အခန်း (၁၉၃)
Vol. 15 Ch. 193
နောက်တစ်ကြိမ် ဆောင်းဦးရောက်လာသည်။
လယ်ကွင်းထဲတွင် ပြောင်းဖူးနှင့် အပင်၏ အစိတ်အပိုင်းများသည် အနီရောင်လှိုင်းလုံးကြီးတစ်ခု ဖြတ်သွားသကဲ့သို့ လေနှင့်အတူ လှုပ်ယမ်းသွားကြသည်။ အခြားတစ်ဖက်တွင် ဝံပုလွေဘယ်ရီပင်သည်လည်း ရင့်မှည့်လာသည်။ ဝံပုလွေဘယ်ရီသီးသည် စိမ်းစိုသော အရွက်များအလယ်တွင် ပတ္တမြားကဲ့သို့ ဖြစ်နေသည်။
ဝမ်မိသားစု၏ တတိယမြောက်သားသည် ချောင်မိသားစု၏ တတိယမြောက်မိန်းကလေးနှင့် လက်ထပ်တော့မည် ဖြစ်သောကြောင့် ယနေ့တွင် ကျီလီထုတ်လုပ်ရေးအဖွဲ့သည် အလွန်တက်ကြွနေကြသည်။
ဒီလက်ထပ်ပွဲသည် လူနှစ်ယောက်၏ ပေါင်းစည်းမှုသာမက မိသားစုများ၏ ပေါင်းစည်းမှုလည်း ဖြစ်သည်။ သူတို့နှစ်ယောက်သည် ကြာရှည်မည်ဟု လူတိုင်းက ပျော်ရွှင်စွာ မှတ်ချက်ချကြသည်။
ပြီးခဲ့သောနှစ်တွင် ကျီလီထုတ်လုပ်ရေးသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။
ပထမဦးစွာ ထုတ်လုပ်ရေးအဖွဲ့ရှိ မြေတစ်ဝက်ကို ဝံပုလွေဘယ်ရီပင်ဖြင့် ပြန်လည်စိုက်ပျိုးခဲ့သည်။ ဝံပုလွေဘယ်ရီပင်သည် ဆေးဝါးနှင့် အစားအစာ နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်သော ထုတ်ကုန်တစ်ခုဖြစ်သည်။ စပါးထက် ပိုတန်ဖိုးရှိသည်။ အခု အလုပ်လုပ်သော လူတစ်ယောက်သည် အမှတ် ၆ မှတ် ရသည်။ တစ်လကြာပြီးနောက်မှာ လုံ့လဝီရိယရှိသော မိသားစုသည် ယွမ် ၂၀ ရနိုင်သည်။
ယွမ် ၂၀ သည် လစာနှင့် မယှဉ်နိုင်ပေ။ အရင်တုန်းက ဘယ်လောက်ပဲ အလုပ်ကြိုးစားလုပ်ပါစေ တစ်လကို အများဆုံး ခုနစ်ယွမ် ဒါမှမဟုတ် ရှစ်ယွမ်လောက်သာ ရနိုင်သည်။ တခြားထုတ်လုပ်ရေးအဖွဲ့တွေ သိသွားတဲ့အခါ အားလုံးက မနာလိုဖြစ်နေကြသည်။
ဝံပုလွေဘယ်ရီပင်သည် စပါးမဟုတ်သောကြောင့် အကြီးစားစိုက်ပျိုးရန် မသင့်တော်ပေ။ ဒါကြောင့် တခြားထုတ်လုပ်ရေးအဖွဲ့တွေက မနာလိုဖြစ်ရတာ အသုံးမဝင်ပေ။
ထုတ်လုပ်ရေးအဖွဲ့က ပိုက်ဆံရပြီး ရွာမှာ အုတ်ဖြင့် အိမ်တွေ အများကြီး ဆောက်ကြသည်။ ဟုတ်သည်။ ထုတ်လုပ်ရေးအဖွဲ့တွင် ကိုယ်ပိုင်မူလတန်းကျောင်းရှိနေပြီ ဖြစ်သည်။ ထုတ်လုပ်ရေးအဖွဲ့ အနီးအနားမှ ကလေးများသည် အဆင်ပြေသောကြောင့် ဤနေရာသို့ လာလေ့လာကြသည်။
ဒါတွေအကုန်လုံးက ဝမ်မိသားစုရဲ့ တတိယမြောက်က တရုတ်ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးဖို့ စိတ်ကူးကို အဆိုပြုခြင်းကြောင့် ဖြစ်သည်။ မဟုတ်ရင် သူတို့ ဒီလက်ရှိဘဝကို ဘယ်လိုလုပ် ရနိုင်ပါ့မလဲ?
ထိုအချိန်က သူတို့သည် တတိယဝမ်ကို မယုံကြည်ကြကြောင်း သတိရရင် လူတိုင်းသည် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ကြရသည်။ ထို့ကြောင့် အခု သူလက်ထပ်တော့မှာဆိုတော့ ထုတ်လုပ်ရေး အဖွဲ့ တစ်ခုလုံးနီးပါး လာကူကြသည်။
ချောင်မိသားစုအတွက်ကတော့ သူတို့ရ ပိုပိုပြီးချမ်းသာလာခဲ့သည်။ မြို့ထဲမှာ အိမ်တစ်လုံးဝယ်ထားတယ်လို့ ကြားသည်။ ဘယ်လောက်တောင် မနာလိုစရာလဲ!
စကားပြောပြီး ရယ်မောသံများကြားတွင် ကလေးတစ်ဦးက အော်လိုက်သည်။ "သူရောက်လာပြီ၊ သတို့သားလာပြီ!"
အားလုံးက ကြည့်ဖို့ ပြေးထွက်လာကြသည်။ အမယ်လေး အမယ်လေး ချောင်အိမ်ဆီ မောင်းလာတာ အဲ့ဒါက SUV ပဲ။
အမယ်လေး ဘုရား။ ချောင်ကျန်းကျွင်းက လင်းဟွေ့နှင့် လက်ထပ်တော့ သူ စက်ဘီးငှားခဲ့တုန်းက သူတို့သည် မနာလိုဖြစ်ခဲ့ကြသည်။ တတိယဝမ်က သူ့မိန်းမနှင့် လက်ထပ်တော့ သူသည် ကားကို တကယ်သုံးမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ကြပေ။
သူတို့ နှလုံးသားထဲတွင် အက်ဆစ်တွေ ပွက်ပွက်ထအောင် မနာလိုနေတဲ့သူတွေ ရှိကြသည်။ သူတို့အားလုံး တစ်ရွာတည်းမှာနေပြီး သိပ်မဝေးပေ။ အဲ့တာကို ကားသုံးဖို့ လိုအပ်လို့လား?
အဲ့တာကလိုအပ်လားဆိုတာ ဘယ်သူမှ မသိပေ။ ဘာပဲဖြစ်ဖြစ် အဲဒါက မျက်နှာပိုရစေသည်။
SUV သည် ချောင်အိမ်ခြံရှေ့တွင် ရပ်လိုက်ပြီး ဝမ်ယန်ရှန်သည် ကားထဲမှ ထွက်လာခဲ့သည်။
သူသည် အစိမ်းရောင် စစ်ဝတ်စုံကို ၀တ်ဆင်ထားသောကြောင့် အဲ့တာက သူ့ကို အရပ်ရှည်ပြီး သူရဲကောင်းဆန်စေသည်။
မိန်းကလေးများအားလုံးသည် မနာလိုစိတ်ဖြင့် မျက်လုံးစိမ်းများဖြစ်နေကြသည်။ ထိုသို့သော ပြီးပြည့်စုံသော အမျိုးသားသည် သူတို့နှင့် ဘယ်လိုမှ မသက်ဆိုင်ရတာလဲ?
တကျီသည် လူအုပ်ထဲတွင် ရပ်ကာ ဝမ်ယန်ရှန်ကို ကြည့်နေသည်။ သူမသည် မနာလိုလွန်းလို့ လက်သည်းတွေက လက်ဖဝါးအသားထဲသို့ စိုက်မိနေသည်။
သူမသည် အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်!
ဒီလူက မျက်ကန်း ဖြစ်သည်။ အမှန်တကယ်တော့ သူက ပြတ်နေတဲ့ ဖိနပ်ကိုသာ သူ့မျက်စိတွေက စိုက်ကြည့်ပြီး မြို့ထဲက ကောင်းကင်ယံပေါ်မှ ကြယ်စင်ဖြစ်တဲ့ သူမကိုတော့ သာမန် အကြည့်ကိုတောင် မပေးခဲ့ပေ။ သူသာ သူမကို ရွေးချယ်ခဲ့လျှင် သူမသည် ထိုတိစ္ဆာဆန် ကော်ရှန်ကို အတင်းအကြပ်ဖိအားပေးခံရပြီး လက်ထပ်ခဲ့ရမည် မဟုတ်ပေ။
ဝမ်ယန်ရှန်ကို အရင်အကြိမ်တွေ့တုန်းက သူမသည် သူ့ရှေ့တွင် အန်ခဲ့သည်။ နောက်ပိုင်းတွင် သူမသည် အမှန်တကယ် ကိုယ်ဝန်ရှိကြောင်း အတည်ပြုခဲ့သည်။ သူမသည် ကိုယ်ဝန်ဆယ်လလွယ်ခဲ့ရပြီး သားတစ်ယောက်မွေးခဲ့သည်။ သို့သော် သူမသည် ကလေးကို မကြိုက်ပေ။
ကလေးသည် သူမ၏ အရှက်တရားအတွက် သက်သေတစ်ခုဖြစ်သည်ဟု သူမ ခံစားမိသည်။ ဒါကြောင့် သူမသည် ကလေးမွေးတဲ့ အချိန်ကနေ အခုချိန်ထိ သူ့ကို ချီခဲ့ခြင်း မရှိပေ။
သူမကို ပိုလို့တောင် ကြေကွဲစေတာကတော့ ကိုယ်ဝန်ရှိစကစ၍ သူမရဲ့ ခါးက တုတ်လာတာပဲဖြစ်သည်။ သူမ၏ ကိုယ်အလေးချိန်က မကျတော့ပေ။
ဝမ်ယန်ရှန်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေတာကို သတိထားမိပြီး လူအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ ခဏကြာတော့ သူက နောက်ပြန်လှည့်ပြီး သူ့ညီအစ်ကိုတစ်အုပ်ကို ချောင်အိမ်ဆီ ခေါ်သွားခဲ့သည်။
သူတို့သည် တံခါးဝသို့ရောက်သောအခါ သူတို့ကို တားခဲ့သည်။ သူတို့ကို တားဆီးခဲ့တာက ချောင်ဟုန်းရှရဲ့ အစ်ကိုတွေ မဟုတ်ဘဲ ချောင်မိသားစုရဲ့ ကလေးစစ်သားတွေ ဖြစ်သည်။
သူ့ကလေးများကို အကာအကွယ်ပေးသော ကြက်မတစ်ကောင်လိုပဲ အန်းပင်းက သူ့လက်နှစ်ဖက်ကိုဖွင့်ပြီး "ဒီအပင်ကို ကျွန်တော် ထုတ်ဖော်ခဲ့တာ။ ဒီအပင်ကို ကျွန်တော် စိုက်ခဲ့တာ။ ဦးလေးက ကျွန်တော့် အဒေါ်နဲ့ လက်ထပ်ချင်ရင် အဒေါ့်ကို ဝယ်ဖို့ ပိုက်ဆံထားခဲ့!"
ဒီကဗျာကို လူတိုင်းကြားလိုက်သောအခါ အားလုံးက ရယ်မောကြသည်။
ချောင်တုန်းယင်က သူ့ကို နောက်ကနေ ကန်လိုက်ပြီး အပြစ်ပြောလိုက်သည်။ "ဘယ်လောက် ရှက်စရာကောင်းလဲ? ငါနင့်ကို များများလေ့လာပြီး အစားနည်းနည်းပဲ စားဖို့ ပြောတာ နင် နားမထောင်ဘူး!"
အန်းပင်းက သူ့တင်ပါးကို ပွတ်ပြီး ပြန်ပြောခဲ့သည်။ "ဒုတိယအစ်မ စာများများဖတ်တာနဲ့ စားရတာက ဘာမှ မဆိုင်ဘူးလေ!"
ဤကလေးစစ်တပ်ကို အဝေးသို့ စေလွှတ်ရန်အတွက် ဝမ်ယန်ရှန်သည် အလွန်ရက်ရောသည်။ သူသည် ကလေးတစ်ယောက်ကို ငါးယွမ်စီ ပေးသည်။ လမ်းလျှောက်ဖို့ သင်ယူနေတဲ့ အမွှာတွေတောင် ဝေစုရခဲ့သည်။
ပိုက်ဆံရပြီးနောက် ချောင်တုန်းယင်က အမိန့်ပေးပြီး ကလေးတွေအားလုံးကို လမ်းဖွင့်ပေးခိုင်းသည်။
သာ့ချောင်က ဘေးနားတွင် ရပ်နေသည်။ လက်ထဲတွင် ဖက်ထုပ်သေးသေးလေးကို ချီထားသည်။ သူမ၏ နူးညံ့သိမ်မွေ့သော အပြုံးချိုချိုကို ပြသနေသည်။
သူမသည် ချိုချိုသာသာ ပြုံးနေပေမယ့် စိတ်ထဲမှာတော့ သိပ်ပျော်မနေပေ။
တစ်ခုမှာ အစ်ကို ဟော်ချီကြောင့်ဖြစ်သည်။ အစက သူသည် ပြန်လာမည်ဟု ကတိပေးခဲ့သော်လည်း ခရီးထွက်မလာခင်တွင် သူသည် ပြန်မလာနိုင်တော့ကြောင်း ပြောခဲ့သည်။
ဦးလေးဝမ်၏ အဆိုအရ ဒါက အစ်ကိုဟော်ချီ၏ ကောင်းကွက်ဖြစ်သည်။ ထို့နောက်တွင် သူသည် သူ၏ ကိုယ်ရေးအချက်အလက်များကို ပြောင်းလဲခဲ့သည်။ အေးအေးဆေးဆေးနေလေ ပိုကောင်းလေ ဖြစ်သည်။ သူ ပြန်လာတာကို သိသွားရင် အားလုံးဒုက္ခရောက်လိမ့်မည်။
ဒုတိယအနေနှင့် တတိယအဒေါ် အိမ်ထောင်ကျပြီး မကြာခင်မှာ မောင်လေး ယိမင်နှင့်အတူ စစ်တပ်ထဲကို သွားတော့မည်။ အဖွားက တာဝန်အရ စစ်တပ်ကို လိုက်သွားရတာလို့ ပြောသည်။ အများဆုံး တစ်နှစ်မှ တစ်ကြိမ်သာ ပြန်လာနိုင်သည်။
သူမသည် တတိယအဒေါ်နှင့် မခွဲချင်ပေ။ မောင်လေး ယိမင်နှင့်ဆို ပိုမခွဲချင်ပေ။ မောင်လေး ယိမင် သိသောအခါ သူသည် ဘယ်လောက်တောင် ဝုန်းဒိုင်းကြဲနေမလဲ မသိပေ။
ဝမ်ယန်ရှန်သည် ပင်မခန်းထဲသို့ ဝင်သွားပြီး သူ့ယောက္ခမကို အရိုသေပေးပြီး "အဖေ၊ အမေ၊ ကျွန်တော် ဟုန်းရှကို ခေါ်သွားဖို့ ဒီကို ရောက်လာပြီ!"
ချောင်ရှို့ကျီက သူ့ကိုကြည့်ပြီး အသံထွက်လာသည်။ "ငါ့သမီးကို မင်းလက်ထဲ အပ်လိုက်ပြီ။ မင်း ငါတို့ကို ကတိပေးခဲ့တာကို သတိရပါ။ မင်း အဲ့တာကို မလုပ်နိုင်ရင် နောင် မင်းဘယ်လောက်ပဲ အမြင့်ရောက်နေပါစေ ငါ မင်းကို လွှတ်မထားဘူး!"
ဝမ်ယန်ရှန်သည် သူ့ယောက္ခမ၏ သံလက်သီးကို တွေးမိပြီး လေးနက်သော မျက်နှာဖြင့် အမြန်ပြောလိုက်သည်။ "အဖေ၊ အမေ၊ စိတ်ချပါ။ ကျွန်တော် ဟုန်းရှနဲ့ သားကို ကောင်းကောင်း ဆက်ဆံမှာပါ!"
စကားအများကြီးပြောခြင်းသည် အသုံးမဝင်ပေ။ အချိန်က အရာအားလုံးကို သက်သေပြလိမ့်မည်။ လက်ရှိအမြင်အရ ဝမ်ယန်ရှန်၏ ပုံစံသည် အလွန်စိတ်ချရသည်။
ချောင်ဟုန်းရှ နှင့် ဝမ်ယန်ရှန်တို့က မိဘများကို အရိုသေပေးခဲ့ကြသည်။ တံခါးအပြင်မထွက်ခင်မှာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
"ငါ မင်းကိုလက်မထပ်နိုင်ဘူး!"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူတိုင်း ရယ်မောကြပြန်သည်။
အဘယ်ကြောင့်ဆိုသော် အဲ့တာက ချောင်ဟုန်းရှမဟုတ်ဘဲ သူမ၏သား ယိမင်ဖြစ်သောကြောင့်ပင်။
ဒီအချိန်မှာ ယိမင်လေးက သူ့လက်တွေကို သူ့ရင်ဘတ်၌ ထားထားသည်။ သူသည် အရပ်ရှည်ပြီး ကြီးကျယ်ခမ်းနားတဲ့ ဝမ်ယန်ရှန်ကို မျက်လုံးသေးသေးလေးနှစ်လုံးနှင့် စိုက်ကြည့်ရင်း သူ့မျက်နှာလေး နီရဲသွားသည်။ သူ့ပုံစံက ခပ်တည်တည်ဖြစ်နေသည်။
ဝမ်ယန်ရှန်သည် ရယ်ချင်တာကို ထိန်းမထားနိုင်တော့ပေ။ သူက ထိုင်ချလိုက်ပြီး ကောင်လေးနှင့် လေးလေးနက်နက် စကားပြောခဲ့သည်။ “ ငါ့ကိုလက်ထပ်တာ မင်းမဟုတ်ဘူး။ ငါ့ကိုလက်ထပ်တာ မင်းအမေ။ အခုကစပြီး ငါက မင်းအဖေဖြစ်လာမှာ။”
ယ်ိမင်လေးက အံ့သြသော အကြည့်နှင့် အော်လိုက်သည်။ "သားက ဦးလေးနဲ့ လက်ထပ်တာ မဟုတ်ဘူးလား? ဒါဆို ဦးလေးနဲ့ လိုက်စရာမလိုဘူးပေါ့?"
ဝမ်ယန်ရှန် - "မင်းက နောက်မှ မင်းမိန်းမနဲ့ လက်ထပ်ရမယ်။ မင်း ငါ့ကိုလက်ထပ်တာ မဟုတ်ပေမယ့် မင်းငါ့နောက်ကိုလိုက်ရမယ်။"
ယိမင်လေးက ပလုတ်တုတ်ကဲ့သို့ ခေါင်းခါပြီး "မဟုတ်ဘူး၊ သား ဦးလေးနဲ့ မလိုက်ဘူး။ သား အစ်မနောက်ပဲ လိုက်ချင်တယ်။"
“ယိမင် မေမေနဲ့ မလိုက်ဘူးလား? သား မေမေကို မလိုချင်ဘူးလား?"
ချောင်ဟုန်းရှသည် ထိုစကားကို ကြားသောအခါတွင် ခိုကိုးရာမဲ့သလို ခံစားခဲ့ရသည်။ အရင်က သူမသည် သူ့သားနဲ့ အချိန်အတော်ကြာအောင် စကားပြောခဲ့သည်။ သူမသည် မနေ့ညအထိ စကားပြောဆဲဖြစ်သည်။ မထင်မှတ်ပဲ သူသည် ထမ်းစင်ပေါ်တက်ချိန်ကျမှ သူနောင်တရနေသည်။
ယိမင်လေးသည် သူ့အမေနှင့် အစ်မ သာ့ချောင်ကို အကြည့်များ ပို့လိုက်သည်။ သူသည် ချက်ချင်းဆိုသလို အကျပ်ရိုက်ခံလိုက်ရသည်။
သူသည် ခက်သည်!
မင်္ဂလာအချိန်ကို မနှောင့်နှေးစေရန်အတွက် ချောင်ရှို့ကျီက သူတို့ကို အရင်ထွက်ခိုင်းလိုက်သည်။ ယိမင်လေးသည် ယနေ့ည ချောင်အိမ်တွင် နေခဲ့သည်။ ဘယ်လိုဖြစ်ဖြစ် မိသားစုနှစ်စုသည် အလွန်ရင်းနှီးနေကြပြီ ဖြစ်သည်။
ယိမင်လေး၏ ငယ်ရွယ်မှုကို နှိမ်လို့မရပေ။ သူက အရမ်း ခေါင်းမာသည်။ သူသည် တစ်ခုခုကို မကြိုက်ရင် အဲ့တာကို အတင်းအကြပ်လုပ်တာ အသုံးမဝင်ပေ။ အဆုံးတွင် ချောင်ဟုန်းရှ တစ်ယောက်တည်းသာ ဝမ်ယန်ရှန်နောက် လိုက်ခဲ့သည်။
…
သတို့သမီးကို ခေါ်ဆောင်သွားသည်။ ဧည့်သည်များသည် ဝမ်အိမ်သို့ လိုက်သွားကြသည်။
တက်ကြွသော နံနက်ခင်းပြီးနောက် ချောင်အိမ်ဟောင်းသည် တိတ်ဆိတ်သွားသည်။
ချင်းရှောင်မေသည် ကလေးလေးတစ်ယောက်ကို ချီပြီး အတွင်းခန်းမှ ထွက်လာခဲ့သည်။ သူမက ချောင်ရှို့ကျီကို ပြောလိုက်သည်။ "သားမက်အသစ်က ဒီလိုမျိုး ပရိတ်သတ်ကြီးကို ပြလိုက်တာပဲ။ ဒါက သူ့နှလုံးသားထဲမှာ ဟုန်းရှကို တကယ်တန်ဖိုးထားတယ်ဆိုတာ ပြသလိုက်တာ။ အန်တီ ရှို့ကျီ နောင်မှာ အန်တီ စိတ်ပူစရာ မလိုပါဘူး။"
တုန်းရွှယ်သည် သူမ နောက်မှ ဖြည်းဖြည်း ထွက်လာသည်။ သူမလည်း သူ့ရင်ခွင်ထဲတွင် ကလေးလေးကို ချီထားသည်။
ချင်းရှောင်မေ၏ စကားကိုကြားတော့ သူမက ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်။ အရည်အချင်းရှိတဲ့ ယောင်္ကျားနဲ့ ချောမောလှပတဲ့ မိန်းမဆိုတာ လိုက်ဖက်တယ်။ နောက်နှစ် သူတို့ ပြန်လာရင် အန်တီ ရှို့ကျီအတွက် နောက်ထပ် မြေးတစ်ယောက် ခေါ်လာလိမ့်မယ်!"
ချောင်ရှို့ကျီက ရွှင်မြူးစွာ တုံ့ပြန်ခဲ့သည်။ "သူတို့က ကလေးထပ်ယူမယ်လို့ပဲ ဆုံးဖြတ်ဖြတ်၊ မယူဘူးလို့ဘဲ ဆုံးဖြတ်ဖြတ်။ ငါကတော့ သူတို့အတူတူ အိုမင်းသွားဖို့ပဲ မျှော်လင့်တယ်!"
အမျိုးသမီး နှစ်ယောက်က သူတို့လည်း အဲ့လိုဖြစ်စေချင်တယ်လို့ ပြောကြသည်။
ချင်းရှောင်မေနှင့် တုန်းရွှယ်တို့သည် တနေ့တည်းတွင် ကိုယ်ဝန်ရှိကြောင်း တွေ့ရှိခဲ့သည်။ တိုက်ဆိုင်စွာပင် သူတို့၏ ကလေးများသည် တနေ့တည်းတွင် မွေးဖွားခဲ့ပြီး နှစ်ဦးစလုံးမှာ ယောင်္ကျားလေးများ ဖြစ်ကြသည်။
ကမ္ဘာပေါ်ရှိလူတိုင်းသည် သားကိုချစ်ကြသော်လည်း သူတို့နှစ်ဦးအတွက်တော့ ချစ်စရာကောင်းပြီး စာနာတတ်သည့် သမီးလေးကို မျှော်လင့်ခဲ့ကြသည်။
ချင်းရှောင်မေကတော့ ပြောစရာမလိုအောင်ပင်။ သူမသည် ကြယ်များနှင့် လကို ကိုယ်ဝန်ရရန် နှစ်ပေါင်းများစွာ ဆုတောင်းခဲ့သည်။ နေ့တိုင်း သူ့ဝမ်းထဲက ကလေးကို 'သမီးလေး' လို့ခေါ်ခဲ့သည်။ သူမက သာ့ချောင် ဓာတ်ပုံကိုတောင် ယူသွားခဲ့သည်။ အဲဒီနောက်မှာတော့ သာ့ချောင်ရဲ့ ဓာတ်ပုံရှေ့မှာ သမီးတစ်ယောက်အကြောင်း နေ့တိုင်း စိတ်ကူးယဉ်ခဲ့သည်။
တုတ်နှင့် မွေးလာတာ သနားစရာပင်။ သူမ ဘယ်လောက်တောင် စိတ်ပျက်ခဲ့တယ်ဆိုတာ ဖော်ပြလို့ပင် မရပေ။
တုန်းရွယ်သည်လည်း ဒီလိုပဲ ခံစားခဲ့ရသည်။ အရင်က သူမ သမီးငယ်၏ ကွယ်လွန်မှုသည် သူမ၏ နှလုံးသားထဲတွင် ဆူးဖြစ်ခဲ့သည်။ သူ့သမီးလေးကို သူမ ဝမ်းထဲမှာ ပြန်မွေးနိုင်ပါစေလို့ အမြဲမျှော်လင့်ခဲ့သည်။ ယောက္ခမသည် မြေးကို ပိုလိုချင်ကြောင်း သူသိသော်လည်း သူမသည် သမီးကို လျှို့ဝှက်စွာ လိုချင်ခဲ့သည်။
လွန်ခဲ့သောနှစ်က ရှန်မိသားစုနှင့် ချူမိသားစုတို့သည် ချောင်မိသားစုနှင့် သာ့ချောင်ကို အလွန်ကျေးဇူးတင်ခဲ့သည်။ ဒါကြောင့် သူတို့ဟာ ပိုရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာခဲ့သည်။
ရှန်မိသားစုသည် အနီးနားတွင် နေထိုင်သည်။ ရံဖန်ရံခါ သူတို့သည် ထုတ်လုပ်ရေးအဖွဲ့သို့ မောင်းနှင်လာတာ သို့မဟုတ် ချောင်မိသားစု၏ ကလေးများကို မြို့တွင် ကစားရန် ခေါ်ဆောင်သွားခဲ့ကြသည်။
တုန်းရွှယ်ရ သူမကိုယ်ပိုင် ကလေး မွေးထားတာတောင် သူမရဲ့ မွေးစားသမီးလေး ဝမ်အာကို ချစ်နေဆဲ ဖြစ်သည်။ သူမသည် မကြာခဏ ပစ္စည်းများကို ပို့သည်။ အဝတ်အစားသာဖြစ်လျှင် သာ့ချောင်အတွက်ပါ အပိုဝတ်စုံကို သေချာပြင်ဆင်ရလိမ့်မည်။
ဝမ်ချွမ်ကျီသည် ချူမိသားစု၏ ချဉ်းကပ်မှုကို လွန်စွာ မကျေနပ်ပေ။
ဝမ်အာလေးသည် သူမ၏ မွေးစားသမီးဖြစ်သည်။ ဝမ်အာလေးကို တစ်ခုခု လက်ဆောင်ပေးတာက သူမအတွက် ပုံမှန်ပင်။ ဘာလို့ သာ့ချောင်ကိုပါ လက်ဆောင်ပေးဖို့ အပိုဝတ်စုံကို ပြင်ဆင်တာလဲ?
သူသည် သာ့ချောင်တွက် လက်ဆောင်ပေးတယ်ဆို သူ့ကလေးတွေအတွက် နောက်ထပ်လေးခု ဘာလို့ မပြင်ဆင်ရတာလဲ?
ဝမ်ချွမ်ကျီ၏ အမြင်အရ ရှန်မိသားစုနှင့် ချူမိသားစုတို့သည် သူတို့၏ အကြီးဆုံးကလေးကို တမင်တကာ ပယ်ထားပြီး အကြီးဆုံးကလေးကို ရှုံ့ချထားတာ ဖြစ်သည်။
ရှန်မိသားစု နှင့် ချူမိသားစုတို့သည် ငွေကြေးအရ အဆင်ပြေသော်လည်း သူတို့ လိုချင်သမျှကို လုပ်နိုင်လောက်အောင် မချမ်းသာပေ။
သူတို့သည် အကြီးဆုံးကလေးကို ပေးရင် တခြားကလေးတွေကိုလည်း လက်ဆောင်ပေးရမည်။ ချောင်မိသားစုတွင် စုစုပေါင်း ကလေးဆယ်ယောက်ရှိသည်။ ဤအရေအတွက်သည် အလွန်ကြီးမားသည်။ သူတို့ပိုက်ဆံအိတ်တွေက အဲ့တာကို မခံနိုင်ပေ။
ထို့ကြောင့် ဝမ်ချွမ်ကျီသည် ဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ ပြဿနာဖြစ်မှာစိုး၍ ပြောမည်မဟုတ်ပေ။
အမျိုးသမီး အနည်းငယ် စကားပြောနေကြရင်း ရှန်ရှို့ခိုင်ကို အပြင်ဘက်မှ လမ်းလျှောက်လာတာကို သူတို့သည် မြင်လိုက်ရသည်။ သူသည် ပျော်ရွှင်စွာ ပြောလိုက်သည်။ "အန်တီ ကျွန်တော် နောက်ကျသွားတာ တောင်းပန်ပါတယ်!"
ချောင်ရှို့ကျီက ပြုံးပြုံးရွှင်ရွှင်နှင့် "သိပ်နောက်မကျသေးပါဘူး။ ပွဲမစသေးဘူး။ မင်းက အချိန်မီရောက်လာတာ!"
အရင်နှစ်က ရဲစခန်းရဲ့ စွမ်းဆောင်ရည်က ကောင်းခဲ့သည်။ ရဲမှူးကို ခရိုင်ရဲစခန်းသို့ ရာထူးတိုးခဲ့သည်။ ရှန်ရှို့ခိုင်က သူ့နေရာကို ယူရသည်။ ဆိုလိုသည်မှာ ရှန်ရှို့ခိုင်သည် လက်ရှိ မြို့ ရဲစခန်း၏ ရဲမှူး ဖြစ်သည်။
ရဲမှူးတစ်ယောက်အနေနှင့် သူ့ပုခုံးပေါ်က တာဝန်တွေက ပိုလေးလာသည်။ သူသည် ဒီနေ့ မင်္ဂလာပွဲတက်ဖို့ အခက်အခဲတွေ အများကြီးကြားထဲက အချိန်ကို စီစဉ်ခဲ့ရသည်။
ချူထျန်းပိုင်သည် ဤအချိန်တွင် လာရန် အချိန်မရှိပေ။ တုန်းရွှယ်တစ်ဦးတည်းသာ သားဖြစ်သူနှင့်အတူ ပါဝင်ရန် လာခဲ့သည်။