← Chapters

အခန်း (၁၈၆)

Vol. 15 Ch. 186

အခန်း (၁၈၆)

Vol. 15 Ch. 186

အန်းပင်းက သူ့ခေါင်းကို ကုတ်ပြီး ရယ်မောကာ ပြောလိုက်သည်။ "အမေက ငါ့ကို ရိုက်မှာ မဟုတ်ဘူး။ ဒါ့အပြင် ငါအမှန်အတိုင်းပြောနေတာ။ ညီမလေးက တကယ် အမေနဲ့ တူတယ်။ မည်းပြီး ရုပ်ဆိုးတယ်။  အမေက ညီမလေးကို ကိုယ်ဝန်ဆောင်ထားတုန်းက ဝက်ခြံကို သွားပြီး ဝက်‌ချေးတွေထဲ လူးလှိမ့်ခဲ့တာကြောင့်လို့ အဖေကပြောတယ်။ အဲ့တာကြောင့် ညီမလေးက ဒီဝက်ပုံသဏ္ဍာန်ကို ရခဲ့တာတဲ့!"

သာ့ချောင်နှင့် ချောင်တုန်းယင် - "..."

"ဖွီ..."

ရုတ်​တရက်​ အပြင်​မှာ ရယ်​​မောသံ​တွေ ထွက်​လာသည်။

လူအနည်းငယ်က လှည့်ကြည့်လိုက်တော့ ချင်းရှောင်မေသည် တံခါးနားမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူမ၏ အပြုံးသည် နားရွက် တက်ချိတ်နေသည်။ ထင်ရှားစွာ အန်းပင်းပြောလိုက်သည်ကို သူမကြားလိုက်ရသည်။

သာ့ချောင်က ဝမ်းသာအားရ ပြေးသွားသည်။ "မွေးစားအမေ။"

ချင်းရှောင်မေက သူမကို ပွေ့ဖက်လိုက်ပြီး သူမရဲ့ နူးညံ့တဲ့ ပါးပြင်လေးကို အနမ်းပေါင်းများစွာ ပေးလိုက်သည်။ "မွေးစားအမေရဲ့ အချစ်လေး၊ ဘာလို့ ဒီအတောအတွင်း ပိုလှလာတာလဲ?"

သာ့ချောင်က သူမ မွေးစားအမေကို ပွေ့ဖက်ပြီး အကြိမ်အနည်းငယ် ပြန်နမ်းလိုက်သည်။ သူမက ချိုမြိန်စွာ ပြုံးပြီး "သမီးက မွေးစားအမေနဲ့ တူလို့လေ။ သမီးတို့ နှစ်ယောက်စလုံးက ပိုပိုပြီး လှလာတာ!"

ချင်းရှောင်မေက အဲ့တာကို ကြားတော့ မရယ်ဘဲ မနေနိုင်တော့ဘဲ "မင်းရဲ့ ပါးစပ်လေးကို မွေးစားအမေက တကယ် ချစ်တယ်။ မင်းက စကား‌ဘယ်လို ပြောရမလဲ သိတယ်!" 

အပြင်ဘက်မှ ကျယ်လောင်သော အသံကြားတာတောင်မှ အိပ်ပျော်နေသော ဖက်ထုပ်လေး နှစ်လုံးသည် နိုးမလာပေ။

‌‌ချင်း‌ရှောင်မေသည် သာ့ချောင်၏ လက်ကို ဆွဲကာ ဝင်လာခဲ့သည်။ ကောက်ညှင်းပေါင်း ဖက်ထုပ်လို တစ်ယောက်နှင့် တစ်ယောက် ခေါင်းချင်းဆိုင်နေသည့် နူးညံ့သော ဖက်ထုပ်လေးနှစ်လုံးကို မြင်လိုက်ရတော့ သူမ သဘောကျသွားသည်။

သူမသည် သူတို့အား အတည်ပြုရန် အချိန်အတော်ကြာအောင် ကိုင်းကြည့်လိုက်ရသည်။ နောက်ဆုံးတော့ သူမ ခေါင်းခါပြီး လက်လျှော့လိုက်သည်။ "သူတို့က အရမ်းတူတာပဲ! ဒါဆို ဘယ်သူက အစ်ကိုလဲ၊ ဘယ်သူက ညီ‌လေးလဲ?"

သာ့ချောင်က ညာဘက်က ဖက်ထုပ်လေးကို ညွှန်ပြလိုက်ပြီး နူးနူးညံ့ညံ့လေး မိတ်ဆက်ပေးသည်။ “ဒါက ဒုတိယမောင်လေး ချောင်အန်းကျဲ။ တတိယမောင်လေး ချောင်အန်းရှု့ပါ။ တတိယမောင်လေးရဲ့ ဘယ်ဘက်မျက်လုံးအောက်မှာ မှဲ့ရှိတယ်။ ကြည့်လိုက်။”

ထိုသို့ပြောပြီး သူမသည် တတိယမောင်လေး၏ မျက်နှာလေးကို ညင်သာစွာ လှည့်ကာ ဘယ်ဘက်ပေါ်ရှိ မျက်နှာလေးကို ဖော်ပြလိုက်သည်။ တကယ်ပဲ အဲဒီ့ပေါ်မှာ အရမ်းနူးညံ့တဲ့ မှဲ့တစ်လုံးရှိသည်။

ချင်းရှောင်မေက လက်လှမ်းပြီး ကလေး၏မျက်နှာပေါ်ရှိ မှဲ့ကို ညင်သာစွာ ထိလိုက်သည်။ သူမသည် သက်ပြင်းချပြီး "အို ဒီလိုမှဲ့ရှိတဲ့ ကောင်လေး ကြီးလာရင် ကောင်မလေးတွေက သူ့အတွက် ငိုလိမ့်မယ်။"

ချောင်ကျန်းကျွင်းနှင့် လင်းဟွေ့တို့ နှစ်ယောက်လုံးက ရုပ်ချောသည်။ သေးငယ်သော ဖက်ထုပ်နှစ်လုံးသည် သူတို့၏ အကောင်းဆုံး ထူးခြားချက်များဖြင့် မွေးဖွားလာခဲ့သည်။ သူတို့၏ မျက်နှာသွင်ပြင်မှာ အလွန်နူးညံ့သိမ်မွေ့သည်။

ပျမ်းမျှအားဖြင့် မွေးကင်းစကလေးငယ်သည် နှာတံပြားပြီး မွေးဖွားသည်။ သို့သော် ဖက်ထုပ်လေး နှစ်လုံးသည် နှာတံမြင့်မြင့်နှင့် နှုတ်ခမ်းရဲသည်။ လူတွေသည် သူတို့က အရမ်းလှလွန်းလို့ အိမ်ကိုခိုးသွားဖို့ မစောင့်နိုင်တော့ပေ။

အဲဒါကိုပြောရင် ချောင်မိသားစုက ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်ရမယ်ဆိုတာ သိသည်။ ချောင်အန်းရှု့မွေးတုန်းက ကြောင်လေးလို ပိန်ပိန်သေးသေးလေး ဖြစ်သည်။ တစ်လလောက်သာကြာပြီး သူသည် ဝဝကစ်ကစ်လေး ကြီးပြင်းလာတာကြောင့် သူနဲ့ အစ်ကိုကြီးကြားက ခြားနားချက်ကို ဘယ်သူမှ မပြောနိုင်ပေ။

ခဏလောက်ကြည့်ပြီးနောက် ချူမိသားစုလည်း ရောက်လာသည်။

နှစ်ရက်အကြာတွင် ချူရှန်မေသည် ခရိုင်တွင် မင်္ဂလာပွဲကျင်းပတော့မည်ဖြစ်သည်။ ထို့ကြောင့် ချူမိသားစုသည် အစောကြီးရောက်လာသည်။ ဖက်ထုပ်လေးနှစ်လုံးရဲ့ တစ်လပြည့်တော့ အားလုံးပြန်ဆုံကြသည်။

ချင်းရှောင်မေကဲ့သို့ပင် တုန်းရွှယ်သည် ဖက်ထုပ်သေးသေးလေး နှစ်လုံးကို ချစ်မိသွားခဲ့သည်။ သူတို့သည် သူမကလေးလေးတွေဖြစ်ဖို့ ဆန္ဒရှိခဲ့သည်။

ချင်းရှောင်မေသည် တခြားဂရုစိုက်စရာ ကလေး မရှိသော်လည်း သားတစ်ယောက်ရှိသည်။ သူမ၏ တစ်ဦးတည်းသော သမီးသည် လွန်ခဲ့သောနှစ်အနည်းငယ်က နာမကျန်းမှုဖြင့် သေဆုံးခဲ့သည်။ ဝမ်အာက ဘယ်လောက်ပဲ ချစ်ဖို့ကောင်းနေပါစေ သူမကို နေ့တိုင်း မတွေ့နိုင်ပေ။

သူမသည် သူမကိုယ်သူမ တွေးပြီး ဝမ်းနည်းမဆုံးနိုင်ပေ။ သူမ ခင်ပွန်းအတွက်လည်း စိတ်မကောင်းဖြစ်ရသည်။

သူတို့အိမ်ထောင်ကျတာ နှစ်အတော်ကြာပြီးတဲ့ထိ ကလေးမမွေးနိုင်ပေ။ အရင်တုန်းက ယောက္ခမတွေ မကျေမနပ်ဖြစ်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူက ကာကွယ်ပေးခဲ့သည်။

မကြာသေးမီက ယောက္ခမ၏ မကျေနပ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ပြီးခဲ့တဲ့လက ယောက္ခမကြီးသည် ခရိုင်မှာ လာနေတဲ့အခါ သူမ၏ ရာသီသွေးကို ကြိမ်းမောင်းပြီး နောက်ဆုံးမှာ ရာဇသံပေးခဲ့သည်။ ဒီနှစ်မှာ သူမ ကိုယ်ဝန်မဆောင်နိုင်ရင် ချူထျန်းပိုင်နှင့် ကွာရှင်း ရလိမ့်မည်!

သူမသည် ခင်ပွန်းသည်ကို မပြောရဲပေ။ သူမကိုယ်တိုင်သာ ဖိအားပေးတာကို ခံခဲ့သည်။ သို့သော် သူမသည် အကြံမထွက်ပေ။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း လူတိုင်းက အသုံးဝင်သော ဆရာဝန်တစ်ဦးကို အကြံပြုသည့်အခါတိုင်း သူတို့သည် သူတို့ကို တွေ့ရန် အပြေးသွားကြသည်။ ဆေးဖက်ဝင်အရည်တွေ ဘယ်လောက်ဆိုးနေပါစေ မျက်တောင်မခတ်ဘဲ သောက်ခဲ့သည်။ သို့တိုင် သူမဗိုက်ထဲမှာ ဘာသတင်းမှ မရှိခဲ့ပေ။

တုန်းရွှယ်ရဲ့ တုံ့ပြန်မှုကို မြင်တော့ ချင်းရှောင်မေက တစ်စက္ကန့်အတွင်း သဘောပေါက်သွားသည်။ သူမလက်ကိုဆန့်ပြီး သူ့လက်ကိုပွတ်သပ်ကာ ချော့သည်။ "သိပ်မတွေးပါနဲ့။ ကလေးအကြောင်း စိတ်ပူလေလေ အဲ့တာက မလာလေလေပဲ။ ကံကြမ္မာကိုသာ လွှဲထားလိုက်။"

တုန်းရွှယ်က လက်ဆန့်ပြီး သူမ မျက်လုံးထောင့်က မျက်ရည်တွေကို သုတ်လိုက်သည်။ သူမသည် သူမကို အတင်းပြုံးပြပြီး ပြောသည်။ "ဟုတ်တယ်၊ ကံကြမ္မာကိုပဲ အပ်ထားလိုက်တော့မယ်။ ငါက ကလေးတစ်ယောက် လိုချင်ရုံပါ။ ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် ရပါတယ်။ ဒါပေမယ့် ဘာလို့ ငါက တစ်ယောက်တောင် မရရတာလဲ?"

သူမ ယောက္ခမပြောတာကို တွေးရင်း တုန်းရွှယ်က မျက်လုံးတွေကို အုပ်ပြီး မငိုရှိုက်ဘဲ မနေနိုင်တော့ပေ။

သူမကို ဒီလိုမြင်လိုက်ရတော့ ချင်းရှောင်မေရဲ့ စိတ်ထဲမှာ ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများ နီရဲလာသည်။

သာ့ချောင်သည် မွေးစားအမေကို ကြည့်ပြီးနောက် အန်တီ ရွှယ်ကို ကြည့်လိုက်သည်။ သူမက ပြေးလာပြီး ပြောသည်။ "အန်တီ ရွှယ်၊ မငိုပါနဲ့။ အန်တီ မကြာခင် ကလေးရမှာပါ!"

တုန်းရွှယ်သည် သူမ၏ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှုကို အများကြီး ဆုံးရှုံးလိမ့်မည်ဟု မထင်ခဲ့ပေ။ အဲ့တာက ဒီကာလအတွင်း အလွန်အကျွံ ဖိအားများကြောင့် ဖြစ်သည်။

ယနေ့သည် ချောင်မိသားစု၏ ကောင်းသောနေ့ဖြစ်သည်။ ကံကောင်းထောက်မစွာ၊ ချောင်မိသားစုတွင် ဘယ်သူမှ စိတ်မရှိခဲ့ပေ။ တခြားမိသားစုဆိုရင် သူမက ကံဆိုးဖို့ တမင်တကာ ကြိုးစားနေတယ်လို့ သူတို့ထင်ကောင်းထင်နိုင်သည်။

သာ့ချောင်ရဲ့ စကားကိုကြားတော့ သူမ လန့်သွားသည်။ " မကြာခင် ကလေးရှိလာမှာလား? "

သာ့ချောင်က သူမ၏ လှပပြီး နူးညံ့သော လက်များကို ဆန့်ထုတ်ကာ သူမ၏ ဗိုက်ပေါ်တွင် တင်ထားသည်။ သူမက ခေါင်းကို မော့ပြီး မျက်လုံးများကွေးအောင် ပြုံးကာ "အင်း ကလေး ရှိတော့မယ်။"

တုန်းရွှယ်က အမြင်တွေပြန်ရလာပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ခေါင်းညိတ်ပြကာ "လိမ္မာတဲ့ ကလေးလေး။ အန်တီ ရွှယ် မင်းရဲ့ ကောင်းချီးပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

ကလေး၏ စကားသည် အလွန်‌ပျော်စရာကောင်းသော်လည်း သူမသည် အဲ့တာကို စိတ်ထဲမထားဘဲ ကလေးဆန်တဲ့ စကားတွေပဲလို့ တွေးသည်။

ချင်းရှောင်မေကလည်း ဒါကို အလေးအနက်မထားပေ။ အဲဒီအစား သူက သူမကို စမ်းသပ်လိုက်သည်။ "မွေးစားအမေ့ကော ကလေးရှိလာမှာလား?"

သာ့ချောင်က ခေါင်းညိတ်ပြပြီး "ရှိမယ်။ မငိုနဲ့တော့။ အဲ့တာက ကလေးအတွက် မကောင်းဘူး။"

သူတို့နှစ်ယောက်သည် ကလေးလေး၏ လေးနက်သောအကြည့်ကို မရယ်ဘဲ မနေနိုင်ပေ။

ဒီလို ရယ်မောရင်း စိတ်ခံစားချက်သည် အများကြီး တိုးတက်လာသည်။ အငွေ့အသက်က စိတ်ဓာတ်ကျမှုတွေ မရှိတော့ပေ။

တုန်းရွှယ်က ချင်းရှောင်မေကို ပြုံးပြီး "အစ်မ ဒီကလေးကို အရမ်းချစ်တာ မဆန်းပါဘူး။ အရမ်းချစ်ဖို့ကောင်းတာပဲ!"

ချင်းရှောင်မေ၏ မျက်နှာတွင် ဂုဏ်ယူမှု ထွန်းလင်းနေသည်။ "အဲဒါတော့ မမှန်ဘူး။ ချောင်မိသားစုရဲ့ ဆန္ဒကြောင့်သာ မဟုတ်ရင် ငါ သူ့ကို အိမ်ခေါ်သွားပြီး ပြုစုပျိုးထောင်ပေးမှာ သေချာတယ်!"

ဒီနေ့ဟာ ချောင်မိသားစုရဲ့ အမွှာတစ်လပြည့်တဲ့နေ့ ဖြစ်သည်။ ချောင်မိသားစုသည် လူများစွာကို ဖိတ်ကြားခြင်းမပြုခဲ့ပေ။ ရှန် မိသားစု၊ ချူ မိသားစုနှင့် လင်းဟွေ့၏ မိသားစုတို့သာဖြစ်သည်။

ဒါတောင်မှ ခြံသေးသေးလေးက စည်ကားပြီး သက်ဝင်လှုပ်ရှားနေသည်။

အပြင်မှာ လူတွေက ချောင်အိမ်ငယ်လေးကို ဖြတ်သွားရင်း ဒီနေ့ ချောင်မိသားစုက ဘယ်လိုအရသာရှိတဲ့ အစားအစာတွေကို လုပ်ထားလဲဆိုတာ မြင်ချင်ကြ၍ အခွင့်အရေးယူကြသည်။

ချောင်မိသားစုရဲ့ ဘဝက တကယ်ကို ပိုပိုပြီး ကောင်းလာပြီ ဖြစ်သည်။ မိသားစုတွင် ဝန်ထမ်းနှစ်ဦးရှိရုံသာမက မြို့မှ ဆွေမျိုးနှစ်ခုကိုလည်း အသိအမှတ်ပြုထားသည်။ ဗိုလ်မှူးကြီးတစ်ဦးဖြစ်သော အနာဂတ် သားမက်တစ်ယောက် ရှိသည်။ ကျွတ်စ် ကျွတ်စ် ကျွတ်စ်။ ဘာတွေဖြစ်မလဲဆိုတာ ကြိုခန့်မှန်းလို့ရနေပြီ။

သို့သော်လည်း ဖီဖီကဲ့သို့သော ခွေးကြီးတစ်ကောင်နှင့် လူတိုင်းသည် ဘာကိုမျှ မမြင်ရတော့ပေ။ သူတို့ နီးကပ်လာတဲ့အခါ ဖီဖီက သူတို့ကို စိုက်ကြည့်ရင် သူတို့ ရင်တွေတုန်လာလိမ့်မည်။

ဟင်းလျာများကို မမြင်ရသော်လည်း ချောင်မိသားစုမှ စိုက်ပျိုးထားသော သစ်တော်သီးများကို သူတို့သည် တွေ့နိုင်သည်။

မှန်သည်။ ချောင်ခြံဝင်းထဲက သစ်တော်သီးပင်က အသီးပြန်သီးနေသည်။

လက်သီးအရွယ် သစ်တော်သီးသည် အကိုင်းအခက်များပေါ်တွင် ချိတ်ဆွဲထားပြီး နေ၏ ရွှေရောင်အောက်တွင် ထွန်းလင်းတောက်ပနေသည်။ မြည်းစမ်းဖူးတဲ့သူတွေကတော့ သွားရည်မကျဘဲ မနေနိုင်ပေ။

ချောင်မိသားစု၏ သစ်တော်သီးပင်သည် တကယ်ကို အံ့သြဖွယ်ကောင်းသည်။ တစ်နှစ်လျှင် နှစ်ကြိမ် အသီး သီးသည်။ ကျေးဇူးပြုပြီး ဒီလိုမျိုး သစ်တော်သီးပင် တစ်ဒါဇင်လောက် ပေးပါ။

ထုတ်လုပ်ရေးအဖွဲ့၏ ကလေးများသည် ချောင်အိမ်လေးက သစ်တော်သီးများကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့သည်။ သစ်တော်သီးပင်တွင် သစ်တော်သီးကို တွေ့တာနှင့် သူတို့သည် ချက်ချင်း အိမ်ပြန်သွားပြီး သူတို့ မိသားစုကို လဲလှယ်ရန် တစ်စုံတစ်ခု ယူလာခိုင်းသည်။

ဒီနေ့ အမွှာနှစ်ယောက်ရဲ့ ကောင်းသောနေ့ကို အခွင့်ကောင်းယူပြီး ရွာသူရွာသားတွေက ကောင်းတဲ့ ပစ္စည်းတွေကို ယူလာပြီး သူတို့ကို လဲလှယ်ကြသည်။ အဲ့တာက ချောင်မိသားစုဆီက မျက်နှာသာရရန် ရောင်းချချင်တာလို့ နားလည်ထားသည်။

ယနေ့ ဟင်းလျာအားလုံးကို ရွှယ်ချွမ်ကိုယ်တိုင် ချက်ပြုတ်တာ ဖြစ်သည်။ အသားပဲ ဖြစ်ဖြစ် ဟင်းသီး ဟင်းရွက်ပဲ ဖြစ်ဖြစ်၊ အဲ့တာတွေက အရမ်း လတ်ဆတ်သည်။ ဒါပေမယ့် ငါးပေါင်းတစ်ပန်းကန် ချလိုက်ချိန်မှာတော့ စားပွဲပေါ်ကနေ ရုတ်တရက် ‌အော့အန်သံထွက်လာသည်။

လူတိုင်း အံ့ဩသွားပြီး တုန်းရွှယ်နှင့် ချင်းရှောင်မေကို စိုက်ကြည့်နေကြသည်။

ဒီမှာ ဘာဖြစ်နေကြတာလဲ?

ဒီငါးက အရသာမရှိလို့လား?

ဝမ်ချွမ်ကျီက နှုတ်ခမ်းစူပြီး မှတ်ချပေးလိုက်သည်။ "ဒီခေတ်က ချမ်းသာပြီး မြင့်မြတ်တဲ့သူတွေက မတူဘူး။ သူတို့က ငါးအသားတောင် မစားနိုင်ဘူး။ သူတို့က နတ်သမီး အသားစားချင်တာလား?"

အရင်တုန်းကတော့ ဝမ်ချွမ်ကျီဟာ ချင်းရှောင်မေနှင့် တုန်းရွှယ်တို့၏ ဖိနပ်တွေကို နမ်းခဲ့သည်။ ဒါပေမယ့် သူတို့နှစ်ယောက်က တုန်းယွင်ကို သူတို့ရဲ့ မွေးစားသမီးအဖြစ် လက်ခံဖို့ ငြင်းဆန်တဲ့အတွက် သူတို့နှစ်ယောက်လုံးကို မုန်းတီးခဲ့သည်။

ချောင်ကျန်းကော်က ရယ်သည်။ "မိန်းမ၊ လူတွေက မစားချင်ကြဘူး။ မင်း ကိုယ်ဝန်ဆောင်တုန်းက စားချင်ရင်တောင် မစားနိုင်ဘူး!"

ဝမ်ချွမ်ကျီ - "..."

တကယ်ကို နူးညံ့တဲ့ အရာကို ထိလိုက်တာ ဖြစ်သည်။

ဇနီးကို တုံ့ပြန်လိုက်ပြီး ကျန်းကော်က နောက်ထပ် တွင်းထပ်တူးကာ ဆက်ထည့်လိုက်သည်။ "မင်း မျက်နှာတစ်ခုလုံး အင်းစက်အကိုက်ခံရတာလေ။ ဟုတ်တယ်၊ မင်းရယ်လိုက်တာ မင်းမေးပြုတ်ကျသွားတာ။ ဘာအသားမှ မစားနိုင်ဘူး။ ဟားဟား၊ အဲဒါက ရယ်စရာကောင်းလွန်းတယ်။ မိန်းမ မင်းအတွက် ကံဆိုးမှုတွေ ဘယ်လိုဖြစ်လာတာလဲ။ ဒီနေ့ မစားနိုင်တော့ပြန်ဘူး ဟုတ်တယ်မလား"

ဝမ်ချွမ်ကျီသည် ဒေါသထွက်လွန်းလို့ သူမ ပါးစပ်ထဲမှာ သွေးတွေ ထွက်လာလုနီးနီးပင် - "..."

မြန်မြန် ရှင့်ရဲ့ ကျီးကန်းပါးစပ်ကို ပိတ်လိုက်။ ရှင့်ပါးစပ်ကိုမဖွင့်ရင် ရှင် ဆွံ့အနေတယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ပေ။

တစ်ဖက်မှာတော့ ဝမ်ချွမ်ကျီက သူမ ယောင်္ကျားကို အရမ်းစိတ်ဆိုးနေပြီး ကျန်တစ်ဖက်ကတော့ ချင်းရှောင်မေနှင့် တုန်းရွှယ်က အော့အန်ချင်သလို ဖြစ်နေကြသည်။

အစတုန်းကတော့ မတော်တဆမှုတစ်ခုလို့ပဲ ထင်ခဲ့ကြသည်။ ဒါပေမယ့် သူတို့သည် ငါးနံ့သင်းသင်းလေး ရလိုက်တာနဲ့ မရပ်နိုင်တော့ပေ။

လင်းဟွေ့က သူတို့ကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။ "နင်တို့နှစ်ယောက်... အဲ့တာ ရှိလို့မဖြစ်နိုင်ဘူးလား?"

"မဖြစ်နိုင်ဘူး!"

ချင်းရှောင်မေနှင့် တုန်းရွှယ်တို့က တညီတညွတ်တည်း တုံ့ပြန်ခဲ့ကြသည်။

သူတို့သည် ကိုယ်ဝန်မဆောင်ချင်ကြလို့ မဟုတ်ပေ။ မျှော်လင့်ချက်ကြီးလေလေ စိတ်ပျက်မှုကြီးလေလေပဲ ဖြစ်သည်။ နှစ်တွေကြာလာတာနဲ့အမျှ သူတို့သည် အကြိမ်ပေါင်းများစွာ စိတ်ပျက်ခဲ့ကြရသည်။ သူတို့ စိတ်မပျက်ချင်တော့ပေ။

ထို့ကြောင့် သူတို့သည် ကိုယ်ဝန်ရှိခြင်းထက် ဆိုးရွားတာ တစ်ခုခု စားမိပြီး ဗိုက်မကောင်းကြောင်း အစကတည်းက သူတို့ကိုယ်သူတို့ ပြောပြချင်သည်။

သာ့ချောင်က ကလေးတွေရဲ့ စားပွဲပေါ်ကနေ ပြေးလာပြီး ညှင်သာစွာ ပြောလိုက်သည်။ "ဖြစ်နိုင်တယ်၊ ကလေးတွေက ငါးစားရတာ မကြိုက်ဘူး။" 

သာ့ချောင်၏ စကားကိုကြားတော့ ချင်းရှောင်မေနှင့် တုန်းရွှယ်တို့သည် ထပ်ပြီး ထိတ်လန့်သွားသည်။

ကလေးများ၏ မျက်လုံးများသည် လူကြီးများထက် ပိုမိုကြည်လင်သည်ဟု လူအများက ယုံကြည်ကြသည်။ အဲ့ဒါကြောင့် လူကြီးတွေ မမြင်နိုင်တဲ့ အရာတွေကို သူတို့ မြင်နိုင်သည်။

အချို့သောသူများသည် ကိုယ်ဝန်ရှိသောအခါတွင် ကလေးကို ကျား၊မ စစ်ဆေးလိမ့်မည်။ သာ့ချောင်က အရင်ကတည်းက ပြောပြီးသည်။ အခုလည်း ထပ်ပြောပြန်သည်။ တကယ် ကိုယ်ဝန်ရှိတာ မဖြစ်နိုင်ဘူးလား?

ချောင်ရှို့ကျီက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့သည်။ "မင်းတို့ ကိုယ်ဝန်ရှိနေပြီလို့ ငါထင်တယ်။ ဒီကနေ ကျန်းမာရေးဆေးခန်းက မဝေးဘူး။ မင်းတို့ သွားပြီးတော့ ဆရာဝန်ကို သွားစစ်ဆေးလို့ရတယ်။ မဖြစ်ရင်တောင် ဆရာဝန်ကို စစ်ဆေးခိုင်းလိုက်။ မင်းတို့ ဆေးသောက်ဖို့ လိုတယ်။ အားလုံးခြုံကြည့်ရင် ဒါက မင်းတို့ စိတ်ချမှုရလိမ့်မယ်။"

All Chapters