← Chapters

အခန်း (၁၅၁)

Vol. 12 Ch. 151

အခန်း (၁၅၁)

Vol. 12 Ch. 151

ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ဟာ ကလေးကို ပြုစုပျိုးထောင်တဲ့နေရာမှာ အတော်လေး လက်တွဲညီခဲ့ကြသည်။

မူမူဖွံ့ဖြိုးလာတဲ့ နှစ်တွေအတွင်းမှာ သူတို့နှစ်ယောက်လုံးက သူနဲ့အတူ အတူတူလိုက်ပါဆောင်ရွက်ပေးကြသည်။

စုန့်အာ့နန်ရဲ့အလုပ်က အတော်လေးတည်ငြိမ်နေပုံရပေမယ့် သူတို့ကလေးကို ပြုစုစောင့်ရှောက်ရတဲ့နေရာမှာတော့ ဖေးခွမ်က သူမထက်ပိုလုပ်ပေးခဲ့သည်။

အဆိုင်းသုံးဆိုင်း လုပ်ရတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ သူမအလုပ်ရဲ့ သဘောသဘာဝမှာ အချိန်ပိုင်း ဆင်းရသည်က နေ့စဉ်အလုပ်လို့ မဆိုလိုပေမယ့် တစ်ခါတစ်လေ သူမအိမ်ပြန်ရောက်တဲ့အခါ မူမူတောင်အိပ်ပျော်သွားပြီဖြစ်သည်။

သို့ပေမယ့် စုန့်အာ့နန် ကိုယ်ဝန်ရှိတဲ့အချိန်ကစပြီး ဖေးခွမ်က ဧည့်သည်သရုပ်ဆောင်အလုပ်မှလွဲ၍ ကျန်တဲ့သူ့အလုပ်အားလုံးကို ခေတ္တရပ်ဆိုင်းခဲ့ပြီး မူမူနှစ်နှစ်မပြည့်ခင်အထိ ရိုက်ကူးရေးထပ်မလုပ်ခဲ့ပေ။

နှိုင်းယှဥ်ကြည့်လျှင် သူတို့နှစ်ယောက်လုံးက ကိုယ်ရေးကိုယ်တာ ကိစ္စတွေအပေါ် ‌ပိုအလေးပေးကြပြီး အိမ်မှာတခြားသူရှိတာကို သိပ်သဘောမကျတဲ့အတွက် မူမူတစ်နှစ်ပြည့်တဲ့အခါ သူ့ကိုထိန်းပေးရတဲ့ကလေးထိန်းကို အချိန်ပိုင်း‌လာနေတဲ့ ပုံစံပြောင်းလိုက်သည်။

အချိန်ပိုင်းလာနေတာတယ်ဆိုတာက ဘာလဲ? အဲ့ဒါကတော့ ဖေးခွမ်ရော စုန့်အာ့နန်ရော နှစ်ယောက်လုံးအိမ်မှာရှိတဲ့နေ့ဆို ကလေးထိန်းက နားရက်ယူနိုင်ပြီး မူမူကိုသူတို့ဘာသာထိန်းကြသည်။

ဒါကနည်းနည်းပင်ပန်းရပေမယ့် သက်ရောက်မှုကတော့ အရမ်းသိသာသည်။ ကလေးထိန်းနဲ့ ယှဉ်လိုက်ရင် မိဘတွေက ကလေးနဲ့အတူရှိပေးတာက ပိုလုံခြုံစေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်သည်။

ဒါ့ပြင်၊ ကလေးတွေအနေနဲ့ မိဘတွေဆီကနေ အပြောအဆို အမူအကျင့်တွေနဲ့ ပတ်သတ်ပြီး သင်ယူစရာတွေလည်း အများကြီးရှိသည်။

အားလပ်ရက်တစ်ရက်မှာ ဖေးခွမ်က တီဗီဒရာမာဇာတ်ကား ရိုက်ကူးရေးနေရာမှာရှိနေပြီး စုန့်အာ့နန်က နားရက်ဖြစ်တဲ့အတွက် အဲ့ဒီနေ့မှာ သူမသားနဲ့အတူအိမ်မှာနေနေသည်။

ဒါပေမယ့် သားအမိနှစ်ယောက် တစ်ရေးအိပ်ရာကနေ နိုးလာတော့ စုန့်အာ့နန်ဆီ အရေးပေါ် အစည်းအဝေးရှိကြောင်း ဆေးရုံကနေ ရုတ်တရက် ဖုန်းဆက်လာခဲ့သည်။

ကလေးထိန်းက နားရက်ယူထားတာကြောင့် ဒီလိုအချိန်တိုလေးကြောင့်နဲ့ သူမကိုပြန်ခေါ်ရမှာမသင့်တော်တဲ့အတွက် သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ ကလေးကိုပါဆေးရုံဆီခေါ်သွားလိုက်ရသည်။

ဆေးရုံကိုရောက်တော့၊ စုန့်အာ့နန်က မူမူကို နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသရေးသူနာပြုဌာနဆီခေါ်သွားလိုက်ပြီး တာဝန်ကျသူနာပြုတွေကို သူ့ကိုနည်းနည်းလောက် ကြည့်ထားပေးဖို့ တောင်းဆိုလိုက်သည်။

သူမ ယူလာတဲ့အချိုပွဲတွေကို သူတို့ဘေးမှာထားပြီး ပြောလိုက်သည်။ "ဒုက္ခပေးမိတဲ့အတွက် အားနာလိုက်တာ၊ ခဏနေကျရင် ကျွန်မအိမ်က သူ့ကိုလာကြိုလိမ့်မယ်"

ငယ်ရွယ်တဲ့သူနာပြုလေးတွေက ဝမ်းသာအားရနဲ့ပြန်ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ဒေါက်တာစုန့်ရှင့်၊ မူမူကို ကျွန်မတို့နဲ့သာ ထားခဲ့ပါ၊ အစည်းအဝေးကိုသွားပါ"

စုန့်အာ့နန်လည်း ပြုံးလိုက်ပြီး သူတို့ကိုထပ်ပြီးကျေးဇူးတင်လိုက်သည်။ နောက်တော့ သူမကဆောင့်ကြောင့်ထိုင်လိုက်ကာ မူမူကို ပြောလိုက်သည်။ "မား အလုပ်သွားရမှာမို့လို့ ဒီက သူနာပြုအန်တီတွေရဲ့စကားကို လိမ်လိမ်မာမာနဲ့ နားထောင်နော် ဟုတ်ပြီလား?"

လေးနှစ်အရွယ်မူမူလေးက နည်းနည်းလူကြီးဆန်သလိုပြုမူကာ စုန့်အာ့နန်ရဲ့ပခုံးကိုပုတ်ပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့ မား၊ အလုပ်ကိုပဲ အာရုံစိုက်လိုက်ပါ၊ သားဘာသာ သား အဆင်ပြေပါတယ်"

ပြီးသွားတော့ သူက သူနာပြုဌာန ပတ်ပတ်လည်ကို ကြည့်လိုက်ပြီ နောက်ဆုံး ထောင့်တစ်ထောင့်ကို ညွှန်ပြလိုက်ကာ မေးလာသည်။ "သူနာပြုအန်တီ၊ သား အဲ့ဒီမှာထိုင်လို့ရလား?"

သူနာပြုတွေမှာ မူမူရဲ့ ချစ်စရာကောင်းမှုကြောင့် ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။

အားး ဒေါက်တာစုန့်ရဲ့သားက အရမ်းချစ်စရာကောင်းတာပဲ!

ဒီလို နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်နဲ့ လိမ္မာရေးခြားရှိတဲ့ပုံစံနဲ့ကောင်လေးကို ဘယ်သူက မထိန်းချင်ရမှာလဲ?

အားစိုက်စရာတောင်မလိုဘဲ အမေပါ ဖြစ်ချင်သွားတယ်!

သူနာပြုအဖွဲ့က မူမူ နားမှာဝိုင်းနေကြကာ သူ့ကိုမေးခွန်းတွေ အဆက်မပြတ် မေးနေကြတာကြောင့် စုန့်အာ့နန်မှာ မတတ်နိုင်ဘဲ နဖူးကိုကာလိုက်မိသည်။

ယှဉ်ကြည့်ရင် မူမူတစ်ယောက်ပဲ အရင့်ကျက်ဆုံးဖြစ်နေသည်။

ဒါပေမယ့် သူမသားကို ထားခဲ့ရတာကြောင့် သူမစိတ်အေးသွားရပြီး စုန့်အာ့နန်က မသွားခင် မူမူကိုလက်ပြလိုက်သည်။

ဒါက မူမူအနေနဲ့ သူ့အမေ အလုပ်ခွင်ကို ပထမဆုံးလာဖူးတာဖြစ်သည်။

သူ့အဖေအိမ်မှာရှိတဲ့အချိန်ဆို သူက မူမူနဲ့အတူ သူ့အမေဆီစားစရာတွေ မကြာခဏ လာပို့တတ်တာမို့ သူ့အနေနဲ့ ဒီနေရာတွေနဲ့ မရင်းနှီးတာမဖြစ်ပေ။

သူနာပြုအန်တီတွေက သူ့အပေါ်တကယ်ကောင်းကြကာ သူကြိုက်တဲ့မုန့်တွေလည်း အမြဲတမ်းပေးတတ်ကြတဲ့အတွက် သူတို့ကို မူမူ တကယ်သဘောကျပေမယ့် တစ်ခါတစ်လေတော့ ဒုက္ခရောက်ရသည်။

အခုလိုမျိုး၊ သူနာပြုအန်တီတွေက သူ့ကိုမုန့်တွေအများကြီးပေးကြပေမယ့် သူ့မိဘတွေက သူ့ရဲ့မုန့်စားရမယ့်ပမာဏကို ကန့်သတ်ပေးထားတာကြောင့် ဒီနေ့အတွက် သူ့အကန့်အသတ်ကို ရောက်နေပြီပင်။

သူ သေချာပေါက် ထပ်စားလို့မရတော့ပေ။ သူ့အမေက ဒီမှာမရှိနေဘူးဆိုပေမယ့် ယောက်ျားလေးတစ်ယောက်အနေနဲ့ ကိုယ့်စကားနဲ့ ကတိတွေကို စောင့်ထိန်းရမည်ပင်။

မူမူက စိတ်ပိုင်းဖြတ်ထားတဲ့ပုံနဲ့ သူ့လက်သီးလေးတွေကိုဆုပ်ကာ အခိုင်အမာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အန်တီတို့၊ ဒါပေမယ့် သား ဒီနေ့အတွက် မုန့်တွေထပ်စားလို့မရတော့ဘူး၊ နောက်တစ်ခေါက်မှပေါ့!"

ကောင်လေးကို ဒီလိုပုံမျိုးနဲ့ မြင်လိုက်ရတော့ သူနာပြုတွေက ပိုလို့တောင် ချစ်လာကြသည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ စည်းကမ်းရှိလိုက်တာ၊ သူက အရမ်းအံ့ဩဖို့ကောင်းတာပဲ!

သူနာပြုခေါင်းဆောင်က သူမရဲ့လက်မထပ်ရသေးတဲ့သူနာပြုလေးတွေက မူမူလို ကလေးလေးလိုချင်တယ်လို့ ဘယ်လိုတောင် ဆုတောင်းနေကြလဲဆိုတာမြင်တော့ သူတို့ကိုစနောက်ကာ ဆူလိုက်သည်။ "ကောင်မလေးတွေ ရည်းစားတောင်မရှိကြသေးဘဲနဲ့ ကလေးရဖို့တောင်ဆုတောင်းနေကြပြီ၊ ဘယ်လိုတောင် ရဲကြတာလဲ!"

"ကောင်းပြီ၊ ဒီနားမှာ လူစုနေကြတာတော်တော့၊ အလုပ်ပြန်လုပ်ကြ!"

စနောက်ပြီးသွားတဲ့နောက် အလုပ်လုပ်ရမယ့် သူတွေက အလုပ်ပြန်လုပ်ကြကာ ထပ်ပြီးသုတ်သုတ်ပြာပြာ ဖြစ်သွားကြသည်။

သူနာပြုခေါင်းဆောင်က မူမူ နားရောက်လာပြီး ပြုံးလိုက်ကာ သူ့ကိုအနားခေါ်လိုက်သည်။ "မူမူ၊ ဒီမှာကောင်းကောင်းနေနော်?"

မူမူက နာနာခံခံနဲ့ ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် သူနာပြုခေါင်းဆောင်အန်တီ"

နောက်တော့ သူကမေးလိုက်သည်။ "အန်တီ၊ သား ဒီမှာပုံဆွဲလို့ရလား?"

သူနာပြုခေါင်းဆောင်က ပြုံးလိုက်ပြီး "ဒါပေါ့၊ စာရွက်နဲ့ဘောပင်တွေရော ယူပေးရမလား?"

မူမူက ခေါင်းခါလိုက်ပြီး "မလိုပါဘူး၊ သား ဟာတွေကိုယူလာတယ်"

ပြောပြီးတာနဲ့ သူက လွယ်အိတ်အသေးလေးထဲကနေ ဘောပင်တွေနဲ့ ပုံဆွဲစာအုပ်ကို ထုတ်လိုက်ပြီး လူကြီးလေးလိုထိုင်ကာ ပုံစဆွဲတော့သည်။

မူမူရဲ့ အပြုအမူကောင်းကိုမြင်တော့ သူနာပြုခေါင်းဆောင်ရဲ့ မျက်နှာမှာ မနေနိုင်ဘဲ အပြုံးတွေ ဖြတ်ပြေးသွားရသည်။

အာ၊ ဒါက တကယ့်ကို တခြားသူရဲ့ကလေးပဲ - သူမအိမ်က တစ်မိနစ်‌လေးတောင် ထိုင်မနေနိုင်တဲ့ မျောက်လေးနဲ့ကိုမတူဘူး။

ဒီတော့ သူနာပြုခေါင်းဆောင်လည်း ဘာမှလုပ်စရာမရှိတော့တဲ့အတွက် သူနာပြုဌာနမှာပဲ ခဏလောက်နေလိုက်သည်။

ကလေးကို သူမအိမ်က လာခေါ်မယ်ဆိုပြီး စုန့်အာ့နန်ပြောခဲ့တာကို သူမရုတ်တရက် သတိရလိုက်သည်။ ဘယ်မိသားစုဝင်များပါလိမ့်၊ ဖေးခွမ်များလား?

နှလုံးသွေးကြောခွဲစိတ်ကုသရေးရှိ လူတိုင်းတွင် ဖေးခွမ်နဲ့ မရင်းနှီးတဲ့သူမရှိပေ။ ဒီလွန်ခဲ့တဲ့နှစ်တွေတွင် သူကဒီကို မကြာခဏလာလည်တတ်ပြီး စုန့်အာ့နန် အလုပ်ဆင်းတိုင်း လာကြိုတတ်သည်။

သူနာပြုခေါင်းဆောင်က မေးလိုက်သည်။ "မူမူ၊ ခဏနေကျရင် သားအဖေလာမှာလား?"

မူမူက သူ့ပုံဆွဲစာအုပ်ကနေ ခေါင်းမော့လာပြီး ခေါင်းခါပြလိုက်ကာ "ပါးက ရိုက်ကူးရေးလုပ်နေတယ်၊ သူမလာနိုင်ဘူး"

သူနာပြုခေါင်းဆောင်က အံ့ဩတဲ့အသံပြုလိုက်သည် - ဖေးခွမ် မဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်နိုင်မလဲ?

လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာကြာပြီဖြစ်တာကြောင့် စုန့်အာ့နန်တို့ မိသားစုရဲ့ အခြေအနေကို သူမနည်းနည်းပါးပါးသိသည်။ သူမတို့ မိသားစုပုံစံက အရမ်းကိုရိုးရှင်းသည်၊ လူကြီးတွေမရှိဘဲ အမြဲတမ်း သူမတို့သုံးယောက်သာဖြစ်သည်။

ကလေးထိန်းများလား?

ဒါလည်းမဖြစ်နိုင်ပေ။ စုန့်အာ့နန်က မိသားစုလို့ သေချာပေါက်ပြောခဲ့တာ။

သူနာပြုခေါင်းဆောင် ရှုပ်ထွေးနေတုန်းမှာ သူမနားထဲ အမျိုးသားတစ်ယောက်အသံ ရုတ်တရက်ဝင်လာသည်။

"မူမူ"

သူနာပြုခေါင်းဆောင်လှည့်ကြည့်လိုက်တော့ မက်စ်နဲ့ ဦးထုပ်ဆောင်းထားတဲ့ အမျိုးသားတစ်ယောက်က သူနာပြုဌာန အပြင်ဘက်မှာ ရပ်နေတဲ့အတွက် ဘယ်သူမှန်း သူမ မသိပေ။

ပုံဆွဲနေတဲ့မူမူက ရင်းနှီးနေတဲ့အသံကြားတော့ လှည့်ကြည့်လာပြီး စိတ်လှုပ်တရှားနဲ့ ထရပ်လိုက်သည်။ "အစ်ကိုကြီး၊ သားကို လာကြိုတာပဲ!"

စုန့်လင်းချွမ်က ဦးထုပ်နဲ့မျက်မှန်ကိုချွတ်လိုက်ပြီး သူနာပြုခေါင်းဆောင်ကို ခေါင်းအသာညိတ်ပြလိုက်သည်။ နောက်တော့ မူမူ ဘေးမှာ ရပ်နေတဲ့ သူနာပြုကို ကြည့်လိုက်ကာ ပြောလိုက်သည်။ "ကျွန်တော့်အန်တီလေးက မူမူကိုလာကြိုခိုင်းထားလို့၊ သူမ ပြောထားတယ်မလား?"

သူနာပြုခေါင်းဆောင်မှာ ကြောင်အစွာနဲ့ခေါင်းညိတ်ပြလိုက်သည်။ "သူမ ပြောထားတယ်"

သံသယမရှိစွာပင်၊ စုန့်လင်းချွမ်ကလည်း စုန့်မိသားစုအောက်မှာရှိသေးသည်။

စုန့်လင်းချွမ်က ခပ်တိုးတိုးအသံပြုလိုက်ပြီး မူမူကိုပြောလိုက်သည်။ "သွားကြစို့၊ အိမ်ပြန်ကြမယ်"

မူမူကလည်း နာနာခံခံနဲ့ ပစ္စည်းတွေကို ထုပ်ပိုးကာ သူ့လွယ်အိတ်လေးထဲ ပြန်ထည့်လိုက်ပြီး လူတိုင်းကိုနှုတ်ဆက်လိုက်သည်။ "အန်တီတို့ကို နှုတ်ဆက်ပါတယ်"

သူနာပြုအားလုံးက ပြုံးကာ သူ့ကိုနှုတ်ဆက်လိုက်သည်။

နောက်တော့၊ မူမူက သူနာပြဌာနထဲကနေ ထွက်လာပြီး စုန့်လင်းချွမ်လက်ကို သူ့ဘာသာသူ လှမ်းကိုင်လိုက်ကာ "အစ်ကိုကြီး၊ သွားရအောင်၊ မားရဲ့အလုပ်ခွင်ကိုမနှောင့်ယှက်နဲ့တော့"

သူနာပြုများ - "....."

အမ်....မူမူကသူတို့ကို အန်တီလို့ခေါ်ပြီး၊ စုန့်လင်းချွမ်ကိုကျ အစ်ကိုကြီးလို့ခေါ်တယ်။

ဒါက စုန့်လင်းချွမ်ကို ကောင်းကျိုးတချို့ရစေပေမယ့် သူတို့အတွက်ကျ နည်းနည်းကိုးရိုးကားရားနိုင်လှသည်။

သို့ပေမယ့်၊ စုန့်လင်းချွမ်ကိုယ်တိုင်ကလည်း ဒါကို ကျင့်သားရနေပြီဖြစ်တဲ့အတွက် လုံးဝကို တည်ငြိမ်နေကာ လူတိုင်းကို ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ကိုကိုင်ထားတဲ့ မူမူကိုဦးဆောင်ကာ ထွက်သွားတော့သည်။

ညီအစ်ကိုနှစ်ယောက်ရဲ့ နောက်ကျောကိုကြည့်ရင်း သူနာပြုတွေမှာ အင်တာနက်သုံးစွဲသူတွေပြောဖူးတဲ့ဟာသကို သတိရလိုက်ပြီး မတတ်နိုင်ဘဲ အော်ရယ်မိကြတော့သည်။

ဟားဟားဟား၊ အရွယ်ရောက်ပြီးသား အစ်ကိုကြီး၊ ဒီအင်တာနက်သုံးစွဲသူတွေရဲ့ မျိုးဆက်ကွာဟမှုကို ဖော်ပြတဲ့ပုံစံက အရမ်းမိုက်တာပဲ!

စုန့်လင်းချွမ်က မူမူကို ဆေးရုံအပြင်ဘက်နားရှိ ကားပါကင်ဆီ ခေါ်သွားလိုက်သည်။

သူတို့က ကားတံခါးဖွင့်ထားတဲ့ အမည်းရောင် SUV ဆီ သွားလိုက်ကြသည်။

ကားထဲကလူကိုမြင်တော့ မူမူရဲ့မျက်လုံးတွေက တောက်ပသွားကာ ဝမ်းသာအားရ အော်ခေါ်လိုက်သည်။ "မရီး!"

ကျိုးဝေ့လည်း ပြုံးကာ ပြန်ဖြေလိုက်သည်။ "မူမူ၊ လာခဲ့ အစ်မနဲ့ အတူထိုင်မယ်"

မူမူက ကျိုးဝေ့ကို တကယ်သဘောကျသည်။ သူမ ပြောတာကိုကြားတော့ သူက တစ်စက္ကန့်တောင် တွေးမနေဘဲ သဘောတူလိုက်သည်။

ဒါပေမယ့် သူက ခြေတံတိုတိုလေးတွေနဲ့ သေးသေးလေးဆို‌တော့ ဒီလို SUVအမြင့်ကြီးပေါ် သူ့ဘာသာတက်ရတာ နည်းနည်းခက်ခဲတဲ့အတွက် သူ့လက်တွေကို စုန့်လင်းချွမ်ဘက် အလိုအလျောက် ဆန့်ထုတ်လိုက်သည်။

"အစ်ကိုကြီး၊ သားကိုချီပေးပါ"

စုန့်လင်းချွမ်လည်း ပြုံးလိုက်ပြီး သူ့ကိုချီပေးလိုက်ကာ သတိပေးဖို့လည်း မ‌မေ့ပေ။ "ဖြည်းဖြည်း၊ မင်းရဲ့မရီးဗိုက်ကိုမထိစေနဲ့"

ဘာကြောင့်လဲဆိုတာ မသိပေမယ့် မူမူကတော့ နာနာခံခံနဲ့ အင်းဆိုပြီး ပြန်ဖြေလိုက်သည်။

စုန့်လင်းချွမ်က ချက်ချင်း ကားထဲက ဒရိုင်ဘာခုံမှာ ဝင်ထိုင်လိုက်ပြီး၊ ကျိုးဝေ့နဲ့ မူမူက‌တော့ နောက်ခန်းမှာထိုင်ကာ ကားအမြန်မောင်းထွက်သွားသည်။

မူမူက ခေါင်းစောင်းလိုက်ပြီး ကျိုးဝေ့ရဲ့ဗိုက်ကိုကြည့်ကာ မေးလိုက်သည်။ "မရီး၊ ဗိုက်ထဲမှာ မသက်မသာဖြစ်နေလို့လား?"

ဒါ့ပြင်၊ အစ်ကိုကြီးက မရီးရဲ့ဗိုက်ကိုဘာလို့ မထိခိုင်းရတာလဲ။ သူ့ကို အရင်က တစ်ခါမှ ဒီလိုမပြောဖူးပါဘူး။

ကျိုးဝေ့က မူမူရဲ့ မျက်နှာလေးကိုညှစ်လိုက်ပြီး ပြုံးကာရှင်းပြလာသည်။ "မသက်မသာဖြစ်တာမဟုတ်ပါဘူး၊ အစ်မဗိုက်ထဲမှာ အခုကလေးလေးရှိနေပြီ"

မူမူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး၊ အခုဗိုက်ထဲမှာ ကလေးလေး ရှိနေတယ်?

သူ ကျိုးဝေ့ရဲ့ဗိုက်ကို အလိုလိုကြည့်လိုက်မိပြီး တစ်ခဏလောက်နေမှ တုံ့ပြန်လာကာ အံ့ဩသလိုပြောလာသည်။ "သားသိပြီ၊ မရီးရဲ့ဗိုက်ထဲမှာ ညီမလေးရှိနေတာပဲ!"

ကျိုးဝေ့က ပြုံးကာမေးလိုက်သည်။ "မူမူပြောကြည့် ညီမလေးလား?"

မူမူက အလေးအနက် ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ညီမလေး"

စုန့်လင်းချွမ်က 'ဟက်' လိုအသံပြုလိုက်ပြီး ရုတ်တရက်စိတ်ဝင်စားသွားသည်။ "ညီမလေးဆိုတာ မင်းက ဘယ်လိုသိတာလဲ၊ ညီလေး မဟုတ်ဘူးလား?"

မူမူက ခေါင်းစောင်းပြီး တစ်ခဏလောက် စဉ်းစားလိုက်သည်။ "ဒါပေမယ့် မူမူက ညီမလေးကို ပိုသဘောကျတာ"

စုန့်လင်းချွမ် ဒါကိုကြားတော့ အူမြူးသွားပြီး "ဘယ်လိုတောင် တိုက်ဆိုင်လိုက်လဲ၊ ငါလည်း မိန်းကလေး လိုချင်တာ"

ပြောရင်းနဲ့ သူက နောက်ကြည့်မှန်ကနေ ကျိုးဝေ့ကိုတစ်ချက်ကြည့်လိုက်ပြီး ဘဝင်ခိုက်သလို ပြောလာသည်။ "ကြည့်၊ ဒီလိုပြောတာ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး၊ ဒါက သမီးလေး ဖြစ်ရမယ်"

ကျိုးဝေ့က ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါလိုက်သည်။ ဒီလူက အရမ်းကလေးဆန်တာပဲ။

ခုနတုန်းက ဆေးရုံမှာ ကိုယ်ဝန်ရှိကြောင်း အတည်ပြုပြီးကတည်းက အဲ့ဒါက မိန်းကလေးဆိုပြီး သူပြောနေတာ။ ကျိုးဝေ့လည်း သမီးလေးလိုချင်ပေမယ့် ဒါက သူတို့ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်ပေ။

ဒါပေမယ့် မူမူကလည်း ဒီလိုမျိုးပြောလာတော့ သူတို့လည်း သေချာပေါက် မျှော်လင့်နေမိတယ်လို့ ကျိုးဝေ့တွေးမိသည်။

အလုပ်ပြီးသွားတော့ စုန့်အာ့နန်က အိမ်ကိုဆန်းမပြန်ဘဲ သူမရဲ့သားကို အရင်သွားခေါ်ဖို့ စုန့်လင်းချွမ်အိမ်ကိုသွားလိုက်သည်။

လွန်ခဲ့တဲ့နှစ်နှစ်က၊ သူတို့ အိမ် ပြောင်းလိုက်ကြသည်။ မူမူရှိလာတော့ အိမ်မှာ နေရာသိပ်မလောက်ဘူးလို့ ခံစားရတာကြောင့် အနီးနားရှိဗီလာဧရိယာတွင် ဗီလာတစ်လုံးဝယ်ခဲ့ကြသည်။

စုန့်လင်းချွမ်လည်း ဗီလာတစ်လုံးဝယ်ခဲ့ပြီး ကျိုးဝေ့နဲ့အတူ ပြောင်းနေခဲ့သည်။

ဒီတော့ အခု မိသားစုနှစ်စုက ဗီလာဧရိယာတစ်ခုထဲမှာ နေနေကြဆဲဖြစ်ကာ သူတို့ကြားမှာ အိမ်နှစ်အိမ်သာ ခြားသည်။

စုန့်အာ့နန် ရောက်လာတဲ့အခါ စုန့်လင်းချွမ်၊ ကျိုးဝေ့နဲ့ မူမူတို့တွေက ပထမထပ်ရှိဧည့်ခန်းတွင် ဂိမ်းကစားနေကြသည်။

သူ့အမေကိုမြင်တော့ မူမူက ချက်ချင်း စုန့်လင်းချွမ်လက်ကိုလွှတ်လိုက်ပြီး အပြေးသွားလိုက်သည်။ "မား၊ မူမူမှာ အခုညီမလေးရှိပြီ"

စုန့်အာ့နန်မှာ တစ်ခဏလောက် ကြောင်နေပြီး သိပ်နားမလည်သေးပေ။ "ညီမလေး?"

ဒီညီမလေးကလဘယ်က ရောက်လာတာလဲ?

မူမူက ကြက်အစာကောက်သလို ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ဟုတ်တယ်၊ ညီမလေး"

နောက်တော့ သူက သူ့အနောက်ရှိ ကျိုးဝေ့ဘက်လှည့်ကာ "မရီးရဲ့ဗိုက်ထဲမှာ အခု ညီမလေးရှိနေပြီ"

ဒီတစ်ခေါက်တော့ ဘာကိုဆိုလိုလဲဆိုတာ စုန့်အာ့နန်နားလည်သွားသည်။ သူမက ကျိုးဝေ့ကို ဝမ်းသာစွာနဲ့ကြည့်လိုက်သည်။ "ဝေ့ဝေ့၊ ကိုယ်ဝန်ရှိနေပြီလား?"

ကျိုးဝေ့လည်း ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

စုန့်အာ့နန်က ထပ်မေးလိုက်သည်။ "ဆေးရုံမှာသွားစစ်ပြီးပြီလား?"

ကျိုးဝေ့ကပြုံးလိုက်ပြီး "စစ်ပြီးပြီ၊ ဆရာဝန်က လေးပတ်ရှိနေပြီတဲ့၊ ပြီးတော့ အကုန်လုံးက ပုံမှန်ပဲလို့ ပြောတယ်"

‌"ကောင်းတယ်၊ တကယ်ကောင်းတယ်" စုန့်အာ့နန်မှာ သူတို့အတွက် တကယ်ကိုပျော်နေမိသည်။

စဉ်းစားကြည့်ရင်၊ သူတို့တွေ နှစ်နှစ်လောက် ကြိုးစားခဲ့ကြပေမယ့် ဘာသတင်းမှမကြားခဲ့ရပေ။ အခုတော့ သူတို့ ရလာပြီဖြစ်သည်။

စုန့်လင်းချွမ်လည်း ပြုံးကာပြောလာသည်။ "ဒီနေ့ နေ့လည်တုန်းကမှ သိရတာ။ ပြီးတော့ နေ့လည်ခင်းက ဆေးရုံသွားလိုက်တာ။ နေ့လည်ခင်း နင် ငါ့ကိုဖုန်းခေါ်တုန်းက ငါတို့ နင်တို့ ဆေးရုံမှာ ဆေးစစ်နေကြတာ"

ဒါကိုကြားတော့၊ စုန့်အာ့နန် မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်မိသွားသည်။ "နင်တို့ ငါတို့ဆေးရုံကိုလာတယ်? ဘာလို့ ငါ့ကို ကြိုအသိမပေးတာလဲ? ငါ နင်တို့အတွက် တစ်ယောက်ယောက်ရှာပေးမှာပေါ့"

သူတို့တွေ တခြားဆေးရုံမှာ သွားစစ်ကြတယ်လို့ သူမထင်ခဲ့တာဖြစ်သည်။ သူမတို့ ဆေးရုံမှာ လာစစ်ခဲ့မယ်လို့ သူမ မထင်ထားချေ။

စုန့်လင်းချွမ်က ချက်ချင်း ကျိုးဝေ့ကို လက်ညိုးထိုးပြလိုက်ပြီး မကျေမနပ်ပြောလိုက်သည်။ "ငါ့ကို အပြစ်လာမတင်နဲ့၊ သူက နင့်အလုပ်ရှုပ်မှာစိုးလို့ ငါ့ကိုဘာမှမပေးပြောစေချင်တာ"

နေ့လည်ဘက်မှာ ကိုယ်ဝန်ရှိတယ်လို့ သူတို့သိလိုက်ရတုန်းက စုန့်လင်းချွမ်ရဲ့ ပထမဆုံးတုံ့ပြန်မှုကတော့ စုန့်အာ့နန်ကို ဖုန်းဆက်မလို့ဖြစ်ပေမယ့် သူမ အတွက်အလုပ်ရှုပ်မှာစိုးတာကြောင့် ကျိုးဝေ့က သူ့ကိုတားလိုက်သည်။

တခြားရွေးချယ်စရာမရှိတော့ဘဲ၊ စုန့်လင်းချွမ်မှာ သူတို့နှစ်ယောက်မသွားခင် သူ့လက်ထောက်ကို အရင်ချိန်းဆိုခိုင်းလိုက်ရသည်။

All Chapters