← Chapters

ဖူကျန့်နန်းဆောင်၊ စစ်အရာရှိ

Vol. 16 Ch. 237

ဖူကျန့်နန်းဆောင်၊ စစ်အရာရှိ

Vol. 16 Ch. 237

သူတော်စင်မရွှမ်းက ရုလိုင်ပေါင်စည်းတံဆိပ်ဖြင့် ဦးခေါင်းအနောက်ဘက်ကို တိုက်ခိုက်ကာ ချန်ရှီက လှံဖြင့် တိုက်ခိုက်၏။ သူတို့နှစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုက ချောမွေ့ပြီး ပြီးပြည့်စုံကာ အံ့သြဖွယ်ကောင်းလှသည်။

ချန်ရှီသည် သူ့လှံစုတ်တံကို မှီနေလေသည်။ သူ့နှလုံးက အရမ်းခုန်နေတာကြောင့် အသက်ဝဝရှုရင်း တည်ငြိမ်နေအောင် အချိန်အတော်ကြာ ရပ်နေခဲ့ရသည်။

သူတော်စင်မရွှမ်းလည်း နှလုံးခုန်သံနဲ့အတူ ပြင်းထန်စွာ တုန်နေပြီး သူမ စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေပါသည်။

ချန်ရှီ တဖြည်းဖြည်း အသက်ရှူသံ ပြန်မှန်လာတော့ သူတော်စင်မရွှမ်းကို မျက်လုံးပြူးကြည့်ကာ မျက်မှောင်လည်း ကြုတ်လိုက်သည်။ သူသည် ပိုင်လီမုဝိညာဉ်ကို တိုက်ခိုက်ရန် အစကတည်းက စီစဉ်ထားသော်လည်း သူတော်စင်မရွှမ်းကပါ သူ့ကို အမှန်တကယ် ကူညီလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပိုင်လီမုရဲ့ ခေါင်းနောက်ကိုသာ မထိခဲ့ပါက ဘယ်သူက အနိုင်ရသွားမလဲ ပြောဖို့ ခက်ခဲပေလိမ့်မည်။ သို့သော် ပိုင်လီမုသာ ခန္ဓာကိုယ်ကို ​ပြန်မသိမ်းပိုက်ထားပါကလည်း ထိုလူဘက်က အနိုင်ရရန် အခွင့်အလမ်း ပိုများသည်ဟု ချန်ရှီ ခန့်မှန်းမိသည်။

နောက်ဆုံးတော့ သူတို့နှစ်ယောက်ကြားက ကွာဟချက်က အရမ်းကြီးနေတယ်လေ။ သူတော်စင်မရွှမ်းကလည်း သူ့အကြည့်ကို သတိပြုတာမို့ ရုလိုင်ပေါင်စည်းတံဆိပ်ကို လှမ်းဆွဲလိုက်သည်။ သူမသည် တိတ်ဆိတ်မှုကို ပထမဆုံး ချိုးဖျက်နိုင်ခဲ့သူပဲ ဖြစ်သည်။

"ချန်ရှီ... မင်းကို ငါကူညီပေးနေတာက သခင်ငယ်ကို သစ္စာဖောက်တာ မဟုတ်ဘူး... ​​ကိုယ့်ကိုကိုယ်ကာကွယ်ဖို့.... ငါ ပိုင်လီမုကို မသတ်ရင် ငါသေလိမ့်မယ်....ငါနဲ့မင်းကြားမှာ ဘာကျေးဇူးမှ မရှိဘူး!"

ချန်ရှီလည်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး မြေပြင်ပေါ်ကျနေသော နက်ရှိုင်းနဂါးရွေ့ဓာကို ပြန်ယူကာ ဓားနှင့် နဂါးမုတ်ဆိတ်စုတ်တံကို သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးထဲသို့ ထည့်လိုက်သည်။

သူတော်စင်မရွှမ်းမှာ ချန်ရှီက ရတနာနှစ်ပါးကို သေးအောင်လုပ်ကာ သူ့နားထဲသို့ ထည့်လိုက်သည်ဟုသာ ထင်မှတ်ခဲ့သည်။ သူမသည် အနောက်ဖက်သို့ခရီးသွားခြင်း ဟုခေါ်သော စာအုပ်တစ်အုပ်ကို ဖတ်ဖူးပြီး စွန်းဝူခုန်း အမည်ရှိ မျောက်တစ်ကောင်သည် ဤနည်းဖြင့် ရတနာကို သိမ်းထားခဲ့သည်။

"ကြီး" သူမ တိုးတိုးလေး ရွတ်ကြည့်လိုက်သည်။

ချန်ရှီခေါင်းက သူမ မျှော်လင့်ထားသလို မပေါက်ကွဲသွားခဲ့သဖြင့် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ချန်ရှီကတော့ သူမကို တစ်ချက်ကြည့်လိုက်ပြီး ဒူးထောက်ကာ ပိုင်လီမု ခန္ဓာကိုယ်ပေါ်ရှိ အဖိုးတန်ပစ္စည်းများကို ဆက်လက် ရှာဖွေ​နေခဲ့သည်။

သို့သော် ပိုင်လီမုသည် အပိုင်းပိုင်းကွဲသွားကာ ဦးခေါင်းနှင့် ခြေထောက်နှစ်ချောင်းသာ ကျန်တော့၏။ ဒါကြောင့် သူ့ခန္ဓာကိုယ်မှာ တစ်ခုခုရှိနေရင်တောင် လွင့်ပျံသွားသလို ပျောက်ကွယ်သွားလောက်ပြီ။

ချန်ရှီမှာ အဖိုးတန်သောအရာကို မတွေ့သဖြင့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ရွှမ်ကျီးပိုင်ပြန့် မီးဖို၏ အပိုင်းအစများကိုသာ စုဆောင်းခဲ့သည်။

"ကြီး" သူတော်စင်မရွှမ်းက အသံတိုးတိုးဖြင့် ပြော​ပြန်သည်။

ချန်ရှီ သူမကို တစ်ချက် ကြည့်လိုက်ပြီး လက်သီးတွေကို ဆုပ်ထားလိုက်၏။ ခဏအကြာမှာတော့ လက်ချောင်းတွေကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်ပါတော့သည်။

နောက်ဆုံးတော့ သူ မိမိကို စေတနာထားပြီး ကယ်လိုက်တယ်လို့ ဘယ်နားမှာ သွားသတ်မှတ်ရမှာလဲ။

သူ ဂရုမစိုက်နေဘဲ အပိုင်းအစများကို ဆက်လက် ကောက်ယူနေလိုက်သည်။

ဤအပိုင်းအစများပေါ်တွင် နှစ်ပေါင်းများစွာ ထပ်ခါတလဲလဲ တံဆိပ်ခတ်ထားသော စာလုံးပေါင်း မြောက်မြားစွာရှိသည်။ အပိုင်းအစများစွာက ပျက်စီးနေပြီမလို့ မီးဖိုကို ပြီးပြည့်စုံအောင် ပေါင်းစပ်လို့ ​မရနိုင်သော်လည်း ကျန်အစိတ်အပိုင်းများက အလွန်တန်ဖိုးရှိပါသည်။

ဒါကို ပြန်ယူပြီး လူပန်ဂိုဏ်းကို ပေးကာ လေ့လာခွင့်ပေးလို့ရသည်။ အသုံးမဝင်တော့သော်လည်း ရှောက်ကျင် ရှိသေးရာ ၎င်းကို ရောင်းနိုင်ရင် ငွေအမြောက်အမြား တန်နေသေးသည်။

သူတော်စင်မရွှမ်းက သူ့ကို ဂရုတစိုက် စောင့်ကြည့်ပြီး "ကြီးကြီး..." ဟု ခပ်တိုးတိုး ရေရွတ်နေပြန်သည်။

မျက်နှာသာပေးတာ များသွားပြီ။

ချန်ရှီ ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်သွားသည်။ သူက အော်ဟစ်ကာ ထူထဲသောပေါင်များနှင့် ခြေထောက်ကို ဓားတစ်လတ်လို လှုပ်ခါကာ သူမ၏ လည်ပင်းကို ခုတ်ထစ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

သူတော်စင်မရွှမ်း အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

ချန်ရှီ မကျေနပ်စွာ ဟစ်အော်လိုက်ပြီး ခုတ်ချတော့မယ့် ညာဘက်ခြေထောက်ကို ပြန်ဆုတ်လိုက်ပြီး အပိုင်းအစတွေကို ဆက်လက်စုဆောင်းဖို့ ပြန်လှည့်သွားခဲ့သည်။ သူတော်စင်မရွှမ်းမှာ ရုလိုင်ပေါင်စည်းတံဆိပ်ကို ကိုင်ထားပြီး စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေသည်။ သူ ဆက်ပြီး လျှောက်လာသရွေ့ သူမ ဒါကို အသက်သွင်းလိုက်မည်။

ချန်ရှီကို အနိုင်မယူနိုင်ရင်တောင်မှ သူ့အရှက်ကို ရှောင်ပြီး သတ်သေဖို့ ဒီတံဆိပ်ကို သုံးနိုင်သေးသည်။

ချန်ရှီမှာ သူမကိုအရှက်ခွဲရန် ရည်ရွယ်ချက်မရှိပေ။ သူက ရှာနိုင်သမျှ ရတနာတွေကို စုဆောင်းဖို့သာ အာရုံစိုက်​နေခဲ့သည်။ ထို့နောက် သူ့လက်အိတ်ထဲမှ တစ်လက်မအရွယ်ရှိ သေတ္တာငယ်လေးကို ထုတ်၍ သေတ္တာကို ဖွင့်ကာ ရွှမ်ကျီးပိုင်ပြန့် မီးဖို အပိုင်းအစများကို ထည့်ထားလိုက်သည်။

သူတော်စင်မရွှမ်းရဲ့ မျက်လုံးများ ပြူးကျယ်သွားရ​ပြန်သည်။ ချန်ရှီရဲ့ သေးငယ်သောသေတ္တာသည် တစ်ပေသာရှိ၏။ ရွှမ်ကျီးပိုင်ပြန့် မီးဖိုမှာတော့ အမြင့်ခုနစ်ပေနှင့် အကျယ်ကိုးပေရှိသည်။ ထိုသေးငယ်သော အရာသည် ရွှမ်ကျီးပိုင်ပြန့် မီးဖိုကို အမှန်တကယ် သိမ်းထားနိုင်ပေသည်။

"ပန်းတစ်ပွင့်၊ လောကတစ်ခု၊ သစ်ရွက်တစ်ခု၊ မြတ်စွာဘုရား... အကန့်အသတ်မရှိ ပြောင်းလဲနိုင်တဲ့ ဆူမားရူတောင်ကို မုန်ညင်းစေ့လို သေးငယ်စေတယ်... နေနဲ့လကို ကြာပန်းအောက်မှာ ဝှက်ထားနိုင်တယ်.... ငါတို့ ဗုဒ္ဓဘာသာဂိုဏ်းမှာလည်း ဒီလိုမှော်အစွမ်း ရှိတယ်..."

ချန်ရှီ: "ဒါက မိသားစု အမွေအနှစ်ပါ"

သူတော်စင်မရွှမ်း မျက်လုံးများကို ခေတ္တ မှိတ်ထားသည်။ သူတို့ရဲ့ မိသားစုအမွေက ဗုဒ္ဓဘာသာရဲ့ မှော်စွမ်းအားတွေနဲ့တောင့ ယှဉ်နိုင်တယ်တဲ့လား။

ချန်ရှီက အရာအားလုံးကို ထုပ်ပိုးလိုက်သည်။

"ဒါတွေကို မင်းဘာလို့ ထုပ်ပိုးနေတာလဲ?"

ချန်ရှီ အနားယူရန် ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်ကာ သေတ္တာလေးကို ပြန်သိမ်းလိုက်သည်။

"ကျွန်တော် ငယ်ငယ်တုန်းက အရမ်းဆင်းရဲခဲ့တယ်လေ.. အဲဒါကြောင့် အမြဲတမ်း ပိုက်ဆံပိုရှာချင်တယ်... ဒါတွေကို ကောက်ရရင် ပိုက်ဆံအများကြီးနဲ့ ရောင်းနိုင်တယ်"

သူတော်စင်မရွှမ်းမှာ သူ့လျှာက မထွက်သွားတာကို မြင်တော့ စိတ်ရှုပ်စွာ မေးလိုက်သည်။

"မင်းမှာ ပိုက်ဆံမရှိလို့လား"

ချန်ရှီက ခေါင်းခါပြီး :"အရင်က ကျွန်တော် ပိုက်ဆံမရှာတတ်တော့ ကြေးဒင်္ဂါးပြားကိုတောင် နှစ်ခြမ်းခွဲချင်ခဲ့တာ... နောက်ပိုင်းမှာ သခင်ငယ်လေးရဲ့ အမိန့်အောက်က ထိုက်ဖျင်ဂိုဏ်းကို သုတ်သင်ပစ်လိုက်တယ်... စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုကြီးပြီးတော့ ထိုက်ဖျင်ဂိုဏ်းက ပိုက်ဆံ​တွေကို လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်... အဲဒီ့အချိန်ကစပြီး ကျွန်တော် ပိုက်ဆံရသွားတာပဲ...."

သူ့ရိုးသားမှုက သူတော်စင်မရွှမ်းကို အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။

"ဒီအကြောင်း ငါကြားဖူးပါတယ်..."

သူတော်စင်မရွှမ်းက ခဏလောက် စဉ်းစားပြီး ပြောပြသည်။

"ဖူကျန့်နန်းဆောင်ကတော့ တစ်ယောက်ယောက်က ထိုက်ဖျင်ဂိုဏ်းရဲ့ စည်းစိမ်ကို လိုချင်တပ်မက်လို့ ဂိုဏ်းသား အားလုံးကိုသတ်ပြီး သခင်ငယ်ရဲ့ ပိုက်ဆံတွေကို လုယက်တယ်... ဝိညာဥ်ပြန်ကြာပန်းကိုလည်း လုယက်သွားခဲ့တယ်လို့ ငါ့ကို ပြောခဲ့ကြတာ!"

ချန်ရှီသည် အရုဏ်တက်ချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းရင်း သူ့မျက်လုံးများက မှိန်ဖျော့နေပြီး အနည်းငယ် နက်နဲနေသည်။

"သူတို့က ဓါးပြတိုက်ခံရဖို့ ထိုက်တန်တယ်... ထိုက်ဖျင်ဂိုဏ်းသားတွေကလည်း အသတ်ခံရဖို့ ထိုက်တန်ပါတယ်... သူတို့က ကောင်းကင်အဘွားအဖွဲ့အစည်းမှာ ပြန်ပေးဆွဲခံရတဲ့ ယောက်ျားလေး၊ မိန်းကလေးတွေကို ဝယ်ပြီး ဝိညာဥ်ပြန်ကြာပန်းကို ခိုးယူဖို့ မြေအောက်ကမ္ဘာကို သွားခိုင်းတယ်... မြေအောက်ကမ္ဘာမှာ တစ္ဆေနတ်ဘုရား တစ်ကောင်က ​စောင့်ကြည့်နေတာ သေသွားတဲ့ ကလေးတွေလည်း မနည်းဘူး!"

ချန်ရှီ သူ့လက်ချောင်းတွေပေါ်မှာ သွေးတွေကို ပွတ်သပ်ရင်း ဆိုလိုက်သည်။

"သူတို့အထဲမှာ အသက်အကြီးဆုံးက ငါနဲ့ အသက်အတူတူလောက်ပဲ...အဲ့မှာ မသေဘူးဆိုရင်တောင် ယင်ချီတွေ ကျူးကျော် ဝင်ရောက်ပြီးတာနဲ့ သိပ်အသက်မရှင်တော့ဘူး... ထိုက်ဖျင်ဂိုဏ်းကို ဖြိုချပြီးတဲ့ နောက်မှာ သူတို့ ရောဂါတွေ ကုသ​ပေးပြီး ပိုက်ဆံနည်းနည်း လောက်ပေးပြီး အိမ်ပြန်ပို့ပေးလိုက်တယ်..."

သူတော်စင်မရွှမ်းက မျက်မှောင်ကြုတ်ပြီး ပြော၏။

"သခင်ငယ်က ဒီကိစ္စကို မသိဘူး ငါတို့ပြန်ပြီးရင် အဲဒါကို စစ်ဆေးခိုင်းရမယ်"

"မင်း ကောင်းကင်အဘွားအဖွဲ့အစည်းကို သွားစုံစမ်းလိုက်တာ အကောင်းဆုံးပဲ... ကောင်းကင်အဘွားအဖွဲ့အစည်းက လူကုန်ကူးမှုမှာ ပါ၀င်နေပြီးသား... မင်းရဲ့စီးပွားရေးလည်း ဟုတ်တယ်..."

သူတော်စင်မရွှမ်း ဒေါသထွက်လာသည်။

"မင်းငါ့ကိုဆဲဆိုနေတာပဲ!"

ချန်ရှီ: "ငါလည်း တခြားသူတွေကို သွေးတွေ ရွှဲနေတာပဲ ငါ့လျှာက ဘာလို့ မပျံသွားတာလဲ?"

သူတော်စင်မရွှမ်း စကားပြောချင်ပေမယ့် စကားတစ်ခွန်းမှ မပြောနိုင်ပေ။

"မင်း ယွိတူးကိုသွားပြီး ယန်းကျစ်လမ်းကြား၊ ပျော်ရွှင်သစ်တောနဲ့ ဟုန်ညောင်အဖွဲ့ကို သွားကြည့်နိုင်တယ်...အဲဒီနေရာတွေက အကောင့်စာအုပ်တွေကို ကြည့်ရင်း မင်း အရာတော်တော်များများကို ရှာနိုင်ပါတယ်..."

သူတော်စင်မရွှမ်း: "ဒါတွေက သခင်ငယ်ရဲ့ တပ်ဖွဲ့တွေပဲ... မင်းက သူတို့ကို ဖြုတ်ပစ်လိုက်ပြီ!"

ချန်ရှီ သူ့လက်တွေကို ခေါင်းနောက်မှာထားပြီး ကျောက်တုံးပေါ် လှဲချလိုက်သည်။

"ငါက အဆောင်ဆွဲ မှော်ဆရာတစ်ယောက်ပါ... နတ်ဆိုးတွေကို နှိမ်နင်းဖို့က မှော်ဆရာရဲ့ တာဝန်ပဲလေ... မင်းရဲ့ ဂုဏ်သတ္တိတွေကတော့ နတ်ဆိုးတွေနဲ့ ရောနေတာ..."

သူတော်စင်မရွှမ်း ဒေါသထွက်သွားသည်။ ချန်ရှီက ကောင်းကင်ကိုသာ ကြည့်​နေပြီး ဘာမှ မပြောလာချေ။ ခဏကြာတော့ သူတော်စင်မရွှမ်းက “ဘာလို့ စကားမပြောတာလဲ” လို့ မေးပြန်သည်။

ချန်ရှီ သူမကို တစ်ချက် လှမ်းကြည့်ကာ ဘာမှ မပြော။

သူတော်စင်မရွှမ်း: "ဘာလို့ ဒီကနေ မထွက်သွားတာလဲ။"

"မိုးလင်းတာကို စောင့်နေတာ... ငါတို့ အခု မရဏကမ္ဘာ တောင်ပင်လယ်မှာ ရောက်နေကြတာ... မိုးလင်းတာနဲ့ လျှာဆွဲငရဲရဲ့ အပိုင်းအစတွေ ပျောက်ကွယ်သွားရင် အသက်ရှင်နေတဲ့ တောင်ကန်ကြီးပေါ်မှာ ငါတို့တွေ ပေါ်လာလိမ့်မယ်... ညဘက်ကြီး ပြန်သွားလို့မရဘူး မိုးလင်းတဲ့အထိ စောင့်ရမယ်"

သူတော်စင်မရွှမ်း ခဏ တိတ်ဆိတ်သွားခဲ့သည်။

"ငါလည်း အစကတော့ လယ်သမားမိန်းကလေးပါ.... မွေးရပ်မြေက မြောက်ပိုင်းမဟာမိတ် ပေမုန်ပြည်နယ်က... ငါးနှစ်သမီးအရွယ်မှာ ဆရာသခင် မြောက်ယင်းက ငါ့ကို ဗောဓိဘုရားကျောင်းကို ခေါ်သွားခဲ့တယ်... အဲဒီအချိန်ကစပြီး ဗုဒ္ဓဘာသာ ကျမ်းဂန်တွေကို သင်ယူပြီး မိသားစု ဘုန်းကြီးကျောင်းမှာပဲ တရားထိုင်တယ်.. လေ့ကျင့်သင်ကြားပေးတယ်..."

ချန်ရှီသည် မျက်လုံးမှိတ်ထားကာ ကျောက်တုံးပေါ်တွင် အိပ်နေသလား နားထောင်နေသလား မသိ။

သူတော်စင်မရွှမ်း သူမ၏ ဦးခေါင်းနောက်ကျောကို ထိလိုက်သည်နှင့် ပူပြင်းပြီး နာကျင်လာသည်။ ဦးခေါင်းနောက်ဘက်တွင် သွေးခဲကြီးတစ်ခု ရှိနေ၏။ သူ့အတွက် ဆေးမရှိတာကြောင့် ဘယ်တော့မှ သက်သာမလဲ မသိချေ။

"ငါ့ကို အရှင်ဘုရား သင်ပေးသမျှ တော်တော်များများက အဓိပ္ပာယ်ရှိတယ်... တစ်နေ့မှာ ဆရာတော်က ငါ့ကို တောင်ပေါ်က ဆင်းခိုင်းပေမယ့် တစ်သက်လုံး မြတ်ဗုဒ္ဓနဲ့ ဒီသဘောတရားတွေကိုပဲ နားလည်ခဲ့ရတာတော့ အပြင်ထွက်ရတာ မပျော်ဘူး... ဆရာက ငါက ဘာမှ မကြုံဖူးသလို လေးနက်တဲ့ ဗုဒ္ဓဘာသာကိုလည်း နားမလည်တဲ့အတွက် တောင်ပေါ်ကနေ ဆင်းကြည့်ပါတဲ့...."

သူမ လက်ထဲတွင် ရုလိုင်ပေါင်စည်းတံဆိပ်ကို လှမ်းကိုင်ရင်း မျက်လုံးများ အနည်းငယ် ရှုပ်ထွေးနေ၏။

“ဆရာကြီးလည်း ငယ်ငယ်က ကြီးကျယ်ခမ်းနားတဲ့ အကျင့်ကို ကျင့်တတ်သူပဲလို့ မိန့်တယ်... တောင်ပေါ်ကို ဆင်းပြီး လူ​တွေနဲ့ အရင်ဆုံး ပေါင်းသင်းဆက်ဆံရမယ်... ကြီးကျယ်ခမ်းနားတဲ့ အရာတွေ ပြီးမြောက်တဲ့အခါ ဒီဆက်ဆံရေးကို အဆုံးသတ်နိုင်တယ်... အောင်မြင်မှု တစ်ခုနဲ့ တစ်ခုကြားက လောကီရေးရာ အသေးအမွှား အကြံအစည်တွေကို ဖြတ်တောက်ပြီး တရားဓမ္မကို ထူထောင်နိုင်လိမ့်မယ်... ဒါ့အပြင် ငါ့ရဲ့ ကျင့်​ကြံမှုကလည်း ဗောဓိပင်လို မြင့်လာတော့မှာ...”

စည်းတံဆိပ်ကို ဘေးသို့ပစ်ချကာ လက်နှစ်ဖက်ဖြင့် ဒူးထောက်ကာ မေးစေ့ကို တင်လျက် မြေပြင်ကိုသာ စိုက်ကြည့်လိုက်သည်။

“သခင်ငယ်ကို တွေ့တော့ သူက အပြစ်မရှိ ချောမောတဲ့ လူငယ်လေးပဲ... ဆရာသခင် ပြောသလိုပဲ ရုပ်ချောပြီး ပညာတတ်တယ်... လူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်တယ် သူ့အကြောင်း ပြောလိုက်တာနဲ့ အရပ်မျက်နှာတိုင်းမှာလည်း ကျေနပ်အားရမိတယ်...”

သက်ပြင်းချလိုက်ရင်း မျက်လုံးတွေက နည်းနည်းရှုပ်ထွေးလာပြန်၏။

"ဒါက အချစ်လား ငါ မသိဘူး....

"သူ့ပတ်ဝန်းကျင်မှာ မိန်းမတွေ အရမ်းများနေတယ်... ​​ငါ ရှေ့ကို ညှစ်ထွက်ရမယ်... ငါ သူ့အာရုံကိုရဖို့ နည်းမျိုးစုံနဲ့ ဆွဲဆောင်ရမယ် ငါ သူ့ကို စိတ်ကျေနပ်​စေရမယ်..."

သူမလည်း ခေါင်းပေါ်လက်တင်ကာ စိတ်ပျက်လက်ပျက် ပြန်ရုတ်လိုက်သည်။ ကြည့်လိုက်တော့ ခေါင်းနောက်ဘက်ရှိ သွေးခဲများကို ထိမိခဲ့တာကြောင့် သူမ နာကျင်စွာ ရှုံ့တွကာ တိုးတိုးလေး လှည့်သွားခဲ့သည်။

"ဒါပေမယ့် ဒီလိုဘဝမျိုးကို ငါမကြိုက်ဘူး... အမြတ်အစွန်းအတွက် ငါအရမ်း စိုးရိမ်တယ်... ဆရာသခင် ဒါကို မသိဘူး သူလည်း မသိဘူး... ငါ သခင်ငယ်လေးကို ကြိုက်ရမယ်... ဒါက ငါတို့ရဲ့ ကံကြမ္မာပဲ"

ချန်ရှီ ခေါင်း​စောင်းပြီး သူမကို မော့ကြည့်လိုက်သည်။ သူတော်စင်မ၏ လျှာသည် ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး "ပွက်ပွက်ဆူသော" အသံဖြင့် မပျံသန်းသွားခဲ့ပေ။

ချန်ရှီ: "ဒါဆို အဲ့သခင်ငယ်ကို သဘောကျလား"

သူတော်စင်မရွှမ်းရဲ့ မျက်လုံးများက ဗလာဖြစ်နေဆဲ။ အချိန်အတော် ကြာပြီးနောက် သူမ ခေါင်းယမ်းကာ "မသိဘူး" ဟု ပြောလာသည်။ ချန်ရှီ စကားရပ်လိုက်ပြီး မျက်လုံးများကို ဆက်လက် မှိတ်ထားလိုက်သည်။ သူမဟာ ကျောက်တုံးကြီးအောက်က သူ့နံဘေးတွင် အိပ်နေခဲ့သည်။

သူမဒီမှာ လဲလျောင်းရင်း နှလုံးတွေက တအားခုန်နေသည်။ ကောင်းကင်ဘုံတံခါးကို ပိတ်ဆို့ထားပြီး သူမ၏ အခြေတည်ဝိညာဉ်သည် မပျံသန်းနိုင်သော်လည်း သူမ၏ အတွေးများက နေရာတိုင်းတွင် ပျံ့လွင့်နေသည်။

လူငယ်၏အသွင်အပြင်၊ မျက်နှာ၊ အပြောအဆို၊ အပြုအမူ၊ အမူအရာများက သူမ၏ စိတ်ထဲတွင် အမြဲတစေ လှည့်ပတ်နေသည်။

တစ်ချိန်ချိန်တွင် သခင်ငယ်၏မျက်နှာသည် ချန်ရှီ၏မျက်နှာ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ သူတော်စင်မမှာ အစပိုင်းတွင် သူမ၏ အာရုံများဆီသို့ ပြန်မရောက်ခဲ့ပေ။ သူ့အတွင်းစိတ် အာရုံထဲရောက်သွားတော့ အလိုလို တုန်လှုပ်သွား၏။ သူမ အတွေးတွေကို အမြန်စုဆောင်းပြီး ချန်ရှီကို လျှို့ဝှက်စွာ ကြည့်လိုက်သည်။

ချန်ရှီက ကျောက်တုံးပေါ်တွင် အိပ်ပျော်သွားပုံရသည်။

အချိန်အနည်းငယ် ကြာပြီးနောက် ကြောက်မက်ဖွယ်တစ်ခုခု ဖြစ်သွားသကဲ့သို့ မြေကြီးက တဟုန်ထိုးတုန်ခါလာသည်။

လူနှစ်ယောက် မတ်တပ်ထရပ်ပြီး မျှော်ကြည့်မိတော့ ကောင်းကင်ကြီးက တဖြည်းဖြည်း တောက်ပလာတာကို တွေ့လိုက်ရ၏။ ပြင်ပအာကာသမှ နတ်ဘုရားက သူ၏ မျက်ခွံကြီးကြီးကို ဖွင့်လိုက်ပြီး ပိုရှည်လျားလာခဲ့သည်။ ကောင်းကင်ကြီးသည် နံနက်ခင်း၏ နီရဲနေသော အလင်းတန်းများဖြင့် မိုင်ထောင်ပေါင်းများစွာ ဖြန့်ကျက်ထားသည်။

ချန်ရှီ ခြေထောက်ကို ဆန့်တန်းပြီး စကားတစ်ခွန်းမှ မပြောဘဲ လျှာဆွဲငရဲရဲ့ အပိုင်းတစ်ပိုင်းထဲကနေ ထွက်လာခဲ့သည်။ သူတော်စင်မရွှမ်းလည်း သူ့နောက်ကို လိုက်သွား၏။

သူတို့နှစ်ဦးသည် တောင်တရုတ်ပင်လယ်ထဲသို့ ဖြတ်လျှောက်သွားကြသည်။

ချန်ရှီ အောက်ကို ငုံ့ကြည့်လိုက်တော့ အရိုးစုနှစ်ခု၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ပင်လယ်အောက်မှာ တွေ့လိုက်ရသည်။ နောက်ဖက်မှ အမျိုးသမီးအရိုးစုသည် ခြေလှမ်းအနည်းငယ်လှမ်းကာ လက်ကို ဆုပ်ကိုင်ထားရသကဲ့သို့ ရှေ့ရှိ အမျိုးသားအရိုးစုဆီသို့ သူမလက်ကို ဆန့်တန်းထားသည်။

ဗွမ်း!

ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် ပြင်းထန်သော တုန်လှုပ်မှုတစ်ခု ဖြစ်သွားခဲ့ပြီး ၎င်းတို့နောက်ကံယ်က လျှာဆွဲငရဲ ပျောက်ကွယ်သွားကာ ပင်လယ်အောက်ရှိ ထူးဆန်းသည့် ဖြစ်စဉ်များလည်း ပျောက်ကွယ်သွားခဲ့သည်။

ငြိမ်သက်အေးချမ်းသော တနန်ကန်က သူတို့ခြေရင်း၌ ပေါ်လာသည်။

ချန်ရှီ သူ့ခြေဖဝါးအောက်မှ ရောင်ပြန်ဟပ်မှုကို ငုံ့ကြည့်ရာ လက်ကို ကိုင်ထားပုံမှာ ထူးထူးခြားခြား မတွေ့လိုက်ရပေ။ ခုနတုန်းကအရာဟာ လူတွေကို လှည့်စား ကစားနေတဲ့ မြေအောက်ကမ္ဘာက သရဲတစ္ဆေတွေပဲ ဖြစ်ကောင်းဖြစ်နိုင်ပါ၏။

"ကျိရွှမ်းရွှမ်း... အခု ဒီနေရာမှာပဲ နှုတ်​ဆက်​လိုက်​ရ​အောင်​"

ချန်ရှီ လှည့်ပြီး ပြုံးပြလိုက်သည်။ သူတော်စင်မရွှမ်းသည် ယခင်ကကဲ့သို့ ပြန်လည် ကောင်းမွန်လာကာ သူမ၏မျက်နှာပေါ်တွင် နူးညံ့သောအပြုံးဖြင့် ညင်သာစွာ ခေါင်းညိတ်ပြလေ၏။

"နှုတ်ဆက်လိုက်ကြရအောင်... ဒါပေမယ့် ချန်ရှီ နောက်တစ်ကြိမ်တွေ့ရင် မင်းငါ့ကို နာကျင်အောင်လုပ်ဖို့ အခွင့်မပေး​​တော့ဘူး"

ချန်ရှီလည်း ပြုံးပြီး။

"ပြောရခက်တယ် မင်း ကာကွယ်နိုင်မလား ကြည့်ကြတာပေါ့"

သူတော်စင်မရွှမ်းက သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ပြီး အပြုံးတစ်ဝက်နဲ့ "ငါက ဗုဒ္ဓဘာသာ လျှို့ဝှက်ချက်တွေကို လေ့ကျင့်တယ်၊ မန္တန်အမျိုးမျိုးကို ကျွမ်းကျင်တယ်၊ ရွှေရောင်ကိုယ်ထည်ကို ပြုစုထားတယ်... မှော်ပညာကို ကျွမ်းကျင်တယ် အရင်က တစ်ကြိမ်မှ မသုံးဖူးဘူး ငါ ဘယ်လိုမှ မခုခံနိုင်ဘူးဆိုတာ မင်းဘယ်လို သိလဲ?"

သူမ အနည်းငယ် စိတ်ဓာတ်ကျလာသလို ခံစားခဲ့ရသည်။

နှစ်ကြိမ်။ ချန်ရှီ သူမကို နှစ်ကြိမ်​တောင် ရိုက်ခဲ့သည်။ နှစ်ကြိမ်စလုံး သူမသည် မည်သည့်လှုပ်ရှားမှုကိုမဆို အသုံးမပြုမီ ချန်ရှီဆီကနေ သေလုနီးနီး အရိုက်ခံခဲ့ရသည်။

အဲဒါကို တခြားသူတွေဆီ ပြောပြလိုက်ရင် တကယ့်ကို အရှက်ရလိမ့်မည်။

သူမ သင်ယူခဲ့တဲ့ မှော်အစွမ်းတွေအပြင် ရွှေခန္ဓာကိုယ်မန္တန်တွေဟာ ဗောဓိဘုရားကျောင်းမှာ အကောင်းဆုံးပါပဲ။ ဗောဓိဘုရားကျောင်းက ပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင်တဲ့အခါ အနည်းစုကသာ သူမကို အနိုင်ယူနိုင်သည်။ အနည်းဆုံးတော့ သူမရဲ့ အရည်အချင်းတွေကို ပြသဖို့ အခွင့်အရေး ပေးသေးသည်။

ချန်ရှီ ပြုံးပြလိုက်သည်။

"မင်းသင်ယူထားတဲ့ အရာက မင်းသုံးနိုင်မှပဲ အသုံးဝင်တာ... မင်းမသုံးနိုင်ရင် သင်ယူထားတာလည်း အလကားပဲ!"

သူတော်စင်မရွှမ်းမှာ ဒေါသအရမ်း ထွက်လာသဖြင့် သွားတွေ​တောင် ယားယံလာသည်။ သူမမျက်နှာမှာ အပြုံးတစ်ခု ထိန်းသိမ်းထားဖို့ ကြိုးစားပြုံးပြနေ၏။

"ဒဏ်ရာသက်သာတဲ့ အထိ စောင့်...."

"ရှီးကျင်းမှာတွေ့မယ်!"

ချန်ရှီ ရယ်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ ထွက်သွားသည်။ သူတော်စင်မရွှမ်း ခဏတုံ့ဆိုင်းသွားပြီးနောက်။

"ချန်ရှီ ငါအကြံပေးတယ်...ရှီးကျင်းကို မသွားနဲ့၊ သခင်ငယ်ကို မလွန်ဆန်နဲ့... အိမ်ပြန်သွား၊ မိသားစုတစ်ခု ထူထောင်ဖို့ မင်းကိုချစ်တဲ့ အမျိုးသမီးကို ရှာပါ.. ရှီးကျင်းမှာ မသေစေနဲ့!"

ချန်ရှီ ရပ်လိုက်ပြီး အပြုံးတစ်ခုနဲ့ လှည့်ကြည့်လိုက်သည်။

"ငါ ရှီးကျင်းကို သွားမယ်... မိသားစုကို ဂုဏ်ပြုဖို့ မဟုတ်ဘူး.. သူ့အဖေတောင် သူ့ကို မမှတ်မိနိုင်တော့တဲ့အထိ ပြင်းပြင်းထန်ထန် ရိုက်ပစ်မယ်!"

သူတော်စင်မရွှမ်းလည်း ဒေါသထွက်ကာ လှည့်ထွက်သွားတော့သည်။

"မင်းသေချင်နေတာပဲ... ငါမင်းကို မတားဘူး... မင်းအပြင်မှာသေမှ မင်းကို သတိမပေးဘူးဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့!"

သူမသည် ချန်ရှီ၏ ဆန့်ကျင်ဘက် ဦးတည်ရာသို့ လျှောက်သွားသော်လည်း သူမ လျှောက်လာရင်း တုံ့ဆိုင်းလာသည်။

လမ်းမသိပေ။

တနန်ကန်က အရမ်းကြီးသည်။

ဦးတည်ရာကို မသိရင် ဘယ်တော့မှ ထွက်လို့ မရနိုင်ပါ။

သူမသည် ဦးတည်ရာတစ်ခုကို ရွေးချယ်ပြီး ရှေ့သို့ လျှောက်သွားခဲ့သည်။ ငတ်မွတ်နေချိန်အထိ အချိန်အတိုင်းအတာ တစ်ခုအထိ လမ်းလျှောက်ခဲ့ပေမယ့် ကုန်းမြေကို မမြင်ရသေး။ သွားများကို အံကြိတ်ကာ သည်းမခံနိုင်တော့တဲ့ အချိန်မှာပဲ သူမရှေ့တွင် လှေတစ်စင်း ပေါ်လာသည်။

လှေက မကြီးပါ။ သုံးမီတာအောက်သာ ရှည်ပြီး ရှုခင်းကြည့်ရန် ခရီးသည်များ သယ်ယူတဲ့ လှေတစ်စင်းနှင့်တူပြီး ခရီးသည်အနည်းငယ်သာ ထားရှိနိုင်သည်။ လှေအတွင်း၌ လက်ဖက်ရည်ပြုလုပ်ရန်နှင့် ရိုးရှင်းသော အစားအစာများကို ပြင်ဆင်နိုင်သည်။

သူတော်စင်မရွှမ်း ခပ်သွတ်သွတ်လေး လျှောက်သွားလိုကိသည်။

"လှေသမား... လှေသမား!"

လှေရပ်သွားတာနဲ့ သူလည်း ခုန်တက်လိုက်သည်။

"ရွှမ်းရွှမ်း မင်းကဘာလို့ဒီကို ရောက်နေတာလဲ။ယ"

ထိုအသံ ထွက်လာရာ လှေခေါင်မိုးပေါ်ကို လှမ်းကြည့်လိုက်ရာ အပြာရောင်အဝတ်အစားနှင့် ပညာရှင်တစ်ဦး လှေမိုးကာမှ ထွက်လာတာ တွေ့လိုက်ရသည်။ သူသည် အရပ်ရှည်ပြီး ချောမောသူပင်။ အပေါ်နှုတ်ခမ်းပေါ်တွင် မုတ်ဆိတ်မွေးကို တစေ့တစောင်းနှင့် သပ်သပ်ရပ်ရပ် ညှပ်ထားသည်။ သူ့အောက်နှုတ်ခမ်းတွင် မုတ်ဆိတ်မွေး ခပ်ပါးပါး ရှိ​နေသည်။

သူ၏အပြာရောင်ဝတ်ရုံသည် ကျွိရန်စာသင်သားတွေ ဝတ်သော တာအိုဝတ်လုံ ဖြစ်သည်။ ရိုးရှင်းပုံရသော်လည်း ရင်ခွင်ပေါ်မှာ ပန်းထိုးထားတဲ့ပုံက အလွန်လက်ရာမြောက်ပြီး ပန်းထိုးဆရာမှ ပြုလုပ်ပေးထားတာ ဖြစ်ရမည်။

သူသည် ဖူကျန့်နန်းဆောင်က စစ်အရာရှိ ဖောင်းထန်ပဲ ဖြစ်သည်။

သူတော်စင်မရွှမ်း လန့်သွားပေမယ့် ပြုံးပြီး "ကျွန်မ ချန်ရှီကို လိုက်ရှာနေတာ...လူကို မတွေ့ဘဲ လမ်းပျောက်နေလို့... စစ်အရာရှိကရော ဘာလို့ ဒီကို ရောက်နေတာလဲ"

ဖောင်းထန်က နွေးထွေးစွာ ပြုံးပြလာသည်။

"ပန်းရှန်းဂိုဏ်းက လူတချို့က ဖူကျန့်နန်းဆောင်ကို ဆက်သွယ်တယ်... ကျွန်တော်က အနီးအနားမှာ ရှိနေတာမို့ လာကြည့်တာပါ"

သူတော်စင်မရွှမ်းရဲ့နှလုံးက အနည်းငယ် တုန်လှုပ်သွားသည်- "သူတို့က ဖူကျန့်နန်းဆောင်ကို အကြောင်းကြားထားတယ် မကောင်း​တော့ဘူး... ချန်ရှီ မလွတ်မြောက်နိုင်မှာ ကြောက်ရတယ်!"

"သူတော်စင်မ ဒဏ်ရာရသွားပြီပဲ..."

ဖောင်းထန်၏ နတ်ဝိညာဉ်က သူ့နောက်တွင် ပေါ်လာသည်။ ဝိညာဉ်သည် နှစ်မီတာခန့်မြင့်ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ လွတ်လွတ်လပ်လပ် ရပ်နေ၏။ နတ်ဝိညာဥ်က လက်ကိုဆန့်၍ ပေါ့ပေါ့ပါးပါး လှည့်ပတ်လိုက်သည်။

သူတော်စင်မရွှမ်း၏ ဦးခေါင်းနှင့်နဖူး နောက်ကွယ်ရှိ သွေးခဲများသည် ရုတ်တရက် အနက်ရောင် အငွေ့များအဖြစ် ပြောင်းလဲသွားပြီး နတ်ဝိညာဉ်လက်ထဲသို့ ရောက်သွားခဲ့သည်။ သူတော်စင်မရွှမ်း သူမဦးခေါင်းကို ထိလိုက်သည်နှင့် ရောင်ရမ်းမှုက ပျောက်ကွယ်သွားပြီး မနာကျင်တော့တာ ခံစားလိုက်ရသည်။

"လူကြီးမင်းဖောင်းကို တကယ်ကို နည်းဗျူဟာကောင်းတွေ ရှိတာပဲ..."

သူမ မေးလိုက်ရင်း မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလတ်လာသည်။

"လူကြီးမင်းရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်က ဘယ်လောက်များလဲ?"

ဖောင်းထန် ပြုံးပြီး :"အနတ္တသန့်စင်နယ်ပယ်ပါ... သူတော်စင်မ ကျုပ် ချန်ရှီရဲ့ ခြေရာလက်ရာကို ရှာတွေ့ပြီ"

သူ့လက်များကို ဝှေ့ယမ်းလိုက်ရာ လှေက ရုတ်တရက် လေထဲသို့ ခုန်တက်လာပြီး ဟောက်သံနှင့်အတူ လွင့်ထွက်သွား​လေသည်။ လှေသမားခမျာ ဝါးတိုင်ကိုကိုင်ကာ လှေပေါ်တွင် ရပ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရှာသည်။

All Chapters