← Chapters

အခန်း (၁၈၄)

Vol. 15 Ch. 184

အခန်း (၁၈၄)

Vol. 15 Ch. 184

လင်းဟွေ့က သက်ပြင်းချလိုက်ပြီး “ကျွန်မ တောင်ပေါ်ကို တစ်ဝက်လောက် တက်ပြီးတော့ ကလေးငိုသံကြားလိုက်ရတယ်။ အဲ့တာကို တုန်းလင်လို့ ထင်ခဲ့တာ။ အခုစဉ်းစားကြည့်တော့ ဒီအသံက တုန်းလင်နဲ့ မတူဘူး။ ကျွန်မ အဲ့ချိန်တုန်းက အရမ်းစိတ်လောနေခဲ့တာ။ ဘာကိုမှ အာရုံမထားဘဲ အဲ့ကိုပဲ သွားနေခဲ့တာ။ ကျွန်မသွားနေတုန်း တစ်ခုခုနဲ့ရိုက်မိပြီး သတိလစ်သွားတယ်။ ကျွန်မနိုးလာတော့ ဂူထဲမှာ။ ပြီးတော့ဖန်းဖူကွေ့က ရောက်လာတယ်…”

လင်းဟွေ့၏ စကားကိုကြားပြီးနောက် ချင်းရှောင်မေသည် သူမ၏ ရင်ဘတ်ကိုဖိကာ ထပ်ခါတလဲလဲ အော်ပြောခဲ့သည်။

“အမယ်‌လေး ဘုရား။ အန်တီ ရှို့ကျီ ပြောတာတွေကို ကြားတော့ ကျွန်မ အသိစိတ်မဲ့ပြီး ကြောက်လန့်နေတာ။ မင်းကိုယ်တိုင် တွေ့ကြုံခဲ့ရတာတွေကို ပြန်တွေးကြည့်တော့ အဲ့တိရစ္ဆာန် ဖန်းမိသားစုကို သတ်ပစ်ဖို့ မစောင့်နိုင်တော့ဘူး!”

ချောင်ကျန်းကျွင်းက သူ့မိန်းမ ပြောတာကို အရင်က ကြားဖူးသည်။ အခု သူပြန်ကြားတော့ သူသည် ဒေါသအရမ်းထွက်နေသေးသည်။ တစ်ချိန်တည်းမှာပင် သူသည် အလွန်စိတ်ဆင်းရဲခဲ့သည်။

သူ့မိန်းမ၏ ရင်ခွင်ထဲက သားငယ်လေးကို ပွေ့ချီကာ မိန်းမငိုသည်ကို ငေးကြည့်ရင်း နှစ်သိမ့်ခွင့်ရခဲ့သည်။

ချင်းရှောင်မေက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို မမြင်ချင်ယောင်ဆောင်ကာ သူ့ခင်ပွန်းကို လှည့်မေးလိုက်သည်။ “ကျွန်မ နည်းနည်း စိတ်ရှုပ်နေတယ်။ ​​ဖန်းဖူကွေ့က သူ့ကို ဂူထဲရောက်ဖို့ အချိန်တော်တော်ကြာအောင် ကြိုးစားခဲ့ပြီး ဘာလို့ ရက်စက်တာ တစ်ခုခု မလုပ်ခဲ့တာလဲ?”

စကားပြောပြီးနောက်တွင် သူမသည် လင်းဟွေ့ကို ပျက်စီးရန် ဆန္ဒရှိသကဲ့သို့ သူမ၏စကားများသည် မရေမရာဖြစ်နေကြောင်း သူမ ရုတ်တရက် ခံစားလိုက်ရသည်။

သူမက အမြန်ပြန်ရှင်းပြလိုက်သည်။ “ဟွေ့ဟွေ့ သိပ်အများကြီး မတွေးနဲ့။ ခုနက ငါပြောခဲ့တာက မင်းကို တစ်ခုခုဖြစ်စေချင်တယ်လို့ မဆိုလိုဘူး။ ငါ နားမလည်နိုင်လို့ပါ။”

လင်းဟွေ့က တွေးပြီးပြုံးကာ “အစ်မ ရှောင်မေ စိတ်မပူပါနဲ့။ ကျွန်မ အဲ့လို မထင်ပါဘူး။ တကယ်တော့ အစ်မတစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်မလည်း နားမလည်နိုင်ဘူး။”

ဖန်းဖူကွေ့သည် သစ်သားတုတ်ဖြင့် ဝင်လာသည်ကို သူမမြင်သောအခါ သူမသေတော့မည်ဟု ထင်ခဲ့သည်။ အံ့သြစရာကောင်းတာက သူက သူမကို ရိုက်ရုံရိုက်ပြီး ထွက်သွားသည်။

ထိုအချိန်တွင် သူမသည် အသံမထွက်ဘဲ သေဟန်ဆောင်ခဲ့သည်။ ဖန်းဖူကွေ့သည် သူမအသက်ရှင်နေသေးကြောင်းကို ပြောပြသင့်သည်။ ဒါဆို သူဘာလို့ သူမကို မသတ်ခဲ့တာလဲ?

ဒါပေါ့။ တစ်ဖက်က အရမ်းကြင်နာပြီး သူမအတွက် ထွက်ပေါက်ချန်ထား ချင်တယ်လို့ သူမသည် ဘယ်တော့မှ မထင်ပေ။

အဲဒါကို တွေးပြီး လူတိုင်းသည် နားမလည်နိုင်တော့ပေ။ နောက်ဆုံးတော့ တခြားသူက ရူးနေတဲ့ တိရစ္ဆာန်တစ်ကောင်ပင်။ သာမာန်လူများက သူ့အတွေးကို နားမလည်နိုင်ပေ။

ရှန်ရှို့ခိုင် - “အန်တီ ရှို့ကျီ၊ အန်တီ ဒီကိစ္စကို ဘယ်လိုလုပ်မှာလဲ?”

ချောင်ရှို့ကျီက သာ့ချောင်ကို တစ်ချက်ကြည့်လိုက်ပြီး “အကြွေးတင်ရင် ပိုက်ဆံပြန်ပေးရမှာပေါ့။ သူတို့က ဒီလိုဆိုးဆိုးရွားရွားလုပ်တဲ့အတွက် သူတို့ကို ထောင်ထဲပို့ပေးရမယ်!”

စကားပြီးသောအခါ သူမက သာ့ချောင်၏ ဘေးသို့ လျှောက်သွားပြီး ဆံပင်များကို ပွတ်သပ်ကာ ပြောလိုက်သည်။ “လိမ္မာတဲ့ ကလေးလေး မင်းအမေအရင်းက မကောင်းတာတစ်ခု လုပ်ခဲ့တယ်။ ဒါကြောင့် အဘွားက ရဲကိုခေါ်ပြီး သူနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရအောင်လုပ်မယ်။ မင်း အဘွားရဲ့ လုပ်ရပ်ကို နားလည်လား?”

သာ့ချောင်က သူမ မျက်လုံးကြီးတွေကို ခတ်လိုက်ကာ ခေါင်းလေးကို ညိတ်လိုက်ပြီး “ရပါတယ်၊ သူက လူဆိုးပဲ။ သမီး သူ့ကို မကြိုက်ဘူး!”

အစပိုင်း လေးစားမှုမှ နောက်ပိုင်းတွင် ဥပေက္ခာပြုခြင်း၊ လက်ရှိမကြိုက်ခြင်းအထိ။ ဖန်းရှောင်ကျွမ်းသည် သူမစိုက်သောအရာကို ရိတ်ရခြင်း ဖြစ်သည်။

လင်းဟွေ့သည် ကလေးကို သူ့ရင်ခွင်ထဲသို့ ဆွဲယူကာ သူမ၏နဖူးကို နမ်းလိုက်ပြီး “မေမေ မင်းကို ချစ်တယ်”

သာ့ချောင်က ခေါင်းကိုမော့ပြီး သူမကို ပြန်နမ်းလိုက်သည်။ သူမက “သမီးလည်း မေမေကို ချစ်တယ်။ အရမ်းချစ်တယ်။ ဖေဖေ့ထက် ပိုသဘောကျတယ်။”

ရုတ်တရက် အပစ်ခံလိုက်ရသည့် ချောင်ကျန်းကျွင်း - "..."

ချောင်ကျန်းကျွင်း၏ စိတ်ဆိုးနေသော အကြည့်ကို မြင်လိုက်ရတော့ ‌ချင်း‌ရှောင်မေက မရယ်မောဘဲ မနေနိုင်တော့ပေ။ ထို့နောက် သူမက မျက်နှာကို မှုန်ကုပ်ကုပ်လုပ်ပြီး “အမေ့ရော သာ့ချောင်က မွေးစားအမေကို မချစ်ဘူးလား?”

သာ့ချောင်သည် အပြေးအလွှား ပြေးသွားကာ သူမ မျက်နှာကို နှစ်ကြိမ် နမ်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “သမီး အမေ့ကို ချစ်တယ်။”

ချင်းရှောင်မေက ထပ်ပြုံးလိုက်ပြန်သည်။ သူမသည် ပွေ့ဖက်ကာ အနမ်းမိုးရွာချပေးလိုက်သည်။

ထိုသို့သော ဆက်ဆံရေးကြောင့် ဝမ်းနည်းဖွယ်ကောင်းသော အငွေ့အသက်များသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။

ရှန်ရှို့ခိုင်က နှစ်ကြိမ်ချောင်းဟန့်လိုက်ပြီး လူတိုင်းရဲ့အာရုံကို ပြန်ရယူလိုက်ပြီး “ဖန်းမိသားစုကို အချုပ်ထဲ ရှင်းရှင်းလင်းလင်း ပို့ချင်ရင် ဖန်းဖူကွေ့နဲ့ စကားပြောဖို့လိုတယ်။”

ချောင်ရှို့ကျီ - “စိတ်မပူပါနဲ့။ ဖန်းမိသားစုမှာ မွေးချင်းတွေကို ချစ်ခင်တွယ်တာတာ မရှိပါဘူး။ ဖန်းဖူကွေ့က သုံးရက်အတွင်း သေချာပေါက် ဝန်ခံမှာပါ!”

ဘယ်လိုပဲဖြစ်ဖြစ် ဖန်းရှောင်ကျွမ်းနှင့် ဖန်းမိသားစုကို အချုပ်ထဲသို့ ပို့ဆောင်ရမည်ဖြစ်သည်။ တစ်ခုတည်းသောဒုက္ခက…ရှောင်ချောင်။

ဖန်းရှောင်ကျွမ်းကို ထောင်ထဲပို့ရင် အပြင်လူ မုန့်ဟောင်ကွမ်က ရှောင်ချောင်ကို ဘယ်လိုလုပ် မွေးစားမလဲ? ရှောင်‌ချောင်ကိုတော့ သေချာပေါက် ပြန်ပို့မှာ ဖြစ်သည်။

အသေးစားပြဿနာမ ရှောင်‌ချောင်ကို တွေးမိိပြီး မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။

ချောင်ရှို့ကျီက ဖန်းဖူ‌ကွေ့ကို သုံးရက်အတွင်း အမှန်အတိုင်း ဝန်ခံမည်ဟု ပြောခဲ့သည်။ သူမသည် သူ့ကို အထင်ကြီးလွန်းသည်!

မြို့ရဲစခန်းကို ခေါ်ဆောင်သွားပြီး နောက်တစ်နေ့မှာတော့ ဖန်းဖူ‌ကွေ့က အားလုံးကို ဝန်ခံခဲ့သည်။

သူ၏ ဝန်ခံမှုအရ ဖန်းရှောင်ကျွမ်းထံမှ အမြန်ချောပို့ စာတစ်စောင် လက်ခံရရှိခဲ့ကြောင်း သိခဲ့ရသည်။ လင်းဟွေ့ကိုသတ်ပစ်ရန် သူမသည် သူ့အား တောင်းဆိုခဲ့သည်။ စာအိတ်ထဲမှာ ယွမ်တစ်ရာပါ ပါသည်။ ကိစ္စပြီးရင် နောက်ထပ် ယွမ်တစ်ရာ ပေးမယ်လို့ သူမက ပြောသည်။

လူတစ်‌ယောက်ကိုသတ်ပြီး ယွမ်နှစ်ရာ ရှာနိုင်သည်။ သူသည် အဲ့ဝာာကိုသေချာပေါက် သဘောတူလိမ့်မည်!

လူတစ်​​ယောက်​ကို သတ်​ရုံဖြစ်သည်။ ဖန်းဖူကွေ့ရဲ့ စိတ်ထဲမှာတော့ အဲ့တာက ကြီးကြီးမားမား မဟုတ်ပေ။

သူသည် လင်းဟွေ့ကို တစ်ချက်တည်း မသတ်ခဲ့ပေ။ သူ့ဝမ်းတွေ စိမ်းနေသည့်တိုင်အောင် ဒါကို သူတကယ် နောင်တရမိသည်။

အဲ့နေ့က သူသည် လင်းဟွေ့ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး သူမသည် သွေးအိုင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမ မသေသေးဘူးဆိုတာ သဘာဝကျကျပင် သူသိသည်။ ဂူသည် ဘယ်သူမှ ရှာမတွေ့နိုင်လောက်အောင် အရမ်းလျှို့ဝှက်သည်ဟု သူထင်ခဲ့သည်။

ထို့ကြောင့် လင်းဟွေ့ကို လုံးဝသတ်ရန် မလိုအပ်ပေ။ သူမသည် သွေးအလွန်အကျွံထွက်ခြင်းကြောင့် သေဆုံးရပေလိမ့်မည်။ သူသည် လူ သို့မဟုတ် တိရိစ္ဆာန်တစ်ကောင်ကို ဖြည်းညှင်းစွာ သေသည်အထိ နှိပ်စက်ခြင်းကို နှစ်သက်သည်။

အများအားဖြင့် သူသည် ငှက် သို့မဟုတ် ကြွက်များကိုဖမ်းကာ မီးပေါ်တွင် အရှင်လတ်လတ် ကင်သည်ကို နှစ်သက်သည်။ သူတို့ နာကျင်စွာ အော်ဟစ်နေတာကို မြင်ရင် သူသည် အရမ်း ကျေနပ်ရသည်။

ထုတ်လုပ်ရေးအဖွဲ့က လိုက်ရှာနေခဲ့ပြီး သူအိမ်မှာမရှိမှန်း သိမှာကို ကြောက်လို့သာ မဟုတ်ရင် သူသေချာပေါက် ဂူထဲမှာပဲနေပြီး လင်းဟွေ့ရဲ့ ဖြည်းဖြည်းချင်း သေလုမြောပါး ပုံစံကို အလေးထားပြီး ကြည့်ခဲ့မှာ ဖြစ်သည်။

လင်းဟွေ့သည် အသက်ပြင်းမည် သို့မဟုတ် ချောင်မိသားစု၏ ခွေးသည် လိုဏ်ဂူကို ရှာတွေ့နိုင်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ပေ။

ရဲစခန်းမှ ရဲအရာရှိများသည် ဖန်းဖူကွေ့၏ ဝန်ခံချက်ကို ကြားသောအခါ အားလုံးက 'စိတ်ရောဂါ' ဟု ပြောကြသည်။

သူတို့ကို ပိုလို့တောင် အံ့အားသင့်စေခဲ့တဲ့ အရာကတော့ ဖန်းဖူကွေ့လိုမျိုး ကြီးကြီးမားမား စိတ်ရောဂါရှိတဲ့သူအပြင် ဖန်းမိသားစုမှာ အသေးစား စိတ်ရောဂါသည်က ဖန်းရုံလန်ရှိသည်။

ဖန်းရုံလန်သည် ထိုနေ့တွင် လင်းဟွေ့ကို မျှားခေါ်ခဲ့သူဖြစ်သည်။ မြက်ခင်းပြင်မှာ ပုန်းပြီး ငိုနေတဲ့ ကလေးတစ်ယောက်လို ဟန်ဆောင်ခဲ့သူလည်း ဖြစ်သည်။

ဖန်းဖူကွေ့ကဲ့သို့ပင် သူသည် တိရိစ္ဆာန်များကို ဖမ်းဆီးနှိပ်စက်ရခြင်းကို နှစ်သက်သည်။ ဒါပေမယ့် သူတို့ကို သေအောင် မီးရှို့မယ့်အစား အရှင်လတ်လတ် အရေခွံခွာသည်။

ရဲအရာရှိအချို့က မအော့အန်ဘဲ မနေနိုင်ခဲ့ပေ။

စစ်ဆေးမေးမြန်းနေစဉ်အတွင်း အဲ့တာကို ဖန်းရုံလန်က ဆွဲထုတ်ခဲ့သည်။ သူသည် သူ့ညီ ဖန်းရုံရိုကို မြစ်ထဲသို့ တွန်းချခဲ့သူဖြစ်သည်။ ဖန်းရုံရိုသည် မြစ်ထဲမှာ ရုန်းကန်နေရချိန်မှာ သူသည် ကမ်းစပ်မှာ ခဏလောက် ပျော်နေခဲ့သည်။ လူတွေက သူ့ကို ဖမ်းမှာကိုသာ မကြောက်ရင် အစအဆုံးကို စောင့်ကြည့်နေခဲ့မည် ဖြစ်သည်။

အဘွားကြီး ဖန်း၊ သူမသည် အမှုတွင် တိုက်ရိုက်မပါဝင်ခဲ့သော်လည်း သူမက ရာဇဝတ်မှုကို ဖုံးကွယ်ခဲ့သည်။ သူမသည် မြေးဖြစ်သူ ဖန်းရုံလန်ကို အရင်ကလည်း ဖုံးကွယ်ပေးခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမသည် သားဖြစ်သူ ဖန်းဖူကွေ့ကို ဖုံးကွယ်ခဲ့သည်။

ထုတ်လုပ်ရေးအဖွဲ့သည် လင်းဟွေ့ကို ရှာဖွေနေချိန်တွင် ချောင်မိသားစုနှင့် လင်းမိသားစုတို့သည် ဖန်းမိသားစုကို သံသယဖြစ်ခဲ့ကြသည်။ သို့သော်လည်း အဘွားကြီး ဖန်းက သူ့သားသည် အိမ်ကနေ ဘယ်ကိုမှ မထွက်ခဲ့ကြောင်း အခိုင်အမာပြောခဲ့ပြီး သူတို့ကို အိမ်ထဲသို့ ရှာဖွေခွင့်ပါ ပေးခဲ့သည်။

ဘာအထောက်အထားမှ မတွေ့တဲ့အတွက် လူတိုင်းက သူတို့ကို ဘာမှ မလုပ်နိုင်ကြပေ။ ဖန်းဖူကွေ့သည် ထူထပ်သော တောအုပ်ထဲတွင် တကယ်တန်း လူကို ဝှက်ထားမည်ဟု ဘယ်သူက ထင်မှာလဲ?

ဤဝန်ခံချက်ကြောင့် ဖန်းဖူကွေ့နှင့် ဖန်းရုံလန်သည် လုံးဝအသက်မရှင်နိုင်တော့ပေ။

သူတို့ကို အခုတော့ အပြစ်မပေးသေးပေ။ ဖန်းရှောင်ကျွမ်းကို ဖမ်းဖို့တွက် သူတို့ သက်သေတွေ ရှိနေသေးသည်။

အဘွားကြီး ဖန်း၊ သူမကို ကွပ်မျက်ခြင်း မပြုသော်လည်း နှစ်အနည်းငယ်ကြာအောင် ချုပ်နှောင်ထားမည်ဆိုတာ သေချာသည်။ ဒါပေမယ့် သူ့သားနဲ့မြေးကတော့ သေတော့မည်။ သူမသည် ဒီဒဏ်ကို ခံနိုင်ရည်ရှိမလား မသိပေ။

ရှန်ရှို့ခိုင်သည် ဖန်းဖူ‌ကွေ့၏ ဝန်ခံချက်ကို ဟူမြို့ရှိ ဖန်းရှောင်ကျွမ်းကို လိုက်လံဖမ်းဆီးရန် သူ့၏ အထက်အရာရှိများနှင့် လျှောက်ထားခဲ့သည်။ ခွင့်ပြုချက်ရပြီးနောက်တွင် သူသည် ရဲအရာရှိနှစ်ဦးနှင့်အတူ ဟူမြို့သို့ ကိုယ်တိုင်ကိုယ်ကျ အမြန်သွားရောက်ခဲ့သည်။

ဟူမြို့မှ ရဲများနှင့်အတူ ဖန်းရှောင်ကျွမ်းကို ဝင်ရောက်စီးနင်းသောအခါ သူမသည် မုန့်အိမ်တွင် မရှိခဲ့ပေ။ အဲဒီအစား ဒုညွှန်ကြားရေးမှူး လန်ရဲ့အိမ်မှာ ရှိနေခဲ့သည်။ ထိုအချိန်တွင် ဖန်းရှောင်ကျွမ်းသည် ကုတင်ခေါင်းရင်းတွင် လက်နှစ်ဖက်ကို ကြိုးဖြင့်ချည်ထားခံရသည်။ မြင်ကွင်းက ဆိုးဆိုးဝါးဝါးဆိုတော့ လူတိုင်းက သူတို့ မျက်လုံးများကို ပြောင်းချင်နေကြသည်။

ထိုနေ့တွင် ဖန်းရှောင်ကျွမ်းသည် တစ်ဦးတည်း ခေါ်‌သွားခြင်းကို ခံရတာ မဟုတ်ပေ။ ဒုညွှန်ကြားရေးမှူး လန် နှင့် မုန့်ဟောင်ကွမ်တို့ကိုလည်း ခေါ်ဆောင်သွားခဲ့သည်။

ဟူမြို့၏ ရဲစခန်းသည် ဒုညွှန်ကြားရေးမှူး လန် နှင့်ပတ်သက်သော တိုင်ကြားစာများကို အချိန်အတော်အတန်ကြာ လက်ခံရရှိခဲ့သော်လည်း အထောက်အထား မခိုင်လုံပေ။ ထို့အပြင် ဒုညွှန်ကြားရေးမှူး လန်၏ နောက်ကွယ်မှာ သူ့ကို အကာအကွယ်ပေးနေသည့် တစ်စုံတစ်ယောက်ရှိသည်။ အချိန်အတော်ကြာအောင် သူတို့ ဘာမှ မလုပ်နိုင်ခဲ့ကြပေ။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့ကို သူနှင့် ပတ်သက်မှုတစ်ခုဖြင့် ဖမ်းမိခဲ့သည်။ မျက်လုံးများစွာဖြင့် စောင့်ကြည့်နေသောကြောင့် သူ့နောက်ကလူများက သူ့ကိုကယ်ချင်ရင်တောင် မကယ်တင်နိုင်ပေ။

တကယ်တော့ ဖန်းရှောင်ကျွမ်းက သူမသည်လည်း အလိုတူအလိုပါလို့ ဝန်ခံခဲ့မယ်ဆိုရင် ဒုညွှန်ကြားရေးမှူး လန်နှင့် မုန့်ဟောင်ကွမ်တို့က မျှော်လင့်ချက် အလင်းတန်းတွေ ရှိနေဆဲပင်။

ဒါပေမယ့် ပြဿနာသည် ဖန်းရှောင်ကျွမ်းက မလိုလားလို့ပင်။ မုန့်ဟောင်ကွမ်က သူမကို လှည့်စားခဲ့ပြီး ဒုညွှန်ကြားရေးမှူး လန်က သူမကို အတင်းအကြပ် ခိုင်းစေခဲ့တယ်လို့ ဆိုခဲ့သည်။ သူမသဘောမတူရင် သူတို့သည် သူမကို သတ်ပစ်လိမ့်မည်။

ဟုတ်ပါသည်။ ဖန်းရှောင်ကျွမ်းက လင်းဟွေ့နှင့် ချောင်မိသားစုကို မုန်းတီးခဲ့သည်။ ဒါပေမယ့် သူမသည် မုန့်ဟောင်ကွမ်နှင့် ဒုညွှန်ကြားရေးမှူး လန်ကိုလည်း မုန်းတီးခဲ့သည်။

အခု သူမကို ကွပ်မျက်တော့မှာဆိုတော့ ဒီလူတွေက လောကကြီးမှာ ဘာလို့ ကောင်းကောင်း နေနေခဲ့ရမှာလဲ။ သူမနှင့်အတူ သူတို့သည် ငရဲသို့သွားသင့်သည်။

ဖန်းရှောင်ကျွမ်း၏ ဝန်ခံမှုနှင့်အတူ အမှု၏ စုံစမ်းစစ်ဆေးမှုသည် ချောမွေ့သွားခဲ့သည်။

တကယ်တော့ မုန့်ဟောင်ကွမ်ဟာ ​​ဒုညွှန်ကြားရေးမှူး လန်အတွက် ပြည့်တန်ဆာ‌ခေါင် လုပ်ပေးခဲ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ သူ့အရင် ဇနီးသည်က ငယ်ငယ်ရွယ်ရွယ်နဲ့ နာမကျန်းဖြစ်တာလည်း မဟုတ် မတော်တဆမှုကြောင့်လည်း သေဆုံးတာမဟုတ်ဘဲ သူမသည် သည်းမခံနိုင်တော့လို့ ကိုယ့်ကိုယ်ကို သတ်သေခဲ့တာ ဖြစ်သည်။

သူ့ဇနီးရဲ့ မိသားစုက သံသယရှိခဲ့ပေမယ့် သက်သေမပြနိုင်ခဲ့ပေ။ သူတို့၏ အင်အားသည် အခြားသူများနှင့် မယှဉ်နိုင်သောကြောင့် မျိုသိပ်ထားခဲ့ရသည်။

ယခုအခါ ရဲများက သူတို့အား ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့သည် ထွက်ဆိုရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။

သူတို့သည် မစုံစမ်းရင် သူတို့လုပ်ခဲ့တာကို သိမှာ မဟုတ်ဘူးပေ။ အားလုံးက တုန်လှုပ်သွားကြသည်။

ဒုညွှန်ကြားရေးမှူး လန်သည် ငယ်စဉ်ကတည်းက အမျိုးသမီး ၁၀ ဦးထက်မနည်း စော်ကားခဲ့သည်။ တချို့က တခြားနေရာကို ပြောင်းသွားကြသည်။ အချို့သော အမျိုးသမီးများသည် သန်မာပြီး ရှင်သန်ခဲ့ကြသည်။ ဒါပေမယ့် အများစုဟာ သည်းမခံနိုင်ဘဲ သတ်သေလိုက်တာ ဒါမှမဟုတ် ရူးသွပ်သွားသည်။

မကောင်းဆိုးဝါးသည် ကမ္ဘာပေါ်ရှိနေသောကြောင့် ငရဲလိုနေရာဖြစ်နေသည်။

ဒုညွှန်ကြားရေးမှူး လန် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများသည် စာရင်းပြုစုရန် များပြားလွန်းလှသည်။

ရှန်ရှို့ခိုင်မထွက်ခွာခင်မှာ ဒုညွှန်ကြားရေးမှူး လန်က ဖမ်းခံရပြီးပြီ ဖြစ်သည်။

မုန့်ဟောင်ကွမ်? သူ့ကိုယ်သူ ဘာလို့ အစိမ်းရောင် ဦးထုပ်ကို ထပ်ခါထပ်ခါ ဆောင်းပေးခဲ့ရတာလဲ? သူ့မှာ အစိမ်းရောင်ဦးထုပ်က ရှုပ်ထွေးနေတာ ဖြစ်နိုင်လား?

All Chapters