အခန်း (၁၅၈)
Vol. 12 Ch. 158
အဲ့ဒီအချိန် ကင်မရာမင်းလည်း ရောက်လာသည်။ မူမူ ကင်မရာထဲပေါ်လာတာနဲ့တပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် စိတ်လှုပ်ရှားစွာပေါက်ကွဲထွက်လာသည်။
[ဘုရား! ဒါကဘယ်သူ့ကလေးလဲ? သူ့ကိုကြည့်ရတာ အရမ်းသိမ်မွေ့တာပဲ! ]
[ဘုရားရေ! ဒီကောင်လေးက အရမ်းချောတာပဲ၊ ဒီအသွင်အပြင်တွေက အံ့သြစရာပဲ။ ဒါဘယ်သူ့ကလေးလဲ?]
[ဟားဟား၊ ခုနတုန်းကပဲ ကျိုးကျိုး လိုမျိုး ချစ်ဖို့ကောင်းတဲ့ ကလေးမျိုး တွေ့ရခဲတယ်လို့ ငါပြောနေတာ၊ အခုတော့ ငါ့အမှားကို သက်သေပြလိုက်သလိုပဲ နောက်တစ်ယောက် ထပ်ပေါ်လာတယ်]
[ဝါးး၊ ရုပ်ချောတဲ့လူတွေက တခြားရုပ်ချောတဲ့လူတွေနဲ့ပဲ ကစားကြတယ်တဲ့၊ ကလေးတွေတောင် ဒီကျိန်စာက မလွတ်နိုင်ဘူး]
[စကားမစပ်၊ ဒီကလေးက ဘယ်သူလဲ? ဘယ်လိုလုပ် သူ့ဘာသာသူလာတာလဲ၊ သူ့မိဘတွေရော?]
[ကစားဖို့လာတဲ့ သူငယ်ချင်း ဒါမှမဟုတ် အိမ်နားက ကလေးများလား?]
[အိမ်နားက ကလေးနဲ့တူတယ်။ သူတို့ပုံက အရမ်းရင်းနှီးကြတယ်၊ မိဘတွေ လိုက်မပို့တာပုံမှန်ပါပဲ။ သူက ကျိုးကျိုးနဲ့ တော်တော်ရင်းနှီးပြီး၊ မကြာခဏ အတူတူ ဆော့ဖြစ်တဲ့ပုံပဲ]
[ပြောရရင် ငါနည်းနည်း ရဲတင်းပြီးခန့်မှန်းကြည့်မယ် - ဒီကောင်လေးက အသက် ၆ နှစ် ဒါမှမဟုတ် ၇ နှစ်လောက်ရှိပြီ၊ အန်တီလေးအာ့နန် နဲ့ ဖေးခွမ်တို့ရဲ့ ကလေးလည်း ဒီအရွယ်လောက်ရှိနေလောက်ပြီ]
[OMG မင်းပြောတာမှန်တယ်! တွေးကြည့်လိုက်တော့ ဒီကောင်လေးက ဖေးခွမ်နဲ့ တော်တော်တူတာဘဲ!!]
[အားးး သူက တကယ်ကြီး အန်တီလေးအာ့နန်နဲ့ ဖေးခွမ်တို့ရဲ့ကလေးများလား?]
[နင်တို့တွေ စာဖတ်တာ အရမ်းများသွားလို့ထင်တယ်၊ ကျိုးကျိုးက သူ့ကို ကောကောလို့ ခေါ်ရုံပဲလေ သူတို့ဆက်ဆံရေးက မဟုတ်လောက်ဘူး]
[အမှန်ဘဲ၊ ကျိုးကျိုးက အန်တီလေးအာ့နန်ရဲ့သားကို ဦးလေးလို့ ခေါ်သင့်တာ]
[ကောင်းပြီ ကောင်းပြီ၊ အချက်ပေးတာ မှားသွားတယ် ဆက်သွားကြရအောင်]
...
မူမူ မရောက်ခင်တုန်းက ကျိုးကျိုးက သူ့အဖေသူ့အတွက် ဝယ်ထားပေးတဲ့ အရုပ်အသစ်တွေနဲ့ ဧည့်ခန်းထဲမှာ ကစားနေတာဖြစ်သည်။
စုန့်လင်းချွမ်က သူရဲ့အဖိုးတန် သမီးလေးအပေါ် အရမ်းကို အလိုလိုက်သည်။ တစ်အိမ်လုံးမှာ အရုပ်တွေနဲ့ ပြည့်နေပေမယ့် အသစ်တွေတွေ့တိုင်း သူဝယ်နေတုန်းပင်။
ကျိုးဝေက အသုံးမဝင်ဘူးလို့ ပြောတဲ့အခါတိုင်း သူက အပြင်ပန်းမှာ သဘောတူပေမယ့် နောက်တစ်ခါ ထပ်ဝယ်တုန်းပင်။
ဒီတစ်ခေါက် ရိုက်ကူးရေးအပြီးမှာလည်း တစ်နေရာကသူအရုပ်အသစ်လေးတွေ ထပ်ဝယ်ခဲ့သေးသည်။
ကလေးနှစ်ယောက်က အရမ်းရင်းနှီးကြပြီး ပျော်စရာကောင်းတာလေးတွေကို မျှဝေတတ်ကြတာမို့ ဒီတစ်ခေါက်လည်း မထူးခြားနားပင်။
ကျိုးကျိုးက မူမူကို အရုပ်တွေဆီဆွဲခေါ်လိုက်ပြီး သူမရဲ့လက်လေးကို ဝှေ့ယမ်းကာပြောလိုက်သည်။ "ကောကော လာကစားလေ!"
မူမူက ပြုံးလိုက်ပြီး "ကောင်းပြီ၊ ကောကောတို့ ခဏလောက် ကစားလို့ ရတယ်။ အရင်ဆုံး ကောကော ကျိုးကျိုးအတွက် ယူလာတဲ့လက်ဆောင်ကို ပြဦးမယ်"
လက်ဆောင်အကြောင်းပြောလာတဲ့အခါမှာတော့ ကျိုးကျိုးရဲ့ မျက်လုံးတွေက ချက်ချင်းတောက်ပလာသည်။ "ကောင်းပြီ၊ ကောင်းပြီ!"
မူမူက သူ့ကျောပိုးအိတ်လေးကို ချွတ်ကာ သူငယ်တန်းတွင် သူလုပ်ခဲ့တဲ့ စက္ကူလက်မှုပညာတွေဖြစ်တဲ့ စက္ကူနဲ့ခေါက်ထားတဲ့လေယာဉ်တွေ၊ လှေတွေနဲ့အတူ သူရေးဆွဲထားတဲ့ ပန်းချီကားတချို့ကို ထုတ်လိုက်သည်။
ကျိုးကျိုးက စက္ကူလှေတွေကို ကောက်ကိုင်လိုက်ကာ ရှုထောင့်ပေါင်းစုံကနေ ကြည့်လိုက်ပြီး ပြန်ချဖို့ တွန့်ဆုတ်နေတဲ့ပုံပင်။
သူမ သဘောကျနေတာကိုမြင်တော့ မူမူက သူ့အိတ်ထဲကနေ ရောင်စုံစာရွက်တချို့ကို ထုတ်လိုက်ပြီး ပြောလိုက်သည်။ "ကျိုးကျိုး၊ ကောကော ကျိုးကျိုးကို စက္ကူလှေခေါက်နည်းသင်ပေးမယ်"
ကျိုးကျိုးက လက်ခုပ်တီးလိုက်ပြီး "ကောင်းပြီ!"
ဒီလိုနဲ့ သူတို့နှစ်ယောက် ခေါင်းချင်းဆိုင်ကာ စက္ကူခေါက်ကြတော့သည်။
ကျိုးကျိုးက ငယ်သေးတာကြောင့် စက္ကူခေါက်တဲ့နေရာမှာ နည်းနည်းအခက်အခဲရှိသည်။ သို့ပေမယ့် မူမူက စိတ်ရှည်သည်းခံကာ အဆင့်ဆင့် လမ်းညွှန်ပြသည်။ ကျိုးကျိုးက ရှုပ်လိုက်ရင်တောင် သူက လုံးဝစိတ်မဆိုးတဲ့အထိကို စိတ်ကောင်းလှသည်။
[အားး ဒီနှစ်ယောက်က အရမ်းချစ်စရာကောင်းတာပဲ]
[ဝိုး ဒီကောင်လေးက စိတ်အရမ်းရှည်တာပဲ၊ ဒီလိုစိတ်ရှည်ပြီးတည်ငြိမ်တတ်တာက ကလေးတွေထဲမှာ အရမ်းရှားတယ်]
[ငါသိသားပဲ၊ သူ့မှာ ဒီလို လူကြီးလူကောင်းဆန်တဲ့ လေသံလေး ရှိတယ်၊ ရှင်းရှင်းပြောရရင် သူက လူကောင်းလေးပဲ]
[ကျိုးကျိုးကလည်း အရမ်းလိမ္မာတယ်၊ မှန်အောင်မခေါက်နိုင်ရင်တောင် သူက ဝုန်းဒိုင်းမကြဲနေဘူး]
[ ရှင်းရှင်းလင်းလင်းကို ကောင်းမွန်တဲ့ မိသားစုက ဆင်းသက်လာကြတာပဲ]
['ငယ်ချစ်' ဆိုတဲ့စကားလုံးက စိတ်ထဲချက်ချင်းပေါ်လာတယ်]
[ဒီကလေးတွေက ချစ်ဖို့ကောင်းလိုက်တာ ပါးတွေကိုညှစ်ပစ်လိုက်ချင်တယ်]
နှစ်ယောက်သား စက္ကူခေါက်တာကို စွဲစွဲမြဲမြဲ လုပ်နေချိန် ကျိုးဝေ့တစ်ယောက် မီးဖိုချောင်ထဲကနေ ထွက်လာသည်။
သူမက ကျိုးကျိ အတွက် ကလေးအစားအေသာက်ပန်းကန်နဲ့ မူမူအတွက် ပြင်ဆင်ထားတဲ့ ကိတ်မုန့်သေးသေးလေးကို ကိုင်ထားသည်။
အသံကြားတော့ မူမူက လှည့်ကြည့်လိုက်သည်။ ကျိုးဝေ့ကိုမြင်တော့ သူမကို မော့ကြည့်လိုက်ပြီး ချိုချိုသာသာ အော်ခေါ်လိုက်သည်။ "မရီး"
စုန့်အာ့နန်က ကျိုးဝေ့ကို ဖုန်းကြိုခေါ်ထားတာမို့ အခု မူမူကိုတွေ့တော့ သူမ မအံ့သြပါချေ။
"မူမူ ရောက်နေတာပဲ" ကျိုးဝေ့က ပြုံးကာလျှောက်လာသည်။
မူမူက နာနာခံခံနဲ့ပြုံးပြလိုက်ပြီး "အင်း၊ သား ကျိုးကျိုးကိုလာတွေ့မယ်လို့ ကတိပေးထားတော့ ကတိဖျက်လို့မရဘူးလေ"
တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့သူက အမြန်ဆက်ပြောလိုက်သည်။ "မရီး၊ မရီး အလုပ်များနေတယ်ဆို သား ကျိုးကျိုးနဲ့ပဲ အတူရှိနေပါ့မယ်၊ မရီးအလုပ်ကိုမနှောင့်ယှက်ပါဘူး"
ကျိုးဝေ့က ပြုံးလိုက်ပြီး သူ့ဆံပင်တွေကို ပွတ်လိုက်သည်။ " ပြဿနာမရှိပါဘူး"
[ဘုရား! ကောင်လေးကို မူမူ လို့ခေါ်တာပဲ ချစ်စရာကောင်းလိုက်တာ]
[ငါသိသားဘဲ၊ မူမူနဲ့ ကျိုးကျိုးတို့က သူတို့ရဲ့ချစ်စရာကောင်းတဲ့ရုပ်ရည်နဲ့လိုက်ဖက်တဲ့ ချစ်စရာကောင်းတဲ့နာမည်တွေပဲ]
[ဟေ့၊ နင်တို့တွေ အဓိကအချက်ကို လွတ်သွားတာမဟုတ်ဘူးလား? ဘယ်တုန်းက နာမည်ကို အာရုံစိုက်သွားကြတာလဲ?]
[နာမည်မဟုတ်ရင် ဘာလဲ?]
[{မျက်နှာရိုက်အီမိုဂျီ} ကောင်လေးက ကျိုးဝေ့ကို မရီးလို့ခေါ်လိုက်တာ သတိမထားမိကြဘူးလား?]
[ အိုး ဟုတ်တယ် နင်ပြောတာ မှန်တယ်၊ သူက မရီးလို့ခေါ်လိုက်တာဘဲ!]
[အာ... ဘာတွေဖြစ်နေတာလဲ? မူမူက ကျိုးဝေ့ကို မရီးလို့ခေါ်တယ် ကျိုးကျိုးကကျ မူမူကိုကောကောလို့ခေါ်တယ်၊ ဒါက ဘယ်လို ဆက်ဆံရေးမျိုးလဲဟ?]
တိုက်ရိုက်ထုတ်လွှင့်မှုမှာကြည့်နေကြတဲ့သူတွေက ကိစ္စတွေကို နားလည်ဖို့ ကြိုးစားနေချိန်မှာ ကျိုးကျိုးက သူမကိုင်ထားတဲ့ စက္ကူလှေလေးကို ရုတ်တရက်စိတ်လှုပ်ရှားစွာနဲ့ ကျိုးဝေ့ဆီ ဝှေ့ယမ်းပြလိုက်သည်။
"မား မား ကြည့်ပါဦး ကောကော ပေးထားတဲ့ လှေလေး!"
ကျိုးဝေ့က ကျိုးကျိုးရဲ့နဖူးကို ပုတ်လိုက်ပြီး နည်းနည်းစိတ်တိုဟန်နဲ့ ပြောလိုက်သည်။ "ငတုံးမလေး၊ သူက သမီးရဲ့အစ်ကိုမဟုတ်ဘူး၊ သူက သမီးရဲ့ ဦးလေးပဲ"
နောက်တော့ သူမက မူမူကို ပြုံးကာကြည့်လိုက်သည်။ "မူမူ၊ နောက်တစ်ခါ သူမှားခေါ်ရင် သူ့နှဖူးကိုတောက်ပစ်လိုက်"
မူမူက သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ရပါတယ် မရီး။ ကျိုးကျိုး အသက်နည်းနည်းကြီးလာရင် နားလည်သွားမှာပါ"
အရင်တုန်းကလည်း သူကျိုးကျိုးကို ညီမလေးလို့ခေါ်ခဲ့ဖူးတာပဲ။ ဒါပေမယ့် အခုမှ နာမည်ကိုစခေါ်လာတာမဟုတ်လား?
တိုက်ရိုက်လွှင့်မှုကို ကြည့်နေကြတဲ့သူတွေရော ဝန်ထမ်းတွေရော သူတို့ရဲ့အပြန်အလှန်ပြောစကားကို ကြားလိုက်ရတော့ မူမူရဲ့အထောက်အထားကို သူတို့အနည်းနဲ့အများတော့ ခန့်မှန်းမိလိုက်ကြသည်။
လက်ထောက်ဒါရိုက်တာက အစမ်းသဘောနဲ့မေးလာသည်။ "ကျိုး၊ ဒီကောင်လေးက သူငယ်ချင်းရဲ့ ကလေးလား?"
ကျိုးဝေ့ကတော့ ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲ တိုက်ရိုက်ပြန်ဖြေလိုက်သည်။ "သူက အန်တီလေးရဲ့ ကလေးလေ၊ သူ့နာမည်က မူမူတဲ့"
[OMG တကယ်ကြီး အန်တီလေးအာ့နန်နဲ့ ဖေးခွမ်တို့ရဲ့သားပေါ့? အံ့ဩမိတယ်!]
[ငါသိသားဘဲ၊ ဒီကောင်လေးက ဖေးခွမ်နဲ့ တော်တော်တူတာ အထူးသဖြင့် အဲဒီမျက်လုံးတွေပဲ]
[ပြောရမယ်ဆိုရင်၊ အစောပိုင်းတုန်းက အင်တာနက်အသုံးပြုသူတချို့က အန်တီလေးအာ့နန်နဲ့ ဖေးခွမ်တို့ရဲ့ ကလေးပုံက ဘယ်လိုဖြစ်မလဲဆိုတာ photoshopတွေနဲ့လုပ်ခဲ့ကြသေးတယ်။ အခုကြည့်ကြည့်လိုက်တော့ ဒီပုံက မူမူကိုတောင်မမီဘူး!]
[ဟုတ်တယ်! ဟိုတုန်းကတော့ photoshop လုပ်ထားတဲ့ မျက်နှာက တော်တော်ကို ကြည့်ကောင်းနေပြီလို့ ထင်ခဲ့တာ။ ဒါပေမယ့် မူမူကို မြင်လိုက်ရတော့ တော်တော် ကွာတယ်လို့ဘဲပြောနိုင်တော့တယ်]
[နောက်တစ်ခုအနေနဲ့ စုန့်မိသားစုဝင်တိုင်းက ဘယ်လိုလုပ် အရမ်းကြည့်ကောင်းကြတာလဲ? အရွယ်ရောက်ပြီးတဲ့သူတွေတင်မကဘူး။ ကျိုးကျိုးနဲ့ မူမူတို့ကတောင် နာမည်ကြီးကလေးတွေ ကိုအနိုင်ယူနိုင်တယ်]
[ဝါး ကောင်းကင်ကြီးက မတရားဘူး။ ရုပ်ဆိုးတဲ့ ဘဲလေးတွေ စုဝေးနေတဲ့ ငါ့မိသားစုနဲ့ မတူဘူး]
[ဟာဟားဟား ဒီလိုမျိုး ကိုယ့်ကိုယ်ကို စော်ကားတာကို ရပ်လိုက်ပါ၊ ငါတို့မှာဒီလိုမျိုး မလုပ်ဘူး]
...
လူတွေဟာ တခြားသူတွေရဲ့ အသွင်အပြင်ကို အရင်စိတ်ဝင်စားကြပြီး နောက်ပိုင်းမှာ တခြားရှုထောင့်တွေကိုပါ စိတ်ဝင်စားလာတတ်ကြသည်။
ကြည့်ရှုသူတွေက ပိုလို့တောင် များလာသည်။ ပထမတော့ မူမူနဲ့ ကျိုးကျိုးတို့ရဲ့ ရုပ်ရည်ကို အံ့ဩခဲ့ကြပေမယ့် မနက်ခင်းတစ်ခုမှာ ကလေးနှစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကြီးပြင်းလာမှုပုံစံတွေက ချစ်စရာအကောင်းဆုံးအပိုင်းဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။
အထူးသဖြင့် မူမူပင်။ ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနဲ့ သူပြောသမျှလုပ်သမျှတွေက အရမ်းအမူအကျင့်ကောင်းလှသည်။ သူက အရမ်းနာခံတတ်ကာ ယဉ်ကျေးတဲ့အတွက် သူ့ကိုသဘောမကျဖို့ဆိုတာ တကယ်ခက်သည်။
နေ့လယ်မှာ စုန့်လင်းချွမ် ပြန်ရောက်လာသည်။ သူပြန်လာတဲ့အခါ ကျိုးဝေ့က ကျိုးကျိုးကို ဒိုက်ဘာလဲပေးဖို့အိပ်ခန်းထဲခေါ်သွားကာ ဧည့်ခန်းထဲမှာတော့ မူမူဘဲကျန်ခဲ့သည်။
မူမူကိုတွေ့လိုက်ရတော့ စုန့်လင်းချွမ်လည်း အံ့သြပုံမပေါ်တဲ့အတွက် မူမူရောက်နေတယ်ဆိုတာ ကြိုသိထားတဲ့ပုံပင်။
မူမူက သူ့ကို ယဉ်ယဥ်ကျေးကျေး နှုတ်ဆက်သည်။ "အစ်ကိုကြီး"
စုန့်လင်းချွမ်က သူ့ဆံပင်ကိုသပ်ပေးလိုက်ပြီး မေးလိုက်သည်။ "မင်းအဖေ အိမ်မှာ ဘာလုပ်နေတာလဲ?"
မူမူကလည်း ပြန်ဖြေလာသည်။ "မား မနေ့က ညဆိုင်းဆင်းရလို့၊ မားကို ပေးအိပ်ခိုင်းပြီး ပါးက အိမ်မှာနေရမယ်လို့ပြောတယ်"
ဘာပဲဖြစ်ဖြစ် မလာခင်တုန်းက သူ့အဖေ သူ့ကိုပြောခဲ့တဲ့စကားမို့ မူမူက ပြန်ပြောပြလိုက်သည်။
စုန့်လင်းချွမ်ရဲ့နှုတ်ခမ်းက မထင်မှတ်ဘဲ မဲ့သွားသည်။
အန်တီလေးက ညဆိုင်းပြီးလို့အိပ်ဖို့ လိုရင်တောင် သူကအတူတူနေပေးစရာလိုလို့လား?
ဒီကောင်တော့ ပိုပိုပြီး ကပ်တွယ်နေတာပဲ။
[အားး ဒီမှာ အန်တီလေးအာ့နန်နဲ့ ဖေးခွမ်တို့ ခွေးစာကျွေးတာခံလိုက်ရတာ မယုံနိုင်သေးဘူး!]
[ဟားဟား စုန့်လင်းချွမ်က ဘာမှ ရှင်းရှင်းမပြောပေမယ့် ဒီအမူအရာက အကုန်ပြောနေတယ်]
[LMAO သူ့မှာ ကျိုးဝေ့ကို ကောင်းကောင်းမျက်နှာမလုပ်နိုင်တဲ့အချိန် ဖေးခွမ်ကို ဝေဖန်တာပဲ]
[သေချာပေါက်၊ မင်းရဲ့ဦးလေးကိုမရယ်သင့်ဘူး]
[အဲဒီလို ကလေးတစ်ယောက်က စုန့်လင်းချွမ်ကို အစ်ကိုကြီးလို့ ခေါ်တာ ရယ်စရာကောင်းတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ကြိုမသိထားဘူးဆိုရင် စုန့်လင်းချွမ်က ချစ်ဖို့ကောင်းအောင် ရည်ရွယ်ပြီး ကြိုးစားနေတယ်လို့ ထင်မိသွားမှာ]
[ဟားဟားဟား၊ ဒီလိုကလေးတစ်ယောက်က စုန့်လင်းချွမ်ကို အစ်ကိုကြီးလို့ ခေါ်တာက အရမ်းရယ်စရာကောင်းတယ်။ သူက နေရာလွဲနေသလိုမျိုးပဲ]
[“အသက်ကြီးမှ ညီလေးတစ်ယောက်ရလာတယ်” ဆိုတဲ့ဟာသတစ်ခုလုံးကို ပြန်သတိရလာပြန်ပြီ။ ငါ မရယ်ဘဲမနေနိုင်တော့ဘူး]
[…]
သိပ်မကြာခင်မှာဘဲ ကျိုးဝေ့က ကျိုးကျိုးကို ချီကာ အောက်ထပ်ကို ဆင်းလာသည်။
နေ့လည်စာ စားချိန်လောက်ရှိနေပြီမို့ စုန့်လင်းချွမ်နဲ့ ကျိုးဝေ့က မူမူနဲ့ ကျိုးကျိုးကို ထမင်းစား စားပွဲဆီ အမြန်ခေါ်သွားလိုက်သည်။
မူမူက ကျိုးကျိူ ဘေးမှာ ထိုင်သည်။ တစ်ယောက်ချင်းစီရှေ့မှာပန်းကန်တွေ အစားအသောက်တွေ ချထားသည်။
နေ့လယ်စာစားပြီးတဲ့နောက် စားပွဲပေါ်ကနေထလာတော့ စုန့်လင်းချွမ်က မူမူကိုစိတ်အားထက်သန်စွာနဲ့ကြည့်လိုက်ပြီး "မူမူ မင်းနဲ့ ငါ ကစားကြမလား?"
မူမူ အနားမှာထိုင်နေတဲ့ ကျိုးဝေ့က ပြောလာသည်။ "မူမူ၊ သား မကစားချင်ရင် သူနဲ့မကစားလည်းရတယ်"
စုန့်လင်းချွမ်ကို ကြည့်လိုက်ပြီး မူမူက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ “တစ်ပွဲပဲ"
[ဘာကစားတာလဲ? သူတို့ဘာအကြောင်းပြောနေကြတာလဲ? ငါနားမလည်ဘူး]
[စစ်တုရင် များလား? ငါကျန်တာတော့ မတွေးတတ်ဘူး]
[ဒါမှန်လောက်တယ်။ စစ်တုရင် ကစားရတာကြိုက်တယ်လို့ စုန့်လင်းချွမ် Weibo မှာပို့စ်တင်ဖူးတာ ငါမှတ်မိတယ်]
[မဖြစ်နိုင်တာ၊ မူမူက အသက် ၆ နှစ်ဘဲရှိသေးတာ မဟုတ်ဘူးလား? အသက် ၆ နှစ်အရွယ်က တရုတ်စစ်တုရင်ဘယ်လိုကစားရလဲဆိုတာ သိလို့လား?]
[အဲ့ဒါက Go ဒါမှမဟုတ် ဖန်ခုန်ကစားနည်း လိုမျိုး ကလေးဂိမ်းလည်း ဖြစ်နိုင်တာပဲ]
[တချို့ကလေးတွေက အသက် ၄နှစ်၊ ၅ နှစ်မှာ စစ်တုရင်တို့၊ Go တို့ကို စတင်သင်တတ်ကြတယ်။ ဒါပေမယ့် သူတို့က များသောအားဖြင့် ဒီတိုင်းစရုံလောက်ပဲ။ လူကြီးတွေနဲ့ ကစားရင်တော့ ကြိတ်ခံရမှာ သေချာပေါက်ပဲ]
စုန့်လင်းချွမ်တစ်ယောက် စာဖတ်ခန်းကနေပြီး စစ်တုရင်အစုံနဲ့ဘုတ်ပြားသယ်လာတာကိုမြင်တော့ သူတို့ Go ကစားကြမယ်ဆိုတာ အားလုံးသိလိုက်ရသည်။
ကလေးတစ်ယောက်ကို အနိုင်ကျင့်တဲ့အတွက် livestream chat မှာ စုန့်လင်းချွမ်ကို ဆူပူနေကြတဲ့သူတွေနဲ့ စပြီးပေါက်ကွဲလာသည်။
[အခုတော့ မူမူဘာလို့ သိပ်မပျော်ဖြစ်နေလဲဆိုတာ ငါသိလိုက်ပြီ။ ဒီစုန့်လင်းချွမ်က ကလေးကိုအရမ်းအနိုင်ကျင့်တာဘဲ]
[ဟားဟား စုန့်လင်းချွမ်ရေ၊ နင့်ရဲ့ညီလေးကို အနိုင်ကျင့်နေတာလား! နင့်ရဲ့ အန်တီလေးနဲ့ဦးလေးတို့ နင့်ကိုရောက်လာမှာကို ကြည့်နေမယ်!]
[မူမူ - အစ်ကိုကြီး၊ လုံးဝကို မကောင်းသလိုမခံစားရဘူးလား!]
ကလေးတစ်ယောက်ကို အနိုင်ကျင့်တဲ့အတွက် စုန့်လင်းချွမ်ကို အားလုံးက တညီတညွတ်တည်း 'ရှုတ်ချ' နေချိန် သူကတော့ ဂိမ်းဘုတ်ပြားကိုနေရာချပြီးသွားပြီဖြစ်သည်။
ညီအကိုနှစ်ယောက်က တစ်ဖက်တစ်ချပ်မှာ ထိုင်ကာ မူမူက ကျောက်နက်တွေကို ယူပြီး စုန့်လင်းချွမ်ကတော့အဖြူကို ယူထားသည်။ တိုက်ပွဲက တရားဝင်စတင်လိုက်သည်။
နောက်တော့ အစကတော့ ပရိတ်သတ်တွေမှာ မူမူတစ်ယောက် ချေမွခံလိုက်ရမယ်လို့ ထင်ထားကြသည်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ လုံးဝဆန့်ကျင်ဘက်ပင်။
တကယ်တော့ မူမူက Go ကစားရာတွင် အလွန်ထူးချွန်သူဖြစ်သည်။ သူ့အသက်၄ နှစ်ခွဲလောက်မှာ စတင်လေ့လာခဲ့ပြီး အခုဆို သူသင်ထားတာ ၂ နှစ်နီးပါးလောက်ရှိပြီဖြစ်သည်။
သူ့ကျွမ်းကျင်မှုအဆင့်အရ စုန့်လင်းချွမ်နဲ့ ရင်ဆိုင်ရတာက ပြဿနာမရှိဘူးလို့ ဆိုနိုင်သည်။
စုန့်လင်းချွမ်က အကြိမ်ပေါင်းများစွာ လှည့်ကွက်တွေသုံး ပြန်ဆုတ်သွားရင်တောင် ဂိမ်းက မြန်မြန်ဆန်ဆန်ပြီးသွားသည်။ အဆုံးမှာတော့ သူ မူမူကိုရှုံးသွားကာ တိုက်ရိုက်လွှင့်ခန်းထဲမှာ ရယ်မောသံတွေ ထွက်ပေါ်လာသည်။
[ဟားဟားဟား၊ ငါသေပြီ။ စုန့်လင်းချွမ်က အသုံးမကျတဲ့ကစားသမားဘဲ၊ ၆ နှစ်သားကလေးကိုတောင် အနိုင်မယူနိုင်ဘူး]
[ရယ်တာမရပ်နိုင်တော့ဘူး။ စုန့်လင်းချွမ်ရေ၊ နင်က ဂိမ်းတင်ရှုံးသွားတာမဟုတ်ဘူး ဂုဏ်သိက္ခာတွေပါဆုံးရှုံးသွားတာ]
[စုန့်လင်းချွမ်က တခြားသရုပ်ဆောင်တွေနဲ့ ဂိမ်းကစားတဲ့အခါ ဒေါသ ထွက်တတ်တယ်လို့ အရင်က သတင်းတွေကိုဖတ်ဖူးတယ်။ အဲ့ဒါက မှန်တယ်လို့ငါထင်တယ်]
[ဘုရားရေ! စုန့်လင်းချွမ်တစ်ယောက် သူ့ရွှေ့ထားတာကို ပြန်ရွှေ့ဖို့ ကြိုးစားတုန်းက ငါ အံ့ဩသွားသေးတယ်။ ပြောရရင် မူမူက တကယ် စိတ်ကောင်းရှိတာပဲ]
[အခုတော့ စောစောက မူမူ ဘာလို့ ဒီလောက်ထိဝန်လေးနေတယ်ဆိုတာ ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ ရယ်စရာကောင်းလိုက်တာ]
[အားးး ခုနတုန်းက မူမူရဲ့ စုန့်လင်းချွမ်ကြောင့် ကူကယ်ရာမဲ့တဲ့ပုံစံလေးက အရမ်းချစ်စရာကောင်းတာဘဲ!]
[ငါသိသားပဲ၊ သူက လူကြီးလေးတစ်ယောက်လိုပဲ။ သူ့ဆီ ပြေးသွားချင်မိသွားတယ်]
[စုန့်လင်းချွမ်ရေ၊ နင့်မှာ ဘယ်လိုကံကောင်းခြင်းတွေရှိနေတာလဲ? အရင်ဆုံး နင့်ရဲ့အန်တီလေးက နင့်ကိုအလိုလိုက်တယ်၊ အခုတော့ အန်တီလေးရဲ့သားကတောင် အလိုလိုက်ပေးတယ်။ ငါတော့ တော်တော်မနာလိုဖြစ်တယ်!]
[မူမူ - ဘယ်တတ်နိုင်မှာလဲ သားအစ်ကိုကြီးကို အလိုလိုက်ပေးရမှာပေါ့!]
[…]