အခန်း (၁၇၆)
Vol. 14 Ch. 176
အဘွားရှန်သည် သူ့သမီးကို ဆွေမျိုးအိမ်သို့ အလည်သွားရာမှ ပြန်ခေါ်လာခဲ့သည်။ သူ့မြေးနဲ့ သာ့ချောင်တို့ ပျောက်သွားတယ်ဆိုတာ သိလိုက်ရတော့ သူမသည် အသက်ရှုရပ်မတတ် ဖြစ်သွားသည်။
သူမက ငိုပြီး အဘိုးကြီး ရှန်ကို ရိုက်သည်။ “သောက် အဘိုးကြီး၊ ထျန်းရုံကို ဘာလို့ မကြည့်ခဲ့တာလဲ?”
ချင်းရှောင်မေက သူ့ခင်ပွန်းကို တုန်တုန်ယင်ယင်နဲ့ ခေါ်ကာ အိမ်ပြန်ပြီး ကလေးနှစ်ယောက်ကို ခေါ်သွားလားလို့ မေးခဲ့သည်။ တစ်ဖက်လူက မဟုတ်ဘူးလို့ပြောတာကို ကြားတော့ သူမသည် ဆိုဖာပေါ် ချက်ချင်း လဲကျသွားသည်။
ပူပြင်းလှသော နေ့ရက်များတွင် သူမသည် အေးစက်သော ချွေးများဖြင့် ထိတ်လန့်သွားသည်။
ကလေးနှစ်ယောက် ပျောက်ဆုံးနေကြောင်း ရှန်ရှို့ခိုင် သိလိုက်သည်နှင့် သူက ချောင်ရှို့ကျီစုံတွဲကို အမြန်ပြောပြီး ပြန်မောင်းလာသည်။
ထို့နောက် အားလုံးဝိုင်းရှာကြသည်။ အချိန်အတော်ကြာ ရှာဖွေပြီးနောက်တွင် ကလေးများ၏ သတင်းကို လုံးဝမကြားရပေ။
ချောင်ရှို့ကျီသည် ဝမ်အာလေး ပြန်ပေးဆွဲခံရသည့် အဖြစ်အပျက်ကို တွေးမိသည်။ သူမနှလုံးသားသည် နစ်မြုပ်သွားသည်။ သူမသည် ဒီနေ့ သာ့ချောင်ကို မြို့ကို မခေါ်လာသင့်ဘူးဆိုတာ သိလိုက်သည်။
ကလေးပြန်ပေးဆွဲခံရနိုင်သည်ဟု တွေးကာ သူမသည် နှလုံးကွဲကြေသွားခဲ့သည်။
ရွှယ်ချွမ်သည် သူ့မျက်နှာပေါ်က အပြုံးပျက်သွားသည်။ သူသည် လက်ကို ဆန့်ကာ ဇနီးဖြစ်သူ၏လက်ကို ကိုင်လိုက်ပြီး “စိတ်မပူပါနဲ့။ ဒီကလေးက ကံကောင်းပါတယ်။ သူ အဆင်ပြေမှာပါ။”
သာ့ချောင်မှာ ဖြစ်ပျက်ခဲ့သည့် ထူးဆန်းသော အကြောင်းအရာတွေကို တွေးကြည့်တော့ ချောင်ရှို့ကျီက သူမ နှလုံးသားထဲတွင် ယုံကြည်မှု အနည်းငယ် ခံစားရပြီး ခေါင်းညိတ်လိုက်သည်။ “ကျွန်မသိတယ်။ ရှင်လည်း စိတ်မပူနဲ့။ အပြင်ထွက်ပြီး သူတို့ကို ရှာကြည့်ရအောင်။ ကလေးတွေက ဆော့ဖို့ အပြင်ထွက်ပြီး တစ်နေရာရာမှာ ပျောက်သွားတာ ဖြစ်မယ်။”
အဘိုးရှန်နှင့် အဘွားရှန်တို့သည် ဒဏ်မခံနိုင်ကြပေ။ နှစ်ယောက်လုံး လဲသွားသည်။
အဘွားရှန်က သူ့သားလက်ကို ဆုပ်ကိုင်ပြီး မျက်ရည်တွေကျကာ “ရှို့ခိုင် ဘာပဲဖြစ်ဖြစ် မင်းသူတို့ကို ပြန်ခေါ်လာရမယ်နော်!”
ရှန်ရှို့ခိုင်က သူ့အမေကို နှစ်သိမ့်ပြီး "ကိုယ့်ကိုကိုယ် မခြောက်ပါနဲ့။ သား အခု ရဲစခန်းကို ပြန်သွားပြီး သားရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နေရာတိုင်းကို လိုက်ရှာ ခိုင်းလိုက်မယ်။ အားလုံးအဆင်ပြေသွားမှာပါ!"
အားလုံး လုအုပ်ခွဲကာနီးမှာ ဧည့်ခန်းထဲက ဖုန်းက ရုတ်တရက် မြည်လာသည်။
ချင်းရှောင်မေက ဆိုဖာပေါ်မှာ လဲလျောင်းနေသည်။ သို့သော် သူမသည် ဖုန်းကိုဖြေဖို့ ခွန်အားမရှိပေ။ ထို့ကြောင့် ရှန်လင်းလင်းက ပြေးပြီး ဖုန်းကို ကောက်ကိုင်လိုက်ရသည်။
မကြာခင်မှာပဲ သူမရဲ့အမူအရာက တောက်ပနေခဲ့သည်။ “ရှင် ဆိုလိုတာက ငါ့တူ ရှန်ထျန်းရုံနဲ့ သာ့ချောင်ဆိုတဲ့ ကလေးမလေး အခု ရဲစခန်းကို ရောက်နေတာလား?”
အားလုံးက ထိုစကားကိုကြားသောအခါ သူတို့သည် စုဝေးလိုက်ပြီး ရှန်လင်းလင်း၏ လက်ထဲမှ ဖုန်းကို ဝိုင်းကြည့်ကြသည်။
အဘွားရှန်က ခေါင်းမမူးတော့ပေ။ သူမသည် သူမသားကို တွန်းဖယ်လိုက်ပြီး ဧည့်ခန်းထဲသို့ အရှိန်အဟုန်ဖြင့် ပြေးသွားသည်။ “လင်းလင်း နင်ဘာပြောလိုက်တာလဲ? ထျန်းရုံလေးကို ရှာတွေ့သွားပြီလို့ ပြောတာ ငါကြားလိုက်တယ်။ သူဘယ်မှာလဲ?”
ရှန်လင်းလင်းက ဖုန်းချလိုက်ပြီး သူမ၏ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး “သူတို့ အခု ရဲစခန်းမှာ ရောက်နေပြီ။ ရဲအရာရှိရဲ့ အဆိုအရ သူတို့ နှစ်ယောက်ကို လမ်းသရဲတစ်ယောက်က ရိုက်ခဲ့တယ်တဲ့!”
လမ်းသရဲ!
ဤစကားကို လူတိုင်းကြားသောအခါ စိတ်နှလုံးများ ပြန်လည် မငြိမ်မသက် ဖြစ်လာသည်။
ရှန်လင်းလင်းက ဘာဖြစ်သွားမှန်း မသိ၍ ရဲစခန်းသို့ အလျင်အမြန် သွားခြင်းကိုသာ ဦးစားပေးသည်။ ကလေးနှစ်ယောက် ဘေးကင်းကြောင်း သေချာမှသာလျှင် သူတို့၏ စိတ်နှလုံးသည် အမှန်တကယ် တည်ငြိမ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ရှန်မိသားစုသည် ကားထဲသို့ ဝင်ပြီး ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် စက်ဘီးစီးကာ ရဲစခန်းသို့ သွားကြသည်။
ရှန်မိသားစုက ရဲစခန်းကို အရင်ရောက်သွားသည်။ ညစ်ပတ်နေသော ကလေးနှစ်ယောက်ကို တွေ့တော့ လူတိုင်းသည် ဝမ်းသာပြီး တုန်လှုပ်သွားသည်။
အဘွားရှန်သည် ပြေးလာကာ မြေးဖြစ်သူကို ပွေ့ဖက်ပြီး တစ်မျက်နှာလုံးကို ထိတွေ့သည်။ သူ အားလုံးအဆင်ပြေကြောင်း သူမအတည်ပြုပြီးသည်နှင့် သူမသည် ငိုသည်။ “ဆိုးတဲ့ကောင်လေး မင်းက အဖွားကို သေအောင် ခြောက်တာပဲ!”
သူ့သား အဆင်ပြေနေတာကို မြင်တော့ ချင်းရှောင်မေက သာ့ချောင်ကို သွားစစ်ဆေးသည်။ သူမလည်း အဆင်ပြေနေတာကိုမြင်တော့ သက်ပြင်းတစ်ချက်ချရင်း “နင်တို့နှစ်ယောက် ဘာဖြစ်ကြတာလဲ?”
ရှန်ထျန်းရုံသည် သူ့အဖွား၏ ရင်ခွင်ထဲတွင် အပြစ်ရှိသော စိတ်ကြောင့် ကျုံ့သွားသည်။ သူ့အမေကို ပြန်မဖြေရဲပေ။
သာ့ချောင်ကတော့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။
အဲ့တာကို ကြားရသောအခါ လူတိုင်းက ထိတ်လန့်သွားကြသည်။ ဒီဟာလေးတွေက သတ္တိကောင်းလွန်းသည်။
ချင်းရှောင်မေက အဲ့ဒါကိုကြားတော့ ကြောက်သွားသည်။ သူမသည် သူ့သားကို ယောက္ခမရင်ခွင်ထဲက ဆွဲထုတ်ပြီး တင်ပါးကို နှစ်ချက်ရိုက်လိုက်သည်။ “မင်း မကောင်းတာ လုပ်လို့ရတယ်လို့ ဘယ်သူပြောလဲ! မင်းက ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်ရုံတင်မကဘဲ မင်းရဲ့အစ်မ သာ့ချောင်ကိုပါ ပါလုနီးပါးပဲ။ မင်း အမှားကို မင်းသိလား?”
ရှန်ထျန်းရုံက သူ့လည်ချောင်းကို အသံကုန် အော်ဟစ်ကာ “အား... အမေ၊ သားကို ခွင့်လွှတ်ပါ။ သားမှားမှန်းသိပါတယ်! အဘွား၊ အဘိုးတို့ရဲ့ အဖိုးတန်မြေးလေးကို ကယ်ပါဦး။ သားတင်ပါး နာတယ်!"
ချင်းရှောင်မေက ဒေါသအရမ်းထွက်နေသည်။ "မင်း ဟန်ဆောင်နေတုန်းပဲကို!"
ဒီလိုပြောပြီး သူ့ကို အချက်အနည်းငယ်လောက် ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
အဘွားရှန်သည် အလွန်စိတ်မကောင်းဖြစ်သဖြင့် သူမ၏ အဖိုးတန်မြေးလေးကို ဆွဲခေါ်ပြီး တင်းတင်းကြပ်ကြပ် အကာအကွယ်ပေးကာ "ကောင်းပြီ၊ ကောင်းပြီ။ နည်းနည်းရိုက်ရုံပါပဲ။ ထျန်းရုံက သူ့အမှားကို သိပါပြီ!"
ချင်းရှောင်မေက ကူကယ်ရာမဲ့ ပြောခဲ့သည်။ "အမေ သူ့ကို ဒီလိုမျိုး မလုပ်ရဘူးလေ။ သမီးတို့က သူ့ကို သင်ခန်းစာမပေးရင် သူကြောက်ရကောင်းမှန်း မသိဘူး။ သူက နောက်တစ်ခါ ထပ်လုပ်ရဲလိမ့်မယ်!”
ရှန်ထျန်းရုံက မြန်မြန် ပြောလိုက်သည်။ “အမေ သားမှားတယ်ဆိုတာ သားသိတယ်။ ပြီးတော့ ဟန်ဆောင်နေတာမဟုတ်ဘူး။ သား တင်ပါး တကယ်နာတယ်!”
စောစောက အစ်မ သာ့ချောင်သည် သူ့ကို အကြိမ်အနည်းငယ် ရိုက်ခဲ့သည်။ သူ့တင်ပါးက နာကျင်နေတုန်းပဲ။ အခု သူ့အမေရဲ့ ရိုက်နှက်မှုတွေက ရက်စက်လွန်းလှသည်။ သူ့တင်ပါးက ဘယ်လောက်ပဲ အသားပြည့်ပြည့် အဲ့တာက အသုံးမဝင်ပေ။
သာ့ချောင်က ကမန်းကတန်းပြောလိုက်သည်။ “မွေးစားအမေ၊ အဖွား သမီး တောင်းပန်ပါတယ်။ စောစောက သင်ခန်းစာပေးဖို့ မောင်လေး ထျန်းရုံကို သမီး ရိုက်ပြီးပါပြီ။ မောင်လေး ထျန်းရုံ တကယ်ကို နာနေမှာ။”
သာ့ချောင်၏ စကားကိုကြားတော့ ချင်းရှောင်မေနှင့် အခြားသူများသည် ရှန်ထျန်းရုံ ဟန်ဆောင်နေသည်ဟု ပိုပြီး ယုံကြည်လာကြသည်။ သာ့ချောင်သည် ခုနစ်နှစ်အရွယ်သာ ရှိသေးသော ကလေးတစ်ဦးဖြစ်သည်။ သူမ ဘယ်လောက် သန်မာနိုင်မှာလဲ။ အဲ့တာက ကလိထိုးသလို ဖြစ်နေလိမ့်မည်။
ရှန်ထျန်းရုံက မျက်ရည်ကျ လုနီးပါး ဖြစ်နေသည်။ အစ်မ သာ့ချောင်၏ ရိုက်ချက်များသည် သူ့အမေထက် ပိုသည်။ သူသည် တကယ်ကို နာကျင်နေခဲ့သည်။
ထိုအချိန်တွင် ချောင်ရှို့ကျီနှင့် ရွှယ်ချွမ် ရောက်ရှိလာသည်။
အဘွားနှင့် အဘိုးကိုတွေ့တော့ သာ့ချောင်က ပြေးလာပြီး အဘွားရဲ့လည်ပင်းကို ပွေ့ဖက်လိုက်သည်။ “အဘွား၊ အဘိုး သမီး တောင်းပန်ပါတယ်။ သမီး အဘွားတို့ကို စိတ်ပူအောင်လုပ်ခဲ့တာ!”
အားလုံးက သူတို့နှစ်ယောက်ကို မည်ကဲ့သို့ စိတ်ပူစွာ ရှာဖွေနေခဲ့ကြသည်ကို အသေးစိတ်ပြောပြရင်း မွေးစား အမေက ရိုက်နှက်နေသည်။ သူမသည် အလွန် အပြစ်ရှိသလို ခံစားခဲ့ရသည်။
ချောင်ရှို့ကျီက သူမကို စစ်ဆေးခဲ့သည်။ သူမ ဒဏ်ရာမရှိတာကိုမြင်တော့ စိတ်သက်သာရာရသွားသည်။ ထို့နောက် သူတို့သည် ချင်းရှောင်မေ ပြောပြသော အဖြစ်အပျက်ကို နားထောင်ကြသည်။
သူမသည် ကလေး၏ ဆံပင်ကို သပ်ပေးရင်း "နောင်မှာ ဒီလိုအဖြစ်မျိုးကြုံရရင် မင်း မဆင်မခြင် လုပ်လို့မရဘူး။ ဒီတစ်ခါတော့ ပြဿနာမရှိလို့ ကံကောင်းသွားတာ။ ဒါပေမယ့် မင်း တစ်သက်လုံးကံကောင်း နေမှာမဟုတ်ဘူး။ နောင်မှာ ဒီလိုမျိုး မင်းမှာ ကြုံလာရရင် လူကြီးကို ရှာဖို့ မမေ့နဲ့နော်။”
သာ့ချောင်က ခေါင်းညိတ်ပြီး “ သမီး နားလည်ပါတယ် အဘွား။ နောင်မှာ အဘွားကို စိတ်ပူစေမယ့် အရာ ဘာမှလုပ်မှာ မဟုတ်ပါဘူး။”
ဝေ့ပေါင်ရှန်းသည် သူ့၏ ပြောကြားချက်ကို မှတ်တမ်းတင်ပြီးနောက် ရောက်ရှိလာသည်။ သူက ချောင်နှင့် ရှန်မိသားစုတို့ကို ဦးညွှတ်ပြီး သူတို့ကို ကျေးဇူးလိုက်သည်။ “ဒီနေ့ ကလေးနှစ်ယောက်ကို ငါတကယ် အကြွေးတင်သွားတာ။ မဟုတ်ရင် ငါဒီနေ့ ပိုက်ဆံပြန်မရနိုင်တာ သေချာတယ်!”
သူ့ပိုက်ဆံတွေကို လုယက်သွားတဲ့ လူငယ်ကတော့ သူ့ရဲ့ အဝေးက တူလေး ဝေ့ကျားယမ်ဖြစ်သည်။ သူသည် တစ်နေ့လုံး သင့်လျော်သော အသက်မွေးဝမ်းကြောင်းမရှိဘဲ ပျင်းရိသူဖြစ်သည်။ သူ့မျက်လုံးများက သက်ကြီးရွယ်အိုနှစ်ယောက်၏ စည်းစိမ်ဥစ္စာများကိုသာ မျက်စိကျနေသည်။
အရင်က သူ့ဆီက ပိုက်ဆံအချို့ကို ခဏခဏ တောင်းသည်။ သူနဲ့ သူ့ဇနီးက သူတို့၏သား ဆုံးသွားပြီးနောက် သူတို့သင်္ချိုင်းကို လာလည်ဖို့ တစ်စုံတစ်ယောက်ကို လိုအပ်မယ်ဆိုတာကို တွေးတောပြီး သူက အရင်က သည်းခံခဲ့သည်။
ဝေ့ကျားယမ်သည် သူ သည်းခံတာကြောင့် လောဘပိုကြီးလာပြီး လမ်းပေါ်၌ပါ ပိုက်ဆံလုယက်ရဲမည်ဟု သူသည် ဘယ်သောအခါမှ မထင်ခဲ့ပေ။ သူဒီလိုလုပ်ရဲရတဲ့ အကြောင်းရင်းက သူသည် ရဲခေါ်မှာမဟုတ်ဘူးဆိုတာ သူသိလို့ပင်။
သူ တွန်းချခံရသောအခါတွင် သူသည် အဲ့တာကို တွေးခဲ့သည်။ သူတို့အုတ်ဂူကို ဘယ်သူမှ မလှည်းပေးရင်တောင် သူသည် ဒီတိရစ္ဆာန်ကို ခွင့်လွှတ်နိုင်မှာ မဟုတ်ပေ။
ဝေ့ပေါင်ရှန်းက ကလေးနှစ်ယောက်ကို ကျေးဇူးတင်ဖို့ ပိုက်ဆံသုံးချင်ပေမယ့် ချောင်နှင့် ရှန်မိသားစုတို့က ငြင်းဆိုခဲ့ကြသည်။
ဤသည်မှာ သနားစရာကောင်းသော အဘိုးကြီးဖြစ်သည်။ သူ၏တစ်ဦးတည်းသောသားသည် ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူတို့သည် မှီခိုစရာလူမရှိပဲ အထီးကျန်စွာနေခဲ့ရတာနဲ့တင် လုံလောက်ပါပြီ။ အခုတော့ အဝေးက တူဖြစ်သူ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။
ဒီနေ့ တွန်းလိုက်တာကြောင့် သူ့ရဲ့ ဒဏ်ရာက မပေါ့ပေ။ သူ့ခါးကို ဆန့်လိုက်သည်။ အဲ့တာက ရက်အနည်းငယ် ကောင်းကောင်းအနားယူရမည်ဟု သူသည် ခန့်မှန်းထားသည်။ ရှန်ရှို့ခိုင်က သူ့ကို သနားစရာလို့ ခံစားပြီး သူ့ကို ပြန်လိုက်ပို့ပေးလိုက်သည်။
ဝေ့အိမ်သို့ရောက်သောအခါ ဝေ့ပေါင်ရှန်းက ကျေးဇူးတင်စကား ထပ်ပြောသည်။
မျက်လုံးစူးရှသော ချင်းရှောင်မေသည် သူ့အိမ်ဘေးတွင် ချိတ်ဆွဲထားသော ရောင်းရန်ဆိုင်းဘုတ်ကို သတိပြုမိပြီး မေးလိုက်သည်။“ဒါက ဘယ်သူ့အိမ်လဲ? ရောင်းဖို့လား?”
ဝေ့ပေါင်ရှန်းက တစ်ချက်ကြည့်ကာ သက်ပြင်းချပြီး “အိမ်က ငါ့ဥစ္စာ။ ငါတို့နှစ်ယောက်က ဒီလောက်ကြီးတဲ့နေရာမျိုးမှာ နေလို့မရဘူး။ ဒါကြောင့် ငါတို့အိမ်ရောင်းချင်တယ်။ ဒါဆို ငါတို့ပိုက်ဆံအိတ်က ပိုကျယ်လာနိုင်တယ်။”
မူလက သူ့သားကို မိန်းမတစ်ယောက်နှင့် လက်ထပ်ပြီး သူတို့ နေထိုင်ဖို့ ရည်ရွယ်ထားတဲ့ အိမ်ဖြစ်သည်။ မိန်းမတစ်ယောက်နှင့် လက်မထပ်ခင် သူ့သားလေး နေမကောင်းဖြစ်လိမ့်မယ်ဆိုတာ ဘယ်သူက သိမှာလဲ? သူသည် ဟိုးအရင်ကတည်းက အိမ်ကိုရောင်းချင်ပေမယ့် သူ့မိန်းမက မလုပ်ချင်ခဲ့ပေ။
မကြာသေးမီအချိန်ကမှ သူတို့သည် ပိုက်ဆံကုန်ပြီး အိမ်ရောင်းရန်မှလွဲပြီး တခြား ရွေးချယ်စရာမရှိခဲ့ပေ။
ချင်းရှောင်မေ - “ကျေးဇူးပြုပြီး ဆိုင်းဘုတ်ကိုဖြုတ်လိုက်ပါ။ ကျွန်မတို့ မနက်ဖြန်လာကြည့်မယ်။ ကျွန်မတို့က ချောင်မိသားစုနဲ့ အခုပဲတွေ့တာ။ သူတို့က အိမ်တစ်လုံးရှာနေကြတာ။ ဒါက သင့်တော်ရင် သူတို့ ဒါကို ဝယ်မှာပါ။”
ချောင်မိသားစုက အိမ်ဝယ်ချင်ကြောင်း ဝေ့ပေါင်ရှန်း ကြားသောအခါ သူသည် ဆုံးဖြတ်ချက်ချလိုက်ပြီးပြီ ဖြစ်သည်။ သူက ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ၊ ပြီးရင် ငါ ဆိုင်းဘုတ်ကို ဖြုတ်လိုက်မယ်။”
ဒီအိမ်ကို ဘယ်သူမှ မဝယ်ချင်ကြဘူး။ သူတို့သည်လည်း ပြီးစလွယ် မရောင်းချင်ကြပေ။
သူတို့ နှစ်ယောက်က အသက်ကြီးပြီး သားသမီး မရှိပေ။ ထုံးစံအတိုင်း သူတို့သည် အိမ်နီးနားချင်းကောင်းများ ရှိရန် မျှော်လင့်ကြသည်။ ချောင်မိသားစုကဲ့သို့ တစ်စုံတစ်ဦးကို အိမ်နီးချင်းများအဖြစ် ရရှိခြင်းသည် အကောင်းဆုံးဖြစ်လိမ့်မည်။
ချင်းရှောင်မေသည် ပြန်သွားပြီးနောက် သူမသည် အိမ်အကြောင်း ချောင်ရှို့ကျီကို ချက်ချင်းပြောပြသည်။
ချောင်ရှို့ကျီသည် အစက ထုတ်လုပ်ရေးအဖွဲ့သို့ ပြန်သွားရန် စီစဉ်ထားသည်။ အိမ်ပြဿနာကြောင့် ရှန်အိမ်တွင် တစ်ညအိပ်ပြီး မနက်ဖြန် အိမ်သို့သွားကြည့်ခဲ့သည်။ သူတို့ သဘောကျရင် ထိုအိမ်ကို သူတို့ဝယ်မည်။
နောက်တစ်နေ့တွင် သူတို့သည် အိမ်သို့ သွားကြည့်ကြသည်။ အစက ဤအိမ်ကို ဝေ့မိသားစုမှ သားဖြစ်သူအတွက် မင်္ဂလာဆောင်အိမ်အဖြစ် စီစဉ်ခဲ့ခြင်းကြောင့် အိမ်သည် လှပသည်။
တည်နေရာသည် လမ်းနှင့်အနည်းငယ်ဝေးသော်လည်း ဤနေရာသည် စားသောက်ကုန်စက်ရုံနှင့် အတော်လေးနီးသည်။ သူတို့ဝယ်ရင် ချောင်ကျန်းကျွင်းက အဲ့ဒီနေရာမှာ ရံဖန်ရံခါလာ နေနိုင်သည်။ ထို့ကြောင့် စဉ်းစားပြီးနောက် ချောင်မိသားစုက ၎င်းကိုဝယ်ရန် စီစဉ်ခဲ့သည်။
ဝေ့ပေါင်ရှန်းသည် မူလက အဆိုပါအိမ်ကို ယွမ် ၁၂၀၀ ဖြင့် ရောင်းချရန် စီစဉ်ထားသည်။ မနေ့က သူ့ကို ကယ်တင်ခဲ့တဲ့ သာ့ချောင်ကို ကျေးဇူးတင်မိတာကြောင့် ယွမ် ၈၀၀ သာ လိုချင်ခဲ့သည်။
မြို့ထဲမှာ အိပ်ခန်းသုံးခန်းနှင့် ခြံသေးသေးလေးဝယ်ဖို့ ယွမ် ၈၀၀နှင့် ဝယ်ရတာ အရမ်းတန်သည်။ ရှန်မိသားစုပင်လျှင် ချောင်မိသားစု၏ ကံကောင်းခြင်းအတွက် သက်ပြင်းချခဲ့ရသည်။
ချောင်ရှို့ကျီက ဝေမိသားစုကို ငွေပေးချေပြီးနောက် အိမ်ပြောင်းရန် နှစ်ရက်အတွင်း ပြန်လာမည်ဟု ပြောသည်။ ထို့နောက် ရှန်မိသားစုကို နှုတ်ဆက်ပြီး ထုတ်လုပ်ရေးအဖွဲ့သို့ ပြန်သွားကြသည်။
ချောင်အိမ်သို့ ပြန်ရောက်သည်။
ချောင်မိသားစုက အားလုံးသည် အဖြစ်အပျက်ကို သိပြီးတဲ့အခါ အဲ့တာက ပုံပြင်တစ်ပုဒ်ကို နားထောင်ရသလိုပင် ဖြစ်ပြီး ခဏခဏ ထိတ်လန့်စွာ သက်ပြင်းချမိကြသည်။
ချောင်ကျန်းမင်က မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။ “အမေ၊ ဒါဆို ဟုန်းမေက သားညီမ မဟုတ်တော့ဘူးပေါ့ ”
ချောင်ရှို့ကျီက ခေါင်းညိတ်ပြီး “ဟုတ်တယ်။ ငါတို့ သူနဲ့ ငါတို့ရဲ့ ဆက်ဆံရေးကို ဖြတ်လိုက်ပြီ။ နောင်မှာ သူပြန်လာရင် မင်း သူ့ကို တိုက်ရိုက် မောင်းထုတ်နိုင်တယ်!”
ဟုန်းမေရဲ့ စရိုက်ကြောင့်သာ မဟုတ်ရင် သူမကို အချိန်ဘယ်လောက်ကြာအောင် ထည့်သွင်းစဉ်းစားပြီး သူမသည် သေချာပေါက် ခံစားချက် မကောင်းမလဲ မသိပေ။ သူ့ကိုယ်သူသာ အပြစ်တင်နိုင်သည်!
ချောင်ကျန်းမင်က ရွှင်မြူးစွာ မှတ်ချက်ချခဲ့သည်။ "ကောင်းလိုက်တာ၊ ငါအရင်က သူ့မှာ ဘာလို့ ဒီလို အကျင့်စရိုက်ရှိလဲဆိုတာ အံ့ဩခဲ့တာ။ သူက ငါတို့ ချောင်မိသားစုမှ လုံးဝမဟုတ်ဝာာကို!”
ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့ ဝမ်းနည်းသွားမှာ စိုးလို့ ဘယ်သူမှ အလဲအလှယ်ခံခဲ့ရတဲ့ ကလေးအကြောင်းကို မပြောခဲ့ပေ။
ကောင်းကင်က မျက်လုံးဖွင့်ပြီး တစ်နေ့ဆုံတွေ့ခွင့်ရဖို့ လူတိုင်းက မျှော်လင့်ရုံပဲရှိသည်။
ချောင်ကျန်းကော်သည် ဟုန်းမေက သူ့ညီမ ဟုတ်မဟုတ် ဂရုမစိုက်ပါ။ သူ့မိဘတွေ ပြန်ရောက်တာနှင့် ဘိုးဘွားတွေကို ကျွေးမွေးပြုစုသလို အဝတ်စနဲ့ စက်ဘီးကို ချက်ချင်း သုတ်လိုက်သည်။
ချောင်ကျန်းကော်မှာ တခြားအရည်အချင်းတွေ မရှိပေ။ သို့သော် သူသည် အလွန်လျင်မြန်စွာ စက်ဘီး စီးတတ်ရန် သင်ယူနိုင်သည်။ သုံးရက်မပြည့်ခင်မှာပဲ သူသည် အဲ့တာကို ဆုပ်ကိုင်လိုက်မိသည်။
ဝမ်ချွမ်ကျီက သူမကို ထုတ်လုပ်ရေးအဖွဲ့ကို မောင်းပို့ဖို့ သူ့ယောင်္ကျားကို ချက်ချင်း တောင်းဆိုလိုက်သည်။
လူတွေက တကယ်ကို မနာလိုခဲ့ကြပေ!
ဝမ်ချွမ်ကျီသည် စက်ဘီးနောက်ဘက်တွင် ထိုင်ကာ အကျင့်မကောင်းစွာ ရယ်မောလိုက်သည်။ နောင်အခိုက်အတန့်မှာ ပျော်ရွှင်မှုက မွေးဖွားလာမယ်ဆိုတာ ဘယ်သူသိမှာလဲ။
သူမသည် မေးရိုးတွေ အဆစ်လွဲသွားသည်ထိ အရမ်း ရယ်မောခဲ့သည်။