← Chapters

အခန်း (၁၈၅)

Vol. 15 Ch. 185

အခန်း (၁၈၅)

Vol. 15 Ch. 185

မုန့်ဟောင်ကွမ်တွင် သူ့အမျိုးသမီးက တခြားသူနှင့် ဖြစ်တာကို ကြိုက်တာမျိုး မရှိပေ။ သို့သော် သူသည် ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်ဖြစ်သည်။ အမြင့်ကို တက်ဖို့အတွက် သူ့မိန်းမကို သူ့အထက်လူကြီးဆီ နှစ်ကြိမ် အပ်ခဲ့သည်။

အမှန်တော့ သူသည် ထိုရက်စက်မှုကို လမ်းကြောင်းမှန်ပေါ်တွင် ထားနိုင်ပြီး နောက်ထပ်နှစ်အနည်းငယ်ကြာအောင် သည်းခံနိုင်လျှင် တက်လမ်းရှိပေမည်။ ကံမကောင်းစွာပဲ၊ သူ မစောင့်ချင်ခဲ့ပေ။ သူသည် လုံးဝ ဖြတ်လမ်းပေါ် လျှောက်ခဲ့သည်။

သူသည် အရွယ်ရောက်ပြီးသူ အမျိုးသမီးများကို သိပ်စိတ်မဝင်စားသောကြောင့် ဦးထုပ်အစိမ်း ဆောင်းရတာကို သူတကယ် ဂရုမစိုက်ပေ။ သူ့အတွက်ကတော့ ရှောင်‌ချောင်လို ကောင်မလေးတွေက သူ့ကို အဆွဲဆောင်နိုင်ဆုံးပင်။

မူလက ဖန်းရှောင်ကျွမ်းကို သူမ၏ အခြား သမီးလေးကိုလည်း ခေါ်လာစေချင်ခဲ့သည်။ အချိန်တန်ရင် အမွှာနှစ်ယောက်နှင့် သူလုပ်မည်။ ဘယ်လောက်ထိ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားချက်မျိုးရလိမ့်မလဲ။ ကံမကောင်းစွာဖြင့် အဆုံးတွင် တစ်ဦးတည်းသာ ရောက်လာသည်။

တစ်ယောက်က မဆိုးပါဘူး။ သူသည် ဖန်းရှောင်ကျွမ်းကို ဒုညွှန်ကြားရေးမှူး လန်၏ အိပ်ရာသို့ ပို့ပြီးနောက် သူ့အမေနှင့်သားကို ဆွေမျိုးများအိမ်သို့ ပို့လိုက်သည်။ ထို့နောက် ရှောင်ချောင်ကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။

သူအရေးယူမခံရခင်မှာပဲ ရှောင်ချောင်သည် သိသွားပြီး လွတ်မြောက်သွားခဲ့သည်။ အဲဒီနောက် ရဲတွေရောက်လာပြီး သူ့ကို ရဲစခန်းကို ခေါ်ဆောင်သွားခဲ့သည်။

စစ်ဆေးမေးမြန်းပြီးနောက် မုန့်ဟောင်ကွမ်ကိုလည်း ကြံရာပါအဖြစ် သေဒဏ်ချမှတ်ခဲ့သည်။

ရှန်ရှို့ခိုင်သည် ဟူမြို့မှ မထွက်ခွာမီတွင် ရှောင်ချောင်သည် မည်သည့်နေရာတွင် ရှိသည်ကို မေးမြန်းခဲ့သည်။ ကံမကောင်းစွာနှင့် သူလည်းမသိပေ။

ရှန်ရှို့ခိုင်သည် ဟူမြို့၏ရဲများကို သူမကို ကူညီရှာဖွေရန် တောင်းဆိုခဲ့ရသည်။ ရက်အနည်းငယ်ကြာအောင် ရှာဖွေပြီးနောက် ရှောင်ချောင်သည် ကမ္ဘာမှ အငွေ့ပျံသွားပုံရသည်။ သတင်းလုံးဝ မရပေ။

သူသည် သူမကို ရှာဖွေရန် ဟူမြို့တွင် အမြဲမနေနိုင်ပေ။ သူသည် ထိုနေရာရှိ ရဲအရာရှိများကိုသာ စောင့်ကြည့်ကူညီရန် တောင်းဆိုနိုင်ခဲ့သည်။ ထို့နောက် သူနှင့် အခြားရဲအရာရှိနှစ်ဦးသည် ဖန်းရှောင်ကျွမ်းကို ဟူမြို့မှ ခေါ်ထုတ်ခဲ့သည်။

ဖန်းရှောင်ကျွမ်းသည် အဓိကပြစ်မှုကျူးလွန်သူများထဲမှ တစ်ဦးအဖြစ်လည်း သေဒဏ်ချမှတ်ခံခဲ့ရသည်။ သူမသည် သေဒဏ်မပေးခင်မှာ ချောင်ရှို့ကျီကို တွေ့ဖို့ တောင်းဆိုခဲ့သည်။

ဟုတ်သည်။ ချောင်ကျန်းကျွင်းနှင့် သူမ၏ သမီး သာ့ချောင် မဟုတ်ပေ။ ဒါပေမယ့် သူမရဲ့ ယောက္ခမဟောင်း ချောင်ကျန်းကျွင်း ဖြစ်သည်။

ထိုအကြောင်းကို စဉ်းစားပြီးနောက် ချောင်ရှို့ကျီသည် ဖန်းရှောင်ကျွမ်းဆီသို့ သွားခဲ့သည်။

ချောင်ရှို့ကျီသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဖန်းရှောင်ကျွမ်း၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူမ အံ့အားမသင့်သွားဘဲ မနေနိုင်ပေ။

ဖန်းရှောင်ကျွမ်းသည် အရမ်းပိန်သည်။ သူမ၏ ပါးပြင်များ ချိုင့်နေကာ သူမ၏ ဆံပင်များသည် ကြက်လှောင်အိမ်ကဲ့သို့ ရှုပ်ထွေးနေပြီး သူမ၏ မျက်နှာသည် ဒဏ်ရာ အမျိုးမျိုးဖြင့် ဖုံးလွှမ်းနေသည်။

“အမေ၊ နောက်ဆုံးတော့ ဒီကိုရောက်လာပြီပဲ။ အမေ ကျွန်မကို မတွေ့လောက်ဘူးလို့ ကျွန်မ ထင်ခဲ့တာ!”

စိတ်လှုပ်ရှားစွာဖြင့် ဖန်းရှောင်ကျွမ်းက မတ်တပ်ရပ်ချင်သော်လည်း သူ့နောက်က ထောင်အစောင့်သည် တားလိုက်သည်။

ချောင်ရှို့ကျီက သူမ ပြောတာကို ကြားတဲ့အခါ မျက်လုံးတွေကို လှိမ့်လိုက်ပြီး “မင်းအမေက ထောင်ကျနေတာ။ မင်းသူ့ကို ခေါ်ချင်ရင် ငါ့ကို နောက်မှ ခေါ်ခိုင်းပါ။ မင်း ငါ့ကို လာစေချင်တာ ဘာပြောစရာရှိလို့လဲ ပြော!”

ဖန်းရှောင်ကျွမ်းက စိတ်မဆိုးပေ။ အဲ့ဒီအစား သူသည် ထောင်စောင့်ကို လှည့်ပြီး ကြည့်လိုက်သည်။

ထောင်စောင့်က ဒုဦးစီးမှူးဆီက ညွှန်ကြားချက်ကို ရပြီးဖြစ်သည်။ သူသည် ချောင်ရှို့ကျီကို မမေးဘဲ ထွက်လာခဲ့သည်။ ဒါတောင် သူ အဝေးမသွားပေ။

ဒီလိုမှမဟုတ်ရင် တစ်ခုခုဖြစ်လာရင် ဒါက သူ့တာဝန် ဖြစ်သည်။

ထောင်စောင့်က ထွက်သွားတာနှင့် ဖန်းရှောင်ကျွမ်းက မစောင့်ဘဲ ချက်ချင်းပြောလိုက်သည်။ “အမေ…အန်တီ ရှို့ကျီ ကျွန်မ ရှင်းရှင်းပြောမယ်။ ကျွန်မ ရှင်နဲ့ ညှိနှိုင်းချင်တယ်!”

ချောင်ရှို့ကျီက နှာမှုတ်လိုက်ပြီး “မင်းအခု ငါနဲ့ အခြေအနေတွေကို ပြောင်းဖို့ မင်းမှာ ဘာအရည်အချင်းတွေရှိတယ်လို့ ထင်လို့လဲ?”

ဖန်းရှောင်ကျွမ်းဟာ ခဏလောက် ဆို့နင့်သွားပြီး သွားတွေကို ကြိတ်လိုက်ပြီး “အန်တီ ရှို့ကျီ၊ ကျွန်မ ရှင့်ကို ယုံကြည်မှု မလွန်ကဲဖို့ အကြံပေးမယ်။ ရှင်ဒီနေ့ ကျွန်မကို ငြင်းပယ်ရင် ရှင် နောင်တရလိမ့်မယ်!”

ချောင်ရှို့ကျီသည် ဤစကားကို ကြားသောအခါတွင် သူမသည် သူမ၏အချိန်ကို ဖြုန်းတီးရန် စိတ်မကူးတော့ပေ။ သူမသည် မတ်တပ်ထရပ်ပြီး ထွက်သွားသည်။

ချောင်ရှို့ကျီ၏ တုံ့ပြန်မှုသည် ဖန်းရှောင်ကျွမ်း၏ မျှော်လင့်ချက်ကို ထုတ်ဖော်စေပြီး သူမသည် အော်လိုက်သည်။ “နောက်နှစ်မတ်လမှာ ရွှယ်ချွမ် ဖျားနာပြီးသေလိမ့်မယ်!”

ချောင်ရှို့ကျီသည် သဘာဝလွန်အစွမ်း သတ္တိရှိသော်လည်း သူမသည် အဲ့တာကို အခြားသူများအား အနိုင်ကျင့်ရန် မည်သည့်အခါမျှ အသုံးမပြုခဲ့ပေ။ ဒါပေမယ့် ဒီအချိန်မှာ သူမသည် ထိန်းမနိုင် သိမ်းမရ သူမကို လုပ်ချင်လာသည်။

သူမသည် လျှောက်လာကာ ဖန်းရှောင်ကျွမ်း၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး “ငါ့ ဘဝမှာ အမုန်းဆုံးလူ နှစ်မျိုးရှိတယ်။ အမှားတစ်ခုကို တခြားတစ်ယောက်ရဲ့ အပြစ်လို့ အမြဲခံစားရပြီး ကိုယ့်ကိုကိုယ်လို့ ဘယ်တော့မှ ပြန်မထင်တဲ့သူ။ နောက်တစ်မျိုးက ကိုယ့်သေလမ်း ကိုယ်ရှာတဲ့သူ။ နင်က အဲ့နှစ်မျိုးလုံးပဲ!”

ရွှယ်ချွမ်သည် သူမ၏ အားနည်းချက်ဖြစ်သည်။ သူမသည် သူ့အပေါ် ဆိုးတဲ့ စကားကို ခွင့်မပြုနိုင်ပေ။

ဖန်းရှောင်ကျွမ်းသည် ချောင်ရှို့ကျီက သူမဆီသို့ လျှောက်လာသည်ကို မြင်သောအခါ သူမ နောင်တရသွားသည်။ ဒါပေမယ့် သူမ မစကားမပြောခင် လည်ပင်းညှစ်ခံလိုက်ရသည်။

ချောင်ရှို့ကျီသည် သူမကို လည်ပင်းညှစ်သတ်ရန် အမှန်တကယ် အစီအစဉ်မရှိပေ။ သူမသည် အသက်ရှုကြပ်တဲ့အထိ လည်ပင်းညှစ်ခံထားရတာကို မြင်လိုက်ရတော့ သူက မြေကြီးပေါ်ကို သူမအား ပစ်ချလိုက်ပြီး “နင် ထပ်ပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောရဲရင် ငါနင့်ကို ချက်ချင်း ပစ်သတ်မယ်!”

ဖန်းရှောင်ကျွမ်းက မြေပြင်မှာ ငိုယိုပြီး ထိုင်ချလိုက်သည်။ “ငါ ကျိန်စာတိုက်နေတာ မဟုတ်ဘူး... ငါပြောတာ အမှန်ပဲ! အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ငါသိတယ်…”

“မင်းတကယ် ရူးသွားပြီပဲ!”

ချောင်ရှို့ကျီက ဖန်းရှောင်ကျွမ်းကို လာတွေ့ကတည်းက သူမ အမှားလုပ်မိသည်ဟု ထင်မြင်လာခဲ့သည်။ သူမသည် ရယ်မောကာ ပြန်လှည့်ထွက်သွားသည်။

ဒါပေမယ့် ဖန်းရှောင်ကျွမ်းက ဆက်ပြီး "ငါမရူးဘူး! ငါတစ်ကြိမ် ရှင်သန်ပြီးပြီ။ အရင်ဘဝမှာ ငါ ချောင်ကျန်းကျွင်းနဲ့ မကွာရှင်းဖူးဘူး။ ဟုတ်တယ် နင့်ရဲ့ ဟုန်းမေကို သူ့ယောင်္ကျားက မြစ်ထဲတွန်းချပြီး တစ်လအတွင်း သေလိမ့်မယ်။ နောက်ထပ်တစ်လလောက်စောင့်ပြီး နင်ငါ့စကားကို သေချာအတည်ပြုလို့ရတယ်။ ပြီးရင် နင် ဒုဦးစီးမှူးဆီသွားပြီး ငါ့ကိုပစ်မသတ်နဲ့လို့ ပြော။

ငါအသက်ရှင်နေသရွေ့ အနာဂတ်မှာ ဘယ်ဖြစ်မယ်ဆိုတာ နင့်ကိုပြောပြနိုင်တယ်!”

ချောင်ရှို့ကျီက သူမကို အကဲခတ်ကာ ရယ်မောလိုက်ပြီး “မင်းမသိပါဘူး။ ‌ဟုန်းမေက ငါတို့ ချောင်မိသားစုကမှ မဟုတ်တာ။ ဒါကြောင့် သူသေတာ ငါနဲ့ ဘာဆိုင်လို့လဲ?”

ဖန်းရှောင်ကျွမ်းက အံ့အားသင့်သွားသည်။ “ဟုန်းမေက နင်နဲ့ ရွှယ်ချွမ်ရဲ့သမီး မဟုတ်ဘူးလား? အဲ့တာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါ့ရဲ့အရင်ဘဝမှာ ဒီလိုမျိုး မဖြစ်ခဲ့ဘူး!”

ချောင်ရှို့ကျီ၏ ကယောင်ကတမ်းပြောဆိုသံကို ကြားသောအခါတွင် သူမသည် အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောသည်ဟု ပို၍ယုံကြည်လာခဲ့သည်။

ဖန်းရှောင်ကျွမ်းက ဆက်ပြောသည်။ “ငါပြောတာမှန်တယ်။ ရှောင်ချောင်က သူ့ရဲ့ အရင်ဘဝမှာ အရူးတစ်ယောက်။ သူက ဒီဘဝမှာ တစ်ဖန်ပြန်လည်မွေးဖွားလာတာ။ သာ့ချောင်က အရင်ဘဝတုန်းက အခုဘဝလို ကြည့်လို့ကောင်းပြီး တော်မနေဘူး!”

သာ့ချောင် နှင့် ရှောင်ချောင်တို့ အကြောင်း သူမပြောသည်ကိုကြားတော့ ချောင်ရှို့ကျီသည် သူမ၏ နှလုံးခုန်သံကို ခံစားလိုက်ရသည်။ သို့သော် သူမသည် မရပ်တန့်ခဲ့ပေ။

စိတ်ပျက်အားငယ်မှုလှိုင်းလုံးက ဖန်းရှောင်ကျွမ်းကို ဖုံးလွှမ်းသွားသည်။ သူမသည် တွားသွားကာ အမီလိုက်ခဲ့သည်။ သို့သော် ထောင်အစောင့်က ဝင်လာသည်။

ချောင်ရှို့ကျီသည် ထွက်သွားပြီးနောက် ရှောင်ချောင်အကြောင်းမေးရန် ရှန်ရှို့ခိုင်ဆီသို့ သွားခဲ့သည်။

ရှန်ရှို့ခိုင်က ဟူမြို့ထံမှ သတင်းမရသေးကြောင်း ပြောခဲ့သည်။ မုန့်ဟောင်ကွမ်ရဲ့အမေက ရှောင်ချောင်ကို ခေါ်မသွားခဲ့ပေ။

သူတို့က စုံစမ်းသည်။ မုန့်ဟောင်ကွမ် အဖမ်းခံရတဲ့နေ့မှာ ရှောင်ချောင်ပျောက်သွားသည်။ အကယ်၍ သတင်းမရရှိပါက သူမကို ပြန်ပေးဆွဲသူများက ပြန်ပေးဆွဲသွားတာနှင့် တူသည်။

ချောင်ရှို့ကျီက မထင်ခဲ့ပေ။

သာမန်ကလေးတစ်ယောက်ဆိုရင် ပြန်ပေးဆွဲသူတွေဆီက ပြန်ပေးဆွဲခံရတာ ဖြစ်နိုင်ချေရှိသည်။ သို့သော် ရှောင်ချောင်မှာ အကြံအစည်နှင့် နှလုံးသားရှိသည်။ သူမသည် ခုနစ်နှစ်အရွယ်ကလေးနှင့် မတူပေ။ ဖန်းရှောင်ကျွမ်း ပြောတာကို အခုပဲ တွေးကြည့်တော့ ဖြစ်နိုင်ချေက အရမ်းနည်းသွားတယ်လို့ ခံစားရသည်။

ရှန်ရှို့ခိုင်ကို ကျေးဇူးတင်ပြီးနောက် ချောင်ရှို့ကျီသည် အိမ်သို့ပြန်လာခဲ့သည်။

အစက ဖန်းရှောင်ကျွမ်းကို ပစ်သတ်ခြင်းမပြုမီ ထောင်ဒဏ် တစ်လ ချမှတ်ခဲ့သည်။ သို့သော် သူမသည် သေခြင်းတရားကို ရှာဖွေခဲ့သည်။ သူမသည် အနာဂတ်တွင် ဘာဖြစ်မည်ကို သိကြောင်း ထောင်စောင့်ကို ပြောပြသည်။ ၁၉၇၆တွင် တိုင်းပြည်၏ အရေးပါသော ပုဂ္ဂိုလ် သုံးဦး သေဆုံးလိမ့်မည်။

သူမသည် နာမည်သုံးခုကိုပြောသောအခါ ထောင်စောင့်သည် ထိတ်လန့်တကြား ဖြူဖျော့သွားကာ သူသည် ချက်ချင်းပြေးပြီး ခေါင်းဆောင်ကို သတင်းပို့ခဲ့သည်။

ခေါင်းဆောင် ကျန်းနှင့် ရှန်ရှို့ခိုင်တို့ သိရှိပြီးနောက်တွင် သူတို့၏ အမူအရာများသည် အကျည်းတန်လှသည်။ အထက်အရာရှိများထံ သတင်းပို့ပြီးနောက် ဖန်းရှောင်ကျွမ်းသည် သေနတ်ဖြင့် ကွပ်မျက်ခံခဲ့ရသည်။

သူမကို ဘယ်လိုလုပ် မပစ်သတ်နိုင်ရမှာလဲ?

စကားတွေထွက်ပြီးတာနဲ့ ရဲစခန်းတစ်ခုလုံး အသက်ရှင်ဖို့ မေ့သွားသည်။

ဖန်းရှောင်ကျွမ်းသည် သူမရဲ့ မရှုံးနိုင်သော မှော်လက်နက်ဖြစ်လာမယ်လို့ ထင်ခဲ့သော အရာက သူမကို သတ်ပစ်လိမ့်မည်ဟု မစဉ်းစားခဲ့ပေ။

ဖန်းရှောင်ကျွမ်း ပစ်သတ်ခံရပြီးနောက် ဖန်းဖူ‌ကွေ့ နှင့် ဖန်းရုံလန်တို့က နောက်မှလိုက်သွားကြသည်။ အဘွားကြီး ဖန်းက ထောင်ထဲမှာ အဲ့တာကို သိလိုက်ရတာနဲ့ သူမ ရူးသွားခဲ့သည်။

ဖန်းဖူကွေ့ရဲ့ သမီးလေးဟာ အသက်နှစ်နှစ်အောက်ပဲရှိသေးပြီး သူမကို မိဘမဲ့ဂေဟာသို့ ပို့လိုက်သည်။

ဖန်းမိသားစု ဖြစ်ပျက်ခဲ့တာက လူတွေ သက်ပြင်းချပြီး မြည်တမ်းစေခဲ့သည်။ မကောင်းသောမိသားစုသည် ဤကဲ့သို့ အဆုံးသတ်သည်။

ဒါပေမယ့် ဘယ်သူ့ကို အပြစ်တင်ရမလဲ?

သူတို့သည် ကောင်းမွန်သောဘဝရှိခဲ့ပြီး တရားမ၀င်သောအရာများကို ရွေးချယ်ခဲ့သည်။ အဆုံးတွင် သူတို့စိုက်ထားသော အရာကို သူတို့ ရိတ်ကြရသည်။ သူတို့သည် အရာအားလုံးကို ထိုက်တန်သည်။

ချောင်ရှို့ကျီ ပြောသလိုပဲ ဖန်းရှောင်ကျွမ်းက ပထမတော့ ကတ်ကောင်းကောင်း ကိုင်ထားခဲ့သည်။.ဒါပေမယ့် သူမသည် ဒုက္ခကို ဆက်ရှာသည်။ တစ်အိမ်ထောင်၊ နှစ်အိမ်ထောင်၊ သုံးအိမ်ထောင်။ သူမသည် ပိုလက်ထပ်လေလေ၊ ပိုဆိုးသော အဆုံးသတ် ဖြစ်သွားသည်။

သူမကို မုန့်ဟောင်ကွမ်က အသုံးပြုခဲ့ပြီး သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ အထက်လူကြီးကို ပေးအပ်ခဲ့သည်။ ဒါက လင်းဟွေ့ရဲ့အမှားလား?

ဘယ်ဟုတ်မလဲ!

တစ်ဆင့်ပြီးတစ်ဆင့် အားလုံးကို သူမကိုယ်တိုင် ရွေးချယ်ခဲ့သည်။

သူမ၏ အချည်းနှီးလောဘကြောင့်သာ မဟုတ်ရင် သူမသည် မုန့်ဟောင်ကွမ်ကို အရင်တည်းက ငြင်းပယ်ခဲ့လိမ့်မည်။ သူမသည် တစ်ဖက်က အကျိုးအမြတ်ကို လိုချင်ခဲ့ပြီး တစ်ဖက်က တခြားသူတွေက သူ့ကို နာကျင်စေတယ်လို့ ခံစားခဲ့သည်။ နိဂုံးချုပ်အားဖြင့် အခြားသူများမှာသာ အပြစ်ရှိခဲ့သည်။

ရှောင်ချောင်နှင့် ပတ်သတ်တဲ့ သတင်းတွေ မကြားရတာကြာပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူမကို ပြန်ပေးဆွဲသူမှ ပြန်ပေးဆွဲသွားသည်ဟု လူတိုင်းက ယုံကြည်ခဲ့ကြသည်။

အမျိုးမျိုးသော ဆွေးနွေးမှုများကြားတွင် ချောင်မိသားစု၏ အမွှာများသည် တစ်လအရွယ် ရောက်ရှိလာခဲ့သည်။

......

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆောင်းဦး ရောက်လာသည်။ ဆောင်းဦးတွင် ပြင်းသော နေရောင်သည် တောက်လောင်နေသော နွေ နေရောင်ခြည်ကို မဆုံးရှုံးစေပေ။ မြင့်မားသော အပူချိန်သည် လွှမ်းမိုးနေပြီး ပူပြင်းသည်။ သည်းမခံနိုင်ပေ။

သစ်ပင်ပေါ်ရှိ ပုစဉ်းရင်ကွဲတို့သည် သူတို့ဘဝ နှစ်သစ်ကာလအတွင်း ဆက်လက်၍ ပူပန်နေခဲ့သည်။

အပြင်ဘက်မှာ နေရောင်ခြည်က အပြည့် ဖြစ်နေသည်။ တောက်ပသော အလင်းရောင်သည် ပြတင်းပေါက်မှတဆင့် မြေပြင်ပေါ်တွင် အရိပ်များ ဖြာကျနေသည်။ အထဲမှာ ဆင်တူတဲ့ ဖက်ထုပ်ငယ်လေး နှစ်လုံးသည် အပူပေးထားသော ကုတင်ပေါ် လဲလျောင်းနေသည်။

ဖက်ထုပ်သေးသေးလေးနှစ်လုံးသည် ဆင်တူရုံတင်မကဘဲ အဝတ်အစားကလည်း တူနေသည်။ သူတို့နဲ့ မရင်းနှီးတဲ့ သူသည် ဘယ်သူက အစ်ကိုကြီး ဘယ်သူက ညီဆိုတာ အတိအကျ မပြောနိုင်ပေ။

ထိုအချိန်တွင် ညီအကိုနှစ်ယောက်သည် ခေါင်းချင်းဆိုင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပြီး ဗိုက်ဖောင်းဖောင်းလေးတွေနှင့် လူတစ်ယောက်၏ နှလုံးသားကို နူးညံ့သွားစေသည့် ချစ်စရာမြင်ကွင်းလေး တစ်ခုဖြစ်သည်။

ရုတ်တရက် အနက်​​ရောင်​အရာတစ်​ခုသည်​ ကုတင်တစ်ဘက်မှ နောက်တစ်ဘက်ဆီသို့ ​ဘောလုံးတစ်လုံးကဲ့သို လှိမ့်သွားသည်။ အဲ့တာက ဖက်ထုပ်လေးနှစ်လုံး‌ကို ရိုက်မိတော့မည်။

ထိုအချိန်တွင် လက်တစ်စုံက အနက်ရောင်အရာလေးကို လက်လှမ်းလိုက်ပြီး ဖက်လိုက်သည်။ အသံတိုးတိုးလေးဖြင့် "ညီမလေး ယွင်ယွင်က ဒါက ဆိုးတယ်နော်!"

မီးသွေးလေး တုန်းယွင်သည် သာ့ချောင်ကို သွားများမပါဘဲ ပြုံးပြလိုက်သည်။ သူမက လက်သီးသေးသေးလေးတွေကို ဝှေ့ယမ်းပြီး အော်လိုက်သည်။ "အိုး အိုး အိုး... "

"တိတ်တိတ်နေ။ မောင်လေးတွေ အိပ်နေတယ်။ သူတို့ကို မနှိုးနဲ့!" သာ့ချောင်က သူမကို ချော့သည်။

တုန်းယွင်လေးက ဆက်ပြောခဲ့သည်။ "အိုး အိုး အိုး" 

အန်းပင်းက ဝင်လာသည်။ သာ့ချောင်နှင့် တုန်းယွင် ကြားကို လှမ်းကြည့်ပြီး သူက နောက်ဆုံးတော့ သက်ပြင်းချလိုက်သည်။ "ညီမလေးက အရမ်းရုပ်ဆိုးတယ်။ နောင်မှာ သူ အိမ်ထောင်မပြုနိုင်မှာ သေချာတယ်!"

သာ့ချောင် - "…"

သာ့ချောင်က သူ့ဝမ်းကွဲအစ်ကိုကို ဒီလိုပြောတာ မကောင်းဘူးလို့ ခံစားမိပေမယ့် တုန်းယွင်က မလှတာတော့ သေချာသည်။ အဓိကကတော့ အကြီးဆုံးအဒေါ်နှင့် အရမ်းတူနေတာကြောင့် ဖြစ်သည်။

သူမသည် သူမ၏ ကျောက်စိမ်းပုတီးစေ့ရေကို သူမကို လျှို့ဝှက် တိုက်ကျွေးခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် တုန်းယွင်အပေါ် သက်ရောက်မှု မရှိခဲ့ပေ။ သို့သော် သူမ၏ကျန်းမာရေးသည် အလွန်ကောင်းမွန်သည်။ မွေးကတည်းက တစ်ခါမှ မဖျားဖူးပေ။

ချောင်တုန်းယင်က ဝင်လာပြီး ရုပ်ဆိုးတဲ့ညီမလေးကို သူမ လက်ထဲကို ဆွဲခေါ်လိုက်ပြီး "နင် ပြောတာကို အမေ ကြားရင် သူ နောက်တစ်ခါ ထခုန်နေလိမ့်မယ်!"

ဝမ်ချွမ်ကျီသည် သူ့သမီးငယ်လေးအပေါ် မျှော်လင့်ချက်များစွာထား ထားသည်။ သူ့သမီးလေး မလှဘူးလို့ တခြားသူတွေကို ပြောခွင့်မပေးပေ။ တစ်ခါက စုန့်ကျင်းလိုင်ရဲ့ဇနီးသည် တုန်းယွင်ဟာ ရုပ်ဆိုးတယ်လို့ သူ့ရှေ့မှာ မှတ်ချက်ချခဲ့သည်။ နောက်တော့... သူမသည် သွားတစ်ချောင်း ဆုံးရှုံးသွားသည်။

All Chapters