← Chapters

အခန်း (၁၈၉)

Vol. 15 Ch. 189

အခန်း (၁၈၉)

Vol. 15 Ch. 189

သုံးယောက်လုံး လက်တွေ ယောင်နေချိန်မှာတောင် ချောင်မိသားစုက တံခါးမဖွင့်ခဲ့ပေ။

“ခမည်းခမက် ရှင် ဘာလို့ ဒီလောက်ရက်စက်ရတာလဲ!” အမေ ချန်က တကယ်ကို မျှော်လင့်ချက်မရှိဖြစ်သွားသည်။

ဒီနေ့မနက်တွင် ချောင်ဟုန်း‌မေသည် အစိုးရပိုင် စားသောက်ဆိုင်သို့ ပြေးဝင်သွားပြီး ဝမ်နီအာကို ကတ်ကြေးဖြင့် ထိုးခဲ့သည်။ ချောင်ဟုန်းမေသည် အဖမ်းခံလိုက်ရသည်။

ချောင်ဟုန်းမေ ပစ်သတ်ခံရမည် မခံရမည်ကို သူမ လုံးဝ ဂရုမစိုက်ပေ။ သူမ ဂရုစိုက်တာ သူမ သားဖြစ်သည်။

တစ်စုံတစ်ယောက်ရဲ့ ဘဝက သွားမှာဖြစ်သည်။ ချန်ရှင်းနှင့် ဝမ်နီအာတို့ရဲ့ ကိစ္စကို ဖုံးကွယ်ထားလို့ မရပေ။ ချန်ရှင်းကိုတော့ အခင်းဖြစ်နေရာမှာ ဖမ်းထားသည်။

ချောင်မိသားစုက လိုက်လာပြီး သူမ သားကို ကယ်တင်စေချင်တာကြောင့် သူမသည် အမြန်ပြေးလာခဲ့သည်။

အမေချန်၏ အသံသည် ဆူညံနေသည်။ သူမ မြေးနှစ်ယောက်ကို အတူတူ ငိုခိုင်းသည်။ နောက်ဆုံးတော့ သူတို့ မခံနိုင်တော့ဘဲ ချောင်အိမ်တံခါးသည် ပွင့်သွားသည်။

ဝမ်ချွမ်ကျီသည် တက်တက်ကြွကြွ အထဲမှ ပြေးထွက်လာပြီး ရေပုံးထဲရှိ အရာများဖြင့် ‘ဗွမ်းကနဲ’ ပက်လိုက်သည်။

ပုံးထဲက အရာတွေကို သွန်လိုက်တဲ့အခါ အနံ့အသက်ဆိုးတွေ ထွက်လာသည်။

"ဘာလို့ အနံ့အရမ်းဆိုးနေတာလဲ?" ဘေးမှကြည့်သူများသည် ရွံရှာစွာ သူတို့ နှာခေါင်းကို အုပ်ထားကြသည်။

ထို့နောက် လူတိုင်းက ကြည့်လိုက်ကြသည်။ အရှင်ဘုရား။ ချန်မိသားစု သုံးယောက်၏ ခေါင်းများကို ရွှေဖြင့် ဖုံးထားသည်။

တချို့လူတွေက မရယ်ဘဲ မနေနိုင်ကြတော့ပေ။

တင်ပါးပေါ်လက်တင်ကာ ဝမ်ချွမ်ကျီက ပြုံးပြီး "ဒီချေးတွေကို လွန်ခဲ့တဲ့ နှစ်ရက်က ငါ့ရဲ့ တုန်းယွင်ဆီက စုဆောင်းထားတာ။ နင်တို့က အကျိုးရှိသွားပြီ။ နင်တို့ ထွက်မသွားရင် ငါ ခွေးကို လွှတ်လိုက်မှာ‌နော်!"

အမေချန်သည် အလွန်စိတ်ဆိုးသွားသဖြင့် သူမ၏ မျက်နှာသည် နီမြန်းလာသည်။ သူမ အသက်ရှုမဝသလိုဖြစ်ပြီး ဒေါသကြောင့် ပွဲချင်းပြီး သေလုနီးပါး ဖြစ်သွားသည်။

သူမ သားက သူ့ကို ကယ်တင်ဖို့ စောင့်နေတုန်းပင်။ သူမသည် ချောင်မိသားစုက ရှေ့ကဦး‌ဆောင်ဖို့ လိုအပ်သည်။

သို့သော် ချောင်မိသားစုသည် ချန်မိသားစုကို လျစ်လျူရှုရန် စိတ်ကူးထားခဲ့သည်။ သူတို့သည် ဆက်ဆံရေးကို ဖြတ်တောက်ပြီး ဖြစ်သည်။ သူတို့ရဲ့ မကောင်းမှုတွေမှာ ဘယ်သူက ဝင်စွက်ဖက်ရမှာလဲ?

နောက်ဆုံးတွင် ချောင်မိသားစု သုံးယောက်ကို ချောင်ရုံရိုနှင့် ဖီဖီတို့အား ထုတ်လုပ်ရေးအဖွဲ့မှ ထွက်သွားအောင် လိုက်ခိုင်းခဲ့သည်။

အမေ ချန်က ငိုပြီး မြို့ကို ပြန်သွားခဲ့သည်။ နောက်တော့ သူမကို အကြောင်းကြားဖို့ ရောက်လာတဲ့ ရဲအရာရှိတစ်ယောက်ကို တွေ့လိုက်သည်။ ချောင်ဟုန်းမေရဲ့ အလောင်းကို ယူဖို့ ရဲစခန်းကို သွားခိုင်းခဲ့သည်။

ဒါကို အမေ ချန်သည် ကြားလိုက်တာနှင့် သူမ ခြေထောက်တွေ ပျော့ခွေသွားသည်။ သူမက မြေပြင်ပေါ် ထိုင်လျှက်အနေအထားနဲ့ လဲကျသွားပြီး " ငါ့ချွေးမ သေသွားပြီလို့ မင်းပြောတာလား? ဘာလို့…ဘာလို့ အရမ်းမြန်တာလဲ? "

"ထောင်ထဲမှာ သံကိုမျိုချလိုက်တယ်!" ရဲအရာရှိက မျက်နှာသေဖြင့် ပြောလိုက်သည်။

သူမကိုယ်သူမ ရက်စက်လွန်းပြီး သံတုံးကြီးကို ချက်ခြင်း မျိုချပစ်လိုက်ဖို့ နေနေသာသာ အမျိုးသမီးမှာ သံတုံးတစ်တုံးရှိနေမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပေ။ ထောင်စောင့်တွေ သိသွားတဲ့အခါ အမျိုးသမီးကို ကယ်တင်ခဲ့သည်။

ချောင်ဟုန်းမေသည် အစိုးရပိုင် စားသောက်ဆိုင်ကို မသွားမီကတည်းက သူ့ကိုယ်သူ သတ်သေရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ထင်ရှားသည်။

ချောင်မိသားစုသည် ချောင်ဟုန်း‌မေနှင့် သူတို့၏ ဆက်ဆံရေးကို ဖြတ်လိုက်တဲ့အတွက် ချန်အိမ်မှာ သူမရဲ့ဘဝဟာ ပိုပိုပြီး ခက်ခဲလာခဲ့သည်။ ယောက္ခမနှင့် သူမ ယောင်္ကျားက သူမကို အသုံးမကျဘူး၊ ဒီလိုကောင်းတဲ့ မိသားစုနှင့် အဆက်သွယ်ပျက်အောင် လုပ်တယ်ဆိုပြီး နေ့တိုင်းရိုက်ပြီး အော်သည်။

ချန်ရှင်းက သူမကို ကွာရှင်းချင်ပေမယ့် သူမသည် မကွာရှင်းချင်ပေ။ သူသည် သူမကို ကွာရှင်းရဲရင် သူမသည် သူ့ကို တိုင်မည်ဟု ပြောခဲ့သည်။ ဒီလိုပြောပြီးနောက်မှာတော့ သူမသည် အဲ့နေရာမှာ သွေးထွက်သည်အထိ အရိုက်ခံရသည်။

နောက်ပိုင်းတွင် ချန်ရှင်းသည် ကွာရှင်းဖို့အကြောင်းကို မပြောတော့ပေ။ အဲဒီအစား သူက ဝမ်နီအာကို အိမ်သို့ ရံဖန်ရံခါ ခေါ်လာခဲ့သည်။ အပြင်လူများကို သူသည် ဝမ်နီအာက သူ့က‌လေးများ၏ မွေးစားအမေဖြစ်သည်ဟု ပြောခဲ့သည်။ အပြင်လူများက အဲ့တာကို အမှန်ဟု ထင်ကြသည်။ အကြိမ်တိုင်း ချောင်ဟုန်းမေက မှုန်ကုပ်ကုပ်ဖြင့် အံကြိတ်ခဲ့ရသည်။

ဝမ်နီအာသည် မာနကြီးလွန်းသည်။ ချန်ရှင်းနှင့် သူမ မကွာရှင်းခင်မှာ သူမသည် အိမ်ထဲဝင်လာပြီး သူမကို အစေခံကဲ့သို့ ဆက်ဆံခဲ့သည်။ သူမ မနာခံဘူးဆိုရင် ဝမ်နီအာက ချန်ရှင်းကို ရိုက်ဖို့ အားပေးလိမ့်မည်။

ဒီလိုဘဝမျိုးက ချောင်ဟုန်းမေကို တနေ့ထက်တနေ့ ပိုပို မည်းမှောင်လာစေခဲ့သည်။

သနားစရာကောင်းတဲ့လူတွေက သူတို့နှင့် ပတ်သက်ပြီး မုန်းစရာတစ်ခုခုရှိသည်။ ယောက္ခမနဲ့ ချန်ရှင်း၏ အောက်မှာ ခံစားရသမျှကို သူမသည် သူမ သမီးတွေအပေါ် ဒေါသတွေ ပုံချခဲ့သည်။

အထူးသဖြင့် ချန်ကျောင်တိသည် သူမ မကြိုက်ဆုံးဖြစ်သည်။ ကောင်မလေးသည် သူမ၏ အဆိတ်ကို ခံရပြီး တစ်ကိုယ်လုံး ‌ ဒဏ်ရာတွေရခဲ့သည်။

တစ်ခါက သူမ သမီးအကြီးဆုံးကို ရေနွေးပူပူနှင့် ပြုတ်ချင်လာသည်။ သူ့ယောက္ခမ စောစောပြန်မလာဘူးဆိုရင် ချန်ကျောက်တိက သေတာ ကြာပြီဖြစ်သည်။

သူမသည် သေဖို့ တိတ်တဆိတ် စောင့်မနေဘဲ ချိန်ကိုက်ဗုံး တစ်လုံးလို တိတ်တိတ်လေး နှိပ်လိုက်သည်။

နောက်ဆုံးတွင် ချန်ရှင်းသည် ဝမ်နီအာသည် ကိုယ်ဝန်ရှိနေကြောင်း ပြောပြပြီးနောက် ချောင်ဟုန်းမေသည် သည်းမခံနိုင်တော့ပေ။ ကတ်ကြေးတစ်ချောင်းကို ကိုင်ရင်း အစိုးရပိုင် စားသောက်ဆိုင်သို့ ဝင်စီးခဲ့သည်။ ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ ဝမ်နီအာ ဗိုက်ကို ဓားဖြင့် ထိုးလိုက်သည်။

ချန်ရှင်းအတွက် သားလေး မွေးချင်တာလား? ချန်အိမ်တံခါးကနေ သူမကို ညှစ်ထုတ်ချင်တာလား?

အိပ်မက်မက်နေလိုက်!

ဝမ်နီအာကို သတ်ပြီးနောက် သူမအသက်မရှင်နိုင်တော့မှန်း သူမသိသည်။ ဒါကြောင့် အပြင်မထွက်ခင်မှာ သူမခန္ဓာကိုယ်ပေါ်မှာ လက်မအရွယ် သံတုံးတစ်တုံးကို ဝှက်ထားခဲ့သည်။

ထောင်ထဲဝင်သွားပြီးနောက် သူမသည် ထောင်စောင့်တွေ သတိမထားမိချိန်မှာ သံတုံးကို မျိုချလိုက်သည်။ ပြင်းထန်စွာ နာကျင်လာသောအခါတွင် သူမသည် နောင်တရလာသည်။

ကမ္ဘာပေါ်တွင် နောင်တအတွက် ဆေးမရှိပေ။

ချောင်မိသားစုအပေါ် တစ်ကိုယ်ကောင်းဆန်လွန်းခြင်း သို့မဟုတ် လူသတ်မှုကျူးလွန်ခြင်းအတွက် သူမသည် နောင်တရသည်ဖြစ်စေ နောက်ကျသွားပြီဖြစ်သည်။

အမေချန်ဟာ သူ့ကိုယ်ပိုင်အသံကို ပြန်ရဖို့ အချိန်အတော်ကြာခဲ့သည်။ "ငါ့သားကော? သူ ဘာဖြစ်သွားမလဲ?"

ချွေးမသေတာ ဘယ်သူက ဂရုစိုက်မှာလဲ? သူမသည် မကောင်းဆိုးဝါး ဖြစ်သည်။ သူမ ကိုယ်တိုင် ဥမဥနိုင်ဘဲ သူမ၏ အဖိုးတန်မြေးကိုတောင် သတ်ပစ်လိုက်သည်။ ဒီလို နိမ့်ကျမှုမျိုးက ငရဲကို သွားသင့်သည်။

ရဲအရာရှိက စိတ်မရှည်စွာနဲ့ "အလောင်းကို အရင်သွားယူလိုက်။ ကျန်တာတွေ ငါ မသိဘူး!"

အမေချန်သည် နောက်ထပ် မမေးရဲတော့ပေ။

သို့သော် ချောင်ဟုန်းမေ သေဆုံးမှုကြောင့် အမှုကို ပိတ်သိမ်းခဲ့သည်။ ချန်ရှင်းသည် မသင့်လျော်သော ဆက်ဆံရေးရှိသော်လည်း မည်သူကိုမျှ မသတ်ခဲ့ပေ။

ရက်အနည်းငယ်ကြာ ထောင်ကျပြီးနောက်တွင် အမေချန်က သူ့ကို ငွေဖြင့် အာမခံပေးခဲ့သည်။ စားဖိုမှူးအဖြစ် သူ့အလုပ်က သေချာပေါက် မရှိတော့ပေ။

ပိုဆိုးတာက ထောင်ကလွတ်ပြီး နှစ်ရက်မပြည့်ခင်မှာ မှောင်ပြီး လေထန်တဲ့ညမှာ သူသည် အရိုက်ခံရသည်။

သူသည် ကံကောင်းပြီး လမ်းသွားလမ်းလာတစ်ဦးက သူ့ကို ကယ်ဆယ်နိုင်ခဲ့သည်။ သို့သော် သူ့၏ နေရာသည် လုံးဝမရှိတော့ပေ။ သူသည် ကလေးမရနိုင်တော့သော ချန် ဖြစ်သွားသည်။

အမေချန်သည် သူ့သားကို မျက်ရည်‌တွေနှင့် ပွေ့ဖက်လိုက်သည်။ သူ့သားက အဲဒီနေရာ မစွမ်းဆောင်နိုင်တော့ပေ။ သူတို့၏ ချန်မိသားစုသည် အနာဂတ် လုံးဝမရှိတော့ပေ။

ချန်ရှင်းရိုက်နှက်ခံရသောအခါ ထိုနေ့တွင်ပင် သူတို့သည် ရဲများထံ ဖုန်းဆက်သည်။ ချန်ရှင်းသည် နှိပ်စက်ညှဉ်းပန်းခံရချိန်သည် ညအချိန်ဖြစ်သည်။ သူသည် သူ့ကို ရိုက်နှက်တဲ့ သူကို မတွေ့ခဲ့ပေ။ တစ်ယောက်မှ အဲ့နေရာကို ဖြတ်မသွားခဲ့ပေ။ ဒီအမှုကို မဖြေရှင်းဘဲ ချန်သွားနိုင်သည်။

တကယ်တော့ ချန်ရှင်းက ဒါကို ဝမ်နီအာရဲ့ မိသားစု လုပ်တယ်ဆိုတာ သူ့နှလုံးသားထဲမှာ သိပါသည်။

ဝမ်မိသားစုတွင် သမီးတစ်ယောက် ဆုံးရှုံးခဲ့သည်။ ချောင်ဟုန်းမေသည် သူမရရှိသည့် အရာကို ထိုက်တန်သည်။ သို့သော် ထိုနိမ့်ကျသောလူ ချန်ရှင်းသည် ဘာကြောင့် အရေးယူမခံရတာလဲ?

ဆွေးနွေးပြီးနောက် ဝမ်နီအာ၏ အစ်ကိုနှစ်ယောက်သည် ညအချိန်တွင် ချန်ရှင်း၏ အမြစ်များကို ဖြတ်တောက်ပစ်လိုက်သည်။ ဤနည်းအားဖြင့် သူသည် နောက်တစ်ကြိမ် အပြစ်ကျူးလွန်နိုင်တော့မည် မဟုတ်ပေ။

ချန်ရှင်းက အလုပ်ပြုတ်ပြီး အဲဒီနေရာက မစွမ်းဆောင်နိုင်တော့ပေ။ သူသည် တနေကုန် အိပ်ရင်အိပ် မဟုတ်ရင် အရူးများနှင့် လျှောက်သွားသည်။ ဒီလိုနဲ့ တစ်ညမှာ သူမူးပြီး အိမ်ပြန်လာတော့ ခြေလှမ်း ချော်သွားပြီး မြစ်ထဲပြုတ်ကျသည်။ သူသည် ရေနစ်သွားသည်။

သူမ၏ တစ်ဦးတည်းသောသား ဆုံးပါးသွားသည်ကို သိလိုက်ရသဖြင့် အမေချန်သည်လည်း အသက်မရှူနိုင်ဘဲ ဆုံးပါးသွားခဲ့သည်။

ချန်မိသားစု၏ ရွှေရောင်ပန်းလေးပွင့်သည် ရုတ်တရက် မိဘမဲ့ဖြစ်သွားသည်။ တစ်ယောက်ယောက်က ကလေးလေးယောက်ကို သူတို့ရဲ့ အဖွားအိမ်ဆီ ပို့ပေးဖို့ ပြောသည်။ ရဲစခန်းသည် ဤအကြံအစည်ကို အကောင်အထည် ဖော်လိုသော်လည်း ရှန်ရှို့ခိုင်က ရပ်တန့်ခဲ့သည်။

နောက်ပိုင်းတွင် ရွှေပန်းလေးပွင့်ကို မိဘမဲ့ဂေဟာသို့ ပို့ဆောင်ခဲ့သည်။ ထိုအချိန်မှစ၍ သူတို့သည် ချောင်မိသားစုနှင့် ဘာမှမဆိုင်ပေ။

ဟုတ်ပါတယ်။ ဒါတွေအားလုံးဟာ အနာဂတ်က ကိစ္စတွေဖြစ်သည်။

…

ဝမ်ယန်ရှန်ဘက်သို့ ပြန်သွားသည်။ သူသည် အစ်ကိုအကြီးဆုံးထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက်တွင် ဒုတိယဗိုလ်ချုပ်ကြီး ကျန်းထံမှ ထွက်ခွာခွင့်တောင်းခံခဲ့သည်။

သူသည် မေလတွင် ထွက်ခွာခွင့် တောင်းဆိုခဲ့သည်။ သူက နောက်ထပ်ခွင့်မတောင်းသင့်ပေမယ့် သူသည် သူ့အဖေကို နောက်ဆုံးနှုတ်ဆက်ချင်ခဲ့သည်။

သူ့မိဘများ အသက်ရှင်စဉ်အခါက မိဘများက သူ့ကို မွေးဖွားပေးခဲ့ပြီး သူ့ကို အနည်းငယ် ဘက်လိုက်ပြီး ပြုစုပျိုးထောင်ခဲ့သည်။ အခုတော့ သူတို့အားလုံး ဆုံးပါးသွားတော့ သူတို့ ညီအစ်ကိုတွေ လုံးဝ ကွဲသွားပြီလို့ ယူဆရသည်။

ထိုအချိန်မှစ၍ သူတို့သည် ဆွေမျိုးများသာ ဖြစ်ခဲ့ကြသည်။

ဒုတိယအနေဖြင့် သူသည် ချောင်ဟုန်းရှကို အရမ်းလွမ်းသည်။

သူတို့ ခွဲခွာပြီးကတည်းက သူသည် သူမအကြောင်း တစ်ချိန်လုံး တွေးနေခဲ့သည်။ ဒါကြောင့် သူ ဒီတစ်ခေါက် ပြန်သွားတဲ့အခါ သူမနဲ့ အချိန်ပိုရချင်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ကျန်းသည် သူ့၏ ထွက်ခွာခွင့်စာရွက်ကို အတည်ပြုခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက ဟော်ဟွားချင်း၏ မြေး ဟော်ချီကို စစ်တပ်သို့ ခေါ်ဆောင်ရန် တာဝန်ပေးခဲ့သည်။

ဒုတိယဗိုလ်ချူပ်ကြီး ကျန်း၏စကားကိုကြားတော့ သူအံ့အားမသင့်သွားအောင် မနေနိုင်ခဲ့ပေ။ “ကလေးက ဆယ်နှစ်ပဲရှိသေးတာ။ ငယ်ငယ်ကတည်းက စစ်တပ်ထဲဝင်ဖို့ သင့်တော်ပါ့မလား? သူ့ကို အသိမှတ်ပြုဖို့ အဆင်‌ပြေပါ့မလား? ”

ဒုတိယဗိုလ်ချူပ်ကြီး ကျန်း - "သူ့ကို စစ်တပ်ထဲ ခေါ်ခိုင်းတာက စစ်ထဲဝင်ဖို့ ခွင့်ပြုတာ မဟုတ်ဘူး။ သူက အရမ်းငယ်တယ်။ ငါ လုပ်ချင်ရင်တောင် တခြားသူတွေက သဘောတူနိုင်ပါ့မလား? ကလေးက ထုတ်လုပ်ရေးအဖွဲ့နဲ့ ဆက်နေလို့မရဘူး။ မဟုတ်ရင် သူ့ဘဝက ပျက်စီးသွားလိမ့်မယ်!"

ထုတ်လုပ်ရေးအဖွဲ့၏ ဝက်ခြံထဲ၌ နေ၍ သူသည် စာမလေ့လာနိုင် သို့မဟုတ် ကျောင်းမသွားနိုင်ပေ။ ထုတ်လုပ်ရေးအဖွဲ့မှ လူများသည် သူတို့၏ ကြိုးစားအားထုတ်မှုကြောင့် သူတို့၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲခဲ့ကြသော်လည်း သူတို့သည် ဆိုးသွမ်းသော ပုံစံရှိသရွေ့ သူတို့တစ်သက်လုံး ဝက်ခြံထဲတွင်သာ နေနိုင်ကြသည်။

ငယ်ငယ်ရွယ်ရွယ်နှင့် ဒီရာထူးအတွက် တိုက်ပွဲဝင်နိုင်ရန် ဝမ်ယန်ရှန်ဟာ ​​ရက်စက်ရုံတင်မကပေ။ သူ့ဦးနှောက်သည်လည်း မတုံးအပေ။ သူသည် နားမလည်ခင် ခဏလောက် တွေးကြည့်လိုက်သည်။

သူ့မျက်ခုံးတွေ မြင့်တက်လာသည်။ "ဒုဗိုလ်ချုပ် ကျန်း ကလေးကို သူ့သေဆုံးမှုအတုကို လုပ်စေချင်တာလား?"

ဒုတိယဗိုလ်ချုပ်ကြီး ကျန်းက ခေါင်းညိတ်ပြီး သက်ပြင်းချကာ "ငါ့မှာ မကြာသေးခင်ကပဲ နာမကျန်းလို့ သားဆုံးပါးသွားခဲ့တဲ့ အဝေးက ဆွေမျိုးတစ်ယောက်ရှိတယ်။ သူတို့ ဒီကိစ္စ သူတို့ကျေးရွာကို သတင်းမပို့ခဲ့ဘူး။ ငါအဲ့တာကိုသိတော့ ဟော်ချီကို သူတို့ကလေး နေရာယူခွင့်ပေးဖို့ ပြောခဲ့တယ်။ သူတို့ သဘောတူတယ်။”

ဟုတ်ပါသည်။ သူသည် ဒီကိစ္စက အများကြီး အကျိုးရှိမယ်လို့ ကတိပေးခဲ့သည်။ မဟုတ်ရင် တခြားသူက ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိမှာ မဟုတ်ပေ။

နားထောင်ပြီးနောက် ဝမ်ယန်ရှန်သည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ ပြီးတော့ သူက ခေါင်းညိတ်ပြီး ပြောခဲ့သည်။ "ဒါလည်း ကောင်းတယ်။ ဒီကလေးရဲ့ ပုံစံက ထက်မြက်တယ်။ ဝက်ခြံမှာ ဆက်နေရင် နှမြောစရာပဲ"

ဒုတိယဗိုလ်ချူပ်ကြီး ကျန်းက ကြွေရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ရေငဲ့ထည့်ကာ "အချိန်ကျရင် မင်း ငါ့မွေးရပ်မြေကို သွားပြီးတော့ ကလေးရဲ့ မှတ်ပုံတင်လက်မှတ်ကို ယူလို့ရတယ်။ ပြီးတော့ ကလေးကို စစ်တပ်ဆီ ခေါ်လာပေး။ ငါသူ့ကို ငါ့အိမ်မှာ ပြုစုပျိုးထောင်ပေးမယ်!"

အရင်က ဒုဗိုလ်ချုပ်ကြီး ကျန်းသည် ဟော်ဟွားချင်းဆီမှ အကူအညီများစွာ ရရှိခဲ့သည်။ နှစ်တွေကြာလာတာနဲ့အမျှ သူသည် ဟော်မိသားစုရဲ့ ဘဝနှင့် ကံကြမ္မာကို တိုးတက်စေချင်ခဲ့သည်။ ကံမကောင်းစွာပဲ သူ့မှာ အင်အားအကန့်အသတ်ရှိပြီး ကိစ္စများစွာကို မလုပ်နိုင်ပေ။

ဝမ်ယန်ရှန်က ခေါင်းညိတ်သဘောတူလိုက်သည်။ ထို့နောက် သူသည် ရုံးမှထွက်ကာ သူ့ပစ္စည်းများကို ထုပ်ပိုးရန် ပြန်ဖို့ ပြင်လိုက်သည်။

သူသည် မိသားစု အဆောက်အဦးဆီသို့ လမ်းလျှောက်လာရင်း မိသားစု အဆောက်အဦဘေးတွင် ရပ်နေသော အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူက ရပ်လိုက်သည်။

နောက်ကျောက အရမ်းရင်းနှီးနေသည်။ အဲ့တာက တုန်းလီလီမှလွဲ၍ အခြားသူမဟုတ်ပေ။

တစ်ခုခုကို အာရုံရလိုက်တော့ တုန်းလီလီသည် လှည့်ကြည့်လိုက်ပြီးနောက် ဝမ်ယန်ရှန်က မျက်မှောင်ကြုတ်နေတာကို တွေ့လိုက်ရသည်။ ရှက်ရွံ့စွာနဲ့ သူမက "ကျွန်မ ရှင့်ကို စောင့်နေတာ မဟုတ်ဘူး!"

All Chapters