အခန်း (၁၈၃)
Vol. 15 Ch. 183
ကားသမားက စက်ရုံကို ပြန်သွားတဲ့အခါ ဘာမှလုပ်စရာမရှိသလို ချောင်ကျန်းကျွင်းက စက်ရုံမန်နေဂျာနဲ့ အဆက်အသွယ် ရှိနေတယ်လို့ သုံးသပ်မိခဲ့သည်။ သူသည် သူ့ကို ကူညီပေးရင် စက်ရုံမန်နေဂျာဆီက မျက်နှာပေးခံရလိမ့်မည်။ လှည့်ပတ်ပြီး နောက်ဆုံးတွင် သူသည် ယွမ်တစ်ယွမ်သာ လက်ခံခဲ့သည်။
ချောင်ကျန်းကျွင်းသည် မျက်နှာဖြူဖျော့ဖျော့ အမျိုးသမီးတစ်ဦးနှင့် လမ်းလျှောက်လာသည်ကိုမြင်တော့ သူက ချက်ချင်းပင် ကားပေါ်မှ ဆင်းပြီး “ညီလေးချောင် ဘာဖြစ်တာလဲ?”
“အစ်ကိုကြီး ဟွမ် ကျွန်တော့်မိန်းမက သူ့ခေါင်းကို ရိုက်ခဲ့ပြီး ကလေးစောစောမွေးတယ်။ ကျွန်တော် သူ့ကို ဆေးရုံအမြန်ဆုံးခေါ်သွားရမယ်။”
ချောင်ကျန်းကျွင်းက ရှင်းပြသော်လည်း တစ်ဖက်ကို အမှန်အတိုင်း အားလုံး ပြောပြရန် ရည်ရွယ်ချက်မရှိပေ။
ချောင်ရှို့ကျီသည် သူမ၏ လက်တွင် ကလေးနှင့်အတူ ဆင်းလာခဲ့သည်။ သူ့ဒုတိယသားက ကားမောင်းသမားအား ဒီမှာစောင့်ခိုင်းတာကို သိရတော့ စိတ်သက်သာရာရသွားသည်။
စက်ရုံမှာ အလုပ်သွားလုပ်ရတာ အသုံးဝင်ပုံပေါ်သည်။ ဒုတိယသားသည် အရင်ကထက် ပိုမိုထက်မြက်လာသည်။
သူပြောတာကို အခုမှ ကြားဖူးသည်။ တော်တော်ကောင်းတဲ့ အလုပ်ပဲ!
လင်းဟွေ့သည် ထိုအရာကို မခံစားခဲ့ရသော်လည်း ဤအကြောင်းများကို လူသိနည်းခြင်းသည် ပိုကောင်းပါသည်။
လူတွေရဲ့ စိတ်ကူးတွေက ကျယ်ပြန့်သည်။ ဘယ်သူက ဘယ်လိုအရာတွေသည် နောက်ဆုံးမှာ ပျံ့နှံ့သွားမယ်ဆိုတာ သိနိုင်မလဲ?
ယာဉ်မောင်းသည် လူလေးငါးဦးခန့် လိုက်ပါနိုင်သော ထရပ်ကားကို မောင်းနှင်ခဲ့သည်။ အဆုံးမှာတော့ ချောင်ကျန်းကျွင်းက လင်းဟွေ့၊ ချောင်ရှို့ကျီနှင့် အကြီးဆုံးယောင်းမ လင်းတို့က ကလေးတစ်ယောက်စီကို အသီးသီး ချီလာကြသည်။ သာ့ချောင်က အထဲမှာ နေရာတွေကို စီစဉ်ပေးခဲ့သည်။
ရွာသူရွာသားများသည် ချောင်မိသားစုက မြို့ဆေးရုံသို့ လိုက်သွားသည်ကို ကြည့်ကာ ဆွေးနွေးပြီးနောက် ထမင်းချက်ရန် ပြန်သွားကြသည်။
ဝမ်ချိုးယင်သည် သူ့သမီးကို တွေ့ရှိပြီး ဂူထဲတွင် ကလေးတွေ မွေးခဲ့သည်ကို သိလိုက်သည်နှင့် သူမ ငိုပြန်သည်။ ထို့နောက် သူမ မျက်ရည်များကို သုတ်လိုက်ပြီး ချောင်အိမ်သို့ ပြေးသွားပြီး ချောင်ကျန်းကော်အား သူမကို ဆေးရုံသို့ ခေါ်ဆောင်သွားခိုင်းသည်။
ရွှယ်ချွမ်က သူမကို အစားအသောက်ပြင်ဆင်ပြီး မနက်ဖြန်မှ သွားခိုင်းသည်။ အခု အရမ်းနောက်ကျပြီး အန္တရာယ်များနေပြီ ဖြစ်သည်။ လက်ဗလာနဲ့ သွားရင် အများကြီး အထောက်အကူ မဖြစ်ပေ။
ဝမ်ချိုးယင်သည် အကြံကို စွန့်လွှတ်လိုက်သည်။
သူတို့ဆေးရုံမရောက်ခင်မှာ လင်းဟွေ့သည် နိုးလာသည်။
ချောင်ကျန်းကျွင်းကို မြင်လိုက်ရတော့ သူမသည် မျက်ရည်တွေကျလာသည်။
ချောင်ကျန်းကျွင်းသည် သူမ၏ မျက်ရည်များကို သူ့လက်ဖြင့် ကိုးရိုးကားရားဖြင့် သုတ်လိုက်ပြီး “ဟွေ့ဟွေ့ မငိုနဲ့နော် မင်း ဘယ်နေရာ နာကျင်နေလဲ?”
လင်းဟွေ့သည် စကားမပြောနိုင်လောက်အောင် ပြင်းထန်စွာ ငိုခဲ့သည်။ ချောင်ကျန်းကျွင်း၏ လက်ကို လှမ်းကိုင်လိုက်ပြီး မျက်ရည်များကျလာသည်။
အကြီးဆုံးယောင်းမ လင်းမိသားစုက သူ့ယောင်းမကို ဒီလိုမြင်ရတဲ့အခါ မျက်ရည်မကျဘဲ မနေနိုင်ခဲ့ပေ။
သာ့ချောင်က လိုက်လာပြီး မျက်ရည်လုံးကြီးတွေ စီးကျလာကာ “မေမေ တောင်းပန်ပါတယ်။ မေမေ့ကို သမီး မထားခဲ့သင့်ဘူး!”
သာ့ချောင်၏ အသံကိုကြားသောအခါ လင်းဟွေ့က “လိမ္မာတဲ့ ကလေးလေး။ မင်းအပြစ်မဟုတ်ဘူး... စိတ်မပူနဲ့ မေမေ အဆင်ပြေပါတယ်။”
သူမသည် ကလေးကို လုံးဝ လိမ်ညာနေခြင်းမဟုတ်ပေ။
သူမ သတိလစ်မသွားခင်မှာ သူမသည် လုံးဝကို အားနည်းခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်း နာကျင်နေချိန်မှာပင် သူမခေါင်းလည်း ကိုက်နေခဲ့သည်။ အခြေခံအားဖြင့်တော့ သူမရဲ့ ခန္ဓာကိုယ် နေရာတိုင်းသည် နာကျင်နေခဲ့သည်။ သူမ နိုးလာတဲ့အခါ ဒီဝေဒနာတွေအားလုံး ပျောက်သွားသည်။
အခုလို သူမ ငိုရသည့် အကြောင်းရင်းမှာ နာကျင်မှုကြောင့်မဟုတ်ဘဲ မကျေနပ်မှုနှင့် ကြောက်ရွံ့မှုကြောင့် ဖြစ်သည်။
သူမနှင့် သူမ၏ ကလေးနှစ်ယောက်သည် ဂူထဲတွင်သေမည်ဟု အစကထင်ခဲ့သည်။ အားလုံးက ဒီလောက်မြန်မြန်ရောက်မယ်လို့ မထင်ထားပေ။
ကပ်ဆိုးကြီးပြီးသွား၍ သူမ မငိုဘဲ မနေနိုင်တော့ပေ။
ယာဉ်မောင်းတစ်ယောက် ရှိနေသောကြောင့် လင်းဟွေ့သည် ဘာဖြစ်သွားသည်ကို ဘယ်သူမှ မမေးခဲ့ကြပေ။ ကားပေါ်ကဆင်းပြီးတာနှင့် ချောင်ရှို့ကျီက ဘာဖြစ်တာလဲလို့ မေးလိုက်သည်။
လင်းဟွေ့က သူ့သွားတွေကို ကြိတ်လိုက်ပြီး “ဖန်းဖူကွေ့ပဲ။ သူ့ကို ဖန်းရှောင်ကျွမ်းက ကျွန်မကို သတ်ဖို့ပြောခဲ့တယ်လို့ သူကပြောတယ်!”
အကြီးဆုံးယောင်းမ လင်းက ဒေါသထွက်နေပြီး “အဲ့ဖန်းမိသားစုတွေက တိရစ္တာန်တွေ။ အသက်ကြီးတဲ့သူကနေ ငယ်ထဲသူထိ တစ်ယောက်မှ ကောင်းတာမရှိဘူး။ သူတို့လို တိရစ္ဆာန်တွေက သေပြီးရင် ငရဲအဆင့် ဆယ့်ရှစ်ကို သွားသင့်တယ်!”
ချောင်ကျန်းကျွင်းလည်း ရူးသွပ်သွားသည်။ “ဟွေ့ဟွေ့ စိတ်မပူနဲ့။ မင်းအတွက် တရားမျှတမှုကို ငါသေချာပေါက်ရှာမယ်!”
ဖန်းဖူကွေ့ကို သူ့ဘဝနဲ့ရင်းပြီး တိုက်ခိုက်ရရင်တောင် သူသည် သူ့မိန်းမအတွက် တရားမျှတမှု ပြန်ယူရမည်။
ချောင်ရှို့ကျီက တိတ်ဆိတ်နေသည်။ သူမသည် လူတိုင်းကို ဆေးရုံသို့ခေါ်ဆောင်ခဲ့ပြီး လင်းဟွေ့နှင့် ကလေးနှစ်ယောက်ကို စစ်ဆေးရန် ဆရာဝန်ကို တောင်းဆိုခဲ့သည်။
စစ်ဆေးပြီးနောက် လင်းဟွေ့သည် သူမ၏ ဦးခေါင်းနောက်ဘက်တွင် ထိုးနှက်ချက်တစ်ခုနှင့် နဖူးတွင် တစ်ခုရှိသည်။ ဒဏ်ရာတွေကို ကြည့်ခြင်းအားဖြင့် သွေးတွေ အများကြီး ဆုံးရှုံးနေရမည်။ လူနာ၏မျက်နှာသည် အလွန်နီမြန်းနေသဖြင့် ဆရာဝန်က ထူးဆန်းသွားသည်။
နောက်ဆုံးတော့ ဆရာဝန်က သူနာပြုကို ဒဏ်ရာကို ဆေးကြောသန့်စင်ခိုင်းပြီး ချုပ်လိုက်သည်။ ကလေးနှစ်ဦးအား သားဖွားမီးယပ် ကုသရေးဌာနသို့ ပို့ဆောင်ကာ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခင်အဖြစ်အပျက်ကြောင့် ချောင်ရှို့ကျီနှင့် အကြီးဆုံးယောင်းမ လင်းတို့သည် ယခုတစ်ကြိမ်တွင် ကလေးများနောက်ကို လိုက်သွားကြသည်။ သူတို့မျက်လုံးတွေကို ခဏလောက်ပင် ဘယ်တော့မှ မှိတ်မထားခဲ့ကြပေ။
ဆေးရုံရဲ့ စက်ပစ္စည်းကိရိယာတွေက အခုလက်ရှိမှာ ဆိုးရွားသည်။ ကလေးငယ်များကို စစ်ဆေးပြီးနောက်တွင် ကြီးကြီးမားမား ပြဿနာများ မတွေ့ရပေ။ ကလေးတစ်ယောက်သည် သန်မာပြီး နောက်တစ်ယောက်မှာ အနည်းငယ်ပိန်ပြီး အားနည်းသည်။
ပိန်တဲ့ကလေးငယ်ကို ပိုအာရုံစိုက်ဖို့ ဆရာဝန်က သူတို့ကို ပြောခဲ့သည်။ မဟုတ်ရင် ကလေးသည် အသက်မရှင်နိုင်ပေ။
အကြီးဆုံးယောင်းမ လင်းသည် ကလေးငယ်ကို ကြည့်ကာ မျက်ရည်များမကျဘဲ မနေနိုင်တော့ပေ။
လင်းဟွေ့သည် ဒဏ်ရာကို ပတ်တီးစည်းပြီးနောက်တွင် ကလေးနှစ်ယောက်ကို အထူးသဖြင့် သားအငယ်ဆုံးလေးကို ချက်ချင်းရှာဖွေခဲ့သည်။ သူသည် အလွန်ပိန်ပါးပြီး အားနည်းသောကြောင့် မွေးစကပင် သေသွားပုံရသည်။
နောက်တော့ သူမသည် ကလေးကို ဇောက်ထိုးဆွဲကာ သူ့ဖင်ကို ကြိမ်ဖန်များစွာ ပုတ်ခဲ့သည်။ အဲဒါမှ ကလေးသည် ငိုသည်။ သို့တိုင် သူ့အသံသည် ကြောင်ကလေးကဲ့သို့ပင် အားနည်းနေသေးသည်။ အဲ့တာက လူတွေကို အရမ်းစိတ်ဆင်းရဲစေသည်။
သာ့ချောင်သည် မောင်လေးများကို ဆေးကြောပြီးနောက် မြင်သောအခါတွင် မောင်လေးများသည် ရုပ်ဆိုးပုံမပေါ်တော့ကြောင်း သူမ ခံစားခဲ့ရသည်။
အခြေချပြီးသောအခါ ချောင်ရှို့ကျီသည် ချက်ချင်း ဖုန်းခေါ်ရန် ထွက်လာခဲ့သည်။ ပထမအကြိမ် ခေါ်ဆိုမှုမှာ ထုတ်လုပ်ရေးအဖွဲ့ထံ ဖြစ်သည်။
ဝမ်ရွှေရှန်သည် တောင်ပေါ်မှဆင်းပြီးနောက် အိမ်ပြန်မလာခဲ့ပေ။ တစ်ချိန်လုံး သူသည် ရုံးခန်းထဲမှာ နေခဲ့သည်။ သူ့မှာ ချောင်ရှို့ကျီ ဖုန်းခေါ်မယ့် ကိစ္စတစ်ခုရှိသည်။
နှစ်နာရီကြာအောင် စောင့်ပြီးမှ နောက်ဆုံးတော့ သူသည် ရသွားသည်။
ချောင်ရှို့ကျီက လင်းဟွေ့ပြောတာကို ဝမ်ရွှေရှန်ကို ပြောပြပြီး ဖန်းအိမ်ကို ချက်ချင်းသွားပြီး ဖန်းမိသားစု သုံးယောက်လုံးကို ဖမ်းခိုင်းလိုက်သည်။
ဝမ်ရွှေရှန်က သဘောတူသည်။
ဖုန်းကိုချပြီးနောက် ရွာရှိ အခြားခေါင်းဆောင်များနှင့် သန်မာသောလူငယ်အချို့ကို ရှာဖွေခဲ့သည်။ အားလုံးက ဖန်းအိမ်သို့ တိတ်တဆိတ် သွားကြသည်။
ဖန်းရဲ့ ခြံတံခါးကို သော့ခတ်ထားသည်။ သူတို့ကို အသိမပေးဘဲ သူတို့၏ နည်းလမ်းဖြင့် ခြံထဲဝင်ကြသည်။ တုံ့ဆိုင်းမနေဘဲ မိသားစုကို ဖမ်းသွားသည်။
အဘွားကြီး ဖန်း - “ဘာလုပ်နေတာလဲ? ဓားပြတွေ လုယက်နေတယ် လူသတ်သမား... ဝူးဝူး…”
ဝမ်ရွှေရှန်က သူ့ဖိနပ်ကို ချွတ်ပြီး သူမ၏ ပါးစပ်ထဲကို ထည့်လိုက်သည်။
အဘွားကြီး ဖန်းက မအော်နိုင်တော့ပေ။
ဖန်းဖူကွေ့က သူတို့ဝင်သွားတဲ့အခါ နံရံကို ကျော်ပြီး ထွက်ပြေးချင်ပေမယ့် ဝမ်ရွှေရှန်က ကောင်းကောင်းပြင်ဆင်ထားပြီး အပြင်မှာ လူတွေကို စောင့်ခိုင်းခဲ့သည်။
ထို့ကြောင့် နံရံကို ကျော်တက်လိုက်ပြီး လွတ်မြောက်အောင် လုပ်နေတုန်း သူသည် ဖမ်းမိသွားသည်။
ချောင်ရှို့ကျီက ဖုန်းကိုချပြီးနောက် ဒုတိယမြောက် ဖုန်းဆက်မှုသည် ရှန်အိမ်သို့ဖြစ်သည်။
ဖန်းချောင်ကျွမ်းဟာ သူမကိုယ်တိုင် သေခြင်းတရားကို မရှာဘဲ ဟူမြို့မှာ တရားဝင်ဇနီးအဖြစ် နေမယ်ဆိုရင် သူမကို ဘာမှလုပ်မှာမဟုတ်ဘူးဆိုတာ သေချာသည်။ ဒါပေမယ့် သူမသည် ဒုက္ခကို မွှေလိုက်တော့ သူမကို သူ့နေရာနဲ့သူ ထားပေးရလိမ့်မည်။
သူမကို ဘယ်တော့မှ လွှတ်ပေးမည် မဟုတ်ပေ။
ရှန်မိသားစုသည် ချောင်ရှို့ကျီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး ကားကို ချက်ချင်းပင် ဆေးရုံသို့ မောင်းလာခဲ့သည်။ ရှန်ထျန်းရုံက မအိပ်သေးပေ။ အစက သူက သူတို့နောက်လိုက်ချင်ပေမယ့် ရှန်ရှို့ခိုင်က သဘောမတူပေ။
ရှန်မိသားစု၏ အဘိုးအဘွား နှစ်ယောက်သည် ကလေးကို အခုလိုအချိန်တွင် ဆေးရုံလို နေရာမျိုးသို့ မသွားစေချင်ပေ။ ဒါကြောင့် သူ့ကိုနေခဲ့ဖို့ စည်းရုံးကြသည်။
ချင်းရှောင်မေသည် သာ့ချောင်နှင့် လက်တွဲပြီး လျှောက်လာသောအခါ လင်းဟွေ့သည် သူမ၏ မျက်ရည်များကို သုတ်ရင်း ကလေးလေးကို ချီထားသည်။
အမွှာများသည် များသောအားဖြင့် ကလေးတစ်ဦးသည် အာဟာရ ပိုကောင်းကောင်း ရစေပြီး အခြားကလေးမှာ အာဟာရနည်းပါးသည့် အခြေအနေမျိုးရှိတတ်သည်။ အာဟာရချို့တဲ့သူသည် အတော်လေး အားနည်းလိမ့်မည်။ သူမသည် သားငယ်လေးက ဒီလောက် အားနည်းလိမ့်မည်ဟု မထင်ခဲ့ပေ။
သူမသည် ကြောက်လန့်၍ လဲကျကာ သွေးအလွန်အကျွံဆုံးရှုံးခဲ့ခြင်းကြောင့် ထိုကဲ့သို့ သူမ၏ သားငယ်လေး ဖြစ်သည်ကို သူမ ခံစားရသည်။ ပုံမှန်အခြေအနေအရဆိုရင် သူတို့ကို မွေးဖို့ တစ်လခွဲလောက် စောင့်ရလိမ့်မည်။ အခုသူတို့က သတ်မှတ်ချိန်ထက် စောပြီး ထွက်လာသည်။
သူမသည် သားငယ်လေးကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ သူမက အပြစ်ရှိသလိုခံစားနေရသည်။ ချောင်ကျန်းကျွင်းက သူမကို စိုးရိမ်တကြီး နှစ်သိမ့်ပေးသည်။
ချင်းရှောင်မေ စကားမပြောခင် သာ့ချောင်က သူမလက်ကို လွှတ်လိုက်ပြီး ပြေးလာသည်။
သာ့ချောင်သည် ကုတင်ပေါ်တက်ပြီး သူမ အမေ၏ မျက်ရည်တွေကို သုတ်လိုက်ပြီး “မေမေ၊ မငိုနဲ့။ အဘွားက မီးတွင်းထဲရောက်နေချိန် မျက်ရည်မကျရဘူးလို့ ပြောတယ်။”
လင်းဟွေ့က ပြုံးပြပြီး “လိမ္မာတဲ့ ကလေးလေး။ မေမေ မငိုပါဘူး။”
မဟုတ်။
တစ်ယောက်က ကလေးရဲ့ အားနည်းမှုအကြောင်း သာ့ချောင်ကို ပြောပြသည်။ နောက်ဆုံးတော့ သူမဟာ ကလေးပဲ ရှိသေးသည်။ သူမကို ပြောပြတာက အသုံးမဝင်ပေ။ ချောင်ရှို့ကျီက ဘာမှ မပြောတဲ့ အကြောင်းရင်းက သူမမှာ လုပ်စရာတွေ များလွန်းတာကြောင့် ဖြစ်သည်။
သာ့ချောင်သည် သူမ၏ မောင်လေးများသည် တစ်ခါနှင့် အများကြီးကျွေးဖို့ ငယ်လွန်းမည်ကို စိုးရွံ့သောကြောင့် ဂူထဲတွင် သူမ၏ မောင်လေးများကို ကျောက်စိမ်းပုတီးစေ့များ မကျွေးခဲ့ပေ။
ယခုမူ သူမ အမေ ငိုနေတာကို သူမမြင်တော့ သူမ အမေ၏ ရင်ခွင်ထဲက ပိန်လှီသော မောင်လေးကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူမသည် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
မောင်လေးရဲ့ ရှုံ့တွနေတဲ့ မျက်နှာကို ပွတ်သပ်ပေးလိုက်ပြီး စိတ်ချဖို့ “မေမေ စိတ်မပူပါနဲ့။ မောင်လေး ကျန်းမာလာမှာပါ။ သမီးက မောင်လေးကို ဂရုစိုက်ပါ့မယ်!”
ကလေး၏ ဂရုစိုက်တတ်မှုနှင့် အသိဉာဏ်ရှိသော စကားများကို ကြားသောအခါ လင်းဟွေ့၏ မျက်လုံးများ နီရဲလာပြန်သည်။
ချင်းရှောင်မေက အနားရောက်လာပြီး လက်ကိုင်ပုဝါကို ထုတ်ကာ သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး “မင်း မီးတွင်းထဲမှာ မျက်ရည်ကျလို့ မရဘူး။ ကြည့် သာ့ချောင်က မင်းထက် ပိုပြီး တွေးတတ်တယ်!”
လင်းဟွေ့က လက်ကိုင်ပုဝါကိုယူ၍ မျက်ရည်များကို သုတ်လိုက်ကာ အနည်းငယ်ရှက်ပြီး “အစ်မရှောင်မေ အရမ်းနောက်ကျနေပြီ။ ဘာလို့ပြန်လာတာလဲ?”
ချင်းရှောင်မေက ဒေါသတကြီးနှင့် “ဒီလောက်ကြီးကြီးမားမား ဖြစ်ခဲ့တာကို ငါတို့ ဘယ်လိုလုပ် မလာဘဲနေနိုင်မှာလဲ?”
သူမ စကားပြောပြီးသည်နှင့် ချောင်ရှို့ကျီနှင့် ရှန်ရှို့ခိုင်တို့ ဝင်လာသည်။
ချောင်ရှို့ကျီ - “ဒုတိယချွေးမ၊ ရှို့ခိုင်ကို အားလုံး ပြောပြလိုက်!”
လင်းဟွေ့ - “ဒါ ကျွန်မ အမှားပါ။ ကျွန်မ အရမ်းတုံးအလို့။ ကျွန်မ ဟင်းချိုသောက်နေတုန်း အိမ်ဘက်ကို လူတစ်ယောက်က လှမ်းအော်တာ ကြားလိုက်ရတယ်။ တောင်တက် လမ်းတစ်ဝက်မှာ တုန်းလင်က ခြေထောက် ကျိုးသွားတယ်လို့ ပြောတယ်။ ထိတ်လန့်ပြီး ကျွန်မပြေးသွားလိုက်တာ။”
ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတစ်ယောက်က သုံးနှစ်လောက် မိုက်မဲတယ်လို့ လူတွေပြောတာ သူမကြားဖူးသည်။ သူမ မယုံခဲ့ပေ။ သူမသည် တုန်းလင်ကို ကိုယ်ဝန်ဆောင်စဉ်က သူမမှာ အသိဉာဏ်ပါ ရှိဆဲဖြစ်သည်။
သူမမှာ အမွှာကိုယ်ဝန်ရှိကတည်းက သူမသည် ကျန်းမာရေးကောင်းနေသော်လည်း ငယ်ငယ်တုန်းကလို ဦးနှောက်မကောင်းတော့ပေ။
ထိုအချိန်တွင် တုန်းလင်သည် ခြေထောက်ကျိုးသွားသည်ကို သူမကြားလိုက်ရသောအခါတွင် သူမသည် အလွန်စိုးရိမ်နေခဲ့သည်။ ကလေးက ကြောက်လန့်ပြီး အကူညီတောင်းနေရှာမှာကို သူမစိတ်ပူသည်။
ချင်းရှောင်မေက စိတ်အေးအေးဖြင့် “ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။ လူတွေရဲ့ စိတ်နှလုံးက ဒီလောက်ဆိုးမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။”
လင်းဟွေ့က သက်ပြင်းချရင်း “အဲဒီတုန်းက အစ်မလိုပဲ ထင်ခဲ့တာ။ တစ်ယောက်ယောက်က နောက်ပြောင်နေတာလားလို့ တွေးမိပြီး ငါ အပြင်ထွက်လာတော့ ဘယ်သူမှ မတွေ့ဘူး။ ဒါပေမယ့် ဒီအကြောင်းကို ပြန်စဉ်းစားကြည့်တော့ ရွာကလူတွေက အတင်းအဖျင်းပြောတာပဲ ကြိုက်ကြတာ။ သူတို့က ဒီလိုမျိုး ဟာသမျိုး၊ လှည့်စားတာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။”
လင်းဟွေ့၏ စကားများသည် သူ့ကိုယ်သူ မှန်ကန်ကြောင်း သက်သေပြရန် မဟုတ်ပေ။
ရွာသားများသည် ကြက်သွန်စိမ်း သို့မဟုတ် ကြက်တစ်ကောင်နှင့် ပက်သတ်ပြီး အချင်းချင်း ရန်ဖြစ်ကြသော်လည်း တစ်ဖက်နှင့် တစ်ဖက် စိတ်ရှုပ်ရန် စကားလုံးများကို မည်သူကမှ မပြောကြပေ။
ဒီလိုလိမ်ညာမှုမျိုးက ဖော်ထုတ်ဖို့ အရမ်းလွယ်သည်။ ဒီလိုကိစ္စမျိုး မဖြစ်ခဲ့တာကို တွေ့ရှိပြီးတာနဲ့ တစ်ဖက်ကို ကျိန်ဆဲတာနဲ့ အတူတူပင်။ တစ်ဖက်က အဲ့တာကို လွှတ်ပေးနိုင်မှာလား?
လင်းဟွေ့သည် ထိုအချိန်တွင် အဲ့တာကို တွေးပြီး နောက်ပြောင်မည့်သူမရှိဘူးဟု ခံစားမိသည်။ ထို့အပြင် သူမသည် အလွန်အမင်း စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမသည် အိမ်ဟောင်းကို သွားပြီး အတည်ပြုရန် မစဉ်းစားခဲ့ပေ။
ဘယ်သူသိမှာလဲ လူတွေက ယုတ်ညံ့သည်။ သူမ၏ ပေါ့လျော့မှုကြောင့် သူမသည် ဒုက္ခရောက်ခဲ့ရသည်။