← Chapters

အခန်း (၁၃၉)

Vol. 11 Ch. 139

အခန်း (၁၃၉)

Vol. 11 Ch. 139

"ရှာတွေ့လား?"

ဖေးခွမ်ရဲ့အသံက ရေချိုးခန်းထဲကနေ ထပ်ထွက်လာသည်။

စုန့်အာ့နန်မှာ အရမ်းလန့်သွားပြီး သူမလက်ထဲက ပစ္စည်းကို ပစ်ချလုနီးနီးပင်။ "တွေ့တယ်၊ ခဏစောင့် ကျွန်မလာခဲ့မယ်"

သူမ အဲ့ဒီဟာကို အာလူးပူတစ်လုံးလို အိတ်ထဲ ပစ်ထည့်လိုက်ပြီး အမြန်ဇစ်ပိတ်လိုက်သည်။

သူမ ရေချိုးခန်းရှေ့ရပ်နေပြီး အထဲကရေကျသံတွေကိုနားထောင်နေလိုက်သည်။ သူမ ပါးပြင်တွေနီမြန်းလာသည်။

သူမအသက်ပြင်းပြင်းရှူလိုက်ပြီး ရေချိုးခန်းတံခါးကိုခေါက်လိုက်သည်။

"ခဏစောင့်"

ရေကျသံတွေက ရုတ်တရက် ရပ်သွားခဲ့သည်။ နောက်တော့ 'ကလစ်' ခနဲ ရေချိုးခန်းတံခါးပွင့်လာပြီး ဖေးခွမ်လက်ထွက်လာသည်။

"ကိုယ့်ကိုပေး"

"အိုး" စုန့်အာ့နန်က မိန်းမောနေကာပစ္စည်းကို သူ့လက်ထဲထည့်ပေးလိုက်သည်။ နောက်တော့ တတ်နိုင်သမျှ မြန်မြန်ပြေးသွားလိုက်သည်။

သူမ တစ်စက္ကန့်လေးတောင် မနေရဲတော့ပေ။

သူမရှက်စရာကောင်းတဲ့ အရာ တစ်ခုခုလုပ်မိသွားမှာ စိုးနေသည်။

ဒါပေမယ့် ဧည့်ခန်းထဲ ပြန်ရောက်လာတော့ စုန့်အာ့နန်တစ်ယောက် သူမကိုယ်သူမ တည်ငြိမ်အောင် မလုပ်နိုင်သေးပေ။ သူမစိတ်တွေက လုံးဝ ထိန်းမနိုင်သိမ်းမရဖြစ်နေသည်။

တစ်ခါကွန်ဒုံးဘူးအကြောင်း သူမတွေးလိုက်မိပြီး၊ နောက်တစ်ခဏမှာ ရေချိုးခန်းထဲက ရေကျ‌သံတွေကို ပြန်တွေးမိကာ ထွက်လာတဲ့ ဖေးခွမ်လက်ကို သူမပြန်တွေးလိုက်မိသည်။

တောင့်တောင့်တင်းတင်းနဲ့ ပြတ်သားတဲ့ကြွက်သားလိုင်းတွေမှာ ရေစက်တွေက ဖုံးအုပ်နေ‌သည်....

စုန့်အာ့နန် သူမ မျက်နှာကို ရှက်ရွံ့တကြီး အုပ်ထားလိုက်မိသည်။

အိုး မဖြစ်ဘူး၊ သူမ စိတ်တွေ ဖောက်လွှဲဖောက်ပြန်ဖြစ်နေတယ်လို့ ခံစားရတယ်။

ဖေးခွမ် ရေချိုးပြီးသွားလို့ ရေချိုးခန်းထဲ ထွက်လာတဲ့အချိန် စုန့်အာ့နန်က အိပ်ယာပေါ်မှာလှဲနေပြီး နည်းနည်းထူးဆန်းနေတာကို တွေ့လိုက်ရသည်။

အစောကြီးအိပ်တာလား?

"အိပ်ပျော်သွားပြီလား?" သူက့အနားရောက်လာပြီး ခပ်တိုးတိုးမေးလိုက်သည်။

စုန့်အာ့နန်က သူ့ကိုကျောပေးထားကာ စောင်အောက်မှာကွေးနေသည်။ စိုးရွံ့ထိတ်လန့်စွာနဲ့ သူမ ပြန်ဖြေလိုက်သည်။ "ဟင့်အင်း"

ဖေးခွမ် မျက်ခုံးပင့်သွားပြီး "အိပ်ယာအစောကြီးဝင်တယ်ဆိုတော့ ပင်ပန်းနေပြီလား?"

စုန့်အာ့နန်က နှုတ်ခမ်းဖိလိုက်ပြီး "....နည်းနည်း"

သိပ်မစဉ်းစားမိဘဲ ဖေးခွမ်လည်း ပြောလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆို အိပ်တော့။ တံခါးနဲ့ပြတင်းပေါက်တွေ ပိတ်ထားလား မပိတ်ထားရသေးဘူးလားဆိုတာ ကိုယ်သွားစစ်လိုက်ဦးမယ်"

မီးတွေပိတ်ပြီးလိုက်ပြီး အိပ်ယာဘေးက မီးအိမ်ကိုပဲ ဖွင့်ထားကာ သူက ဧည့်ခန်းထဲပြန်လာပြီး တိုက်ခန်းထဲက တံခါးနဲ့ပြတင်းပေါက်တွေကို သေချာစစ်လိုက်သည်။

ဒါပေမယ့် သေချာပေါက် စုန့်အာ့နန်က အိပ်မပျော်သေးဘူးပေါ့။ သူမက အိပ်ယာထဲတွင် လူးလိုက်လှိမ့်လိုက်နဲ့ သေအောင် စိတ်လှုပ်ရှားစိုးရိမ်နေသည်။

ဖေးခွမ် အိပ်ခန်းကို ပြန်ရောက်လာတဲ့အခါ သူက သူ့အနောက်က တံခါးကိုဖြည်းဖြည်းလေး ပိတ်လိုက်ပြီး တစ်ဖက်ကနေ ကုတင်ပေါ်တက်လိုက်သည်။

ဒီတော့မှ တစ်ခုခုထူးဆန်းနေကြောင်း နောက်ဆုံး သူသဘောပေါက်သွားသည်။

စုန့်အာ့နန်က အိပ်ရင် စောင်ကိုခေါင်းအထိ ခြုံထားရတာမကြိုက်ပေ။ အများစုမှာ သူမ ရင်ဘက်ပေါ်အထိသာ ခြုံတတ်သည်။ ခေါင်းကိုခြုံထားတာက အသက်ရှူမဝဘူးလို့ သူမပြောတတ်သည်။

အရေးကြီးဆုံး‌ကတော့ ဒီကောင်မလေးက မျက်လုံးပိတ်ထားပေမယ့် သူမရဲ့မျက်ခွံတွေက လှုပ်နေသည် - သေချာပေါက်ကို အိပ်ချင်ယောင်ဆောင်နေတာပဲ။

သူမျက်ခုံးနည်းနည်းတွန့်ချိုးသွားသည်။ သူမ သူ့ကိုရှောင်နေတာလား?

ဒါပေမယ့် ဘာကြောင့်လဲ?

အရင်ကလည်း သူတို့တွေ အခန်းမျှသုံးဖူးတာပဲလေ။

ဖေးခွမ် တစ်ခုခုကို စဉ်းစားမိသွားတဲ့ပုံပင်။ သူ့ဘေးက အိပ်ပျော်ချင်ယောင်ဆောင်နေတဲ့ ကောင်မလေးကို လှည့်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားသည်။ "ကိုယ့်အိတ်ထဲမှာ ဘာတွေ့လိုက်လို့လဲ?"

စုန့်အာ့နန်မျက်ခွံတွေ တဖျပ်ဖျပ်ဖြစ်သွားပေမယ့် ပြန်မတုံ့ပြန်လာပေ။

ဖေးခွမ်က စနောက်သလို ခပ်ဟဟရယ်လိုက်ပြီး သူမပါးကိုညစ်လိုက်သည်။ "ဟန်ဆောင်နေတာရပ်တော့။ မင်းနိုးနေတာကိုယ်သိတယ်"

သူမ စောင်ခြုံထားတာကို ဖယ်လိုက်ပြီး စုန့်အာ့နန်မှာ ရွေးချယ်စရာမရှိတော့ဘဲ မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်ကာ သူ့ကိုမှုန်ကုတ်ကုတ်ကြည့်လိုက်သည်။

သူမ ဟန်ဆောင်နေတာ သူသိပေမယ့် သူမကိုခေါ်လိုက်သေးသည်။

သူမ မကျေမနပ်ဖြစ်နေတာကို မြင်တော့ ဖေးခွမ် သူမကိုချော့ရတော့မည်။ သူက သူမရဲ့ပခုံးကနေ မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"အဲ့ဒီပစ္စည်းတွေကို အိမ်မှာလည်း ကိုယ်သိမ်းထားတာအကျင့်ဖြစ်နေပြီ။ အများကြီးမတွေးနဲ့"

စုန့်အာ့နန်မှာ တစ်ခဏလောက် နားမလည်ဖြစ်သွားသည်။ "အဲ့ဒါတွေက အိမ်မှာ အမြဲရှိနေတာလား?"

သူမ ဘယ်လိုလုပ် တစ်ခါမှမတွေ့ရတာလဲ?

"အင်း" ဖေးခွမ်က ခပ်တိုးတိုးရယ်လိုက်ပြီး "ဒါပေမယ့် အတိအကျပြောရရင် မင်းနဲ့မတွဲခင်က အဲ့ဒါတွေ ကိုယ့်မှာမရှိဘူး"

စုန့်အာ့နန်မျက်နှာမှာ နီရဲလာသည်။ သူမ မနေနိုင်ဘဲ ညည်းညူတဲ့ အသံနဲ့ပြောလိုက်သည်။ "ဘာအတွက် အဲ့ဒါကလိုတာလဲ?"

ဖေးခွမ်မှာ လုံးဝကို တည့်တိုးပြောလာသည်။ "တောင်းပန်တာထက်တော့ ပိုလုံခြုံတယ်လေ။ ကိုယ် လုံးဝ ထိန်းမနိုင်တော့တဲ့ တစ်နေ့ကျရင် အနည်းဆုံးတော့ မပြင်ဆင်ထားတာ မဖြစ်ဘူးတော့ပေါ့"

ပြောနေရင်းနဲ့ သူက သူမဆံပင်ကို ပွတ်ပေးနေကာ ပြုံးလိုက်ပြီး "ဒါပေမယ့် မင်း မလိုချင်သေးသရွေ့ ကိုယ့်ကိုယ်ကိုထိန်းထားနိုင်ပါတယ်"

စုန့်အာ့နန်က အကြည့်အောက်ပို့လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ "ထိန်းထားစရာမလိုပါဘူး"

ဖေးခွမ်က ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။ "မင်းဘာပြောလိုက်တာလဲ?"

စုန့်အာ့နန်က ခေါင်းမော့လာပြီး တစ်လုံးချင်းစီ အသံထွက်ပြောလာသည်။ "ကျွန်မ မလိုချင်တာမဟုတ်ဘူးလို့ပြောတာ!"

ဖေးခွမ်မှာ အသက်ရှုတွေ မှားသွားရပြီး သူ့ရင်မှာဒိတ်ခနဲခုန်သွားသည်။

သူက ရယ်သံသဲ့သဲ့နဲ့ မျက်ခုံးပင့်ကာ တုံ့ပြန်လာသည်။ "မင်းကတော့ အကုန်ပြောနေတော့တာပဲ။ ခဏနေကျမင်းကို ငိုအောင်လုပ်မိရင် ကိုယ့်ကိုအပြစ်မတင်နဲ့နော်"

စုန့်အာ့နန်မှာ လုံးဝကိုရှက်နေပြီဖြစ်သည်။ သူဒီလိုပြောတာကြားတော့ သူမကိုပိုပြီးတော့ စိတ်ဆိုးသွား‌စေသည်။

သူမ ဘယ်တော့မှ ငိုမှာမဟုတ်ဘူး! ပြီးတော့ သူ သူမကိုအထင်သေးတာကိုလည်း သဘောမကျဘူး!

သူမပိုတွေးလေ ပိုပိုပြီးဒေါသထွက်လာလေပင်။

သူမ စကားအကုန်ပြောနေတာလို့ ပြောတာက သူမကိုစိတ်ကြီးဝင်နေတာလို့ သူက လှောင်ပြောင်နေတာပဲ!

စိတ်လိုက်မာန်ပါ ဖြစ်သွားတဲ့တစ်ခဏမှာ စုန့်အာ့နန်တစ်ယောက် ဖေးခွမ်ကို သူမအောက်မှာဖိလိုက်ပြီး သူ့ညဝတ်အင်္ကျီက ကြယ်သီးတွေကို စပြီးဆောင့်ဆွဲလိုက်သည်။

သူမက သူ့ကိုမှားကြောင်း စကားလုံးတွေနဲ့မဟုတ်ဘဲ အပြုအမူနဲ့ သက်သေပြမည်။

ဖေးခွမ်မှာ ကောင်မလေးရဲ့ ရုတ်တရက် ရန်လိုတဲ့လုပ်ရပ်ကြောင့် စက္ကန့်အတော်ကြာ ထိတ်လန့်သွားရသည်။ သူ့ရဲ့အမူအရာက အရမ်းကွဲလွဲနေပြီး ရယ်ချင်တာနဲ့ စိတ်တိုတာကြား‌ဖြစ်နေသည်။

"ခဏနေဦး" သူက သူမကိုတားဖို့ကြိုးစားလိုက်သည်။

စုန့်အာ့နန်က မျက်လုံးတောင်ပင့်ကြည့်မလာဘဲ သူ့ရဲ့ညဝတ်အင်္ကျီနဲ့ တိုက်ပွဲဝင်နေတဲ့ထဲ လုံးလုံးလျားလျားအာရုံစိုက်ထားသည်။

ဘယ်လိုတောင် စိတ်တိုဖို့ကောင်းတဲ့ ကြယ်သီးတွေလဲ။ ဘာလို့ ဖြုတ်လို့မရတာလဲ?

ရွေးချယ်စရာမရှိတော့တဲ့ ဖေးခွမ်မှာ သူမရဲ့တုန်နေ‌တဲ့လက်တွေကို ခပ်တင်းတင်းဖိလိုက်သည်။

စုန့်အာ့နန်က သူ့ကိုစိုက်ကြည့်လိုက်ပြီး 'ဘာလို့လာတားနေတာလဲ?' ဆိုတဲ့ပုံနဲ့ ကြည့်လာသည်။

ဖေးခွမ်ရဲ့အကြည့်တွေက စူးရှနေသည်။ သူက သူမကိုမှုန်ကုတ်ကုတ်ကြည့်လိုက်ပြီး "လိုက်မကစားနေနဲ့၊ မင်းတကယ်ဆန္ဒရှိလို့လား?"

စုန့်အာ့နန်က နှုတ်ခမ်းကို စိလိုက်ပြီး "တစ်ချိန်လုံး ဆန္ဒမရှိနေတာက ရှင်ပဲ မဟုတ်ဘူးလား?"

ဖေးခွမ်မှာ မတရားစွပ်စွဲခံလိုက်သလို ခံစားလိုက်ရသည်

"ကိုယ်ဘယ်တုန်းက ဆန္ဒမရှိလို့လဲ? မင်း ကိုယ့်ကိုမေးဖူးလို့လား?"

စုန့်အာ့နန်က ပြန်ချေပသည်။ "ဒါဆို၊ ရှင်ကရော ကျွန်မကိုမေးဖူးလို့လား?"

ဖေးခွမ် - "...."

ကောင်းပြီ၊ သူ အရင်က တစ်ခါမှ မမေးဖူးဘူး။

အရင်ဆုံး စုန့်အာ့နန်ရဲ့ခံစားချက်ကို သူမသေချာလို့၊ ဒါကြောင့် သူ မလှုပ်ရှားတာပေါ့။ ပြီးတော့ နောက်ပိုင်း....အချိန်ကောင်းမဟုတ်ဘူးလို့ သူရိုးရိုးရှင်းရှင်းခံစားခဲ့ရလို့။

ထုံးစံအတိုင်း၊ သူလည်း တွန့်ဆုတ်နေမိတာဖြစ်သည်။

သူ သိပ်စိတ်မပါတာကိုမြင်တော့ စုန့်အာ့နန် သူ့ဆီကနေရုန်းထွက်ဖို့လုပ်လိုက်သည်။

သူမက ရုန်းထွက်ဖို့လုပ်နေရင်း စိတ်အချဉ်ပေါက်စွာ မကျေမနပ် ပြောလိုက်သည်။ "ဆန္ဒမရှိဘူးဆိုရင်လည်း မေ့လိုက်တော့။ ဘာပဲဖြစ်ဖြစ် ကျွန်မလည်း ကောင်းကောင်းအိပ်နိုင်တော့မယ် မထင်ဘူး!"

ဖေးခွမ် မျက်ခုံးပင့်သွားသည်။ သူက သူမရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး သူမကိုသူ့အောက်ဖိလိုက်ကာ သူတို့ရဲ့အနေအထားကို အလွယ်ကလေးပြောင်းလိုက်သည်။

ကစားပွဲပြောင်းသွားပြီ။

သူက သူမရဲ့နားရွက်ဘေးကို မှုတ်လိုက်ပြီး သူ့အသံက ခပ်တိုးတိုးနဲ့ စနောက်လာသည်။ "အတွေ့အကြုံမရှိရင်ပြောပိုင်ခွင့်မရှိဘူး။ ကောင်းကောင်းအိပ်ပျော်လား အိပ်မပျော်ဘူးလားဆိုတာ မင်း အရင်အကဲဖြတ်ဖို့ကြိုးစားရမှာပေါ့ ဟမ်?"

စုန့်အာ့နန် တုံ့ပြန်တာကိုမစောင့်နေဘဲ ဖေးခွမ်က သူမကိုချက်ချင်းငုံ့နမ်းလာသည်။

အနမ်းက အရင်ကထက်ပိုပြီး ပြင်းထန်သည်။ သူတို့နှုတ်ခမ်းတွေ ထိတွေ့သွားတာနဲ့ သူက သူမပါးစပ်ကိုဖိဖွင့်လိုက်ပြီး သူ့လျှာကတိုးဝင်လာကာ သူမပါးစပ်ထဲပတ်ပတ်လည်လှည့်ပတ်နေပြီး စုပ်ယူနမ်းရှိုက်လာသည်။

သူ့လက်ဖဝါးတွေဟာလည်း အပူလှိုင်းတွေသယ်ဆောင်လာကာ သူမတစ်ကိုယ်လုံးမှာ ရွေ့လျားနေပြီး သူမရဲ့ညဝတ်အင်္ကျီအောက် ဖြည်းဖြည်းချင်း လျောဝင်သွားကာ သူမခါးတစ်ဝိုက်လှည့်ပတ်နေသည်။

စုန့်အာ့နန်မှာ မတတ်နိုင်ဘဲ တုန်လှုပ်လာပြီး သူမရဲ့ကျောရိုးရင်းရှိ တုန်ယင်နေမှုမှာ လျှပ်စီးကြောင်းတစ်ခုလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပျံ့နှံ့သွားသည်။

ဒါပေမယ့် သူမ အသိစိတ်လွတ်ကာ နမ်းနေတုန်းမှာ ဖေးခွမ်က ရုတ်တရက်ရပ်သွားသည်။

သူမရဲ့လည်ပင်းကနေ သူ့ခေါင်းကမော့လာပြီး သူ့အသံကခပ်တိုးတိုးနဲ့ဩရှနေသည် "ခဏစောင့်"

"အာ" စုန့်အာ့နန်မှာ အသံပြုလိုက်ပြီး သူမ စိတ်က လုံးဝကိုမြူဆိုင်းနေသည်။

ဖေးခွမ်က ကုတင်တစ်ဖက်တစ်ချက်ကို လက်နှစ်ဖက်နဲ့အားပြုလိုက်ပြီး အောက်မှာလှဲနေတဲ့ စုန့်အာ့နန်ကို ငုံ့ကြည့်လိုက်သည်။

မီးရောင်ခပ်မှိန်မှိန်က သူမ မျက်နှာပေါ်ဖြာကျနေပြီး သူမရဲ့အကြည့်တွေက လိုအပ်ဆန္ဒတွေလွှမ်းနေကာ မျက်လုံးထောင့်တွေက စွဲမက်စရာကောင်းစွာ နီမြန်းနေသည်။

ဖေးခွမ် ချက်ချင်း ဖမ်းစားခံလိုက်ရသည်။ သူ့မျက်လုံးတွေထဲက တပ်မက်မှုတွေဟာလည်း ပိုပိုကြီးထွားလာကာ သူ့အသက်ရှူနှုန်း ဒီဂရီတွေလည်း ပြင်းထန်လာသည်။

သူ့ရဲ့နောက်ဆုံးကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေကို တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး "ကိုယ် ပစ္စည်းသွားယူလိုက်ဦးမယ်"

စုန့်အာ့နန် ဦးနှောက်တွေ ပိတ်သွားသည်။ သူမလုံးဝကို စိတ်ရှုပ်ထွေးသွားသည်။

ဘာပစ္စည်းလဲ?

ဒါပေမယ့် ဖေးခွမ်မှာ သူမကို ရှင်းပြဖို့အချိန်မရှိပေ။ သူက သူတို့အနားရှိ ဗီရိုဆီ တန်းတန်းမတ်မတ်သွားလိုက်သည်။

အဲ့ဒီတော့မှ သူ့အိတ်ထဲကနေ ဘူးအသေးလေးကို သူထုတ်လိုက်တာ စုန့်အာ့နန်မြင်လိုက်ပြီး နောက်ဆုံးတော့ သူဘာကိုဆိုလိုလဲဆိုတာ သူမ သဘောပေါက်သွားသည်။

ကွန်ဒုံးဘူးပဲ!

ဒါပေမယ့် သူမ မရှက်ရသေးခင်မှာဘဲ ဖေးခွမ်က သူမကိုထပ်ဖိထားနေပြီဖြစ်သည်။

သူက သူမနားရွက်နားက ဆံပင်တွေကို ညင်ညင်သာသာပွတ်လိုက်ပြီး သူ့အကြည့်တွေက စနောက်တဲ့အရိပ်အယောင်တွေပါနေကာ "အဆင်သင့်ပဲလား?"

စုန့်အာ့နန် ဘာမှမပြောပေ။ သူမက သူ့လည်ပင်းကိုဖက်ပြီး သူ့ကိုနမ်းလိုက်သည်။

အစောပိုင်းက သူ့လုပ်ရပ်တွေကို အတုခိုးကာကိုးရိုးကားရားဖြစ်နေပေမယ့် ဒီစကားလုံးတွေ မပါတဲ့ပြန်ဖြေမှုက သူမ ပြောနိုင်တာထက် ပိုပြောနေတာပင်။

သေချာပေါက်ကို ဖေးခွမ်လည်း ဒါကိုသည်းမခံနိုင်ပါချေ။ သူအမြန်ပဲ ထိန်းချုပ်ထားတဲ့ဇက်ကြိုးကို ဆုပ်ကိုင်လိုက်ပြန်သည်။

အခန်းလွတ်ထဲမှာ သူတို့ရဲ့အာရုံတွေက အချင်းချင်းဆက်နွယ်နေကာ ပွေ့ဖက်ထွေးပိုက်ထားကြသည်။

လေထုထဲတွင် လိုအင်ဆန္ဒတွေဖြင့် ပြည့်နှက်နေသည်။

နောက်ဆုံး၊ သူတို့ တစ်ယောက်နဲ့တစ်ယောက် ပြည့်ပြည့်ဝဝသက်ဆိုင်သွားကြပြီ။

တိမ်တွေမိုးတွေ အလှည့်အပြောင်း ပြီးသွားတဲ့နောက် စုန့်အာ့နန်မှာ အားတွေအကုန်သုံးလိုက်ရသည်။

သူမက ဖေးခွမ် ရင်ခွင်ထဲ အားကုန်နွမ်းလျစွာလှဲနေပြီး ကြွက်သားတစ်ခုလေးတောင်မှ မလှုပ်ချင်တော့ပေ။

ဖေးခွမ်က သူမနဖူးကိုနမ်းလိုက်ပြီး ခပ်တိုးတိုးမေးလိုက်သည်။"ရေချိုးချင်လား?"

ပထမတော့ ဘာမှမဖြစ်ပေမယ့် သူပြောပြီးသွားတော့ စုန့်အာ့နန် တစ်ကိုယ်လုံး စီးကပ်ကပ်နဲ့ သက်သောင့်သက်သာမရှိသလို ခံစားလိုက်ရသည်။ "ကျွန်မ မလှုပ်ချင်တော့ဘူး၊ ပင်ပန်းနေပြီ"

ဖေးခွမ်က ခပ်တိုးတိုးရယ်ပြီး ပြန်ပြောလိုက်သည်။ "မင်း လှုပ်ဖို့မလိုပါဘူး၊ ကိုယ် မင်းကို ချီသွားပေးမယ်"

စုန့်အာ့နန်မှာ သူမရဲ့ရှက်ကြောက်တာတွေကို ချန်ထားဖို့ခဏလောက် ရုန်းကန်ခဲ့ရပြီး သဘောတူလိုက်သည်။ "ကောင်းပြီ"

သူမတို့တွေက လုပ်စရာရှိတာတွေ လုပ်ပြီးသွားပြီမို့ ရှက်စရာလည်း ဘာမှမရှိတော့ပေ။

ဒါ့ပြင်၊ သူမမှာ ဘာအားမှကို မကျန်တော့ပေ။

ဖေးခွမ်က စုန့်အာ့နန်ကို ရေချိုးခန်းထဲ ချီသွားပေးသည်။ သူတို့အိပ်ယာကို ပြန်ရောက်လာတဲ့အချိန် နာရီဝက်ကျော်သွားပြီဖြစ်သည်။

"နာနေသေးလား?" ဖေးခွမ် မေးလိုက်သည်။ "ကိုယ်ကောင်တာဆီ ဖုန်းဆက်ပြီး ဆေးရှိလားလို့ မေးလိုက်မယ်"

စုန့်အာ့နန်မှာ သူ့ကိုဒေါသတကြီးနဲ့ ကန်လိုက်သည်။ "မမေးနဲ့!" သူမက ရှက်ရွံ့စွာနဲ့အော်လိုက်သည်။

ဘယ်လို‌တောင် လူကိုအရှက်ကွဲရအောင်!

"ကျွန်မက ဆရာဝန်၊ ရှင့်မဟုတ်ဘူး" စုန့်အာ့နန်က "ကျွန်မက အဆင်ပြေတယ်ဆို အဆင်ပြေလိုက်ပေါ့"

ဒါပေမယ့် ဖေးခွမ်က နည်းနည်းစိတ်ပူနေသေးသည်။ "ဒါပေမယ့် ကိုယ်တို့ အခုလေးတင်...."

စုန့်အာ့နန်အမြန် သူ့ပါးစပ်ကိုပိတ်လိုက်ရသည်။ "မပြောနဲ့!"

သူမ သူ့ကိုရေချိုးခန်းထဲ ချီသွားခွင့်ပေးခဲ့မိတာကို တကယ်နောင်တရနေပြီ။

ဝစ်ခါတစ်လေမှာ အရှက်အကြောက်ကို လွယ်လွယ်နဲ့ မဖယ်ပစ်တာက ပိုကောင်းသည်။ ဘာလို့လဲဆို‌တော့ ထပ်လိုတဲ့ အချိန်တွေရှိသေးလို့ပဲ။

ဒီကောင်မလေး ဘယ်လောက်တောင် ရှက်နေလဲဆိုတာကိုမြင်တော့ ဖေးခွမ် ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါလိုက်မိသည်။ သူက အကြောင်းအရာကို ပါးပါးနပ်နပ်နဲ့ပြောင်းလိုက်သည်။

"ဒီနေရာကို မင်းဘယ်လိုထင်လဲ?" သူက ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

သူမရဲ့ ရှက်ရွံ့ဒေါသတွေကြားထဲ နစ်ဝင်နေဆဲဖြစ်တဲ့ စုန့်အာ့နန်မှာ ဖေးခွမ်ပြောတာကို ဂရုမစိုက်‌မိလိုက်ပေ။

သူမမှာ ယောင်ဝါးဝါးနဲ့ "မင်း ဘယ်လိုထင်လဲ" ဆိုတာကိုဘဲကြားလိုက်သည်။

သူ ဘာကိုဆိုလိုချင်တာလဲ?

ရုတ်တရက် စုန့်အာ့နန် အတွေးတွေပေါ်လာရင်း မျက်လုံးတွေပြူးကျယ်သွားသည်။

ယောက်ျားလေးအများစုက မိန်းကလေးတွေနဲ့ ပထမဆုံး sex လုပ်တဲ့အခါ သူတို့ရဲ့စွမ်းဆောင်မှုအပေါ် ဘယ်လောက်အလေးထားတယ်ဆိုတဲ့ ဆွေးနွေးမှုတစ်ခုကို အရင်က အွန်လိုင်းပေါ်တွင် သူမ မတော်တဆ မြင်ဖူးသည်။

ဒီဟာက ယောက်ျားတွေရဲ့မာနနဲ့ဆိုင်တယ်လို့ဆိုကြသည်။

ဖေးခွမ်ကလည်း အဲ့ဒါကိုစိုးရိမ်နေတာများလား?

ဟုတ်လောက်တယ်၊ မဟုတ်ရင် သူဘာလို့မေးမှာလဲ?

စုန့်အာ့နန်မှာ အရင်က ဒီအကြောင်းကို ပြောရမှာ ရှက်ခဲ့ဖူးပေမယ့် သူမ အွန်လိုင်းပေါ်မှာဖတ်ခဲ့ဖူးတာကို သတိရလိုက်တော့ စိတ်လှုပ်ရှားစွာနဲ့ ပြန်တုံ့ပြန်လိုက်သည်။ "အရမ်းကောင်းတယ်လို့ ကျွန်မထင်တယ်!"

"အိုး" ဖေးခွမ်က အံ့သြသလိုဆိုလိုက်ပြီး စုန့်အာ့နန်တစ်ယောက် ဘာလို့ရုတ်တရက်ကြီး စိတ်အားထက်သန်လာလဲဆိုတာကို နားမလည်ပါချေ။

သူ့ရဲ့တုံ့ပြန်မှုကိုမြင်တော့ သူမက သူ့ကိုဟာသလုပ်တယ်လို့ သူထင်သွားမှာ စုန့်အာ့နန် စိုးရိမ်သွားသည်။ ဒီတော့ သူမကိုယ်ကို အားတင်းပြီး အသေးစိတ် ပြောဖို့ဆုံးဖြတ်လိုက်သည်။

"တကယ်ပါ၊ ကျွန်မှာ အတွေ့အကြုံမရှိပေမယ့် ဒီကိစ္စတွေရဲ့ ကောင်းတာဆိုးတာကိုတော့ ကျွန်မ ပြောနိုင်တယ်။ ရှင့်ရဲ့ခုနတုန်းက စွမ်းဆောင်ရည်က ရိုးရိုးသားသားပြောရရင် ကျွန်မစိတ်ထဲမှာတော့ အရမ်းကောင်းတယ်"

ဖေးခွမ်မှာ သူမရဲ့စကားကြောင့် နားမလည်ဖြစ်နေပေမယ့် တစ်ခုခုကိုသဘောပေါက်သွားတော့ သူ့မျက်နှာပေါ်ကအပြုံးမှာ အေးခဲသွားသည်။

ခဏနေပါဦး!

ဒီကိစ္စတွေမှာ?

သူ့ရဲ့စွမ်းဆောင်ရည်?

ဖေးခွမ် မတတ်နိုင်ဘဲ သူ့နဖူးကိုထိလိုက်မိသည်။ သူ့မှာရုတ်တရက်ကြီး ရယ်ရမလား ငိုရမလားတောင် မသိတော့ဘူး။

သူ မေးတာ အဲ့ဒါကိုမှ မဟုတ်ဘဲ!

ပြီးတော့ အဲ့ဒါကိုမေးတယ်ဆိုရင်တောင် သူမက အရမ်းကို တည့်တိုးပြောလာတာပဲ!

All Chapters