အခန်း (၁၇၂)
Vol. 14 Ch. 172
သာ့ချောင်နှင့် ဟော်ချီ တို့သည် အနောက်ဘက်တောအုပ်သို့ ခိုးဝင်ကာ သူတို့၏ ပုံမှန်နေရာဖြစ်သည့် ရေတံခွန်ဆီသို့ လာခဲ့ကြသည်။
အနောက်ဘက်တော၏ အခြားတစ်ဖက်စွန်းတွင် မြူခိုးများထူထပ်နေပြီး ထောင်ချောက်များ ပြည့်နှက်နေသောကြောင့် ထုတ်လုပ်ရေးအဖွဲ့သည် ကလေးများမ၀င်ရောက်စေရန် ဝါးတံခါးဖြင့် အဆုံးမှာ ပိတ်ထားသည်။
သို့သော် သေးငယ်သောတံခါးသည် ဟော်ချီအတွက် များစွာအခက်အခဲမရှိပေ။
သာ့ချောင်သည် ခြင်းတောင်းထဲရှိ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။ ပထမဆုံး ထုတ်ယူလိုက်သော ပဲတီစိမ်းကြော် အကြွပ်ဖြစ်သည်။
ချောင်မိသားစု၏ သီးသန့်နေရာလွတ်ကို wolfberry သစ်ပင်များဖြင့် အစားထိုးခဲ့သည်။ ယခုအခါ ခြံထဲတွင် နေ့စဉ်စားသုံးရန် ဟင်းသီးဟင်းရွက်အချို့ကိုသာ စိုက်ပျိုးနိုင်ကြသည်။ ပဲတီစိမ်းတွေက အထွက်များသည်။ ပဲတွေက အရည်အသွေးကောင်းသည်။
ပဲတီစိမ်းကို ကြော်ပြီးနောက် ငရုတ်သီးနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များဖြင့် မွှေကြော်သည်။ အရသာက စပ်ပြီး ကြွပ်ကြွပ်လေးဖြစ်သည်။ တစ်ကိုက် ကိုက်လိုက်ရုံနှင့် ယင်းက ပါးလွှာပြီး အလွန်ကြွပ်နေသည်။
"ဒါကို အဖိုးဟော်နဲ့ အန်တီဖန်း စားဖို့ ယူသွား။ ဒါက အရမ်းကောင်းတဲ့ သရေစာပဲ။ ညီမရဲ့ မကြာသေးခင်က ထွက်လာတဲ့ ချက်နည်းအသစ်ပဲ!"
အိတ်ကို ထုပ်ပိုးပြီး အဲ့တာကို သာ့ချောင်က သူ့ကို မိတ်ဆက်ပေးခဲ့သည်။ သူမသည် သူ့ကိုယ်သူ ချီးကျူးဖို့ မမေ့နဲ့ခဲ့ပေ။
ဟော်ချီ၏ ပါးစပ်ထောင့်များ ကွေးညွတ်သွားသည်။ သူမက သူ့ကိုယ်သူ ကြွားဝါတဲ့ အလေ့အထကို သူ ကျင့်သားရနေပြီဖြစ်သည်။ တစ်နေ့မှာ သူမက ကိုယ့်ကိုကိုယ် မချီးမွမ်းခဲ့ရင် သူက အဲ့တာကို ကျင့်သားရမည် မဟုတ်ပေ။
သာ့ချောင်သည် ပစ္စည်းများကို ဆက်လက်ထုတ်ယူသည်။ စားစရာတွေအပြင် ပိုက်ဆံအိတ်သေးသေးလေးလည်း ပါသေးသည်။ အိတ်လေးက ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ပုံစံဖြစ်သည်။ သူတို့ နှစ်ယောက်သားသည် ကြက်ကင် စားကြသည်။
ဟော်ချီက ပိုက်ဆံအိတ်ကို ကိုင်လိုက်ပြီး ချည်ထိုးထားသည်ကို သူ့လက်နဲ့ ထိလိုက်သည်။ သူ့နှလုံးသားက နွေးထွေးမှုကို ခံစားလိုက်ရသည်။ "မင်းရဲ့လက်ဆောင်... ငါအရမ်းကြိုက်တယ်"
သာ့ချောင်က ပြုံးပြီး တုံ့ပြန်ခဲ့သည်။ "အစ်ကိုဟော်ချီ ဒါကို ကြိုက်တာ အရမ်းကောင်းတယ်။ နောက်ဆုံးအကြိမ်တုန်းက အစ်ကို ငါ့ကို ဒါအတွက် စိတ်ဆိုးခဲ့တာ။ ငါ ခဏလောက် ဝမ်းနည်းခဲ့ရတယ်။ အစ်ကို စိတ်မဆိုးတော့ဘူးမလား?”
အရင်ကတော့ သူမ၏ မွေးစားအမေနဲ့ သူ့မိသားစုအတွက် ပိုက်ဆံအိတ်လေးတွေ လုပ်ချင်ခဲ့သည်။ အရေအတွက်က အရမ်းများပြီး သူမသည် ပန်းထိုးရာမှာ မကျွမ်းကျင်တာကြောင့် သူ့အတွက်ကို မပြင်ဆင်ခဲ့ပေ။
သို့သော် အစ်ကိုဟော်ချီသည် သူ့အတွက် ပြင်ဆင်ထားခြင်းမရှိကြောင်း မတော်တဆ တွေ့ရှိပြီးနောက်တွင် သူလှည့် ထွက်သွားခဲ့သည်။ ထို့နောက် နှစ်ရက်သုံးရက်ဆက်တိုက် သူမကို တမင်တကာ ရှောင်နေခဲ့သည်။ နောက်ပိုင်းတွင် သူမနှင့် ပြန်လည်အဆင်ပြေခဲ့ပြီးမှ သူမသည် သူ့အတွက် အိတ်မလုပ်ပေးတာကြောင်း စိတ်ဆိုးနေမှန်း သူမသိခဲ့သည်။
ဟော်ချီ၏ မျက်နှာသည် နီရဲသွားသည်။ သူက သူ့ကိုယ်သူ အတင်းကာကွယ်ကာ "ငါ မင်းကို စိတ်မဆိုးပါဘူး။ မင်းနားလည်မှုလွဲနေတာ။”
သာ့ချောင်က သူ့ကို မျက်လုံးကြီးကြီးနဲ့ ကြည့်ပြီး "မဟုတ်ဘူးလား? ဒါပေမယ့် နောက်ဆုံးအကြိမ်တုန်းက
အစ်ကို ငါ့ကို ရက်အတော်ကြာ ထင်ထင်ရှားရှား လျစ်လျူရှုခဲ့တာပါ.."
ဟော်ချီရဲ့ နားရွက်တွေ နီရဲနေသည်။ "အဲဒါတွေက အတိတ်ပဲ။ အဲ့တာအကြောင်း မပြောနဲ့တော့။ ငါတောကြက်ကို သန့်စင်လိုက်မယ်"
သူပြောပြီးသည်နှင့် အမြန်ထရပ်ကာ မြေပြင်ပေါ်က ကြက်ကို ဆွဲလိုက်ပြီး သူသည် အမြန်ပြေးသွားသည်မှာ ထင်ရှားသည်။
သာ့ချောင်သည် အစ်ကိုဟော်ချီ၏ တုံ့ပြန်မှုကို မြင်သောအခါ အလွန်ပဟေဋ္ဌိ ဖြစ်သွားသည်။ သူမသည် အဲ့တာကို အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ လွှတ်ချလိုက်ပြီး သစ်ကိုင်းများကို ကောက်ယူ၍ မီးရှို့ရန် သွားသည်။
ဟော်ချီသည် ရေတံခွန်အနားသို့ ပြေးသွားသည်။ သူ့မျက်နှာက ပူနေတုန်းဆဲပေ။
သူနောက်ဆုံးအကြိမ်က သာ့ချောင်ကို တကယ်စိတ်ဆိုးခဲ့တာမဟုတ်ဘူးပေ။
သူမသည် လူတိုင်းအတွက် ပိုက်ဆံအိတ် လုပ်ထားသည်ကို ပြီး သူ့အတွက် မပါသည်ကို ကြားလိုက်ရသည်။ သူသည် စိတ်ဓာတ်ကျသွားသည်။
တောကြက်သားကို မြေကြီးပေါ်မှာ ပစ်ချလိုက်သည်။ သူသည် လက်ဆေးပြီးနောက် သူသည် သူ့ပိုက်ဆံအိတ်ကို ပြန်ထုတ်ကြည့်ခဲ့သည်။ သူ့ပါးစပ်ထောင့်တွေသည် မြောက်တက်နေပြီဖြစ်သည်။
ဒီလက်ဆောင်ကို သူတကယ်ကြိုက်ပြီး ဒါသည် တကယ် အဖိုးတန်သည်!
အဲ့ဒါကို ခဏလောက် စိုက်ကြည့်ပြီးနောက် သူ့အိတ်ကပ်ထဲကို ပိုက်ဆံအိတ်ကို ဂရုတစိုက်ထည့်ကာ ကြက်ကိုစသတ်တော့သည်။
ကြက်ကိုအားလုံး လှီးပြီးတာနဲ့ သာ့ချောင်က အောင်မြင်စွာ မီးမွှေးနိုင်ခဲ့သည်။
သာ့ချောင်သည် အစ်ကိုဟော်ချီထံမှ တောကြက်သားကို ယူခဲ့သည်။ ကြက်သားပေါ်တွင် ဆီနှင့် ဆား အလွှာကို လိမ်းကျံပြီးနောက် ဂျင်း၊ ငရုတ်သီးတောင့်၊ နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ မုန်လာဥနီတုံးများနှင့် အာလူးအတုံးများကို တောကြက်၏ အစာအိမ်ထဲသို့ ထည့်လိုက်သည်။
နာရီဝက်လောက်ကြာအောင် စိမ်ပြီးရင် တုတ်ချောင်းမှာ ထိုးပြီး မီးကင်လိုက်သည်။
ကြက်ကင်ကို မီးပေါ်တင်လိုက်သည်နှင့် တပြိုင်နက် အသံမြည်လာသည်။ ခဏအကြာတွင် အနံ့တစ်မျိုး မွှေးပျံ့လာသည်။ နှစ်ယောက်သား သရေကျလုမတတ်ပေ။
နာရီဝက်လောက်ကြာတော့ ကြက်ကင်သည် ကျက်သွားသည်။ အသားက နူးညံ့ကာ စပ်စပ်လေးဖြစ်နေပြီး အရေခွံက ကြွပ်နေသည်။ အသားက အိမ်မွေးကြက်တွေထက် အနည်းငယ် ပိုမာပေမယ့် အရသာကိုတော့ လုံးဝ မထိခိုက်ပေ!
ဟော်ချီက ကြက်ပေါင်ကြီးကို ဖဲ့ပြီး သာ့ချောင်ကို ပေးခဲ့သည်။ "မင်းရဲ့ အကြိုက်ဆုံး ကြက်ပေါင်။ နှစ်ခုလုံးက မင်းအတွက်ပဲ"
သာ့ချောင်က အဲ့တာကို လက်ခံလိုက်သည်။ သူမ၏မျက်လုံးများသည် ကြည်နူးမှုဖြင့် ကွေးညွှတ်သွားသည်။ "ညီမတွက် တစ်ခုဆို လုံလောက်ပါပြီ။ အကိုဟော်ချီ အစ်ကိုက နောက်တစ်ခုကို စားလိုက်။ စကားမစပ်၊ ငါ့အဖိုးက အရာရာကို အစအဆုံးလုပ်ရမယ်လို့ ပြောခဲ့တယ်။ ဒီနေ့က အစ်ကိုဟော်ချီရဲ့ မွေးနေ့လေ။ ဒီကြက်ခေါင်းနဲ့ ကြက်ဖင်က အစ်ကိုဟော်ချီတွက်ပဲ။”
ဟော်ချီ - "…"
ချောင်နျန်နျန် မင်း တကယ်ကြီးလား?
သူမကို စိုက်ကြည့်ရင်း ဟော်ချီ၏ ပါးစပ် လှုပ်သွားသည်။ အခြားသူသည် သူမ၏မျက်လုံးအောက်ခြေတွင် ရေးထားသော စကားလုံးသုံးလုံးဖြင့် တောက်ပပြီး သန့်ရှင်းသော မျက်လုံးများဖြင့် မျက်တောင်ခတ်လိုက်သည်။ ညီမက တကယ်ပါ။
အဆုံးထိ ဟော်ချီက ကြက်ခေါင်းနဲ့ ကြက်ဖင်ကို မစားပေ။ သူသည် ကြက်သားကို မျှဝေလိုသည်ဟူသော အကြောင်းပြချက်ကို သုံးခဲ့သည်။ ကြက်ခေါင်းနဲ့ ကြက်ဖင်က ဖီဖီရဲ့ ဗိုက်ထဲမှာ ဆုံးသွားသည်။
......
စစ်တပ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ကျီအန်၏ ရုံးခန်း၌။
ဝမ်ယန်ရှန်က တံခါးခေါက် ဝင်လာပြီး အလေးပြုခဲ့သည်။
ဒုဗိုလ်ချုပ်ကြီး ကျီအန်က သူ့လက်ကို ဝှေ့ယမ်းပြီး "ဒီမှာ ဘယ်သူမှ မရှိဘူး၊ သက်တောင့်သက်သာနေ။ ချူရှင်းယောင်ဘက်က သတင်းရှိပြီ"
ဒီလိုပြောပြီး သူ့ရှေ့က စာရွက်ကို ပစ်ပေးလိုက်သည်။
ဝမ်ယန်ရှန်က စာရွက်စာတမ်းတွေကို ကောက်ယူပြီး အကြမ်းဖျင်းဖတ်လိုက်သည်။ ချူနှင့် ထန်မိသားစု စီးနင်းခံရသည်ကို သူမြင်လိုက်ရသောအခါတွင် သူ သက်ပြင်းချလိုက်သည်။
ဒီမိသားစုနှစ်စုကို ဖယ်ထုတ်ပစ်လိုက်သည်။ ချောင်မိသားစုသည် နောင်တွင် ဆန့်ကျင်ခံရမည့် အစီအစဉ်ကို စိုးရိမ်စရာမလိုပေ။
သူက စာရွက်ကို ပြန်ထည့်ပြီး “ကျေးဇူးပါ၊ ဒုဗိုလ်ချုပ်ကြီးကျီအန်။ ခင်ဗျားကြောင့်သာ မဟုတ်ရင် ဒီကိစ္စက သေချာပေါက် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး!"
ဒုတိယဗိုလ်ချုပ်ကြီး ကျီအန်က ကြွေပန်းကန်ကို ကောက်ယူပြီး ရေထည့်လိုက်သည်။ "ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ အလျင်မလိုပါနဲ့။ ဤကိစ္စအတွက် ငါ့အင်အားသုံးပုံတစ်ပုံပဲ သုံးခဲ့တာ။ ငါတို့အပြင် ချူရှင်းယောင်ကို စတင်တိုက်ခိုက်ခဲ့တာ ပေါင်ချန် ဘက်က လူတွေလည်းပါတယ်။ ဒီကောင်ကို ဆွဲချတာက အားနည်းနည်းပဲ သုံးရတာ!”
ဝမ်ယမ်ရှန်သည် ချောင်မိသားစု၏ ဆွေမျိုးကောင်းများဖြစ်သော ရှန်မိသားစုကို ချက်ခြင်းတွေးမိသည်။
ရှန်မိသားစုက အရမ်းကြင်နာသည်။ သာမာန်လူတွေက ဤကဲ့သို့သော ကိစ္စကို ကြုံတွေ့ရလျှင် မဖြုံးကွယ်နိုင်ပေ။ သူတို့ ဘယ်လို ကူညီနိုင်တာလဲ? ထို့အပြင် သူတို့နှင့် ချောင်မိသားစုတို့သည် ဆွေမျိုးကောင်းများသာဖြစ်သည်။
သူစဉ်းစားနေချိန်မှာပဲ ဒုဗိုလ်ချုပ်ကြီးကျီအန်က "ငါတို့ဘက်က စစ်ဦးစီးချုပ် လန်ရဲ့အကူအညီကြောင့် မြန်မြန်ဆန်ဆန်ပဲ လှုပ်ရှားနိုင်တာ။ သူ့ကြောင့်သာ မဟုတ်ရင် ဒီကိစ္စက မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး!”
စစ်ဦးစီးချုပ်လန်ကို ပြောနေတာ ကြားတော့ ဝမ်ယန်ရှန် အံ့သြသွားသည်။
ငယ်ရွယ်နုပျိုပြီး တက်ကြွသော အသွင်အပြင်သည် သူ့စိတ်ထဲတွင် ချက်ချင်းပေါ်လာသည်။ သူ့မျက်ခုံးတွေက ချက်ချင်း ရှုံ့တွသွားသည်။
ဒုဗိုလ်ချုပ်ကြီးကျီအန်က သူ့တုံ့ပြန်မှုကို မြင်တဲ့အခါ သူသည် အခြေခံအရေးကြီးတဲ့ အချက်ကို ခန့်မှန်းမိကြောင်း သူသိလိုက်သည်။ "ငါ့မှာ အဲ့ဘက်နဲ့ အဆက်အသွယ် မရှိဘူး။ ဒါကြောင့် စစ်ဦးစီးချုပ်လန်ကို ငါပြောလိုက်တယ်။ သူက အစက မကူညီချင်ဘူး။ အဲ့အချိန်မှာ ရဲဘော်တုန်းက ငါတို့ ဆွေးနွေးမှုတွေကို ကြားသိပြီး စစ်ဦးစီးချုပ်လန်က ငါတို့ကို ကူညီပေးဖို့ တောင်းပန်ခဲ့တယ်။”
ဝန်ယန်ရှန်၏ မျက်ခုံးများသည် ပို၍ပင် ကျုံ့လာသည်။ သူကပြန်မပြောခင်မှာ ခဏလောက် နှုတ်ဆိတ်ခဲ့သည်။ "ကျွန်တော် နားလည်ပါတယ်!"
ဒုဗိုလ်ချုပ်ကြီးကျီအန်က ကြွေပန်းကန်ကို ဘေးဖယ်ထားပြီး ပြောခဲ့သည်။ "ရဲဘော်တုန်းက ရဲဘော်ကောင်းတစ်ယောက်ပါ။ စစ်ဦးစီးချုပ်လန် ဘက်ကလည်း မင်းတို့နှစ်ယောက်ကို ချိတ်ဆက်ဖို့ ရည်ရွယ်ချက်ရှိတယ်။ မင်းက စေ့စပ်ထားပြီးသားပဲ။ ဒါကြောင့် မင်း ဒါကို ကောင်းကောင်း ကိုင်တွယ်ရမယ်ပြီးတော့ အမှားမလုပ်နဲ့ နားလည်လား?”
ဝမ်ယန်ရှန်က နောက်တစ်ခါ အလေးပြုပြီး "နားလည်ပါတယ်!"
ဒုတိယဗိုလ်ချုပ်ကြီး ကျီအန် ရုံးခန်းမှ ထွက်လာပြီးနောက် ဝမ်ယန်ရှန်သည် ဤကျေးဇူးကို ဘယ်လို ပြန်ဆက်ပြီး တခြားတစ်ယောက်ကို လက်လျှော့အောင် ဘယ်လိုလုပ်ရမလဲ တွေးနေသည်။
မထင်မှတ်ပဲ လမ်းတစ်ဝက်မှာ တုန်းလီလီကို တွေ့လိုက်ရသည်။
သူမသည် ကျစ်ဆံမြီးနှစ်ချောင်းနှင့် အပြာရောင် ၀တ်စုံကို ၀တ်ထားသည်။ သူမသည် အောက်ထပ်တွင် ရပ်ကာ သူ့ကို စောင့်နေသည်။
သူက အသက်ပြင်းပြင်းရှူလိုက်ကာ လမ်းလျှောက်လာပြီး "ရဲဘော်တုန်း မင်းငါ့ကိုစောင့်နေတာလား။"
တုန်းလီလီ၏ ပါးပြင်များသည် ရုတ်တရက် နီရဲလာသည်။ သူမက နှုတ်ခမ်းကိုကိုက်ကာ ခေါင်းညိတ်လိုက်ပြီး "ဟုတ် ကျွန်မ ရှင့်ကိုစောင့်နေတာပါ ဗိုလ်မှူးကြီး ဝမ်။"
တုန်းလီလီက တော်တော်လှသည်။ မျက်လုံးကြီးကြီး၊ သွယ်လျသောပုံစံ၊ လှပပြီး ခေတ်ဆန်သော ၀တ်စားဆင်ယင်မှုအပြင် တက်ကြွပြီး ရွှင်လန်းသော ဖရဲသီးမျက်နှာလေးကို ပိုင်ဆိုင်ထားသည်။ ယောင်္ကျားလေး တော်တော်များများက သူ့ကို သဘောကျကြသည်။
ဒါပေမယ့် ဝမ်ယန်ရှန်ရဲ့မျက်လုံးထဲမှာတော့ သူမဟာ အခုအချိန်မှာ အာလူးပူပူတစ်လုံး ကဲ့သို့ ဖြစ်နေသည်။
သူ ခဏတာ တိတ်ဆိတ်သွားသည်။ သူသည် ဒီရူးသွပ်မှုကို ဓားတစ်ချောင်းနဲ့ မြန်မြန် ဖြတ်တောက်လိုက်ပြီး "ရဲဘော်တုန်း၊ ဗိုလ်ချုပ်ကျီအန်က စစ်ဦးစီးချုပ်လန်ရဲ့ အကူအညီကို ပြောထားပြီးသားပါ။ ကျွန်တော်နဲ့ စေ့စပ်ထားသူ မိသားစုကိုယ်စား ကျေးဇူးတင်ပါတယ်။"
သူသည် သူမကို စရှာခဲ့တာကို တွေ့လိုက်ရကာ သူမကို ပျားရည်ထဲမှာ နှစ်ထားသလို ခံစားရသည်။ ဘယ်သူသိမှာလဲ သူက ပါးစပ်ဟပြီးတာနဲ့ သူ့ကို စေ့စပ်သူကြောင်းပြောမယ်လို့။
သူမ နှလုံးသားက ချက်ချင်း နစ်မြုပ်သွားသည်။ သူ့မျက်နှာရှိ နီရဲမှုသည် ပျော်ဝင်သွားပြီး "ဗိုလ်မှူးကြီး ဝမ်... ရှင့်ရဲ့ စေ့စပ်ထားသူကို အရမ်းကြိုက်တာလား"
ဝမ်ယန်ရှန်က စိုးရိမ်ခြင်းမရှိ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ် ကျွန်တော် သူ့ကို ကြိုက်တယ်။ ကျွန်တော် ဆယ့်ငါးနှစ်သားကတည်းက သူ့ကို လက်ထပ်ဖို့ စိတ်ကူးထားခဲ့တာ။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော့်မှာ အရည်အချင်း မရှိဘူးပြီးတော့ မိသားစုက အရမ်းဆင်းရဲခဲ့တယ်။ ဒါကြောင့် သူမအတွက် ကျွန်တော် စစ်တပ်ထဲဝင်ပြီး စစ်သားဖြစ်လာခဲ့တယ်။ ကျွန်တော်အမှားတစ်ခု လုပ်ခဲ့တယ်။ ကျွန်တော့်နှလုံးသားကို သူ့ကို မသိခိုင်းခဲ့ဘူး။ အဲဒါကြောင့် သူမက ကျွန်တော်ရဲ့ စစ်မှုထမ်း တတိယနှစ်မှာ အိမ်ထောင်ကျသွားတယ်။"
တုန်းလီလီ ရင်မောသွားသည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "ရှင် ဆိုလိုတာက ရှင့်ရဲ့ စေ့စပ်ထားသူက ကွာရှင်းထားတာလား?”
ဝမ်ယန်ရှန် ခေါင်းညိတ်ပြပြီး “သူမက ကွာရှင်းထားရုံတင်မကဘူး၊ ကလေးလည်းရှိတယ်။ ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော် သူမကို လက်ထပ်နိုင်ရင် ဒါတွေကျေနပ်တယ်!”
မင်းကြိုက်တဲ့လူက တခြားအမျိုးသမီးအတွက် သူတို့ရဲ့အချစ်ရေးအကြောင်း ပြောနေတာ ကြားရတာ အရမ်းဆိုးဝါးသည်။
တုန်းလီလီသည် သူမ၏အဝတ်အစားထောင့်ကို ဆွဲကိုင်လိုက်သည်။ သူမရဲ့ မျက်လုံးလေးတွေက နီရဲနေပြီး "ဘာလို့လဲ? ကျွန်မက သူ့နောက်မှ ပေါ်လာတာလားကြောင့်လား? ကျွန်မရဲ့ ဘယ်နေရာက သူနဲ့ မယှဉ်နိုင်တာလဲ?"
ဝမ်ယန်ရှန် - "ကျွန်တော် ဆယ့်တစ်နှစ်ကတည်းက သူ့ကို သိခဲ့တာ။ ကျွန်တော် အစာငတ်ပြီး သေခါနီးမှာ သူက ကျွန်တော့်ကို ကယ်တင်ခဲ့တာ။ ဒါကြောင့် ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ဘယ်သူမှ သူ့ကို မကျော်နိုင်ဘူး! မင်းက အံ့သြစရာပါ။ မျှတတဲ့ မိန်းကလေး။ အနာဂတ်မှာ မင်းကိုချစ်တဲ့သူနဲ့ မင်း သေချာပေါက်တွေ့မှာပါ။"
ဒီအချိန်မှာ တုန်းလီလီ ဘယ်လို နားလည်နိုင်မှာလဲ?
သူမ၏ မျက်လုံးများနှင့် နှာခေါင်းများသည် အလွန်အမင်း မသက်မသာဖြစ်သည်အထိ ချဉ်သွားခဲ့သည်။ “ ကျွန်မသိပြီ။”
စကားပြောပြီးနောက် လှည့်ထွက်ပြေးသွားသည်။
ဝမ်ယန်ရှန်က သူမနောက်ကို ကြည့်နေသည်။ သူသည် ခဏလောက် ငြိမ်ပြီး အပေါ်ထပ်ကို တက်သွားသည်။
တုန်းလီလီသည် ရှိုက်ကြီးတငင်ဖြင့် သူမ၏ အိပ်ဆောင်သို့ ပြန်ပြေးသွားခဲ့သည်။ သူမတွင် တစ်ဦးတည်းနေထိုင်သည့် အဆောင်တစ်ခုရှိသောကြောင့် သူမသည် သူမ ငိုချင်သလောက်ငိုနိုင်သည်။
ငိုရတာ ပင်ပန်းလာတဲ့အခါ သူမသည် အိပ်ယာပေါ်မှာ အိပ်ပျော်သွားပြီး အိပ်မက်မက်သည်။
အိပ်မက်ထဲတွင် သူမသည် ဝမ်ယန်ရှန်ကို အလွန်နှစ်သက်ခဲ့သေးသည်။ သူ့အတွက်ကြောင့် သူမသည် မိသားစု၏ အစီအစဉ်ကို ငြင်းဆိုခဲ့သည်။ သူအိမ်ထောင်မပြုတာကြောင့် သူမလည်း အိမ်ထောင်မပြုခဲ့ပေ။ နောက်ဆုံးတွင် ဝမ်ယန်ရှန်သည် အသက် သုံးဆယ့်သုံးနှစ်တွင် သူမနှင့် လက်ထပ်ခဲ့သည်။
အိမ်ထောင်သည်ဘဝက သူမ ထင်သလောက် မသာယာခဲ့ပေ။ သူမ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဝမ်ယန်ရှန် အမြဲတမ်း အနည်းငယ်သာ နွေးထွေးခဲ့သည်။ နောက်တော့ သူ့မှာ သူ့နှလုံးသားထဲမှာ သိမ်းထားတဲ့ မိန်းမတစ်ယောက်ရှိတယ်ဆိုတာ သိလိုက်ရသည်။ သူ့နှလုံးသားထဲမှာ ဝှက်ထားတယ်။ ထိုအမျိုးသမီး သေဆုံးသွားသော်လည်း သူသည် မေ့မရနိုင်သေးပေ။
ထိုအချိန်တွင် သူမ လဲကျသွားသည်။ သေနေသောမိန်းမနှင့် သူမကို ဘယ်လိုတောင် နှိုင်းယှဉ်နိုင်ရတာလဲ?
သူမ မိသားစုက သူမကို ဂရုမစိုက်ဖို့ တိုက်တွန်းခဲ့သည်။ သို့သော် သူမ မလွှတ်ချနိုင်ခဲ့ပေ။ ဒါကြောင့် လာမယ့်ရက်တွေမှာ သူနဲ့ ဆက်ပြီး ငြင်းခုံခဲ့သည်။ အိမ်က ကမောက်ကမ ဖြစ်ခဲ့သည်။ သမီးလေးက ကြောက်ပြီး တစ်ခါတစ်ရံ မျက်ရည်ကျသည်။ သို့သော် သူမ ဂရုမစိုက်ခဲ့ပေ။ သူမသည် သူ ထိုအမျိုးသမီးကို မေ့ပစ်ရန် တွန်းအားပေးရန်သာ အာရုံစိုက်ခဲ့သည်။
ဆယ်နှစ်ကြာအောင် တစ်ယောက်ကိုတစ်ယောက် နှိပ်စက်ခဲ့ကြသည်။ နောက်ဆုံးတော့ သူမ မခံနိုင်တော့ပေ။ သူနှင့် ကွာရှင်းပြီး သမီးဖြစ်သူကို စွန့်ပစ်ကာ နိုင်ငံခြားသို့ တစ်ယောက်တည်းသွားခဲ့သည်။
နိုင်ငံခြားသွားပြီးနောက် သူမသည် အချုပ်နှောင်ကင်းကင်းနှင့် မကောင်းသောဘဝဖြင့် နေထိုင်ခဲ့သည်။ သူမသည် နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့ခဲ့သည်။ သူ့လွှမ်းမိုးမှုအောက်မှာ သူမ မထိသင့်တဲ့အရာတွေကို သွားထိမိသည်။ သူမသည် တိုင်းတစ်ပါးတွင် သေဆုံးခဲ့သည်။
သူမ ကွယ်လွန်ချိန်တွင် သူမသည် အသက်လေးဆယ်ပင် မပြည့်သေးပေ။
အိပ်မက်မှ နိုးလာသောအခါ တုန်းလီလီသည် သူ့ကိုယ်သူ ချွေးအေးတွေနဲ့ တွေ့ရှိခဲ့သည်။
အိပ်မက်ထဲက မြင်ကွင်းကို သူမ သတိရမိသည်။ သူမ အဲ့တာကို တကယ်ကြုံခဲ့ရတယ်လို့ ခံစားရသည်။
သူမသည် အိပ်မက်ထဲက သူမအတွက် စိတ်မကောင်းဖြစ်မိသည်။ တစ်ချိန်တည်းမှာပဲ သူမသည် အိမ်မက်ထဲတွင် အလားအလာမရှိလွန်းသည်ဟု ခံစားမိသည်။ ယောင်္ကျားတစ်ယောက်အတွက်၊ သူမက တကယ်ပဲ သူ့ကိုယ်သူ ဒီလိုလုပ်ခဲ့သည်။
သူမသည် အိပ်မက်ကဲ့သို့ အဆုံးမသတ်ချင်ပေ။ သူမ မတ်တတ်ထရပ်လိုက်ပြီး သူမ၏ မျက်နှာကိုဆေးကြောခဲ့သည်။ မှန်ထဲမှာ သူ့မျက်လုံးတွေက နီရဲပြီး ရောင်ရမ်းနေတာကို မြင်လိုက်ရတယ်။ သူမသည် ဝမ်ယန်ရှန်ကို လက်လျှော့လိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။