အခန်း (၁၇၉)
Vol. 14 Ch. 179
ဖန်းရှောင်ကျွမ်းက ဒီစကားကြားတော့ ရေခဲခန်းထဲကို ကျသွားသလို ခံစားလိုက်ရသည်။ "ရှင် ဘာကိုဆိုလိုတာလဲ? ဒုညွှန်ကြားရေးမှူး လန်ရဲ့ အိမ်သန့်ရှင်းရေးကို ကူညီပေးစေချင်တာလား?"
မုန့်ဟောင်ကွမ်၏ ပါးစပ်ထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး "ရှောင်ကျွမ်း ငါတို့ အားလုံး အရွယ်ရောက်ပြီးပြီ မင်းက ဘာလို့ ဒီလောက် အပြစ်ကင်းတဲ့ပုံ ဟန်ဆောင်နေရတာလဲ?"
သူမကိုရေတွက်ကြည့်တော့ သူမမှာ ယောင်္ကျား သုံးယောက်ရှိသည်။ အဲဒီအထဲမှာ သူသိတဲ့ သူတွေလည်း ပါသည်။ သူမသည် အခြားအမျိုးသားများနှင့် သီးသန့်အိပ်ခဲ့ရင်ကော အဲ့တာကို ဘယ်သူက သိမှာလဲ?
ဖန်းရှောင်ကျွမ်း၏ မျက်နှာသည် နီလိုက် ဖြူလိုက်ဖြစ်နေသည်။ ဒေါသတကြီးဖြင့် တုန်တုန်ယင်ယင်ဖြစ်ကာ သူမက "မုန့်ဆိုတဲ့ နာမည်ကြောင့်နဲ့ ဒီကိုလာဖို့ ရှင် ကျွန်မကို လှည့်စားဖို့တွက် အားလုံး ကြိုးစားခဲ့တာလား?"
ဘာက ကျေးဇူးတရားလဲ? ဘာက မမျှတတဲ့ အချစ်လဲ? ဒါတွေအားလုံးက အချိန်ဖြုန်းနေတာပဲ!
သူမ ဒီမှာကြာကြာနေခဲ့ရပြီး သူသည် အိမ်ထောင်ပြုဖို့အကြောင်းကို တစ်ခါမှ မပြောခဲ့တာ အံ့သြစရာမရှိပေ။ အဲ့တာတွေက ဒါအတွက်ဖြစ်ခဲ့သည်။
သူမသည် မုန့်ဟောင်ကွမ်က သေချာပေါက် ဒေါသထွက်လိမ့်မယ်လို့ ထင်ခဲ့သည်။ အဲဒီအစား နူးညံ့တဲ့အမူအရာနဲ့ သူ့ပခုံးပေါ် လက်တင်ပြီး သူမကို ပွေ့ဖက်လိုက်သည်။ ဖန်းရှောင်ကျွမ်းသည် အကြိမ်အနည်းငယ် ရုန်းသော်လည်း ရှောင်မသွားနိုင်ပေ။ သူမကို ပွေ့ဖက်ဖို့ သူ့ကို ခွင့်ပြုပေးခဲ့သည်။
မုန့်ဟောင်ကွမ်က ခေါင်းငုံ့ပြီး သူမ နှုတ်ခမ်းကို ဖွဖွလေးနမ်းလိုက်သည်။ "ရှောင်ကျွမ်း ငါအရင်က ပြောခဲ့တာတွေက စိတ်ရင်းပါ။ ငါမင်းကို တကယ်လက်ထပ်ချင်တယ်။ မင်းဘဝကို ကောင်းကောင်းနေစေချင်တယ်! အပြင်လူတွေက ငါ အထက်တန်းစားဘဝနဲ့ နေရတာလို့ ထင်ကြတယ် ဒါပေမယ့် ဗျူရိုမှာ ဖြတ်သန်းနေရတဲ့ ရုန်းကန်မှုကို ဘယ်သူက တကယ်နားလည်မှာလဲ။ ငါ့မှာ အဆက်အသွယ်မရှိသလို မိသားစုနောက်ခံလည်း မရှိဘူး။ ဆက်နေချင်ရင်ပဲဖြစ်ဖြစ်၊ ဒီထက်ပိုပြီးသွားချင်ရင်တော့ ဒုညွှန်ကြားရေးမှူး လန်ရဲ့ပေါင်ကို ဖက်ထားရမှာပဲ။ မင်းနားလည်လား?"
ဖန်းရှောင်ကျွမ်းသည် သူ့၏ နူးညံ့သိမ်မွေ့မှုကို ခံစားလိုက်ရပြီး သူမ၏ နှလုံးသားထဲတွင် ဒေါသများ ပျောက်ကွယ်သွားသည်။
သို့တိုင် သူမက မလိုချင်ခဲ့ပေ။ "ဒါဆို ရှင် တခြားနည်းလမ်းတွေ သုံးလို့ရတယ်လေ။ ကျွန်မတို့က ဒုညွှန်ကြားရေးမှူး လန်ကို လက်ဆောင်တွေ ပေးလို့ရတယ်။ ဒါမှမဟုတ် သူ့မှာ တခြားလိုအပ်ချက်တွေရှိရင် သူ့ကို ကျေနပ်စေမယ့် နည်းလမ်းကို ရှာတွေ့လိမ့်မယ်။ ဟောင်ကွမ် ကျွန်မက ရှင့်ရဲ့မိန်းမပါ။ ကျွန်မက တကယ်အဲ့လိုလုပ်လိုက်ရင် ရှင် ကျွန်မကို လိုချင်နေသေးလား?"
အမျိုးသားများတွင် မယား သုံးယောက်နှင့် ကိုယ်လုပ်တော် လေးယောက် ရှိနိုင်သော်လည်း သူတို့သည် အမျိုးသမီးများကို သန့်ရှင်းမှုရှိရန် လိုအပ်သည်။ ဒုတိယညွှန်ကြားရေးမှူး လန်နှင့် တကယ်အိပ်ခဲ့မယ်ဆိုရင် သူမသည် အသုံးမဝင်တော့တဲ့ အချိန်ကျရင် သူသည် သူမကို ဖယ်ပစ်မှာ သေချာသည်။
မုန့်ဟောင်ကွမ်၏ မျက်လုံးများ မှိန်ဖျော့သွားသည်။ သို့သော်လည်း သူ့မျက်နှာမှာ ချစ်ခင်ကြင်နာမှုပြနေသေးသည်။
“ရှောင်ကျွမ်း မင်းဘာလို့ အဲ့လို ထင်နေတာလဲ? ဒီအချိန်ထိ မင်းကို ငါဘယ်လောက်ချစ်တယ်ဆိုတာ မခံစားခဲ့ရဘူးလား? လက်တစ်ဖက်မှာရှိတဲ့ လက်ချောင်းအရေအတွက်က ဒုညွှန်ကြားရေးမှူး လန်ဆီ ဒူးထောက်ချင်တဲ့ လူတွေကို မရေတွက်နိုင်ဘူး။ ငါ့မှာ ရှိတဲ့ အရာတွေနံဲ့ ဒုညွှန်ကြားရေးမှူး လန်ကို လက်ဆောင်ပေးနိုင်မယ်လို့ မင်း ထင်လား?”
ဖန်းရှောင်ကျွမ်းက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခဏလောက် ငြိမ်နေလိုက်သည်။
သူမသည် ဟူမြို့သို့ရောက်ပြီးမှသာ မုန့်ဟောင်ကွမ်သည် သူမထင်ထားသလို ချမ်းသာပြီး အင်အားကြီးသူမဟုတ်ကြောင်း သူမ သိလိုက်ရသည်။
မုန့်မိသားစုသည် လက်ရှိတွင် မိသားစုတိုက်ခန်းတွင် နေထိုင်သည်။ အခန်းနှစ်ခန်းခွဲထား၍ စတုရန်းမီတာ ၃၀ ကျယ်ဝန်းသည်။ သူမနှင့် ရှောင်ချောင်အပါအဝင် လူငါးဦးရှိသည်။ အဲ့တာက အရမ်းလူများသည်။
ပို၍အရေးကြီးသည်မှာ ထိုမိသားစုတိုက်ခန်းသည် မုန့်ဟောင်ကွမ် အပိုင်မဟုတ်ပေ။ တစ်နေ့တွင် သူသည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဗျူရိုတွင် အလုပ်မလုပ်တော့ပါက အဲ့ဒီပိုင်ဆိုင်မှုကို ပြန်လည်သိမ်းယူမည်ဖြစ်သည်။
မုန့်ဟောင်ကွမ်က ဖန်းရှောင်ကျွမ်းရဲ့ ဆုံးဖြတ်နေတဲ့ပုံကို မြင်ပြီး ဆက်လက်၍ “ရှောင်ကျွမ်း မင်းတစ်ယောက်ထဲပဲ ကူညီနိုင်တာ။ တစ်စုံတစ်ယောက်က ဒီနှစ် ဒုတိယနှစ်ဝက်မှာ အုပ်ချုပ်မှုရေးရာမှာ ဒုညွှန်ကြားရေးမှူးရာထူးကနေ အနားယူတော့မှာ။ ဒုညွှန်ကြားရေးမှူး လန်က ငါ့ကို အခုပဲ ကတိပေးတယ်။ မင်းသူ့ကို ကောင်းကောင်းပြုစုပေးရင် ငါ့ကိုထောက်ခံပေးမယ်လို့။ ငါရာထူးတိုးပြီးတာနဲ့ ငါက တကယ့်အရာရှိဖြစ်လာလိမ့်မယ်။”
သူက အခုမှ အတွင်းရေးမှူးပဲ ဖြစ်သည်။ ပြတ်ပြတ်သားသားပြောရရင် သူက ထူးဆန်းတဲ့အလုပ်တွေကို လုပ်ရသည်။ သူသည် အချိန်မရွေး အလုပ်ထုတ်ခံရနိုင်သည်။ ထို့အပြင် အတွင်းရေးမှူးဖြစ်ရခြင်းမှာ ဆီနည်းနည်း နှင့် ရေများများ ဖြစ်သည်။ သူသည် ကိုယ်တိုင်လည်း ဆုံးဖြတ်ချက်မချနိုင်ပေ။ သူသည် သူ့တစ်သက်လုံး 'ကျွန်' ဖြစ်လိုစိတ်မရှိပေ။
ဖန်းရှောင်ကျွမ်းသည် ဒုညွှန်ကြားရေးမှူး လန်၏ ခုနစ်လ သို့မဟုတ် ရှစ်လအရွယ် ဗိုက်နှင့် အဆီပြန်နေသော ဝက်ခေါင်းမျက်နှာကို တွေးနေခဲ့သည်။ သူမသည် ခဏတာ အခြေအနေမကောင်း ဖြစ်သွားသည်။ ဒါပေမယ့် သူမသဘောမတူရင် မနက်ဖြန် မုန့်ဟောင်ကွမ်က သူ့ကို မောင်းထုတ်မှာကို ကြောက်သည်။
သူမသည် ထုတ်လုပ်ရေးအဖွဲ့ဆီ ပြန်မသွားနိုင်ပေ။
ဒီအတိုင်းပြန်သွားရင် သူမသည် ရယ်မောစရာဖြစ်လာမှာ သေချာသည်။ ဒီအတွက် ချောင်မိသားစုက သူမကို နှိမ့်ချလိမ့်မည်။ သူမသည် ဘာပဲဖြစ်ဖြစ် ဟူမြို့မှာနေရမည်။
မုန့်ဟောင်ကွမ်က အားဆေးကို နောက်ဆုံးထိုးပေးလိုက်သည်။ “ရှောင်ကျွမ်း မင်းဒီည ဒုညွှန်ကြားရေးမှူး လန် နဲ့လိုက်သွားရင် ငါ မနက်ဖြန် လက်ထပ်ဖို့ စာရင်းသွင်းလိုက်မယ်!”
ဖန်းရှောင်ကျွမ်း၏ မျက်လုံးများ တောက်ပလာပြီး "ရှင် ကျွန်မကို မလိမ်ဘူးမလား?"
မုန့်ဟောင်ကွမ်က သူ့လက်ကို ဆန့်ထုတ်ပြီး သူမ မျက်နှာကို ညှစ်လိုက်သည်။ သူက ပြုံးပြုံးရွှင်ရွှင်နှင့် "ငါက ဘယ်သူ့ကိုမဆို လိမ်ပြောနိုင်တယ် ဒါမယ့် မင်းတော့ မပါပါဘူး ချစ်လေးရယ်!"
ဖန်းရှောင်ကျွမ်းက သူ့လက်ကို ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။ "ဒါပေမယ့်… ကျွန်မ တကယ်ဒါလုပ်ရင် ရှင် စိတ်မဆိုးဘူးလား?"
မုန့်ဟောင်ကွမ်က လေးလေးနက်နက် မျက်နှာထားနဲ့ပြောသည်။ "အရူးလေး၊ ငါစိတ်ဆိုးရင် မင်းကို ငါဘာလို့ လာခွင့်ပြုမှာလဲ? အဲဒါ ယုတ္တိမရှိဘူးလား? နောက်ပြီး မင်းက ငါ့အတွက် အနစ်နာခံနေတယ်။ ငါ့နှလုံးသားက အခု အရမ်းလှုပ်ရှားနေတာ။ ငါ မင်းကို ဘယ်လိုလုပ် မကြိုက်နိုင်မှာလဲ?"
ဖန်းရှောင်ကျွမ်းက ဆင်ခြင်စဉ်းစားပြီး ကျိုးကြောင်းဆီလျော်သည်ကို တွေ့ရှိခဲ့သည်။ သူမသည် ယခင်က လူနှစ်ယောက်နှင့် လက်ထပ်ခဲ့ဖူးသည်။ မုန့်ဟောင်ကွမ်က အဲ့တာပေါ် စိတ်ရှိရင် သူက သူမကို ပထမနေရာမှာ ကောင်းကောင်း ဆက်ဆံမှာ မဟုတ်ပေ။ ပြီးခဲ့သောလဝက်တွင် သူသည် သူမအတွက် ယွမ် ၁၀၀ ကျော်သုံးစွဲခဲ့သည်။
နောင်မျိုးဆက်များထဲမှ တစ်စုံတစ်ယောက် ယောင်္ကျားတစ်ယောက်သည် သင့်ပေါ်စိတ်ရင်းရှိလျှင် သူသည် သင့်အတွက် ငွေသုံးပေးချင်သည်။ တစ်ဖက်သားရဲ့ ချိုမြိန်တဲ့ စကားတွေကို နားထောင်ရုံတင် မဟုတ်ပေ။
မုန့်ဟောင်ကွမ်က သူမအတွက် ပိုက်ဆံသုံးဖို့ ဆန္ဒရှိနေသည်။ အနည်းဆုံးတော့ သူမသည် သူ နှလုံးသားထဲမှာ ရှိသည်!
ဖန်းရှောင်ကျွမ်းက ခေါင်းညိတ်မပြခင် အနည်းငယ် ရုန်းကန်ပြီး "ဒါဆို ကျွန်မတို့ သဘောတူလိုက်ကြပြီပေါ့။ တစ်ညတည်းပါပဲ!"
မုန့်ဟောင်ကွမ်၏ မျက်လုံးများ တောက်ပလာသည်။ သူသည် ထပ်ပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ အဲ့တာက တစ်ညပါပဲ။ မင်း အခုပဲ ဝင်သွားလိုက်ပါ။ ဒုညွှန်ကြားရေးမှူး လန်က မင်းကို အထဲမှာ စောင့်နေတယ်။ မနက်ဖြန် ငါမင်းကို လာခေါ်မယ်!"
ဖန်းရှောင်ကျွမ်းသည် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူမက ထွက်သွားသည့် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ "ရှင်ဒီမှာ ကျွန်မကိုစောင့်နေလို့မရဘူးလား?"
မုန့်ဟောင်ကွမ်က သူမခေါင်းကို ပွတ်သပ်ပြီး သေချာပြောပြသည်။ " ငါတို့နှစ်ယောက် မပြန်ရင် ငါတို့အမေက ရဲစခန်း သွားလိမ့်မယ်။ အဲ့တာအပြင် ငါစိတ်မ၀င်စားပေမယ့် ငါက ယောင်္ကျား တစ်ယောက် ဖြစ်နေတုန်းပဲ။ ငါ တစ်ခုခုကြားရင် ငါတကယ်ကို လျစ်လျူရှုနိုင်မယ်လို့ မင်းထင်လား?"
ဖန်းရှောင်ကျွမ်းသည် သူက သူမကို ဘယ်လောက်တောင် ဂရုစိုက်သည်ကို တစ်ဖန်ပြန်လည်တွေ့မြင်ခဲ့ရသည်။ သူမသည် ပျားရည်စားသလို ခံစားရသည်။ ဒါနဲ့ သူမက သူ့လက်ကို လွှတ်လိုက်ပြီး "ဒါဆို မနက်ဖြန် ကျွန်မကို လာခေါ်ဖို့ မမေ့နဲ့နော်!"
ဒီည ပြီးရင် သူမသည် မနက်ဖြန် မစ္စစ်မုန့် ဖြစ်လာနိုင်သည်။
ဒါပေမယ့် မကြာခင်မှာပဲ ဖန်းရှောင်ကျွမ်းက သူမရဲ့ဝမ်းတွေစိမ်းသွားတဲ့အထိ နောင်တရခဲ့သည်။
သူမသည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဒုညွှန်ကြားရေးမှူး လန်က သူမကို ပွေ့ချီပြီး ကုတင်ပေါ်သို့ လှဲချလိုက်သည်။ ကုတင်ကို စောင်နဲ့ ခင်းထားပေမယ့် သူမ နာကျင်စွာ သက်ပြင်းချလိုက်သည်။
သူမ စကားမပြောခင်မှာဘဲ သူမ အဝတ်တွေက စုတ်ပြဲသွားသည်။
အဲဒါဟုတ်သည်။ မချွတ်ဘဲ ဆွဲဖြဲလိုက်သည်။
ဒုညွှန်ကြားရေးမှူး လန်သည် အသက်ငါးဆယ်မပြည့်သေးပေ။ သို့တိုင် သူ့ပုံစံက အရပ်ရှည်ပြီး ဝသည်။ သူ့ခွန်အားက နွားတစ်ကောင်လိုပင်။
အကျင့်မကောင်းလေလေ ဒီလိုဖြစ်လာလေ ဖြစ်သည်။ သူသည် ကုတင်အောက်ခြေကနေ အိတ်တစ်လုံးဆွဲယူလိုက်တာကို သူမ တွေ့လိုက်ရသည်။ သူမ လက်နဲ့ခြေထောက်တွေကို ချည်နှောင်ဖို့ လျှော်ကြိုးတွေကို အတွင်းကနေ ထုတ်ယူလိုက်သည်။
ဖန်းရှောင်ကျွမ်း၏ နှလုံးခုန်သံသည် ပြင်းထန်လာသည်။ သူမသည် ကြောက်စိတ်ဖြင့် မျက်နှာဖြူဖျော့လာပြီး “ဒုညွှန်ကြားရေးမှူး ဘာ ဘာတွေလုပ်နေတာလဲ? ရှင် ကျွန်မရဲ့ လက်နဲ့ခြေထောက်ကို ဖြည်ပေးပါ?”
ဖက်!
ဒုညွှန်ကြားရေးမှူး လန်က သူမကို သတိမပေးဘဲ မျက်နှာကို ပါးရိုက်လိုက်သည်။ ထို့နောက် သူမ၏ပါးစပ်ကိုပိတ်ရန် ဂွမ်းလုံးတစ်လုံးကို အသုံးပြုခဲ့သည်။
ဖန်းရှောင်ကျွမ်းက ခေါင်းခါပြီး ရှိုက်ကြီးတငင် အော်ဟစ်လိုက်သည်။ သရဲတစ္ဆေမြင်ရသလိုပင် သူမ မျက်လုံးတွေ ပြူးကျယ်သွားသည်။
သူမ ဘယ်လောက်ပဲ ကြောက်နေပါစေ ဒီအချိန်မှာ သူမ နောင်တရဖို့ အချိန်နှောင်းသွားပြီ ဖြစ်သည်။
နောက်တစ်နေ့တွင် ဒုညွှန်ကြားရေးမှူး လန်သည် စိတ်အားထက်သန်စွာထကာ အလုပ်သွားခဲ့သည်။ အပြင်မထွက်ခင်မှာ ဗီဒိုကိုဖွင့်ပြီး တင်းတင်းကျပ်ကျပ် စည်းထားတဲ့ ပိုက်ဆံနှစ်အုပ်ကိုထုတ်ပြီး ဖန်းရှောင်ကျွမ်းဆီ ပစ်ပေးလိုက်သည်။ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ "မင်း အရမ်းကောင်းတာပဲ။ ငါမင်းကို နောက်တစ်ခါ ခေါ်လိုက်မယ်!"
ဖန်းရှောင်ကျွမ်းသည် ထိုစကားကိုကြားသောအခါ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။
ဒုညွှန်ကြားရေးမှူး လန်သည် သူမ၏ ကြောက်လန့်သော အမူအရာကြောင့် အော်ဟစ် ရယ်မောလိုက်သည်။ “တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။”
အပြင်ဘက်တံခါးပိတ်သံကြားရမှ ဖန်းရှောင်ကျွမ်းသည် စောင်အောက်မှ ထထိုင်လိုက်သည်။
သူမ၏ လှုပ်ရှားမှုသည် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ ဒဏ်ရာကို ဆွမိလိုက်သည်။ သူမကို နာကျင်စေသည်။
မနေ့ညက သူမလက်နှင့် ခြေထောက်တွေကို ကြိုးနှင့် ချည်ပြီး ရိုက်နှက်ရုံတင်မကဘဲ... ပြောမပြနိုင်တဲ့ ကိရိယာမျိုးစုံကို သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ အသုံးပြုခဲ့သည်။
မတရားသဖြင့်! စိတ်ဖောက်နေတာ!
ဖန်းရှောင်ကျွမ်းသည် ဒေါသစိတ်ဖြင့် ပူလောင်နေသည်။ လင်းဟွေ့သည် ချောင်ကျန်းကျွင်း၏ လက်၌ မြတ်နိုးခံရစဉ်တွင် သူမသည် ဘာကြောင့် ထိုသို့သော မတရားမှုကို ခံရတာလဲ?
လင်းဟွေ့နှင့် နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့တုန်းက ချောင်ကျန်းကျွင်းသည် သူမကို ဂရုတစိုက် ကူညီပေးခဲ့ပုံကို ပြန်သတိရကာ ရင်တထိတ်ထိတ်မဖြစ်ဘဲ မနေနိုင်တော့ပေ။
လင်းဟွေ့သာ ချောင်ကျန်းကျွင်းကို လက်မထပ်ခဲ့ဘူးဆိုရင် ချောင်ကျန်းကျွင်းက သူမကို ပြန်လက်ထပ်မှာ သေချာသည်။ အဲ့ဒါဆို သူမသည် မုန့်ဟောင်ကွမ်နှင့် အတူ လိုက်ပါလာမည်မဟုတ်ပေ။ ဒါဆို ဒါက လင်းဟွေ့ရဲ့ အပြစ်ပဲ !
ခွေးမ! သူမသည် ကောင်းကောင်းမနေရတဲ့အတွက် လင်းဟွေ့အတွက်လည်း မလွယ်ကူစေရပေ။
ဖန်းရှောင်ကျွမ်းက ခေါင်းငုံ့လိုက်သည်။ သူမသည် အိပ်ယာပေါ်မှ ပိုက်ဆံနှစ်ထုပ်ကို ယူကာ ရေတွက်လိုက်သည်။ ယွမ် နှစ်ရာ့ငါးဆယ် ရှိသည်။
သူမသည် ပိုက်ဆံကို ဆုပ်ကိုင်ရင်း ရယ်မောလိုက်သည်။
မုန့်ဟောင်ကွမ်က နေ့လည်အထိ သူမကို လာမခေါ်ခဲ့ပေ။ သူသည် သူမကို အလွန်အလေးအနက်ထားသလို ပြုမူခဲ့သည်။ အဲ့တာက ဖန်းရှောင်ကျွမ်းကို ပိုကောင်းလာစေခဲ့သည်။
ဒဏ်ရာကို တစ်ရက်လောက် ကုသပြီးနောက် မုန့်ဟောင်ကွမ်က သူ့ကတိကို ဖြည့်ဆည်းပေးခဲ့သည်။ နောက်နေ့တွင် နှစ်နာရီလောက် သွားရန် တမင်တကာ တောင်းဆိုခဲ့ပြီး ဖန်းရှောင်ကျွမ်းကို အသိမှတ်ပြုစာချုပ်ရရန် ခေါ်ဆောင်ခဲ့သည်။
လက်ထပ်စာချုပ် သူမ လက်ထဲရောက်လာသောအခါ ဖန်းရှောင်ကျွမ်းသည် သူမ၏ အစက စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုမျိုး မရှိတော့ပေ။
မုန့်ဟောင်ကွမ် အလုပ်ပြန်သွားပြီးနောက် ဖန်းရှောင်ကျွမ်းသည် မုန့်အိမ်သို့ ချက်ချင်းမပြန်ခဲ့ပေ။ အဲဒီအစား စာတိုက်ဆီ လှည့်သွားခဲ့သည်။
ရာသီဥတု ပိုပူလာတာနဲ့အမျှ ခရိုင်တွင်း အခြေအနေတွေ တင်းမာလာသည်။
ချိုးရှင်းယုံရဲ့ အဖြစ်အပျက်ကြောင့်လား ဆိုတာကို မသိရသေးဘဲ ခရိုင်ခေါင်းဆောင်တွေကို အသိပေးထားသည်။ ပါတီစုံအစည်းအဝေးအပြီးတွင် ခရိုင်က သူတို့၏ စံနှုန်းကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။
အမှားပြင်ဆင်ခြင်းသည် တာဝန်ရှိသူများသာမက သာမန်ပြည်သူတို့ပါ သက်ဆိုင်သည်။ ပထမဦးဆုံး အဆိုးရွားဆုံးအချက်မှာ အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံရေးဖြစ်သည်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရယ်မောပြောဆိုနေသည်ကို မြင်တွေ့ရပါက သူတို့အား စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားမည်ဖြစ်သည်။ အကြင်လင်မယားဖြစ်လျှင် ကောင်းပေလိမ့်မည်။ မဟုတ်ပါက အကျဉ်းချလိမ့်မည်။
အတွဲတစ်တွဲသည် လမ်းပေါ်၌ လက်ကိုင်ရဲရင် ပိုဆိုးပေလိမ့်မည်။ သူတို့ကို တိုက်ရိုက်ဖမ်းဆီးပြီး လမ်းပေါ်တွင် လှည့်လည်ပြသလိမ့်မည်။
ဤပြင်ဆင်မှုကြောင့် လူတိုင်းသည် သတိကြီးကြီးထားကြသည်။ လူပျို၊ အပျိုတို့သည် လက်တစ်ကမ်းအကွာထက်ပို၌ လမ်းလျှောက်ရမည်။ မဟုတ်ပါက သူတို့သည် ဆယ်ဦးတွင် ကိုးဦးကို စစ်ဆေးမည်ဖြစ်သည်။
ဒါက ခရိုင်နှင့် မြို့တွင်း အခြေအနေဖြစ်သည်။ ထုတ်လုပ်ရေးအဖွဲ့အနေကတော့ တိတ်တဆိတ် ချိန်းတွေ့နေကြတဲ့ အိမ်ထောင်မပြုရသေးတဲ့ လူပျိုတွေနှင့် အပျိုလေးတွေကို ဖမ်းမိခဲ့သည်။