← Chapters

အခန်း (၁၈၇)

Vol. 15 Ch. 187

အခန်း (၁၈၇)

Vol. 15 Ch. 187

သူတို့ရဲ့အမျိုးသားတွေဖြစ်တဲ့ ရှန်ရှို့ခိုင်နှင့် ချူထျန်းပိုင်တို့ကလည်း ဒါကို သဘောတူကြသည်။

သူတို့နှစ်ယောက်ကို ဆေးခန်းသို့ အမြန်ဆွဲခေါ်သွားခဲ့သည်။

သာ့ချောင်သည် လမ်းကို ဦးဆောင်ခဲ့သည်။

ရလဒ်ကတော့ လူတိုင်း ပျော်ရွှင်ခဲ့သည်။

ချင်းရှောင်မေက ကိုယ်ဝန်ရှိသည်။ တုန်းရွှယ်လည်း ကိုယ်ဝန်ရှိသည်။ နှစ်ယောက်လုံး ကိုယ်ဝန် တစ်လကျော်ရှိပြီ ဖြစ်သည်။

တုန်းရွှယ်သည် ဆရာဝန်၏ စကားကိုကြားသောအခါတွင် သူမသည် အချိန်အတော်ကြာအောင် မတုန့်ပြန်ခဲ့ပေ။ “ဒေါက်တာ ရှင် ရှင် ပြောတာ ကျွန်မက ကိုယ်ဝန်ရှိနေတယ်?”

ဆရာဝန်က ရွှင်မြူးစွာ ပြန်ပြောသည်။ "ဟုတ်တယ်။ အဲ့တာက နှစ်လအောက်ပဲ ရှိသေးတယ်။ ကိုယ်ဝန် ပထမသုံးလမှာ သတိထားပါ။ အေးတဲ့ အစားအစာတွေကို တတ်နိုင်သမျှ နည်းနည်းပဲစားပါ။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်ပါနဲ့။"

ချူထျန်းပိုင်က စိတ်လှုပ်ရှားနေသည်။ သူသည် လူများစွာရှိနေသော်လည်း ဇနီး၏ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ငိုသည်။ "မင်း ကြားတယ်မလား။ ဒေါက်တာက မင်းမှာ ကိုယ်ဝန်ရှိနေတယ်လို့ ပြောတယ်။"

သူသည် ဇနီးဖြစ်သူ၏ အတွေးတွေကို မည်သူမဆိုထက် ပိုသိသည်။

နှစ်တွေကြာလာတာနဲ့အမျှ သူ့ဇနီးရှေ့မှာ ကလေးလိုချင်တဲ့ စိတ်ကူးကို တစ်ခါမှ မပြရဲခဲ့ပေ။ သူမကို ဖိအားတွေ ပေးမိပြီး ဝမ်းနည်းအောင် လုပ်မိမှာ ကြောက်လို့ ဖြစ်သည်။

ဒါပေမယ့် သူက ကလေးမလိုချင်ဘူးလား?

သူ လိုချင်သည်။ ထိုနှစ်တွင် သူ့သမီး ဆုံးပါးသွားသောအခါ သူသည် အဲ့တာကို မကျော်ဖြတ်နိုင်ဘဲ အရမ်းဝမ်းနည်းခဲ့သည်။

နောက်ပိုင်းမှာ ဝမ်အာလေး ရှိလာသည်။ သူသည် ဝမ်အာလေးကို သူ့သမီးလေးအဖြစ် စိတ်ရင်းဖြင့် ဆက်ဆံခဲ့သည်။ ဝမ်အာလေးမှာ သူ့မိဘတွေနဲ့ မိသားစုတွေရှိလို့ စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူမကို ဘယ်လောက်ပဲ သဘောကျပါစေ သူမကို ဆက်နေဖို့ အတင်းအကြပ် မလုပ်နိုင်ပေ။

အခုနောက်ဆုံးမှာတော့ သူတို့ ကိုယ်ပိုင် ကလေးတစ်ယောက်ရလာပြီ ဖြစ်သည်။

တုန်းရွှယ်သည် ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။ သူမသည် မငိုဘဲ မနေနိုင်တော့ပေ။ “ထျန်းပိုင်... ငါတို့မှာ ကလေးရှိပြီ! ကလေးရှိပြီ!”

ချူထျန်းပိုင်က သူမကို ကလေးတစ်ယောက်လို ပွေ့ဖက်ထားပြီး သူမ၏ စကားကို ပြန်အတည်ပြုပေးလိုက်သည်။ "အင်း၊ ငါတို့မှာ ကလေးရှိပြီ!"

ချင်းရှောင်မေနှင့် ရှန်ရှို့ခိုင်တို့ဘက်မှလည်း ဝမ်းသာပီတိဖြစ်ခဲ့ကြသည်။ ဒါပေမယ့် သူတို့နှစ်ယောက်နှင့် နှိုင်းယှဥ်လိုက်ရင် သူတို့သည် ထိန်းထားနိုင်သည်။

ပြီးတော့ သူတို့မှာ ထျန်းရုံ ရှိသည်။ သူတို့သည် နောက်တစ်ယောက် မမွေးခဲ့ရင်တောင် သူတို့ အဆင်မပြေ မဖြစ်ပေ။ အများစုက သူတို့သည် နည်းနည်းတော့ စိတ်ပျက်သွားလိမ့်မည်။

ချင်းရှောင်မေက သာ့ချောင်ကို လှမ်းခေါ်လိုက်သည်။ “မြန်မြန် မွေးစားအမေဆီ လာပါဦး။ အိုး၊ မင်းက တကယ်ပဲ မွေးစားအမေရဲ့ ကံကောင်းတဲ့ ကြယ်ပွင့်လေးပဲ!”

သာ့ချောင်က ကလေးရပြီလို့ ပြောတုန်းက သူမသည် မယုံခဲ့ပေ။ မထင်မှတ်ပဲ သူမမှာ ကိုယ်ဝန်ရှိနေသည်။

တုန်းရွှယ်သည် ခဏငိုပြီးနောက် ငြိမ်သက်သွားသည်။ သူမမျက်ရည်တွေကို သုတ်ပြီးနောက် သာ့ချောင်ကို လှည့်ပြီး ပွေ့ဖက်ဖို့ ဆွဲခေါ်လိုက်သည်။ “သာ့ချောင် အန်တီရွှယ်က ကျေးဇူးတင်ပါတယ်!”

ချင်းရှောင်မေကဲ့သို့ပင် သာ့ချောင်၏ ကောင်းချီးကြောင့် သူမသည် ကိုယ်ဝန်ရသည်ဟု ခံစားခဲ့ရသည်။

နှစ်ပေါင်းများစွာ ကိုယ်ဝန်မဆောင်နိုင်ဘဲ သာ့ချောင်ကပြောပြီးနောက် သူမမှာ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသည်။ အဲ့တာက တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ခဲ့ရင်တောင် ဒီတိုက်ဆိုင်မှုက သူမကို ကျေးဇူးတင်မိစေသည်။

ချူထျန်းပိုင်သည် ထိုအချိန်အတောအတွင်းကို ပြန်စဉ်းစားပြီး မှတ်မိလာသည်။ သူတို့သည် မနှစ်ကကတည်းက ဆရာဝန်ရှာတာကို လက်လျှော့ခဲ့သည်။ ဒါကြောင့် တုန်းရွှယ်သည် မည်သည့် ဓါတ်စာမှ မစားတာ တစ်နှစ်ကျော်ရှိပြီ ဖြစ်သည်။

တုန်းရွှယ်၏ ကျန်းမာရေး စတင်ကောင်းမွန်လာချိန်ကို ကြည့်ရင် သာ့ချောင်သည် နှင်းဆီပန်းခြောက်နှင့် စံပယ်ပန်း လက်ဖက်ရည်ကို ပေးပြီးနောက် စတင်ဖြစ်နိုင်ဖွယ်ရှိသည်။

ထိုအချိန်တွင် သူတို့သည် ပန်းလက်ဖက်ရည်ကို ပြန်ယူလာကြသည်။

ပထမနေ့တွင်ပဲ နှစ်ယောက်သား အေးချမ်းစွာ အိပ်ပျော်သွားကြသည်။

သူသည် အလုပ်များပြီး စိတ်ဖိစီးမှုကြောင့် အိပ်မပျော်ခြင်းကို ခံစားရတတ်သည်။ ဒါပေမယ့် အဲဒီနေ့က နှင်းဆီနှင့် ဖျော်ထားတဲ့ လက်ဖက်ရည်သောက်ပြီး သူသည် မိုးလင်းတဲ့အထိ အိပ်ပျော်ခဲ့ပြီး တရေးမှမနိုးခဲ့ပေ။

သူသည် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတွေ ရှိသည်။ ဒါပေမယ့် မကြာသေးမီက သူ့ဆံပင်ဖြူတွေ နည်းလာတာကို သတိထားမိခဲ့သည်။ အနက်ရောင်ဆံပင်အသစ်များ ပေါက်လာသည်။

ဇနီးသည်မှာလည်း အပြောင်းအလဲ များစွာရှိခဲ့သည်။ ပထမဆုံးအနေနဲ့ သူမ၏ ခြေလက်တွေသည် အရင်နှစ်တွေကလို အေးစက်မနေတော့ပေ။ သူမသည် ဓမ္မတာလာသည့် အခါတွင်းပင် နာကျင်မှုဖြင့် ကုတင်ပေါ်၌ လူးလိမ့်မနေတော့ပေ။ သွေးတွေတောင် ပိုနီလာသည်။

သူမ၏ ဓမ္မတာသည် မမှန်ပေ။ ဆရာဝန်နှင့် တရုတ်ဆေးပညာရှင် ဘယ်နှစ်ယောက်လောက်ကို သူတို့တွေ့ခဲ့ကြရလဲ မသိတော့ပေ။ သူတို့သည် ရောဂါလက္ခဏာများကို ကုသပေးနိုင်သော်လည်း မူလအကြောင်းအရင်းတော့ မဟုတ်ပေ။ ဒါပေမယ့် ဆေးဖက်ဝင်လက်ဖက်ရည်ကို သောက်ပြီးကတည်းက သူမသည် ဓမ္မတာလာချိန် ကြွက်တက်ခြင်း မရှိတော့ပေ။

ဒီအပြောင်းအလဲတွေအားလုံးကို အခုမှ သတိရလာသည်။ ပန်းလက်ဖက်ရည် သောက်ပြီးနောက် အားလုံးက ဖြစ်ပျက်ခဲ့သည်!

ချူထျန်းပိုင်သည် ဇနီးဖြစ်သူ ပွေ့ဖက်ထားသော ဖက်ထုပ်လေးကို ငုံ့ကြည့်လိုက်သည်။ သူ့နှလုံးသားက အရမ်းခုန်နေပေမယ့် သူ့မျက်နှာပေါ်မှာ အဲ့တာကို မပြခဲ့ပေ။

သာ့ချောင်က တကယ် ကံကောင်းသော ကြယ်လေး ဟုတ်မဟုတ်၊ ဒီကိစ္စက လူသိရှင်ကြားအတွက် အဆင်မပြေပေ။ မဟုတ်ရင် သူမကို အဲ့တာက ထိခိုက်လာနိုင်သည်။

ချူမိသားစု တွေးနိုင်သလို ရှန်မိသားစုသည် သဘာဝကျကျတွေးနိုင်သည်။

ချူမိသားစုနှင့် နှိုင်းယှဉ်ပါက ရှန်မိသားစုသည် ပိုမိုအကျိုးရှိခဲ့သည်။ တစ်မိသားစုလုံး ကျန်းမာရေး ကောင်းလာသည်။

အရင်က အဲ့တာကို သာ့ချောင်နှင့် မချိတ်မိခဲ့‌ပေ။ ဒါပေမယ့် အခုတော့ သူတို့ သေသေချာချာ တွေးကြည့်တော့ သာ့ချောင်က ကွဲပြားတယ် ဆိုတာကို ချက်ချင်း သဘောပေါက်သွားသည်။

ချူထျန်းပိုင်လိုပဲ သူတို့ အသံမထွက်ပေ။ သူတို့သည် သာ့ချောင်ကို အဲ့တာ‌ကြောင့် ဘာဒုက္ခမှ မခံစားစေချင်ပေ။

သာ့ချောင်က သူတို့ကို ယူဆောင်လာတဲ့ ကောင်းချီးတွေ အတွက် နောင်မှာ သူမနှင့် ချောင်မိသားစု ကောင်းကောင်းမွန်မွန် ဖြစ်ပါစေလို့ သူတို့ဆုတောင်းပေးကြသည်။

ချောင်အိမ်ပြန်ရောက်တော့ သူတို့နှစ်ယောက်လုံး ကိုယ်ဝန်ရှိနေပြီဆိုတာကို လူတိုင်းကြားလိုက်ရသည်။ သူတို့အတွက် ပျော်ရွှင်ခဲ့ကြပြီး မြန်မြန် ဂုဏ်ပြုခဲ့ကြသည်။

ပရိသတ်တစ်ဦးတည်းသာ အရမ်း မပျော်မရွှင် ဖြစ်ခဲ့ရသည်။

ထိုလူသည် ဝမ်ချွမ်ကျီမှလွဲ၍ အခြားသူမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူမကို သူမ ယောင်္ကျား၏ ကျီးကန်းပါးစပ်က လာထိသောကြောင့် ဖြစ်သည်။ သူမ အစားမစားနိုင်တော့ပေ!

အစားမစားနိုင်ရုံတင်မကဘဲ မေးရိုးလည်း လွဲသွားပြန်သည်။

တစ်ခါ မေးစေ့ကို အဆစ်ပြုတ်ဖူးသော သူများသည် ဂရုမစိုက်ရင် သာမန်လူထက် နောက်တစ်ကြိမ် ထပ်ပြုတ်နိုင်ခြေပိုများသည်။ ဒီအကြောင်းကို ဒေါက်တာသည် သူ့ကို အရင်က သတိပေးခဲ့ဖူးပေမယ့် ဝမ်ချွမ်ကျီကတော့ ဒါကို အာရုံမစိုက်ခဲ့ပေ။

သူမသည် ဝက်သားလက်ဆစ်နှစ်တုံးကို ဆက်တိုက်စားသည်။ တတိယအတုံးကို စားခါနီးတွင် နားထဲတွင် ‘ကလစ်’ဟူသော အသံကိုကြားရပြီး သူမသည် ဝက်သတ်ခံရသလို အသံကို ထုတ်လိုက်သည်။

ချောင်ကျန်းကော်က လှည့်ကြည့်ပြီး ခွေးတစ်ကောင်လို ချက်ခြင်း ရယ်မောလိုက်သည်။ "ဟားဟား၊ မိန်းမ၊ မင်းရဲ့ မေးရိုး ပြုတ်ကျပြန်ပြီ!"

ဝမ်ချွမ်ကျီက မျက်ရည်များဝဲကာ "ဝူးဝူး... ရှင့်ပါးစပ်ပိတ်ထား...။"

သူမသည် ပါးစပ်ကို မဖွင့်ခဲ့ရင် ကောင်းမည်။ ခုတော့ တံတွေးတွေ စီးကျလာသည်။

ချောင်ကျန်းကော်က ပိုလို့တောင် ရယ်မောလိုက်ပြီး "မိန်းမ၊ မင်းက ထုတ်လုပ်ရေးအဖွဲ့နားက ရူးနေတဲ့ မိန်းကလေးနဲ့ တူပြန်ပြီ။ ဟားဟားး မင်းရဲ့ တံတွေးက မင်းအဝတ်အစားပေါ် ကျနေပြီ!"

ဝမ်ချွမ်ကျီသည် ဒေါသကြောင့် သေဆုံးသွားလုနီးပါးဖြစ်သွားသည်။

ဤတစ်လပြည့်ပွဲသည် ရယ်မောခြင်းနှင့် ဝမ်ချွမ်ကျီ၏ အော်သံများဖြင့် ပြီးဆုံးခဲ့သည်။ တော်တော်အသက်ဝင်တဲ့ မြင်ကွင်း ဖြစ်သည်။

ရှန်ရှို့ခိုင်နှင့် ချင်းရှောင်မေတို့သည် ရှန်အိမ်သို့ပြန်လာသောအခါ ရှန်မိသားစု၏ လူကြီးနှစ်ယောက်သည် သူတို့၏ ချွေးမမှာ ကိုယ်ဝန်ရှိနေကြောင်းသိလိုက်ရသောအခါ သူတို့သည် အံ့ဩပြီး ပျော်ရွှင်သွားကြသည်။

အဘွားကြီး ရှန်သည် သူမ၏ မျက်လုံးများ နီရဲကာ ပီတိ ဖြစ်နေသည်။ "ဒါက ဘုရားရဲ့ ကောင်းချီးတစ်ခုပဲ။ ဒီဗိုက်ထဲက ကလေးက ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် ငါတို့အားလုံး သဘောကျတယ်!"

ရှန်မိသားစုမှာ ရှန်ထျန်းရုံ ရှိပြီးသား ဖြစ်သည်။ ဒါကြောင့် ဒီကလေးက ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ်၊ လူကြီးနှစ်ယောက်က တောင်းဆိုတာမျိုး မရှိပေ။

ချင်းရှောင်မေက သူမဗိုက်ကို ပွတ်လိုက်ပြီး ပြုံးလိုက်ကာ "ဒါက ဘုရားရဲ့ ကောင်းချီးမဟုတ်ဘူး။ သာ့ချောင်က ကျွန်မတို့ဆီ ယူလာတဲ့ ကောင်းချီးပဲ!"

ထို့ကြောင့် သူမသည် ဒီနေ့ ချောင်အိမ်တွင် ဖြစ်ပျက်ခဲ့သမျှကို ပြောပြခဲ့သည်။

စကားပြောပြီးနောက် သူမက "ဒါက ကျွန်မ အယူသီးတယ်လို့ အမေတို့ ပြောကြလိမ့်မယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမယ့် သာ့ချောင်က ကျွန်မဆီ ယူလာတယ်လို့ပဲ ကျွန်မထင်တယ်!"

အဘွားကြီးရှန် - "အခု မင်းပြောတာ ဟုတ်တယ်။ ကလေးကို မင်းရဲ့ မွေးစားသမီးက ပေးတာလို့ အသိမှတ်ပြုလိုက်တာနဲ့ ငါ့ခါးနဲ့ ခြေထောက်တွေ မနာတော့ဘူး။ အထူးသဖြင့် သူလာတိုင်း ငါ ပန်းကန်တစ်ဝက်လောက် ပိုစားနိုင်တယ်!"

သူမသည် အရင်က ထိုအရာကို မစဉ်းစားခဲ့ပေ။ သာ့ချောင်သည် အကျင့်စာရိတ္တကောင်းမွန်ကာ ဉာဏ်ရည်ထက်မြက်ပြီး သူမကို သဘောကျကြောင်း သူမတွေးမိခဲ့သည်။ ပြီးတော့ စိတ်အခြေအနေကြောင့် သူမ၏ အစာစားချင်စိတ် တိုးတက်လာခဲ့သည်။

အဘွားကြီးရှန်သည် ငယ်ငယ်တုန်းက ဘုရားကို ကိုးကွယ်ပြီး နံ့သာပေါင်းကို မီးရှို့တဲ့ သူတစ်ယောက် ဖြစ်သည်။ ဒါပေမယ့် အဲ့တာကို ပိတ်ပင်လိုက်တဲ့ အခါမှသာ သူမသည် ရပ်တန့်ခဲ့သည်။ ထို့ကြောင့် သူမပြောသောအခါ လူတိုင်းသည် မအံ့သြကြပေ။

အံ့ဩတာကတော့ အဘိုးကြီးရှန် ဖြစ်သည်။

အဘိုးကြီးရှန်သည် သရဲတစ္ဆေများနှင့် နတ်များကို မယုံကြည်ပေ။ သူ့စရိုက်က ခေတ်နောက်ကျပြီး ခေါင်းမာသည်။ မထင်မှတ်ပဲ၊ သူ့ချွေးမစကားကြားတော့ သူက ခေါင်းညိတ်ပြီး ပြောသည်။ "သာ့ချောင်က အရမ်းတော်တယ်။ သူက ကံကောင်းတဲ့ ကလေးနဲ့တူတယ်!"

လူတိုင်းက သူ့ကို တစ္ဆေတစ်ကောင်လို ကြည့်နေကြသည်။

အဘိုးကြီးရှန်က အနည်းငယ် စိတ်ဆိုးပြီး ချောင်းဟန့်လိုက်သည်။ “ငါ မမှားပါဘူး။ သာ့ချောင် အဲ့ကလေးက အရမ်းအံ့ဩစရာ ကောင်းတယ်။ မင်းတို့ကသာ အရမ်းတုံးတာ။ ငါအဲ့တာကို အရင်ကတည်းက သိတယ်။ သူက ငါတို့ရှန်မိသားစုကို ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့  ဆေးဖက်ဝင်လက်ဖက်ရည် ပေးခဲ့တယ်။ "

အဘိုးကြီးရှန်သည် ပန်းလက်ဖက်ရည်ကို လက်ခံရရှိသည့် ပထမဆုံးနေ့တွင် ချူထျန်းပိုင်ကဲ့သို့ပင် မိုးလင်းသည်အထိ အိပ်မောကျခဲ့သည်။

တစ်ခုသိထားရမှာက ဒီလိုမျိုး ဆယ်စုနှစ်တွေကြာအောင် မကြုံဖူးပေ။ အထူးသဖြင့် သူသည် အသက်ပိုကြီးလာတဲ့ အခါပင်။ အဲ့တာက တစ်နေ့ကို လေး ငါးနာရီလောက် အိပ်နိုင်တာ အံ့ဩစရာကောင်းသည်။

ပြီးတော့ သာ့ချောင် ရောက်လာတိုင်း သူ့ခန္ဓာကိုယ်က ခွန်အားတွေ ပြည့်နေသည်။ သူ့ခန္ဒာကိုယ်ပေါ်ရှိ ဝေဒနာအားလုံးသည် တဖြည်းဖြည်း သက်သာလာပေလိမ့်မည်။

အရင်တုန်းကတော့ သူသည် တစ်နှစ်မှာ လေးငါးခါလောက် ဆေးရုံတက်ရသည်။ ဒါပေမယ့် သူ့ချွေးမက သာ့ချောင်ကို မွေးစားသမီးအဖြစ် အသိအမှတ်ပြုကတည်းက သူသည် ဆေးရုံကို မရောက်တာကြာပြီ ဖြစ်သည်။

သူသည် ဒါအကုန်လုံး ရခဲ့ပေမယ့် မပြောပြချင်ပေ။

ပျက်စီးခြင်းသည် ကြီးကျယ်မှုကို လိုက်ရှာသည်။ ကလေးက ငယ်သေးတာမို့ အေးအေးဆေးဆေး နေတာက သူ့အတွက် အကောင်းဆုံး အကာအကွယ် ဖြစ်သည်။

အဘွားကြီးရှန်က သူ့ကို အပြစ်တင်ပြီး "ရှင် သိရင်လည်း ဘာလို့ အရင်က မပြောတာလဲ? အိုး၊ မလုပ်နိုင်ဘူး။ ငါအခန်းထဲသွားပြီး ပစ္စည်း ကောင်းကောင်းရှာပြီး အဲ့ကလေးကို လက်ဆောင်ပေးရမယ်!"

အဘွားကြီးရှန် လက်ထဲမှာ ကောင်းတဲ့အရာတွေ အများကြီးရှိသည်။ သူမသည် သာ့ချောင်အား ကောင်းချီးတစ်ခုအဖြစ် သဘောတူလိုက်ပုံရသည်။

တကယ်တော့ သဘောတူတာထက် ပိုပါသည်။ သူတို့သည် သူမကို မွေးစားသမီးအဖြစ် အသိအမှတ်မပြုထားရင် သူမသည် သူ့မြေးကို ငယ်စဉ်ကပင် သူမနှင့် စေ့စပ်ပေးချင်သည်။ ဝမ်းနည်းစရာပဲ!

ချူအိမ်တွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သည်။

ပြောရမယ်ဆိုရင်တော့ တုန်းရွှယ်ရဲ့ ကိုယ်ဝန်ဟာ အချိန်မှန် ရောက်လာခဲ့သည်။ အစက ယောက္ခမဖြစ်သူသည် ချွေးမဖြစ်သူကို သူမသမီး၏  ပွဲအပြီးတွင် သားဖြစ်သူက ကွာရှင်းရန် ဆန္ဒရှိခဲ့သည်။ သူမသည် မထင်မှတ်ပဲ ကိုယ်ဝန်ရသွားသည်။

အခု သူမသည် ကိုယ်ဝန်ရှိနေပြီဆိုတော့ ကွာရှင်းစရာ မလိုတော့တာ သေချာသည်။

ချူထျန်းပိုင်သည် သူ့အမေတွင် ဤအကြံအစည်ရှိသည်ကို အရင်က မသိခဲ့ပေ။ သိလိုက်ရတော့ သူအရမ်းဒေါသထွက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့ဇနီးအတွက် ပိုပိုပြီး စိတ်ဆင်းရဲခဲ့ရသည်။

အစက သူသည် သူ့မိဘတွေကို ခရိုင်မှာနေထိုင်ဖို့ စီစဉ်ခဲ့သည်။ ဒါ​ပေမယ့်​ ဒါကိုသိပြီး​နောက်​ သူချက်​ချင်းပဲ အကြံကို ပယ်​ချချလိုက်သည်။

နေ့ရက်များသည် ရက်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။ မကြာခင်မှာပဲ ထပ်ဖောက်လာပြန်သည်။

ဝမ်ယန်ရှန်၏ အဖေနှင့် ချောင်ဟုန်းမေတို့သည် တနေ့တည်း သေဆုံးသွားခဲ့သည်။

All Chapters