အခန်း (၁၇၄)
Vol. 14 Ch. 174
မမျှော်လင့်ဘဲ အလယ်မှာ ဒီလိုမျိုးကိစ္စ ကြုံလာရသည်။ သူသည် ပျောက်ဆုံးနေသောသမီးအတွက် အလွန်အပြစ်ရှိသလို ခံစားခဲ့ရပြီး သူမသည် ရှင်လား သို့မဟုတ် သေလား ဘယ်လိုမှ မသိနိုင်ပေ။
ချောင်ရှို့ကျီသည် သူတစ်ခါမှမတွေ့ခဲ့ဖူးသော သမီးလေးအကြောင်း တွေးရင်း လွန်စွာ စိတ်ဓာတ်ကျသွားသည်။
ရွှယ်ချွမ်က သူ့လက်ကို လှမ်းကိုင်လိုက်သည်။ သူ့အသံက နည်းနည်းတုန်နေသည်။ "တောင်းပန်ပါတယ်။ အဲဒါ ငါ့အမှားပါ!”
ချောင်ရှို့ကျီက ခေါင်းခါလိုက်ပြီး " ဘာလို့ ရှင်အမှားဖြစ်ရမှာလဲ? ကျွန်မရဲ့အခြေအနေကြောင့် ကလေးကို ရှင် ဂရုမစိုက်ခဲ့တာ နားလည်နိုင်ပါတယ်။ သူနာပြုကြီးက တခြားသဲလွန်စတွေ ပေးခဲ့သေးလား? ဆေးရုံမှာကော၊ အဲဒီတုန်းက မွေးစာရင်းတွေရှိလား?”
ရွှယ်ချွမ်က ခေါင်းယမ်းပြီး ထပ်ခေါင်းညိတ်ပြသည်။ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆေးရုံက မှတ်တမ်းတွေ အကုန်လုံး မီးလောင်သွားပြီဆိုတော့ အချက်အလက်တွေ ပျောက်ကုန်ပြီ။ ငါတို့သမီးလေး နောက်ကျောမှာ မက်မွန်သီးပုံသဏ္ဍာန်ရှိတဲ့ မွေးရာပါ အမှတ်အသား ရှိတယ်လို့ သူနာပြုက ပြောတယ်။ လက်ဝါး တစ်ဝက်လောက်ရှိတယ်တဲ့။ ငါတို့ တွေ့ရင် သူ့ကို လွယ်လွယ် အတည်ပြုလို့ရပါတယ်။”
ချောင်ရှို့ကျီသည် ထိုစကားကိုကြားသောအခါ သူမသည် မတတ်နိုင်ဘဲ ပြုံးနေလိုက်သည်။
လူတွေရဲ့ပင်လယ်ဟာ ကျယ်ပြောလှသည်။ သူတို့ဘယ်မှာ စရမှာလဲ?
အဲ့တာအပြင် အမှတ်အသားသည် ကျောမှာ ရှိသည်။ အဝတ်အစားဝတ်ထားရင် သူတို့က ဘယ်လိုလုပ်မြင်ရမှာလဲ?
တစ်နည်းဆိုရသော် သူတို့၏သမီးသည် သူတို့ကို ကျော်ဖြတ်သွားလျှင်ပင် သူမကို မသိနိုင်ပေ။
"သူနာပြုဟောင်း ဘယ်မှာလဲ" ချောင်ရှို့ကျီက လေးနက်စွာ မေးလိုက်သည်။
တစ်ဖက်က ဒီကိစ္စကို အဲဒီအချိန်မှာ အကြောင်းကြားထားရင် သူတို့ ရဲစခန်းကို သွားမည်။ သူတို့သမီးကို ရှာတွေ့နိုင်ပြီဖြစ်သည်။ ဒါပေမယ့် တစ်ဖက်သားရဲ့ ဖုံးကွယ်မှုနဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်
နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြရသည်!
သူမနှလုံးသားသည် သူ့ကို သတ်ပြစ်ရန် အမှန်တကယ် ဆန္ဒရှိနေခဲ့သည်။
ရွှယ်ချွမ်က လေးလံနေသော နှလုံးသားဖြင့် "သူ နေမကောင်းဘူး။ သူ့မှာ အချိန်သိပ်မကျန်တော့တာ ဖြစ်နိုင်တယ်။ သူမအသက်ရှင်နေချိန်မှာ ငါတို့ကို သူအမှန်အတိုင်းပြောစေချင်တယ်။ ပြီးရင် ဟုန်းမေနဲ့ ငါတို့ရဲ့ဆက်ဆံရေးကို ဖြတ်တောက်လိုက်မယ်။"
သူနာပြုဟောင်းသည် မကောင်းမှုတစ်ခုကို ပြုခဲ့ကာ သူမ၏ အသိစိတ်ကြောင့် တစ်သက်လုံး ရှုံ့ချခံခဲ့ရသည်။ သူမ၏ သားနှစ်ယောက်လုံးသည် နာမကျန်းမှုဖြင့် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြသည်။ ဒါက သူမအတွက် ဘုရားသခင်ရဲ့ ပြစ်ဒဏ်ဖြစ်တယ်လို့ သူမ ခံစားခဲ့ရသည်။ သူမ ကြာကြာမနေနိုင်တော့ကြောင်း သူမ သိလာသောအခါတွင် သူမသည် အမှန်တရားကို ပြောပြချင်သည်။
ရွှယ်ချွမ်သည် တစ်ဖက်သား၏ တစ်ကိုယ်ကောင်းဆန်မှုကို မုန်းတီးခဲ့သည်။ ဒါပေမယ့် လက်ရှိအနေအထားအရတော့ သူတို့ ဘာမှလုပ်လို့မရပေ။
ချောင်ရှို့ကျီသည် အတိတ်က ဟုန်းမေလုပ်ခဲ့သော ရွံရှာဖွယ်အရာအားလုံးကို တွေးပြီး တွန့်ဆုတ်မှုမရှိဘဲ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ သူနာပြုဟောင်း အသက်ရှုရပ်သွားပြီး နောက်တစ်ကြိမ် ဒုက္ခဖြစ်စေမယ့်အစား မြန်မြန်လုပ်သင့်တယ်။"
ဟုန်းမေနှင့် ချန်မိသားစုတို့သည် ရှန်မိသားစုနှင့် ဆက်ဆံရေးရှိကြောင်း သိလိုက်ကတည်းက သူတို့စုံတွဲသည် ထုတ်လုပ်ရေးအဖွဲ့သို့ မကြာခဏလာရောက်ခဲ့ကြသည်။ ပြီးတော့ သူတို့ဟာ အချိန်တိုင်း ဆိုးရွားတဲ့ စကားလုံးတွေ ပြောကြသည်။
ရှန်မိသားစု၏ အဆိုအရ သူတို့စုံတွဲသည် အထူးအားဖြင့် သူတို့ကို ရှာရန် ရှန်အိမ်သို့ အကြိမ်အနည်းငယ် သွားရောက်ခဲ့ပြီး သူတို့ကို ကန်ထုတ်ရန်သာဖြစ်သည်။
ဟုန်းမေက သူတို့ကို ကောင်းကောင်းမနေထိုင်စေချင်တဲ့ သူလို့ အခိုင်အမာ ယုံကြည်ခဲ့သည်။ နောက်ဆုံးအကြိမ်တုန်းက သူတို့ မထွက်ခင် သူတို့သည် ချောင်အိမ်တံခါးဝမှာ အော်ဟစ် ကြိမ်းမောင်းခဲ့သည်။ ထုတ်လုပ်မှုတစ်ခုလုံးနီးပါး အဖွဲ့လာရောက်ကြည့်ရှုခဲ့ကြသည်။
ဟုန်းမေသည် သူတို့၏ သမီးအရင်းဖြစ်သည်ဟု သူမထင်ခဲ့ဖူးသောကြောင့် စက်ဆုပ်မိတာတောင် မျိုသိပ်ခဲ့သည်။ သူမ သမီးမဟုတ်မှန်း အခုမှသိတော့ ခဏလောက်တောင် သည်းခံချင်စိတ်မရှိတော့ပေ။
ရွှယ်ချွမ်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး "ရှို့ခိုင်ကို ရှာဖို့ ရဲစခန်းသွားရအောင်!"
ဒီကိစ္စမှာ ရဲတွေ ပါဝင်တာ အကောင်းဆုံးဖြစ်သည်။ ဒီလိုနည်းဖြင့် ဟုန်းမေနှင့် ချန်မိသားစုက လှုပ်ရှားဖို့ အချိန်တောင် မရနိုင်ပေ။
…
သူတို့နှစ်ယောက်က ရှုကို နှုတ်ဆက်ပြီး ရဲစခန်းကို သွားကြသည်။
ရှန်ရှို့ခိုင်သည် လင်မယားနှစ်ယောက် လာသည်ကို မြင်သောအခါ အံ့ဩသွားသည်။
ဘာတွေဖြစ်ပျက်ခဲ့လည်း သူသိသောအခါ စားပွဲပေါ်ကို လက်သီးဖြင့် အပြင်းအထန် ဆောင့်ချလိုက်သည်။ "သူနာပြုဟောင်း လုပ်ခဲ့တဲ့ အမှားက သူ့ကို ဆယ်နှစ်ရှစ်နှစ်လောက် ပိတ်လှောင်ထားတယ်ဆိုတာ ချဲ့ကားပြောတာတော့ မဟုတ်လောက်ဘူး။ မင်းလိုချင်တယ်ဆို ဒီကိစ္စကို ခုတုံးလုပ်ပြီး ချက်ချင်းထောင်ချလို့ရတယ်။"
ချောင်ရှို့ကျီက ခေါင်းမယမ်းခင် ခဏလောက်စဉ်းစားပြီး "ခွင့်လွှတ်လိုက်ပါ။ သမီးအတွက် ကုသိုလ်ကောင်းမှုတစ်ခုအနေနဲ့ ထားလိုက်ရအောင်။ အဲ့တာအပြင် သူ့အခြေအနေအရတော့ ရက်အနည်းငယ်ထက်ပိုပြီး ပိတ်လှောင်မထားနိုင်ပါဘူး။"
ရွှယ်ချွမ်ပြောသည့်စကားက တစ်ဖက်လူသည် အိပ်ရာမှ ထရန် အရမ်းနေမကောင်း ဖြစ်နေပြီဖြစ်သည်။ သူမကို ထောင်ချရင်တောင် အသုံးမဝင်ပေ။ သူတို့သမီးကို ရှာမတွေ့သေးပေ။ တစ်ဖက်က ထောင်ကျသွားရင် သူမသည် သူ့ကိုယ်သူ အပြစ်မတင်လောက်တော့ပေ။
ဒါက သူမကို လွတ်လပ်ပေါ့ပါးစေလိမ့်မည်။
ဤကဲ့သို့သော တစ်ကိုယ်ကောင်းဆန်သူများသည် အပြစ်ရှိ၍ တစ်သက်လုံး မိမိကိုယ်ကို အပြစ်တင်ပြီး နေသင့်သည်။
ရှန်ရှို့ခိုင်က သူ့နားလည်သည်ကို ဖော်ပြပြီး သော့ကိုယူကာ သူတို့ကို သူနာပြုဟောင်းဆီ မောင်းပို့ပေးခဲ့သည်။
သူ၏သက်သေအောက်တွင် သူနာပြုဟောင်း ပြောသမျှကို လက်မှတ်ထိုးခိုင်းပြီး လက်ဗွေနှိပ်ခိုင်းကာ မှတ်တမ်းတင်ခဲ့သည်။ ထို့နောက် သူသည် သူနာပြုဟောင်းကို ချန်အိမ်သို့ ခေါ်သွားခဲ့သည်။
သူမ မိသားစုခြံထဲကို ၀င်လိုက်တာနဲ့ ဟုန်းမေက သူ့သမီးကို ဆူပူကြိမ်းမောင်းနေသည်။ "အမှိုက်! ငါနင့်ကို အလုပ်လုပ်ဖို့ပြောတာကို နင်က ကောင်းကောင်းမလုပ်နိုင်ဘူး၊ ငါနင့်ကို သေတဲ့ထိ ရိုက်သတ်မယ်!”
"အမေ၊ သမီးမှားပါတယ်။ သမီးကို မရိုက်ပါနဲ့... အာ့..." ချန်ကျောက်တိ၏ ငိုသံသည် အခန်းတွင်းမှ ထွက်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်ကို ရိုက်နှက်သံများ ထွက်ပေါ်လာသည်။
ချောင်ရှို့ကျီက မျက်မှောင်ကြုတ်လိုက်သည်။ ဒီသမီးအတုအတွက် အထင်အမြင်သေးခြင်းသည် သူမ၏ နှလုံးသားထဲတွင် ပို၍နက်ရှိုင်းလာသည်။
“ချောင်ဟုန်းမေ!" ရှန်ရှို့ခိုင်က ချန်အိမ်တံခါး၌ လှမ်းအော်လိုက်သည်။
ချောင်ဟုန်းမေက သူမကို တစ်ယောက်ယောက်ခေါ်သံကြားတော့ သူမ လန့်သွားသည်။ တုတ်က သူမမျက်လုံးကို ထိလုနီးပါးထိသွားသည်။
သူမသည် ပြောဆိုကာ ထွက်လာသည်။ သူမ လမ်းလျှောက်လာစဉ်တွင် "ငါ့တံခါးမှာ ဘယ်သူအော်နေတာလဲ? လူတွေကို သေအောင်ခြောက်ဖို့ ကြိုးစားနေတာလား?"
သူမသည် ထွက်လာပြီး ရှန်ရှို့ခိုင်၏ မျက်နှာကို မြင်လိုက်ရသောအခါတွင် သူမဒေါသထွက်နေသည်ကနေ ရုတ်တရက်ပြုံးသွားသည်။ " အိုး ဒုအရာရှိ ရှင် ဘာလို့ဒီကိုလာတာလဲ?"
သူမသည် တုတ်ကို ပြစ်ပြီး ပြေးသွားသည်။ ဘေးမှာရပ်နေတဲ့ သူ့မိဘတွေကို လုံးဝလျစ်လျူရှုလိုက်သည်။
သူ့ချွေးမနာမည်ကို ယောင်္ကျား တစ်ယောက်က ခေါ်နေတာကို အမေ ချန်ကြားခဲ့သည်။ ချွေးမဖြစ်သူက သူ့သားကို ဆဲဆိုကြိမ်းမောင်းနေတယ်ထင်ပြီး ရိုက်နှက်ကြိမ်းဆဲဖို့ ထွက်လာတော့မည်။ နောက်တော့ သူ့ချွေးမက တစ်ဖက်သူကို 'ဒုအရာရှိ’လို့ ခေါ်သံကြားသည်။ သူမ၏ မျက်နှာသည် ပန်းတစ်ပွင့်ကဲ့သို့ ချက်ခြင်းပွင့်လာသည်။
"ဟုန်းမေ၊ နင်ဘာလို့အဲဒီမှာရပ်နေတာလဲ? မြန်မြန်လာပြီးတော့ ဒုအရာရှိကို ဝင်ထိုင်ခိုင်းလိုက်!"
မေမေ ချန်၏ အသံ ကျယ်လောင်နေသည်။ ဒုအရာရှိက သူတို့ရဲ့ ချန်အိမ်ကို ရောက်လာကြောင်း ခြံထဲကလူတိုင်း သိစေချင်သည်။
သေချာတာပေါ့ အမေ ချန်ရဲ့စကားကိုကြားတော့ လူတော်တော်များများက အထဲကနေ ပြေးထွက်လာကြသည်။
"အမေ ချန်ရှင်း၊ ဒါက နင့်ရဲ့ ဆွေမျိုးလား?"
အမေချန်က ဂုဏ်ယူဝံ့ကြွားတဲ့ ကြက်မအိုကြီးတစ်ကောင်လို မေးစေ့ကို မြင့်တင်လိုက်ပြီး "ဒါက ရဲစခန်းက ဒုအရာရှိပါ။ နောက်ပြီး ငါတို့ရဲ့ ဟုန်းမေ မိသားစုရဲ့ ဆွေမျိုး။ တစ်နည်းအားဖြင့်၊ ငါတို့ ချန်မိသားစုရဲ့ ဆွေမျိုးပဲ!"
ချောင်ရှို့ကျီနှင့် ရွှယ်ချွမ် တို့သည် ဤယောက္ခမနှင့်ချွေးမတို့၏ သီလကို ကြည့်နေခဲ့ကြသည်။ သူတို့သည် ယင်ကောင်တွေကို အစာကျွေးသလို ခံစားရသည်။ ရွံမုန်းစရာ!
ကံကောင်းထောက်မစွာ ယနေ့ပြီးရင် သူတို့သည် မပတ်သတ်တော့ပေ။
ရှန်ရှို့ခိုင်က ချောင်ဟုန်းမေ၏ ဆန့်ထားသော လက်ကို ရှောင်လိုက်ပြီး ခပ်တည်တည်ဖြင့် "ငါ မင်းတို့ ချန်မိသားစုရဲ့ ဆွေမျိုးမဟုတ်ဘူး။ အရေးမပါတဲ့ စကားတွေကို ဒီမှာ ရပ်!"
အမေရှန်နှင့် ချောင်ဟုန်းမေသည် ရှက်ရွံ့မှုဖြင့် နီရဲသွားသည်။ ပတ်ဝန်းကျင်က လူတွေက ရယ်မောကြသည်။
ရှန်ရှု့ခိုင်က သူတို့ကို စကားပြောခွင့်မပေးပေ။ သူက ချောင်ဟုန်းမေကို ညွှန်ပြပြီး ဆက်လက်၍ "မင်းရဲ့ အထောက်အထားကြောင့် ဒီနေ့ ငါဒီကို လာခဲ့တာ!”
ထို့နောက် သူသည် လူတိုင်းရှေ့တွင် သူနာပြုဟောင်းသည် ကလေးငယ်များကို လဲလှယ်ထားသည်ကို တွေ့ရှိခဲ့သော်လည်း ကိစ္စကို ဖုံးကွယ်ထားကြောင်း ပြောကြားခဲ့သည်။
နားထောင်ပြီးနောက် ချောင်ဟုန်းမေ၏ မျက်နှာသည် သရဲတစ္ဆေကဲ့သို့ ဖြူစွတ်သွားပြီး "မဖြစ်နိုင်ပါဘူး။ ဒုအရာရှိ ရှင်…ကျွန်မကို လာနောက်နေတာလား?”
ရှန်ရှု့ခိုင်က အေးစက်စွာပြောသည် "ဘယ်သူက မင်းနဲ့ ဟာသပြောဖို့ အချိန်ရှိမှာလဲ? ဒါအကုန် အမှန်ပဲ!”
အဲဒီလိုပြောပြီး သက်သေပြခိုင်းရန် တူဖြစ်သူက ခေါ်လာသည့် သူနာပြုဟောင်းကို မေးခဲ့ပြီး မှတ်တမ်းတင်ထားတဲ့ အရာကို လူတိုင်းကို ပြခဲ့သည်။
နောက်ဆုံးတွင် သူသည် ချောင်ဟုန်းမေနှင့် ရွှယ်ချွမ်ကို လက်ညှိုးထိုးပြပြီး လူတိုင်းကို မေးလိုက်သည်။ " သူတို့ မျက်လုံးတွေက ထက်တယ်။ ချောင်ဟုန်းမေနဲ့ ချောင်မိသားစုရဲ့ အကြီးဆုံးနှစ်ယောက်က တူတယ်လို့ထင်လား?”
အားလုံးက ခေါင်းခါသည်။ "မတူဘူး!"
ရွှယ်ချွမ်နှင့် ချောင်ရှို့ကျီတို့သည် ချောင်ဟုန်းမေ၏ 'မိဘများ' ဖြစ်သည်ကို ထိုမှသာ သူတို့သိခဲ့ကြသည်။ "အိုး၊ ဒီနှစ်ယောက်က ချောင်ဟုန်းမေရဲ့ မိဘတွေပဲ။ ဟုန်းမေက အခု အစကနေ အဆုံးထိ သူတို့ကို အသိအမှတ်မပြုခဲ့ဘူး။ သူတို့က သူစိမ်းတွေလို့ ငါထင်ခဲ့တာ!"
"ဟုတ်တယ်။ ဟုန်းမေက သူတို့ကို မသိဘူးလို့ ထင်ခဲ့တာ။ သူတို့က ဟုန်းမေရဲ့ မိဘတွေလို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဒါပေမယ့် ဟုန်းမေက သူတို့နှစ်ယောက်နဲ့ လုံးဝမတူဘူး။ ဘယ်နေရာမှ တူတဲ့နေရာ မရှိဘူးလို့ ငါထင်တယ်!”
ချောင်ဟုန်းမေသည် လူတိုင်း၏ စကားကြားသောအခါ သူမ ထိတ်လန့်သွားသည်။
သူမသည် အစောက သူမ၏မိဘများကို တမင်လျစ်လျူရှုခဲ့သည်။ သူမကို အရင်က အကြိမ်အနည်းငယ် မျက်နှာပျက်စေသည့်အတွက် သူတို့အပေါ် မကျေမနပ်ဖြစ်ခဲ့သည်။ ထို့ကြောင့် သူမသည် သူတို့ကို တမင်တကာ အရှက်ရစေခဲ့သည်။
ဒီလိုမျိုး ဖြစ်ပျက်လာမယ်လို့ သူမ မထင်ခဲ့မိပေ။
သူမသည် ချောင်မိသားစုကို မုန်းတီးခဲ့ပြီး သူမ၏မိဘများရဲ့ ဘက်လိုက်မှုကို ပို၍မုန်းတီးခဲ့သည်။ ဒါပေမယ့် ချောင်မိသားစုနှင့် အဆက်အသွယ်ဖြတ်လို့မရပေ။ သူမ၏ ယောက်ျားသည် ချောင်မိသားစုမှတဆင့် ရှန်မိသားစုကို တွယ်ကပ်ချင်သေးသည်။ သူမသည် ချောင်မိသားစု၏ သမီးမဟုတ်ပါက ထိုလမ်းသည် လုံးဝဖြတ်တောက်သွားမည်ဖြစ်သည်။
သူမ၏ယောက်ျားသည် ထိုခွေးမ ဝမ်နီအာနှင့် အတူရှိနေကြောင်း သူမ သိထားပြီးဖြစ်သည်။ သူမသည် အဲ့ခွေးမကို ကောင်းကောင်း ရိုက်နှက်ခဲ့သည်။ ချန်ရှင်းက သူမကို ပြန်ပြီး အပြင်းအထန် ရိုက်နှက်ခဲ့သည်။
ထို့နောက် ချန်ရှင်းသည် သူမက အသုံးဝင်နေသေးသောကြောင့် ထိုခွေးမ ဝမ်နီအာနှင့် စိတ်ပျက်လက်ပျက် အဆက်အသွယ်ဖြတ်ခဲ့သည်။ သူမသည် ချောင် မိသားစု၏ သမီးမဟုတ်ပါက ချန်ရှင်းသည် သူမကိုချက်ချင်းကွာရှင်းနိုင်သည်။
သူမ ငိုပြီး အပြေးအလွှား "အမေ၊ အဖေ၊ သမီးမှာ ဆိုးရွားတဲ့ သဘောထားရှိပြီး အမေတို့ကို အချိန်တိုင်း စိတ်ဆိုးအောင်လုပ်ခဲ့တယ်ဆိုတာ သမီးသိပါပြီ။ ဒါပေမယ် ဒါက အမေတို့ကို အရမ်းဂရုစိုက်လို့ပါ။ သမီးက အမေတို့ သမီးမဟုတ်ဘူးလို့ မပြောပါနဲ့။ ဒီလိုကြားရတာ သမီး နာကျင်တယ်!"
ချောင်ရှို့ကျီ၏ ခန္ဓာကိုယ်သည် ရှောင်တိမ်းသွားပြီး သူမ၏ အရှိန်ဖြင့် ပြေးလာသော ခန္ဓာကိုယ်ကို ရှောင်လိုက်သည်။
ချောင်ဟုန်းမေသည် လေဗလာနှင့်တွေ့ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမ၏နှာခေါင်းသည် မြေပြင်ပေါ်သို့ ရိုက်ကျသွားသည်။ နာကျင်မှုက သူမမျက်ရည်တွေကျစေသည်။
ဒီအချိန်မှာ သူမသည် နာကျင်မှုကို ဂရုစိုက်နိုင်မလား? သူမထပြီး ဆက်ငိုသည်။ "အမေ၊ သမီးမှားနေတာ သမီးတကယ်သိပါပြီ။ ဘယ်လိုလုပ် သမီးက အမေ့သမီး မဖြစ်နိုင်ရမှာလဲ? သမီးက အမေရဲ့ ပုံစံတူနဲ့ ဖန်တီးထားတာ။"
လူတိုင်း - "..."
သူမရဲ့ အရပ်ပုပုနဲ့ မျက်နှာကြီးကို ကြည့်လိုက်ပါဦး။ သူမသည် တူညီသော ပုံစံခွက်ဖြင့် ဖန်ဆင်းခံရသည်ဟု ပြောရန် သူမသည် ဘယ်ကသတ္တိရှိလာတာလဲ?
ချောင်ရှို့ကျီက သူမကို အေးစက်စွာ စိုက်ကြည့်ရင်း "မင်းမှာ အေးစက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ စရိုက်ရှိတယ်။ မင်းက ငါတို့ ချောင်မိသားစုထဲက လူတိုင်းနဲ့ မတူရုံသာမကဘူး မင်းမှာ မတူညီတဲ့ စရိုက်တွေလည်း ရှိတယ်။ နှစ်တွေကြာလာတာနဲ့အမျှ မင်းဘာကြောင့် ဒီလိုပုံစံမျိုး ဖြစ်လာရသလဲလို့ ငါတို့ အံ့ဩနေခဲ့တာ။ အခုငါတို့နောက်ဆုံးတော့ နားလည်ပြီ မင်းက ငါတို့သမီးမဟုတ်ဘူးပဲ"
ချောင်ဟုန်းမေက တုန်လှုပ်သွားပြီး "အဖေ၊ သမီးက အဖေရဲ့သမီးပါ။ အဖေ သမီးကို ငယ်ငယ်ထဲက ပျိုးထောင်လာခဲ့တာလေ။ ဘယ်လိုလုပ် သမီးက အဖေ့ သမီးမဟုတ်ရမှာလဲ? ကျေးဇူးပြုပြီး အမေ့ကို ပြောပေးပါ။ သမီးကို ဒီလိုမဆက်ဆံပါနဲ့လို့ ပြောပေးပါ!”
ချောင်ရှို့ကျီက သူမနဲ့ အချိန်ဖြုန်းဖို့ အရမ်းပျင်းနေပြီး ရှန်ရှို့ခိုင်ကို မေးလိုက်သည်။ "အခု ဘာလုပ်ရမလဲ"
ရှန်ရှို့ခိုင်က "သူမကို ဒီလူဦးရေစာရင်းမှာ လက်မှတ်ထိုးလိုက်ရအောင်။ အခြေအနေအားလုံးကို မှတ်တမ်းတင်ထားရမယ်။ အခုကစပြီး မင်းတို့ကြားမှာ မိဘနဲ့ သားသမီး ဆက်ဆံရေးရှိတော့မှာ မဟုတ်ဘူး။"
"ငါလက်မှတ်မထိုးဘူး!" ချောင်ဟုန်းမေက လက်မှတ်မထိုးဘဲ ငိုသည်။
ချောင်ရှို့ကျီက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ "လက်မှတ်မထိုးဘဲ လက်ဗွေနှိပ်ရုံနဲ့ အဆင်ပြေမလား?"
ရှန်ရှို့ခိုင်က ခေါင်းညိတ်မပြမီ တွေးတောစဉ်းစားပြီး "အဲ့တာလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ဒါကို သက်သေခံဖို့ သူတို့ရဲ့ နာမည်တွေကို လက်မှတ် ထိုးချင်ရင် ပိုကောင်းပါတယ်။"
အိမ်နီးနားချင်းများက လက်မှတ်ရေးထိုးရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်။
ဒုအရာရှိကဲ့သို့ မြင့်မားသောအကိုင်းအခက်ကို လက်မလှမ်းနိုင်သော်လည်း အခြားသူများကို ဒီမျက်နှာသာပေးမှုကို ရောင်းချနိုင်သည်။ အနာဂတ်မှာ တစ်ခုခုဖြစ်လာရင် တခြားသူများက ဒီမျက်နှာသာကြောင့် သူတို့ကို ကူညီရန် ဆန္ဒရှိနိုင်သည်။
ချောင်ဟုန်းမေသည် လူတ်ိုင်းက သူမကို ဒီလိုဆက်ဆံဖို့ မမျှော်လင့်ထားပေ။ သူမသည် သူတို့ကို လက်မှတ်မထိုးဖို့ ပြောခဲ့သည်။ သူမကို ဘယ်သူမှ ဂရုမစိုက်ပေ။
လူတိုင်း၏ လက်မှတ်များကို တွေ့ပြီးနောက် ချောင်ရှို့ကျီသည် ချောင်ဟုန်းမေ၏ လက်ကို ဖမ်းကိုင်လိုက်ပြီး သူမ၏ လက်ညိုးကို အဲ့တာပေါ်တွင် နှိပ်ခဲ့သည်။ ထို့နောက် သူမသည် အဝေးသို့ ထွက်ခဲ့သည်။
ဤဖြစ်စဉ်တွင် အမေချန်သည် လုံးဝထိတ်လန့်သွားခဲ့သည်။ ချောင်ရှို့ကျီနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် သူမသည် ပြန်လည် အမြင်ရလာသည်။
သူမ ခုန်တက်လာပြီး ချောင်ဟုန်းမေ၏ မျက်နှာကို ရိုက်လိုက်သည်။ "ဥမဥနိုင်တဲ့ ကြက်မ၊ နင့်ကို ငါ့သားနဲ့ ကွာရှင်းခိုင်းမယ်!"