← Chapters

အခန်း (၁၃၇)

Vol. 11 Ch. 137

အခန်း (၁၃၇)

Vol. 11 Ch. 137

သူ့လက်ထဲက ပြက္ခဒိန်ကိုကြည့်ရင်း ဖေးခွမ် ခံစားချက်တွေလွှမ်းမိုးလာသည်။

သူလက်လှမ်းလိုက်ပြီး စုန့်အာ့နန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ တင်းတင်းဖက်ထားလိုက်ပြီး သူတစ်ကိုယ်လုံးက နည်းနည်းတုန်ရီနေခဲ့သည်။

သံသယဖြစ်စရာမရှိ၊ စုန့်အာ့နန်ရဲ့စကားလုံးတွေက သူ့ရင်ထဲရှိ အနက်ရှိုင်းဆုံး စိတ်မချမ်းသာမှုတွေကို တကယ်ဘဲ တွန်းလှန်ပစ်လိုက်နိုင်သည်။ သူမက သူ့ကိုသနားတာမဟုတ်ဘဲ သဘောကျတာကြောင့် သူနဲ့တွဲဖို့သဘောတူခဲ့တာဖြစ်သည်။

ဒီသဘောပေါက်သွားမှုက သူ့ကို ရွှင်လန်းသွားစေပေမယ့် တစ်ချိန်ထဲမှာပဲ သူ့ရင်ထဲ၌ နာကျင်ကိုက်ခဲမှုတစ်ခုတိုးလာသည်။

သူမ ဖွင့်ပြောဖို့ ဘာလို့လက်လျော့ခဲ့လဲဆိုတာကို ဖေးခွမ်မမေးလိုက်ပေ။ သူ မတုံးပါချေ။ နည်းနည်းလောက် မှန်းကြည့်လိုက်ရုံနဲ့ အဲ့ဒီအချိန် အဲ့ဒီရက်စွဲမှာဘာဖြစ်ခဲ့လဲဆိုတာကို သိနိုင်သည်။

ဒီကောင်မလေးရဲ့ ခံစားချက်တွေအားလုံးကို ဒီပြက္ခဒိန်ထဲတွင် ဖုံးကွယ်ထားသည်။ ထိုနှစ်တွေက မြင်ကွင်းများဟာ သူ့မျက်စိထဲ ဖြတ်‌ဝင်လာသည်။

ဒီကလေးမလေး ဒီ countdown ပြက္ခဒိန်ကိုလှန်ရင်း လူကြီးတစ်ယောက်ဖြစ်လာဖို့၊ သူမရဲ့ဖြူစင်ကာ ထက်သန် တောက်ပနေတဲ့ အချစ်ကို နေရောင်အောက်တွင် ပွင့်ပွင့်လင်းလင်းထုတ်ပြဖို့ အတင့်သင့်ဖြစ်စွာ စိတ်အားထက်သန်စွာနဲ့ မနက်ခင်း ဘယ်နှခုလောက်များ နိုးထခဲ့ရလဲဆိုတာကို သူ မသိခဲ့ပါချေ။

သူမ သဘောကျတဲ့သူရဲ့ အချစ်ရေးအကြောင်းထွက်လာတော့ သူမရဲ့ခံစားချက်တွေအားလုံးကို လုံးလုံးလျားလျား ချိုးနှိမ်ရင်း ဘယ်သူ့ကိုမှ မပြောဘဲ တစ်ယောက်ထဲ သည်းခံခဲ့ရသည်။

အဲ့ဒီတုန်းက ရှဲ့မိသားစုရဲ့တောင်းဆိုချက်ကို လက်ခံမိခဲ့တဲ့အတွက် ဒါက ဖေးခွမ် နောင်တရမိတဲ့ ပထမဆုံးအကြိမ်ပင်။

သူ့ရဲ့ကျော်ကြားမှုတွေ ကျဆင်းသွားပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ မသေချာတော့တဲ့အချိန်မှာတောင်မှ သူ လုံးဝနောင်တမရခဲ့ပါချေ။ ကျေးဇူးကိုပြန်ဆပ်ပြီး ရှဲ့မိသားစုနဲ့ ကျန်းမန်တို့နဲ့ အဆက်ဖြတ်ပြီးတဲ့နောက်မှာ သူပေါ့ပါးသွားရသည်။

ဒါပေမယ့် အခုတော့ သူနောင်တရသည်။ အများကြီးနောင်တရတယ်!

ဒါကြောင့် နှစ်နှစ်ကြာအောင် သူ့ရဲ့သူမကိုတစ်ဖက်သတ် ဆက်သွယ်မှုတွေက သူမအတွက် အရမ်း ဝမ်းနည်းရမှာပင်။

စုန့်အာ့နန် အသက်၁၈နှစ်ပြည့် မွေးနေ့တုန်းက စုန့်လင်းချွမ် ပြောခဲ့တာကို ဖေးခွမ် မှတ်မိနေပါသေးသည်။

- ငါ့အန်တီလေးက လူကြီးဖြစ်လာရတာကို အရမ်းစိတ်လှုပ်ရှားနေတဲ့ပုံလည်း မပေါ်ဘူး

မျှော်လင့်နေခဲ့တာ မဟုတ်ပေ....

သူမက လူကြီးဖြစ်ရမှာကို မမျှော်လင့်နေခဲ့တာမဟုတ်ပေ။ သူမရဲ့မျှော်လင့်ချက်တွေ ပျောက်ပျက်သွားတာဖြစ်သည်။

ဖေးခွမ် ဘာမှမပြောလာပေ။ စုန့်အာ့နန်က သူ့ရင်ခွင်ထဲကနေ သူ့အမူအရာကိုမြင်နေရသည်။ သူမ ရင်ထဲ မတတ်နိုင်ဘဲ နည်းနည်း အံ့ဩသွားရသည်။

"အဲ့ဒီတုန်းက ကျွန်မ ငယ်သေး‌ပေမယ့် ကျွန်မရဲ့ ခံစားချက်တွေကို ထပ်ခါတလဲလဲ ဆန်းစစ်ပြီးတဲ့နောက်မှာ ရှင့်ကိုသဘောကျနေမှန်း သေချာသွားတယ်"

သူမက ရပ်လိုက်ပြီး နောက်တော့ ပြင်းပြင်းထန်ထန်ပြောလိုက်သည်။ "သံသယမဝင်နဲ့"

စူးရှတဲ့နာကြင်မှုက ဖေးခွမ်ရဲ့ရင်ဘတ်ထဲ ထိုးဖောက်ဝင်ရောက်လာသည်။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ "ကိုယ် သိပါပြီ၊ သံသယ မဝင်တော့ပါဘူး"

သူက သူမရဲ့ခေါင်းကိုပွတ်လိုက်ပြီး "ကိုယ်တောင်းပန်ပါတယ်၊ မင်းကို နာကျင်အောင် လုပ်လိုက်မိတယ်"

စုန့်အာ့နန်က အကြည့်အောက်ပို့လိုက်ပြီး ခေါင်းခါလိုက်သည်။ "ဒါက ရှင်နဲ့ မဆိုင်ပါဘူး။ တောင်းပန်ဖို့မလိုဘူး"

သူမက သူ့ကိုသဘောကျခဲ့ပေမယ့် သူက မသိခဲ့ပါချေ။

ဒီကြားထဲ ဖြစ်ပျက်ခဲ့သမျှတွေကို ကံကြမ္မာလှည့်ကွက်လို့ပဲ ပြောနိုင်သည်။ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါချေ။

ဖေးခွမ် အတွေးလွန်နေမှာစိုးတာကြောင့် စုန့်အာ့နန်က တစ်ခဏလောက် တွေးလိုက်ပြီး ဆက်ပြောလာသည်။ "ဒီအကြောင်းထပ်ပြီး ဂရုမစိုက်တော့ဘူး။ အဲ့ဒီတုန်းက ကျွန်မသာ ဖွင့်ပြောခဲ့ရင်လည်း ရှင့်ဘက်က ပြန်လက်ခံလိမ့်မယ်လို့ ဘယ်တုန်းကမှလည်း မမျှော်လင့်ထားဘူး"

ဖေးခွမ်က တစ်ခဏလောက် ကြောင်သွားပြီး သူမပြောချင်တဲ့အဓိပ္ပါယ်ကို နားမလည်ပါချေ။ "ဘာဖြစ်လို့လဲ?"

စုန့်အာ့နန်က သူ့ကိုမော့ကြည့်လိုက်တော့ သူမကနက်ရှိုင်းတဲ့အကြည့်နဲ့ ပြောလာသည်။ "အဲ့ဒီတုန်းက ရှင် ကျွန်မနဲ့ပတ်သတ်ပြီး အဲ့ဒီလိုမခံစားရဘူးလေ။ ကျွန်မသိတယ်"

သူမရဲ့စကားတွေကြောင့် ဖေးခွမ် နင်သွားရသည်။ ဒါအတွက် သူ့မှာငြင်းစရာမရှိပေ။

ဒီဟာအပေါ် စုန့်အာ့နန်လည်း တဝဲလည်လည်မတွေးနေဘူးဆိုတာ သိသာသည်။ အဲ့ဒီအစား သူမက သူ့ကိုသိချင်စိတ်နဲ့ကြည့်လိုက်ပြီး မေးလိုက်သည်။ "ပြောကြည့်၊ အဲ့ဒီတုန်းက ကျွန်မသာ ချောချောမွေ့မွေ့နဲ့ ဖွင့်ပြောခဲ့ရင် နောက်ပိုင်းမှာ ရှင် ကျွန်မကို သဘောကျလာဦးမယ်လို့ထင်လား?"

ဖေးခွမ်က မဆိုင်းမတွပြောလာသည်။ "‌ဒါပေါ့"

စုန့်အာ့နန်က နှာမှုတ်လိုက်ပြီး "လာမချော့နေနဲ့"

ဖေးခွမ်က ခပ်တိုးတိုးရယ်လိုက်သည်။ သူမကို သူချော့နေတာမဟုတ်ပါချေ။

သူမ ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲဆိုတာ ဒီကောင်မလေးမသိပါချေ။

သူမကို သဘောကျသွားတာက ဒီကမ္ဘာပေါ်မှာ အလွယ်ကူဆုံးအရာပင်။ အဲ့ဒါက အနှေးနဲ့အမြန်ဆိုသလို ဖြစ်လာလိမ့်မည်။

"ကိုယ် ဒီပြက္ခဒိန်ယူလို့ရမလား?" ဖေးခွမ် မေးလိုက်သည်။

စုန့်အာ့နန်က တန့်သွားပြီး "ဘာလို့ လိုချင်တာလဲ?"

ဖေးခွမ်က သူမလက်ကို အပြုံးနဲ့ ညစ်လိုက်ပြီး "ဒါကို သိမ်းထားချင်လို့။ နောင်ကျ ကိုယ်တို့တွေ အိုလာတဲ့အခါကျရင် ဒါကိုမိသားစုအမွေအဖြစ် ထားမလို့လေ"

စုန့်အာ့နန်ရဲ့မျက်လုံးတွေက နီရဲလာပြန်သည်။ "ဒီဆို အတည်ပဲနော်။ အနာဂတ်မှာ ဘာပဲဖြစ်လာဖြစ်လာ ရှင်လက်လွှတ်လို့မရဘူး‌"

ဖေးခွမ်က သူမမျက်လုံးထောင့်ကိုနမ်းလိုက်ပြီး လေးလေးနက်နက် ကတိပေးလိုက်သည်။ "အင်း၊ ကိုယ်လက်မလွှတ်ပါဘူး"

တစ်သက်လုံး ဘယ်တော့မှလက်မလွှတ်ဘူး။

စုန့်အာ့နန်က ဇွန်လလယ်တွင် နိုင်ငံခြားသို့သွားရန်စီစဉ်ထားပြီး ဖေးခွမ်ကတော့ စက်တင်ဘာလမှဖြစ်သည်။

သို့ပေမယ့် သူ မလာခင် စုန့်အာ့နန်က တစ်လခွဲလောက် နိုင်ငံခြားမှာ စာလေ့လာဖို့သွားရသည်။

နိုင်ငံခြားမှာ စာသွားသင်ဖို့ ဆုံးဖြတ်ပြီးသွားတော့ လီတုန်က သူ့ကို အလုပ်သစ်တွေ ပေးတာ ရပ်လိုက်ပေမယ့် ‌အစောပိုင်းက လက်ခံထားတဲ့ ပရောဂျက်တွေကိုတော့ ပြီးအောင်လုပ်ရသည်။

ကံကောင်းထောက်မစွာနဲ့ သူ့မှာ အရင်က လက်ခံထားတဲ့ အလုပ်တွေ သိပ်မများပါချေ။ အဓိကက ကြော်ငြာတွေရိုက်ကူးဖို့နဲ့ မဂ္ဂဇင်းအင်တာဗျုးတွေ ဖြစ်သည်။ ဒီဟာတွေက အချိန်သိပ်မယူရပေ။

တစ်ခုတည်းသောကျန်နေတဲ့ အရာကတော့ စုန့်လင်းချွမ်နဲ့ ဒါရိုက်တာချီတို့ ပူးပေါင်းရိုက်ကူးနေသည့် ဒရာမာမှ ဧည့်သည်ဇာတ်ကောင်နေရာ ဖြစ်သည်။

ဖေးခွမ် ရိုက်ကူးရေးအဖွဲ့နဲ့ လာပေါင်းတဲ့အချိန်မှာ ရိုက်ကူးရေးတွေ လုပ်နေတာက တစ်လခွဲလောက်ရှိနေပြီဖြစ်သည်။

အဲ့ဒါက ဧည့်သည်ဇာတ်ကောင်နေရာဘဲဆိုပေမယ့် သူ့ scene တွေက မနည်းပေ။ အများစုက အမျိုးသားဇာတ်ဆောင်နဲ့ အပြိုင်ရိုက်ရမည်ဖြစ်သည်။

ပထမနေ့မှာ၊ ဒါရိုက်တာချီက စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ကိုခေါ်လိုက်ကာ scene တွေအတွက် နေ့တစ်ဝက်လောက် ဆွေးနွေးခဲ့ကြသည်။ သူတို့တွေက တစ်ယောက်ကိုတစ်ယောက် သိတာ ကြာပြီဆိုပေမယ့် ဒါက သူတို့တွေ ဒရာမာတစ်ခုမှာ ပူးပေါင်းတာ ပထမဆုံးအကြိမ်ပင်။ သူတို့ရဲ့ အဖွဲ့လိုက်လှုပ်ရှားမှုက ပထမဆုံး scene မှာ နည်းနည်းအဆင်မပြေဖြစ်ခဲ့ပေမယ့် တစ်မနက်လောက် သူတို့ရဲ့ ပါတနာရှစ်ကို သွေးပြီးတဲ့နောက်မှာ သူတို့ရဲ့ ဓာတုဗေဒ စွမ်းရည်တွေက တဖြည်းဖြည်းတိုးတက်လာသည်။

ဒါရိုက်တာချီရဲ့စကားအရဆို ဒါက မိသားစုဓာတုဗေဒပင်။

သေချာပေါက်ကို ဖေးခွမ်ကတော့ ဒီ 'မိသားစု' ဆိုတဲ့ ဖော်ပြချက်ကို အဆင်သင့် လက်ခံလိုက်သည်။

စုန့်လင်းချွမ်ကတော့ လိုလိုလားလားမဖြစ်မှန်း သိသာနေပေမယ့် ဒါရိုက်တာရဲ့အခွင့်အာဏာကိုတော့ သူမဆန့်ကျင်ရဲပါချေ။

ပြောရရင် ရိုက်ကူးရေးအဖွဲ့ထဲ ဖေးခွမ်ဝင်လာပြီးကတည်းက ရယ်သံတွေ ပိုပိုတိုးလာတယ်လို့ဆိုရမည်ပင်။

ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေကနေစ ရိုက်ကူးရေးအဖွဲ့သားတွေအထိ လူတိုင်းက ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့ရဲ့ နေ့စဉ်နေ့တိုင်း 'အချစ်အမုန်း ဆက်ဆံရေး'ကို ကြည့်ရတာ တကယ်ကိုသဘောကျနေကြသည်။

အဓိကကတော့ သူ့ရဲ့အန်တီလေးကို ခိုးသွားတာကြောင့် လက်စားချေတဲ့အနေနဲ့ ဖေးခွမ်ကို အကြိမ်များစွာထိုးနှက်နေတဲ့ ဝါရင့်လူပျိုကြီး စုန့်လင်းချွမ်ကြောင့်ပင်။

နောက်ကွယ်က ရိုက်ကူးရေး အဖွဲ့သားတွေကတော့ အရမ်းသဘောကျကြသည်။

တစ်နေ့၊ ဖေးခွမ်တစ်ယောက် စုန့်လင်းချွမ်နဲ့ အပြိုင်သရုပ်ဆောင်ပြီးလို့ အနားယူဖို့ ဘေးကိုသွားလိုက်သည်။

ဖေးခွမ် ရောက်လာတာကိုမြင်တော့ ‌လျှိုဟောက်က သူ့ကို ဖုန်းအမြန်ကမ်းပေးလိုက်ပြီး သူ့အသံကိုလည်း တမင်တိုးလိုက်သည်။ "ဖေးကော၊ အစ်ကို့ဖုန်း။ အန်တီလေး မက်ဆေ့ခ်ျတွေ ဆက်တိုက်ပို့ထားတဲ့ပုံဘဲ။ အရေးကြီးလို့လားမသိဘူး ကြည့်ကြည့်ပါဦး"

ဖေးခွမ်က အသိအမှတ်ပြုသလို အသံပြုလိုက်ပြီး ဖုန်းကိုယူလိုက်ပေမယ့် သူက အလျင်စလိုမကြည့်လိုက်ပေ။

စုန့်အာ့နန် ဘာပို့လာလဲဆိုတာကို သူခန့်မှန်းမိတဲ့ပုံပင်။ အဲ့ဒီမှာည ၉ နာရီလောက်ဖြစ်တဲ့အတွက် သူမ စမ်းသပ်ခန်းကနေ ထွက်လာပြီဖြစ်လောက်သည်။

သေချာပေါက်ကိုပဲ WeChatကို ဖွင့်လိုက်တော့ သူထင်ထားတဲ့အတိုင်းပင်။

ဒါက သူတို့ရဲ့ နေ့စဉ်ဘဝဖြစ်ပြီး ဘယ်အချိန်မဆို စာပို့နိုင်ကာ အရေးတကြီး စာပြန်ဖို့လည်းမလိုပေ။ သူတို့အားတဲ့အချိန်မှဘဲ စာပြန်နိုင်ကြသည်။

ဒီတော့ ဖေးခွမ်က ထိုင်ခုံအသေးလေးမှာ ထိုင်ပြီး စုန့်အာ့နန်ရဲ့မက်ဆေ့ခ်ျတွေကို စာပြန်လိုက်သည်။

[အလုပ်များနေလား?]

-အခုမှအလုပ်ပြီးတာ]

[ဒါက အရမ်းစားကောင်းတာဘဲ၊ ကျောင်းဝင်းနားက စတိုးမှာ ဝယ်ထားတာ]

-[တစ်ခါမှမစားဖူးဘူး၊ နောက်တစ်ခါ အတူတူစားကြမယ်]

[ရိုက်ကူးရေးလုပ်ရတာ ပင်ပန်းလား?]

-[မပင်ပန်းပါဘူး]

...

လျှိုဟောက်မှာ ဖေးခွမ်ရဲ့ ဖုန်းစခရင်ကို အမှတ်မထင် ကြည့်လိုက်မိသည်။ ရုတ်တရက် အွန်လိုင်းပေါ်မှာ သူတွေ့ခဲ့တာတွေကို သတိရလိုက်သည် - မင်းရဲ့စာတွေအားလုံးကို ပြန်ဖြေပေးတဲ့ တစ်စုံတစ်ယောက်ကိုရှာတွေ့ရင် အဲ့ဒါက အချစ်စစ်ဘဲ

စုန့်လင်းချွမ်ကို ခုနတုန်းက ဒါရိုက်တာချီက တစ်ခုခုဆွေးနွေးဖို့ ခေါ်ထားတာဖြစ်သည်။ သူပြန်ရောက်လာတဲ့အချိန် ဖေးခွမ်က မက်ဆေ့ခ်ျတွေကို စာပြန်ပြီးသွားပြီဖြစ်သည်။

"မင်း ဘယ်တော့ သွားမှာလဲ?" စုန့်လင်းချွမ်က ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

ဖေးခွမ်က နည်းနည်းနားမလည်ဖြစ်သွားပြီး "ဘာကိုလဲ?"

စုန့်လင်းချွမ်က ရေဘူးအဖုံးကို ပေါ့ပေါ့ပါးပါးလှည့်ဖွင့်လိုက်ကာ ရေတစ်ငုံသောက်လိုက်ပြီး ပြောလာသည်။ "ခုနတုန်းက ငါ အန်တီလေးနဲ့ ဖုန်းပြောတုန်းက မင်းလည်း သူနဲ့အတူ နိုင်ငံခြားသွားမယ်လို့ ပြောတာကြားတယ်"

"မင်း တကယ်သွားမှာလား?" စုန့်လင်းချွမ် မေးလိုက်သည်။

ဖေးခွမ်က မှန်ကန်ကြောင်း ခပ်တိုးတိုးပြောလာသည်။ "အင်း၊ ဘယ်လိုလုပ် ညာတာဖြစ်နိုင်မှာလဲ? ငါကျောင်းတောင် လျှောက်ထားပြီးပြီ။ အာ့နန်နဲ့သိပ်မကွာဘူး၊ စက်တင်ဘာဆိုသွားတော့မှာ"

ဒီတစ်ခေါက် သူနိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုတဲ့အကြောင်းကို အခုထိ လူသိရှင်ကြား မကြေညာရသေးပေ။ လီတုန်ရဲ့အတွေးအရ အဲ့ဒါကိုတမင်သပ်သပ်ပြောစရာမလိုပါချေ။ နောက် သူဓာတ်ပုံအရိုက်ခံလိုက်ရမှ အဲ့ဒီအကြောင်းကိုပြောပြလို့ရသည်။

ဒီလိုဆို သူနဲ့စုန့်အာ့နန်တို့နှစ်ယောက်အတွက် နိုင်ငံခြားမှာ ပိုလွတ်လပ်မည်ပင်။

စုန့်လင်းချွမ်က ကျွတ်သပ်လိုက်ပြီး မှုန်တေတေနဲ့ပြောလာသည်။ "ဘာလဲ၊ ငါ့အန်တီလေးက မင်းကို ထပ်မလိုချင်တော့မှာ စိုးရိမ်နေတာလား?"

ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး ဘာမှမဖုံးကွယ်ဘဲ အလွယ်တကူ ဝန်ခံလိုက်သည်။ "ဟုတ်တယ်၊ သေအောင်ကြောက်တာ"

စုန့်လင်းချွမ်က လှောင်ပြောင် ကျိန်ဆဲလိုက်သည်။ "အရှက်မရှိလိုက်တာ"

ဒါပေမယ့် နောက်တစ်စက္ကန့်မှာ တွေးကြည့်လိုက်တော့ တစ်ဖက်လူက သူ့အန်တီလေးဖြစ်နေသည်။ သူ့မှာ မကျေမနပ်နဲ့ ပါးစပ်ပိတ်လိုက်ရတော့သည်။

ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး လုံးဝကို အရှက်မရှိတဲ့ပုံပေါ်နေကာ အဲ့ဒါကိုဂုဏ်ယူနေသည်။ "မတတ်နိုင်ဘူးလေ၊ ငါက အရမ်းချစ်နေမိတော့လည်း။ ငါ့ကောင်မလေးနဲ့ အဝေးမှာ မနေနိုင်ဘူးလေ ငါဘာလုပ်နိုင်မှာလဲ?"

သူ့ရဲ့စိတ်ကြီးဝင်ကာ၊ ကြွားဝါနေတဲ့ သဘောထားကိုမြင်တော့ စုန့်လင်းချွမ်မှာ ပိုဒေါသထွက်လာပြီး သူ့ကိုကန်တော့သည်။ "လစ်စမ်း!"

ဘယ်လိုတောင်ချဉ်လိုက်တဲ့ စပျစ်သီးတွေလဲ။

ဒီခွေးကို သူ့အန်တီလေးဘယ်လို သည်းခံနေလဲမသိဘူး။

ဒါပေမယ့် ဒါပေါ့၊ သူ့အန်တီလေးက သည်းခံနေတာမဟုတ်ဘဲ သဘောတောင်ကျနေမှန်း စုန့်လင်းချွမ်ကတော့မသိပါချေ။

-

ဖေးခွမ်ရဲ့ scene တွေကို ရိုက်တာ လဝက်လောက်အချိန်ယူလိုက်ရသည်။

သူ့ရဲ့နောက်ဆုံး ရိုက်ကူးရေးနေ့က ဖြစ်ချင်တော့ ချီရှီးပွဲတော်၊ တရုတ်ချစ်သူများနေ့ဖြစ်သည်။

အဲ့ဒီနေ့မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် အရေးကြီးတဲ့ နေထွက်တဲ့ scene ကိုရိုက်ရမှာဖြစ်တဲ့အတွက် ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့မှာ ၃နာရီမထိုးခင်ကတည်းက တောင်ပေါ်တက်လာရသည်။ သူတို့ရဲ့မိတ်ကပ်တွေ အဝတ်အစားတွေပြင်ဆင်လို့ပြီးတော့ ပစ္စည်းတွေအားလုံးလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

scene တချို့ကို ရိုက်ကူးလို့ပြီးတော့ နောက်ဆုံး ဒါရိုက်တာချီက စိတ်ကျေနပ်သွားပြီး သူတို့နှစ်ယောက်ကို အိပ်ရေးဝဝအိပ်ဖို့ ဟိုတယ်ပြန်ခွင့်ပြုလိုက်သည်။

အလုပ်မရှုပ်ရအောင် ဖေးခွမ်က ဒီဒရာမာ ရိုက်ကူးရေးတစ်လျှောက် စုန့်လင်းချွမ်ကားနဲ့ပဲ မျှစီးခဲ့တာဖြစ်သည်။ ကားက ဟိုတယ်ကိုရောက်တော့ သူတို့နှစ်ယောက်လည်း ကားထဲက ထွက်လာကာ ဟိုတယ်ထဲဝင်လာရင်း စကားပြောနေကြသည်။

ဓာတ်လှေကားဆီ သူတို့ရောက်တဲ့အခါ ဖေးခွမ်ရဲ့လက်ထောက် လျှိုဟောက်က ပစ္စည်းပို့သမားဆီကနေ နှင်းဆီပန်း ပန်းစည်းကြီးလက်ခံနေတာကို တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရသညိ။

သူ လှည့်လာတော့ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ကိုတွေ့ပြီး အံ့ဩသွားသည်။

အဲ့ဒီအချိန် ဓာတ်လှေကားရောက်လာတော့ သုံးယောက်သားဝင်လိုက်ကြသည်။

စုန့်လင်းချွမ်က သာမာန်ကာလျှံကာ မေးလိုက်သည်။ "ဟေး၊ ဒီပန်းတွေက ဘယ်သူ့အတွက်လဲ?"

လျှိုဟောက်က ဖေးခွမ်ကို ဗလာဖြစ်စွာနဲ့ ကြည့်လိုက်ပြီး ဘာမှမပြောပေ။

စုန့်လင်းချွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ဖေးခွမ်ကို အန္တရာယ်ရှိတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။ "မင်းဟာလား?"

ဘာဖြစ်နေလဲဆိုတာ ဖေးခွမ် အကြမ်းဖျင်းခန့်မှန်းမိလိုက်ပြီး တောင့်တောင့်ကြီး ပြန်ဖြေလိုက်သည်။ "ငါ့အတွက်ဖြစ်မယ်"

ဒါကိုကြားတော့၊ စုန့်လင်းချွမ်ရဲ့အမူအရာက ချက်ချင်းပြောင်းသွားသည်။ သူက ဖေးခွမ်ကိုကော်လာကနေဖမ်းဆွဲလိုက်ပြီး "သေစမ်း မင်း! ဒီလိုနေ့မှာတောင် တခြားသူဆီက ပန်းကို လက်ခံရဲတယ်!"

ဖေးခွမ်မှာ တန့်သွားပြီး ရုတ်တရက် နည်းနည်းအဓိပ္ပါယ်မဲ့သလို ခံစားလိုက်ရသည်။ "မဟုတ်ဘူး နေဦး၊ စဉ်းစားကြည့် ဒါတွေက တခြားသူဆီက မဟုတ်ဘူးဆိုရင်ရော?"

စုန့်လင်းချွမ်မှာ ဒေါသထွက်နေဆဲဖြစ်ပြီး လုံးဝမရိပ်မိသေးပေ။ "ငါနဲ့လာမကစားနေနဲ့။ အဲ့ဒါတွေက တခြားသူဆီက မဟုတ်ဘူးဆိုရင်၊ ဘယ်သူ့ဆီကဖြစ်နိုင်...."

သူ့မှာပြောနေရင်းတန်းလန်း ပန်းတွေက ဘယ်သူ့ဆီကလဲဆိုတာ နောက်‌ဆုံးသဘောပေါက်သွားသည်။

စုန့်လင်းချွမ်က ကိုးရိုးကားရားနဲ့ ဖေးခွမ်ကိုလွှတ်ပေးလိုက်ပြီး ချောင်းနည်းနည်းဟမ့်လိုက်ကာ ကသိကအောက် ဖြစ်တာကို ရှင်းလိုက်သည်။

ဓာတ်လှေကားက ဖြည်းဖြည်းချင်းတက်လာသည်။

လျှိုဟောက်မှာ ချက်ချင်း ပျောက်ကွယ်သွားချင်မိသည်။ သူ့လက်ထဲက ပန်းစည်းကြီးက အာလူးပူကြီးတစ်လုံးလိုပင်။

စုန့်လင်းချွမ်က ပန်းတွေကိုတစ်ချက်ကြည့်လိုက်ပြီး ခေါင်းလှည့်လိုက်ပေမယ့် ‌မနေနိုင်ဘဲ ဒုတိယတစ်ခေါက်ကြည့်လိုက်ပြီး နောက်တော့ တတိယအခေါက်....

'ဒင်' ဆိုတဲ့အသံနဲ့အတူ ဓာတ်လှေကားတံခါးက နောက်ဆုံးတော့ ပွင့်သွားသည်။ စုန့်လင်းချွမ်လည်း ခပ်မြန်မြန်အရင်ထွက်သွားတော့သည်။

လျှိုဟောက်က မထွက်တော့ပေ။ သူ့အခန်းက ဒီအထပ်မှာ မဟုတ်ပေ။

သူက တိတ်တဆိတ်နဲ့ ပန်းတွေကို ဖေးခွမ်ဆီကမ်းပေးလိုက်ပြီး နောက်တော့ သူ့ထွက်သွားတာမြင်တော့ ပိတ်တဲ့ခလုတ်ကိုနှိပ်လိုက်သည်။

သူတို့အခန်းတွေက ဘေးကပ်ရပ်ဖြစ်သည်။ ဖေးခွမ် လျှောက်လာတဲ့အချိန် စုန့်လင်းချွမ်က သူ့အခန်းတံခါးကိုဖွင့်နေသည်။

"ဟေး၊ ငါ့အခန်းမှာ မနက်စာစားဖို့လာဦးမလား?" ဖေးခွမ်က မေးလိုက်သည်။

စုန့်လင်းချွမ် ရပ်သွားပြီး သူ့ကိုမယုံနိုင်စွာနဲ့ကြည့်လိုက်သည်။ "ငါ့အန်တီလေးက မင်းအတွက် မနက်စာပါပို့ပေးတယ်လား?"

ဖေးခွမ် - "...."

အဲ့ဒါကိုဝယ်ဖို့ သူ့လက်ထောက်ကိုပြောထားတာ သူ(စုန့်လင်းချွမ်) မဟုတ်ဘူးလား?

သူက သူ့အခန်းထဲ အစားအသောက်အနံ့ရနေတာကိုမကြိုက်လို့ ဖေးခွမ်ရဲ့အခန်းကို အထူးတလည်မှာခဲ့တာလေ။

အခု ဘာဖြစ်ပျက်သွားလဲဆိုတာ စုန့်လင်းချွမ်လည်း သဘောပေါက်သွားသည်။ သူက သာမာန်ကာလျှံကာ "အိုး" လို့ရေရွတ်လိုက်သည်။

အထဲကိုရောက်တော့ ဖေးခွမ်က ပန်းတွေကို စားပွဲပေါ်တင်လိုက်ပြီး မနေနိုင်ဘဲ ရယ်လိုက်သည်။

"ဟေး၊ အာ့နန်က ငါဆီ ပန်းမပို့လောက်ဘူးလို့ မင်းဘာလို့ထင်တာလဲ မေးလို့ရမလား?"

ဒါကိုကြားတော့ စုန့်လင်းချွမ်ကိုထပ်ပြီး စိတ်တိုသွားစေပြန်သည်။ "လစ်စမ်း! ကြွားနေတာ ရပ်လိုက်တော့!"

သူဘာလို့ မထင်ရမှာလဲ? ဒါကိုသူ လုံးဝမစဉ်းစားမိဘူး။ နောက်ဆုံးတော့ သူ့အန်တီလေးက အရင်ကလည်း ဒီလိုမျိုး မလုပ်ဖူးဘူးလေ။

"အရှက်မရှိလိုက်တာ။ ဒီလိုနေ့မျိုးမှာ မင်းဘက်က ငါ့အန်တီလေးကို ပန်းပို့ပေးသင့်တာ မဟုတ်ဘူးလား?" စုန့်လင်းချွမ်က မကျေမနပ်နဲ့ပြောလိုက်သည်။

ဖေးခွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး "ငါ မပို့ဘူးလို့မင်းဘယ်လိုသိလဲ"

စုန့်လင်းချွမ် - "...."

သူ့ကိုဘယ်လိုဆွရမလဲဆိုတာ ဖေးခွမ်က ပိုပြီးကောင်းကောင်းသိသည်။

တိုက်တိုက်ဆိုင်ဆိုင် သူတို့နှစ်ယောက် မနက်စာစားနေတဲ့အချိန် စုန့်အာ့နန်က ဗီဒီယိုကော ခေါ်လာသည်။

ခေါ်ဆိုမှုက ချိတ်ဆက်သွားတာနဲ့ စုန့်လင်းချွမ်က တစ်ဖက်ကနေ မကျေမနပ်ပြောလာသည်။ "အန်တီလေး၊ နင်က အချစ်ဆုံးဆိုတာတွေ ကစားနေတာဘဲ!"

စုန့်အာ့နန်မှာ နည်းနည်း နားမလည်ဖြစ်သွားပြီး ဘာဖြစ်နေလဲဆိုတာကို အခုထိသဘောမပေါက်သေးပေ။

ဖေးခွမ်က သူတို့ဘေးက ပန်းတွေကိုပြလိုက်မှ သူမချက်ချငသဘောပေါက်သွားသည်။

စုန့်အာ့နန်မှာ ကူကယ်ရာမဲ့ဖြစ်သွားရသည်။ သူမက ခေါင်းကုတ်လိုက်ပြီး "လင်းချွမ်၊ ဒီလိုနေ့မျိုးမှာ ငါ နင့်ဆီ ပန်းတွေပို့ရင် ကြောင်တောင်တောင်မနိုင်ဘူးလား?"

စုန့်လင်းချွမ် - "...."

သူ ဆိုလိုချင်တာက အဲ့ဒါလာလို့?!

"ငါက ပန်းတွေကိုပြောတာမဟုတ်ဘူး!" သူက ဒေါသတကြီးနဲ့ပြောလာသည် "အန်တီလေး သူ့ကိုအလိုလိုက်နေတာရပ်လိုက်တော့။ အရွယ်ရောက်နေတဲ့သူက ဘယ်လိုလုပ် ပန်းတွေလိုမှာလဲ?"

စုန့်အာ့နန် - "???"

အမ်....သူက ပန်းတွေအကြောင်းပြောနေတုန်း မဟုတ်ဘူးလား?!

All Chapters