အခန်း (၁၉၁)
Vol. 15 Ch. 191
ညကျတော့ သူသည် အမှောင်ကို အခွင့်ကောင်းယူပြီး ဝက်ခြံဆီ သွားပြန်သည်။
ဟော်မိသားစုအပေါ် လူတိုင်း၏သဘောထားသည် အခုပြောင်းလဲသွားသော်လည်း သူတို့သည် ဆိုးသွမ်းသူများ ဖြစ်ဆဲဖြစ်သည်။ ထို့အပြင် သူသည် ထုတ်လုပ်ရေးအဖွဲ့တွင် တစ်နှစ်လုံး မရှိခဲ့ပေ။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် မသိသလိုမျိုး ဖြစ်သွားသည်။ ထို့ကြောင့် ထုတ်လုပ်ရေးအဖွဲ့ရှိလူများသည် သူတို့တွင် အပြန်အလှန် ဆက်သွယ်မှု ရှိသည်ကို မသိနိုင်ပေ။
ထို့အပြင် နောက်ဘာဆက်ဖြစ်မည်ကို ဘယ်သူမှ မသိတာ အကောင်းဆုံးဖြစ်သည်။
ဝမ်ယန်ရှန် ရောက်လာတာကိုမြင်တော့ ဟော်ဟွားချင်းသည် အနည်းငယ်အံ့သြသွားသည်။ ခဏကြာတော့ သူက ငြိမ်သက်သွားပြီး "ကောဟိုင် မင်းကို ဒီလွှတ်လိုက်တာလား?"
ဝမ်ယန်ရှန်က ခေါင်းညိတ်လိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ကျန်းက သူ့အား ညွှန်ကြားထားသည်ကို ဖြည်းဖြည်းချင်း ပြောပြသည်။
စကားပြီးတဲ့အခါ "ဒုဗိုလ်ချုပ်ကြီး ကျန်းရဲ့ ဒီအစီအစဉ်က ကလေးအတွက် အကောင်းဆုံးလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် နောက်ဆုံးမှာ အဘိုးကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချရမှာ။ အဘိုးဟော် အဲဒါကို စဉ်းစားလိုက်ပါဦး။ ကျွန်တော် ထုတ်လုပ်ရေးအဖွဲ့မှာ ရက်အနည်းငယ်နေဦးမယ်။ ကျွန်တော်မသွားခင် ၂ရက်အလိုကျ အဘိုးရဲ့အမြင်ကို ကျွန်တော်ထပ်မေးမယ်!"
ဟော်ဟွားချင်းသည် အဲ့တာကို ကြားပြီးနောက် သူ့မျက်နှာတွင် စိတ်လှုပ်ရှားသော အမူအရာပေါ်လာသည် "စဉ်းစားနေစရာမလိုပါဘူး။ ငါ အဲ့တာကို သဘောတူပါတယ်!"
သူသည် ဆိုးသွမ်းသူအဖြစ် နှိမ့်ချခံရပြီးကတည်းက သူ့နစ်နာချက်တွေကို ပြန်လည်သင့်မြတ်ခြင်း မရှိခဲ့ပေ။ သူ့ဘ၀မှာ တိုင်းပြည်နှင့် လူမျိုးကို ဘယ်အမှားမှ မလုပ်ဖူးဘဲ သူသည် ဒီလိုအဆုံးသတ်သွားခဲ့သည်။
သားကတော့ သေပြီ ဖြစ်သည်။ မြေးဖြစ်သူသည် အပြစ်သားတစ်ဦးကဲ့သို့ လယ်ထဲတွင် အလုပ်လုပ်ရန် သူတို့နောက်သို့ လိုက်လာခဲ့သည်။ သူသည် သူ့မြေးကို တစ်သက်လုံး ဒီနေရာမှာ ပိတ်မိသွားမှာ စိုးရိမ်၍ သူ့မြေးအနာဂတ်အတွက် မရေတွက်နိုင်သော ညပေါင်းများစွာ အိပ်မပျော်ဖြစ်ခဲ့သည်။
အခု အခွင့်ကောင်းတစ်ခုရှိတော့ တခြားဘာတွေ စဉ်းစားဖို့လိုလဲ?
ဒီအတွက် ကလေးက သူ့နာမည်နှင့် မျိုးရိုးနာမည်ကို ပြောင်းထားရမှာပေမယ့် အသက်ရှင်နေထိုင်ဖို့အတွက် ဒါက ဘာမှမဟုတ်ပေ။ အဆုံးတွင် ဒါသည် ဖြေရှင်းချက်တစ်ခုသာဖြစ်သည်။
ထို့အပြင် သူသည် နာမည်ပြောင်းရင် သူက ဟော်မိသားစုမှ ဆင်းသက်လာသူ မဟုတ်တော့ဘူးလား?
ဝမ်ယန်ရှန်သည် အဘိုးဟော်၏ စိတ်လှုပ်ရှားမှုကို နားလည်နိုင်သည်။ သူသည် ခဏလောက် တိတ်တဆိတ်နေပြီး တုံ့ပြန်ခဲ့သည်။ "အဘိုးဟော် ဒါကို ကလေးနဲ့ ကလေးအမေကို ဆွေးနွေးသင့်တယ်။ ပုန်ကန်ချင်တဲ့စိတ်နဲ့ စစ်တပ်ကို မသွားတာက အကောင်းဆုံးပဲ။"
ဟော်ဟွားချင်းက စဉ်းစားပြီး ပြန်ပြောလိုက်သည်။ "ကောင်းပြီ။ အချိန်ယူပြီး စဉ်းစားလိုက်မယ်။ ပြီးရင် မင်းပြောတဲ့အတိုင်း ငါတို့သွားမယ်။ နောက်နှစ်ရက်နေရင် ပြန်လာ!"
ဝမ်ယန်ရှန်က ခေါင်းညိတ်လိုက်ပြီး သူယူလာတဲ့ ဖြည့်စွက်စာတွေကို ပေးလိုက်သည်။
ဤအရာအချို့ကို သူဝယ်ခဲ့သည်။ ဒါတွေထဲမှ အများစုကို ဒုတိယဗိုလ်ချုပ်ကြီး ကျန်းက ယူသွားရန် ညွှန်ကြားခဲ့သည်။
ဟော်ဟွားချင်းက အဲ့တာတွေကို ငြင်းဆိုခဲ့သည်။ ဝမ်ယန်ရှန်က သူ့ကို ဒီအခွင့်အရေး မပေးခဲ့ပေ။ သူသည် လှည့်ပြီး အမှောင်ထဲကို ပြန်သွားသည်။
ဟော်ဟွားချင်းက သူ့ချွေးမနှင့် မြေးကို ပြောဖို့ မနက်ဖြန်ကို မစောင့်နိုင်တော့ဘဲ သူတို့ကို ချက်ချင်း နှိုးလိုက်သည်။
သူ့ယောက္ခမရဲ့စကားတွေကို နားထောင်ပြီးနောက် သိုက်ရှုဖန်က အရမ်းစိတ်လှုပ်ရှားသွားပြီး “အဖေ၊ အဖေ ပြောခဲ့တာတွေက တကယ်လား? ဒုဗိုလ်မှူးကြီး ကျန်းက ဒါတွေကို စီစဉ်ပေးမှာလား? အဲ့တာကို ရှာတွေ့သွားရင်ကော?”
သူမ သားကို တခြားသူရဲ့သားဖြစ်လာပြီး စစ်တပ်ထဲဝင်ဖို့ကို တွန့်ဆုတ်နေပေမယ့် သူ့သားရဲ့အနာဂတ်ဖြစ်လို့ သူမသည် သည်းခံနိုင်ခဲ့သည်။
ဟော်ချီသာ အတည်ငြိမ်ဆုံးဖြစ်သည်။ အနည်းငယ် ပုံမှန်မဟုတ်ဘဲ ငြိမ်သက်သွားသည်။
သူမ သားကို ဒီလိုမြင်လိုက်ရတော့ သိုက်ရှုဖန်က သူ့မျက်နှာပေါ် ရေအေးတွေ လောင်းချသလို ခံစားလိုက်ရပြီး ချက်ချင်း ငြိမ်သက်သွားပြီး "ချီအာ မင်း မသွားချင်ဘူးလား?"
ဟော်ချီက ခဏလောက် စဉ်းစားပြီးနောက် ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်သည်။ "သား တခြားသူရဲ့သား မဖြစ်ချင်ဘူး။ အမေ့ကိုလည်း မထားခဲ့ချင်ဘူး!"
အဘိုးက အသက်ကြီးလာပြီ ဖြစ်သည်။ ဤနှစ်များတွင် သူသည် လယ်ထဲ၍ ဒဏ်ရာများစွာ ရရှိခဲ့သည်။ သူသည် အကြာကြီး ခွဲနေရမှာကို စိတ်ပူနေမိသည်။ တစ်နေ့မှာ သူ့မှာ တစ်ခုခုဖြစ်သွားရင် သူသည် တစ်သက်လုံး နောင်တရလိမ့်မည်။
အဲဒီလိုပဲ သူသည် သူ့အမေကို စိတ်ပူသည်။
ထုတ်လုပ်ရေးအဖွဲ့မှ လူတိုင်းသည် လူကောင်းမဟုတ်ပေ။ သူသည် ဒီမှာနေပြီး သူတို့ကို ပြုစုစောင့်ရှောက်ရန် လိုအပ်သည်။
ဟော်ဟွားချင်း - “လိမ္မာတဲ့ ကောင်လေး ငါတို့က မင်းနဲ့ မခွဲချင်ပါဘူး။ ဒါပေမယ့် ဒါက မင်းအတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။ အဘိုးက အသက်ကြီးပြီ။ ငါ အစိုးရိမ်ဆုံးလူက မင်းပဲ။ မင်းသာ တကယ် တာဝန်ကျေချင်တယ်ဆို သွား!”
မြေးဖြစ်သူသည် မွေးကတည်းက သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သည်။ ဘယ်လိုလုပ် သူတို့သည် ခွဲခွာဖို့တွက် မတွန့်ဆုတ်ဘဲ နေမှာလဲ?
သူ့မှာ တခြားနည်းလမ်းတွေရှိရင် သူ့ကို ထွက်သွားခွင့်ပေးပြီး တခြားသူရဲ့ နာမည်ကို ပြောင်းခွင့်ပေးမည် မဟုတ်ပေ။ သူ့မှာ ရွေးချယ်စရာမရှိပေ!
အနာဂတ်မှာ သူနှင့် သူ့ချွေးမ နှစ်ယောက်လုံး ဆုံးသွားရင် ကလေးက ဘာဖြစ်မလဲ?
ချောင်မိသားစုအားလုံးသည် လူကောင်းများဖြစ်ကြသော်လည်း သူတို့သည် ဘယ်လောက်ပဲကောင်းပါစေ သူတို့၏ မြေး သို့မဟုတ် သမီးကို လူဆိုးနှင့် လက်ထပ်ပြီး သူမ တစ်သက်လုံး ၀က်ခြံထဲ နေရမှာကို ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ပေ။
သူသည် ချောင်မိသားစုကို အပြစ်မတင်ပေ။ သူက သူတို့နေရာမှာဆိုရင် သူလည်း ဆန္ဒရှိမှာ မဟုတ်ပေ။ ကိုယ်က အဲ့တာကိုဖြစ်စေချင်တာနဲ့ တခြားသူတွေကလည်း သဘောတူရမည် မဟုတ်ပေ။ အဲဒါကြောင့် သူသည် သူ့မြေးကို အပြင်ကို ထွက်သွားစေချင်ပြီး သူ့ဘဝတစ်လျှောက်လုံး ဒီနေရာမှ မပျက်စီးစေချင်ပေ။
သိုက်ရှုဖန် - “ချီအာ အမေရော အဘိုးရော မင်းကို လွှတ်ဖို့ ဝန်လေးနေကြပေမယ့် မင်းကို ပို့ပေးလိုက်တာက မင်းအတွက် အကောင်းဆုံး အစီအစဉ်ပဲ။ အမေနဲ့ အဘိုးအတွက် မင်း စိတ်ပူစရာ မလိုဘူး။ အခုဆို ထုတ်လုပ်ရေး အဖွဲ့က ငါတို့ကို ကောင်းကောင်းဆက်ဆံတယ်။ ချောင်မိသားစု မရှိလို့လား? ငါတို့မှာ တစ်ခုခုဖြစ်ရင် သူတို့က ငါတို့ကို သေစေမှာ မဟုတ်ပါဘူး။”
ဟော်ချီက ခေါင်းငုံ့လိုက်သည်။ သူ့ပါးစပ်ထောင့်ကို တင်းတင်းကျပ်ကျပ်စေ့ထားပြီး သူသည် စကားမပြောခဲ့ပေ။
ဟော်ဟွားချင်းသည် မြေးဖြစ်သူ၏ တုံ့ပြန်မှုကို ကြည့်ပြီး အလွန်စိုးရိမ်နေလေသည်။
သူ့ယောက္ခမ ဆူပူကြိမ်းမောင်းတော့မည်ကို မြင်လိုက်ရတော့ သိုက်ရှုဖန်က အမြန်ပြောလိုက်သည်။ "အဖေ ဘာလို့ အရင် သွားမနားသေးတာလဲ။ သမီး ချီအာကို ဖြောင့်ဖြလိုက်ပါ့မယ်။ ဒီနေရာက တခြားရွာသားတွေနဲ့ ဝေးပေမယ့် တစ်ယောက်ယောက် ဖြတ်သွားရင် ကြားနိုင်တယ်။"
ဟော်ဟွားချင်းသည် နှုတ်ဆိတ်နေသော သူ့မြေးကို ကြည့်ကာ သက်ပြင်းချပြီး "ကောင်းပြီ၊ သူ့ကို သေချာရှင်းပြ၊ မဆူနဲ့"
သိုက်ရှုဖန်သည် သူ့ယောက္ခမ၏ တုံ့ပြန်မှုကို ကြားသောအခါတွင် သူမက ပြုံးကာ "သမီး သိပါတယ်။ သမီး သူ့ကို သေသေချာချာ ရှင်းပြပါ့မယ်။"
ဟော်ဟွားချင်း ထွက်သွားပြီးနောက် သိုက်ရှုဖန်က သူ့သားကို သူ့အနားသို့ ဆွဲခေါ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
“ချီအာ မင်းအတွေးကို အမေ နားလည်ပါတယ်။ ဒါပေမယ့် မင်းဒီမှာ တကယ်မနေနိုင်ဘူး။ အနာဂတ်အကြောင်း မပြောနဲ့ အခုပဲ။ သာ့ချောင်က ကျောင်းသွားတာကို မင်းကြည့်နေရတယ်။ မင်းက မသွားနိုင်ဘူး။ သူက အနာဂတ်မှာ အလယ်တန်းကျောင်း၊ အထက်ကျောင်းတွေကို သွားမှာ။ အဲ့ကျ မင်းတို့ သူငယ်ချင်း ဖြစ်နိုင်ပါ့ဦးမလား?”
ဟော်ချီက ခေါင်းမော့ပြီး တုန်တုန်ယင်ယင်နဲ့ "ဟုတ်ပါတယ်။ သာ့ချောင်က သာမန်လူမဟုတ်ဘူး!"
သိုက်ရှုဖန်က ခေါင်းညိတ်သည်။ “သာ့ချောင်က တော်တဲ့ကလေးတစ်ယောက်ပါ။ သူက ကြင်နာတတ်ပြီး ဉာဏ်ရည်ထက်မြက်တယ်။ သဘာဝအတိုင်း မင်းကို နှိမ့်ချမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းနဲ့ အတူတူ စကားပြောလို့ ရမလား။ သူမ နားလည်တာကို မင်း နားမလည်ဘူး။ သူက အနာဂတ်မှာ မြို့ကိုသွားပြီး ဝန်ထမ်း ဒါမှမဟုတ် ဆရာမ တစ်ယောက်ဖြစ်လာလိမ့်မယ်။ သူက ထုတ်လုပ်ရေးအဖွဲ့ဆီ ပြန်လာဖို့ ခက်လိမ့်မယ်။ မင်းကော။ မင်းက တစ်သက်လုံး ဒီဝက်ခြံထဲမှာပဲ နေသွားရလိမ့်မယ်!”
ဝက်ခြံထဲမှာ နေရတာ အဆိုးဆုံးတော့ မဟုတ်ပေ။ နောင်တွင် ဒုတိယဗိုလ်ချုပ်ကြီး ကျန်းသည် သူတို့ကို မကာကွယ်နိုင်လျှင် သူတို့ကို လယ်ထဲသို့ ပြန်ပို့နိုင်သည်။ သူတို့ရဲ့ အခြေအနေက ပိုဆိုးသွားလိမ့်မည်။
ဟော်ချီက တိတ်ဆိတ်သွားပြန်သည်။
ပြောစရာမလိုအောင် သူသည် သူနှင့် သာ့ချောင်ကြားက အကွာအဝေးကို ခံစားမိသွားသည်။
သာ့ချောင်က ကျောင်းကပြန်လာတိုင်း ကျောင်းမှာဖြစ်ပျက်ခဲ့တာတွေကို သူ့ကို ပြောပြသည်။ သူသည် မနာလိုမှုနှင့် စိတ်ဓာတ်ကျခြင်းကို ခံစားခဲ့ရသည်။
သူ့အတွက် စိတ်အနှောက်အယှက် အဖြစ်ဆုံးအရာက သူကျောင်းကို တစ်ခါမှ မရောက်ဖူးတာ ဖြစ်သည်။ သူသည် ဘယ်လို စိတ်ကူးယဉ်ရမှန်းတောင် မသိပေ။
ဒါကြောင့် ဒီအကြောင်းအရာကို သူမပြောတိုင်း သူသည် ဘယ်လိုတုံ့ပြန်ရမှန်း မသိပေ။
ရှန်မိသားစု ရောက်လာသောအခါ ရှန်မိသားစုသည် ကောင်းကောင်းမွန်မွန် ဝတ်စားဆင်ယင်ပြီး ကားမောင်းလာသည်။ သူတို့ရောက်လာတိုင်း သာ့ချောင်အတွက် အစားအစာနှင့် အဝတ်အစားတွေ အများကြီး ယူလာပေးသည်။ ခြွင်းချက်မရှိ ထုတ်လုပ်ရေးအဖွဲ့ရှိလူတိုင်းက သာ့ချောင်ကို မနာလိုဖြစ်ခဲ့ကြသည်။
သူတို့၏ ဟော်မိသားစုသည် ချောင်မိသားစု အထူးသဖြင့် သာ့ချောင်ထံမှ အကူအညီများစွာကို ရရှိခဲ့သည်။ ဒါတွေအားလုံးကို သူ့နှလုံးသားထဲမှာ သိမ်းထားသည်။
ထိုအကြွေးသည် ပိုပိုပြီး ကြီးမားလာခြင်းကြောင့် ဖြစ်သည်။ သူ့အစွမ်းနှင့် သူသည် ပြန်ဆပ်ဖို့ နည်းလမ်းမရှိပေ။
ဤအရာက သူ့ကို အလွန်စိတ်ဓာတ်ကျစေပြီး နိမ့်ကျစေသည်။
သူ့အမေ သိုက်ရှုဖန်က သူ့ကို လူးလွန့်စေသော သူ့သားရဲ့ တုံ့ပြန်မှုကို သိတော့ "ချီအာ မင်းသဘောတူလား? မင်းတွန့်ဆုတ်နေတယ်ဆိုတာ အမေသိတယ်။ နောင်မှာ အမေတို့ ပြန်ဆုံနိုင်ပါတယ်။"
ဟော်ချီက ခေါင်းငုံ့ပြီး ပြောလိုက်သည်။ "ကျွန်တော်တို့ တကယ်ပြန်ဆုံနိုင်မှာလား?"
သိုက်ရှုဖန်က ခေါင်းညိတ်ပြီး “စောစောက ရောက်လာတဲ့ ဗိုလ်မှူးကြီး ဝမ်က ချောင်မိသားစုရဲ့ အနာဂတ် သားမက်လေ။ သာ့ချောင်ရဲ့ အဒေါ်က နောင်ကျ သေချာပေါက် ပြန်လာမှာပါ။ မင်း သူတို့နဲ့ ပြန်လာလို့ရတယ်။”
ဒါက တစ်ဝက်မှန်ပါသည်။
အဲ့တာက အခုဖြစ်နိုင်ချေ ရှိသည်။ နောင်တွင် ချောင်ဟုန်းရှသည် သူ့နောက်လိုက်သွားမည်ဖြစ်သည်။ ဝမ်ယန်ရှန် ရာထူးတိုးလာသည်နှင့်အမျှ သူတို့သည် တစ်နှစ်လျှင် တစ်ခါပင် ပြန်မရနိုင်တော့ပေ။
ဒါပေမယ့် ဒီစကားတွေကို သူမ မပြောနိုင်ခဲ့ပေ။ မဟုတ်ရင် ဟော်ချီရဲ့ စိတ်နေစိတ်ထားကြောင့် သူသည် မသွားချင်မှာ သေချာသည်။
ဟော်ချီက မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။ "သား စဉ်းစားလိုက်မယ်!"
သိုက်ရှုဖန်သည် သားဖြစ်သူ၏ စကားကို ကြားသောအခါ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူအဲ့တာကို စဉ်းစားမယ်ဆိုတာ သူ့စိတ်ထဲတွင် ဆန္ဒရှိတယ်လို့ ဆိုလိုတာ ဖြစ်သည်။ ဒါက သူ့ခံစားချက်တွေကို မလွန်ဆန်နိုင်လို့သာ ဖြစ်သည်။
ထိုညသည် ဟော်မိသားစု အိပ်မပျော်သောည ဖြစ်ခဲ့သည်။
…
နောက်တစ်နေ့တွင် ဟော်ချီသည် သာ့ချောင်ကို ရှာချင်သော်လည်း သာ့ချောင်သည် ကျောင်းတက်နေပြီဖြစ်သည်။ သူမ ကျောင်းမှပြန်လာမည့်အချိန်ကို သူသည် စောင့်နေရသည်။
သာ့ချောင်သည် ထုတ်လုပ်ရေးအဖွဲ့သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် အစ်ကို ဟော်ချီသည် အဝေးမှ ချုံပုတ်များတွင် လှည့်လည်နေသည်ကို သူမသည် သတိပြုမိလိုက်သည်။
မသွားခင်မှာ သူမ၏ ဝမ်းကွဲများအား မြန်မြန် အသိပေးခဲ့သည်။
ချောင်တုန်းဟယ်က မြို့ကို စာသင်ဖို့ သွားပြီ ဖြစ်သည်။ သူမသည် များသောအားဖြင့် ကျောင်းတွင် နေထိုင်သည်။ ပိတ်ရက်မှသာ ချောင်ကျန်းကော်သည် သူမကို စက်ဘီးဖြင့် မြို့မှ သွားခေါ်သည်။
ယခုဆိုလျှင် ချောင်တုန်းယင်၊ အန်းပင်းနှင့် သာ့ချောင်တို့သာ ကျေးလက်တွင် ကျောင်းတက်နေခြင်း ဖြစ်သည်။ တခြားကလေးတွေက ကျောင်းတက်ဖို့ ငယ်လွန်းသေးသည်။
"အစ်ကို ဟော်ချီ ညီမကိုစောင့်နေတာလား။" သာ့ချောင်က ပြေးလာပြီး နူးနူးညံ့ညံ့လေး ပြောလိုက်သည်။
ဟော်ချီက ‘အင်း’လို့ ပြောပြီး ဘာမှ မပြောတော့ပေ။ သူသည် အနောက်ဘက် တောအုပ်ထဲသို့ ဦးတည်သွားသည်။
သာ့ချောင်က ဇဝေဇဝါဖြစ်သွားသည်။
အစ်ကို ဟော်ချီက ဘာဖြစ်သွားတာလဲ?
သူက စိတ်ဓာတ်ကျနေပုံပဲ။ တစ်ခုခု ဖြစ်ခဲ့လို့လား?
ဒါကို တွေးပြီး သူမသည် မီအောင် အမြန် လိုက်လာခဲ့သည်။
လမ်းမှာ သာ့ချောင်က ခဏခဏ မေးပေမယ့် ဟော်ချီက ပါးစပ်ကို ပိတ်ထားခဲ့ပြီး ဘာမှမပြောခဲ့ပေ။ အဆုံးမှာတော့ သာ့ချောင်သည် ဘာမှမတတ်နိုင်ခဲ့ပေ။
အနောက်ဘက် တောအုပ်သို့ ခိုးဝင်ပြီးနောက် သာ့ချောင်သည် သူမ၏ ကျောင်းလွယ်အိတ်မှ အဖြူရောင် ယုန်သကြားလုံး နှစ်လုံးကို ထုတ်ယူကာ ဟော်ချီကို တစ်လုံးပေးလိုက်ပြီး ပြောခဲ့သည်။ "အစ်ကို ဟော်ချီသကြားလုံးစားပြီးရင် အစ်ကို ပျော်လာမှာပါ။"
ဟော်ချီသည် သူမ၏ လက်ဖဝါးပေါ်ရှိ အဖြူရောင် ယုန်သကြားလုံးကို ကြည့်ပြီး ပိုပို၍ စိတ်ဓာတ်ကျလာသည်။
လူအများစုသည် တစ်နှစ်ပတ်လုံး ယုန်ဖြူတစ်လုံးကို မစားနိုင်သော်လည်း သာ့ချောင်သည် အဲ့တာကို မကြာခဏ စားနိုင်သည့်အပြင် သူ့အား ပေးတတ်သည်။
သူ့အမေပြောတာ မှန်သည်။ သူဒီမှာ ဆက်နေမယ်ဆိုရင် သူတို့ကြားက အကွာအဝေးက ပိုပို ကြီးလာမည်။ သာ့ချောင်သည် သူနှင့် ဆက်ဆံချင်ရင်တောင် သူ့မှာ သူမရှေ့တွင် ပေါ်လာနိုင်မည့် မျက်နှာမျိုး မရှိပေ။
သူသည် သူကြီးပြင်းလာသည်ကို စိတ်ကူးယဉ်ခဲ့သည်။ သာ့ချောင်သည် ကျောင်းဆရာမတစ်ယောက် ဖြစ်လာပြီး သူသည် ကြိမ်ခြင်းတောင်းဖြင့် ထုတ်လုပ်ရေးအဖွဲ့တွင် မစင်ကောက်နေသည်...
ပုံရိပ်က အရမ်းလှပြီး သူသည် ချွေးအေးတွေ ချက်ချင်း ထွက်လာသည်။
သူသည် အဖြူရောင် ယုန်သကြားလုံးကို မယူသည်ကို မြင်လိုက်ရသဖြင့် သာ့ချောင်က သကြားလုံးအား သူ့ကို အတင်းပေးလိုက်သည်။ "အစ်ကို ဟော်ချီ စိတ်ထဲမှာ တစ်ခုခုရှိနေလို့လား? ညီမကို ပြော။ ညီမ အစ်ကို့ကို ကူညီပေးနိုင်တယ်။ ညီမက သနားတတ်ပြီး ဂရုစိုက်တတ်တဲ့ ချစ်စရာလေး!"
ဟော်ချီက သူမပြောတာကို အဆုံးထိကြားတော့ သူ မရယ်ဘဲ မနေနိုင်တော့ဘဲ ပြောလိုက်သည်။ "ကောင်းပြီ၊ သနားပြီး ဂရုစိုက်တတ်တဲ့ ချစ်စရာလေး။ ငါပြောရရင်... ငါ ထုတ်လုပ်ရေးအဖွဲ့ကနေ မကြာခင် ထွက်သွားတော့မှာ။ မင်း ဝမ်းနည်းမှာလား?"
သာ့ချောင်သည် လန့်သွားသည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး "အစ်ကို ဟော်ချီ ထုတ်လုပ်ရေးအဖွဲ့က ထွက်သွားမယ်။ အစ်ကို ဘယ်သွားမလို့လဲ?"
အစ်ကို ဟော်ချီရဲ့ မိသားစုက လယ်ကွင်းထဲကနေ လာတဲ့အကြောင်း သူမ အဖိုးဆီက ကြားဖူးသည်။ သူမသည် အရင်က လယ်က ဘယ်လို နေရာမျိုးလဲဆိုတာ သူမ မသိတဲ့အတွက် သူမ အဘိုးက အသေးစိတ်ပြောပြခဲ့သည်။
ထိုစကားကိုကြားပြီးနောက် သူမသည် အလွန်ဝမ်းနည်းသွားသည်။ အစ်ကို ဟော်ချီက အရင်က ဒီလောက်ခက်ခဲခဲ့မယ်လို့ သူမ မမျှော်လင့်ထားပေ။ ပိုလို့တောင် သည်းမခံနိုင်တဲ့အချက်က သူ့အဘိုးက လယ်ကွင်းထဲ ခေါ်သွားတာ ဖြစ်သည်။
ထို့ကြောင့် သူမ၏ စိတ်ထဲတွင် လယ်ယာဟူသော စကားလုံးသည် ငရဲနှင့် ညီမျှသည်။
သာ့ချောင်သည် သူ့အတွက် စိတ်ပူပြီး ဝမ်းနည်းနေသည်ကို မြင်သောအခါ ဟော်ချီသည် အနည်းငယ် သက်သာလာသည်။ သို့တိုင် သူက ဆက်မေးသည်။ “ဒါဆို မင်း ဝမ်းနည်းနေမှာလား?”
သာ့ချောင်က ခေါင်းလေးကို ညိတ်လိုက်ပြီး "အင်း ညီမ အရမ်းဝမ်းနည်းနေမှ။ အစ်ကို ဟော်ချီ စိတ်မပူနဲ့။ အစ်ကို့ကို ပြန်မပို့ဖို့တွက် နည်းလမ်းရှိမရှိ သိဖို့ ညီမ အဘွားကို မေးကြည့်လိုက်မယ်!"
ဟော်ချီက အနည်းငယ် အံ့အားသင့်သွားသည်။ "ပြန်ပို့မယ်။ ဘယ်ကို ပြန်ပို့မှာလဲ?"
သာ့ချောင်က သူမရဲ့ ရှည်လျားတဲ့ မျက်တောင်တွေကို ခတ်လိုက်ပြီး "လယ်ကို ပြန်ပို့တာ မဟုတ်ဘူးလား? အခုပဲ အစ်ကို ဟော်ချီက အဲ့တာကို ဆိုလိုတာ မဟုတ်ဘူးလား?"
ဟော်ချီက ရယ်ရမလား ငိုရမလား မသိပေ။ "မဟုတ်ဘူး၊ ငါတို့ကို လယ်ကို ပြန်မပို့ပါဘူး။ ဒါ့အပြင် တစ်မိသားစုလုံး ထွက်သွားမှာ မဟုတ်ဘူး။ ငါတစ်ယောက်တည်း ထွက်သွားမှာ။"
သာ့ချောင်၏ ဗာဒံသီးလို မျက်လုံးများကို ခတ်လိုက်သည်။ ထိုမျက်လုံးကြီးများတွင် မေးခွန်းအမှတ်အသားကြီးတစ်ခု ရှိနေသည်။