← Chapters

တစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိပါတယ်

Vol. 16 Ch. 238

တစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိပါတယ်

Vol. 16 Ch. 238

ဤလှေသည် ဖောင်းထန်မှ ငှားရမ်းထားသော သယ်ယူပို့ဆောင်ရေး လှေဖြစ်သည်။ သူက ချန်ရှီရဲ့ တည်နေရာကို ရှာဖွေနေပါသည်။ ချန်ရှီလိုမျိုး ရေကန်ပေါ်မှာ လမ်းမလျှောက်ချင်သလို လေထဲတွင်လည်း မပျံသန်းချင်သောကြောင့် ခရီးသွားရန် လှေတစ်စင်း ငှားလိုက်သည်။

ပျံသန်းတာက မှော်စွမ်းအင်ကို စားသုံးသည်။ လှေစီးတာကတော့ သဘာဝအတိုင်း ပျော်စရာကောင်းပြီး အပန်းဖြေပြီးသားလည်း ဖြစ်သွားသည်။

မှော်စွမ်းအားတွေ ကုန်ခမ်းသွားပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ အပြုသဘောဆောင်တဲ့ ယန်စွမ်းအင်ကို စုပ်ယူဖို့ လိုအပ်ပြီး ပြန်လည်သန့်စင်ဖို့လည်း လိုအပ်သည်။ ကောင်းကင်နှင့်မြေကြီး၏ အပြုသဘောဆောင်သော ယန်စွမ်းအင်သည် မကောင်းသော ယင်စွမ်းအင်များနှင့် ရောနှောနေတာကြောင့် စုပ်ယူလေ မကောင်းမှု ဖြစ်လာနိုင်ခြေက ပိုများလေ ဖြစ်သည်။

ဖောင်းထန်လို ပြည့်စုံတဲ့ ကျင့်ကြံသူတွေရဲ့အမြင်မှာတော့ ဒီကမ္ဘာမှာ အရေးတကြီး အရာတွေ များများစားစား မရှိပေ။ ဒါကြောင့် အလျင်လိုစရာ မလိုဘူးလို့ တွက်ထားကြလေ၏။

ဤအခိုက်အတန့်တွင်တော့ သူသည် သူ၏ မှော်စွမ်းအားကို အသုံးပြုကာ လှေကို လေထဲသို့ ပျံသန်းစေပြီး ချန်ရှီဆီသို့ ဦးတည်သွားစေသည်။ ဖောင်းထန်သည် လှေလေးထဲတွင် ရပ်နေကာ လေတိုက်နေတာကြောင့် သူ့အဝတ်အစားများက နောက်ပြန် လွင့်တိုက်နေသည်။

သူတော်စင်မရွှမ်းမှာ သူ၏ လေးနက်သော ကျင့်ကြံမှုကို လေးစားရုံမှတစ်ပါး မကူညီနိုင်ခဲ့။ တကယ်တော့ လူသည် အ​ခြေတည်ဝိညာဥ် နယ်ပယ်မှာတင် ပျံသန်းမှုများစွာကို လေ့ကျင့်နိုင်သည်။ အဝေးကို အမြန်မပျံသန်းနိုင်ပေမယ့် အမြဲအသုံးဝင်ပါ၏။ ဖောင်းထန်သာ အဲဒီလိူ ပျံသန်းခဲ့ပါက သူ၏ အခြေတည်ဝိညာဥ် အဆင့်ရှိ မှော်စွမ်းအားတွေ ခဏအတွင်း ကုန်ဆုံးသွားပေလိမ့်မည်။

သူတော်စင်မရွှမ်းသည် သူမစိတ်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရသဖြင့် ရေရွတ်လိုက်၏။

"မနက်ခင်းမှာ ပင်လယ်ပြာနဲ့ ညနေခင်းတွေမှာ စောင်းဝူ... ဒါက ကျင့်ကြံသူတွေရဲ့ တစ်သက်တာ အိပ်မက်ပဲ... ဒါပေမယ့် ဘယ်သူ လုပ်နိုင်မှာလဲ... လူကြီးမင်းဖောင်းရဲ့ ကျင့်ကြံမှုက ဒီလောက်လေးနက်မယ်လို့ မမျှော်လင့်ထားဘူး"

ဖောင်းထန်: "ဖူကျန့်နန်းဆောင်မှာရှိတဲ့ တခြားသူတွေထက် ကျုပ်ရဲ့ ကျင့်ကြံမှုက ယုတ်ညံ့လွန်းတယ်... ဝေ့ရှီးကျစ်နဲ့ ကျုပ် နှစ်ယောက်စလုံးက စစ်အရာရှိတွေ... သူ့ကျင့်ကြံမှုက ကျုပ်ထက် နက်နဲတယ်... အသီးသီးမှာ စစ်လက်ထောက် ၁၂ ယောက်ရှိတယ်... တစ်ယောက်ကဆို ကျုပ်လိုပဲ သန်မာတယ်.. ပိုကောင်းတဲ့ အကူနှစ်ယောက်လည်း ရှိတယ်... ယဇ်သေရည်၊ ကျုံးလန်၊ စီးမာနဲ့ ကျောင်ရှီတို့ရဲ့ နယ်ပယ်တွေက ကျုပ်ထက်တောင် ပိုမြင့်တယ် ကျုပ်က ဖူကျန့်နန်းဆောင်မှာ အလယ်နဲ့ အောက်စီးကြောင်းပဲ...."

သူက ခေတ္တရပ်ပြီး :"သခင်ငယ်ရဲ့ လက်အောက်မှာ တစ်တိုင်းပြည်လုံး အေးချမ်းသာယာပြီး ဖူကျန့်နန်းဆောင်မှာ ထူးချွန်တဲ့သူတွေ အများကြီးရှိတယ်...သခင်ငယ် လင်ကျိုးမှာရှိတဲ့ ရွှီမိသားစုကို သွားတုန်းက ရွှီမိသားစုရဲ့ လူကြီးတွေက သူ့ကို ယဉ်ယဥ်ကျေးကျေး ဆက်ဆံပြီး ရွှီမိသားစုရဲ့ ဘိုးဘေးတွေကို သခင်ငယ်ကလည်း မိုင်သောင်းချီဓားပျံကို သင်ပေးခိုင်းတယ်။

သူတော်စင်မရွှမ်းလည်း ပြုံးပြီး ဝင်ပြောလိုက်သည်။

"ရွှီမိသားစုက သခင်ငယ်ကို တွေ့တော့ သခင်လေးရဲ့အမူအရာကြောင့် သူတို့ သဘောကျသွား​ကြတာ​ ဖြစ်လိမ့်မယ်"

ထိုသို့ပြောပြီးနောက် ချန်ရှီသည် ရွှီမိသားစု၏ မိုင်သောင်းချီဓားပျံကိုလည်း ကျွမ်းကျင်ကာ သခင်ငယ် လက်အောက်က သခင်များစွာကို သတ်ရန် ဤနည်းလမ်းကို အသုံးပြုခဲ့ကြောင်း သတိရသွား၏။ ဤတစ်ကြိမ်တွင် သခင်ငယ်၏ လင်ကျိုးခရီးစဉ်သည် မိုင်သောင်းချီဓားပျံ အတွက် ဖြစ်နိုင်သည်။

သခင်ငယ်က ချန်ရှီကို အရမ်း ကြောက်​နေတာကြောင့် ဖြစ်နိုင်လား။

ဖောင်းထန် : "နက်ရှိုင်းနဂါးရွေ့ဓားကို မင်း ရှာဖွေ​နေတဲ့အကြောင်း ကြားပါတယ်... အဲ​ဒီရတနာက နဂါးသွေးတွေနဲ့ သန့်စင်ထားတဲ့ ရှားပါးရတနာတစ်ခုပါ... သူတော်စင်မသာ အဲ​ဒီရတနာကို သခင်ငယ်လေးဆီ ပေးအပ်နိုင်ရင် သူ ခင်ဗျားကို သေချာပေါက် တန်ဖိုးထားလိမ့်မယ်။"

သူတော်စင်မရွှမ်း : "ချန်ရှီ သိမ်းသွားတာတော့ နှမြောစရာပေါ့.."

ဖောင်းထန်က ပြုံးလိုက်သည်။

"သူသိမ်းသွားခဲ့တဲ့ ရတနာတွေကို တံတွေးနဲ့ ထွေးထုတ်ရလိမ့်မယ်... ရှီးကျင်း ချန်ရှီကို ကြောက်ရတဲ့ အကြောင်းရင်းက သူ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတွေက်ု သော့ခတ်ထားတာကြောင့်ပဲ.... ဒါပေမယ့် ကျုပ်တို့ရဲ့ ဖူကျန့်နန်းဆောင်မှာ သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးတွေကို ဖယ်ရှားဖို့ နည်းလမ်းပေါင်းစုံ ရှိတယ်... အဲဒီနတ်ဆိုးတွေကို မထိဘဲ သတ်ပစ်ရုံပဲ... သေးငယ်တဲ့ လှည့်ကွက်တစ်ခုပေါ့"

သူတို့နှစ်ယောက် စကားစမြည် ပြော​နေရင်း တနန်ကန်ကမ်းနားကို ရောက်သွားကြသည်။ သူတော်စင်မရွှမ်းလည်း ထိုမြေကို မြင်သောအခါမှ နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်လိုက်သည်။ သူမသည် လွန်ခဲ့သည့် နှစ်ရက်က ရေကန်တွင်သာ မျောပါနေခဲ့ရပြီး ရေငတ်သေမလား သို့မဟုတ် ပင်ပန်းနွမ်းနယ်ကာ ရေကန်ထဲတွင် သေဆုံးတော့မလား အလွန်စိုးရိမ်​နေခဲ့သည်။

လှေက ဆိပ်ကမ်းသို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ ဖောင်းထန် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံများကို ထုတ်ကာ လှေစီးခကို ပေးချေလိုက်သည်။ လှေသမားကတော့ အရမ်းကျေးဇူးတင်နေ၏။ ဧည့်သည်က ပိုက်ဆံပေးရုံတင်မကဘဲ ကောင်းကင်ယံကိုလည်း အလည်အပတ် ခေါ်သွားသေးသည်။ တကယ်ကို ရှားရှားပါးပါး လူကောင်းတစ်ယောက်ပင်။

သူတော်စင်မရွှမ်း မျှော်ကြည့်ပြီး ရွာရှေ့က တံတားကို ကြည့်လိုက်သည်။ "ရေနှုတ်ခမ်းဝရွာ" ဟူသော စကားလုံးကို တံတားဘေးတွင် ရေးထားတာ တွေ့လိုက်ရသည်။

ရေနှုတ်ခမ်းဝရွာ!

"ကျနော် ချန်ရှီရဲ့ နေရာကို ခြေရာခံဖို့ အရိပ်ခြေရာခံတဲ့ နည်းလမ်းကို သုံးခဲ့တာ.... သူဒီရွာထဲမှာပဲ"

ဖောင်းထန်သည် ကျောက်လှေကားထစ်များပေါ် တက်ကာ တံတားပေါ်သို့ ဖြည်းညှင်းစွာ လှမ်းတက်ကာ ရွတ်လိုက်သည်။

"ဆိုရိုးစကားအတိုင်းပဲပေါ့... ဖြတ်သွားတဲ့ ငန်းတစ်ကောင်က ခြေရာတွေကို ချန်ထားခဲ့တယ်တဲ့... လူသားလည်း အဲ့လိုပဲ!"

သူတော်စင်မရွှမ်း : "အရာရှိဖောင်းရဲ့ မှော်ပညာရပ်က တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းလို့မရပါဘူး"

ဖောင်းထန်သည် အနည်းငယ် ပြုံးကာ နှိမ့်ချစွာ တစ်စုံတစ်ခုကို ပြောတော့မည့်အချိန့၌ တံတားပေါ်တွင် ရင်းနှီးသော အသွင်အပြင်ကို ရုတ်တရက် တွေ့လိုက်သောအခါ သူ့မျက်နှာက အနည်းငယ် ပြောင်းသွားခဲ့သည်။

"အစ်ကိုဝေ့!"

သူတော်စင်မရွှမ်း မျှော်ကြည့်လိုက်တော့ တံတားပေါ်မှာ မုတ်ဆိတ်မွေး အနည်းငယ်ရှိတဲ့ လူတစ်ယောက် ရပ်နေတာ တွေ့လိုက်ရသည်။ သူသည် အနက်ရောင် ဦးထုပ်နှင့် အညိုရောင်အဝတ်အစားကို ၀တ်ဆင်ထားပြီး ဘယ်ဘက်လက်တွင် ခေါက်ယပ်တောင်ကို ကိုင်ထားသည်။ ၎င်းကတော့ ဖူကျန့်နန်းဆောင်က နောက်ထပ် စစ်အရာရှိ ဝေ့ရှီးကျစ်ပဲ ဖြစ်သည်။

ဖောင်းထန်က ချန်ရှီကို ပထမဆုံးရှာတွေ့သူဟု မူလက ထင်ခဲ့သော်လည်း ဝေ့ရှီးကျစ်က သူ့ထက်သာ​နေမည်ဟု သူ မထင်ခဲ့ပေ။ နည်းနည်း စိတ်ဓာတ်ကျပြီး မကူညီနိုင်ဘဲ ဒေါသတကြီး ပြုံးကာ ဆိုလိုက်သည်။

"ဘာပဲလုပ်လုပ် အစ်ကိုဝေ့ရဲ့နောက်မှာ အမြဲခြေတစ်လှမ်း နောက်ကျနေရတာပဲ... ဖူကျန့်နန်းဆောင်မှာ အစ်ကိုဝေရဲ့ ထိုင်ခုံက အရှေ့ရောက်နေတာ အံ့သြစရာတော့ မရှိပါဘူး"

ဝေ့ရှီးကျစ်က ပြုံးပြီးပြောလေ၏။

"ညီအစ်ကိုဖောင်း... ငါက မင်းထက် အသက်နည်းနည်းပဲကြီးတာပါ... ဒါကြောင့် ငါက မင်းထက် တကယ်တော်နေလို့လည်း မဟုတ်ပါဘူး.. သူတော်စင်မရွှမ်းကိုး"

သူက သူတော်စင်မရွှမ်းကို အနည်းငယ် ခေါင်းညိတ်ပြသည်။ သူတော်စင်မရွှမ်းကလည်း နှုတ်ခွန်းဆက်စကား ပြန်ပြောလေ၏။

"ဖူကျန့်နန်းဆောင်နဲ့ အစောင့်တွေက နာမည် ကြီးတာကို ကျွန်မ ကြားဖူးတာ ကြာပြီ တိုက်ပွဲတွေကို ဦးဆောင်နေတဲ့ စစ်သူကြီးတွေလိုပါပဲ... ဒီနေ့ ရှင့်ရဲ့ ပုံပန်းသွင်ပြင်ကို မြင်ခွင့်ရတာ ကျွန်မရဲ့ ကံကောင်းမှုပဲ..."

"သူတော်စင်မက ကြင်နာတတ်လွန်းနေတာပဲ... ဒါနဲ့ ညီလေးဖောင်း ဘယ်ကလာတာလဲ။"

ဖောင်းထန်သည် ဝေ့ရှီးကျစ်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသောကြောင့် သူက။

"ကျွန်တော် အစက မဟာအနောက်ရေကန်ကြီးမှာ ရေသူမလေးတွေရဲ့ ခြေရာတွေကို လိုက်ရှာရင်း သခင်ငယ်ကို ပေးဖို့ ဒဏ္ဍာရီလာ ရေသူမပုလဲကို ရှာဖို့ ကြံနေပေမယ့် မရခဲ့ဘူး... ပန်းရှန်းဂိုဏ်းရဲ့ သတင်းကိုရပြီးနောက် ဒီကိုရောက်ဖို့ တစ်ညတည်းနဲ့ မိုင် ၁၄၀၀ ခရီးထွက်ခဲ့တာ... အစ်ကိုဝေ့ကရော ဘယ်ကလာတာလဲ..."

ဝေ့ရှီးကျစ် : "သခင်ငယ်ရဲ့ ၂၄ နှစ်မြောက်မွေးနေ့အတွက် လက်ဆောင်ပေးဖို့ ရည်မှန်းထားတာ...ငါ ဂန္ထဝင်ရတနာသင်္ဘောကြီးကို ရှာဖို့ အရှေ့ကန်ကြီးကနေ လာခဲ့တာ... သတင်းရပြီးတဲ့နောက်တော့ နင်ရှန်းကိုရောက်ဖို့ မိုင်တစ်ထောင်ကျော် ခရီးထွက်ခဲ့ရတယ်... ပြီးတော့ ပန်းရှန်းဂိုဏ်းရဲ့ အသက်ရှင်ကျန်ရစ်သူတွေကို တွေ့ဖို့သွားခဲ့တာ... အခုလည်း ခြေရာခံတဲ့နည်းလမ်းကို သုံးရင်း ရောက်လာတာ... မင်းလည်းဒီကို ရောက်​နေမယ်လို့ မမျှော်လင့်ထားဘူး"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြုံးပြရင်း ဖောင်းထန်က ဆိုလိုက်သည်။

"ဒီလိုဆိုရင်တော့ ငါတို့က ခွေးချန်ကို ဖမ်းပြီး ကမ္ဘာကို အမိန့်ပေးကြတာပေါ့"

ဝေ့ရှီးကျစ်က ရယ်လေ၏။

"ကောင်းပြီ!"

သူတို့နှစ်ယောက်သည် ချက်ချင်း လက်ဆွဲနှုတ်ဆက်လိုက်ကြပြီးနောက် အားကျိုး၏ အိမ်ဆီ လျှောက်သွားကြသည်။

ချန်ရှီသည် ယခုအချိန်တွင် အားကျိုး၏ အိမ်တံခါးဝတွင် ချောင်ဟူနဲ့ ချောင်ဝေတို့ကို ခေါ်ဆောင်သွားခဲ့သည်။ သူသည် သူတော်စင်မရွှမ်းနဲ့ နှုတ်ဆက်ခဲ့ပြီးနောက် ရေနှုတ်ခမ်းဝရွာက အားကျိုး အိမ်သို့ အပြေးသွားသည်။ အဒေါ်အားယင်က သူ့ကိုနည်းနည်းကြောက်ပေမယ့် ဒဏ်ရာအပြင်းအထန် မရှိတာတွေ့ရတော့ စိတ်သက်သာရာရပြီး ကလေးနှစ်ယောက်ကို နေ့ခင်းဘက် အတူဆော့ဖို့ ခေါ်သွားခွင့် ပြုခဲ့သည်။

ချန်ရှီ ကလေးနှစ်ယောက်ကို မေးလိုက်သည်။

"မင်းတို့အိမ်ကို ငါရောက်တိုင်း မင်းတို့နှစ်ယောက်ကို ဆော့ဖို့ ခေါ်သွားခိုင်းတယ်... သူတို့ ဘာလုပ်နေကြတာလဲ"

ချောင်ဟူ: "ငါသိတယ်... သူတို့က လူတွေစုနေကြတာ... ငါမြင်ဖူးတယ်!"

ချောင်ဝေ: "လူတွေကို စုထားရတာ ဘာပျော်စရာကောင်းလို့လဲ.!"

ချောင်ဟူက လွန်လွန်ကဲကဲ ငြင်းဆန်ခဲ့သည်- "ငါက ကျွမ်းပစ်နိုင်တယ်!"

ချန်ရှီ : "မင်းတို့ ညီအစ်ကိုတွေ အားလုံးမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိတာပဲ..."

ဤအခိုက်အတန့်တွင် သူ့​နှလုံးသားက အနည်းငယ် ရွေ့လျားသွားပြီး တံတားဦးခေါင်းဆီသို့ လှမ်းကြည့်လိုက်ရာ သူတော်စင်မရွှမ်းရဲ့ မျက်လုံးများကို စိုက်ကြည့်မိသွားသည်။ သူမက အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်နေပုံပေါ်၏။

ချန်ရှီနှလုံးက အနည်းငယ် လှုပ်ရှားသွားပြီး သူမ အနားရှိ လူနှစ်ယောက်ကို တစ်ချက်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဟူလေးနဲ့ ဝေလေးတို့... မင်းတို့ အိမ်ပြန်ကြတော့..."

ခြံဝင်းထဲမှာ အဒေါ်အားယင်က စကားတွေ ပြောနေသည်။

"မနေ့က ဈေးသွားကြည့်တော့ ပန်းချီဆိုင်မှာ ပန်းချီကားတစ်ချပ် တွေ့တယ်... ကျွန်မ ပန်းချီကားထဲက ပုံစံအတိုင်း အဝတ်တစ်ထည် ချုပ်ထားတယ်... ဒီနေ့ ပေးမယ် ကလေးတွေက အပြင်သွားတုန်း... သွားဝတ်လိုက်.. တံခါးပိတ်နော်..."

အားကျိုး: "တစ်ဆယ်လေး လာတိုင်း ကလေးတွေကို ပြုစုစောင့်ရှောက်ပေးဖို့ တောင်းဆို​နေတယ်... သူ့အတွက် အရမ်းဒုက္ခရောက်ရတယ်ကွ!"

အားယင်က သူမ အဝတ်အစားကိုလဲဖို့ အခန်းထဲကို ဝင်လာရင်း ဆို၏။

"ဘာလုပ်ရမလဲ... အရွယ်ရောက်ပြီးသား ယောက်ျားလေးနှစ်ယောက်က နေ့တိုင်း ရှုပ်ပွနေအောင် ဆော့ပြီး သန်းခေါင်အထိလည်း အိပ်ရာမဝင်ဘူး... ကျွန်မတို့က ငယ်ငယ်တုန်းက လင်မယားနှစ်ယောက်လို ဘယ်လိုလုပ်နေနိုင်မှာလဲ"

ထိုစဥ် အားကျိုးရဲ့ နားရွက်က လှုပ်သွားသောအခါ တံခါးသော့တံကို ချထားလိုက်သည်။

"အားယင် မင်းအဝတ်အစား မလဲ​တော့နဲ့... ကိုယ် အပြင်ထွက်ချင်တယ်.. အပြင်မှာ ရန်သူတွေ ရှိနေပြီ"

သူမ အတွင်းခန်းထဲကနေ ပြေးထွက်လာသည်။

"ရန်သူလား... ဘယ်သူရန်သူလဲ ချန်ရှီရဲ့ရန်သူပဲလား... သူ ကျွန်မတို့ကို ဒုက္ခပေးလိမ့်မယ်လို့ မပြောဘူးလား!"

"မင်းက ကလေး​တွေကို ပြန်ခေါ်လာခဲ့... ကိုယ် ထွက်သွားပြီး ဖြေရှင်းလိုက်မယ်"

အားယင်က သူ့ရှေ့မှာ ရပ်လိုက်ပြီး တားလေ၏။

"ချန်ယင်တူး ရှင့်ကို ဘယ်နှစ်ခါ နှောင့်ယှက်ခဲ့လဲ အပြင်ထွက်တိုင်း အရိုက်ခံရပြီး ပြန်လာတာ ခန္ဓာကိုယ် တစ်ဝက်လောက် သေသွားပြန်ရော... အိမ်မှာ ကျွန်မတစ်ယောက်တည်း နေ့တိုင်း စိတ်ပူရတယ် တစ်နေ့ ရှင် ပြန်မလာမှာကို ကြောက်ရတယ် ရှင် ဒီတစ်ခါတော့ မထွက်ရဘူး!"

"ချန်ယင်တူးမှာက ဒီမြေးတစ်ယောက်ပဲ ရှိတယ်..."

သူမ သူ့မျက်လုံးတွေကို ကြည့်ပြီး နားချလို့ မရဘူးဆိုတာ သိလိုက်သည်။ သူမ သွားတွေ အံကြိတ်ကာ မီးဖိုခန်းထဲသို့ ပြေးဝင်ကာ မီးဖိုချောင်သုံး ဓားနှစ်ချောင်းကို ထုတ်ကာ အားကျိုးအား တစ်ချောင်းကိုပေး၍ သူ့ဘာသာသူလည်း တစ်ချောင်း သိမ်းထားလိုက်သည်။ သူမ အံကြိတ်ကာ ဆိုလိုက်သည်။

"သွားချင်ရင် အတူတူသွားရအောင်!"

သူမက အားကျိုးကို ကာကွယ်ပေးရင်း တံခါးဖွင့်ကာ ထွက်သွားသည်။

"ဝေလေးနဲ့ ဟူလေးတို့ အိမ်အမြန်ပြန်လာခဲ့!"

သူမသည် ကလေးနှစ်ယောက်ကို အိမ်ထဲသို့ဆွဲထုတ်ကာ တံခါးကို သော့ခတ်ပြီး ချန်ရှီထံသို့ အပြေးအလွှား သွားကာ ဆိုလိုက်သည်။

"မင်း အနောက်ကိုသွား!"

သူမလက်ထဲတွင် မီးဖိုချောင်သုံး ဓားတစ်ချောင်းကို ကိုင်ထားပြီး သူမဆီသို့ လျှောက်လာနေသော ဖူကျန့်နန်းဆောင်မှ ဆရာကြီးနှစ်ဦးကို ထိတ်လန့်စွာ ကြည့်နေသည်။

ချန်ရှီ အံ့သြသွားပြီး အားကျိုးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

"ဦးလေးအားကျိုး.. အဒေါ့်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ"

အားကျိုးလည်း အတော်လေး အားကိုးရာမဲ့ဖြစ်နေပြီး "သူမ ကျောင်းမှာ တစ်ခါမှ စာမဖတ်ဖူးဘူး" လို့ တိုးတိုးလေး ပြောလာခဲ့၏။

ကျောင်းမတက်ဖူးရင် ကျင့်ကြံမှုလည်း မရှိနိုင်ပေ။ ချန်ရှီ ရယ်မောကာ ရင်ထဲထိမိသွားသည်။

"အဒေါ်....."

"ပြန်သွား! ဒီကိုလာဖို့ ဘယ်သူကပြောလဲ?"

အဒေါ်က သူ့ကို စိုက်ကြည့်နေ၏။ အားကျိုး ရှေ့ကို လှမ်းချင်ပေမယ့် သူမလည်း သူ့ကို စိုက်ကြည့်နေတာကြောင့် သူမနောက်မှာ နေခဲ့ဖို့ ရွေးချယ်နေရ၏။

ဝေ့ရှီးကျစ်နဲ့ ဖောင်းထန်တို့က မျက်နှာများပေါ်တွင် အပြုံးများဖြင့် ဘေးချင်းကပ် လျှောက်လာခဲ့ကြသည်။ သူတို့ရဲ့ အရှိန်အဟုန်သည် ပို၍ အားကောင်းလာကာ ဖောင်းထန်က စိတ်အေးလက်အေးနဲ့ ပြုံးပြီး ပြောလေသည်။

"ချန်ရှီ... မင်းက မကောင်းမှုတွေကို ကျူးလွန်ခဲ့ပြီးပြီ... ဒီနေ့ မင်းလွတ်မြောက်နိုင်မှာ မဟုတ်ဘူး... မင်းမိသားစုနဲ့ သူငယ်ချင်းတွေကို ဘာလို့ နစ်နာစေချင်နေတာလဲ..."

ဝေ့ရှီးကျစ် : "ငါတို့ နှစ်ယောက်စလုံးက သခင်ငယ်အောက်က ဖူကျန့်နန်းဆောင်က လာကြတာ... ဖူကျန့်နန်းဆောင်က ကောင်းကင်နဲ့မြေကြီးရဲ့ ဖြောင့်မတ်ခြင်းတရားကို ပံ့ပိုးပေးတာ အပြစ်မဲ့တဲ့သူတွေကို မသတ်ဘူး မင်းကိုယ်တိုင် လိမ်လိမ်မာမာနဲ့ ထွက်လာလိုသရွေ့ ဒီမိန်းမနှင့် အဲဒီယောက်ျားကို ငါ မထိခိုက်စေရဘူး..."

ချန်ရှီ စကားမပြောမီ အဝေးမှ ရုတ်တရက် အသံရှည်ကြီးဖြင့် လူတစ်ယောက်က ဆိုလာသည်။

"နဂါးက တောင်ကို စောင့်ကြပ်နေတာ လေးနှစ်ရှိပြီ... သံမြင်းက အနောက်ဘက်ကို တစ်ဆင့်ပြီးတစ်ဆင့် ရောက်လာခဲ့ပြီ... ဟန်မင်းဆက်ကို ရွှေ့ဖို့ လှုပ်ရှားမှုငါးခုက ငါတို့ကို မသင်ပေးသေးမှတော့ ချင်းစစ်တပ်ကို စောင့်နေရမှာလဲ...ငါတို့က ဗျူဟာခြောက်ခုအတွက် စစ်အရာရှိတွေပဲ... ညီအစ်ကိုဖောင်းနဲ့ ဝေ့က ဒီနေ့လို ပွဲရှိတာကို ငါ့ကို မခေါ်ကြပါလား?"

အသံသည် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာမှ ရောက်လာကာ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်လှသည်။ တိုတိုပြောရရင်တော့ မိုးခြိမ်းသံက တစထက်တစ နီးကပ်လာချေပြီ။ မူလက မိုင်ပေါင်းများစွာ ဝေးကွာသော်လည်း ချက်ချင်းရောက်လာသည်။

"ခေါ်" ဟူသော စကားလုံးလုံးကို ပြောလိုက်သောအခါ လေပြင်းသည် ရုတ်တရက် ဝင်လာပြီး ချောင်းနှစ်ဘက်ရှိ မိုးမခသစ်ကိုင်းများကို မှုတ်ထုတ်ကာ သစ်ပင်များ လွင့်ပါးသွားခဲ့သည်။

လေပြင်းတိုက်လို့ ပြီးသွားသောအခါတွင် ဝေ့ရှီးကျစ်နဲ့ ဖောင်းထန်တို့ရှေ့တွင် လူတစ်ယောက်ပေါ်လာသည်။ သူသည် အရပ်ရှည်ပြီး သန်မာပြီး ကျားသစ်ခေါင်းနှင့် မျက်လုံးဝိုင်းဝိုင်းရှိသည်။ ခေါင်းလောင်းလို အသံဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နှုတ်ဆက်လိုက်သည်။

"ညီအစ်ကိုတို့... တန်းပါ့လင် မင်းတို့ကို နှုတ်ဆက်ပါတယ်!"

ဖောင်းထန်က ပြုံးပြီး ပြန်နှုတ်ဆက်သည်။

"လတ်စသတ်တော့ ဆရာတန်းကိုး... ဆရာတန်းရဲ့ စိုက်ထုတ်မှုက ပိုအားကောင်းလာတယ်နော်... ပေါင်းစည်းတဲ့ နယ်ပယ်အထိတောင် ရောက်နေပြီလား"

တန်းပါ့လင်က ခေါင်းယမ်းရင်း သက်ပြင်းချလေ၏။

"မဟုတ်သေးပါဘူး သခင်ငယ်က ရှေ့ဆက်ရမယ့်လမ်းမှာ အတားအဆီးတွေကို ရှင်းဖို့ ကျင့်စဥ်တွေ ပေးခဲ့ပေမယ့် ငါ့မှာ မှုန်ဝါးဝါးနဲ့ ခန္ဓာပေါင်းစည်းနယ်ပယ်ရဲ့ နက်နဲမှုတွေကို နားမလည်နိုင်သေးပါဘူး"

သူ့မျက်လုံးများက ချန်ရှီအဒေါ် အားယင်၊ ထို့နောက် အားကျိုး နှင့် နောက်ဆုံးတွင်မှ ချန်ရှီဆီသို့ စူးစူးရဲရဲ စိုက်ကြည့်လာသည်။ သူက ပြုံးလေ၏။

"သူက ချန်ရှီလား? သူ့မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်းရှိတယ် ထင်နေတာ... ဒီအတိုင်းပဲ ကောင်လေး တစ်ယောက်ပဲကိုး... သခင်လေးနဲ့ ပြိုင်ဖို့ ဘာတတ်နိုင်လို့လဲ"

ဤအခိုက်အတန့်တွင် အဝေးမှ အသံတစ်ခုကြားလိုက်ရသည်- "ညီအစ်ကိုသုံးယောက်၊ ချန်ရှီကို လျှော့မတွက်နဲ့နော်"

သူတို့သုံးယောက်က ဝမ်းသာအားရနဲ့ "သို့ကျိကျို ရောက်ပြီ!" ဟု တစ်ပြိုင်တည်း ဆိုလိုက်ကြသည်။

စကားမဆုံးခင်မှာ လူက ဆင်းနေပြီ။ အနှောက်အယှက်မရှိ၊ လေကလည်း ပေါ့ပါးပြီး တိမ်တွေပေါ်မှာ ရပ်နေပုံက သူ့မှာ စွမ်းအား လုံးဝမရှိသလို ငြိမ်သက်နေသည်။

ဒါပေမယ့် တန်းပါ့လင်အပါအဝင် လူသုံးဦးကလည်း ဧည့်သည်ကို အလွန်လေးစားကြောင်း ပြသနေခဲ့သည်။ သူတို့အားလုံးက ဦးညွှတ်ပြီး ဂါဝရပြုနေ၏။

"မင်္ဂလာပါ သို့ကျိကျို!"

သူတော်စင်မရွှမ်းက အတွင်းစိတ်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"သို့ကျိကျိုလည်း ဒီမှာဘဲ... ချန်ရှီ... အသက်ရှင်သန်ဖို့ အခွင့်အလမ်း မရှိ​တော့ဘူး"

သို့ကျိကျိုသည် ထူးကဲသော အရည်အချင်းရှိသူဖြစ်ပြီး ခန္ဓာပေါင်းစည်းနယ်ပယ်တွင် ကြီးမြတ်သော သခင်ဖြစ်သည်။ သေချာပေါက် ခရိုင်ဘုရင်ခံ ဖြစ်လာနိုင်ပါ၏။ သူသည် မြင့်မြတ်သော မိသားစုတွင် မပါဝင်နေသော်လည်း အသုံးချလို့ရသူပင်။

အကယ်၍ လူတစ်ဦးသည် ဤအဆင့်အထိ ကျင့်ကြံထားပြီး မျိုးဆက်သုံးဆက်အထိ အမွေဆက်ခံနိုင်လျှင် ၎င်းသည် မိသားစုငယ်လေးတစ်ခုနှင့် ညီမျှပါလိမ့်မည်။ သို့ကျိကျို ရောက်ရှိလာခြင်းက ချန်ရှီအတွက် ရှင်သန်ခွင့်ကို ဖြတ်တောက်လိုက်သည်ဟု ဆိုနိုင်ပါသည်။

ဤတစ်ကြိမ်တွင် ဖူကျန့်နန်းဆောင်က သခင်လေးဦးကို စေလွှတ်ခဲ့ပြီမလို့ ချန်ရှီကို အသက်ရှင်ရန် အခွင့်အရေးကို မပေးကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။ သို့ကျိကျိုက သူ့လက်ကို မြှောက်လိုက်သည်။

"ငါတို့အားလုံးက ညီအကိုတွေပဲလေ... လောကဝတ်တွေ မလိုပါဘူး"

သူက ချန်ရှီကို တစ်ချက်ကြည့်လိုက်ပြီး ဆိုသည်။

"ဒီချန်ရှီကို လျှော့တွက်လို့ မရဘူး... ကျင့်ကြံမှု၊ မိသားစု နောက်ခံ၊ စွမ်းရည်၊ ရုပ်ရည်၊ အရည်အချင်းနဲ့ အဆက်အစပ်အရ သူက သခင်ငယ်လောက်မတော်ဘူး ဒါပေမယ့် သူ့ခန္ဓာကိုယ်ထဲမှာ ပုန်းနေတဲ့ နတ်ဆိုးတစ်ကောင်ရှိတယ်... မင်းတို့ လက်ထဲမှာ ဒါမှမဟုတ် ငါ့လက်ထဲမှာ သေသွားရင် နတ်ဆိုးက နိုးကြားလာပြီး သူ့ခန္ဓာကိုယ်က နတ်ဆိုးအသွင် ပြောင်းသွားလိမ့်မယ်"

ချန်ရှီလည်း ဤစကားကို ကြားသောအခါ အံ့အားသင့်သွားခဲ့သည် ၊ "ငါ့ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ နတ်ဆိုးတစ်ကောင် ရှိနေလို့လား.... ငါမသိပါဘူး"

သူအရမ်း အံ့သြသွား၏။

သူ့ခန္ဓာကိုယ်ထဲမှာ ဝှက်ထားတဲ့ အရာတစ်ခုခု ရှိနေတယ်လို့ တစ်ချိန်က သူသံသယရှိခဲ့သည်။ ၎င်းက ဝါးခါးကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့ဖူးပေမယ့် ဖုံးကွယ်ထားတဲ့ အရာဟာ နတ်ဆိုးဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါ။

သို့ကျိကျိုင သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆက်ပြောသည်။

"သူလည်း သူ့ကိုယ်သူ ဆင်ခြင်သင့်ပါတယ် ဒါပေမယ့် နေရာတိုင်းမှာ မိုက်မိုက်ရိုင်းရိုင်း ပြုမူပြီး မကောင်းမှုလုပ်ဖို့ နတ်ဆိုးရဲ့ စွမ်းအားကို သုံးနေခဲ့တယ်...သခင်ငယ်ကို သေတဲ့အထိ တိုက်ခိုက်နိုင်မယ်လို့ သူထင်ခဲ့ပေမယ့် သခင်ငယ်လေးရဲ့ မျက်လုံးထဲမှာတော့ သူဟာ ပုရွက်ဆိတ်ဖြစ်နေမှန်း မသိခဲ့ရှာဘူး..."

ချန်ရှီ ဂရုမစိုက်ပါ။

ထိုအချိန်တွင် "သို့ကျိကျို... သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှိလား၊ သူ့ကို သတ်လိုက်ရင် နတ်ဆိုးဖြစ်လာပြီး လူသန်းပေါင်းများစွာကို အန္တရာယ်ဖြစ်စေလိမ့်မယ်" ဟု ပြောနေသည့် အသံအိုတစ်ခုကို ကြားလိုက်ရသည်။ စေတနာကောင်းပြီး ဖြောင့်မတ်သော ဆရာလုပ်သင့်သည့် အလုပ်မျိုးပင်။

သို့ကျိကျိုလည်း တုန်လှုပ်သွားပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။

"သို့ချီ.... ရှီးစီမာကို ဂါဝရပြုပါတယ်"

ဖောင်းထန်၊ ဝေ့ရှီးကျစ်နဲ့ တန်းပါ့လင်တို့သည် ၎င်းတို့၏ အမူအရာများကို ပြောင်းလဲကာ လေးစားတဲ့ အမူအရာတွေ ထုတ်ပြလာကြသည်။

"အငယ်တန်းတွေ ရှီးစီမာကို ဂါရဝပြုကြတယ်!"

သူတော်စင်မရွှမ်းရဲ့ နှလုံးသားလည်း ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားတော့သည်။ လှေငယ်တစ်စင်း မြစ်ငယ်ပေါ်မှ မျောပါလာသည်။ လှေပေါ်တွင် ဝါးဦးထုပ်ဆောင်းထားသည့် အဘိုးကြီးတစ်ဦးသည် ငါးမျှားတံကို ကိုင်ကာ ငါးဖမ်းနေ၏။

ရောက်ရှိလာသူမှာ ဖူကျန့်နန်းဆောင်က ရှီးစီမာ။

ခေါင်းမှအမြီးအထိ ရှာရခက်သော လျှို့ဝှက်ဆန်းကြယ်သော နဂါး ရှီးစီမာပင်တည်း။

ဖူကျန့်နန်းဆောင်တွင် သူ့အဆင့်အတန်းက ခေါင်းဆောင် ပြီးလျှင် ဒုတိယဖြစ်ပြီး သူသည် ကမ္ဘာပေါ်တွင် ရှားပါးသော သခင်ကြီးလည်းဖြစ်သည်။ ကျင့်ကြံမှု အဆင့်က နားမလည်နိုင်စရာ ကောင်းသလို အနတ္တပြန်ခြင်းဘုံ ရောက်ရှိသွားပြီဟု ဆိုကြသည်။ မဟာယာနနယ်ပယ်ထဲကို ဝင်သွားပြီဆိုတဲ့ ကောလဟာလတွေတောင် ရှိနေ၏။

သို့ကျိကျိုက ဝါးဦးထုပ်နဲ့ အဖိုးအိုကို အရမ်းလေးစားလေသည်။

"ကျုပ် စဉ်းစားနိုင်တဲ့ တစ်ခုတည်းသော ဖြေရှင်းချက်က ချန်ရှီကို မရဏကမ္ဘာကို ပို့ပြီး သတ်ပစ်လိုက်ဖို့ပါပဲ"

ရှီးစီမာသည် လှေပေါ်တွင် မြဲမြံစွာထိုင်ကာ မြစ်ကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။

"အကြံကောင်းပဲ... သူသေသွားလို့ နတ်ဆိုးဖြစ်သွားရင်တောင် မရဏပြည်မှာပဲ နတ်ဆိုးဖြစ်သွားပြီ... မင်းအဖြေရမှတော့ ဘာကိုစောင့်နေတာလဲ။"

သူက အနည်းငယ် ပြုံးပြီး စကားဆက်လေ၏။

"အကြော်သေးသေးလေးက မင်းရဲ့ စိတ်ဓာတ်ကို မထိခိုက်စေနဲ့"

သို့ကျိကျိုလည်း သူ့ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် တက်ကာ ချန်ရှီကို ကြည့်လိုက်ငည်။

"တကယ်တော့ မင်းက နဂါးဧကရာဇ် အစစ်အမှန်ကို စော်ကားမိနေပြီဆိုတာ မသိဘဲ ကျေးလက်တောရွာရဲ့ ရွှံ့ရေထဲမှာ ခုန်ပေါက်နေတဲ့ ငါးငယ်လေးတစ်ကောင်ပဲ... သခင်ငယ်က မင်းကို ဆက်ဆံချင်ရင် ဘာလို့ ကိုယ်တိုင်လုပ်ရမှာလဲ"

"သူတကယ်ပဲ သူ့ကိုယ်သူ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ထင်နေတာ ဖြစ်မယ်" ဝေ့ရှီးကျစ်ကလည်း သူ့ခေါက်ယပ်တောင်ကို ဝှေ့ယမ်းပြီး ပြုံးပြလေသည်။

သူတော်စင်မရွှမ်း မှုန်ကုပ်ကုပ်နဲ့ လှည့်ထွက်သွားခဲ့သည်။

"ချန်ရှီ မင်းကို ငါအကြံပေးခဲ့တယ်... ကံမကောင်းချင်တော့ အရမ်းနောက်ကျသွားပြီ... မင်းက အရပ်ရပ်တိုင်းမှာ သခင်ငယ်ကို ပြဿနာတွေပေးတယ်... မင်း သူ့ကို ဘယ်လိုလုပ် တိုက်နိုင်မလဲ" စိတ်ထဲမှာ တိတ်တိတ်လေးပဲ ပြောလိုက်ပါ၏။

ထိုအချိန်တွင် ချန်ရှီရဲ့ အသံထွက်လာသည်။

"ငါက အထီးကျန်သူလို့ ထင်နေတာလား... မင်းတို့မှာတော့ သခင်ငယ်ရဲ့ ကိုယ်ပိုင်စွမ်းအားတွေ ရှိပြီ ငါ့မှာကျ ဆွေမျိုးမိတ်ဆွေ နည်းနည်းမှ မရှိဘူးလို့ ထင်နေတာလား"

"ဦးလေးအားကျိုး!"

ဒါကိုကြားတော့ သူတော်စင်မရွှမ်းလည်း သည်းမခံနိုင်တော့ဘဲ ခေါင်းကို ညင်သာသာ ခါယမ်းလိုက်ပါတော့သည်။

ပျားမွေးမြူရေးသမားသည် ဘာလုပ်နိုင်မှာလဲ။

ပျားမွေးမြူသူ အားကျိုးသည် သူ့လက်ကြမ်းများကို အဒေါ်အားယင်၏ ပခုံးပေါ်တင်လိုက်သည်။ သူမက မီးဖိုချောင်သုံးဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး မဖယ်ပေးချေ။

"အားကျိုး ရှောင်နေပါ... ဒီနေ့ ကျွန်မကို မကျော်သွားနိုင်သရွေ့ ရှင်တို့နှစ်ယောက်ကို ဘယ်သူမှ ဘာမှမလုပ်ပေးဘူး!"

အားကျိုးက သူမကို ဖြတ်လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကိုယ် အသက် ဆယ်နှစ်သားတုန်းက ချန်ယင်တူးဆီက ကိုယ်ခံပညာကို သင်ယူခဲ့ဖူးတယ်... ကျောင်းကို တစ်ခါမှ မရောက်ဖူးပေမယ့် ကိုယ့်ရဲ့ ကျွမ်းကျင်မှုအားလုံးက သူသင်ပေးခဲ့တာ..."

သူ့ဦးခေါင်းထက်မှာ ကောင်းကင်ပြာက လှည့်ပတ်နေပြီး ကြယ်တွေက ကောင်းကင်မှာ လှည့်ပတ်လှုပ်ရှားနေ၏။

အနတ္တလေဟာပြင်နယ်ပယ်!

အနတ္တလေဟာပြင် နယ်ပယ်တွင် ကြီးမားသော မျက်လုံးတစ်စုံသည် ဖြည်းညှင်းစွာ ပွင့်လာပြီး ပျက်ပြယ်သွားသော နေနှင့် လတို့အဖြစ်သို့ ပြောင်းလဲသွားသည်။ ပြင်းထန်သော အရှိန်အဟုန်သည် ၎င်းတို့အပေါ် ဖိမိသွားကာ ဖောင်းထန်နဲ့ ဝေ့ရှီးကျစ်တို့ကို အသက်ရှူရန် ခက်ခဲလာစေသည်။

"လွန်ခဲ့တဲ့ အနှစ်သုံးဆယ်အတွင်းမှာ ငါ သူနဲ့အတူ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေကို ကြုံတွေ့ခဲ့ရတယ်... အဲဒီအရာတွေ အားလုံးက ဒီနေ့ထက်တောင် ပိုအန္တရာယ်များ​သေးတယ်"

ကျယ်ပြောလှသော ကွက်လပ်ကြီးထဲတွင် ကြီးကျယ်ခမ်းနားသော နတ်ဝိညာဥ်သည် ရှေးနတ်ဘုရားကဲ့သို့ မြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိစွာ ထိုင်နေသည်။ စမ်းချောင်းထဲက ရှီးစီမာရဲ့ လက်ဖဝါးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ငါးမျှားတံကလည်း မတည်မငြိမ် ဖြစ်လုနီးပါး ဖြစ်လာသည်။

နံရံကိုထိမိသွားပြီဟု သူ့စိတ်ထဲ တွေးနေမိသည်။

ဒီသံပြားက မယုံနိုင်စရာ ကောင်းလောက်အောင် ခိုင်ခံ့​ပေသည်။

All Chapters