← Chapters

(extra 18 end)

Vol. 13 Ch. 177

(extra 18 end)

Vol. 13 Ch. 177

စုန့်လင်းချွမ်၏ အိမ်တွင်။

ကျန်းဟန်နဲ့ ကျိုးဝေ့တို့ စုန့်လင်းချွမ်ကို အတူတူ ကူတွဲကာ အိပ်ခန်းထဲ ပို့‌ပေးလိုက်ကြသည်။

သူ့ကို ကုတင်ပေါ်တင်ပြီးတဲ့နောက် စုန့်လင်းချွမ်က လှိမ့်လိုက်ကာ နောက်ဆုံးတော့ ကျိုးဝေ့ရဲ့လက်ကို လွှတ်လိုက်သည်။

ဒါကိုမြင်တော့ ကျန်းဟန် မတတ်နိုင်ဘဲ ခဏရပ်သွားသည်။

ဒီအချိန်မှာ လွှတ်လိုက်တာက မလွှတ်ခင်အထိ နည်းနည်းကြာအောင် စောင့်ခဲ့ရပေမဲ့ ကျိုးဝေ့ကတော့ သဘာဝအတိုင်း နေနေနေပေးသည်။

ဒါပေမယ့် ကျန်းဟန်ကတော့ ကျန်းဟန်ဖြစ်သည်။ အခုချိန်မှာ ကျိုးဝေ့ကို သူလွယ်လွယ်နဲ့ထွက်သွားခွင့်မပေးနိုင်ပေ။

သူ့အဖေကို အလှလေးကိုကယ်တင်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်အောင် ထုတ်ပြဖို့ သူ မတွန့်ဆုတ်နေပေ။ တခြားဘာကိုများ သူ မပြောနိုင်မှာမို့လို့လဲ?

"ကျိုးဝေ့ ဒီည အားလား? ဒီမှာလင်းချွမ်ကို ကူပြီးဂရုစိုက်ထားပေးလို့ရမလား? မူးနေတဲ့သူကို တစ်ယောက်ထဲထားခဲ့ရမှာ စိတ်မချလို့?"ကျန်းဟန်က ပြောလိုက်သည်။

ကျိုးဝေ့ လန့်သွားသည်။ သူမ နေသင့်လား?

ဒါက မသင့်တော်ဘူးလို့ ထင်သည်။

ကျန်းဟန်က ပုခုံးတွန့်လိုက်ပြီး ကိုးရိုးကားရားနိုင်စွာပြောလိုက်သည်။ "မင်းကို ရိုးရိုးသားသား ပြောပြရရင်၊ ဒီနှစ်တွေအတွင်းမှာ သူ့မိသားစု နောက်ခံအကြောင်းကို ဘယ်တုန်းကမှ ထုတ်ပြချင်ခဲ့တာမဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စကို ပြန်ဖြေရှင်းရဦးမှာ"

ကျိုးဝေ့လည်း ဒီအချက်ကို သတိထားမိသည်။ သူမတို့ရဲ့ လူမှုအသိုင်းအဝိုင်းတွင် ဒီနှစ်တွေတစ်လျှောက် စုန့်လင်းချွမ်ရဲ့မိသားစုနောက်ခံအကြောင်းဘယ်သူမှ မပြောခဲ့ဖူးပေ။ သူ့ဘက်က တမင် ဖုံးကွယ်ထားတယ်လို့ သူမ မှန်းနိုင်သည်။

အမှန်တော့၊ သူ ဘယ်တုန်းကမှ စတင်ဖို့ဟန်ဆောင်တတ်တဲ့သူမဟုတ်ပေ။ သူမတို့ ကျောင်းတက်တုန်းကလည်း ဒီလိုပင်။ ဒီအကြောင်းကို သူမ သိခွင့်ရလိုက်တာအခွင့်အလမ်းတစ်ခုကြောင့်သာ ဖြစ်သည်။

ဒါကြောင့် ကျိုးဝေ့မှာ ပိုလို့တောင်အပြစ်ရှိသလို ခံစားလာရသည်။

မသွားခင် ကျန်းဟန်က အရက်နာကျပျောက်ဆေးနဲ့ ပျားရည်ကို အနီးနားမှာ သွားဝယ်လိုက်သည်။

မီးဖိုချောင်ထဲမှာ ကျိုးဝေ့က ပျားရည်တစ်ခွက်လုပ်လိုက်ပြီး အရက်နာကျပျောက်ဆေးနဲ့အတူ အိပ်ခန်းထဲကို ယူသွားလိုက်သည်။

သူမလက်ထဲက ပစ္စည်းတွေကို ကုတင်ဘေးက စားပွဲပေါ်မှာတင်ပြီး အိပ်ယာဘေးမှာ ရပ်လိုက်ကာ စုန့်လင်းချွမ်ကို အသာအယာတို့ပြီး နှိုးလိုက်သည်။ "လင်းချွမ်၊ မအိပ်ခင် ပျားရည်နည်းနည်း ထသောက်လိုက်ဦး"

စုန့်လင်းချွမ် မျက်လုံးတွေကို ဖြည်းဖြည်းချင်း မဖွင့်ခင် နည်းနည်းညည်းလိုက်သည်။

ဒါပေမယ့် ဒီလိုမူးနေတဲ့အချိန် သူ့တစ်ကိုယ်လုံးက အားနည်းယိုင်နဲ့နေသည်။ သူ့ရှေ့ကလူရဲ့မျက်နှာကိုဖြည်းဖြည်းချင်း မမြင်ခင် အချိန်အတော်ကြာသွားသည်။

နောက်တစ်စက္ကန့်မှာ သူ ကျိုးဝေ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "ကျိုး...ကျိုးဝေ့ မင်းဘာလို့ ဒီကိုရောက်နေတာလဲ?"

ကျိုးဝေ့က ခပ်တိုးတိုးရှင်းပြလိုက်သည်။ "နင် မူးနေလို့လေ၊ ငါ နင့်ကိုပြန်ခေါ်လာတာ"

ပြောပြီးသွားတော့ သူနိုးနေတဲ့အချိန် ပျားရည်နဲ့ အရက်နာကျပျောက်ဆေးကို တိုက်ဖို့ သူမ လက်ကိုဆွဲထုတ်ဖို့လုပ်လိုက်သည်။

သို့ပေမယ့် စုန့်လင်းချွမ်ကတော့ လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာ ထင်ရှားနေသည်။ သူမလက် လွတ်တော့မယ်လို့ ခံစားလိုက်ရတဲ့အတွက် သူနည်းနည်းထပ်ပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

"မလုပ်နဲ့ မလွှတ်နဲ့!" သူက ကလေးတစ်ယောက်လို ဝုန်းဒိုင်းကြဲပစ်လိုက်သည်။ ကျိုးဝေ့မှာ သူ့ကိုညင်ညင်သာသာနဲ့ ချော့ဖို့ပဲ တတ်နိုင်တော့သည်။ "ဆေး အရင်ယူလိုက်ဦးမယ်လေ၊ ဆေးသောက်ပြီးရင် ငါ့လက်ကို ကိုင်ထားလို့ရတယ် ဟုတ်ပြီလား?"

စုန့်လင်းချွမ်က ခေါင်းစောင်းပြီး လေးလေးပင်ပင် ခေါင်းမညိတ်ခင် ခဏလောက်စဉ်းစားဖို့ ကြိုးစားလိုက်ရတဲ့ပုံပင်။

ကျိုးဝေ့မှာ စုန့်လင်းချွမ်ရဲ့ဒီလို ကြောင်တောင်တောင် ဘက်ခြမ်းကို တစ်ခါမှ မမြင်ဖူးပေ။ သူမ မနေနိုင်ဘဲ အော်ရယ်လိုက်မိသည်။

"ကောင်းပြီ လာ၊ ပျားရည်အရင်သောက်ရအောင်"

သူမအသံက ကလေးတစ်ယောက်ကို ချော့နေသလိုမျိုး မရည်ရွယ်ဘဲ အနည်းငယ်နူးညံ့သွားသည်။

ကျိုးဝေ့ ရေလှည့်ယူနေတာကိုမြင်တော့ စုန့်လင်းချွမ်က ထထိုင်ဖို့ ကြိုးစားလိုက်သည်။

ကျိုးဝေ့ ပြန်လှည့်လာတော့ သူမရဲ့အားနေတဲ့လက်နဲ့ သူ့ကို အမြန်ထိန်းပေးလိုက်သည်။

သူတို့နှစ်ယောက်လုံး ကြိုးစားအားထုတ်ပြီးသွားတဲ့နောက်မှာတော့၊ နောက်ဆုံး စုန့်လင်းချွမ် ထိုင်နိုင်သွားသည်။ ကျိုးဝေ့က သူ့ကို ပျားရည်နည်းနည်းတိုက်လိုက်ပြီး အရက်နာကျပျောက်ဆေးတိုက်ဖို့ အခွင့်အရေးယူလိုက်သည်။

ခဏ အိပ်ပျော်ထားတဲ့အတွက် စုန့်လင်းချွမ်ရဲ့ မူးနေတဲ့ အခြေအနေကလည်း အမြန်ပြန်ကောင်းလာသည်။

ကျိုးဝေ့က သူပြန်လှဲရအောင် ကူထိန်းပေးလိုက်သည်။

ကျိုးဝေ့က သူ့ကို မျက်လုံးမှိတ်ထားဖို့ မပြောမချင်း တစ်ချိန်လုံး ပူးပေါင်းဆောင်ရွက်နေတဲ့ စုန့်လင်းချွမ်က ဒါကျတော့ မနာခံချင်တော့ပေ။

"ကျိုးဝေ့ ငါ ငါ မင်းကို ပြောစရာရှိတယ်"

ကျိုးဝေ့က ကုတင်အစွန်းမှာထိုင်ပြီး ခပ်တိုးတိုး ချော့ပြောလိုက်သည်။ "ကောင်းပြီ ငါနားထောင်နေတယ်"

စုန့်လင်းချွမ်က မျက်တောင်ခတ်လိုက်ပြီး သူမကို ဗလာကျင်းစွာနဲ့စိုက်ကြည့်နေသည်။ သူ့အသံက အမူးသမားတွေထက် ပြိုင်ဘက်ကင်း နေသည်။ "ဘယ်လိုလုပ်ရမလဲ? ငါ မင်းကို တကယ်သဘောကျနေတုန်းပဲ"

ကျိုးဝေ့ စိတ်ထဲမှာ 'ဘုန်း' ခနဲ ပေါက်ကွဲသွားသည်။

တစ်ခဏလောက် စုန့်လင်းချွမ် တကယ်မူးနေတာလား ဒါမှမဟုတ် မမူးနေဘူးလားဆိုတာကို သူမ ရုတ်တရက် ခွဲခြားလို့မရလိုက်ပေ။

ဒါပေမယ့် သူ့ရဲ့ မှုန်ဝါးဝါးဖြစ်နေတဲ့ မျက်လုံးတွေကို ပြန်ကြည့်လိုက်တဲ့အခါ စုန့်လင်းချွမ် တကယ်မူးနေပြီဆိုတာ သူမ အတည်ပြုနိုင်လိုက်သည်။

ငါ မင်းကို တကယ်သဘောကျနေတုန်းပဲ...

ကျိုးဝေ့ရဲ့ နှလုံးခုန်သံတွေက မတတ်နိုင်ဘဲ ပိုပိုမြန်လာရသည်။

လွန်ခဲ့တဲ့ ခုနစ်နှစ်ခန့်က အဲ့ဒီနေ့လည်ခင်းကလို စုန့်လင်းချွမ်က 'ငါ မင်းကိုသဘောကျတယ်' လို့ သူမတို့ကျောင်းနားက တောအုပ်ငယ်လေးမှာ ပြောခဲ့သည်။

ဒီနှစ်တွေတစ်လျှောက်လုံး အဲ့ဒီတုန်းက သူ့ကိုငြင်းဖို့ သူမ သတ္တိတွေ ဘယ်လောက်ထိ စုခဲ့လဲဆိုတာကို သူမကိုယ်တိုင်တောင် မသိခဲ့ပေ။

သူမရင်ထဲမှာတော့ အရမ်းတွေဆန္ဒရှိခဲ့သည်။

အဝါရောင် မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် နှစ်ယောက်သား ခုနစ်နှစ်တာကာလကိုဖြတ်ကာ တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ကြည့်နေမိကြသည်။

နောက်တစ်စက္ကန့်မှာ ကျိုးဝေ့ သူမကိုယ်သူမ မထိန်းနိုင်တော့ပေ။ သူမ ငုံ့လိုက်ပြီး စုန့်လင်းချွမ်ရဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်သည်...

နောက်နေ့မနက်မှာတော့ စုန့်လင်းချွမ်တစ်ယောက် မူးမူးနဲ့ နိုးလာခဲ့သည်။

ပထမဆုံး ခံစားချက်က ခေါင်းကိုက်တာ ဖြစ်သည်။

စုန့်လင်းချွမ်မှာ အရက်မူးတာနဲ့ပတ်သက်ပြီး ကောင်းတာတစ်ခုရှိသည်။ အရက်မူးတဲ့အခါ ပြဿနာမရှာသလို၊ မှတ်ဉာဏ်လည်း မပျောက်သွားပေ။

သူ့ရဲ့ပခုံးတွေကိုပွတ်ကာ ကုတင်ပေါ်မှာထိုင်နေရင်း မှတ်ဉာဏ်တွေက တဖြည်းဖြည်း ပြန်‌ပေါ်လာသည်။ မနေ့ညက အဲဒီ ပိုင်ကျို့တစ်ခွက်လေးနဲ့တင် တကယ်အထိန်းအကွပ်မဲ့သွားတာပဲ။ အဲ့ဒီတုန်းက ရိုးသားမှုကိုပြဖို့ သူခွက်အပြည့်လောင်းထည့်ခဲ့တာ။

တကယ်လို့ အဆုံးမှာ အဲ့ဒီဘိုးကြီးကို ချော့မော့နေရဦးမယ်မှန်းသိရင် သူသောက်ခဲ့မှာတောင်မဟုတ်ဘူး။ တကယ် ဘာမဟုတ်‌တာလေးအတွက်နဲ့ ခံနေရပြီ။

သီးသန့်ခန်းထဲမှာ မထိန်းနိုင်တော့လို့ သူဇွဲမလျှော့ဘဲ အပြင်ထွက်လာတာကို မှတ်မိသည်။ သူ့ကို ကျိုးဝေ့ ကူတွဲပေးခဲ့တာကို မှတ်မိ နောက်ပိုင်းမှာက ဟာတွေကိုတော့ သိပ်မမှတ်မိတော့ပေ။

သူဘယ်လိုပြန်ရောက်လာလဲ? စုန့်လင်းချွမ် အဲ့ဒါတွေကို မဆက်စပ်မိခင် တော်တော်ကြာစဉ်းစားလိုက်ရသည်။

ကျန်းဟန် သူ့ကို ပြန်ပို့ပေးခဲ့တာ ဖြစ်မည်။ တံခါးလျှို့ဝှက်ကုဒ် သူ့ကို တောင်းနေတာကို ယောင်ဝါးဝါး သတိရမိသည်။

ခဏနေပါဦး...

စုန့်လင်းချွမ် ရုတ်တရက် မတ်မတ်ထထိုင်လိုက်သည်။

သူမှတ်မိပြီ!

နောက်တစ်စက္ကန့်မှာဘဲ ဖိနပ်တောင်မစီးတော့ဘဲ အိပ်ခန်းထဲကနေ အပြေးအလွှား ထွက်သွားလိုက်သည်။

ဧည့်ခန်းကိုရောက်တော့ စုန့်လင်းချွမ် နေရာအနှံ့ရှာပေမယ့် ကျိုးဝေ့ရဲ့ အရိပ်အယောင်ကို ဘယ်နေရာမှာမှ ရှာမတွေ့ပေ။ သူ့နှလုံးသားမှာ မလွဲမသွေ နစ်မြုပ်သွားတော့သည်။

ဒါဆို သူအိပ်နေတုန်း ထွက်သွားတာလား?

အဲ့ဒီအချိန် တံခါးအပြင်ဘက်က စကားဝှက်ရိုက်သံ ရုတ်တရက် ထွက်လာခဲ့သည်။

တံခါးပွင့်လာတော့ ကျိုးဝေ့က မနက်စာကိုသယ်ကာ လျှောက်လာသည်။

နှစ်ယောက်သား မျက်လုံးချင်းဆုံသွားကြသည်။

စုန့်လင်းချွမ်က သူမကို တည့်တည့်ကြည့်ရင်း "မင်းပြန်သွားတာ မဟုတ်ဘူးလား?"

ကျိုးဝေ့ ခဏလောက် ကြောင်သွားပြီးမှ ခေါင်းခါလိုက်သည်။ "နင်နိုးလာတော့မယ် ထင်လို့။ အဲ့ဒါနဲ့ ငါမနက်စာသွားဝယ်ဖို့ ထွက်သွားတာ"

ပြောပြီးတာနဲ့ သူမက မနက်စာတွေကို ထမင်းစား စားပွဲဆီ သယ်သွားကာ တစ်ခုခုကို လိပ်ပြာမလုံသလိုပုံစံနဲ့ စုန့်လင်းချွမ်ရဲ့ အကြည့်ကို တစ်ချိန်လုံးရှောင်နေသည်။

စုန့်လင်းချွမ် ခဏရပ်သွားပြီး နောက်တော့အမြန်လျှောက်လာကာ ကျိုးဝေ့ရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး သူ့ကိုအတင်းကြည့်ခိုင်းခဲါသည်။

ကျိုးဝေ့က အနည်းငယ် တုန်လှုပ်သွားပြီး "ဘာ ဘာလဲ?"

စုန့်လင်းချွမ်က သူမကို စက္ကန့်အနည်းငယ်လောက် တိတ်တဆိတ် စိုက်ကြည့်ပြီး ပြောလိုက်သည်။ "မနေ့ညက ဖြစ်ခဲ့တာ‌တွေ အားလုံးကို ငါမှတ်မိတယ်၊ မှတ်ဉာဏ်မပျောက်သွားဘူး"

"ဘာလို့နမ်းခဲ့တာလဲ"

ကျိုးဝေ့မှာ စူးခနဲအော်မိသွားပြီး ချက်ခြင်း ဘာပြောရမှန်းမသိဖြစ်သွားသည်။

သူ မမှတ်မိတော့ဘူးလို့ သူမ ထင်ခဲ့ပေမဲ့ မကြာခင်မှာပဲ သူက မှတ်မိသွားတယ်တဲ့။

သူမကို သတိလက်လွတ်ဖြစ်အောင် လုပ်လိမ့်မယ်လို့ မထင်ထားပါချေ။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ စုန့်လင်းချွမ်က သူမကို လွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိပေ။ "ငါတို့ကသူငယ်ချင်းတွေလို့ နင် ပြောတာမဟုတ်ဘူးလား? ဒါဆို မင်း ငါ့ကိုဘာလို့နမ်းတာလဲ?"

ကျိုးဝေ့ စကားမပြောနိုင်တော့ဘဲ နှုတ်ခမ်းကိုအသာစေ့ထားမိသည်။

စုန့်လင်းချွမ်က သူမကိုမိန်းမောတွေဝေစွာနဲ့ကြည့်ရင်း သူ့လေသံက ရုတ်တရက် နည်းနည်းနူးညံ့သွားသည်။ "ဒါဆို မင်းက နမ်းပြီးတာနဲ့ ပြေးဖို့စီစဉ်နေတာလား?"

"ဒါမှမဟုတ် ဆန့်ကျင်ဘက် လိင် ပလက်စတစ်သူငယ်ချင်းတိုင်းကို မင်းဆက်ဆံတဲ့ပုံက ဒီလိုဘဲလား?"

ကျိုးဝေ့က အမြန်ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး!"

သာမာန် ဆန့်ကျင်ဘက်လိင် သူငယ်ချင်းတွေနဲ့ သူမ ဒါကိုဘယ်လို လုပ်နိုင်ရမှာလဲ၊ သူမ မရူးနေဘူး။

စုန့်လင်းချွမ်က ခေါင်းညိမ့်လိုက်ပြီး "ဒါဆို အခုကဘာလဲ?"

ဒါကိုပြောပြီးတာနဲ့၊ သူက ကိုယ့်ကိုယ်ကိုမနှစ်မြို့သလို ရယ်လိုက်ပြီး ပြောလာသည်။ "ဒီကိစ္စအတွက် မင်း ငါ့ကို ရှင်းပြချက်ပေးရမယ်"

ကျိုးဝေ့က ဘာမှမပြောဘဲ မျက်လွှာချကာ သူမခြေချောင်းတွေကို ငေးကြည့်နေသည်။

သူ့ကို ရှင်းပြချက်ပေးရမယ်?

စုန့်လင်းချွမ် ဘယ်လိုရှင်းပြချက်မျိုးလိုချင်လဲဆိုတာ သူမ ရှင်းရှင်းလင်းလင်း သိသည်။

ဒါပေမယ့် သူမ တကယ်ပေးနိုင်ပါ့မလား?

တစ်ခဏလောက်တော့ ကျိုးဝေ့လည်း မသေချာမရေရာဖြစ်နေသည်။ စုန့်လင်းချွမ်က အလျင်လိုနေပုံမရဘဲ သူမနဲ့ ထိပ်တိုက်ရှင်းဖို့ နေရာမှာသာ ရပ်နေသည်။

ဘယ်လောက် ကြာသွားလဲဆိုတာ ဘယ်သူမှမသိပေ။

ကျိုးဝေ့က အသက်ပြင်းပြင်းရှူပြီး ရုတ်တရက် သူ့ကို မော့ကြည့်လိုက်သည်။ "ငါတို့ အနာဂတ်အကြောင်းမပြောဘဲ တွဲဘဲတွဲကြမယ်လို့ပြောရင် နင်လက်ခံနိုင်မှာလား?"

ဒီစကားကို ကြားတဲ့အခါ၊ စုန့်လင်းချွမ် မျက်ခုံးတွေက တွန့်ချိုးသွားပြီး သူ့အမူအရာက သိပ်မကောင်းနေမှန်းသိသာလှသည်။

သူ့တုံ့ပြန်မှုကို မြင်တော့ ကျိုးဝေ့ သူမကိုယ်သူမ လှောင်လိုက်သည်။

ကြည့်လေ၊ ဒါက သူမရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အတွေးတွေပဲ။

သို့ပေမယ့် 'ဒါဆိုလည်း မေ့လိုက်ကြတာပေါ့' လို့ သူမပြောခါနီးမှာဘဲ မမျှော်လင့်ထားစွာနဲ့ စုန့်လင်းချွမ်က သူမထက် အရင်ပြောလာသည်။

"ကောင်းပြီ ငါသဘောတူတယ်!"

တွဲဘဲတွဲကြမယ်၊ အနာဂတ်အကြောင်းမပြောဘူး။

ဒီစကားက ဘာကိုဆိုလိုလဲဆိုတာ သူတို့နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း နားလည်ကြသည်။

ကျိုးဝေ့ ဒီဟာကိုတောင်းဆိုတဲ့အချိန် သူမလည်း ဒါက အဓိပ္ပါယ်မရှိဘူးလို့ ခံစားရသည်။ ဒါပေမယ့် စုန့်လင်းချွမ်က တကယ်သဘောတူလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါချေ။

အဲ့ဒီအချိန်ကစကာ သူတို့နှစ်ယောက်က ချစ်သူကောင်လေးနဲ့ ချစ်သူကောင်မလေး အနေအထားဖြင့် စတင်တွဲခဲ့ကြသည်။

သူက အရမ်းကိုမာနကြီးတဲ့သူဖြစ်မှန်း သူမသိသည်။ ဘယ်လိုပဲပြောပြော အကြောင်းပြချက်မရှိဘဲ သူက ဒီလိုမျိုး သဘောတူလိုက်သည်။

ဒီအတွက် ကျိုးဝေ့ အချိန်အတော်ကြာအောင် စိုးရိမ်နေခဲ့မိသည်။ နောက်တော့ စုန့်လင်းချွမ် သူမကို ဆက်မေးလာမှာ အရမ်းစိုးရိမ်ခဲ့သည်။

ဒါပေမယ့် မမျှော်လင့်ထားစွာနဲ့ နောက်နေ့တွေမှာတော့ ဘာမှမဖြစ်ခဲ့သလိုပင်။

သူမသာ မပြောရင် သူလည်းမေးမှာ မဟုတ်ပေ။

အဲ့ဒါကြောင့်နဲ့ သူတို့နှစ်ယောက် ဆက်ဆံရေးက လုံးဝကို မထိခိုက်ခဲ့ပါချေ။ သူတို့ကြားမှာ ဘာအတားအဆီးမှ မရှိခဲ့ပေ။

သူတို့နှစ်ယောက်က တခြားစုံတွဲတွေနဲ့မတူဘဲ တကယ်ကို အလေးအနက်ထားပြီး တွဲခဲ့ကြသည်။

တဖြည်းဖြည်းနဲ့ ကျိုးဝေ့ ကိုယ်တိုင်လည်း အစက သူမအဆိုပြုခဲ့တဲ့ သဘောတူညီချက်ကို မေ့ပျောက်လာသည်။

တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်နဲ့ နေ့ရက်တွေကုန်ဆုံးသွားသည်...

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လူသိရှင်ကြားမချပြသေးသလို မိသားစုတွေနဲ့ မိတ်ဆက်ပေးတာမရှိလဲ တိတ်တိတ်ဆိတ်ဆိတ် ဆက်သွားနေခဲ့သည်။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို သူတို့တကယ်ဘဲ ထိန်းထားကြသည်။

ဒီလို အနေအထားက တကယ်ကောင်းမွန်တယ်လို့ သူမ မကြာခဏ ခံစားမိသည်။

ဒါပေမယ့် ဘယ်အချိန်က စခဲ့လဲဆိုတာ‌တော့မသိပေ၊ အနာဂတ်အကြောင်းမပြောဘဲ တွဲရုံဘဲတွဲကြမယ်လို့ ပြောခဲ့တဲ့ သူမကိုယ်တိုင် စိုးရိမ်စပြုလာသည်။

သူမတို့ကြားက သံယောဇဉ်က ပိုပိုပြီးနက်ရှိုင်းလာတာကြောင့် ဖြစ်နိုင်သလို ဒါမှမဟုတ် အသက်ကြီးလာလို့လည်း ဖြစ်နိုင်သည်။

ဒါပေမယ့် အတိအကျပြောရရင် ကျိုးဝေ့စိတ်မသက်မသာဖြစ်လာမှုက စုန့်အာ့နန် လက်ထပ်ပြီးတဲ့နောက်မှာ စလာတာဖြစ်သည်။

အဲ့ဒီအချိန်မှာ၊ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့က အသက်တူတူဘဲဆိုတော့ မငယ်တော့ကြောင်း၊ သူ့အန်တီလေးတောင် လက်ထပ်သွားပြီဆိုတော့ သူ့မိသားစုက သူ့ကို တိုက်တွန်းနေလောက်ပြီလို့ပြောထားတဲ့ လိုက်ခ်တွေအများကြီးရထားတဲ့ မှတ်ချက်ကို သူမ တွေ့ခဲ့ရသည်။

သူ သူမအရှေ့မှာ တစ်ခါမှထုတ်မပြောတာကြောင့် သူ့မိသားစုက သူ့ကိုတိုက်တွန်းနေလားဆိုတာ သူမ မသိပေ။

ဒါပေမယ့် သူတို့ သူ့ကိုတိုက်တွန်းနေလောက်မှာ ဖြစ်နိုင်သည်။

ကျိုးဝေ့က သူမတို့တွေ တကယ် လမ်းခွဲဖြစ်လောက်မယ်လို့ထင်ခဲ့တာကြောင့် အစတုန်းက " အနာဂတ်ကြောင်းမပြောဘဲ၊ တွဲရုံတွဲကြမယ်' လို့ပြောခဲ့မိတာဖြစ်သည်။

အဲ့ဒီအချိန်တုန်းက စုန့်လင်းချွမ်ရဲ့ သူမအပေါ်ခံစားချက်တွေက ငယ်ရွယ်စဉ်တုန်းက တောင့်တခြင်းတွေကြောင့်သာဖြစ်တယ်လို့ သူမ ခံစားခဲ့ရပြီး သူတို့တကယ်တွဲမိကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သိပ်သဘောအကျကြီး မဖြစ်လောက်ဘူးလို့ ‌ထင်ခဲ့မိသည်။

ဒါပေမယ့် သူမတို့နှစ်ယောက် တွဲပြီးတဲ့နောက်မှာ ဘာတစ်ခုမှ မဖြစ်ခဲ့ပေ။

စုန့်လင်းချွမ်က သူမကို ပိုကောင်းကောင်း ဆက်ဆံပေးခဲ့ပြီး ရည်းစားနဲ့ပတ်သက်တဲ့ သူမရဲ့စိတ်ကူးယဉ်မှုတွေအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။

သူမ စိတ်အခြေအနေ မကောင်းတဲ့အခါဆို သူသတိထားမိပြီး သူမအနားကို အရင်ရောက်လာတတ်ကာ အမှတ်တရ ဖြစ်တဲ့ရက်တွေတိုင်းမှာလည်း သူမအတွက် surprise‌ လုပ်ပေးပြီး သူမရဲ့အကြိုက်နဲ့အကျင့်တွေကိုလည်း အမြဲတမ်းမှတ်မိနေပေးသည်.....

သူမမှာ သူ့ကိုပိုပိုပြီး ဖက်တွယ်လာမိသည်။

လမ်းခွဲရမယ့်နေ့ရောက်လာလိမ့်မယ်လို့ တစ်ခါတလေ တွေးမိရုံနဲ့ ကျိုးဝေ့ ရင်တွေထိန်းမနိုင်သိမ်းမရ နာကျင်သွားတတ်သည်။

သူမ စိတ်မသက်မသာဖြစ်လာသည်။

စုန့်လင်းချွမ်က အမြဲတမ်း ပေါ့ပေါ့ပါးပါးနေတတ်ပေမယ့် ကျိုးဝေ့ဆီ ရောက်လာတဲ့အခါမှာ‌တော့ သူကအရမ်းအာရုံစိုက်တတ်သည်။

မကြာခင်မှာပဲ ကျိုးဝေ့ စိတ်မသက်မသာဖြစ်နေတာကို သူသတိထားမိပြီး အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ခဲ့သည်။

စုန့်လင်းချွမ်ရဲ့အတွေးကတော့၊ သူတို့တွေ တစ်သက်လုံး တွဲကြရင်လည်း အဆင်ပြေသည်။

သူတို့နှစ်ယောက် လုပ်ရိုးလုပ်စဉ်အတိုင်း လက်မထပ်ကြဘဲ နှစ်ယောက်သား အတူတူ ရှိနေသေးသရွေ့ တစ်သက်လုံး သူ သူမနဲ့အတူ နေနိုင်တယ်လို့ ယုံကြည်သည်။

အခု ဒီပုံစံက ကျိုးဝေ့ကို စိတ်မသက်မသာဖြစ်စေတယ်ဆိုတော့ ဒါနဲ့ပတ်သတ်ပြီး သူ တစ်ခုခုလုပ်ရတော့မယ်လို့ဆိုလိုတာပင်။

အဲဒီနေ့မှာ စုန့်လင်းချွမ် ကျိုးဝေ့ရဲ့ရိုက်ကူးရေးဆီ အလည်အပတ်သွားခဲ့သည်။

ညစာစားပြီးနောက် သူတို့လမ်းလျှောက်ထွက်ကြပြီး ဟိုတယ်ကို ပြန်လာကြသည်။

ဒါပေမယ့် သူတို့ အခန်းထဲဝင်လိုက်တာနဲ့ စုန့်လင်းချွမ်က ကျိုးဝေ့လက်ကို ရုတ်တရက်ဆွဲပြီး အိတ်ကပ်ထဲက ကြိုတင်ပြင်ဆင်ထားတဲ့ လက်စွပ်တစ်ကွင်းကို ထုတ်လိုက်ကာ ဒူးတစ်ဖက်ထောက်လိုက်သည်။

"ဝေ့ဝေ့၊ မင်း ကိုယ့်ကို လက်ထပ်နိုင်မလား?"

ကျိုးဝေ့ အံ့အားသင့်သွားသည်။ စုန့်လင်းချွမ်က ရုတ်တရက်ကြီး propose လုပ်လာလိမ့်မယ်လို့ သူမတကယ်မမျှော်လင့်ထားပါပေ။

ဘာပဲဖြစ်ဖြစ် သူမတို့နှစ်ယောက်ကြားမှာ ဒီသဘောတူညီချက်ရှိနေသေးသည်။

စုန့်လင်းချွမ်ရဲ့လက်ထဲက လက်စွပ်ကိုကြည့်ရင်း သူမမျက်လုံးထဲ တောင့်တမှုတွေ ဖြတ်ခနဲပေါ်လာခဲ့သည်။ "ဒါပေမယ့် အဲ့ဒီတုန်းက ငါတို့သဘောတူထားတယ်လေ..."

စုန့်လင်းချွမ်က ပြုံးပြီး သူမကို ကိုင်ထားကာ ပြောလိုက်သည်။ "ဟုတ်တယ်၊ ကိုယ်တို့ အရင်တုန်းက သဘောတူခဲ့တယ်၊ ဒါပေမယ့် အခုတော့ ကိုယ်နောင်တရမိတယ်"

ကျိုးဝေ့ ရင်ထဲ လွန်ဆွဲနေမိသည်။

စုန့်လင်းချွမ် သူမကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလာသည်။ "အကြောင်းပြချက်ကို ကိုယ် သိနေတာကြာပြီ"

ကျိုးဝေ့က တစ်ခုခုကို ရိပ်မိသွားဟန်နဲ့ လန့်ဖျပ်သွားကာ သူမရဲ့ မျက်လုံးထဲ မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေပေါ်လာသည်။

စုန့်လင်းချွမ်က ပြောလာသည်။ "ကိုယ်တို့ တွဲပြီး သိပ်မကြာဘူး၊ ကိုယ်အစ်မကျန်းကို မေးလိုက်တယ်၊ သူက ကိုယ့်ကို အကုန်ပြောပြလာတယ်"

ကျိုးဝေ့ ပါးစပ်ဟလိုက်ပြီး ပြောလိုက်သည်။ "ဒါဆို နင်ဘာလို့..."

စုန့်လင်းချွမ်က သူမကို ခေါင်းခါပြလိုက်ပြီး "အဲဒါကို ကိုယ် ဂရုမစိုက်ဘူး"

တကယ်တော့ သူတို့မှာ ကလေးရှိရှိ မရှိရှိ သူသိပ်ဂရုမစိုက်ပါချေ။

ဒါပေမယ့် ကျိုးဝေ့က ခေါင်းခါပြီး "ဒါပေမယ့် လင်းချွမ်၊ အိမ်ထောင်ရေးဆိုတာ လူနှစ်ယောက်ထဲနဲ့ မဟုတ်ဘူးလေ။ မိသားစုတွေနဲ့လည်း သက်ဆိုင်တယ်၊ ငါတို့...."

စုန့်လင်းချွမ်က ဖြတ်ပြောလာသည်။ "ဒီနှစ်တွေတစ်လျှောက်လုံး အစကတည်းက မင်းဘာကို ရည်ရွယ်ခဲ့လဲဆိုတာ ကိုယ်သိတယ်။ မင်းကို ဖြောင်းဖျဖို့ ဒါမှမဟုတ် ကတိတွေပေးဖို့ ကိုယ် မကြိုးစားခဲ့ဘူး။ ဒါပေမယ့် အခုအဲ့ဒါက သက်သေပြဖို့ မလုံလောက်သေးဘူးလား?"

ကျိုးဝေ့က ပြန်မဖြေပေ။

"ငါ မင်းကို စပြီးသဘောကျခဲ့တဲ့အချိန်ကနေ အခုချိန်အထိဆို ဆယ့်လေးနှစ်ရှိပြီ" စုန့်လင်းချွမ်က ခဏရပ်လိုက်ပြီး သေသေချာချာ ပြောလာသည်။ "မင်းကလွဲပြီး တခြားဘယ်သူ့ကိုမှ မချစ်နိုင်ဘူး"

အစကတော့ သူ ငယ်ငယ်တုန်းက သူ့အချစ်တွေနဲ့ သူမကို မရနိုင်တဲ့အချက်ကြောင့် မလျှော့တမ်းပေးနေခဲ့တာလို့ ကျိုးဝေ့ထင်ခဲ့မိသည်။ သို့ပေမယ့် စုန့်လင်းချွမ်ကိုယ်တိုင်က သူ့ရဲ့ မလျှော့တမ်းပေးနေမှုက သူမတစ်ယောက်ထဲကြောင့် တည်မြဲနေခဲ့တာဖြစ်ကြောင်း သူကိုယ်တိုင်သိထားသည်။

သူ့ငယ်ရွယ်တုန်းက ခံစားချက်ရဲ့ ပထမဆုံး နှိုးဆွမှုက အစဖြစ်ပြီး တစ်ခုတည်းသော ခံစားချက်လည်းဖြစ်သည်။

သူ့နှလုံးသားထဲက နေရာလွတ်မှာ သူမကလွဲလို့ တခြားဘယ်သူ့ကိုမှ မထည့်နိုင်ပေ။

ကျိုးဝေ့ အံ့အားသင့်သွားကာ သူမရဲ့မျက်လုံးတွေက ရုတ်တရက် ဝေဝါးလာသည်။

ဒီဆက်ဆံရေးမှာ သူမ ဘက်ကသာ အမြဲတမ်း ရှေးရိုးဆန်နေခဲ့ကြောင်း သူမ ဝန်ခံပါသည်။ အစကတည်းက သူမအရှေ့မှာ ဘယ်တော့မှ နာကျင်ရမှာကို မကြောက်ဘဲ သူ့ကိုယ်တိုင်ဖွင့်ပြထားခဲ့တဲ့ စုန့်လင်းချွမ်နဲ့ မတူပေ။

သူက ဘယ်တုန်းကမှ မကြောက်ခဲ့သလိုပင်။

သူမ နောက်ပြန်ဆုတ်သွားတဲ့အခါတိုင်း သူက သူမကိုလိုက်လျောညီထွေစွာနဲ့ အမြဲဆွဲထုတ်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပဲ သူက သူမရဲ့ခံစားချက်တွေကို အမြဲတမ်း ထည့်သွင်းစဉ်းစားပေးသည်။

ဒီတစ်ခေါက်လိုမျိုး သူ အလုပ်ရှုပ်တာ‌ အရေးမကြီးတာကြောင့် propose လုပ်ဖို့ခမ်းခမ်းနားနား မပြင်ဆင်ထား‌တာမဟုတ်ဘဲ သူမကြောင့်သာဖြစ်သည်။

သူမရဲ့စိုးရိမ်မှုအားလုံးကို သူသိတာကြောင့် ဒီလိုမျိုး သာမန်ဆန်တဲ့ညမှာ ပွင့်ပွင့်လင်းလင်း စိတ်အားထက်သန်စွာနဲ့ သူ့နှလုံးသားကို ဖွင့်ပြဖို့ ရွေးချယ်ခဲ့သည်။

ပြီးတော့ သူ့ရဲ့ "မင်းကလွဲပြီး တခြားဘယ်သူ့ကိုမှ မချစ်နိုင်ဘူး" ဆိုတဲ့စကားက ကျိုးဝေ့ရဲ့ ခုခံစွမ်းအားလုံးကို ကျဆင်းသွားစေသည်။

ဒီစကားက သူမကို အရာအားလုံးလျစ်လျူရှုရဲတဲ့ သတ္တိ ပေးစွမ်းနေသည်။

အနည်းဆုံးတော့ အခက်အခဲတွေ ဘယ်လောက်ရှိရှိ သူ့အတွက် သူမအားလုံးကို တစ်ကြိမ်လောက်တော့ မေ့ပစ်လိုက်မည်။ သူမတို့တွေ အတူတူ ကျော်လွှားကြတာပေါ့။

ကျိုးဝေ့ စုန့်လင်းချွမ်လက်ထဲက လက်စွပ်ကို ကြည့်ရင်း သူမမျက်လုံးထဲ မျက်ရည်တွေ ပြည့်လာခဲ့သည်။

သူမ ညာလက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပြီး သူမရဲ့အသံကိုတမင် နည်းနည်းလောက်တင်းလိုက်သည်။

"ကောင်းပြီ ငါ လက်ခံတယ်"

Extra End

All Chapters