← Chapters

အခန်း (၁၇၈)

Vol. 14 Ch. 178

အခန်း (၁၇၈)

Vol. 14 Ch. 178

ရွာထဲရောက်တာနဲ့ တစ်စုံတစ်ယောက်က လာပြောသည်။ "သြော် နင်တို့တွေ နောက်ဆုံးတော့ ပြန်လာပြီပေါ့။ နင်တို့ ဟုန်းမေ မနက်ထဲက ရောက်လာပြီး တံခါးဝမှာ အကြာကြီးစောင့်နေတယ်။ နင်တို့ ပြန်သင့်တယ်!"

ဒါကိုကြားတော့ ချောင်မိသားစုအားလုံးက ယင်ကောင်တွေကို အစာကျွေးသလိုမျိုး (ရွံစရာ) ဖြစ်သွားသည်။

ချောင်အိမ်ဟောင်းကို ပြန်ရောက်တော့ ချောင်ဟုန်းမေနှင့် သူမရဲ့သမီးလေးယောက်ဟာ ချောင်အိမ်တံခါးဝမှာ အတန်းလိုက်ထိုင်နေတာကို တွေ့လိုက်ရသည်။

"အဖေ၊ အမေ နောက်ဆုံးတော့ ပြန်လာကြပြီ။" ချောင်ဟုန်းမေသည် ခြေသံများကို ကြားလိုက်ရသည်။ သူမက ခေါင်းကို မော့ပြီး ချောင်မိသားစု ပြန်လာသည်ကို တွေ့လိုက်သောအခါ ချက်ချင်း ပြေးသွားခဲ့သည်။

ချောင်ရှို့ကျီသည် လင်းဟွေ့၏ ဗိုက်ကို ဝင်မတိုက်မိစေရန် တားဆီးလိုက်သည်။ သူမက အေးစက်စွာ ပြောလိုက်သည်။ "ငါမင်းကို နောက်ဆုံးအကြိမ်တုန်းက ရှင်းရှင်းလင်းလင်း ပြောပြီးပြီ။ မင်း ဒီမှာ ဘာလုပ်နေတာလဲ?"

ချောင်ဟုန်းမေသည် အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ မျက်ရည်များကို သုတ်လိုက်သည်။ ပထမတော့ သူမမှာ မျက်ရည်တစ်စက်မှမရှိပေမယ့် သုတ်ပြီးတာနဲ့ ရေပိုက်ကိုဖွင့်ထားသလိုမျိုး မျက်ရည်တွေ စီးကျလာသည်။

သူမ ငိုသည်။ "အမေ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က သမီး ပြန်တွေးကြည့် ခဲ့တယ်။ အရင်တုန်းက အမေ သမီးအပေါ် အရမ်း ကြင်နာခဲ့ပေမယ့် ဒီဝက်က မျက်စိကန်းပြီး မမြင်နိုင်ခဲ့ဘူး။ အမေ သမီးမှားမှန်း ငါပါပြီ။ သမီးကို ခွင့်လွှတ်ပါ! "

သူမပြောသလိုပဲ သမီးလေးယောက်ကို လက်ယပ်ခေါ်ပြီး "ဒီကိုလာ အဘွားနဲ့အဘိုးကို လာတောင်းပန်လိုက်!"

ရွှေပန်းလေးပွင့်ကို ကောင်းကောင်း လေ့ကျင့်ထားတာကြောင့် သူတို့အားလုံး ရှေ့ကို ပြေးလာပြီး တက်ညီလက်ညီ အော်လိုက်သည်။ "အဘွား၊ အဘိုး အမေမှားမှန်း သူသိပါပြီ။ အမေ့ကို ခွင့်လွှတ်ပါ!"

“အဘွား၊ အဘိုး ချစ်စရာလေးတွေက အဘွားတို့ကို မထားခဲ့ချင်ဘူး။ ချစ်စရာလေးတွေကို မောင်းမထုတ်ဘူး မဟုတ်လား?”

ချန်လိုင်မိန်သည် ချောင်ရှို့ကျီ၏ ပေါင်ကိုပင် ပွေ့ဖက်ထားသည်။ သာ့ချောင်၏ လေသံနှင့် စူးစူးဝါးဝါး အပြုအမူကို လုံးဝအတုယူနေသည်။

ချောင်မိသားစုမှ လူတိုင်းသည် ရွံရှာခဲ့ကြသည်။

အန်းပင်းက သူ့ခေါင်းကို ကုတ်လိုက်ပြီး "အမေ၊ ချန်အာ့မိန်က ညီမ‌လေး သာ့ချောင်ကို အတုယူနေတာလား? အဲ့တာက အရမ်းကြောက်စရာကောင်းတယ်!"

ဝမ်ချွမ်ကျီက သူမနှုတ်ခမ်းကို တွန့်ကွေးကာ လှောင်ပြောင်လိုက်သည်။ "သူက သာ့ချောင်ကို အတုယူရုံပဲ မဟုတ်လား။ သူက တုန်းရှို့ကို သနားစရာကောင်းလို့ လှောင်နေတာပဲ။ ဒါပေမယ့် တုန်းရှို့ရယ် ပိုပိုပြီးတော့ ဘာလို့ သနားစရာကောင်းလာတာလဲ ငါ နားမလည်နိုင်ဘူး?"

လူတိုင်း - "..."

အန်းပင်းသည် သူမအား ချန်အာ့မိန်ဟုခေါ်ကြောင်း ချန်လိုင်တိကြားသောအခါတွင် သူမသည် စိတ်ရှုပ်သွားသည်။ "ဘာတွေ အဓိပ္ပာယ်မရှိ ပြောနေတာလဲ? ငါ့နာမည်က ချန်လိုင်တိပါ!"

ချောင်တုန်းယင်က ရယ်ပြီး "မင်းကို ချန်အာ့မိန်လို့ ခေါ်တာ ပိုကောင်းမယ် ထင်တယ်!"

‌ချန်မိသားစု၏ သမီးလေးယောက်မှာ ချန်ကျောက်တိ၊ ချန်လိုင်တိ၊ ချန်ချိုးတိနှင့် ချန်ဟွမ်တိဟူ၍ ဖြစ်သည်။ သူတို့၏ တည်ရှိမှု ရည်ရွယ်ချက်မှာ သူတို့၏ မောင်လေးကို ခေါ်ဝေါ်ရန် ဖြစ်သည်ဟု ထင်မြင်မိသည်။

ချောင်မိသားစု၏ အကြီးဆုံးကြောင့် လေထုသည် လှုပ်ရှားသွားကာ အဲ့တာက '‌ကြေကွဲစရာ' ဖြစ်လာတော့မည် မဟုတ်ပေ။

ချောင်ဟုန်း‌မေက ဒေါသတကြီး သွားတွေ ကြိတ်ပြီး သူမသည် ထသွားကာ သူတို့ကို ပြင်းပြင်းထန်ထန် ရိုက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်သည်။

ဒါပေမယ့် သူမ မလုပ်ရဲခဲ့ပေ။

သူမသည် အသက်ပြင်းပြင်းရှူကာ မျက်လုံးတွေကို လက်ကိုင်ပုဝါနဲ့ ထပ်သုတ်ပြီး မျက်ရည်စက်လက်နဲ့ပြောခဲ့သည်။ “အဖေ၊ အမေ သမီးက အမေတို့ သမီးရင်း မဟုတ်ပေမယ့် သမီးကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပေးခဲ့တာ။ သမီးက ကျေးဇူးတင်ရမယ်။ သမီးက အမေတို့ အသက်ကြီးလာရင် ဂရုစိုက်ပေးရမယ်။ သမီးဒီလို ထွက်သွားရင် သမီးက မျက်လုံးဖြူ ဝံပုလွေ ဖြစ်သွားမှာပေါ့။”

ဝမ်ချွမ်ကျီက နှုတ်ခမ်းကို တစ်ချက်တွန့်ကာ ရေရွတ်လိုက်သည်။ "နင် အရင်က မျက်လုံးဖြူဝံပုလွေမဟုတ်သလိုပဲ ပြောလိုက်တာပဲ" 

ချောင်ဟုန်းမေက ဒေါသကြောင့် ပြုတ်ထားတဲ့ ပုဇွန်လို နီရဲပြီး "အကြီးဆုံး ယောင်းမ နင်နည်းနည်း‌လောက် စာနာပေးနိုင်မလား?"

သူမစကားမဆုံးခင်မှာ ဝမ်ချွမ်ကျီက "ဟေး ဟေး နင် ကြုံသလို စားလို့ရတယ်၊ ဒါပေမယ့် မိုက်မဲပြီး ကြုံသလို မပြောရဘူး။ ငါက နင့်ရဲ့အကြီးဆုံး ယောင်းမ မဟုတ်ဘူး။ အဓိပ္ပာယ်မရှိတာတွေ ရပ်!"

ချောင်ဟုန်းမေသည် ဒေါသစိတ်ဖြင့် တုန်လှုပ်သွားသည်။ ဝမ်ချွမ်ကျီရဲ့ ပါးစပ်က အဆိပ်ပြင်းလွန်းတာကို သူမဘာကြောင့် အရင်က မသိခဲ့တာလဲ?

ချောင်ဟုန်းမေသည် မီးခိုးငွေ့တွေ ထွက်နေတာကို မြင်လိုက်ရသည်။ ဝမ်ချွမ်ကျီက ပြန်လှည့်လာပြီး သူ့ယောက္ခမကို တိုးတိုးလေး ပြောလိုက်သည်။ "အမေ ကျွန်မရဲ့ တုံ့ပြန်မှုကို ဘယ်လိုထင်လဲ?"

ချောင်ရှို့ကျီက ပါးစပ်ကို လှုပ်လိုက်ပြီး တုံ့ပြန်လိုက်သည်။ "အရမ်းကောင်းတယ်။ နောက်ကျ  ကြက်ဥတစ်ပန်းကန် ဆုယူလိုက်!"

ဝမ်ချွမ်ကျီ၏ မျက်လုံးများသည် ညအချိန် သူခိုးကဲ့သို့ တောက်ပနေသည်။ သူမ လှည့်ကြည့်လိုက်ပြီး သူမ၏ သမီးအငယ်ဆုံးကို သမီးအကြီးဆုံးကို ပေးလိုက်သည်။ ချောင်ဟုန်း‌မေနှင့် ကောင်းကောင်း တိုက်ပွဲဝင်ဖို့ သူမ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

လူတိုင်း - "..."

ချောင်အိမ်မှာ အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်တော့ သူတို့ပတ်ဝန်းကျင်မှာ လူတွေ ချက်ချင်းစုရုံးသွားသည်။

"ဘာတွေဖြစ်နေတာလဲ? အခုဘာပြဿနာတက်နေတာလဲ?"

"ငါပြောတယ် ဟုန်းမေ မင်းဘာဖြစ်နေတာလဲ? မင်းအမေအိမ်ပြန်ရောက်တိုင်း မင်းဘာလို့ အရှုပ်‌တွေ လုပ်နေတာလဲ?"

"မှန်တယ်။ မင်းလိုသမီးမျိုး ဘယ်လို့ရှိရတာလဲ? အန်တီ ရှို့ကျီက ဒေါသအရမ်း ထိန်းနိုင်တယ်ထင်တယ် မင်းသာ ငါ့သမီးဆိုရင် ငါမင်းကို အသေရိုက်လိမ့်မယ်!"

ချောင်မိသားစုက ပိုကောင်းလာသည်။ ထို့အပြင် ချောင်မိသားစုသည် မကြာသေးမီက စက်ဘီးတစ်စီးဝယ်ခဲ့သည်။ သူတို့မရူးသရွေ့ ချောင်မိသားစုကို မစော်ကား‌နိုင်ပေ။ ထိုအခိုက်အတန့်တွင် ချောင်မိသားစုအတွက် လူတိုင်းစကားပြောရန် အစပျိုးနေကြသည်။

ချောင်ဟုန်း‌မေသည် ပါးစပ်ထဲက သွေးများထွက်လုမတတ် ဖြစ်နေသည်။ ရွာသားအားလုံးက ချောင်မိသားစုကို ကူညီလိမ့်မယ်လို့ သူမ တကယ်မမျှော်လင့်ထားပေ။

သူမသည် အသက်ပြင်းပြင်း ထပ်ရှူကာ သူမက ချောင်မိသားစု၏ သမီးမဟုတ်ကြောင်း အစပြုပြောဆိုခဲ့သည်။

သူမ မျက်ရည်တွေကို သုတ်လိုက်ပြီး "ဦးလေးတို့ အဒေါ်တို့ အားလုံးက ကျွန်မ ကြီးပြင်းလာတာကို စောင့်ကြည့်နေခဲ့ကြတာပါ။ နည်းနည်းတော့ ကျွန်မက အပြောဆိုးပေမယ့် ကျွန်မမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူး။ မိဘတွေက ကျွန်မကို ပြုစုပျိုးထောင်ဖို့ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ကြတာ။ သူတို့ အသက်ကြီးလာလို့ ကျွန်မက ပြန်ဂရုမစိုက်ရင် ကျွန်မက လူဟုတ်ပါ့မလား?"

ချောင်ဟုန်းမေသည် ချောင်မိသားစုမှ မဟုတ်ကြောင်း လူတိုင်းကြားသောအခါ သူတို့သည် တုန်လှုပ်သွားသည်။

"အရှင်ဘုရား၊ ဒီလိုမျိုးကိစ္စ ရှိသေးလား? ကလေးကို လဲလှယ်ဖို့ ဘယ်သူက အရမ်းရက်စက်ရတာလဲ?"

"အဲ့လူက မိုးကြိုးပစ်ခံရဖို့ ထိုက်တန်တယ်။ ငါ့ကလေးကို လဲလှယ်ပြီး ငါက တခြားသူကို ရှာတွေ့မယ်ဆိုရင် ငါ သူတို့ကို သတ်မှာ သေချာတယ်!"

“ငါရောပဲ။ ဟုန်း‌မေရဲ့ ပုံစံနဲ့ စရိုက်က ချောင်မိသားစုနဲ့ မတူတာ အံ့သြစရာ မရှိပါဘူး။ သူက ချောင်မိသားစုက လုံးဝမဟုတ်တာဘဲ!"

"နဂါးတွေက နဂါးတွေကို မွေးတယ်၊ ဖီးနစ်တွေက ဖီးနစ်တွေကို မွေးတယ်၊ ကြွက်တွေက လူလိမ်တွေကို မွေးတယ်လို့ ပြောကြတယ်။ ဟုန်းမေရဲ့ စိတ်နေစိတ်ထားက သူ့မိဘအရင်းလို ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွတ်စ် ကျွတ်စ် ကျွတ်စ်! သူ့ရဲ့ မိဘအရင်းတွေက ဒီလိုလုပ်ခဲ့ပြီး ဟုန်းမေက ဘယ်လိုမျက်နှာနဲ့ ချောင်မိသားစုကို လာနှောင့်ယှက်ရတာလဲ? ဒါက သူ့ကို သတ်ဖို့တွက် အရမ်းလုံလောက်တယ်!”

ချောင်ဟုန်းမေ - ?

သူမသည် ဖြောင့်မတ်သော ဒေါသစိတ်နှင့် ပြည့်နှက်နေသော ရွာသူရွာသားများကို ဖမ်းကာ ချောင်မိသားစုကိုယ်စား သူမကို လာသင်ပေးချင်သည်။ သူမသည် သူမ၏ဘဝကို သံသယဝင်လုနီးပါးပင် ဖြစ်သည်။

သူမ နောက်ထပ် အသက်ပြင်းပြင်းရှူလိုက်သည်။ သူမပြင်ဆင်ထားသလို သနားချင် ယောင်ဆောင်လိုက်သည်။ သူမသည် တစ်စုံတစ်ယောက်၏ စကားကို ပထမဆုံးကြားလိုက်ရသည်။ “အဒေါ်ရှို့ကျီ ဟုန်းမေ အိမ်ထောင်ပြုတုန်းက သူ့ကို ခန်းဝင်ပစ္စည်းအများကြီး ပေးလိုက်တယ်။ အဲ့တာတွေ ပြန်ယူမလား?”

ချောင်ဟုန်းမေ၏ နှလုံးသည် ပြုတ်ကျသွားပြီး သူမတစ်ကိုယ်လုံး တောင့်တင်းသွားသည်။

ယောက္ခမနဲ့ ယောင်္ကျားက သူမ မဟုတ်မှန်း ချောင်မိသားစု၏သမီး မဟုတ်မှန်း သိကတည်းက သူတို့သည် သူမကို အရမ်း မနှစ်သက်ကြပေ။ သူမ၏ယောက်ျားသည် ထိုခွေးမ ဝမ်နီအာနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခဲ့သည်။

သူသည် ကွာရှင်းခြင်းမပြုရန် အချိန်အတော်ကြာအောင် သူမသည် မြေကြီးပေါ်တွင် ဒူးထောက်ကာ တောင်းပန်ခဲ့သည်။ သူမသည် ချောင်မိသားစုနှင့် ပြန်လည်သင့်မြတ်ရမည်ဟု ပြောကြားခဲ့သည်။ မဟုတ်ရင် သူမကို သူသည်ချက်ချင်းကွာရှင်းလိမ့်မည်။

ချောင်မိသားစု၏ ဆက်ဆံရေးကို သူမ မပြုပြင်နိုင်ဘဲ ခန်းဝင်ပစ္စည်းကို ပြန်ထုတ်ရင် သူမယောက်ျားက သူမကို သတ်ပစ်လိမ့်မည်။

ချောင်ရှို့ကျီက အေးစက်စွာ ရယ်မောလိုက်ပြီး "နင် ငါ့ကို သတိရနေပြီလား။ အကြီးဆုံးသား ထုတ်လုပ်ရေးခေါင်းဆောင်ကို ခေါ်လိုက်..."

သူမ၏ စကားမပြီးမီတွင် ချောင်ဟုန်းမေသည် တစ္ဆေတစ်ကောင်က သူမကို လိုက်နေသလိုမျိုး လှည့်ပတ်ပြေးထွက်သွားခဲ့သည်။ သူမ သမီးတွေကို လုံးဝ စွန့်လွှတ်လိုက်သည်။

ချန် မိသားစု၏ ရွှေရောင်ပန်းလေးပွင့် - "..."

တောက်ပနေသော မျက်နှာဖြင့် ဝမ်ချွမ်ကျီ - "အမေ၊ အဲ့အတုကို ပြန်ဖမ်းစေချင်လား?"

ချောင်ရှို့ကျီက ခေါင်းခါလိုက်ပြီး "ထားလိုက်ပါ။ ဝင်ကြရအောင်။"

တကယ်တော့ သူမသည် ခန်းဝင်ပစ္စည်းကို မမေ့ခဲ့ပေ။ တမင်သက်သက် အဲ့တာကို မဖော်ထုတ်ခဲ့ခြင်းသာ ဖြစ်သည်။

ချောင်ဟုန်းမေနှင့် အဆက်အသွယ်မဖြတ်ခင် ဒီအချက်ကို သူတို့စဉ်းစားခဲ့သည်။

ခန်းဝင်ပစ္စည်းကို သူတို့ပြန်ယူရင် ချောင်ဟုန်းမေသာမက ချန်မိသားစုပါ သူတို့ကို အဆက်မပြတ် ပူနေလိမ့်မည်။ အနှောင့်အယှက် ပေးခံရခြင်းသည် အလွန်ရွံရှာဖွယ် အတွေ့အကြုံတစ်ခု ဖြစ်လိမ့်မည်။

ထို့အပြင် ရှန်မိသားစုမှတစ်ဆင့် ခန်းဝင်စာပြန်တောင်းပါက ချောင်ဟုန်းမေအနေဖြင့် စိုးရိမ်စရာမရှိပေ။ ချောင်မိသားစုက သူမကို နှင်ထုတ်ရင်တောင် အသုံးမဝင်ပေ။

သန့်ရှင်းမှုကို ဝယ်ဖို့ ပိုက်ဆံလည်း သုံးနိုင်သည်။

ဤအချိန်ပြီးရင် ချောင်ဟုန်းမေသည် အနာဂတ်တွင် ထုတ်လုပ်ရေးအဖွဲ့သို့ ပေါ့ပေါ့တန်တန် လာမည်မဟုတ်ပေ။ သူတို့ရဲ့ ချောင်မိသားစုထဲက လူတွေနဲ့တွေ့ရင်တောင် စပြီး လမ်းလွှဲလိမ့်မည်။

ချောင်မိသားစု ဝင်သွားပြီးနောက် အားလုံးက တစ်ယောက်ပြီး တစ်ယောက် သက်ပြင်းချကြသည်။

တစ်ချို့လူတွေက ချောင်မိသားစုကို သူတို့သမီးလေး ဆုံးရှုံးလိုက်ရတဲ့အတွက် ကိုယ်ချင်းစာပြီး ကလေးနှင့် သူနာပြုကို လဲလှယ်ပေးတဲ့သူကို ကြိမ်းမောင်းကြသည်။ အချို့က ချောင်မိသားစုသည် ကြင်နာတတ်သည်ဟု မှတ်ချက်ချကြသည်။ ချောင်ဟုန်းမေက ခန်းဝင်ပစ္စည်းကို ပြန်မပေးခဲ့ပေ။

ဒါပေါ့ ဟာသကြည့်သူတွေက မကျေနပ်ကြပေ။ ဒါပေမယ့် ချောင်မိသားစုကို စော်ကားမိမှာ ကြောက်တာကြောင့် ဒီလူတွေက ဘာမှမပြောရဲကြပေ။

ယောက္ခမ အဲ့တာကို ပြန်မတောင်းတာ မြင်လိုက်ရတော့ ဝမ်ချွမ်ကျီက သူ့အသားတွေ နာကျင်သွားသည်။ ချောင်ဟုန်းမေကို နောက်တစ်ကြိမ်တွေ့ရင် ခန်းဝင်ပစ္စည်းပြန်ယူရမယ်လို့ သူမတွေးနေခဲ့သည်။

ချောင်ဟုန်းမေ ဒုက္ခရောက်နေရုံသာမက ဖန်းရှောင်ကျွမ်းလည်း စိတ်ပျက်သွားသည်။

ဟူမြို့ကိုရောက်ပြီးနောက် မုန့်ဟောင်ကွမ်က သူမကို အရသာရှိတဲ့ အစားအစာ မျိုးစုံကို ဝယ်ပြီး သူမအတွက် အဝတ်အစားတွေ၊ မျက်နှာအတွက် ပျောက်ကွယ်သွားမဲ့ ခရင်မ်နဲ့ သူ့လက်အတွက် ဂုံးဆီတွေ ဝယ်ပေးခဲ့သည်။ သူမသည် ပျားရည်တွင် စိမ်ထားပုံရသည်။

လဝက်သာကြာပြီးနောက် သူမ၏တစ်ကိုယ်လုံးသည် နွေဦးတွင် ပွင့်နေသော အပင်‌သေ တစ်ပင်လိုပင်။ သူမသည် ရုတ်တရက် ချစ်စရာကောင်းလာပြန်သည်။

ဒီလိုနေ့မျိုးက သူမလိုချင်တဲ့အရာ ဖြစ်သည်။

ချောင်မိသားစုနှင့် ဝမ်မိသားစုက သူမရဲ့ လက်ရှိဘဝကို မြင်ပြီး သူမကို မနာလိုဖြစ်အောင် လုပ်ဖို့ သူမစောင့်နိုင်တော့ပေ။

မုန့်ဟောင်ကွမ်သည် သူမပေါ် ကောင်းသော်လည်း မကောင်းသောအရာတစ်ခုရှိသည်။ အဲ့ဒါက... သူမ ဒီကိုလာတာကြာပြီဖြစ်ပြီး အိမ်ထောင်ရေးအကြောင်း သူသည် မပြောဖူးပေ။

ရှောင်ချောင်ကလည်း ဒါကို ထူးဆန်းပြီး စိတ်မငြိမ်မသက် ဖြစ်နေသည်။ "အမေ၊ ဒီကိစ္စက နှောင့်နှေးလို့ မရတော့ဘူး။ ဒီည ဦးလေးမုန့်နဲ့ အမေ စကားပြောရမယ်။"

ဆွဲဆောင်မှုရှိတာ ဒါမှမဟုတ် ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မှုပဲ ဖြစ်ဖြစ် သူတို့ဟာ မုန့်ဟောင်ကွမ်ကို ခေါင်းညိတ်ရမည် ဖြစ်သည်။

ဖန်းရှောင်ကျွမ်းက မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်လိုက်ပြီး "ငါသိပါတယ်။ မဒမ်မုန့်နဲ့ နင်ပိုကြိုးစားရမယ်!"

မုန့်ဟောင်ကွမ်ရဲ့အမေက သူမကို မကြိုက်ပေ။ အထူးသဖြင့် သူမဟာ နှစ်ကြိမ်လက်ထပ်ခဲ့ဖူးသည်။

သို့သော် သူမသည် သူမ မြေးကို အရမ်းချစ်သည်။ ရှောင်ချောင်က ဒီအချက်ကို ဖမ်းယူပြီး မုန့်ဟောင်ကွမ်ရဲ့သားကို စာဖတ်တတ်အောင် သင်ပေးဖို့ ကမ်းလှမ်းခဲ့သည်။ ထို့အတွက်ကြောင့် မဒမ်မုန့်သည် ရှောင်ချောင်အပေါ် သဘောထားက သူမ စရောက်စဉ်ကထက် များစွာ ကောင်းမွန်ခဲ့သည်။

ရှောင်ချောင်က သူမ ဘာလုပ်ရမှန်းသိကြောင်း ပြသရန် ခေါင်းညိတ်လိုက်သည်။

ညပိုင်းတွင် ဖန်းရှောင်ကျွမ်းသည် ညဘက်တွင် မုန့်ဟောင်ကွမ်ကို ကောင်းမွန်စွာ ပြုစုရန် သူမကိုယ်တိုင် အထူးပြင်ဆင်ခဲ့သည်။ ဒါမှ အိမ်ထောင်ရေးကိစ္စကို ယူဆောင်လာနိုင်မည်။

မုန့်ဟောင်ကွမ် ပြန်ရောက်လာပြီး လှပတဲ့ ၀တ်စားဆင်ယင်မှုကို မြင်တော့ သူက ပြုံးပြီး "ဒီည ငါ မင်းကို အပြင်‌ခေါ်သွားမယ်ဆိုတာ မင်းဘယ်လိုသိတာလဲ?"

ဖန်းရှောင်ကျွမ်း၏ စိတ်သည် ခဏရပ်တန့်သွားသည်။ ထို့နောက် သူမ၏ မျက်လုံးများ တောက်ပလာကာ "ကျွန်မ မသိဘူး၊ ဒါပေမယ့် ရှင် ကျွန်မ တကယ် ခေါ်သွားမှာလား?"

တစ်လခွဲကြာပြီးနောက် မုန့်ဟောင်ကွမ်က သူမကို ဘယ်တော့မှ အပြင်ကို ခေါ်မထုတ်ခဲ့ပေ။ သူ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့ နေနေသာသာပင်။

မုန့်ဟောင်ကွမ်က သူမကို အပေါ်အောက်စိုက်ကြည့်ပြီး ပြုံးကာ “ဒုတိယ ညွှန်ကြားရေးမှူး လန်က ငါ့ကို ညစာစားဖို့ သူ့အိမ် ခေါ်ထားတယ်။ ငါနဲ့လိုက်ခဲ့!"

ဖန်းရှောင်ကျွမ်းက ဝမ်းသာသွားသည်။ အဲဒီ့နောက်  သူမက စိတ်လှုပ်ရှားစွာနှင့် "ဒီလိုဝတ်ထားတာ ကျွန်မအတွက် အဆင်မပြေဘူးလို့ ရှင်ထင်လား။ ကျွန်မ အထဲဝင်ပြီး ပြောင်းသင့်လား?"

မုန့်ဟောင်ကွမ်က ခေါင်းခါလိုက်ပြီး " မလိုပါဘူး။ မင်း အရမ်းကောင်းတယ်။ နောက်ကျနေပြီ၊ ငါတို့ အခုသွားရတော့မယ်။"

ဖန်းရှောင်ကျွမ်းက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ အပြင်မထွက်ခင်မှာ ရှောင်ချောင်ကို တစ်ချက်ကြည့်လိုက်သည်။ နှစ်ယောက်စလုံး၏ မျက်လုံးများသည် ရွှင်မြူးမှု အပြည့် ဖြစ်နေသည်။

ဒါပေမယ့် မကြာခင်မှာပဲ သူမ အပြုံးကို မထိန်းနိုင်တော့ပေ။

ဒုတိယညွှန်ကြားရေးမှူး လန်သည် လူအများအပြားကို ဖိတ်ကြားမည်ဟု သူမထင်ခဲ့သည်။ ထိုနေရာသို့ သူမသွားပြီးနောက်တွင် သူတို့နှစ်ဦးကိုသာ ဖိတ်ကြားခဲ့ကြောင်း သူမတွေ့ရှိခဲ့သည်။

ဒါပေမယ့် ဒါက ပြဿနာမဟုတ်ပေ။ ပြဿနာက တစ်ဖက်က သူမကို စူးစူးရဲရဲ မျက်လုံးတွေနဲ့ ကြည့်နေတာ ဖြစ်သည်။ ဒါက သူမကို အရမ်းစိတ်မသက်မသာဖြစ်စေခဲ့သည်။

သူမသည် မုန့်ဟောင်ကွမ်ကို အရိပ်အမြွက်ပြောပြချင်သော်လည်း မုန့်ဟောင်ကွမ်သည် တစ်ညလုံး မျက်စိကန်းနေပုံရသည်။ သူသည် ဘာကိုမှ လုံးဝ ဂရုမစိုက်သလိုပင်!

သူမသည် ပျို့အန်ခြင်းကို ခံနိုင်ရည်ရှိပြီး အစာစားပြီးနောက် အမြန်ပြန်ရန် မျှော်လင့်ခဲ့သည်။

မထင်မှတ်ပဲ ထမင်းစားပြီးနောက် မုန့်ဟောင်ကွမ်က သူမကို ဘေးသို့တွန်းပို့လိုက်ပြီး “ရှောင်ကျွမ်း ဒုညွှန်ကြားရေးမှူးက မင်းကို အရမ်းကြိုက်တယ်။ မင်း သူ့ကို ဒီည ပြုစုပေးလိုက်။”

All Chapters