← Chapters

အခန်း (၁၉၄)

Vol. 15 Ch. 194

အခန်း (၁၉၄)

Vol. 15 Ch. 194

ရှန်ရှို့ခိုင်ရောက်လာပြီး ပြောလိုက်သည်။ "အန်တီ၊ ဒီတစ်ခါ ကျွန်တော် စီးပွားရေးလုပ်ဖို့ ဟူမြို့ကို သွားတော့ လမ်းမှာ တစ်ယောက်ယောက်ကို တွေ့တယ်။"

"ဘယ်သူလဲ?" ချောင်ရှို့ကျီက သူမ မျက်ခုံးကိုပင့်လိုက်ပြီး "အဲ့တာ…ရှောင်ချောင်ကို မင်းမြင်ခဲ့တာလား?"

ချောင်ရှို့ကျီ၏ တုံ့ပြန်မှုကို ကြားလိုက်ရတော့ ချင်း‌ရှောင်မေနှင့် တုန်းရွှယ်တို့ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။

သာ့ချောင်၏ အမွှာညီမ ပျောက်ဆုံးသွားခြင်းကိုလည်း သူတို့သိကြသည်။

ဘာသတင်းမှ မကြားရတာ တစ်နှစ်ကျော်ရှိပြီ ဖြစ်သည်။ ကလေးက စရိုက် မကောင်းဘူးလို့ ကြားသည်။ ဒါကြောင့် ကလေးကို ပြန်ရှာတွေ့ရင် ပြဿနာ ဖြစ်သည်။ သူမကို မရှာတာလည်း မလုပ်နိုင်ပေ။

ရှန်ရှို့ခိုင်က ခေါင်းညိတ်ပြသည်။ “ဒါက သူပဲ ဖြစ်မယ်။ ကျွန်တော် ပြည်သူ့လမ်းကို ဖြတ်သွားတော့ အနက်ရောင်ကားတစ်စီး မောင်းလာတာကို ကျွန်တော် သတိပြုမိလိုက်တယ်။ ခေါင်းကို လှည့်လိုက်တော့ နောက်ခုံမှာ ကောင်မလေးတစ်ယောက်နဲ့ အကြည့်ချင်းစုံသွားတယ်။ အစက ကျွန်တော် သာ့ချောင်လို့ ထင်ခဲ့တာ။ ဒါမဲ့ သာ့ချောင်က ဟူမြို့မှာ ပေါ်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဒါကြောင့် သူက ရှောင်ချောင်ပဲ။ အစက သူ့ရဲ့နောက်ကို လိုက်ချင်ပေမယ့် တခြားတစ်ဖက်က သူခိုး ဖြစ်နေတယ်။ ကျွန်တော် သူခိုးကို ဖမ်းလိုက်တယ်။ အားလုံးပြီးသွားတော့ ကားက ထွက်သွားပြီ။”

ချောင်ရှို့ကျီက ပြန်မပြောခင် သူမသည် ခဏလောက် စဉ်းစားနေခဲ့သည်။ "သူ မင်းကိုတွေ့လား?"

ရှန်ရှို့ခိုင်က ခေါင်းညိတ်သည်။ "သူ တွေ့လိုက်တယ်။ သူ့မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေတဲ့ အမူအရာတစ်ခုကို ကျွန်တော် သတိထားမိတယ်။"

သူသည် ကလေးက အရမ်းထူးဆန်းနေတာကို မပြောခဲ့ပေ။ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်သည် သူမ၏ အမူအရာကို ချက်ချင်းထိန်းချုပ်နိုင်ခဲ့သည်။ သူမရဲ့ မျက်နှာက မြန်မြန် ပြောင်းလဲသွားတာကြောင့် အဲ့တာက လူကြီးတော်တော်များများ အရှက်ရစေသည်။

ချောင်ရှို့ကျီ - "ဒါဆို သူက မင်းကိုတွေ့ပေမယ့် ကားကို မရပ်ခဲ့ဘူး ဟုတ်လား?"

ရှန်ရှို့ခိုင်က ထပ်ပြီး အတည်ပြုလိုက်သည်။

ချောင်ရှို့ကျီက ပြောခဲ့သည်။ "သူ ကိုယ်တိုင်ရွေးချယ်တာဆိုတော့ သူ့ကို လွှတ်ထားလိုက်တော့"

သူမသည် ထိုမြေးမ ရှောင်ချောင်ကို မကြိုက်ပေ။ သူမသည် အကြံများသည်ဟု သူမခံစားမိသည်။ ဖန်းရှောင်ကျွမ်းရဲ့ စကားကို နားထောင်ပြီးနောက် သူမသည် သူ့ကို ပိုပိုပြီး မနှစ်သက်လာပေ။

သို့သော် သူမကို ဘယ်လိုပဲ မကြိုက်သည်ဖြစ်စေ သူမသည် ချောင်မိသားစု၏ သွေးသားဖြစ်နေဆဲပင်။ ထို့ကြောင့် ဒီတစ်နှစ်ကျော်အတွင်း သူမသည် ဝမ်အာကဲ့သို့ ပုဂ္ဂိုလ်ရေးအရ မရှာဖွေသော်လည်း ဟူမြို့ရှိ ရဲစခန်းအား ရှန်ရှို့ခိုင်ကို မကြာခဏ မေးမြန်းခိုင်းသည်။

အရင်တုန်းကတော့ ဘာသတင်းမှမရှိခဲ့ပေ။

ရှန်ရှို့ခိုင်မှ ယူဆောင်လာသော ဤသတင်းသည် ကလေးက ပြန်ပေးဆွဲခံရခြင်း မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ ဒါပေမယ့် မသိရတဲ့ အကြောင်းအရင်းကြောင့် သူမကို ချမ်းသာတဲ့ မိသားစုက မွေးစားခဲ့သည်။

ထိုအချိန်တွင် သူမသည် ရှန်ရှို့ခိုင်ကို မှတ်မိသော်လည်း မသိဟန်ဆောင်ခဲ့သည်။ ဆိုလိုသည်မှာ သူမသည် ချောင်အိမ်သို့ လုံးဝမပြန်ချင်တာ ဖြစ်သည်။ သူမသည် ပြန်ပေးဆွဲခံရရင် သူမက ထိုမြေးကို မကြိုက်ရင်တောင်မှ ကယ်တင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာ ဖြစ်သည်။

ဒါပေမယ့် အခုတော့ သူမ ပြန်မလာချင်ဘူးဆိုတာ ထင်ရှားသည်။ ဒါကြောင့် သူမသဘောအတိုင်း ဖြစ်ပါစေတော့။

ရှန်မိသားစုနှင့် ချူမိသားစုတို့သည် ချောင်မိသားစု၏ ဆွေမျိုးကောင်းများ ဖြစ်သော်လည်း ဤသည်မှာ ချောင်မိသားစု၏ ကိစ္စ ဖြစ်သည်။ ထုံးစံအတိုင်း သူတို့သည် အနှောင့်အယှက် မပေးချင်ပေ။

ထို့အပြင် ထိုကလေးသည် တကယ် မနှစ်မျို့စရာ ဖြစ်သည်။ သူတို့သည် ဒါကို ကောင်းကောင်းသိတဲ့အတွက် လက်ရှိအခြေအနေဟာ နှစ်ဖက်စလုံးအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ထို့နောက် အားလုံးက ပွဲအတွက် ဝမ်အိမ်သို့ သွားကြသည်။

သုံးရက်အကြာတွင် ချောင်ဟုန်းရှသည် သူမ၏ သား ယိမင်လေးကို ခေါ်ဆောင်ပြီး ဝမ်ယန်ရှန်နှင့် စစ်တပ်သို့ လိုက်သွားခဲ့သည်။

ဝမ်ယန်ရှန်ရဲ့ အိမ်ထောင်ရေး အစီရင်ခံစာကို အရင်ကတည်းက ရိုက်ခဲ့သည်။ သူသည် တပ်မတော်တွင် သက်တောင့်သက်သာရှိစေပြီး မကြာခဏ အနားယူခွင့်မပေးစေရန်အတွက် တပ်မတော်မှ သူ့၏ မိသားစုကို အတူခေါ်လာရန် အကြောင်းကြားစာကို ကြိုတင်အတည်ပြုခဲ့သည်။

ယိမင်‌လေးက သူ့နောက်ကို မလိုက်ချင်ပေ။ သူသည် ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီးနောက် သူ့အစ်မ သာ့ချောင်ကို ရွေးချယ်ခဲ့သည်။ အဲ့တာက ချောင်ဟုန်းရှကို အားကိုးရာမဲ့ပြီး အနည်းငယ် ဝမ်းနည်းသွားစေသည်။

အဆုံးမှာတော့ သာ့ချောင်က သူ့ကို ဖြောင့်ဖြခဲ့သည်။ သူမသည် စာနှစ်စောင်နှင့် စားစရာအချို့အား သူ့ကို တိတ်တဆိတ် ပေးခဲ့သည်။ သူမသည် စစ်တပ်ရှိ ဟော်ချီဆီသို့ အဲ့တာတွေကို ပို့ဆောင်ပေးရန် အကူအညီတောင်းခဲ့သည်။

သူ့အစ်မ၏ တာဝန်ကို ပြီးမြောက်ရန်အတွက် ယိမင်သည် ပြင်းပြင်းထန်ထန် ခေါင်းညိတ်သဘောတူရန်မှ တခြား ရွေးချယ်စရာမရှိပေ။ သူ့ရဲ့ 'တာဝန်' ပြီးတာနဲ့ သူသည် မကြာခင် ပြန်လာရမယ်လို့ သူထင်ခဲ့သည်။

…

ချောင်ဟုန်းရှက စစ်တပ်ထဲဝင်ပြီးနောက် ချောင်မိသားစု၊ ချောင်ကျန်းမင်က အိမ်ထောင်ဖက် တစ်ယောက်ကို ခေါ်လာခဲ့သည်။

သူပြန်ခေါ်လာခဲ့တဲ့ မိန်းကလေးကတော့ ရှစ်ချင်ရှင်းလို့ အမည်ရပြီး သူအလုပ်လုပ်နေတဲ့ သယ်ယူပို့ဆောင်ရေးအဖွဲ့ ဒါရိုက်တာက သူ့ကို မိတ်ဆက်ပေးခဲ့သည်။ ဒါရိုက်တာရဲ့ ဝမ်းကွဲတူမလို့ ပြောသည်။

ရှစ်ချင်ရှင်းက မငယ်တော့ပေ။ သူမသည် တစ်ကြိမ် ကွာရှင်းခဲ့ဖူးသည်။ ချောင်ကျန်းမင်က ဒါကို စိတ်မ၀င်စားပေ။ သူကိုယ်တိုင်လည်း ကွာရှင်းပြတ်စဲခဲ့သည်။ ကွာရှင်းထားတာကြောင့် သူသည် အခြားသူတစ်ဦးကို မကြိုက်ရန် သူ့မှာ ဘာအရည်အချင်းတွေ ရှိလို့လဲ?

တကယ်တော့ သူက တစ်ဖက်ကို ကွာရှင်းထားဖို့ မျှော်လင့်ခဲ့သည်။ နှစ်ယောက်စလုံး ကွာရှင်းထားသောကြောင့် သူတို့သည် တစ်ယောက်ကိုတစ်ယောက် မကြိုက်တာမျိုး မရှိပေ။ ကွာရှင်းပြတ်စဲပြီးသူများသည် သူတို့၏ ခက်ခက်ခဲခဲ ဖြစ်ပေါ်လာသော ခံစားချက်အသစ်များကို ပို၍ပင် မြတ်နိုးသည်။

သူမသည် အရင်က ကိုယ်ဝန်ရှိခဲ့ပေမယ့် ခင်ပွန်းဟောင်းကြောင့် ကိုယ်ဝန်ပျက်ကျခဲ့တာလို့ သိခဲ့ရသည်။ အဲ့တာက ကွာရှင်းရခြင်း အကြောင်းအရင်းဖြစ်ခဲ့သည်။

သူသည် တစ်ဖက်သူနှင့် အချိန်အတော်ကြာ ဆက်ဆံခဲ့ပြီး သူမသည် နူးညံ့သိမ်မွေ့ပြီး ပွင့်လင်းသည်ဟု ခံစားခဲ့ရသည်။ ထို့အပြင် သူမသည် ကလေးများကို အလွန်နှစ်သက်သည်။ သူမက သူ့မှာ ကလေးရှိတာကို လုံးဝ ဂရုမစိုက်ပေ။ အဲဒီအစား သူမသည် ဝမ်အာလေးကို တွေ့ရဖို့ မျှော်လင့်နေခဲ့သည်။

ဒီလိုနဲ့ နှစ်လလောက် သိကျွမ်းပြီးတဲ့ နောက်မှာတော့ သူ့မိဘတွေကို ပြရန် အိမ်ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။

အဆင်ပြေရင် ဒီနှစ်မှာ သူတို့သည် လက်ထပ်ကြမည်။ အချိန်တန်ရင် သူသည် သူ့သမီးကို ခရိုင်မှာ နေရန် ခေါ်သွားမည်။

သူ့သမီး အိမ်မှာ အနိုင်ကျင့်ခံရမှာကို သူ မစိုးရိမ်ပေ။ သူ့မိဘတွေက ဝမ်အာလေးကို ကောင်းကောင်း ပြုစုစောင့်ရှောက်ကြသည်။ သို့သော် သူ့ဘေးနားတွင် သူ့သမီးလေးသည် ကြီးပြင်းလာဖို့ကို သူမျှော်လင့်ထားသည်။

ချောင်ကျန်းမင်သည် ရှစ်ချင်ရှင်းကို ထုတ်လုပ်ရေးအဖွဲ့ကို ပြန်ခေါ်လာသောအခါ ရွာသားများသည် လယ်ကွင်းများတွင် အလုပ်လုပ်နေကြသည်။ ဒါကြောင့် သူတို့ရောက်လာတာကို လူတိုင်းသည် သတိထားမိကြသည်။

လူတိုင်း၏ မျက်လုံးများသည် မီးမောင်းများကဲ့သို့ ဖြစ်နေသည်။ အားလုံးက ရှစ်ချင်ရှင်းတွင် တစ်ခုခုကို မြင်ရရန် စိုက်ကြည့်နေကြသည်။

"ပဉ္စမမြောက်ချောင် မင်း အိမ်ပြန်လာတာလား? မင်းဘေးနားက ကောင်မလေးက ဘယ်သူလဲ။ သူက မင်းမိသားစုရဲ့ ဆွေမျိုးလား?"

သူတို့သည် ဝမ်အာလေး၏ မွေးစားမိဘတွေရဲ့ ပုံစံကို သေသေချာချာ မသိပေမယ့် သူတို့ရဲ့အဝတ်အစားကြောင့် သူတို့သည် သာမန်လူတွေ မဟုတ်ကြောင်း ပြောနိုင်သည်။ ထို့ကြောင့် ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးသည် ချောင်မိသားစုတွင် ကြီးကျယ်သော ဆွေမျိုး နှစ်စု ရှိသည်ကို သိကြသည်။ သူတို့သည် မနာလိုကြပေ။

ချောင်ကျန်းမင်က လူတိုင်းကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပြီး "ဒါက ဆွေမျိုး ပတ်သက်မှု မဟုတ်ဘူး။ အဲဒါ ငါ့အိမ်ထောင်ဖက်ပါ။"

လူများသည် အဲ့တာကို ကြားသောအခါ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

ချောင်မိသားစု၏ ဘဝသည် ပိုပိုပြီး ကြွယ်ဝလာခဲ့သည်။ ချောင်ကျန်းမင်သည် သူတို့အားလုံးထဲတွင် အရည်အချင်း အရှိဆုံးဖြစ်သည်။ သူ့မှာ အမွေဆက်ဆံမယ့် သားမရှိပေ။ ဒါက ရှစ်မြို့နယ်တွင် ဆွဲဆောင်မှုတစ်ခုဖြစ်သည်။

ဒါကြောင့် ချန်ချောင်ချောင်နှင့် ကွာရှင်းပြီးကတည်းက လူတွေက သူ့ကို တစ်ယောက်ယောက်နှင့် မိတ်ဆက်ပေးဖို့ ချောင်အိမ်သို့ ရံဖန်ရံခါ သွားကြသည်။ ဒါပေမယ့် ချောင်ရှို့ကျီက သူတို့ အားလုံးကို ငြင်းဆိုခဲ့သည်။

ချောင်ရှို့ကျီသည် အရင်တည်းက အချစ်ရေးတွင် လွတ်လပ်မှုရှိသည်။ သူမသည် ရွှယ်ချွမ်ကို လိုချင်ခဲ့သည်။ ထို့ကြောင့် သူမသည် အစကတည်းက ကလေးအနည်းငယ်၏ အိမ်ထောင်ရေး ရွေးချယ်မှုအပေါ် သူတို့ စိတ်ကြိုက်ဖြစ်စေခဲ့သည်။

တစ်သက်လုံး အိမ်ထောင်ဖက်နှင့် အတူတူ ဖြတ်သန်းရမည့်သူက ကလေးတွေ ကိုယ်တိုင်ပဲ ဖြစ်သည်။ မိဘတွေ မဟုတ်ပေ။ ဒါကြောင့် သူတို့ကြိုက်တဲ့လူက သိပ်မဆိုးသရွေ့ သူမရော ရွှယ်ချွမ်ပါ ကန့်ကွက်မှာ မဟုတ်ပေ။

ဝမ်ချွမ်ကျီရဲ့ ဖြစ်စဉ်ကလည်း ဒီလိုပင် ဖြစ်သည်။ သူမ အိမ်တံခါးကို မဝင်လာခင်မှာ သူမရဲ့ စိတ်နေစိတ်ထားက မကောင်းဘူးဆိုတာ သူတို့သိခဲ့သည်။ ဒါပေမယ့် ဖန်းမိသားစုနှင့် ယှဉ်ရင် ဝမ်မိသားစုဟာ ကောင်းမွန်တဲ့ ပုံစံတွေ ရှိနေသေးသည်။ ထို့ကြောင့် သူမသည် ချောင်ကျန်းကော်နှင့် ဝမ်ချွမ်ကျီတို့ လက်ထပ်တာကို မတားခဲ့ပေ။

သူမတားခဲ့သော တစ်ဦးတည်းသော သူမှာ ဖန်းရှောင်ကျွမ်းဖြစ်သော်လည်း မအောင်မြင်ခဲ့ပေ။

အခုအချိန်မှာတော့ ထုတ်လုပ်ရေးအဖွဲ့သည် ချောင်ကျန်းမင်က မိန်းကလေးဟာ သူရဲ့ အိမ်ထောင်ဖက်လို့ ပြောလိုက်တာကို ကြားတော့ လူတိုင်းက စိတ်မကောင်းဖြစ်ခဲ့ကြသည်။ ချောင်မိသားစုအဖြစ် လက်ထပ်လိုသော မိန်းကလေးများသည် အသည်းကွဲခဲ့ကြသည်။

ယောင်္ကျားကောင်းတွေ ပေါ်လာတဲ့အခါ ဘယ်တော့မှ သူတို့အလှည့်မရောက်ခဲ့တာ ဘာလို့လဲ?

ချောင်ကျန်းမင်က ဖုံးကွယ်မထားတာကို မြင်လိုက်ရတော့ ရှစ်ချင်ရှင်းက ချိုမြိန်မှုကို ခံစားလိုက်ရပြီး ခေါင်းငုံ့ကာ ရှက်ပြုံးလေး ပြုံးလိုက်သည်။

ချောင်ကျန်းမင်သည် အိမ်ထောင်ဖက် တစ်ယောက်ကို ပြန်ခေါ်လာသည်ကို မြင်ရသောအခါ ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ထံမှ ထွက်ခွာခွင့် တောင်းဆိုခဲ့ကြသည်။

နှစ်ယောက်သား ဝင်လာသည်နှင့် ရှစ်ချင်ရှင်းက ထိုင်ခုံကနေ ချက်ချင်းထရပ်လိုက်ပြီး ဂရုတစိုက် ပြေးလာကာ "အန်ကယ် အန်တီ ပြန်လာပြီလား? ကျွန်မ အန်တီတို့ မျက်နှာသစ်၊ လက်ဆေးဖို့ ရေသွားယူလိုက်မယ် !”

ချောင်ရှို့ကျီက ငြင်းချင်ပေမယ့် တစ်ဖက်က လှည့်ထွက်သွားပြီ ဖြစ်သည်။ သို့သော် လမ်းတစ်ဝက်တွင် သူမသည် ရှက်ရွံ့စွာ ပြန်လှည့်လိုက်သည်။ သူမသည် ရေကိုဘယ်မှာ ယူရမလဲ မသိသလို ဘယ်ခွက်က သူတို့နှစ်ယောက်၏ ဟာလည်းမသိပေ။

မိသားစုများစွာသည် ဆင်းရဲလွန်းသောကြောင့် သစ်သားအင်တုံတစ်ခုကိုသာ မျှဝေသုံးစွဲကြသည်။ ချောင်မိသားစုက ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးပေ။ သူတို့သည် ပစ္စည်းတွေကို အတတ်နိုင်ဆုံး ခွဲထားဖို့ ကြိုးစားကြသည်။

ချောင်ရှို့ကျီက လမ်းလျှောက်လာပြီး ပြောလိုက်သည်။ "မင်းလုပ်ဖို့ မလိုပါဘူး။ မင်းက ဧည့်သည်ပဲ။ အထဲဝင် ထိုင်နေရုံပဲ။"

ရှစ်ချင်ရှင်း၏ မျက်နှာပေါ်တွင် အဆင်မပြေသော အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် အတင်း မလုပ်တော့ပေ။

ဒါပေမယ့် နေ့လယ်စာ ချက်ပြုတ်ချိန်ရောက်တဲ့အခါ သူမသည် မီးဖိုချောင်မှာ ကူညီဖို့ စတင်ခဲ့သည်။ သူမ၏ လုပ်ရပ်များသည် အနည်းငယ် ညှံ့ဖျင်းသော်လည်း သူမသည် မီးဖို‌ချောင်အလုပ် တစ်ခါမှ မလုပ်ဖူးသော အမွေဆက်ခံသူ မဟုတ်ပေ။

ထို့နောက် ရှစ်ချင်ရှင်းသည် ချောင်အိမ်တွင်စားပြီး ချောင်အိမ်ငယ်လေးတွင် တစ်ညတာနေထိုင်ခဲ့သည်။ ထိုအချိန်အတွင် သူမသည် ဝမ်အာလေးနှင့် အဆက်အသွယ်ရှိခဲ့သည်။

လွန်ခဲ့သည့်နှစ်တွင် သာ့ချောင်သည် ဝမ်အာလေးကို ကျောက်စိမ်းပုတီးများ နေ့တိုင်းကျွေးခဲ့သည်။ ဒါကြောင့် သူမရဲ့ အော်တစ်ဇင်လက္ခဏာတွေက အများကြီး တိုးတက်လာသည်။ ဒါပေမယ့် သာမာန်ကလေးတွေနဲ့ ယှဉ်ရင် သူမသည် အလွန်ရှက်ရွံ့ပြီး သီးသန့်ဆန်နေသေးသည်။ အနည်းဆုံးတော့ သူမက လူတွေနှင့် ပုံမှန်အတိုင်း ပြောဆိုဆက်ဆံနိုင်သည်။

ရှစ်ချင်ရှင်းသည် ဝမ်အာလေးကို အလွန်စိတ်ရှည်ပြီး သူမသည် ဝမ်အာလေးကို အလွန်နှစ်သက်ပုံရသည်။ သူမကိုတွေ့တာနဲ့ ပွေ့ဖက်ချင်လာသည်။ သူမ နှစ်သက်ဖို့ ယူလာတဲ့ လက်ဆောင်တွေကိုတောင် သူမသည် ထုတ်ယူလာခဲ့သည်။

ဝမ်အာလေးသည် အဲ့တာကို မကြိုက်တာ သနားစရာပင်။ ရှစ်ချင်ရှင်းက သူမကို ချီခွင့်မပေးခဲ့ပေ။ သူသည် သူမ ယူလာသော လက်ဆောင်ကိုလည်း မလိုချင်ပေ။

သူမသည် အစ်မကြီး သာ့ချောင်၏ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ ဤမသိသော အမျိုးသမီးကို သူမသည် မကြိုက်‌ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြသည်။

သာ့ချောင်က သူမကို ရှစ်ချင်ရှင်းသည် အနာဂတ်တွင် သူမ၏ မိခင်ဖြစ်လာမည်ဟု သူမအား ပြောပြ၍ ညင်သာစွာ နှစ်သိမ့်ပေးခဲ့သည်။

ဝမ်အာလေးသည် 'အမေ' ဟူသော စကားကို ကြားသောအခါတွင် သူမသည် အရမ်း တုန်လှုပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "အစ်မ၊ ညီမလေး အမေ မလိုချင်ဘူး"

သာ့ချောင်က သူမသည် မိထွေးက ရိုက်မှာကို ကြောက်တယ်လို့ တွေးမိသည်။ သူမသည် သူ့ညီမလေးရဲ့ ခေါင်းကို ပွတ်သပ်ပြီး ဖြောင့်ဖြလိုက်သည်။ " စိတ်မပူပါနဲ့ ဝမ်အာလေး။ မေမေတွေ အားလုံးက မဆိုးကြပါဘူး။ ကြည့်စမ်း အစ်မ အမေက အစ်မရဲ့ အမေအရင်းမဟုတ်ဘူး။ သူ အစ်မ အပေါ် မကောင်းဘူးလား?"

ဝမ်အာလေးက ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်ကာ "ဒါဆို သူက ညီမကို ဒုတိယ အဒေါ်လို ချစ်မှာလား?"

သာ့ချောင်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်။ ငါတို့ ဝမ်အာက အရမ်းချစ်စရာကောင်းပြီး လှတယ်။ မင်းကို ဘယ်သူက မကြိုက်မှာလဲ?"

ဝမ်အာ‌လေးသည် သူမ အစ်မ၏ ချီးကျူးစကားကို ကြားသောအခါ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရှက်ပြုံးလေး ပြုံးလိုက်သည်။

နောက်ပိုင်းတွင် ရှစ်ချင်ရှင်းသည် သူမကို နှစ်သက်ရန် ထပ်လာခဲ့သည်။ ဝမ်အာလေးသည် ပထမအကြိမ်ကဲ့သို့ သူမကို ငြင်းဆန်ခြင်းမပြုခဲ့ပေ။

ရှစ်ချင်ရှင်သည် ချောင်အိမ်တွင် သုံးရက်နှင့် နှစ်ညနေခဲ့သည်။ သူမသည် ရက်ရောပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းသည်။ ဝမ်အာလေးအတွက် သူမ စိတ်ရှည်တယ်။ သူမသည် ဝမ်ချွမ်ကျီမှလွဲ၍ ချောင်မိသားစုအားလုံးထံမှ တညီတညွတ်တည်း အသိအမှတ်ပြုတာကို လက်ခံရရှိခဲ့သည်။

ဝမ်ချွမ်ကျီသည် ရှစ်ချင်ရှင်းကို မကြိုက်ပေ။ သူမသည် ကြောင်သူတော်ဟု ခံစားမိသည်။ အိမ်ထောင်မပြုခင်က အရမ်းဂရုစိုက်တတ်သည်။ သူမသည် ဘယ်လောက်တောင် အိမ်ထောင်ပြုချင်နေတာလဲ?

ဒါ့အပြင် တစ်ဖက်သူက ဝမ်အာကို ချစ်တဲ့စိတ်သည် စိတ်ရင်းမဟုတ်ဘူးလို့ သူမ ခံစားရသည်။ ချောင်ကျန်းမင်နှင့် လက်ထပ်ဖို့အတွက် သူမသည် ဟန်ဆောင်နေတာ ဖြစ်သည်။

သို့သော် သူမ၏ ထင်မြင်ချက်သည် အရေးမကြီးပေ။ သူမသည် မကြိုက်ဘူးလို့ ညည်းတွားနေရင်တောင် ဘယ်သူကမှ သူမ စကားကို နားမထောင်ပေ။

ဒါဟာ လူတိုင်းရဲ့အမှားမဟုတ်ပေ။ ဝမ်ချွမ်ကျီသည် သူ့ယောင်းမတွေကို ဘယ်တုန်းကမှ မကြိုက်ဖူးပါ။ ဖန်းရှောင်ကျွမ်းမှ ချန်ချောင်ချောင်မှ လင်းဟွေ့မှ လက်ရှိ ရှစ်ချင်ရှင်းအထိ သူမသည် သူတို့ထဲက ဘယ်သူ့မှ မကြိုက်ပေ။

ထို့ကြောင့် ချောင်ကျန်းမင်သည် သူမ၏ ထင်မြင်ချက်ကို နားထောင်ပါက သူသည် ဘဝတစ်သက်တာလုံး လူပျိုကြီးအဖြစ် နေသွားရနိုင်သည်!

ဒီအဆင့်မှာ သူတို့သည် မိဘတွေနှင့် တွေ့ပြီးပြီ ဖြစ်သည်။ သူတို့၏ ဆက်ဆံရေးအကြောင်းကို လူတိုင်းသိသည်။ တစ်ဖက်မှာ ပြဿနာအများကြီး မရှိသရွေ့ သူတို့သည် ပုံမှန်တိုင်း လက်ထပ်မည်။ မဟုတ်ပါက ဒါသည် တစ်ဖက်သား၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေသည်။

ချောင်ကျန်းမင်က ခရိုင်သို့ ပြန်ရောက်သောအခါ သူသည် လက်ထပ်ဖို့ ခွင့်ပြုချက်တောင်းရန် ရှစ်မိသားစုထံ လက်ထပ်လက်ဆောင် ယူသွားခဲ့သည်။

ရှစ်မိသားစုသည် အလွန်အကျွံတောင်းဆိုမှုများ မပြုလုပ်ခဲ့ပေ။ သူတို့နှစ်ဦးသည် နိုဝင်ဘာလတွင် မင်္ဂလာပွဲကျင်းပရန် ဇာတိမြို့သို့ ပြန်လာခဲ့ကြပြီး လက်ထပ်ခဲ့ကြသည်။

လက်ထပ်ပြီးနောက် ချောင်ကျန်းမင်းသည် ဝမ်အာကို ခရိုင်သို့ ခေါ်ဆောင်ကာ သူနှင့်အတူ နေထိုင်ခဲ့သည်။

အစပိုင်းတွင် ကြင်စဦးဘဝသည် ပျားရည်နှင့် ရောထားသောဆီကဲ့သို့ ချိုမြိန်သည့်ဘဝဖြစ်သည်။

ချောင်ကျန်းမင်သည် ဤအိမ်ထောင်သစ်ကို မြတ်နိုးသည်။ အလုပ်ကိစ္စမှလွဲ၍ ကျန်အချိန်များကို သူ့မိသားစုအတွက် သီးသန့်ထားသည်။

ရှစ်ချင်ရှင်းသည် ဝမ်အာလေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်။ အိမ်ထောင်သက် နှစ်ဝက်လောက်ကြာတော့ အရာအားလုံးက ပြောင်းလဲလာခဲ့သည်။

ရှစ်ချင်ရှင်းသည် ကိုယ်ဝန်ရခဲ့သည်။

သူမသည် အိမ်အလုပ်တွေ လုပ်ရတဲ့အပြင် ကလေးကိုလည်း ကိုယ်တိုင် ပြုစုရသည်။ ထို့အပြင် နံနက်ဖျားနာခြင်းသည် အလွန်ပြင်းထန်သည်။ ထို့ကြောင့် ဝမ်အာလေးကို ထုတ်လုပ်ရေးအဖွဲ့ဆီ ပြန်ပို့ပြီး ကလေးမွေးပြီးတာနှင့် သူ့ကို ပြန်ခေါ်ဖို့ ပြောခဲ့သည်။

ဒါပေမယ့် ဝမ်အာလေးကို ပြန်မပို့ခင်မှာ ရှစ်ချင်ရှင်းမှာ တစ်ခုခုဖြစ်ခဲ့သည်။ သူမသည် လဲကျပြီး ကိုယ်ဝန်ပျက်ကျသွားခဲ့သည်။

All Chapters