အခန်း (၁၃၈)
Vol. 11 Ch. 138
စုန့်အာ့နန်က သူမရဲ့ တူနဲ့ နှစ်ယောက်သား အတော်ကြာငြင်းခုံခဲ့ကြပေမယ့် တစ်ဖက်ကိုလည်း မယုံကြည်နိုင်ကြပေ။
စုန့်လင်းချွမ်ရဲ့အမြင်အရ ယောက်ျားလေးတွေကို အလိုမလိုက်သင့်ပေ။ မဟုတ်ရင် သူတို့တွေ ပျက်စီးသွားလိမ့်မည်။
ဒါပေမယ့် စုန့်အာ့နန်ကတော့ ဆက်ဆံရေးတစ်ခုမှာ နှစ်ဦးနှစ်ဖက် ပေးကြ ယူကြတာက ရေရှည်တည်တံ့နိုင်လိမ့်မယ်လို့ ဆိုသည်။
ဒါ့ပြင်၊ နှစ်ဦးနှစ်ဖက်လုံးအတွက် ထုံးတမ်းဓလေ့တစ်ခုလည်းလိုအပ်ကြောင်း သူမက ထောက်ပြပြောဆိုသည်။ ဒါကြောင့်၊ သူမက ဒီလိုနေ့တွေမှာ တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်တွေပေးကြဖို့ တိုက်တွန်းသည်။
သူမရဲ့စကားကြောင့် စုန့်လင်းချွမ် မျက်မှောင်ကြုတ်သွားသည်။ စုန့်အာ့နန် ဘာပြောပြော သူက မလှုပ်ပေ။
ဒါပေမယ့် ဗီဒီယိုကော ပြောပြီးသွားတဲ့အခါ သူက ဖေးခွမ်ကို မနာလိုသလိုကြည့်လိုက်ပြီး ချဉ်တူးတူးနဲ့ပြောလာသည်။ "ဟမ့်! ငါ့အန်တီလေးလို ကောင်မလေးရှာတွေ့သွားတာ မင်းက ကံကောင်းတဲ့ ခွေးကောင်ပဲ"
ဖေးခွမ်လည်း ထောက်ခံပြီး ဂုဏ်ယူသလိုပြောလိုက်သည်။ "ငါလည်း အဲ့ဒီလိုပဲထင်တယ်"
သူ့ကောင်မလေးက အရမ်းကောင်းတာ။
သူ့ရဲ့သဘောထားကိုမြင်တော့ စုန့်လင်းချွမ်မှာ အရမ်းစိတ်တိုလွန်းလို့ သွားတွေပါ ယားလာရသည်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ သူ့ကို သူပြန်မပြောတော့ပေ။
အဖိုးတန်တူလေးက အချစ်ကျေးကျွန်နဲ့ဆုံတဲ့အခါ မြင်ကွင်းက ထူးထူးခြားခြား လိုက်ဖက်ညီနေသည်။
ဖေးခွမ်က တရုတ်မှာရှိတဲ့ ကိစ္စတွေအားလုံးကို ကိုင်တွယ်ပြီးတဲ့နောက် စက်တင်ဘာလ နှောင်းပိုင်းမှာ သူနိုင်ငံကနေ ခပ်မြန်မြန်ထွက်လာသည်။
ကျောင်းအသစ်ကို ရောက်တဲ့အခါ လုပ်စရာကိစ္စတွေအများကြီးရှိတဲ့အတွက် သူတို့နှစ်ယောက်မှာ အလျင်စလို မတွေ့ရသေးပေ။
စုန့်အာ့နန်က ဓာတ်ခွဲခန်းအနီးမှာ တိုက်ခန်းတစ်ခန်းငှားထားသည်။ ပတ်ဝန်းကျင်ကလည်း သာယာကာလုံခြုံသည်။ ဒါက ဖေးခွမ် သူမနဲ့အတူ ဒီနေရာကိုလိုက်လာတုန်းက သူ အထူးတလည် ရှာပေးခဲ့တဲ့ တိုက်ခန်းဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း သူမ ဒီမှာရှိနေတာ သုံးလလောက် ရှိနေပြီဖြစ်သည်။ သူမ ကိုယ်တိုင်က သုတေသန ပရောဂျက်တွေနဲ့ နေ့တိုင်အလုပ်များနေပြီး သူမရဲ့အဖွဲ့ဝင်တွေနဲ့လည်း အဆင်ပြေပြေရှိသည်။
အိမ်ပြန်ရောက်တဲ့အခါ သူမနဲ့ ဖေးခွမ်တို့ နေ့တိုင်းနီးတိုင်း ဗီဒီယိုကောပြောဖြစ်ကြသည်။ အလုပ်များနေရင်တောင်မှ သူတို့တွေ မိနစ်အနည်းငယ်လောက်စကားပြောကြရင်း တစ်ယောက်မျက်နှာတစ်ယောက် မြင်ရရုံနဲ့တင် ကျေနပ်ကြသည်။
ဒီတစ်ခေါက် ဖေးခွမ် အလုပ်ရှုပ်တဲ့အချိန်ပြီးရင် သူမတို့တွေ ပိုပြီးမကြာခဏ တွေ့နိုင်တော့မည်ဖြစ်ကာ အဲ့ဒီအကြောင်း တွေးကြည့်လိုက်ရုံနဲ့ စုန့်အာ့နန်မှာ ပျော်မြူးနေရသည်။
အဲ့ဒီည စုန့်အာ့နန် တိုက်ခန်းကိုပြန်ရောက်တဲ့အခါ သူမက ဖေးခွမ်ဆီ မက်ဆေ့ခ်ျပို့ပြီး သူဘာလုပ်နေလဲလို့ မေးချင်သွားသည်။
ဒါပေမယ့် သူမရဲ့ အဆောင်ခန်းဂရုချက်မှာ ရုတ်တရက် တစ်ခုခုကို ဆွေးနွေးနေကြသည်။ လီစစ်ရွှေ့က သူမကို မန်းရှင်းခေါ်ထားသည်။
လီစစ်ရွှေ့- [အာ့နန်လေး၊ ငါတို့တွေ စကားမပြောဖြစ်တာ အတော်ကြပြီနော်။ နင် ငါတို့ညီအစ်မတွေကို သတိရသေးရဲ့လား?]
ချန်ခယ့် - [ကျွတ်စ် ကျွတ်စ်၊ နင့်မှာ ငါတို့ကိုသတိရဖို့အချိန်တောင်မရှိဘူးထင်တယ်။ အခု ဖေးခွမ်က အဲ့ဒီမှာရှိနေတာလေ၊ နင်တို့ အချစ်ငှက်နှစ်ယောက် ချစ်ကြည်နူးတစ်တီတူးရင်း အလုပ်ရှုပ်နေကြမယ်ထင်တယ်]
လီစစ်ရွှေ့ - [ဟင်? ပြန်မဖြေဘူး? အိပ်ပျော်နေတာများလား?]
ချန်ခယ့် - [ဖြစ်နိုင်တယ်။ အခု အဲ့ဒီမှာ စုန့်အာ့နန်အတွက်ဆိုညဘက်လေ]
ချိုက်ရှောင်တိ - [ နင်တို့တွေရူးနေကြလား? အဲ့ဒီမှာ အခုမှ ကိုးနာရီကျော်လောက်ပဲရှိဦးမှာ။ ချစ်စိတ်ပြင်းပြနေတဲ့ညမဟုတ်ရင် သူမ ဘယ်လိုလုပ် အစောကြီးအိပ်နိုင်မှာလဲ!]
လီစစ်ရွှေ့ - [မတတ်နိုင်ပေမယ့် ထောက်ခံတယ်!!!]
ချန်ခယ့် - [ မတတ်နိုင်ပေမယ့် ထောက်ခံတယ်!!!]
စုန့်အာ့နန် - [....]
ချိုက်ရှောင်တိ - [အိုး ငါ့ရဲ့အာ့နန်လေး၊ နင် ပေါ်လာတာအချိန်ကိုက်ပဲ]
လီစစ်ရွှေ့ - [မျှမျှတတပြောရရင်၊ နည်းနည်း သဘောမတူတာ အရမ်းများနေတဲ့ပုံပဲ]
ချန်ခယ့် - [ဝိုး~ ဒီတော့ တကယ်ပဲ ချစ်စိတ်တွေပြင်းပြနေတဲ့ညပေါ့?!]
ဂရုထဲက မက်ဆေ့ခ်ျတွေကိုမြင်တော့ စုန့်အာ့နန်မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
သူတို့ အရင်က သူမကို ဒီလိုမျိုး စဖူးပေမယ့် သူမက အမြဲတမ်း ဒီတိုင်းထင်မြင်ချက်ပဲပေးသည်။ ဒီလိုထိုင်ခုံပူပူမှာ ရုတ်တရက် ထိုင်လိုက်ရတာက သူမကို ဘာပြောရမှန်းမသိဖြစ်စေသည်။
စုန့်အာ့နန် - [မဟုတ်တာတွေ မပြောနဲ့၊ သူ အခုမှကျောင်းရောက်လို့ အလုပ်များနေတာ အခုထိ ဒီကိုမလာရသေးဘူး။ ပြီးတော့ ငါတို့ဆက်ဆံရေးက အခုထိအဲ့ဒီအဆင့်မရောက်သေးဘူး]
လီစစ်ရွှေ့ - [မဖြစ်နိုင်တာ၊ နင်တို့တွဲနေတာ တစ်နှစ်တောင် ရှိတော့မှာမဟုတ်ဘူးလား? ဖေးခွမ်က တကယ်စိတ်ရှည်တာပဲ!]
စုန့်အာ့နန် - [တစ်နှစ်မပြည့်သေးဘူး၊ ရက်နည်းနည်းလောက်လိုသေးတယ်]
ချိုက်ရှောင်တိ - [တစ်နှစ်ပြည့်ပြီလား မပြည့်သေးဘူးလား ပြောနေတာ မဟုတ်ဘူး။ ငါ အခု အာ့နန်ကို တကယ် အင်တာဗျူးချင်တယ်။ ကျွတ်စ် ကျွတ်စ်၊ ဖေးခွမ်ရဲ့ ချောမောမှုကို နင်ဘယ်လိုတောင် ထိန်းထားနိုင်တာလဲ?!]
ချန်ခယ့် - [ဟေး၊ အဲ့ဒီလိုမပြောနဲ့။ ငါတို့ အာ့နန်လည်း ချောတာပဲ ဟုတ်ပြီလား?]
လီစစ်ရွှေ့ - [ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့အာ့နန်လေးလည်း ရုပ်ရည်ရှိပါတယ်။ သူ့ရဲ့အသားအရေတွေဆို ထိရတာ အရမ်းနူးညံ့ပြီး ချောမွေ့နေရော]
စုန့်အာ့နန် တကယ် သည်းမခံနိုင်တော့ပေ။ သူမက အမြန်ပဲ အသနားခံတဲ့ အီမိုဂျီအမျိုးမျိုးကို ဂရုထဲပို့လိုက်သည်။
ခဏလောက် ရယ်ပြီးသွားတော့ ကျန်တဲ့သူတွေက သူမကို ချိတ်ကနေ လွှတ်ပေးလိုက်ကြတော့သည်။
ချန်ခယ့် - [အိုး ဟုတ်သားပဲ၊ တစ်နှစ်ပြည့်ဖို့ ရက်နည်းနည်းပဲ လိုတော့တယ်လို့ ခုနတုန်းက အာ့နန်အပြောလိုက်တာပဲ။ ဒီတော့ နင်တို့ နှစ်ရက်လောက် anniversaryမလုပ်ဘူးလား? အစီအစဉ်တွေရှိလား?]
စုန့်အာ့နန် - [အင်း၊ သဘက်ခါကျရင် ငါတို့နှစ်ယောက်လုံးအားတယ် ဒီတော့ ငါတို့ ကမ်းခြေသွားဖို့ စီစဉ်ထားကြတယ်]
လီစစ်ရွှေ့ - [ကမ်းခြေက အရမ်း ရိုမန့်တစ်ဆန်တာပဲ။ အာ့နန်လေး၊ ငါတို့ဂုဏ်ယူရအောင်လုပ်လိုက်! သူ့ကို အရယူလိုက်!]
ချန်ခယ့် - [ဟုတ်တယ်၊ ဖေးခွမ်ပုံက အရမ်းလွယ်တဲ့ပစ်မှတ်ဘဲ။ လုပ်လိုက်တော့ အာ့နန် ဒီအခွင့်အရေးကိုလက်လွတ်မခံနဲ့!]
ချိုက်ရှောင်တိ - [လွယ်ကူတဲ့ ပစ်မှတ်ဆိုတာတော့ ထောက်ခံတယ်!!]
စုန့်အာ့နန် - [....]
သူမတို့ anniversary နေ့မတိုင်ခင် ဖေးခွမ်ရောက်လာသည်။ သူရောက်လာတဲ့အချိန် စုန့်အာ့နန်က အလှုပ်ရှုပ်နေတုန်းပင်။ ဒီတော့ သူက အနီးနားက ကော်ဖီဆိုင်မှာ သူမကို သွားစောင့်လိုက်သည်။
စုန့်အာ့နန် အလုပ်ပြီးသွားတော့ ဖေးခွမ်ပို့ပေးထားတဲ့ တည်နေရာအတိုင်း သွားလိုက်သည်။ ဖေးခွမ် တစ်ယောက် သူမရဲ့မျက်နှာချင်းဆိုင်ရှိ လမ်းတစ်ဖက်က ကော်ဖီဆိုင်ထဲ ထိုင်နေတာကို မြင်လိုက်ရသည်။
ဒါပေမယ့် စုန့်အာ့နန် မီးပွိုင့်စောင့်နေတုန်းမှာ အနောက်ကနေ ရုတ်တရက် သူမကို တစ်ယောက်ယောက်က ခေါ်လာခဲ့သည်။
ဘယ်သူလဲဆိုတာကိုမြင်တော့ သူမ မျက်မှောင်ကြုတ်သွားသည်။ ပြီးတော့ လမ်းတစ်ဖက်က ဖေးခွမ်ကို မြင်လိုက်ရတော့ သူမဘာသာ တွေးမိလိုက်သည်။ သေစမ်း!
ဒီလူက သူမတို့ဓာတ်ခွဲခန်းက ဖြစ်ပေမယ့် သူမတို့ရဲ့သုတေသနအဖွဲ့က မဟုတ်တဲ့အတွက် မကြာခဏပြောဆိုဆက်ဆံရလေ့မရှိပေ။ သို့ပေမယ့် အရင်တစ်ပတ်က သူ သူမရဲ့WeChatအကောင့်ကို သူမရဲ့အဖွဲ့က ကျောင်းနေဖက် စီနီယာအစ်မတစ်ယောက်ဆီကနေရခဲ့သည်။ ဒါပေမယ့် စုန့်အာ့နန်က ငြင်းလိုက်သည်။
တကယ်တော့၊ အစက သူမ သူ့ကိုငြင်းဖို့ရည်ရွယ်ချက်မရှိပါချေ။ ဓာတ်ခွဲခန်းမှာ တရုတ်လူမျိုးတွေသိပ်မရှိတဲ့အတွက် သူမတို့အားလုံး တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းထားတာ ကောင်းမယ်လို့ သူမတွေးခဲ့သည်။
ဒါပေမယ့် အဲ့ဒီကျောင်းနေဖက်စီနီယာက ဒီလူက သူမကိုလိုက်ချင်နေတာလို့ တိုက်ရိုက်ပြောပြလာသည်။ ဒါကြောင့် စုန့်အာ့နန် သူ့ကို ငြင်းခဲ့တာဖြစ်သည်။
သူမမှာ ကောင်လေးရှိတယ်လို့ ကျောင်းနေဖက် စီနီယာကနေတစ်ဆင့် သူမ ပြောခိုင်းခဲ့သေးသည်။ ဒါကြောင့် အခု သူက သူမကိုဘာလို့လိုက်နေတာလဲ?
"စုန့်အာ့နန်၊ ဟယ်လို၊ ကိုယ်က ရှုလင်းပါ" အဲ့ဒီလူက သူ့ကိုယ်သူ့ မိတ်ဆက်လာသည်။
စုန့်အာ့နန်လည်း ယဉ်ယဉ်ကျေးကျေးနဲ့ ခေါင်းညိတ်ပြလိုက်သည်။ "ဟယ်လို၊ ကျွန်မ ဘာကူညီပေးရမလဲမသိဘူး?"
ရှုလင်းက သူ့ဖုန်းကိုမြောက်ပြလိုက်ပြီး "ကိုယ် မင်းရဲ့ WeChat အကောင့်ကို ရနိုင်မလား?"
စုန့်အာ့နန်က ရပ်သွားပြီးနောက်တော့ ပြန်ဖြေလိုက်သည်။ "တောင်းပန်ပါတယ်၊ ကျွန်မမှာ ကောင်လေးရှိတယ်"
ဒါပေမယ့် ရှုလင်းက သူမ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ပြီး နောက်ပြန်မလှည့်သွားပါချေ။ အဲ့ဒီအစား သူကပြောလာသည်။ "ကိုယ်သိပါတယ်၊ တရုတ်က နာမည်ကြီး ဖေးခွမ်လေ။ ဒါပေမယ့် သူမှ ဒီမှာမရှိတာ"
စုန့်အာ့နန် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီတော့?
ရှုလင်းက ပခုံးတွန့်လိုက်ပြီး ဂရုမစိုက်သလို ကြည့်လိုက်ကာ "ဒီတော့ ကိုယ်ဂရုမစိုက်ဘူး။ မင်း အပိုရည်းစားတစ်ယောက်ရမှာ စိတ်ထဲထားလား?
သူ့စကားကြောင့် စုန့်အာ့နန်မှာ ထိတ်လန့်သွားရသည်။
အပိုရည်းစား?!
သူမ အရင်က ခေါင်းမာတတ်တဲ့သူတွေနဲ့ကြုံဖူးပေမယ့် ဒီလိုမျိုး တတိယဘီး လိုလိုလားလားဖြစ်ချင်နေတဲ့ အရှက်မရှိတဲ့လူမျိုးကို ပထမဆုံးတွေ့ဖူးတာပင်။
သူမမှာ ရည်းစားရှိနေမှန်း သိနေတာတောင် သူက တတိယဘီးဖြစ်ဖို့ တစ်ပြားမှကိုမလျှော့ဘူး!
"သူစိတ်ထဲထားတယ်"
တစ်ချိန်တည်းမှာဘဲ ဖေးခွမ်က သူမဆီ ရောက်လာကာ စုန့်အာ့နန်ပခုံးကို ဖက်လိုက်သည်။ "သူမက ရည်းစားထားရင် အရမ်းရွေးတာ"
ရှုလင်းကို အပေါ်အောက်ကြည့်ပြီးတဲ့နောက် သူက စိတ်ကြီးဝင်တဲ့အပြုံးနဲ့ ဆက်ပြောလာသည်။ "မင်းက သူ့ရဲ့စံနှုန်းတွေကို မမှီလောက်ဘူး"
ဖေးခွမ်ကိုမြင်တော့ ရှုလင်း အရင်ဆုံးအံ့အားသင့်သွားသည်။ နောက်တော့ သူဘာမှ လုပ်လို့မရတော့ဘူးဆိုတာသိတော့ ဒေါသတကြီး ထွက်သွားတော့သည်။
ဒါပေမယ့် သူနှစ်လှမ်းပဲလှမ်းရသေးသည် ရုတ်တရက် အနောက်ကနေ စုန့်အာ့နန်က ပြန်အော်ခေါ်လာသည်။ "ခဏနေပါဦး!"
စုန့်အာ့နန် သူ့ကိုခေါ်တာကြားတော့ ရှုလင်းချက်ချင်းလှည့်ကြည့်လာကာ ဖေးခွမ်ကို စိတ်ကြီးဝင်သလိုကြည့်လိုက်သည်။
စုန့်အာ့နန်က သူ့ကိုတည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး "ရှင့်ရဲ့ရည်ရွယ်ချက်ကို မေ့လိုက်တော့၊ ကျွန်မဘဝမှာ ရည်းစားကောင်လေး တစ်ယောက်ပဲရှိတယ်ဆိုတာ ရှင့်ကို ရှင်းရှင်းလင်းလင်းလပြောလိုက်မယ်"
"ဒီတော့ အနာဂတ်မှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်လို့ရှိရင်တော့ ကျွန်မ မယဉ်ကျေးတဲ့အတွက် အပြစ်လာမတင်နဲ့!"
ဒီကောင်မလေး တစ်ယောက်ယောက်ကို ခြိမ်းခြောက်တာကို ဖေးခွမ် မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပင်။ သူမက တော်တော်ရက်စက်တာပဲ။
ချစ်စရာကောင်းတဲ့ပုံလေးနဲ့ ရက်စက်တာ။
ဒ့ါပြင် ခုနတုန်းက သူမ ဘာပြောလိုက်တာ? သူမ ဘဝမှာရည်းစားကောင်လေးက တစ်ယောက်ပဲရှိတယ်?
ဖေးခွမ်ရဲ့နှုတ်ခမ်းထောင့်တွေက အလိုအလျောက် တွန့်ကွေးသွားသည်။ ဒီကောင်မလေးက အရမ်းချစ်စရာကောင်းတဲ့ပုံနဲ့ ဝန်ခံလာမယ်လို့ သူ မထင်ထားဘူး။
"ဒီကောင် မင်းကို လိုက်နေတာကြာပြီလား?" သူမေးလိုက်သည်။
စုန့်အာ့နန် ခေါင်းခါလိုက်ပြီး အရင်က ဘာဖြစ်ခဲ့လဲဆိုတာကို အမှန်အတိုင်း ရှင်းပြလိုက်သည်။ "ကျွန်မ သူ့ကို တကယ်မသိဘူး။ ဒီနေ့မတိုင်ခင်အထိ တစ်ခါမှလည်းစကားမပြောဖူးဘူး"
ဖေးခွမ်က "အိုး" လို့ဆိုလိုက်ပြီး သူ့မျက်နှာက ခံစားချက်ရှင်းရှင်းလင်းလင်း မဖော်ပြတဲ့အတွက် သူစိတ်ထဲထားလား မထားဘူးလားဆိုတာ မသေချာပေ။
စုန့်အာ့နန်က နှုတ်ခမ်းစုဝိုင်းလိုက်ပြီး အစမ်းသဘောနဲ့မေးလိုက်သည်။ "ဖေးခွမ်၊ ရှင်စိတ်ဆိုးလား?"
ဖေးခွမ်က သူမကိုကြည့်လိုက်ပြီး "မဆိုးပါဘူး" သူ ပြန်ဖြေလိုက်သည်။
စုန့်အာ့နန်က သံသယဖြစ်စွာ မေးလိုက်သည်။ "တကယ်လား?"
ဖေးခွမ်က သူမ နှာခေါင်းလေးကို တောက်လိုက်ပြီး လုံးဝစိတ်ထဲမထားတဲ့ပုံနဲ့ ကြည့်လိုက်သည်။ "တကယ်စိတ်မဆိုးဘူး"
နောက်တော့ သူက သူမဆံပင်တွေကို သပ်ပေးလိုက်ပြီး "ဒါ့ပြင်၊ ကိုယ်က ဘာစိတ်ဆိုးစရာရှိလို့လဲ? ကိုယ့်ကောင်မလေးကို အရမ်းလှနေလို့ အပြစ်တင်ရမှာလား? အဲ့ဒါက အဓိပ္ပါယ်မရှိဘူး"
သူ တကယ်စိတ်မဆိုးတာကိုမြင်တော့ စုန့်အာ့နန်ချက်ချင်း စိတ်အေးသွားရသည်။
အစောတုန်းက သူမ တကယ် စိုးရိမ်ခဲ့တာဖြစ်သည်။ ခုနတုန်းက အခြေအနေကို ဖေးခွမ် တကယ်အထင်လွဲသွားမှာ စိုးနေခဲ့တာဖြစ်သည်။
စုန့်အာ့နန်က "တစ်ယောက်ယောက်က ရှင့် နားလိုက်ကပ်နေရင်လည်း ကျွန်မ စိတ်မဆိုးပါဘူး" သူမရဲ့ ရပ်တည်ချက်ကို ဖော်ထုတ်ဖို့ အခွင့်အရေးယူလိုက်သည်။
ဖေးခွမ် မျက်ခုံးပင့်သွားပြီး မေးလိုက်သည်။ "တကယ်လာ?"
စုန့်အာ့နန် - "ဒါပေါ့!"
ဖေးခွမ်က အိုး လို့ဆိုလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလာသည်။ "ဒါဆို အရင်တစ်ခေါက် ရိုက်ကူးရေးလုပ်တုန်းက သဝန်တိုတာ ဘယ်သူများပါလိမ့်?"
စုန့်အာ့နန်မှာ တစ်ခဏလောက် ကြောင်သွားပြီး တစ်ခဏလောက် မတုံ့ပြန်မိတော့ပေ။
အရင်တစ်ခေါက် ရိုက်ကူးရေးလုပ်တုန်းက ဘာဖြစ်ခဲ့လို့လဲ?
ဖေးခွမ် - "အဟုတ်ပဲ မင်းကိုယ့်ကို ပျားတွေလိပ်ပြာတွေအများကြီးကို ဆွဲဆောင်နေလို့ အပြစ်တင်တာ ကိုယ်မှတ်မိသေးတယ်"
စုန့်အာ့နန် - "...."
ဘယ်တုန်းကလဲဆိုတာ သူမ မှတ်မိလိုက်ပြီ!
"အဲ့ဒါက မတူဘူး" သူမကဆိုလိုက်သည်။
"ဘယ်လို မတူတာလဲ?" ဖေးခွမ်က ခပ်ဟဟရယ်လိုက်ပြီး "အဲ့ဒါတွေကလည်း တစ်ဖက်သတ် လိုက်ကပ်နေတာပဲ မဟုတ်ဘူးလား?"
စုန့်အာ့နန်မှာ ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ "ဒါပေါ့၊ အဲ့ဒါက မတူဘူး။ သူက ရှင်နဲ့အိပ်ချင်နေတာလေ!"
အခြေအနေက ပိုပြီး လေးနက်လာသည်။
ဖေးခွမ်က ရယ်လိုက်ပြီး "အဲ့ဒါအတွက် မင်းကိုယ့်ကိုအပြစ်မတင်ဘူးလား၊ တင်လား?"
စုန့်အာ့နန်က ဟမ့်ခနဲလုပ်လိုက်ပြီး သာမာန်ကာလျှံကာ ပြန်ပြောလိုက်သည်။ "ဘာလို့ ရှင့်ကို အပြစ်မတင်ရမှာလဲ? ရှင်က အိပ်ဖို့အရမ်းကို ဖိတ်ခေါ်နေတဲ့ပုံ ပေါ်နေလို့လေ"
သူမ ပြောပြီးသွားတာနဲ့ ဘာပြောလိုက်မိလဲဆိုတာ သဘောပေါက်သွားသည်။ သူမရဲ့မျက်နှာမှာ ပြန်တဲ့လမ်းတစ်လျှောက်လုံး နားရွက်အထိ နီရဲလာခဲ့သည်။
ဒါတွေအားလုံး လီစစ်ရွှေ့တစ်ယောက် သူ့ပုံက အိပ်ဖို့အရမ်းဖိတ်ခေါ်နေတယ် ဆိုပြီး ပြောပြောနေလို့လေ။ သူမလည်း ဦးနှောက်ဆေးခံလိုက်ရတာပေါ့။
ဖေးခွမ်မှာ တစ်ခဏလောက် ကြောင်သွားပြီးမှ အကျယ်ကြီး အော်ရယ်လာသည်။ "မင်း ဘာပြောလိုက်တာ?
သူ့က အိပ်ဖို့ဖိတ်ခေါ်နေတဲ့ပုံ ပေါ်တယ်ပေါ့လေ?
"ဘာ....ဘာမှမဟုတ်ဘူး" စုန့်အာ့နန် မျက်လုံးတွေက ဘယ်ညာရွှေ့သွားပြီး ရှောင်ဖို့ကြိုးစားနေသည်။
ဒါပေမယ့် ဖေးခွမ်က သူမကို အခွင့်အရေးမပေးချေ။ "ငြင်းဖို့မကြိုးစားနဲ့။ ကိုယ်က အိပ်ဖို့အရမ်းဖိတ်ခေါ်နေတဲ့ပုံ ပေါ်နေတယ်ဆိုပြီး မင်းပြောလိုက်တာ ကိုယ်ကြားတယ်"
စုန့်အာ့နန် - "...."
သူသေသေချာချာကြားခဲ့တာကို ဘာလို့ မေးနေသေးလဲ!
ဖေးခွမ်က ခပ်ဟဟရယ်လိုက်ပြီး အသံတိုးတိုးနဲ့ပြောလာသည်။ "ဒီတော့ တကယ်တော့ မင်းလည်း ကိုယ်နဲ့အတူအိပ်ချင်နေတာပေါ့ ဟုတ်လား?"
စုန့်အာ့နန်မှာ ယိုင်သွားပြီး ဟန်ချက်ပျက်သွားလုနီးနီးပင်။
ဖေးခွမ်က သူမကိုလှမ်းထိန်းဖို့ အမြန်တုံ့ပြန်လိုက်ရပြီး သူမကို ဖက်ဖို့အခွင့်ကောင်းယူလိုက်သည်။
သူက သူမနားရွက်နားငုံ့လာပြီး တိုးတိုးလေးပြောလာသည်။ "စိတ်မပူပါနဲ့၊ ကိုယ်ကလည်း မင်းနဲ့ပဲအိပ်မှာပါ"
စုန့်အာ့နန် - "......"
သူမတို့က ပင်လယ်ကမ်းစပ်ကို သွားမှာလို့ စုန့်အာ့နန်ထင်ခဲ့ပေမယ့် ရောက်သွားတော့ ကျွန်းတစ်ကျွန်းဖြစ်နေမှန်း သိလိုက်ရသည်။
ကျွန်းက သိပ်မကြီးပေမယ့် ပတ်ဝန်းကျင်ကတော့ တကယ်ကောင်းသည်။ ကျွန်းပေါ်မှာ အပန်းဖြေစရာနေရာတွေလည်း အများကြီးရှိသည်။
သူတို့က ပင်လယ်ကမ်းစပ်နားရှိ သီးသန့်ဗီလာတစ်လုံးကို ဘိုကင်တင်ထားသည်။
ကောင်တာကနေ အခန်းကတ်ယူပြီးသွားတော့ သူတို့အခန်းကို လိုက်ပြပေးတဲ့သူနောက် လိုက်သွားလိုက်သည်။
ဗီလာက ထောင့်သုံးဘက်နဲ့ ပင်လယ်ဘက်ကို မျက်နှာမူထားကာ လှေကားထစ်တွေကနေ ရေတွေကိုအပွင့်မြင်နေရသည်။ ကျယ်ဝန်းတဲ့ ကိုယ်ပိုင်ရေကူးကန်လည်းပါသည်။
ဗီလာကို ပတ်ကြည့်ပြီးသွားတော့ စုန့်အာ့နန်က သိချင်စွာနဲ့မေးလိုက်သည်။ "အိပ်ခန်းက ဘယ်လိုလုပ်တစ်ခန်းပဲရှိတာလဲ?"
သီးသန့်ဗီလာလို့ သူမ ကြားတုန်းက အိပ်ခန်းအများကြီးပါမယ်လို့ ထင်ခဲ့တာဖြစ်သည်။ ဒါပေမယ့် သူမကိုအံ့အားသင့်သွားစေတာက အိပ်ခန်းတစ်ခန်းပဲပါပေမယ့် တခြားပရိဘောဂတွေကတော့ လုံးဝကိုအပြည့်အစုံပါသည်။
တံခါးဘောင်ကို မှီရင်းနဲ့ဖေးခွမ်က ရယ်ကာပြောလိုက်သည်။ "အိပ်ခန်းတစ်ခန်းပဲပါတာ ဘာဖြစ်လို့လဲ? ညကျရင် မင်းအတွက် ကိုယ့်အပေါ် အခွင့်အရေးယူဖို့ ပြီးပြည့်စုံနေလို့လား?"
ဒီဟာကိုသူပြောတာကြားတော့ စုန့်အာ့နန်က "ဒါဆို ရှင် ဒီည သတိထားနေတာ ကောင်းမယ်"
ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး မင်းရဲ့ဝန်ဆောင်မှုကိုစောင့်ကြည့်နေမယ်ဆိုပြီး ပြောနေသလိုပင်။ "ဒါက ပျော်စရာပဲ"
စုန့်အာ့နန်က ဒီအပြန်အလှန် ပြောနေတာကိုမရပ်ခင် သူ့ကိုစိုက်ကြည့်လိုက်သည်။
အမှန်တော့၊ အခန်းမျှသုံးတာက ဘာမှမဖြစ်ပေ။ ဘာဘဲဖြစ်ဖြစ် ဒါက ပထမဆုံးအကြိမ်မှ မဟုတ်ပဲ။
သူမ ဖေးခွမ်ရဲ့နေရာမှာ နေတုန်းကဆို သူက သူမကိုအခန်းထဲမှာနေစေသည်။ သူမ ဒါကို ကျင့်သားရနေပြီဖြစ်သည်။
သို့ပေမယ့် အစောပိုင်းတုန်းက လီစစ်ရွှေ့ပြောခဲ့တဲ့စကားက အမှန်ပင်။ ဖေးခွမ်က အရမ်းထိန်းချုပ်နိုင်တယ်လို့ သူမလည်း ခံစားရသည်။
သူမတို့ နမ်းကြတဲ့အခါ စိတ်အားထက်သန်လာတဲ့အခါလည်းရှိသည်။ အကြိမ်အများစုမှာ သူမတို့ကြား တစ်ခုခုပိုပြီး ဖြစ်လိမ့်မယ်လို့ သူမ ထင်ခဲ့ပေမယ့် အဆုံးမှာတော့ သူက ထိန်းထားခဲ့သည်။
သူဘယ်လို ဆက်လုပ်မှန်း စုန့်အာ့နန် မသိပေ။ တကယ်တော့ သူမ စိတ်မဝင်စားပေမယ့် သူမဘက်က စဖို့ဆိုတာလည်းမမှန်ပေ။
အဲ့ဒါက အရမ်းအဆင်မပြေဖြစ်ရသည်။
ဒါပေမယ့် သူမတို့ ကျွန်းပေါ်ရောက်တဲ့အချိန်က မှောင်နေပြီဖြစ်သည်။ ခဏအနားယူပြီးတဲ့နောက် ညစာစားဖို့အချိန်ရောက်လာသည်။
သူတို့ ညစာကိုဟိုတည်က စားသောက်ဆိုင်မှာစားလိုက်ပြီး သူတို့ဗီလာဆီမပြန်ခင် ကျွန်းတစ်ဝိုက် နာရီဝက်လောက် လမ်းလျှောက်ထွက်ကြသည်။
တစ်နေ့လုံး ကားစီးလိုက် လှေစီးလိုက်လုပ်ခဲ့ရတာကြောင့် စုန့်အာ့နန် အတော်ပင်ပန်းနေပြီဖြစ်သည်။ ဒီတော့ ပြန်ရောက်တဲ့အခါ သူမ ရေအရင်ချိုးလိုက်သည်။
သူမ ရေချိုးပြီးလို့ထွက်လာတော့ ဖေးခွမ်လည်းရေချိုးခန်းထဲ ဝင်သွားတော့သည်။
အိပ်ခန်းတစ်ခန်းပဲရှိပေမယ့် ဧည့်ခန်းနဲ့ ရေချိုးခန်းတွေကတော့ အတော်လေးကျယ်သည်။
စုန့်အာ့နန်က ဧည့်ခန်းက ဆိုဖာပေါ်မှာ ဖုန်းကြည့်နေရင်း ရုတ်တရက် ဖေးခွမ်အသံကို ကြားလိုက်ရသည်။ "အာ့နန်၊ ကိုယ့်အိတ်ထဲက သင်တုန်းဓား ယူပေးပါလား?"
စုန့်အာ့နန်က 'ကောင်းပြီ' လို့ပြန်ဖြေလိုက်ပြီး သူ့အိတ်ဆီသွားလိုက်သည်။
သူက သူမလိုမျိုး ခရီးဆောင်အိတ်နဲ့ လာတာမဟုတ်ဘဲ လွယ်အိတ်နဲ့လာတာဖြစ်သည်။
စုန့်အာ့နန် လွယ်အိတ်ဇစ်ဖွင့်လိုက်သည်။ အထဲမှာ ပစ္စည်းတွေ အများကြီး သိပ်မရှိတဲ့အတွက် အိတ်အသေးလေးထဲကနေ သင်တုန်းဓားကို ယူလိုက်သည်။
ဒါပေမယ့် သူမ သင်တုန်းဓားကို ယူလိုက်ပြီး အိတ်ကိုဇစ်ပိတ်တော့မယ့်အချိန် ရုတ်တရက် အထဲကနေ ဘူးတစ်ဘူးက ထွက်ကျလာခဲ့သည်။
စုန့်အာ့နန် ကုန်းကောက်လိုက်ပြီး ဘူးကိုသာမာန်ကာလျှံကာတစ်ချက်ကြည့်လိုက်ကာ အစပိုင်းတော့ သိပ်အများကြီး မတွေးလိုက်ပေ။ ဒါပေမယ့် အဲ့ဒါက ဘာလဲဆိုတာ သူမြင်တော့ လန့်သွားကာ အေးခဲသွားသည်။
ကွန်...ကွန်ဒုံး?!!