← Chapters

အခန်း (၁၇၁)

Vol. 14 Ch. 171

အခန်း (၁၇၁)

Vol. 14 Ch. 171

ထန်ကျန်းမင်က သူလာတာကို စစ်အရာရှိသည် သတိမပြုမိဖို့ မျှော်လင့်ခဲ့သည်။ ဒါပေမယ့် ဒီစိတ်ကူးယဉ်အတွေးက ဘယ်တော့မှ ဖြစ်မလာ‌ခဲ့ပေ။

မကြာမီတွင် ထိုစစ်အရာရှိသည် သူရောက်နေသည်ကို သတိပြုမိပြီး " ချူရှင်းယောင်က ဘယ်သူလဲ? မင်းနာမည် ဘယ်လိုခေါ်လဲ?"

ထန်ကျန်းမင်၏ ခြေထောက်များသည် တုန်ခါသွားသည်။ " ငါ့နာမည်က ထန်ကျန်းမင်။ ချူမိသားစုက မဟုတ်ဘူး။ "

ချူရှင်း‌ယောင်က အဆုံးအပိုင်းကို ကြားလိုက်ရသောအခါတွင် သူ့တူဖြစ်သူကို မော့ကြည့်လိုက်သည်။

စစ်အရာရှိ - "ဒါဆို မင်းက ထန်ကျန်းမင်ပဲ။ ပြည့်စုံပြီ။ ငါတို့တွက် နောက်ခရီးစဉ် တစ်ခုပဲ။ သူ့ကို ငါ့တွက် လာဖမ်းလိုက်ကြစမ်း!”

စစ်သားနှစ်ယောက် ရှေ့တိုးလာပြီး ထန်ကျန်းမင်၏ လက်များကို ဖမ်းဆီးလိုက်သည်။

ထန်ကျန်းမင်သည် အားနည်းသော ကြက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူသည် ခုခံဖို့တောင် မဝံ့ရဲခဲ့ပေ။ သူက အားနည်းစွာ အော်ပြောခဲ့သည်။ “ငါ့ကို လူမှား ဖမ်းမိတာလား? ငါက ချူမိသားစုက မဟုတ်ဘူး။ ငါ့မျိုးရိုးက ထန်!"

စစ်ဘက်အရာရှိ - "မင်းက ငါတို့ဖမ်းရမဲ့ သူတစ်ယောက်ပဲ။ မင်းက လမ်းမတွေပေါ် လိုက်ရှုပ်နေပြီး မင်းကြောင့် မြစ်ထဲကို ခုန်ချပြီး သတ်သေသွားတဲ့ ဖြစ်ရပ်မျိုး‌တောင်ရှိတယ်။ မင်းရဲ့ဦးလေးက မင်းကို ကာကွယ်ပေးတာမဟုတ်ရင် မင်း အရင်ကတည်းက လမ်းမတွေပေါ်မှာ ဖမ်းပြီး လှည့်ပတ်ချီတက်နေရလိမ့်မယ်”

ထန်ကျန်းမင်၏ မျက်နှာသည် ချက်ချင်းဖျော့တော့သွားပြီး "ငါ... မလုပ်ခဲ့ဘူး။ သူက သူ့ဆန္ဒအလျောက် ငါနဲ့ တွဲခဲ့တာ။ အစကနေ အဆုံးထိ ငါ သူ့ကို အတင်းအကြပ်မလုပ်ခဲ့ဘူး!"

စစ်အရာရှိက သူ့ကို အရူးတစ်ယောက်လို ကြည့်ပြီး သူနဲ့ စကားပြောတာက သူ့တံတွေးကို ဖြုန်းတီးပစ် လိုက်တာပဲဖြစ်သည်။

ထန်ကျန်းမင်က ဒါကိုမြင်တော့ ပိုပြီး ထိတ်လန့်သွားသည်။ နှလုံးသည် နစ်မြုပ်သလို ဖြစ်နေသည်။ အောက်ခြေထိ နစ်မြုပ်သွားပြီး လုံးဝမပေါ်တော့ပေ။

စစ်သားများသည် ချူအိမ်ကို ဇောက်ထိုးဖြစ်သည်အထိ ဝင်ရောက်စီးနင်းခဲ့သည်။

မတိုက်ခိုက်ရင် သူတို့ သိမှာမဟုတ်ပေ။ အခု သူတို့ လုပ်လိုက်တာကြောင့် အံ့ဩစရာဖြစ်လာသည်။

ချူမိသားစုသည် အမှန်တကယ်တွင် ရှေးဟောင်းလက်ဝတ်ရတနာများနှင့် ရွှေအမြောက်အမြားကို ဝှက်ထားသည့်အပြင် အခြားမရေတွက်နိုင်သော ပစ္စည်း‌ကောင်းများကို ဖုံးကွယ်ထားသည့် မြေအောက်ခန်းတစ်ခုရှိသည်။ ချူရှင်းယောင်၏ မိခင်အခန်းတွင် ငွေသား ၁သောင်းကျော် တွေ့ရှိခဲ့သည်။

လောလောဆယ်တွင် မြို့တွင်းရှိ အလုပ်သမားများ၏ လစဉ်လစာမှာ ယွမ် ၃၀ ဖြစ်သည်။ အဓိက အုပ်စုက ဝန်ထမ်းတွေသည် ယွမ် ၄၀ မှ ၅၀ ဖြစ်သည်။ လူတစ်ယောက်က မသောက်မစားဘဲ ပိုက်ဆံအကုန်စုရင်တောင် အနှစ် ၂၀ကျော် စုရမည်။

သို့သော် ငွေများစွာကို ချူအိမ်က ပိုင်ဆိုင်ထားသည်။ ဒါက ဘယ်လိုတောင် ထိတ်လန့်စရာလဲ?

ချူမိသားစုရဲ့သမီးနဲ့ အမေထန်က အရမ်းကြောက်သွားသည်။ သူတို့၏ မျက်နှာများသည် သွေးမရှိတော့ပေ။

သူတို့က အတူတူစုနေပြီး သူတို့သည် ကြောက်လန့်ကာ ငိုယိုနေကြသည်။ သူတို့က ဘယ်လောက်တောင် စိတ်ဆင်းရဲစရာနေ့တွေ ရောက်လာမယ်ဆိုတာ မြင်ယောင်ကြည့်ပြီး ဖြစ်သည်။

အဆုံးမှာ ချူမိသားစုနှင့် ထန်မိသားစု အားလုံးကို ဖမ်းဆီးခဲ့သည်။

တပ်ဖွဲ့တွေက လူတွေကို သေနတ်တွေနဲ့ လာဖမ်းကြသည်။ လူအများကြီးက ဒီမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ချူအိမ်အကြောင်း သတင်းသည် မြို့အနှံ့ လျင်မြန်စွာ ပြန်နှံ့ခဲ့သည်။

ချူမိသားစုနှင့် ထန် မိသားစုတို့၏ နှိပ်စက်မှုကို ခံခဲ့ရသူများသည် အလွန်စိတ်လှုပ်ရှားပြီး မျက်ရည်ကျခဲ့ကြသည်။ ချက်ခြင်းပဲ သူတို့အားလုံး စုရုံးပြီး ချူနှင့် ထန်မိသားစုရဲ့ မကောင်းမှုတွေကို အစီရင်ခံဖို့ အစိုးရဆီ ပြေးသွားကြသည်။

လူတိုင်းက ဆန့်ကျင်လိုက်သည့်အခါ သူတို့မိသားစု နှစ်ခုလုံး ပြိုပျက်သွားသည်။

ချူနှင့် ထန်မိသားစုတို့၏ မိတ်ဆွေဖြစ်ခဲ့ဖူးသောလူများသည် လုံးဝပျောက်ကွယ်သွားပြီး သူတို့သည် အရှက်တရားဖြင့် နေထိုင်ခဲ့ကြသည်။ ကိစ္စတွေက သူတို့ကို လာငြိမည်ကို စိုးရိမ်ခဲ့ကြသည်။ သို့သော် ထိုလူအများစုသည်လည်း မရှင်းကြပေ။ သူတို့သည် အသုံးမဝင်ခြင်း သို့မဟုတ် သူတို့၏ နေအိမ်များကို ဝင်ရောက်စီးနင်းခြင်း ခံခဲ့ရသည်။

မငြိမ်မသက်ဖြစ်မှုမှာ တစ်လခွဲကြာအောင် ငြိမ်သက်သွားခဲ့သည်။ မြို့တွင်းရှိ အထက်ကလူများကို ရှင်းလင်းပြီး လူအများအပြားကို အစားထိုးခဲ့သည်။

ချူရှင်း‌ယောင်ဟာ ​​သူ့ရဲ့ ပြစ်မှုမြောက်မြားစွာကြောင့် သေဒဏ် တိုက်ရိုက်ချမှတ်ခံခဲ့ရပါတယ်။ ထန်ကျန်းမင်ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။ ချူမိသားစုနှင့် ထန်မိသားစု တို့သည်လည်း အနည်းနှင့်အများ ပါဝင်ခဲ့ကြသည်။ အပစ်ကြီးလေးသောသူများကို သေချာ ချမှတ်ခဲ့သည်။ ပစ်မှုနည်းတဲ့သူတွေအားလုံးကို ပြုပြင်ပြောင်းလဲဖို့အတွက် လယ်မြေထဲ ပို့ဆောင်ခဲ့သည်။

ချူရှင်းယောင်ကြောင်း သတင်းကြားပြီးနောက် ခရိုင်တရားသူကြီးက သူ့တူမကို ထန်မိသားစုနဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်ခိုင်းခဲ့သည်။ လင်းမြောင်ဟာ အချစ်ကိုပဲ ကိုးကွယ်သူလို့ ဘယ်သူထင်မှာလဲ။ ထိုအချိန်တွင် သူမသည် ငိုပြီး ထန်ကျန်းမင်ကို ကယ်တင်ရန် သူ့မိသားစုကို တောင်းဆိုနေခဲ့သည်။

ဒါက မိသားစုတစ်စုလုံးကို ရေထဲဆွဲနစ်ပြီး သေစေတာဖြစ်သည်။ လင်းမိသားစုက သူမစကားကို ဘယ်လို နားထောင်နိုင်မှာလဲ?

လင်းမြောင်ကို ပိတ်လှောင်ထားသည်။ သူမ အရမ်းငိုပြီး ဝုန်းဒိုင်းကြဲနေသည်။ သူမသည် သူမ၏ မိသားစုကို အစာငတ် ဆန္ဒပြပြီး ဖိအားပေးခဲ့သော်လည်း အကျိုးမရှိခဲ့ပေ။ စိတ်ပျက်အားငယ်စွာဖြင့် သူမသည် အပြင်းဖျားခဲ့သည်။ သူမသည် ပြန်ကောင်းလာပြီးနောက် တစ်မနက်မှာ ရုတ်တရက် ပျောက်သွားသည်။

လင်းမိသားစုသည် ဒေါသတကြီးနှင့် စိတ်ပူသွားသည်။ သူတို့ သူမကို ရှာခဲ့သည်။ ဆယ်ရက်ကျော်အကြာတွင် လင်း‌မြောင်ကို တွေ့ရှိခဲ့သည်။ သူမသည် လယ်ထဲပြေးသွားပြီး သူမက ထန်မိသားစု၏ ချွေးမဖြစ်ပြီး ချမ်းသာတာနှင့် ဆင်းရဲတာကို ထန်မိသားစုနှင့် မျှဝေလိုသည်ဟု ပြောခဲ့သည်။

သူမရောက်နေကြောင်း ရပ်ရွာဒါရိုက်တာမှ ကြားသိရသောအခါ တံခါးဝသို့ စခေါ်ခဲ့ပြီး သူမကို မစဉ်းစားခိုင်းဘဲ လယ်ထဲမှာ အကျဉ်းချခဲ့သည်။

လင်းမိသားစု သိသွားပြီးနောက် လင်းမြောင်နှင့် အဆက်အသွယ်ဖြတ်ကြောင်း ကြေညာခဲ့သည်။ သူမ၏ ဘဝနှင့် သေဆုံးမှုသည် လင်းမိသားစုနှင့် မသက်ဆိုင်ပေ။

ချောင်မိသားစုသည် ချူနှင့် ထန် မိသားစုတို့သည် သူတို့၏ လက်စားချေမှုကို လက်ခံရရှိကြောင်း သိသောအခါတွင် ဝမ်းမြောက်စွာ ဂုဏ်ပြုခဲ့ကြသည်။

သတင်းကောင်းတစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ စားသောက်ကုန် စက်ရုံမန်နေဂျာက ချောင်ကျန်းကျွင်းအား စက်ရုံသို့ပြန်လာပြီး အလုပ်ဆက်လုပ်ရန် တစ်စုံတစ်ဦးအား ထုတ်လုပ်ရေးအဖွဲ့ထံ စေလွှတ် အကြောင်းကြားခဲ့သည်။ တစ်နှစ်ခွဲလောက် အလုပ်လုပ်ပြီးရင် အမြဲတမ်းဝန်ထမ်း ဖြစ်လာမှာဖြစ်သည်။

ချောင်ကျန်းကျွင်းသည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဟု ယူဆနိုင်သည်။ အခုနောက်ပိုင်းတွင် အစားအစာစက်ရုံများတွင် အမြဲတမ်း ဝန်ထမ်းဦးရေမှာ ကန့်သတ်ထားသည်။ ဒါကပုံမှန်ပဲ ဖြစ်ရင်ဖြစ်မယ် သို့မဟုတ် တစ်ခုခုကြောင့်လည်း ဖြစ်နိုင်သည်။ အမြဲတမ်းအလုပ်ရဖို့ အရမ်းခက်သည်။

လင်းဟွေ့၏ မျက်လုံးများသည် ရွှင်လန်းမှုဖြင့် နီရဲနေသည်။ သူမသည် သတင်းကောင်းကို ပြောပြရန် မိခင်အိမ်သို့ အမြန်ပြန်သွားခဲ့သည်။ ဝမ်ချူးရင်က သိလိုက်ရတော့ ရင်တွေ ခုန်နေသည်။ သူမက ချက်ချင်းပဲ

တခြားသူတွေနဲ့ စကားစမြည်ပြောဖို့ ပန်းကန်လုံးတစ်လုံးနဲ့ ထွက်သွားသည်။

ချောင်ကျန်းကျွင်းက သူ့အလုပ်ပြန်ရပြီး သူအမြဲတမ်းဝန်ထမ်းဖြစ်လာနိုင်တယ်ဆိုတာ ရွာသားတွေသိပြီးတာနဲ့ သူတို့အားလုံး မနာလိုဖြစ်ကြသည်။

ချူရှင်းယောင်ကို သေနတ်ဖြင့် ကွက်မျက်ပြီး ထန်ကျန်းမင်သည် ထောင်သို့မသွားရခင် တွေ့ရန် ချောင်ကျန်းမင်သည် ခရိုင်မှ အမြန်ပြန်သွားခဲ့သည်။

ထန်ကျန်းမင်အတွက် ဒီရက်တွေဟာ သူမွေးကတည်းက အခက်ခဲဆုံး နေ့တွေဖြစ်သည်။ သူသည် ကောင်းကောင်းမစားနိုင် မအိပ်နိုင်ဖြစ်နေသည်။ သူ့ကို ဖမ်းထားတဲ့နေရာက စိုစွတ်ပြီး အနံ့အသက်တွေ ဆိုးသည်။ နေရာတိုင်းတွင် ကြမ်းပိုးများနှင့် ယင်ကောင်များ ရှိသည်။ သူဝင်တဲ့ ပထမဆုံးနေ့မှာတင် သူသည် အကိုက်ခံရသည်။ ခုတော့ သူ့တစ်ကိုယ်လုံးမှာ အဖုတွေပေါက်နေပြီဖြစ်သည်။

ဒါတွေကို ဘေးဖယ်ထားလိုက်ရင်တောင် အနာကျင်ဆုံးအပိုင်းကတော့ ထောင်ထဲမှာ သူသည် ရာဇ၀တ်ကောင်တွေရဲ့ အရိုက်ကို နေ့တိုင်းခံရခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ ရိုးသားဟန်ဆောင်မှုသည် သူဝင်လာသည့် ပထမဆုံးနေ့တွင် ပျောက်ကွယ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် သူသည် မူမမှန်သောလမ်းလျှောက်မှုဖြင့် တဖြည်းဖြည်း လှုပ်ရှားနေသည်။ ထောင်စောင့်က သူ့ကို စိတ်မရှည်စွာ တွန်းလိုက်သည်။ "မြန်မြန်လုပ်!"

ဒီတွန်းအားကြောင့် သူ တုန်တုန်ယင်ယင်နဲ့ မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။ ဒီလှုပ်ရှားမှုကြောင့် သူ့တင်ပါးမှာ စူးရှတဲ့ နာကျင်မှုကို ခံစားခဲ့ရသည်။ ဒါက သူ့ကို နာကျင်သော မျက်နှာ အသွင်ပြင်ကို ဖြစ်စေသည်။

သေစမ်း။ ဒီရက်တွေ ဘယ်တော့ကုန်မှာလဲ?

သူတကယ် မခံနိုင်တော့ဘူး!

ချောင်ကျန်းမင်သည် ထန်ကျန်းမင်၏ အားနည်းနေသောအသွင်အပြင်ကို မြင်သောအခါ အလွန်စိတ်သက်သာရာရသွားသည်။ "ဘုရားသခင်မှာ မျက်စိရှိတယ်။ မင်းကို မှန်မှန်ကန်ကန် လုပ်ပါစေ!"

ထန်ကျန်းမင် - "မင်းရဲ့ ချောင်မိသားစုကို ငါတကယ် လျှော့တွက်ခဲ့တာ။ ငါတို့ အရင်က မင်းကို မလွှတ်ထားခဲ့သင့်ဘူး!"

ချောင်ကျန်းမင်က သူ့ကို အေးတိအေးစက် ကြည့်ပြီး " သွားစမ်းပါ။ ငါတို့ ချောင်မိသားစုကို ဘယ်တုန်းက လွှတ်လိုက်တာလဲ? မင်းရဲ့ အကျင့်ဆိုးတွေအကြောင်း ခရိုင်တရားသူကြီးကို မင်း မသိစေချင်ဘူးမလား? ဒါကြောင့် မင်း ချောင်မိသားစုကို အခုထိ မထိဘူးလေ။ မင်းကိုယ်မင်း အဲ့လောက် သနားကြင်နာတတ်တဲ့ပုံ မလုပ်ပါနဲ့!"

ထန်ကျန်းမင်၏ မျက်နှာမှာ ဒေါသထွက်နေပြီးတော့ သူက ရုတ်တရက် ခေါင်းမော့ပြီး ရယ်မောရင်း "ဒါဆို မင်းဘာလို့ ငါတို့ကို ဆွဲချတာလဲ? ဘာလဲ မင်းမိန်းမက ငါနဲ့အိပ်လို့လား။ သူကပြောတယ် မင်းက အဲ့နေရာမှာ မတော်ဘူးတဲ့…”

ဘမ်း!

ဒေါသကြောင့် မျက်စိကန်းနေသော ချောင်ကျန်းမင်က ခုန်တက်လာပြီး သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ထိုးကြိတ်လိုက်သည်။

ထန်ကျန်းမင်၏ နှာခေါင်းကို ရိုက်လိုက်သည်။ သွေးပူပူ နှစ်လိုင်းသည် ချက်ချင်းပင် သူ့နှာခေါင်းမှ ထွက်ကျလာသည်။ သို့သော် သူပြန်မတုံ့ပြန်ရသေးခင် ချောင်ကျန်းမင်က သူ့ကို တိုက်ခိုက်ပြီး မြေပြင်ပေါ်သို့ တွန်းချခဲ့သည်။ သူ့လက်သီးတွေက မိုးရေစက်တွေလို မျက်နှာပေါ်ကျသွားသည်။

"ငါ့ကို ကယ်ကြပါ! လူသတ်သမား! ထောင်စောင့်!" သူသည် ပြန်တိုက်ရန် ခွန်အားမရှိသည့်အထိ အရိုက်ခံရပြီး အော်ဟစ်အကူအညီတောင်းရုံသာ တတ်နိုင်ခဲ့သည်။

ဒါပေမယ့် ထောင်စောင့်က သူ့ကို ဒီအခန်းထဲကို ပို့ပြီးတာနဲ့ ပျောက်သွားခဲ့သည်။ သူသည် ဒီအချိန်မှာ အပြင်ထွက်နိုင်ရင် ထောင်စောင့်က ဘေးဘက်မှာ ရပ်နေတာကို တွေ့ရလိမ့်မည်။ သူသည် မျက်မမြင်လိုပဲ အော်ဟစ်ကူညီတောင်းနေရသည်။

ချောင်ကျန်းမင်က အေးစက်စွာပြောခဲ့သည်။ " မင်းရဲ့ အားကို ချွေတာဖို့ ငါအကြံပေးချင်တယ်။

မင်း လည်ချောင်းတွေ ကွဲအောင် အော်နေရင်တောင် မင်းကို ကယ်မယ့်သူ မရှိဘူး။”

သူ မဝင်လာခင်မှာ ရှန်ရှို့ခိုင်က အရာအားလုံးကို အရင်ကတည်းက စီစဉ်ပေးခဲ့သည်။ သူသည် သူ့ကို မသတ်သေးသရွေ့တော့ သူကြိုက်တာ လုပ်နိုင်သည်။

ထိုမှသာ ထန်ကျန်းမင် သဘောပေါက်သွားသည်။ သူ့စိတ်ထဲတွင် အမုန်းတရားတွေ မနှစ်မြို့မှုတွေရော ပေါက်ဖွားလာသည်။ သို့သော် သူသည် သနားဖို့တွက် တောင်းပန်ခဲ့သည်။

"အစ်ကိုချောင် ငါမှားပါတယ်။ ငါမှားမှန်း ငါတကယ်သိပါပြီ။ ဒါပေမယ့် မင်းမိန်းမက ငါ့ကို အရင်သွေးဆောင်ခဲ့တာ... သူက မင်း သူ့ကို ခရိုင်ကို သွားဖို့ခွင့်မပြုဘူး ပြီးတော့ မင်းက မင်း သမီး ပျောက်သွားတာကြောင့် သူ့ကိုအပြစ်တင်နေတယ်လို့ ပြောခဲ့တယ်။”

သူဘာပဲပြောပြော ချောင်ကျန်းမင်ရဲ့ လက်သီးတွေက လုံးဝမတွန့်သွားပေ။ သူသည် ထန်းကျန်းမင်၏ နှာခေါင်းစုတ်ပြတ်သွားသည်အထိ ရိုက်ခဲ့ပြီး သူ့မျက်နှာက ယောင်ကိုင်းနေမှ လွှတ်ပေးခဲ့သည်။

ထန်းကျန်းမင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ မနာကျင်တဲ့ နေရာမရှိပေ။ ပြီးသွားပေမယ့် ထန်းကျန်းမင်က သူ့ကို အေးတိအေးစက် ကြည့်နေပြီ စကားပြောလိုက်သည်။

"မင်းက အရည်အချင်းရှိတဲ့ ကလေးပဲ။ မင်းဦး‌လေးက မင်းပေါ် အရမ်းကောင်းတယ်။ ဒါကို မင်းက သူ့နောက်ကျောကို ဓားနဲ့ထိုးခဲ့တယ်။ သူတို့သိသွားတဲ့ခါ ချူမိသားစုတွေက မင်းကို ဘယ်လိုဆက်ဆံမလဲ ငါသိချင်တယ်။”

သူ့ကိုယ်သူ ပြစ်ဒဏ်လျှော့ပေါ့ဖို့ ထန်ကျန်းမင်က ချူမိသားစု လုပ်ခဲ့တာကို စတင်ဝန်ခံခဲ့သည်။ ၎င်းတို့ထဲမှ အချို့သည် အစီရင်ခံစာတွင် ပါဝင်ခြင်းမရှိပေ။

သူ့‌ကြောင့်သာမဟုတ်ရင် ချူရှင်းယောင်ရဲ့ အကြီးဆုံးသားကို သေဒဏ်ပေးစရာ မလိုသလို ကျန်သားနှစ်ယောက်အတွက်လည်း ပြစ်ဒဏ်က ဒီလောက်ပြင်းထန်မှာ မဟုတ်ပါပေ။ ချူမိသားစုက ဒါနဲ့ ထိုက်တန်ပေမယ့် ထန်းကျန်းမင်သည် အမှန်တကယ် အပြစ်ရှိသော လူတစ်ယောက်ဖြစ်သည်။

ချောင်ကျန်းမင်၏ စကားကို ကြားလိုက်သောအခါ ထန်ကျန်းမင်၏ နှလုံးသည် ခုန်နေသည်။ သူ့တစ်ကိုယ်လုံးသည် အထိန်းအကွပ်မရှိ တုန်နေသည်။

သူသည် နာကျင်မှုကို ခံနိုင်ရည်ရှိပြီး မြေပြင်မှ ထလာသည်။ ချောင်ကျန်းမင်၏ ခြေထောက်များကို ကိုင်ထားကာ သနားစရာကောင်းအောင် တောင်းပန်ခဲ့သည်။ "အကိုချောင် ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ။ ငါမှားတယ်ဆိုတာ ငါသိပါပြီ!"

သူ့ဝမ်းကွဲ ညီအကိုနှစ်ယောက်က သူနဲ့အတူ ထောင်ကျခဲ့သည်။ သူ​လုပ်​ခဲ့​တဲ့​အ​ရာ​ကို သိရင် သူ့ကိုသေအောင် ညှည်းပန်းနှိပ်စက်လိမ့်မည်။

သူသည် ထောင်ထဲမှာ ဆယ့်ငါးနှစ်လောက် နေရမှာဖြစ်သည်။ ဒီလောက်အချိန်အကြာကြီး ရန်သူနှစ်ယောက်နဲ့ ရင်ဆိုင်ရမှာဖြစ်သည်။ သူ၏ အတွေးကို သူ မတုန်လှုပ်ဘဲ မနေနိုင်ပေ။

ချောင်ကျန်းမင်က သူ့ကို ကန်ထုတ်လိုက်ပြီး နှုတ်ခမ်းတွေ ကွေးကာ "မင်းရဲ့အမှားကို နားလည်ဖို့ အရမ်းနောက်ကျသွားပြီ။"

ထိုစကားကို ပြောပြီးနောက် သူသည် လှည့်ထွက်သွားသည်။ သူ တံခါးကိုဖွင့်လိုက်တော့ ထန်ကျန်းမင်သည် တံခါးနားမှာ လူနှစ်ယောက်ရပ်နေတာကို တွေ့လိုက်ရသည်။ ထိုလူနှစ်ယောက်သည် တခြားသူမဟုတ်ပဲ ချူမိသားစုမှ ဝမ်းကွဲညီအစ်ကို နှစ်ယောက်ဖြစ်သည်။

ထန်ကျန်းမင်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူသည် မျက်လုံးများကိုလှိမ့်ကာ ရုတ်တရက် မူးဝေသွားသည်။

.…

သာ့ချောင်သည် အရှေ့သစ်တောတွင် ဟင်းသီးဟင်းရွက်များကို ခူးယူနေစဉ် သူမက ရေရွတ်ခဲ့သည်။ “ ငါသာ တောကြက်တစ်ကောင်ကို ဖမ်းသာယူနိုင်ခဲ့ရင်။”

မနက်ဖြန်သည် အစ်ကိုဟော်ချီ၏ မွေးနေ့ဖြစ်သည်။ သူမသည် အချိန်ကြာကြီး ပြင်ဆင်ထားသော လက်ဆောင်တွေအပြင် တခြား သူ့အတွက် အရသာရှိတဲ့ အစားအစာတွေလည်း ချက်ချင်သေးသည်။ ဒါပေမယ့် သူ့မိသားစုကို ပြဿနာမပေးချင်ပေ။

သူ့စကား‌ပြောပြီးသည်နှင့် တပြိုင်နက် တောကြက်တစ်ကောင်သည် သူ့၏အတောင်ပံကိုခတ်ကာ ချုံပုတ်ထဲမှ ပြေးထွက်လာခဲ့သည်။ သူသည် ဝမ်းသာအားရ ကုပ်နေခဲ့သည်။

သာ့ချောင်သည် တောကြက်ကို မြင်သောအခါ သူမ၏ မျက်လုံးများ ချက်ချင်း တောက်ပလာခဲ့သည်။ သူမသည် ကျောက်တုံးကို ယူလုဆဲဆဲတွင် ကြက်က သူ့ထံ ပြေးလာပြီး မြေပြင်ပေါ်သို့ လဲကျကာ မလှုပ်ရှားတော့ပေ။

သာ့ချောင် - “……”

ဘာတွေဖြစ်နေတာလဲ?

ဒီ‌တောကြက်က သေဖို့ တံခါးကို သူ့ဘာသာ ဘယ်လိုရောက်လာတာလဲ?

သာ့ချောင်သည် သူမ၏ ဗာဒံမျက်လုံးကြီးများကို မှိတ်လိုက်သည်။ အချိန်အတော်ကြာအောင် တွေးတာတောင် အကြောင်းပြချက်ကို မရှာနိုင်ပေ။ သူမသည် ရိုးရိုးရှင်းရှင်းပဲ အဲ့တာကို လက်လျှော့လိုက်သည်။ ဘာပဲဖြစ်ဖြစ် ပါဝင်ပစ္စည်းတွေက သူမ လက်ထဲရောက်နေပြီဖြစ်သည်။ မနက်ဖြန်ကျရင် အစ်ကိုဟော်ချီအတွက် အရသာရှိတဲ့ အရာတစ်ခုခု ချက်ပြုတ်နိုင်လိမ့်မည်။

သူမသည် ခြင်းတောင်းနှင့် အိမ်မပြန်ခင် တောကြက်ကို ကြိုးချည်ပြီး ချုံထဲတွင် ဘယ်သူမှ မမြင်အောင် သေချာဝှက်ထားလိုက်သည်။

နောက်တစ်နေ့တွင် လှပသော ငါးမြီးကျစ်ဆံမြီးကို သူမအတွက် ပြုလုပ်‌ပေးရန် သူမ အမေကို တောင်းဆိုခဲ့သည်။ ထို့နောက် သူမသည် ခြင်းတောင်းလေးဖြင့် ထွက်လာခဲ့သည်။

တုန်းလင်နှင့် ယိမင်တို့က လိုက်ချင်ကြသည်။ ဒါပေမယ့် သူတို့က ဘယ်လောက်ပဲ ချစ်ဖို့ကောင်းနေပါစေ သာ့ချောင်က နူးညံ့သော နှလုံးသားမရှိပေ။

သူမမောင်တွေကို သူမက လိုက်ခဲ့ဖို့ ခွင့်မပြုချင်တာမဟုတ်ပေ။ အစ်ကိုဟော်ချီက သူ့မွေးနေ့ကို သူမတစ်ယောက်တည်းနဲ့ ဖြတ်သန်းချင်တယ်လို့ ပြောခဲ့သည်။ ဒါကြောင့် သူမက ခေါ်သွားချင်‌ရင်တောင် ခေါ်သွားလို့မရပေ။

တုန်းလင်နှင့် ယိမင်လေးတို့သည် အစ်မဖြစ်သူ ထွက်သွားသည်ကို မျက်ရည်များဖြင့် ကြည့်နေကြသည်။ သူတို့၏ စိတ်ထဲမှာတော့ အစ်ကိုဟော်ချီကို ထိပ်တန်းရန်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။

All Chapters