အခန်း (၁၅၇)
Vol. 12 Ch. 157
ဖေးခွမ်က အစမ်းလေ့ကျင့်တဲ့နေရာမှာ တခြားအဖေတွေနဲ့ပူးပေါင်းပြီးတဲ့နောက်၊ သဘာဝအလျောက် သူ့ကို အလျင်အမြန် မှတ်မိသွားကြသည်။
မတတ်နိုင်ပေ။ လူတိုင်းက နာမည်ကြီးတွေမဟုတ်ရင်တောင် သူတို့ဟာ မူရင်းအကရဲ့ ဗီဒီယိုတွေကို ကြည့်ခဲ့ကြတာဖြစ်ကာ ဒီတစ်လော နေ့တိုင်းနီးပါး အဲ့ဒါနဲ့ လေ့ကျင့်ခဲ့ကြတာကြောင့် သူ့ကို မမှတ်မိဖို့ဆိုတာ ခက်သည်။
အဖွဲ့ထဲမှာ ဒီဟာကို ကဖို့ အကြံပြုခဲ့တဲ့သူက ရှောင်ဖန်းရဲ့အဖေဖြစ်နေသည်။ သူဘာလို့ ဒါကိုအကြံပေးခဲ့တာလဲ? သေချာပေါက် ရှောင်ဖန်းရဲ့အမေကြောင့်ပေါ့။
ဒီလိုနဲ့ ဆက်စပ်ကြည့်လိုက်တဲ့အခါမှာတော့ အကြောင်းပြချက်က ဒီကနေ ထွက်လာတော့သည်။ ဖေးခွမ်လည်း သဘောပေါက်သွားတော့ နည်းနည်း ရယ်လိုက်သည်။
အဲ့ဒီတုန်းက သူ့စိတ်ထဲ တိုက်ဆိုင်သွားတာလို့ထင်ခဲ့တာဖြစ်သည်။
နောက်ဆုံးတွေ အဖေတွေအားလုံး မဲပေးပြီးတဲ့နောက် ဖေးခွမ်က ဖျော်ဖြေတဲ့အခါ အလယ်နေရာမှာ နေလိုက်ရသည်။
ဖျော်ဖြေမှုက အရမ်းချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားသည်။ ကလေးတွေရဲ့ ဖျော်ဖြေမှုရော၊ မိဘတွေရဲ့ ဖျော်ဖြေမှုရော ပရိသတ်တွေဆီကနေ တညီတညွတ်တည်း ချီးမွမ်းခြင်းခံလိုက်ရသည်။
ဒီလို လှုပ်ရှားမှုမျိုးအတွက် လူတိုင်းလိုချင်တဲ့အရာက လေထုပါပဲ။ ဖျော်ဖြေသွားတာ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အရေးမကြီးပါချေ။
ဖေးခွမ်နဲ့ စုန့်အာ့နန်တို့က မပြန်ခင် သူငယ်တန်းက ဆရာ၊ဆရာမတွေနဲ့ မိဘတွေကို သူတို့ပုံတွေ မပေါက်ကြားသွားစေဖို့နဲ့ တကယ်လို့သူတို့ပုံတင်ချင်ပါက မူမူရဲ့ပုံကိုကာထားပေးဖို့ အကူအညီတောင်းလိုက်သညိ။
လူတိုင်းမှာ သားသမီးရှိတာကြောင့် ဒီတောင်းဆိုချက်ကို နားလည်ပေးနိုင်သည်။
ပြောစရာတောင် မလိုပါပေ၊ ကျောင်းဖက်က ကလေးတွေရဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေကို လူသိရှင်ကြား ထုတ်ဖော်မှာ မဟုတ်ဘူးလို့ ကတိပေးထားသည်။
ဒါက မူမူ၊ ဖေးခွမ်နဲ့ စုန့်အာ့နန်တို့အတွက်တော့ ပျော်စရာကောင်းတဲ့နေ့ဖြစ်မှာသေချာသည်။
မိသားစုသုံးယောက်က အတူတူ ဆော့ကစားကြပြီး တခြားကလေးတွေ မိဘတွေ၊ ဆရာတွေနဲ့လည်း အချိန်ကောင်းတွေရခဲ့ကြသည်။
ဒါပေမယ့် ဒီနေ့မတိုင်ခင် ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ လုံးဝမမျှော်လင့်ထားတဲ့ အရာတစ်ခုရှိခဲ့သည်။
ယနေ့ သူငယ်တန်းတွင် ဖေးခွမ်ရဲ့ ကျော်ကြားမှု အခြေအနေနဲ့ ယှဉ်ပါက လူတိုင်းရဲ့ စိတ်ဝင်စားမှုကို ပိုမို ဆွဲဆောင်နိုင်တဲ့အရာကတော့ မူမူရဲ့အဖေပဲဖြစ်သည်။
အဲ့ဒီညမှာ မူမူအိပ်ရာဝင်သွားတော့ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့လည်း အိပ်ခန်းသို့ ပြန်လာကြသည်။
ဖေးခွမ်က ဂုဏ်ယူစွာနဲ့ပြောလိုက်သည်။ "ဒီနေ့ မိဘတွေနဲ့ ဆရာမတွေက မူမူကို ကိုယ့်ရှေ့မှာ ချီးကျူးကြတာ ပြီးတော့ ကလေးတွေကို ဘယ်လိုသင်ပေးရမလဲဆိုပြီးတော့ ကိုယ့်ကိုတောင် လာမေးကြသေးတယ်"
စုန့်အာ့နန်လည်း ခံစားလိုက်ရသည်။ "အမေတော်တော်များများလည်း ကျွန်မကို မေးကြတယ်။ မူမူက သူငယ်တန်းမှာ အလိမ္မာဆုံးဆိုတာ ဒီနေ့မှကျွန်မသိလိုက်ရတယ်"
မိဘတွေဆီကနေ "ဒီတော့ ဒါက မင်းတို့သားပေါ့!" ဆိုတာမျိုးကို ကြားခဲ့ရသည်။
လူတိုင်းက သူက သူတို့ကလေးဆိုတာကို အတည်လာပြုကြသည်။
ဒါပေမယ့် တခြားသူတွေ ပါးစပ်ကနေ "ဒီတော့ မင်းက မူမူရဲ့အဖေပေါ့" ဆိုတာကို ကြားရတဲ့အခါ တကယ်ခံစားလို့ကောင်းလှသည်!
......
မူမူ ကြီးပြင်းလာတာနဲ့အမျှ ဖေးခွမ်နဲ့ စုန့်အာ့နန်တို့က သူ့ကိုယ်ရေးကိုယ်တာကို အထူးတလည်ဂရုပြုကာ အမြဲကာကွယ်ပေးခဲ့ကြသည်။
အထူးသဖြင့် သူ့အကြောင်း လူကြားထဲပြောတာ ရှားသည့် ဖေးခွမ်ပင်။
ဒါကြောင့် အင်တာနက်သုံးစွဲသူတွေက သူတို့မှာ သားတစ်ယောက် ရှိတယ်ဆိုတာကလွဲပြီး တခြားဘာမှ မသိရပေ။
တကယ်တော့၊ ဖျော်ဖြေရေးနယ်ပယ်မှာ ပါပါရာဇီတွေအနေနဲ့ မိဘတွေရဲ့သဘောတူချက်မပါဘဲ သူတို့ကလေးတွေရဲ့ရှင်းရှင်းလင်းလင်းပုံကို တင်လို့မရသလို သူတို့ကလေးတွေရဲ့ ပုံကိုဝါးထားပေးတတ်ကြသည့် ပြောစရာမလိုသည့် စည်းမျဉ်းတစ်ခုရှိသည်။
အရင်က ဖေးခွမ် မူမူကိုအပြင်ခေါ်ထုတ်တုန်းက ပါပါရာဇီဆီကနေ ဓာတ်ပုံအရိုက်ခံခဲ့ရပေမယ့် မူမူမျက်နှာကိုတော့ ဝါးထားတဲ့အတွက်ကြောင့် ထိခိုက်မှုများစွာမရှိခဲ့ပေ။
ဆန့်ကျင်ဘက်အနေနဲ့၊ နောက်ပိုင်းမှာ မူမူကိုအပြင်ခေါ်တဲ့အခါဆို သူပိုလို့သတိထားခဲ့သည်။
ဒါကြောင့် ငယ်စဉ်ကတည်းက ယခုအချိန်အထိ မူမူရဲ့ ပုံတွေကို အွန်လိုင်းပေါ်မှာ ထုတ်ဖော်ပြသခဲ့ခြင်းမရှိခဲ့ဘဲ သူ့အသက်ခြောက်နှစ်အရွယ်မှာ သူ့ရဲ့အသွင်အပြင်ကို အင်တာနက်သုံးစွဲသူတွေ သိခဲ့ရသည်။
သို့ပေမယ့် ဒီကိစ္စက စုန့်လင်းချွမ်နဲ့ သက်ဆိုင်နေသည်။
မူမူ အသက်လေးနှစ်အရွယ်တွင် စုန့်လင်းချွမ်နဲ့ ကျိုးဝေ့တို့က ကျိုးကျိုးလို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့သည်။
မူမူက ဒီ "ညီမလေး" ကို အရမ်းသဘောကျသည်။ ကျိုးကျိုးက ကလေးလေးသာရှိသေးကာ အနှီးထုတ်လေးပဲရှိသေးပေမယ့် သူမလည်း မူမူကို အရမ်းသဘောကျမှန်းမြင်နိုင်သည်။
ကလေးများကြားက တိတ်တဆိတ် နားလည်နေမှုဟာလည်း ထူးထူးခြားခြားပင်။ မူမူ ရောက်သွားတိုင်း ကျိုးကျိုးရဲ့ အကြည့်တွေက သူ့ဆီကနေ ဆွဲဆောင်ခံလိုက်ရတတ်ပြီး တစ်ခါတစ်ရံ လူကြီးတွေတောင် နားမလည်နိုင်ဖြစ်ရသည်။
ကျိုးကျိုး စကားပြောသင်တဲ့အချိန် သူပြောတဲ့ ပထမစကားလုံးက မားမား ဖြစ်ပြီး ဒုတိယက ကောကောဖြစ်သည်။
ဒီအတွက်ကြောင့် စုန့်လင်းချွမ်မှာ အချိန်အတော်ကြာ မနာလိုဖြစ်ခဲ့ရသည်။ အဲ့ဒီ အချိန်တုန်းကဆို ဖေးခွမ်မှာ သူ့ကို ရှောင်နေခဲ့ရသည်။
မတတ်နိုင်ပေ၊ စုန့်လင်းချွမ်မှာ ငယ်တဲ့တစ်ယောက်ကို အပြစ်မတင်နိုင်သလို သူ့အန်တီလေးကိုလည်း မဆူချင်ပေ။ ဒါကြောင့် နောက်ဆုံးမှာ သူ့ရဲ့မကျေနပ်မှုအားလုံးကို ဖေးခွမ်ပေါ်သာ ပုံချလိုက်သည်။
ဖေးခွမ်လည်း ဖြစ်နိုင်ရင် ဒုက္ခကို ရှောင်ရှားတတ်တဲ့ နိယာမကို လိုက်နာတာကြောင့် အဲ့ဒီကာလကို ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ခဲ့သည်။
ကလေးနှစ်ယောက် ကြီးပြင်းလာတာနဲ့အမျှ သူတို့ရဲ့ ဆက်ဆံရေးက ပိုကောင်းလာသည်။ နေ့ဘက် မူမူကျောင်းတက်နေလို့၊ ညနေ သူပြန်လာတဲ့အခါဆို ချိုးချိုးဆီအရင်ဆုံးသွားသည်။
စနေ၊တနင်္ဂနွေ နေ့တွေမှာဆို သူက ချိုးချိုးနဲ့အတူ နေ့တစ်ဝက်ကနေ တစ်နေကုန်တဲ့အထိ ကုန်ဆုံးတတ်ကာ ဒါက ကျောက်တုံးလိုခိုင်မြဲလှသည်။
ဒါကြောင့်၊ မူမူအတွက် သူစိတ်ဝင်စားတဲ့ အတန်းတွေကို စီစဉ်ပေးတဲ့အခါ၊ စုန့်အာ့နန်က ဒီအချိန်လေးကို အလွတ်ထားပေးသည်။
ကျိုးကျိုး နှစ်နှစ်ပြည့်တဲ့အခါ ကျိုးဝေ့က အိမ်တွင်ရိုက်ကူးသည့် နာမည်ကြီးမေမေနဲ့ကလေး variety show မှာပါဝင်ခဲ့သည်။ အဲ့ဒါက အရမ်းရေပန်းစားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ကလေးရှိုးတစ်ခုဖြစ်သည်။
ကျိုးဝေ့ ကျိုးကျိုးကို မွေးတဲ့အချိန်မှာ အတော်လေးအသက်ကြီးနေပြီဖြစ်သည်။ စုန့်အာ့နန်နဲ့ ယှဉ်ရင် သူမရဲ့ ကိုယ်ဝန်ဆောင်ကာလက ပိုပြင်းထန်သည်။
ဒါ့အပြင် သူမရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာလည်း အရမ်းကောင်းမွန်ခြင်းမရှိတာကြောင့် ကျိုးကျိုးကို မွေးပြီးတဲ့နောက်မှာ သူမက ပြန်လည်ကျန်းမာလာအောင်ပဲ အဓိကထားကာ ဘာအလုပ်ကိုမှလက်မခံခဲ့ပေ။
ဒီရှိုးက ကျိုးဝေ့ မီးဖွားပြီး ပြန်လည်ကောင်းမွန်လာပြီးတဲ့နောက် ပထမဆုံးအလုပ်ဖြစ်သည်။
အဲဒီ စနေနေ့ မနက်ခင်းတွင် မူမူက သူ့ကျောပိုးအိတ်လေးကို အခန်းထဲမှာ သပ်သပ်ရပ်ရပ် လုပ်လိုက်ပြီး ကျိုးကျိုးအတွက် ယူသွားပေးမယ့် အရာတွေကို ထုပ်ပိုးလိုက်သည်။ နောက်တော့ ဖေးခွမ်နဲ့ စုန့်အာ့နန် ကိုရှာဖို့ဧည့်ခန်းဆီသွားလိုက်သည်။
"မား ပါး၊ ကျိုးကျိုးကို သွားရှာဖို့ အစ်ကိုကြီးတို့အိမ်ကို သားသွားလိုက်ဦးမယ်!"
စုန့်အာ့နန် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ သူမက မူမူကို လက်ယပ်ခေါ်လိုက်ပြီး ပြောလိုက်သည်။ "မူမူ၊ မား ပြောဖို့မေ့သွားလို့၊ သူတို့အိမ်မှာ လုပ်စရာတစ်ခုခုရှိလို့ သား သွားလို့မရလောက်ဘူး"
မနေ့ညက ကျိုးဝေ့က သူမတို့ ဒီနေ့ အိမ်မှာ ရိုက်ကူးရေးလုပ်မယ်လို့ ပြောခဲ့သည်။ စုန့်အာ့နန်လည်း မေ့သွားတာဖြစ်သည်။
မူမူက "အာ" လို့ဆိုလိုက်ပြီး မေးလိုက်သည်။ "သူတို့အိမ်မှာမရှိဘူးလား?"
စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ သူတို့ အိမ်မှာရှိပါတယ်"
"ဒါပေမယ့် သားရဲ့မရီးက အိမ်မှာရှိုးရိုက်ဖို့ အလုပ်လက်ခံထားတော့ သားသွားရင် အဆင်မပြေလောက်ဘူး"
မူမူ ခေါင်းကုတ်လိုက်ကာ သူ့မျက်နှာက စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
ပြီးခဲ့တဲ့ အပတ်ကျိုးဝေ့က ကျိုးကျိုးကို S Cityဆီခရီးထွက်ဖို့ ခေါ်သွားခဲ့ပြီး သူတို့မတွေ့တာ တစ်ပတ်လောက်ရှိနေပြီဖြစ်သည်။ လွန်ခဲ့တဲ့နှစ်ရက် ဗီဒီယိုကောပြောတုန်းက မူမူတစ်ယောက် ဒီနေ့လာခဲ့မယ်လို့ ကတိပေးခဲ့သည်။
မူမူက စုန့်အာ့နန်ကို မျှော်တလင့်တကြီး ကြည့်ပြီး ပြောလိုက်သည်။ "မား၊ သား တကယ်သွားလို့မရဘူးလား? ဒါပေမယ့် သား ကျိုးကျိုးကို ကတိပေးထားတယ်လေ၊ မရီးအလုပ်ကို သား သေချာပေါက် မနှောင့်ယှက်ပါဘူး၊ ကျိုးကျိုးနဲ့ပဲ အတူကစားမှာပါ"
စုန့်အာ့နန်က ကောင်လေးရဲ့ ခေါင်းကို ပွတ်လိုက်သည်။ "မူမူ၊ မားက သား သားရဲ့မရီးအလုပ်ကိုအနှောင့်အယှက်ပေးမှာစိုးလို့မဟုတ်ပါဘူး။ သား ကင်မရာထဲမှာ ပါလာမှာစိုးလို့ပါ"
မူမူ နည်းနည်း နားမလည်ဖြစ်သွားသည်။ "ကင်မရာမှာ ပါလာမှာမို့လို့?"
စုန့်အာ့နန်က မနီးမဝေးရှိ တီဗီကို လက်ညှိုးထိုးပြလိုက်ပြီး ရှင်းပြလိုက်သည်။ "ဟုတ်တယ်၊ သားကိုပါရိုက်ပြီး တီဗီမှာ ပြကြလိမ့်မယ်"
မူမူက မျက်တောင်ခတ်လိုက်ပြီး "ရပါတယ်၊ သားမကြောက်ပါဘူး"
တီဗီထဲမှာ ဖေးခွမ်၊ စုန့်လင်းချွမ်နဲ့ ကျိုးဝေ့တို့ကို သူ မကြာခဏ တွေ့ဖူးတာကြောင့် တီဗီမှာ ပါလာတာက မကောင်းဘူးလို့ သူ မခံစားရပါချေ။
သေချာပေါက်၊ အဲ့ဒါနဲ့ပတ်သတ်ပြီးတော့ ကောင်းတာ ဘာမှမရှိဘူးလို့လည်း သူမထင်ခဲ့မိပေ။ မူမူအတွက်၊ ဒါက သာမန်အရာတစ်ခုဖြစ်သည်၊ သူက အဲ့ဒါအတွက် မတောင့်တနေသလို ငြင်းလည်းမငြင်းပေ။
ယှဉ်ကြည့်ရင် ကျိုးကျိုးဆီသွားလည်ဖို့က ပိုအရေးကြီးတယ်လို့ဘဲ သူခံစားရသည်။ ကတိပေးထားပြီးရင် သူ့စကားကို ပြန်မရုတ်သိမ်းသင့်ပေ။
ကောင်လေးကို ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်တော့တဲ့အတွက် စုန့်အာ့နန်က ဘေးနားရှိ ဖေးခွမ်ကို အကူအညီတောင်းသလို ကြည့်လိုက်သည်။
ဖေးခွမ်က သူမလက်ကို ပုတ်လိုက်ပြီး သူနဲ့ထားခဲ့လိုက်ဖို့ အချက်ပြလိုက်သည်။
နောက်တော့ သားအဖနှစ်ယောက် စကားနည်းနည်းပါးပါးပြောကြသည်။ ဖေးခွမ်က သူ့ကို ရိုးရိုးရှင်းရှင်း ရှင်းပြသည်။ ကျိုးကျိုးလည်း တီဗီထဲမှာ ပါလိမ့်မယ်လို့ ကြားတော့ မူမူမှာ ပိုပြီးတော့တောင် သွားချင်စိတ်များလာသည်။
ကောင်လေးတစ်ယောက်ရဲ့အမြင်အရဆို၊ ကျိုးကျိုးဖြစ်တဲ့ သူ့ညီမလေးတောင် မကြောက်တာ သူကရောဘာလို့ကြောက်ရမှာလဲ?
ဒါကြောင့် ဖေးခွမ်ရဲ့ ဖျောင်းဖျမှုအောက်တွင် မူမူမှာ သွားဖို့ ပိုလို့တောင် စိတ်ပိုင်းဖြတ်လိုက်သည်။
ကလေးလေးရဲ့ ခိုင်မာတဲ့ရပ်တည်ချက်ကို မြင်လိုက်ရတော့ နောက်ဆုံး စုန့်အာ့နန်နဲ့ ဖေးခွမ်တို့မှာ နည်းလမ်းမရှိတော့ဘဲ သူ့ဆုံးဖြတ်ချက်ကိုသာ သဘောတူလိုက်ရတော့သည်။
သို့ပေမယ့် သူတို့ နှစ်ယောက်တော့ မလိုက်သွားတော့ပေ။ အရင်ကလိုပဲ၊ သူတို့က ဗီလာတံခါးဝမှာ ရပ်ကာ မူမူတစ်ယောက် စုန့်လင်းချွမ်တို့ ဗီလာဆီသွားနေတာကို ကြည့်နေလိုက်ပြီး သူအထဲဝင်သွားမှ သူတို့ပြန်လှည့်လိုက်ကြသည်။
အိမ်ထဲပြန်ဝင်လာတော့ စုန့်အာ့နန်မှာ နည်းနည်း ထိတ်လန့်သလို ခံစားနေရသေးသည်။ "ကျွန်မတို့တွေ သူ့ကို တကယ်လွှတ်လိုက်မိတယ်ဆိုတာ မယုံနိုင်သေးဘူး၊ အဲ့ဒါက နည်းနည်း ကမူးရှူးထိုးမနိုင်ဘူးလား?
ဖေးခွမ်က ပြုံးလိုက်ပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ "ကမူးရှူးထိုးနိုင်ရင်တောင် သူကသွားပြီးနေပြီလေ ကိုယ်တို့ နောင်တရရင်တောင် အရမ်းနောက်ကျနေပြီ"
တကယ်တော့ နှစ်တွေကြာလာတာနဲ့အမျှ ကလေး variety show တော်တော်များများက ကမ်းလှမ်းခဲ့ပေမယ့် သူတို့က အားလုံးကို ပယ်ချခဲ့သည်။ ဒီနေ့မတိုင်ခင်အထိ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့မှာ ဒီဟာကို မစဉ်းစားမိခဲ့ကြပေ။
အခုတော့ သူတို့နှစ်ယောက်လုံး နည်းနည်းလန့်သလို ခံစားခဲ့ပေမယ့် နောင်တရတဲ့အထိတော့ မဟုတ်သေးပေ။
စုန့်အာ့နန်က သူ့ကို အသာလေး ရိုက်လိုက်သည်။ "ခုနတုန်းက ရှင်ဘာဖြစ်နေတာလဲ? ကျွန်မက သူ့ကို မသွားရအောင် စည်းရုံးခိုင်းတာကို၊ ဘယ်လိုလုပ် သူသွားသွားတာနဲ့ အဆုံးသတ်သွားတာလဲ?
ယခင်ကတော့ မူမူမှာ သွားဖို့ အတင်းအကြပ် မဖြစ်နေပေ။ ဖေးခွမ်ဆီကနေ ဖျောင်းဖျခံရပြီးတဲ့နောက်မှာတော့သူက ဘာပဲဖြစ်ဖြစ် သွားမယ်ဆိုတဲ့ သဘောထားပေါ်လာသည်။
ဒါကိုတွေးရမိရင်း ဖေးခွမ်လည်း သူ့နဖူးကို မတတ်နိုင်ဘဲ ရိုက်လိုက်မိသည်။
အဲ့ဒီကောင်လေးရဲ့ နားမလည်နိုင်တဲ့ ပြိုင်ဆိုင်လိုစိတ်က ဒီလိုမျိုး တောက်လောင်လာလိမ့်မယ်လို့ သူ မထင်ထားပါချေ။
ဇနီးဖြစ်သူရဲ့ သဘောမတူမှုကို ရင်ဆိုင်ရင်း ဖေးခွမ်က သူ့ကိုယ်သူ အပြင်းအထန် ခုခံလိုက်သည်။ "သူက မင်းရဲ့သားပဲလေ၊ မင်းသူ့ကို ကောင်းကောင်း နားမလည်ဘူးလား? ကလေးလေးမှာလည်း သူ့အထင်အမြင်တွေ ရှိတာပဲ၊ ဒါကို မင်းဘယ်လိုလုပ် ကိုယ့်ကို အပြစ်တင်နိုင်ရတာလဲ?"
ဒါပေါ့ ဒါက ဖေးခွမ်ရဲ့အမှားမဟုတ်ဘူးဆိုတာ စုန့်အာ့နန်သိသည်။ သူမက ဒီတိုင်း သာမာန်ကာလျှံကာ မကျေမနပ်ပြောရုံဘဲဖြစ်သည်။
တကယ်တော့ မူမူ အတွက် သူတို့ရဲ့ မိဘအုပ်ထိန်းမှု ခံယူချက်က ငယ်ငယ်ကတည်းက သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို အတတ်နိုင်ဆုံး လုပ်ခွင့်ပေးခဲ့သည်။ မိဘတွေအနေနဲ့ သူ့အတွက် ကိစ္စတွေကို ခွဲခြမ်းစိတ်ဖြာကာ အသေးစိတ် ရှင်းပြပေးပေမယ့် နောက်ဆုံးဆုံးဖြတ်ချက်ကတော့ သူ့အပေါ်မှာ မူတည်နေဆဲဖြစ်သည်။
ဒီတစ်ကြိမ်တော့ သွားပြီမှန်း သူတို့သိကြသည်။ မူမူက လုံးဝ သူ့ရဲ့မျက်နှာကိုဖော်ထုတ်လိုက်ပြီဖြစ်သည်။
သို့ပေမယ့် ယခင်က သူငယ်တန်းရှိ မိဘနဲ့ကလေး အဖြစ်အပျက်ကနေ နားလည်ခဲ့ရပြီးတဲ့နောက် သူတို့နှစ်ယောက်လည်း တချို့သော ကိစ္စရပ်တွေကို နားလည်လာကြသည်။
လွတ်လပ်ခြင်းလို့ ခေါ်တဲ့အရာဟာ ကလေးကို သူ့ဆန္ဒအတိုင်း လိုက်လုပ်ခွင့်ပေးတာဖြစ်သည်။ သူကိုယ်တိုင်က သိပ်ပြီးမစဉ်းစားတတ်ရင် အရွယ်ရောက်နေတဲ့သူတို့တွေအနေနဲ့ သူတို့ကိုယ်တိုင်လည်း သိပ်ပြီး ဂရုစိုက်စရာ မလိုတော့ပေ။
အခု စိတ်ဝင်စားတဲ့အတန်းတွေကို တက်နေတဲ့ မူမူလိုပင် ဖေးခွမ်က သူနဲ့ မကြာခဏ လိုက်သွားလေ့ရှိသည်။ ရံဖန်ရံခါ ဓါတ်ပုံရိုက်ရတော့ အရင်ကလို သိပ်ပြီးမစိုးရိမ်ကြတော့ပေ။
မူမူရောက်သွားတဲ့အချိန် ကျိုးဝေ့က မီးဖိုချောင်ထဲတွင် ကျိုးကျိုးအတွက် ကလေး ထမင်းချက်နေသည်။ တံခါးခေါက်သံကြားတော့ လာဖွင့်တဲ့သူက ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်ဖြစ်သည်။
တံခါးဝက ကောင်လေးကို မြင်လိုက်ရတော့ ရိုက်ကူးရေးအဖွဲ့သားလည်း တစ်ခဏလောက် အံ့သြသွားကြသည်။
မူမူလည်း သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရတော့ အရမ်းအံ့သြသွားသည်။ သူ့မိဘတွေက သူ့မရီးအလုပ်လုပ်နေလို့ ဒီမှာ လုပ်ဖော်ကိုင်ဖက်တွေ ရှိမယ်လို့ စောစောက ပြောခဲ့သေးသည်။
"အစ်မ၊ မင်္ဂလာပါ၊ သားက ကျိုးကျိုးကို လာရှာတာပါ" သူက ယဉ်ယဥ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်သည်။
ရိုက်ကူးရေးအဖွဲ့သားက ငယ်ရွယ်တဲ့ဒါရိုက်တာ မိန်းကလေးဖြစ်သည်။ ကောင်လေးငယ်ငယ်ချောချောလေးက အစ်မလို့ ခေါ်လိုက်တော့ သူ့နှလုံးသားတွေ ချက်ချင်း အရည်ပျော်သွားရတော့သည်
သူမက ကလေး variety show မှာနှစ်ပေါင်းများစွာ အတွေ့အကြုံတွေရှိတာကြောင့် ဒီသူငယ်ချင်းလေးသာ ရှိုးတွေမှာပါလာရင် ရေပန်းစားလာမှာ သေချာပေါက်ပင်။
သူ့ရဲ့ချောမောလှတဲ့မျက်နှာလေးနဲ့ ယဉ်ကျေးတဲ့အပြုအမူတွေ မပြောရင်တောင် သူ့ကိုကောင်းကောင်းလက်ခံနိုင်သေးသည်။
"ဟယ်လို ကလေးလေး ကျိုးကျိုးက အထဲမှာ လာဝင်လေ" ဒါရိုက်တာ ကောင်မလေးက မူမူကို ဝင်ခွင့်ပြုလိုက်သည်။
ခဏနေတော့ အခန်းထဲရှိ ကျိုးကျိုးမှာ တံခါးနားက အသံကိုကြားပြီး ပြေးလာတော့သည်။ မူမူကို မြင်လိုက်ရတော့ သူမ ချက်ခြင်း ပျော်ရွှင်သွားသည်။
သူမက ပြေးလာပီး မူမူ ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ကာ "ကောကော လာပြီ။ ကျိုးကျိုးက ကောကောကို လွမ်းနေတာ!"
မူမူက ကျိုးကျိုးရဲ့လက်ကိုကိုင်လိုက်ပြီး ပြုံးလိုက်သည်။ "ကောကောလည်း ကျိုးကျိုးကို အရမ်းလွမ်းနေတာ"
သူငယ်ချင်းလေးနှစ်ယောက်က လက်တွဲကာ လျှောက်လာရင်း စကားစမြည်ပြောနေကြသည်။ ကျိုးကျိုးက ပျော်ပျော်ရွှင်ရွှင်နဲ့ "ကောကော" ဆိုပြီး ရှင်းရှင်းလင်းလင်းကို ဆက်ခေါ်နေသည်။