← Chapters

အခန်း (၁၇၇)

Vol. 14 Ch. 177

အခန်း (၁၇၇)

Vol. 14 Ch. 177

ထိုအချိန်တွင် ဝမ်ချွမ်ကျီသည် အနောက်ဘောင်ပေါ်တွင် ထိုင်နေသည်။ သူမ၏ ပါးစပ်သည် နားကို တက်ချိတ်မလို ပြုံးကာ "အိုး၊ စက်ဘီးစီးရတာက မတူဘူး။ လေတိုက်တဲ့အခါ အေးစိမ့်စိမ့်နဲ့။ တစ်ခုခုနဲ့ တူနေသလို ခံစားရတယ်... ဟုတ်တယ်၊ ကောင်းကင်ကို တက်သွားသလိုပဲ!"

လူတိုင်း - "..."

အဲဒါက ချဲ့ကားတာလား?

ဝမ်ချွမ်ကျီ ဟန်ဆောင်နေတယ်ဆိုတာကို လူတချို့က သိကြပါသည်။ သို့တိုင် သူတို့ မနာလို မဖြစ်ဘဲ မနေနိုင်ကြပေ။ “အကြီးဆုံး ချောင်ရဲ့ ဇနီး၊ ကောင်းကင်ဘုံကို သွားရတဲ့ ခံစားချက်ကို ငါ ခံစားလို့ရမလား?”

ဝမ်ချွမ်ကျီ၏ မေးစေ့သည် ကောင်းကင်ပေါ်သို့ တက်သွားတော့မလို့ ဖြစ်ပြီး “ဒါပေါ့... နင် မလုပ်နိုင်ဘူး! ငါ ထိုင်ရတာ မဝသေးဘူး။ ဒီလို ပျံသန်းနေတဲ့ ခံစားချက်... ဟားဟား… နင် နားမလည်နိုင်ဘူး... ဟားဟားဟား…”

သူမသည် ရယ်မောကာ ပြန်ပြီး ငိုကြွေးနေပြန်သည်။

လူတိုင်း - "..."

သူမသည် ဘာကြောင့် ဝမ်းနည်းပြီး ထအော်တာလဲ?

ချောင်ကျန်းကော်က စက်ဘီးကို နင်းရင်း သက်ပြင်းချလိုက်ပြီး “မိန်းမရယ်၊ မင်းကြိုက်ရင် ရယ်လိုက်ပါ။ မင်းဘာလို့ ဝက်ကို သတ်သလို အော်နေရတာလဲ? ထုတ်လုပ်ရေးအဖွဲ့က မင်းကို ဝက်သတ်သမားဝမ်လို့ ခေါ်ချင်တာ အံ့သြစရာမရှိပါဘူး။”

ဝမ်ချွမ်ကျီက နာကျင်စွာ ရှိုက်ရင်း “ကျန်း‌ကော်…ငါ့ မေးရိုးတွေ ရယ်လိုက်တာ ပြုတ်ကျသွားပြီ..."

ချောင်ကျန်းကော်သည် သူ့ဇနီး၏ဆိုလိုရင်းကို နားမလည်ဘဲ ခဏတာ အံ့အားသင့်သွားကာ “မိန်းမ ငြိမ်ငြိမ်နေပါ။”

ဝမ်ချွမ်ကျီ၏ မျက်ရည်များ ကျလုနီးပါး ဖြစ်နေပြီး " နာ့…ငါ့ အာ ပြုတ်ကျသွားပြီ!"

သူမ ပြောပြီးသည်နှင့် သူမသည် ကလေးတစ်ယောက် ခေါ်သံကြားလိုက်ရသည် "ကြည့်စမ်း။ ဝက်သတ်သမားဝမ်က သွားရည်ကျနေတယ်!"

လူတိုင်း၏ မျက်လုံးများသည် ဝမ်ချွမ်ကျီ၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။

သူတို့ မကြည့်လိုက်ရင် ကောင်းသည်။ အခုတော့ သူတို့လုပ်လိုက်တာ လန့်သွားသည်။

ဝမ်ချွမ်ကျီလည်း သွားရည်ကျနေသည်။ သူမ၏ မျက်နှာတစ်ခုလုံးသည် သုံးပုံတစ်ပုံခန့် ရုတ်တရက် ရှည်လာသည်။

သေစမ်း၊ ဘာဖြစ်နေတာလဲ?

အဘိုးကြီး တစ်ယောက်က ပြောလိုက်သည်။ “ဒါက အရမ်း ရယ်လွန်းလို့ သူ့မေးစေ့ ပြုတ်ကျသွားတာ!”

လူတိုင်း - "..."

ချောင်ကျန်းကော်သည် လူတိုင်း၏ မှတ်ချက်များကြားရပြီး ဇနီးသည်က သူ့ခါးကို နှောင့်ယှက်နေသဖြင့် ရပ်တန့်လိုက်ရသည်။

သူက နောက်ပြန်လှည့်ကြည့်ကာ ခွေးတစ်ကောင်လို ရယ်သည်။ “ဟားဟား... မိန်းမ၊ မင်း မေးစေ့က ဘာဖြစ်နေတာလဲ? မင်းက ထုတ်လုပ်ရေးအဖွဲ့က ရူးနေတဲ့ မိန်းကလေးနဲ့တူတယ်။ မင်း သွားရည်တွေ ကျနေတုန်းပဲ!”

ဝမ်ချွမ်ကျီက သူ့ကို သတ်ပစ်ဖို့ နှလုံးသား ရှိသည် - "..."

ထုတ်လုပ်ရေးအဖွဲ့က မျောက်တွေကို ကြည့်နေသလို ဝိုင်းဖွဲ့နေကြသည်။

“သေစမ်း ရယ်တာကနေ မေးရိုးတွေ ပြုတ်ကျသွားနိုင်တယ်ဆိုတာ ငါ့ဘဝမှာ ဒါပထမဆုံးအကြိမ် သိလိုက်ရတာပဲ!”

“ငါရောပဲ! အကြီးဆုံး ချောင်ရဲ့မိန်းမ၊ မင်းပါးစပ်ကိုပိတ်လို့မရဘူး မဟုတ်လား?”

“စကားတွေ ဖြုန်းတီးနေတာပဲ။ သူ လုပ်နိုင်ရင် သူက အရူးတစ်ယောက်လို သွားရည်ကျ‌မှာလား?”

"ဟားဟား အကြီးဆုံး ချောင်ရဲ့ ဇနီး အပြုအမူက ထုတ်လုပ်ရေးအဖွဲ့က ရူးနေတဲ့ မိန်းကလေးထက်တောင် ပိုမိုက်ပါတယ်။ ငါ ရယ်သေတော့မယ်!"

ဝမ်ချွမ်ကျီသည် နာကျင်မှု၊ ဒေါသနှင့် ရှက်ရွံ့မှုတို့ဖြင့် နစ်မြုပ်နေခဲ့သည်။ သူမသည် စကားပြောချင်ပေမယ့် ပါးစပ်ကိုဖွင့်လိုက်တာနဲ့ တံတွေးတွေ ပိုထွက်လာသည်။ ထို့အပြင် သူမ၏ နဖူးနှစ်ဖက်မှာ နာကျင်နေသည်။

အရင်တုန်းက ဒီလိုပဲ အဘိုးကြီး တစ်ယောက် ဖြစ်ခဲ့သည်။ သူက ချောင်ကျန်းကော်ကို ပြောလိုက်သည်။ “အကြီးဆုံး ချောင် ရယ်မနေနဲ့။ မင်းမိန်းမရဲ့ မေးစေ့ကို သူ့နေရာ သူဖြစ်အောင် လုပ်ရအောင်!”

ချောင်ကျန်းကော် - "ဆေးရုံသွားစရာ မလိုဘူးလား?"

အဘိုးကြီးက ဉာဏ်ရှိစွာ ပြောလိုက်သည်။  "မလိုဘူး၊ မလိုဘူး။ လက်တစ်ဖက်က သူ့ခေါင်းကို ဖိထားလိုက် နောက်လက်တစ်ဖက်က မေးစေ့ကို ကိုင်ထား။ ပြီးတော့ အဲ့တာကို ခက်ခက်ခဲခဲ မြှောက်လိုက်။ ဒါက အရမ်းရိုးရှင်းတယ်။"

ဇနီးဖြစ်သူ၏ အသွင်အပြင်ကို ကြည့်ရင်း ချောင်ကျန်းကော်က အူမြူးကာ ပြောလိုက်သည်။ "မိန်းမ မင်း မေးစေ့ကို ငါ နေရာတကျ ပြန်ထားပေးပါ့မယ်။ မင်းက ငါ့ကို ရယ်ပြီး သေအောင်လုပ်လိမ့်မယ်!"

အဆစ်လွဲနေသော မေးစေ့နဲ့ ဝမ်ချွမ်ကျီ - "..."

သူမသည် သူ့ကို ဒေါသထွက်သွားသည်။ သူမ ဘယ်လိုယောင်္ကျားမျိုးနဲ့ လက်ထပ်ခဲ့တာလဲ?

အဘိုးအို ပြောသည့်စကားအတိုင်း ချောင်ကျန်းကော်က လက်တစ်ဖက်ကို ခေါင်းပေါ်တင်ကာ နောက်တစ်ဖက်က မေးစေ့ကို တင်းတင်းကိုင်ထားပြီး ခက်ခက်ခဲခဲ ဖိချလိုက်သည်…

“အားးး...

ဝမ်ချွန်ကျီက နာကျင်စွာ အော်ဟစ်လိုက်သည်။ အနီးနားရှိ ငှက်များသည် ကြောက်လန့်တကြား ပျံတက်ကုန်ကြသည်။

အားလုံးက အဲ့တာကို မြင်သောအခါ အံ့အားသင့်သွားပြန်သည်။

ဝမ်ချွမ်ကျီ၏ မေးစေ့သည် နေရာတကျ ပြန်ဖြစ်သွားရုံသာမက ကောက်ကွေးသွားသည်။

အဘိုးအို ပြောခဲ့တဲ့နည်းလမ်းက တကယ်ထိရောက်သည်။ သို့သော် ချောင်ကျန်းကော်က အင်အားသုံးလိုက်သောအခါ ဝမ်ချွမ်ကျီသည် ရုတ်တရက် အော်လိုက်သည်။ သူ လန့်သွားပြီး သူ့လက်ရဲ့ ဦးတည်ရာက လွဲသွားသည်။

ထို့ကြောင့် ဝမ်ချွမ်ကျီ၏ မေးစေ့တစ်ဖက်သည် အဆင်ပြေသွား သော်လည်း ကျန်တစ်ဖက်မှာ ပွင့်နေဆဲဖြစ်သည်။ မျက်နှာတစ်ပြင်လုံး ရှည်ရုံသာမက ကောက်ကွေးလာသည်။

အေးခဲသွားပြီး ချောင်ကျန်းကော်က ခွေးတစ်ကောင်လို ရယ်ပြန်သည်။ “မိန်းမ မင်းမျက်နှာက အရိုက်ခံရတဲ့ မြည်းရဲ့မျက်နှာနဲ့တူတယ်။ ဟားဟား၊ ငါရယ်ရတာ ဗိုက်နာတယ် ..”

လူတိုင်း - "..."

ပုံစုံက အရမ်းဆင်တူပေမယ့် သူ့ ယောင်္ကျားက ဒီလိုရယ်တာ တကယ်ကောင်းလား?

ဝမ်ချွမ်ကျီ - "..."

သူမ အသက်ရှုရပ်လုနီးနီး နေရာကို ကျော်သွားခဲ့သည်။

နောက်ဆုံးမှာတော့ ချောင်ကျန်းကော်က သူမကို ကျန်းမာရေးဆေးခန်းကို ပို့ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။ ဆရာဝန်၏ ကျွမ်းကျင်သော နည်းပညာဖြင့် ဝမ်ချွမ်ကျီ၏ မေးစေ့ကို နေရာပြန်ချထားခဲ့သည်။

သူမသည် မေးစေ့နာလို့ ငိုချင်နေခဲ့သည်။ “ဒေါက်တာ အဲ့တာက နေရာပြန်ကျသွားတာတောင် ကျွန်မက ဘာလို့ နာကျင်နေသေးတာလဲ?”

ဆရာဝန် - "နာကျင်မှုက ပုံမှန်ပါပဲ။ အခု နာကျင်ရုံတင်မကဘဲ တစ်လလောက် နာကျင်ရလိမ့်မယ်!"

ဝမ်ချွမ်ကျီက အံ့သြသွားသည်။ သူမ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ပြောလိုက်သည်။ “ဘာ? တစ်လလောက် နာကျင်နေရမယ်… အာ့... အဲ့တာက သေလောက်အောင်နာတယ်!”

ဆရာဝန်က ကြိမ်းမောင်းလိုက်သည်။ “မင်း မသက်သာချင်ဘူးလား? မင်းပါးစပ်ကို ကျယ်ကျယ် ဖွင့်ရဲသေးတာလား? မင်း မေးစေ့ကို ထပ်ပြုတ်ချင်သေးတာလား? ငါ မင်းကိုပြောနေတာ မင်း နောင်မှာ သတိထားရမယ်။ အသံကျယ်ကျယ်နဲ့ မရယ်နိုင်တာတင် မဟုတ်ဘူး သမ်းတဲ့အခါလည်း ပါးစပ်ကို အရမ်းမဖွင့်ပါနဲ့။ မာတဲ့အစားအစာတွေ စားလို့မရဘူး။ အဲ့တာက ညဘက် အရမ်းနာရင် အဲ့ပေါ် မျက်နှာသုတ်ပုဝါ နွေးနွေးလေး အုပ်ထား!”

ဝမ်ချွမ်ကျီ၏ အတွေးတွေအားလုံးသည် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

တစ်လလောက် နာကျင်ရုံသာမက အများကြီးမစားနိုင်ပေ။ သမ်းရင်တောင် သတိထားရမည်။ သူမ အသက်ရှင်ရခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲ?

ချောင်ကျန်းကော်က ရွှင်မြူးစွာ ပြန်သွားပြီး သူ့မိန်းမ မေးရိုး ပြုတ်ကျနေတဲ့ အကြောင်း ချောင်မိသားစုကို ပြောပြသည်။ ချောင်မိသားစုသည် စကားမပြောနိုင်ခဲ့ပေ။

တစ်စုံတစ်ယောက်သည် ရယ်မောခြင်းကြောင့် မေးစေ့ပြုတ်ကျတာကို သူတို့လည်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။ ဒီလိုကိစ္စမျိုးက ဝမ်ချွမ်ကျီအတွက်သာ ဖြစ်နိုင်ပါသည်။

ထိုညနေခင်းတွင် ဝမ်ချွမ်ကျီသည် ထမင်းရည်သောက်ပြန်သည်။ ဒီတစ်ခါက သူမ ကိုယ်ဝန်ရှိတုန်းကထက် ပိုဆိုးသည်။ ထိုအချိန်တုန်းက သူမသည် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို စားနိုင်သည်။ ဒါပေမယ့် အခု အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေတောင် မစားနိုင်တော့ပေ။

ဝမ်ချွမ်ကျီ - ဘဝက သေတာထက်တောင် ဆိုးသည်။

နောက်နှစ်ရက်အကြာတွင် ရွှယ်ချွမ်သည် ချောင်ရှို့ကျီကို မြို့ထဲသို့ ခေါ်သွားပြီး အိမ်ဝယ်သည်။

တစ်အိမ်လုံးနှင့် အခြားကုန်ကျစရိတ်များသည် စုစုပေါင်း ယွမ် ၈၂၀ အထိ ရှိလာခဲ့သည်။ သို့သော် ချောင်ရှို့ကျီက ယွမ် ၅၀၀ သာ ကုန်ကျကြောင်း အခြားသူများအား ပြောပြခဲ့သည်။

အပိုငွေ ယွမ် ၃၀၀ သည် သူမနှင့် ရွှယ်ချွမ်၏ သီးသန့်ငွေ ဖြစ်သည်။ သူတို့သည် သာ့ချောင်ကို တိတ်တဆိတ် ကူညီခဲ့သည်။ သာ့ချောင်၏ မိဘများပင် ထိုအကြောင်းကို မသိခဲ့ပေ။ ချောင်မိသားစုက စျေးကြီးကြီး အကျိုးအမြတ်တစ်ခု ရနေပြီလို့ လူတိုင်းက ထင်နေကြသည်။

အားလပ်ချိန်ရောက်သောအခါ ချောင်မိသားစုအားလုံးသည် အသစ်ဝယ်ထားသောအိမ်တွင် အိမ်တက်ပါတီပွဲအတွက် မြို့သို့သွားကြသည်။

ဒါက သာ့ချောင်သည် သူ့အိမ်ကို ပထမဆုံးမြင်ဖူးတာ ဖြစ်သည်။

အိမ်က အရမ်းမကြီးပေ။ စုစုပေါင်း အခန်းသုံးခန်းနှင့် ခြံငယ်တစ်ခုရှိသည်။ သူတို့သည် အရင်က ပြုပြင်မွမ်းမံခဲ့ရုံသာမက နေ့တိုင်းအိမ်ကို သန့်ရှင်းရေးလုပ်ခဲ့သည်။ တစ်အိမ်လုံးက လုံးဝသစ်နေသည်။

ထို့အပြင် ဝေမိ့သားစုမှ အဘိုးအဘွား နှစ်ဦးသည် အိမ်ကို အလွန်မြတ်နိုးသည်။ သူတို့သည် ငှားဖို့ တွန့်ဆုတ်နေရုံသာမကဘဲ နေ့တိုင်း သန့်ရှင်းရေးလုပ်ဖို့လည်း လာကြသည်။ ဒါကြောင့် အိမ်ကို ကောင်းကောင်းထိန်းသိမ်းခဲ့သည်။

ခြုံပြောရရင် ဒီအိမ်ကို ဝယ်ရတာ အရမ်းကောင်းသည်။

ဝမ်ချွမ်ကျီသည် သူ့သမီးငယ်လေးကို ချီထားသည်။ သူမ မျက်လုံးများသည် လှည့်ပတ်ကြည့်နေသည်။ သူမရဲ့နှလုံးသားက ရှာလကာရည်နဲ့ ပွက်ပွက်ဆူနေပြီး “ကျွတ်စ် ကျွတ်စ် ကျွတ်စ်၊ ဒီလိုကောင်းတဲ့အိမ်က ယွမ်ငါးရာပဲရှိတယ်။ သာ့ချောင် နင်က တကယ်ကို ကြွက်သေတွေရှိ ဝင်တိုးတဲ့ မျက်မမြင် ကြောင်လိုပဲ။ စျေးကြီးကြီးအရာတစ်ခုကို ကောက်ရလိုက်တာ!”

ချောင်မိသားစု - “...”

ဝေ့မိသားစုမှ အဘိုးအဘွား နှစ်ယောက် - "... " သူတို့က ဘယ်လိုလုပ် ကြွက်သေတွေ ဖြစ်ကုန်တာလဲ?

ဝမ်ချွမ်ကျီသည် အခြားသူများ၏ အပြုအမူကို သတိမထားမိပေ။ ဝေ့မိသားစုရဲ့ အဘိုးအဘွားတွေကို လှည့်မေးလိုက်သည်။ “ရှင့် ဘေးက အိမ်ကိုရောင်းချင်လား? ကျွန်မ ရှင်တို့ဆီက ယွမ်ငါးရာနဲ့ ဝယ်မယ်!”

ဝေ့မိသားစု၏ သက်ကြီးရွယ်အို နှစ်ယောက် -  "..."

ဘေးအိမ်ကို ရောင်းရင် သူတို့က လမ်းပေါ်မှာ အိပ်ရမှာလား?

ပြီးတော့ သူမဟာ ဘေးက အိပ်ခန်းလေးခန်းအပြင် ခြံကြီးတစ်ခုကို ယွမ် ၅၀၀နှင့် ဝယ်ချင်နေသည်။ သူမတကယ်အိပ်မက်မက်နိုင်သည်!

ချောင်ကျန်းကော် - "မိန်းမ၊ ယွမ်ငါးရာကို ဘယ်ကရမှာလဲ? မင်း စကားနည်းတာ ပိုကောင်းပါတယ်။ မင်း မေးရိုးပြန်ကျသွားမယ် သတိထား၊ ဟားဟားဟား..."

ဝမ်ချွမ်ကျီ၏ မျက်နှာသည် နီလိုက် ဖြူလိုက် ဖြစ်နေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ ယောင်္ကျားသည် ထိုကိစ္စကို နေ့တိုင်းလိုလို လှောင်ပြောင်နေခဲ့သည်။ ဒီအခက်အခဲကို သူ မကျော်ဖြတ်နိုင်ဘူးလား?

ချောင်ရှို့ကျီသည် ထိုတုံးအသော သားနှင့် တုံးအသောချွေးမကို ကြည့်ရန် ပျင်းလွန်းလှသည်။ သူမသည် အိမ်သုံးပစ္စည်းများဝယ်ရန် ရွှယ်ချွမ် နှင့်အတူ ကုန်တိုက်သို့သွားခဲ့သည်။ ဝေ့မိသားစုသည် ပရိဘောဂအချို့ ပေးသော်လည်း အိုးနှင့် ဒယ်အိုးကဲ့သို့သော ပစ္စည်းများကိုသာ ဝယ်ရသေးသည်။

အိမ်မှာရှိတဲ့ အရာတော်တော်များများက မပြည့်စုံပေ။ ထို့ကြောင့် နေ့လည်စာ စားချိန်ရောက်သောအခါ ချောင်ရှို့ကျီ သည် မူလက လူတိုင်းကို "ဇိမ်ခံ" ခရီးစဉ်အတွက် အစိုးရပိုင် စားသောက်ဆိုင်တစ်ခုသို့ ခေါ်သွားချင်ခဲ့သည်။ သို့သော်လည်း ဝေ့မိသားစုက သူတို့ရှိမှာ စားစေချင်ခဲ့သည်။

ဝေ့မိသားစုသည် ဧည့်ဝတ်ကျေသည်။ ချောင်ရှို့ကျီက မငြင်းနိုင်ပေ။ ထို့ကြောင့် သူ့မြေးအကြီးဆုံး ချောင်တုန်းဟယ်ကို ကူညီရန် မီးဖိုချောင်သို့ မခေါ်မီ သူ့သားအကြီးဆုံးကို အသားနှင့် ဟင်းသီးဟင်းရွက်များ ဝယ်ခိုင်းလိုက်သည်။

ဝေ့ရဲ့အိမ်က တက်ကြွခြင်းမရှိတာ ကြာပြီဖြစ်သည်။ သူတို့သားလေး ဆုံးပြီးကတည်းက မိသားစုတွေ ပြိုကွဲသွားသည်။ သူ့သားသေဆုံးမှုကြောင့် ဝေ့ပေါင်ရှန်း၏ဇနီး အဘွားကြီး လော့သည် ပို၍ပင်နာမကျန်းဖြစ်ပြီး နှစ်အနည်းငယ်ကြာအောင် အိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့ရသည်။

ချောင်မိသားစု ရောက်ရှိလာခြင်းကြောင့် သူမသည် စိတ်အားထက်သန်စွာ ထမင်းပန်းကန်တစ်ဝက်ကို စားကာ အချိန်အတော်ကြာ ထိုင်နိုင်ခဲ့သည်။

အဘိုးဝေ့နှင့် အဘွား‌လော့တို့သည် ထိုအိမ်ကို ဈေးသက်သက်သာသာဖြင့် ရောင်းချခဲ့သည်ကို သာ့ချောင်သိသည်။ သူမသည် သူတို့ကို အရမ်းကျေးဇူးတင်သည်။ လူတိုင်းက ဂရုမစိုက်သောအခါ သူမသည် အဘွားလော့ သောက်နေတဲ့ ရေထဲတွင် ကျောက်စိမ်းပုတီးနှစ်လုံးကို ပစ်ချလိုက်သည်။

ထို့အပြင် သူမသည် သူတို့အတွက် နှင်းဆီခြောက်နှင့် စံပယ်ပန်းများ ယူဆောင်လာခဲ့သည်။ ထိုရနံ့ပါသော လက်ဖက်ရည်နှစ်မျိုးကို ချက်စားတာက ကျန်းမာရေး ထုတ်ကုန်တွေကို စားတာထက် ပိုထိရောက်သည်။

ဝေ့ပေါင်ရှန်းက ဒီကောင်မလေး သာ့ချောင်ကို အရမ်းသဘောကျသည်။ သူ့သား မသေရင် သူ့မြေးက ဒီအရွယ်ပဲ ရှိလိမ့်မည်။

သာ့ချောင်က သူတို့အတွက် လက်ဆောင်ပေးတာကိုမြင်တော့ အရမ်းစိတ်လှုပ်ရှားသွားပြီး မျက်ရည်တွေကို တိတ်တိတ်လေး သုတ်လိုက်သည်။ “ကောင်းတာပေါ့ ကလေး၊ ဒီပန်းတွေကို မင်းကိုယ်တိုင် စိုက်ထားတာလို့ ငါကြားတယ်။”

သာ့ချောင်က ဂုဏ်ယူစွာ ရင်ဘတ်ကို ဖွဖွထုရင်း “သမီး ကိုယ်တိုင် စိုက်ထားတာ။ အဘိုး‌ဝေ့ ကြိုက်လား? အဘိုးကြိုက်ရင် နောက်ခါကျ သမီး ပန်းအချို့ကို ပွားပေးမယ်။”

ဝေ့ပေါင်ရှန်းက ခြံထဲမှာ ပန်းတွေစိုက်တာ ကောင်းမယ်လို့ ခံစားရသည်။ အခုမြင်လိုက်တာနဲ့ စိတ်အခြေအနေက ပိုကောင်းလာပြီး သူသည် အဘွားကြီးကို ရေလောင်းခိုင်းလို့ရသည်။ အဲ့တာက သူမ၏ ခန္ဓာကိုယ်အတွက် ကောင်းမွန်စေမည်။ ဒါနဲ့ သူက ခေါင်းညိတ် သဘောတူလိုက်သည်။

အဘွားကြီး လော့ကလည်း သာ့ချောင်ကို အရမ်းသဘောကျသည်။ သူမကို လက်မောင်းထဲတွင် ပွေ့ထားပြီး သူမ၏ နူးညံ့သော မျက်နှာကို ကြမ်းတမ်းသော လက်များဖြင့် ထိထားသည်။ သူမ နှလုံးသားထဲတွင် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း နှစ်မျိုးလုံး ခံစားရသည်။

သူမ ခင်ပွန်းနှင့် အတွေးတူပြီး သေသွားတဲ့ သူတို့ရဲ့ သားကို ပြန်သတိရမိသည်။ ချောင်မိသားစုက မြို့ကို မြန်မြန်ပြောင်းဖို့ သူမ တကယ်ပဲ မျှော်လင့်ခဲ့သည်။

ချောင်မိသားစုဟာ ခဏတာနေဖို့ပဲ လာတာ ဖြစ်သည်။

ပထမကတော့ ချောင်ကျန်းကျွင်းရဲ့ အလုပ်က မတည်ငြိမ်သေးပေ။ ဒုတိယအနေနဲ့က လင်းဟွေ့သည် မွေးတော့မည်။ သူ ဒီကိုပြောင်းလာခဲ့ရင် ကလေးလေးယောက်ကို သူ့ဘာသာသူ ပြုစုရလိမ့်မည်။ သေချာပေါက် သူ့ဘာသာသူ ထိန်းနိုင်မှာ မဟုတ်ပေ။

ထို့ကြောင့် မြို့သို့ပြောင်းရန်ကိစ္စသည် နောက်ပိုင်းတွင် ရွှေ့ဆိုင်းထားနိုင်သည်။ ကံကောင်းထောက်မစွာ ဖန်းရှောင်ကျွမ်းနှင့် ရှောင်ချောင်တို့သည် ထုတ်လုပ်ရေးအဖွဲ့တွင် မရှိတော့ပေ။ ဒါကြောင့် နောက်မှရွှေ့ရင်လည်း ကိစ္စမရှိပေ။

နေ့ခင်းဘက် ရှောင်မိသားစု ပြန်ခါနီးအချိန်မှာ ဝေ့ပေါင်ရှန်းက သူတို့ကို လမ်းရဲ့ အပေါက်ဝထိ လိုက်ပို့ပေးသည်။ သူသည် ခွဲခွာရန် တွန့်ဆုတ်နေသဖြင့် လူအများကို အလွန်ဝမ်းနည်းစေသည်။

ချောင်ကျန်းကော်သည် လင်းဟွေ့နှင့် သူမ၏ ဗိုက်ကြီးကြီးကိုတင်၍ စက်ဘီးနင်းနေသည်။ ကျန်တဲ့လူတွေက ထုတ်လုပ်‌ရေး အဖွဲ့ဆီ ဖြည်းဖြည်းချင်း ပြန်သွားကြသည်။

All Chapters