်ရှီသည် ဘဝနှင့်သေခြင်းကို အဆုံးအဖြတ်ပေးသော မရဏတရားစီရင်သူ၏ စုတ်တံကို ကိုင်ထားသော်လည်း သူ့အား ဘယ်လိုမှ မလုပ်ဆောင်နိုင်သေးပေ။
ချန်ရှီလည်း ဒေါသတကြီး ဟောက်ပြီး တရားသူကြီးရဲ့ နဂါးမုတ်ဆိတ်စုတ်တံကို လှံတစ်စင်းလို ယမ်းလိုက်သည်။ သူသည် မီးဖိုထဲသို့ ပိုးဖလံတစ်ကောင်လို ပျံသန်းသွားရလျှင်တောင် မဆိုင်းမတွ လုပ်မိဦးမှာပင်။
သူတော်စင်ရွှမ်းရဲ့ အကြည့်များ ပိုင်လီမု၏ နောက်ကျောဘက်သို့ ရောက်သွားသည်။ ချန်ရှီသည် နက်ရှိုင်းနဂါးရွေ့ဓားကို သူ့ခေါင်းနောက်ဘက်သို့ ထိုးသွင်းလိုက်ရာ ဓားသွားက တဆက်ဆက် တုန်ခါသွားကာ ရှေ့သို့ ပြေးသွားလေသည်။
သူတော်စင်မရွှမ်းလည်း ရုလိုင်ပေါင်စည်းတံဆိပ်ကို ကောက်ယူကာ သူမ၏ စွမ်းအင်နှင့် သွေးအားလုံးကို တံဆိပ်ထဲသို့ သွန်းလောင်းလိုက်သည်။
"ဟူး--"
သူမ၏ ကျွမ်းကျင်မှုအကူအညီဖြင့် စည်းတံဆိပ်သည် ပိုင်လီမု၏ အနောက်ဘက်သို့ ပျံသန်းသွားပြီး ဓားထိပ်ကို ပြင်းထန်စွာ တွန်းလှန်လိုက်လေသည်။
ဝုန်းကနဲ အသံနှင့်အတူ နက်ရှိုင်းနဂါးရွေ့ဓားရဲ့ အစွန်အဖျားသည် ပိုင်လီမုဝိညာဉ်နဖူးထဲကို ထိုးဖောက်သွားခဲ့သည်။ ချန်ရှီသည် စုတ်တံကို လှံနေရာမှာသုံး၍ ပိုင်လီမုရဲ့ ဝိညာဉ်ကို ထိုးသွင်းလိုက်ရာ စုတ်တံထိပ်ဖျားက အလွန်စူးရှသော အသံဖြင့် ထိုးဖောက်သွားသည်။
လှံသည် ပြင်းပြင်းထန်ထန် တုန်ခါသွားကာ ပိုင်လီမုဝိညာဉ်သည်လည်း အပိုင်းပိုင်း ကွဲသွားခဲ့သည်။