← Chapters

အခန်း (၁၄၄)

Vol. 11 Ch. 144

အခန်း (၁၄၄)

Vol. 11 Ch. 144

ဖေးခွမ်က ခပ်ဟဟရယ်ပြီး ကလေးမလေးကို စနေတာ ရပ်လိုက်သည်။ "မင်းအစ်ကိုပြောခဲ့သလိုပဲ၊ ဒီတိုင်း အလုပ်ကိစ္စတချို့ပါ"

စုန့်အာ့နန်က မယုံသလို သရော်လိုက်သည်။ "လူလိမ်! ရှင်နဲ့ အစ်ကိုကြီးက ဘယ်တော့မှ အလုပ်အကြောင်းဆွေးနွေးလို့ရတာမဟုတ်ဘူး"

တစ်ယောက် စီးပွါးရေးလောကက၊ တစ်ယောက်က ဖျော်ဖြေရေးလောက က။ လုံးဝကို ထပ်တူမညီနေဘူး။

ဖေးခွမ်က ရယ်လိုက်ပြီး "ကောင်မလေး၊ သူများတွေကိုလျှော့မတွက်နဲ့။ ကိုယ်လည်း ရင်နှီးမြှုပ်နှံတာတွေလုပ်တယ်။ စီးပွါးရေးအကြောင်း ကိုယ်တို့ ဘာလို့ပြောလို့မရမှာလဲ?"

စုန့်အာ့နန် တန့်သွားသည်။ သူပြောတာလည်းမှန်သည်။ သူနိုင်ငံခြားမှာ နေတုန်းက ရင်းနှီးမြှုပ်နှံတာတွေလုပ်ကြောင်း သူမ သိခဲ့ရသည်။ ဒါကြောင့် သူက သရုပ်ဆောင်စရာမလိုဘဲ သူမကို ဘယ်လိုထောက်ပံ့ပေးသလဲဆိုတာပင်။

"တကယ်လား?" သူမက သံသယနည်းနည်းဝင်နေဆဲပင်။

"ဒါပေါ့" ဖေးခွမ်က ဆက်ပြောလာသည်။ "ဒါပေမယ့် ကိုယ်တို့တခြားအကြောင်းတွေလည်း ပြောခဲ့သေးတယ်"

စုန့်အာ့နန် မျက်လုံးတွေက တောက်ပလာသည်။ "ဘာအကြောင်းပြောခဲ့သေးတာလဲ?"

ဖေးခွမ်က အပြုံးနဲ့ပြောလိုက်သည်။ "ကိုယ်တို့အကြောင်းနဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေပေါ့။ မင်းရဲ့အစ်ကိုက ကိုယ်တို့ရဲ့ အလုပ်သဘောသဘာဝအရ အနာဂတ်မှာ ကိုယ်တို့ရဲ့အလုပ်နဲ့ဘဝကိုဘယ်လို စီစဉ်ထားလဲလို့မေးတယ်"

အစကတော့ နားမလည်ဖြစ်နေပေမယ့် မကြာခင်မှာဘဲ စုန့်အာ့နန် နားလည်သွားသည်။ သူမရဲ့အပြောင်းအလဲမြန်တဲ့ အပြောင်းအရွှေ့တွေနဲ့ သူ့ရဲ့ကြာရှည်လှတဲ့ရိုက်ကူးရေး အချိန်ဇယားတွေကြောင့် သူမတို့ရဲ့အလုပ်အခြေအနေက ပြဿနာဖြစ်လာခဲ့သည်။

ဒါပေမယ့် ဒါက သူတို့အရင်ကလည်း မစဉ်းစားခဲ့တာ မဟုတ်ပေ။ အပြန်အလှန် နားလည်ပေးမှုတွေကြောင့် အခုချိန်ထိ သူတို့တွေ အဆင်ပြေနေကြတယ်မဟုတ်လား? ကြီးကြီးမားမား ကိစ္စမှမဟုတ်ဘဲ။

"ရှင် ဘာပြောလိုက်လဲ?" သူမ မေးလိုက်သည်။

သူမက အဲ့ဒီကိစ္စကို လေးလေးနက်နက် မတွေးထားကြောင်း ဖေးခွမ် ခံစားမိတဲ့အတွက် ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။ "ကိုယ်တို့လုပ်ခဲ့တဲ့အတိုင်းဘဲပေါ့"

"ဘာလို့လဲ၊ မင်းမှာ တခြားအတွေးတွေရှိလို့လား?"

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "ဟင့်အင်း၊ ကိစ္စတွေက တစ်ခုနဲ့တစ်ခုအဆင်ပြေနေတာဘဲလေ"

"အနာဂတ်မှာ ကျွန်မတို့တွေအနေနဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ်လို့ ထင်တယ်"

ဖေးခွမ်လည်း သဘောတူသည်။ "ကိုယ်လည်း အဲ့ဒီလိုပဲထင်တယ်"

အမှန်တော့၊ သူတို့လက်ထပ်ပြီးတဲ့အခါ ဘယ်လိုညှိနှိုင်းဖို့ စီစဉ်ထားလဲဆိုတာကို စုန့်ကျန်းဟွေ့ မေးခဲ့တာဖြစ်သည်။

စုန့်အာ့နန်လိုပဲ၊ ဖေးခွမ်လည်း သူတို့တွေအနေနဲ့ ကိစ္စတိုင်းကို ဖြေရှင်းနိုင်တယ်လို့ ခံစားရသည်။

ဒါ့ပြင်၊ သူက တခြားသူတွေထက်ပိုပြီး ဖြစ်နိုင်ခြေများစွာကို ထည့်သွင်းစဉ်းစားတတ်သည်။

တစ်ခုခုကိုသတိရသွားပြီး ဖေးခွမ်က ရုတ်တရက်မေးလာသည်။ "အာ့နန်၊ ဒီနေ့ အန်တီက ကိုယ့်အပေါ် အရမ်းကို နွေးထွေးနေတယ်လို့ မထင်ဘူးလား?"

စုန့်အာ့နန်မှာ အံ့ဩသွားပြီး "သူလား? ကျွန်မအတွက်တော့ ပုံမှန်ပါပဲ"

ဖေးခွမ် - "ဟုတ်တယ်"

ဖျော်ဖြေရေးလောကထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာကြောင့် သူ့အနေနဲ့ တခြားသူတွေရဲ့ စိတ်အခြေအနေနဲ့ သဘောထားပြောင်းလဲမှုအပေါ် အထိမခံဖြစ်တတ်သည်။ ဒီနေ့မှာ ကျောက်ယာတစ်ယောက် သူ့ကိုမတူကွဲပြားစွာ ကြည့်တာကို သူခံစားမိသည်။

သူမက သူ့ကိုရင်နာပြီးသနားနေတဲ့ပုံပင်။

စုန့်အာ့နန်က "အိုး! ကျွန်မ ယောင်းမက ရှင့်ကို အကဲခတ်နေတာထင်တယ်။ ရှင့်ကို ကြည့်ကောင်းတယ်လို့လည်း သူတွေးနေတာဖြစ်မယ်"

ဖေးခွမ်က သံသယဖြစ်မိပေမယ့် သူမရဲ့တုံ့ပြန်မှုတွေကိုတော့ အခြေခံလောက်ဘဲ အတည်ပြုနိုင်သည်။ ဒါက ကျောက်ယာအနေနဲ့ သူနဲ့ဆုံတာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သူ မသိတဲ့တစ်ခုခုဖြစ်ခဲ့တာသာ မဟုတ်ရင် သူမက ဘယ်လိုလုပ် ဒီလိုမတူကွဲပြားသလိုတုံ့ပြန်မှာတဲ့လဲ?

သူမကိုကြည့်ရင်း ဖေးခွမ်က အပြုံးနဲ့ပြောလိုက်သည်။ "အာ့နန်၊ မင်းမျက်လုံးတွေက အမှန်တိုင်းမပြောတဲ့အခါဆို ဂဏှာမငြိမ်ဖြစ်တတ်တယ်လို့ ကိုယ်ပြောခဲ့ဖူးလား?"

စုန့်အာ့နန် - "!!!"

တကယ်လား?

သူမနှုတ်ခမ်းဆူလိုက်ပြီး နောက်ဆုံး မရှင်းလင်းခင် တုံ့ဆိုင်းနေသည်။ အမှန်တော့၊ ဒီနေ့ သူမဘာသာသိခဲ့ရတာဖြစ်သည်။ ကျောက်ယာက ဖေးခွမ်အကြောင်း အွန်လိုင်းပေါ်မှာလိုက်ရှာကြည့်ပြီးဝော့ သူ့နောက်ခံအကြောင်းကိုသိခဲ့ရတာဖြစ်သည်။ ဒါကြောင့် ဒီနေ့ သူမက သူ့ကိုဘာလို့ သနားနေရတာလဲဆိုတာပင်။

သေချာပေါက် အရင်က သူမ အဲ့ဒီအကြောင်းကို နည်းနည်းလောက်ပဲသိခဲ့ပေမယ့် အွန်လိုင်းပေါ်မှာဖတ်ခဲ့ရတဲ့ အသေးစိတ် အကြောင်းအရာတွေလောက်တော့ မသိခဲ့ရပါချေ။ အထူးသဖြင့်၊ မျက်ရည်ကျလောက်အောင် ရည်ရွယ်ပြီး ရေးသားထားတဲ့ ဘလော့ဂါတွေရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းတွေကြောင့်ပင်။

လက်ပေါ်ခေါင်းတင်ပြီး ကုတင်ပေါ်မှာမှီနေရင်း ဖေးခွမ်တစ်ယောက် စုန့်အာ့ပြောပြခဲ့တာကို အကျဉ်းချုပ်ရင်း မျက်နှာကျက်ကို ဗလာသပ်သပ်ငေးကြည့်နေမိသည်။

သူက သူ့နောက်ခံနဲ့ မိသားစုအခြေအနေကို အခွင့်ကောင်းယူဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိပါချေ။ လီတုန်လည်း သူ့ရဲ့အခြေခံစည်းမျဉ်းကိုသိတာကြောင့် ဈေးကွက်ရှာဖွေရေးအတွက် အသုံးချမည်မဟုတ်ပေ။

ဒါပေမယ့် သူတို့မလုပ်ခဲ့ဘူးဆိုပေမယ့် တခြားသူတွေလုပ်တာကိုတော့ မတားနိုင်ပါချေ။ အထူးသဖြင့် ကျန်းမန်ရဲ့အဖြစ်အပျက်က အပေါက်တစ်ပေါက်ဖောက်လိုက်သလို မီဒီယာတွေက အစုလိုက်အပြုံလိုက်ရောက်လာကြသည်။

ရလဒ်အနေနဲ့၊ အခုတော့ သူ့ရဲ့အတိတ်အကြောင်း ဆောင်းပါးတွေက လုံးဝကိုမပြတ်လပ်နေပေ။ အရင်တုန်းကတော့ လီတုန်က လူတစ်ချို့ကို ဖျက်ချဖို့ကြိုးစားခဲ့ပေမယ့် ဖျက်လိုက်တာနဲ့ အသစ်တွေက ထပ်တက်လာဦးမည်ဖြစ်သည်။ နောက်ဆုံးတော့ သူတို့လည်း ဒီတိုင်းထား လိုက်တော့သည်။

အစောတုန်းက စုန့်အာ့နန် ပြောခဲ့တာကိုပြန်စဉ်းစားကြည့်ရင်း ဖေးခွမ်မတတ်နိုင်ဘဲ အကျယ်ကြီးရယ်လိုက်မိသည်။

အရင်တုန်းကတော့ မားကတ်တင်းအကောင့်တွေက ရေးထားကြတဲ့ အဲ့ဒီဆောင်းပါးတွေကို သူဖတ်ခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က ကြေကွဲဖွယ်စရာကောင်းအောင် အတတ်နိုင်ဆုံး ပုံဖော်ဖို့ကြိုးစားကာ သူ့ကိုသနားစရာကောင်းအောင် ပုံဖော်ထားကြသည်။

သို့ပေမယ့် ဖေးခွမ်ကတော့ သူ့ဘဝကို ဝမ်းနည်းစရာကောင်းတယ်လို့ ဘယ်တုန်းကမှ မခံစားရပါချေ။ ဆန့်ကျင်ဘက်အနေနဲ့ သူကတော့ အရမ်းကံကောင်းတယ်လို့ ခံစားရသည်။

သူငယ်ငယ်တုန်းက သူ့မိဘတွေက သူ့ကိုအထင်သေးခဲ့ပေမယ့် သူ့ကိုအရမ်းချစ်တဲ့ အဖွားတစ်ယောက်တော့ရှိသေးသည်။

နောက်ပိုင်းမှာ သူ့အဖွားနေမကောင်းဖြစ်တာကြောင့် အကြွေးတွေ အများအပြားနဲ့ သူဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရပေမယ့် သူ့ရဲ့ရုပ်ရည်ပေါ်မှီခိုပြီး ဖျော်ဖြေရေးလောကထဲ ဝင်ခွင့်ရခဲ့ကာ အကြွေးတွေကို အမြန်ဆပ်နိုင်ခဲ့ရလောက်အောင် ကံကောင်းခဲ့သည်။

နောက်တော့ သူ့ကိုစီမံတဲ့ကုမ္ပဏီဆီကနေ အမြတ်ထုတ်ဖိအားပေးခံခဲ့ရပေမယ့် စုန့်လင်းချွမ်နဲ့ သူဆုံခဲ့ပြီး လျော်ကြေးပေးဖို့ ပိုက်ဆံတွေ ချေးနိုင်ခဲ့သည်။

သူ့ခရီးတစ်လျှောက်လုံးမှာ ကံဆိုးမှုတချို့နဲ့ ကြုံတွေ့ခဲ့ရပေမယ့် အကြိမ်တိုင်းမှာ အန္တရာယ်ကနေ ဘေးကင်းရာကို ပြောင်းလဲနိုင်လောက်တဲ့အထိလည်း ကံကောင်းခဲ့သေးသည်။

ဒါပေမယ့် ဖေးခွမ်အတွက် အကောင်းဆုံးကတော့ အသင့်တော်ဆုံးအချိန်မှာ စုန့်အာ့နန်နဲ့ ဆုံခဲ့ရပြီး သူမကိုချစ်မိသွားတာဖြစ်သည်။

အဲ့ဒီအချိန်မှာ၊ သူ့အနေနဲ့ အချုပ်နှောင်ခံထားရတာတွေမရှိတော့ဘဲ သူမကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့ ယုံကြည်မှုနဲ့ ချစ်ဖို့သတ္တိတွေရှိလာသည်။ ဒါက ဖေးခွမ်အတွက် အကျေနပ်ရဆုံးအရာပင်။

သို့ပေမယ့် သူ့ကိုအပြစ်ရှိသလို ခံစားရအောင်လုပ်တဲ့အရာတစ်ခုလည်း ရှိသေးသည် - အဲ့ဒီကောင်မလေးဘက်က သူ့ကိုအရင်ချစ်မိသွားအောင် လုပ်မိခဲ့တာပင်။

သူမဘက်အကြာကြီး တစ်ဖက်သတ်ချစ်ခဲ့ရတာကို စဉ်းစားမိတဲ့အခါတိုင်း ဖေးခွမ်မှာ အရမ်းကိုစိတ်မကောင်းဖြစ်ရသည်။

ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ သူတို့ရဲ့ကျန်ရှိနေတဲ့ဘဝမှာ သူအခွင့်အရေးရခဲ့သည်။

စုန့်မိသားစု ဗီလာရဲ့တစ်ဖက်မှာ၊ စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့က ဆေးကြောသန့်စင်ပြီးသွားတော့ကုတင်ပေါ်တွင်ထိုင်ကာ စကားစမြည်ပြောနေကြသည်။

စုန့်ကျန်းဟွေ့က ဖေးခွမ်ရဲ့ သူ့ပိုင်ဆိုင်မှုအားလုံးကို စုန့်အာ့နန်ဆီ လူသိရှင်ကြားပေးမယ့် ရည်ရွယ်ချက်အပါအဝင် ဖြစ်ပျက်ခဲ့တာတွေကို အကြမ်းဖျင်းပြောပြလိုက်သည်။

ကျောက်ယာက အံ့ဩသွားပြီး "သူက တကယ် အဲ့ဒီလိုပြောခဲ့တာလား?"

စုန့်ကျန်းဟွေ့က ခေါင်းအသာညိတ်ပြလိုက်ပြီး "အင်း၊ သူ့နာမည်အောက်က ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေအားလုံးကိုတောင် ယူလာခဲ့တာ"

ကျောက်ယာက သက်ပြင်းချလိုက်ပြီး "ဒီကလေး ဖေးခွမ်က တကယ်ရိုးသားတဲ့ပုံပဲ"

စုန့်ကျန်းဟွေ့လည်း တစ်မူထူးစွာ သူမကို ပြန်မချေပခဲ့ပေ။

ရိုးရိုးသားသားပြောရရင် ဒါကို စုန့်လင်းချွမ်သာလုပ်ခဲ့ရင် သူတို့သေချာပေါက် အံ့ဩမိမှာမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူက ငယ်ငယ်လေးကတည်းက ဘာမှချို့တဲ့ခဲ့တာမဟုတ်ပေ။

ဖေးခွမ်ကတော့ မတူပေ။ ဘာမှမရှိဘူးဆိုတဲ့ ခံစားချက်ကို သူသိသလို စိတ်ဆင်းရဲမှုတွေကိုလည်း တွေ့ကြုံခံစားခဲ့ရသည်။ အခု သူပိုင်သမျှအရာအားလုံးက နှစ်ပေါင်းများစွာ သူ့ကြိုးစားအားထုတ်မှုကနေ ရရှိလာခဲ့တာတွေဖြစ်သည်။

ဒါပေမယ့် သူကတော့ အားလုံးကိုပေးဖို့ ဆန္ဒရှိသည်။

ကျောက်ယာက သက်ပြင်းချလိုက်ပြီး "သူကလိမ္မာတဲ့ကလေးပဲ၊ အာ့နန်က သူ့ကိုသဘောကျတယ်ဆိုတာကိုပါ ထည့်ပေါင်းလိုက်ရင် ကန့်ကွက်စရာဘာမှမရှိပါဘူး"

အရေးကြီးဆုံးက‌တော့၊ သူလည်း စုန့်အာ့နန်ကို အရမ်းချစ်သည်။

စုန့်ကျန်းဟွေ့က ဘာမှမပြောခဲ့ပေမယ့် ဒီနေ့ည စကားစမြည် ပြောပြီးတဲ့နောက်မှာတော့ သူ့သဘောထားက တော်တော်လေး ပျော့ပြောင်းသွားတာကို မြင်နိုင်သည်။

သူတို့စုံတွဲက တခြားအကြောင်းတွေလည်း တစ်ခဏလောက်ပြောလိုက်ကြသေးသည်။

တစ်ခုခုကိုသတိရသွားသလိုနဲ့ ကျောက်ယာက ရုတ်တရက် စုန့်ကျန်းဟွေ့ကို လှည့်ကြည့်လာကာ ပြောလိုက်သည်။ "ဟုတ်သားပဲ၊ ဒီနေ့ ဖေးခွမ်ရဲ့အမူအရာတွေက ရှင် ငယ်ငယ်တုန်းက ကျွန်မကိုလာကမ်းလှမ်းတုန်းကနဲ့ လုံးဝကိုတူတယ်နော်?"

စုန့်ကျန်းဟွေ့မှာ တစ်ခဏလောက် အံ့အားသင့်သွားသည်။ အဲ့ဒီလိုဖြစ်ခဲ့တဲ့ပုံပင်။

အဲ့ဒီတုန်းက သူ ကျောက်မိသားစုဆီသွားပြီး ကျောက်ယာကို လက်ထပ်ခွင့်သွားတောင်းတဲ့အခါ သူ့အိမ်၊ကားနဲ့ သူ့နာမည်အောက်က ပိုင်ဆိုင်မှုတွေအားလုံးကို ပေးမယ်လို့ ပြောခဲ့သေးသည်။

ကျောက်ယာက နှစ်ခါလောက် ကျွတ်သပ်လိုက်ပြီး "ဒါပေမယ့် အဲ့ဒီတုန်းက ရှင် ဖေးခွမ်လောက်တောင် ပိုက်ဆံမရှိခဲ့ဘူးပဲ။ ဒီလိုကြည့်လိုက်တော့ ဖေးခွမ်က ရှင့်ထက်တောင်ပိုကောင်းသေးတယ်!"

စုန့်ကျန်းဟွေ့က ကူကယ်ရာမဲ့စွာနဲ့ပြောလိုက်သည်။ "အဲ့ဒီတုန်းက ကိုယ့်အသက်က ဘယ်လောက်လဲ? အခုသူကအသက်ကြီးနေပြီလေ။ အခုသူ့အရွယ်တုန်းက ကိုယ်ဆိုရင်လည်း သူ့လောက်တော့ မနိမ့်ပါဘူး"

ကျောက်ယာ အဲ့ဒီအကြောင်း စဉ်းစားကြည့်လိုက်တော့ သူပြောတာမှန်မှန်း သဘောပေါက်လိုက်သည်။ သူမတို့က လက်ထပ်လို့ရတဲ့အရွယ်မှာ စောစောလက်ထပ်ခဲ့တာဖြစ်သည်။

သူတို့စုံတွဲက အတိတ်ကို ပြန်သတိရသွားပြီး အတိတ်ကအကြောင်းတွေကို ရုတ်တရက် ပြန်ဖွင့်မိလိုက်သလိုပင်။ သူတို့သတိပြန်ဝင်လာတဲ့အချိန် တစ်နာရီတောင်ကျော်သွားပြီဖြစ်သည်။ ဒီတော့ နှစ်ယောက်သား အမြန်မီးပိတ်ကာ အိပ်ယာဝင်ကြတော့သည်။

မနက်ဖြန်က နှစ်သစ်ကူးဖြစ်တာကြောင့် ကလေးတွေကို စာအိတ်နီပေးဖို့ သူတို့စောစောထရမည်။

စုန့်လင်းချွမ်က နှစ်သစ်ကူးနေ့မှာ မနက်စောစောပြန်ရောက်လာသည်။

စုန့်မိသားစုအိမ်ကို သူရောက်တဲ့အချိန် ဖေးခွမ်နဲ့ စုန့်အာ့နန်တို့လည်း မနက်ဘက်လမ်းလျှောက်ထွက်ရာကနေ ပြန်ရောက်လာသည်။

သူတို့က ဝင်ပေါက်မှာ တိုက်တိုက်ဆိုင်ဆိုင်ဆုံကြတော့သည်။

စကားနည်းနည်းလောက်ပြောပြီးသွားတော့ သုံးယောက်သား စုန့်အိမ်ဆီ တန်းဝင်သွားကြကာ စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့ကို နှစ်သစ်ကူးဂါဝရပြုဖို့ အဆင်သင့်ဖြစ်နေကြသည်။

သူတို့ဗီလာထဲဝင်လိုက်တာနဲ့ သူတို့စုံတွဲလည်း ဒုတိယထပ်ကနေ ဆင်းလာတာကို တွေ့လိုက်ရသည်။

"အစ်ကိုနဲ့ ယောင်းမ နှစ်သစ်မှာပျော်ရွှင်ပါစေ " စုန့်အာ့နန်က အရင်ပြောလိုက်သည်။

စုန့်လင်းချွမ်ကလည်း အနောက်ကနေလိုက်လာသည်။ "ပါး၊ မား နှစ်သစ်မှာပျော်ရွှင်ပါစေ"

ဖေးခွမ်လည်း အပြုံးနဲ့အတူ နှုတ်ဆက်လိုက်သည်။ "ဦးလေး၊ အန်တီ နှစ်သစ်မှာပျော်ရွှင်ပါစေ"

စုန့်ကျန်းဟွေ့နဲ့ကျောက်ယာတို့က စာအိတ်‌နီတွေ ပြင်ဆင်ထားပြီး စာအိတ်နီသုံးအိတ်ထုတ်လိုက်ကာ သူတို့ကိုကမ်းပေးလိုက်သည်။

စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့အနေနဲ့ကတော့ အဲ့ဒါတွေကို လက်ခံရတာ ကျင့်သားရနေပြီဖြစ်ကာ တန်းယူလိုက်ကြသည်။

ဖေးခွမ်အလှည့်ရောက်တဲ့အခါမှာတော့ သူက တစ်ခဏလောက် တုံ့ဆိုင်းနေသည်။

"ယူလေ၊ ဒါက ကံကောင်းဖို့အတွက် နှစ်သစ်ကူးစာအိတ်နီဘဲ" ကျောက်ယာက အပြုံးနဲ့ပြောလာသည်။

ဖေးခွမ်လည်း မငြင်းတော့ဘဲ ပြုံးကာ လက်ခံလိုက်သည်။ " ဦးလေးနဲ့ အန်တီတို့ကို ကျေးဇူးတင်ပါတယ်"

ဒီတော့မှ စုန့်ကျန်းဟွေ့က လက်ခါပြီး သူ့ကိုပြောလိုက်သည်။ "ဦးလေးနဲ့ အန်တီဆိုပြီး ခေါ်မနေနဲ့တော့၊ အာ့နန်လိုပဲခေါ်"

စုန့်အာ့နန်ရော ဖေးခွမ်ရော နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။

ဖေးခွမ်ကို ခေါ်ဝေါ်ပုံပြောင်းခိုင်းလိုက်တာက စုန့်ကျန်းဟွေ့ သူ့ကိုအသိအမှတ်ပြုလိုက်တာပင်။

ဒါက သူ့ကို စုန့်အာ့နန်ရဲ့ကောင်လေးအဖြစ် အသိအမှတ် ပြုလိုက်တာထက်ပိုကာ သူတို့နှစ်ယောက်ကို အနာဂတ်မှာ လက်ထပ်ဖို့ တိတ်တဆိတ် ခွင့်ပြုပေးလိုက်တာပင်။

ဒီအချက်ကို သဘောပေါက်သွားတော့ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့မှာ အရမ်းဝမ်းသာသွားကြသည်။

နောက်ဆုံးတော့ မိသားစုရဲ့ခွင့်ပြုချက်ကို ရလိုက်တာထက် ပိုကောင်းတဲ့နှစ်သစ်ကူးလက်ဆောင်ရှိဦးမယ်တဲ့လား?

သို့ပေမယ့် ပျော်ရွှင်နေတဲ့ သူတို့နှစ်ယောက်နဲ့ယှဉ်ရင် ဘေးနားရှိ စုန့်လင်းချွမ်ကတော့ လုံးဝကို အံ့အားသင့်နေသည်။

ဘာ?!

ဖေးခွမ်ကို သူတို့ကို အန်တီလေးခေါ်သလို ခေါ်ခွင့်ပေးလိုက်တယ်!

သူတို့ကို ပါးနဲ့ မားလို့ခေါ်ရမှာမဟုတ်ဘူးလား....

စုန့်လင်းချွမ်ရဲ့ မျက်နှာအမူအရာက အရမ်းကိုစိတ်ဝင်စားဖို့ကောင်းလှသည်။

အဲ့ဒီအခိုက်အတန့်မှာပဲ ဒီကောင်က သူ့ရဲ့အကြီးဖြစ်လာတော့မှာကို သူ လေးလေးနက်နက် သဘောပေါက်သွားခဲ့သည်!

All Chapters