← Chapters

( extra 1)

Vol. 13 Ch. 160

( extra 1)

Vol. 13 Ch. 160

တစ်နေ့၊ စုန့်အာ့နန်တစ်ယောက် အိပ်ဆောင်ထဲမှာ သူမရဲ့ စားပွဲကို ရှင်းလင်းနေတုန်း လီစစ်ရွှေ့က ကပျာကယာဝင်လာခဲ့သည်။

"အာ့နန်၊ အာ့နန်၊ နင် နာမည်ကြီးနေပြီ!!"

စုန့်အာ့နန် တစ်ခဏလောက် အံ့အားသင့်သွားပြီး သူမအကြောင်းနဲ့ပတ်သတ်တဲ့ နောက်ထပ် ရေပန်းစားနေတဲ့ ရှာဖွေမှုတစ်ခု ဖြစ်လိမ့်မယ်လို့ တွေးလိုက်မိသည်။

သူမဘာလို့ "နောက်ထပ်" လို့တွေးရတာလဲ? အဲ့ဒါကတော့ မထင်မှတ်ပဲ လူကြိုက်များလာခဲ့တဲ့ လူနေမှုပုံစံ variety show ကို စုန့်လင်းချွမ်နဲ့အတူ သူမ လိုက်သွားခဲ့တဲ့ မနှစ်ကအချိန်ကို ပြန်သွားရမည်ပင်။ ရှိုးက ဒီလိုမျိုးပေါက်ကွဲလာလိမ့်မယ်လို့ သူတို့နှစ်ယောက်လုံး မမျှော်လင့်ထားခဲ့ကြပါချေ။

ဒါပေမယ့် ဒါက လွန်ခဲ့တဲ့တစ်နှစ်လောက်က ဖြစ်ကာ လူထုအမြင်ကနေ ပျောက်သွားခဲ့တာ ကြာပြီဖြစ်သည်။

"ဒီတစ်ခေါက်ရော ဘာအတွက်လဲ? ငါက ရေပန်းစားနေတဲ့ ရှာဖွေမှုဇယားမှာ ထိပ်ဆုံးကို ရောက်နေတာလား?" စုန့်အာ့နန်က မေးလိုက်သည်။

ကျန်းဟန်တွေ့ပြီးသွားပြီလားလို့ သူမ တွေးမိသည်။ သူတွေ့ပြီးသွားပြီဆိုရင်တော့ ဒီနာမည်ကြီးနေတဲ့ အကြောင်းအရာကို ဖယ်ရှားဖို့ သူလုပ်နေပေလိမ့်မည်။

လီစစ်ရွှေ့လည်း ခဏလောက် ကြောင်သွားသည်။ "မဟုတ်ဘူး၊ ငါက ရေပန်းစားနေတဲ့ ရှာဖွေမှုဇယားကိုပြောတာမဟုဝ်ဘူး"

စုန့်အာ့နန် မျက်တောင်ခတ်လိုက်သည်။ ဒါဆို ဘယ်ဟာလဲ?

လီ‌စစ်ရွှေ့က သူမရှေ့ကို ဖုန်းထိုးပေးလိုက်သည်။ "ငါတို့ကျောင်းဖိုရမ်ကအကြောင်း ပြောနေတာ၊ နင်နဲ့ ဖေးခွမ် အကြောင်း ပို့စ်တွေ ပျံ့နေတယ်!"

ဖေးခွမ်?

စုန့်အာ့နန် အတွက် ရင်းနှီးနေပေမယ့်လည်း မရင်းနှီးနေတဲ့ နာမည်တစ်ခုပင်။

သူမအနေနဲ့ B တက္ကသိုလ်ဆေးကျောင်းရဲ့ ဂန္တဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဖေးခွမ် ဆိုတဲ့အမည်နဲ့ ရင်းနှီးသည်။ အတိအကျပြောရရင် B တက္ကသိုလ်တစ်ခုလုံးနဲ့ ရင်းနှီးသည်။

စုန့်အာ့နန်လိုပဲ သူက 8 နှစ်တက်ရသည့် MD-PhD ပရိုဂရမ်တွင်လည်း ပါဝင်ခဲ့ပြီး ထူးခြားတဲ့ အရည်အချင်းတွေနဲ့ နှစ်စဉ်နှစ်တိုင်း သူတို့ရဲ့အဖွဲ့ခွဲတွင် ထိပ်တန်းကျောင်းသားအဖြစ် သတ်မှတ်ခံရသည်။ သူမတို့ ဆေးကျောင်းရဲ့ ဌာနမှူးကတောင် သူ့ကို တံခါးပိတ်တပည့်အဖြစ် ခေါ်သွားသည်။

ဒါကိုကြည့်ခြင်းအားဖြင့် သူက သူမတို့ဆေးကျောင်းရဲ့ ဒဏ္ဍာရီလာ လူလို့ ပြောနိုင်သည်။

ဒါပေမယ့် ဘာလို့ B တက္ကသိုလ်တစ်ခုလုံးရဲ့ ဒဏ္ဍာရီလာလူ ဖြစ်လာရတာလဲ? အကြောင်းပြချက်ကတော့ ရိုးရှင်းသည် - သူ့ရုပ်ရည်ကြောင့်ပဲ!

ဖေးခွမ်ကို "B တက္ကသိုလ်ရဲ့နတ်ဘုရားမျက်နှာ" လို့ခေါ်သည်။ စစ်ရေးလေ့ကျင့်မှုအတွင်း သူ့ရဲ့ မှုန်ဝါးဝါးဓာတ်ပုံတစ်ပုံသာ ရိုက်ကူးနိုင်ခဲ့တာကတင် B တက္ကသိုလ်ရဲ့ဖိုရမ်ကို မုန်တိုင်းတိုက်ခတ်နိုင်လိုက်သည်။

B တက္ကသိုလ်မှာ စာရင်းသွင်းပြီးကတည်းက သူဟာ "ကျောင်းဝင်းထဲက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်" အဖြစ် ၈ နှစ်ဆက်တိုက် ဖြစ်ခဲ့သည်။

ဘွဲ့ရပြီးချိန်အထိ သူ့ဂုဏ်ပုဒ်က မပြောင်းလဲခဲ့ပေ။

ဖျော်ဖြေရေးနယ်ပယ်မှာ ပွဲဦးထွက်အတွက် သူ့ကို ခေါ်ယူဖို့ အရည်အချင်းရှိတဲ့ အေဂျင်စီများစွာက ကျောင်းကို ချဉ်းကပ်ခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရသည်။ သူက သူ့ဘဝကို ဆေးပညာထဲမှာ မြှုပ်နှံဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ပုံပင်။

စုန့်အာ့နန် လူသစ်လေးဖြစ်စကတည်းက သူမပတ်ဝန်းကျင်ရှိ လူတွေတိုင်းက သူ့အကြောင်းကိုပြောပြောနေကြတာ ကြားဖူးသည်။

"ဟေး နင် ဖေးခွမ်ကိုသိလား? သူက အရမ်းချောတယ်လို့ ကြားတယ်"

"ဝိုး! ဒါဆို နင်က ဆေးဌာနကပေါ့? ငါတို့ကျောင်းရဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖေးခွမ်ကို မြင်ဖူးလား?"

ဒီလိုမျိုးမှတ်ချက်တွေက ရှားပါးသည် မဟုတ်ပေ။ သူ့အကြောင်းမသိဖို့ဆိုတာက ခက်သည်။

သို့ပေမယ့် စုန့်အာ့နန်အနေနဲ့ ဖေးခွမ်ကိုလည်း လူကိုယ်တိုင်မမြင်ဖူးပါချေ။ သူမ စာရင်းသွင်းတဲ့ အချိန်ကတည်းက သူ နိုင်ငံခြားကို သွားနေပြီဖြစ်သည်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူဘွဲ့ရပြီးတဲ့နောက် ပြည်တွင်းရှိ နာမည်ကြီး ဆေးရုံတစ်ခုဆီမှသူ ကမ်းလှမ်းခံရပြီး အဲ့ဒီမှာအလုပ်လုပ်နေတယ်လို့ သူမ ကြားသည်။

ဘာဖြစ်နေတာလဲဆိုတာ စုန့်အာ့နန် သိချင်သွားကာ လီစစ်ရွှေ့ရဲ့ ဖုန်းကို သူမတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒီပို့စ်တွေကအဟောင်းတွေ မဟုတ်ဘူးလား? ဘာလို့ ရုတ်တရက် ရေပန်းစားလာရတာလဲ?"

ဒီပို့စ်တွေကိုပြောရမယ်ဆိုရင်တော့ အဲ့ဒါနဲ့ပတ်သတ်ပြီး စုန့်အာ့နန် နည်းနည်းလောက် ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။

B တက္ကသိုလ်တွင် နှစ်စဉ်နှစ်တိုင်း "ကျောင်းအလှလေး" နဲ့ "ကျောင်းနှင်းဆီခိုင်" ကို ရွေးချယ်သည့် အစဉ်အလာရှိသည်။ စုန့်အာ့နန် စာရင်းသွင်းပြီး မကြာခင်မှာပဲ ထူးထူးခြားခြားနဲ့ သူမက "ကျောင်းအလှလေး" အဖြစ် မဲပေးခံခဲ့ရသည်။

နောက်ပိုင်းမှာ အကြောင်းတစ်ခုခုကြောင့် ပို့စ်တစ်ခု သူမနဲ့ ဖေးခွမ်တို့ကို ဆေးကျောင်းဂုဏ်‌ဆောင်မျက်နှာနှစ်ခုလို့ တင်စားခေါ်ဝေါ်ခဲ့သည်။

အဲ့ဒီအချိန်တုန်းက သူမ များများစားစား မတွေးမိခဲ့ပေ၊ တော်တော်များများက သူမနဲ့ဖေးခွမ်တို့ကို ကျောင်းဖိုရမ်တွင် လိုက် ship နေကြတဲ့အကြောင်းကို သူမ အခန်းဖော်ဆီကနေ ရံဖန်ရံခါ ကြားခဲ့ရသည်။

ဒီအတွက် စုန့်အာ့နန်က ပိုလို့တောင် အံ့သြခဲ့ရသည်။ ဘာ ship စရာရှိလို့လဲ? သူမတို့ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်တောင် မသိကြတာကို။ ဘာကို ship ကြတာလဲ?

ဒီအကြောင်းတွေကြောင့်ဖြစ်မည်၊ အဲ့ဒီကိစ္စက အဲ့ဒီအချိန်တုန်းက နယ်ပယ်သေးသေးလေးအတွင်းမှာပဲ ပျံ့နှံ့ခဲ့ပြီး ကြီးမားတဲ့ လှိုင်းလုံးကြီးတွေကို မလုပ်လာသလို၊ ပါဝင်ပတ်သက်သူ နှစ်ယောက်အတွက် အနှောင့်အယှက်တွေ မဖြစ်စေဘဲ အလျင်အမြန်နဲ့ ဖြတ်သန်းသွားသည်။

ဒါပေမယ့် မမျှော်လင့်ဘဲ၊ မနှစ်တုန်းက စုန့်လင်းချွမ် ရဲ့ တခဲနက်ကျော်ကြားမှုကြောင့် ဖြစ်နိုင်သလို သူမရဲ့ကျော်ကြားမှု မြင့်လာတာကြောင့်လည်းဖြစ်မည်။ လူတွေက လွန်ခဲ့တဲ့နှစ် သူမ variety show မှာ အတူပါဝင်ခဲ့တဲ့ သူမရဲ့အတိတ်ကို ပြန်တူးဆွခဲ့ကြသည်။

ဒါက သူ့ဘာသာသူဆို ပြဿနာဖြစ်မှာ မဟုတ်ပေ။ စုန့်အာ့နန်က ရှိုးမစခင်ကတည်းက ဒီလိုမျိုးရလဒ်ကို မျှော်မှန်းထားပြီးဖြစ်ကာ အလင်းပြနိုင်တဲ့အရာတစ်ခုမှ မရှိဘူးလို့ မထင်ပေ။

စုန့်အာ့နန် သတိမထားမိတဲ့အချက်ကတော့ အင်တာနက်သုံးစွဲသူတွေက သူမနဲ့ ဖေးခွမ်တို့ကို ship တဲ့ပို့စ်ဟောင်းကို တူးဆွခဲ့ပြီး အချိန်အတော်ကြာတဲ့အထိ ရေပန်းစားနေခဲ့တာပင်။

ကျန်းဟန်က အကြောင်းအရာကို ချက်ခြင်းဖြုတ်ပစ်လိုက်ပေမယ့် အကျိုးသက်ရောက်မှုတချို့လည်းရှိသည်။

ဖေးခွမ်မှာ သူမကြောင့် မလိုလားအပ်တဲ့ ဒုက္ခတွေကြုံခဲ့ရသောကြောင့် စုန့်အာ့နန်မှာ အဲ့ဒီကိစ္စအတွက် သူ့ကိုအမြဲအားနာနေခဲ့ရတာဖြစ်သည်။

အဲ့ဒီတုန်းက ဖေးခွမ်နဲ့ ရင်းနှီးတဲ့ စီနီယာကျောင်းနေဖက်တစ်ယောက်ကို ဖေးခွမ်ဆီ သူမ တောင်းပန်ကြောင်းပြောခိုင်းခဲ့သေးသည်။

အဲ့ဒီစီနီယာကျောင်းနေဖက်ရဲ့ ပြောကြားချက်အရ ဖေးခွမ်က နားလည်ကြောင်း သူ့ရဲ့ကြင်နာမှုကို ဖော်ပြခဲ့သည်။ ဒါပေမယ့် စုန့်အာ့နန်ကတော့ သူ့အပေါ် အားနာနေရဆဲပင်။

ဒါကြောင့် ဒီအဖြစ်အပျက်ဟောင်းတွေကို ပြန်ပြောလာကြတာကို မြင်တော့ စုန့်အာ့နန်မှာ နည်းနည်း ထိတ်လန့်သွားမိသည်။

လီစစ်ရွှေ့က စုန့်အာ့နန် ပုခုံးကိုပုတ်လိုက်ပြီး "ဒါ‌တွေဘာလို့ ထပ်ပေါ်လာတာလဲ? သေချာပေါက် ဘာကြောင့်လဲဆိုတော့......"

သူမက စိတ်လှုပ်ရှားစွာနဲ့တံတွေး မျိုချလိုက်ပြီး "ဘာကြောင့်လဲ?"

လီစစ်ရွှေ့က လေသံကို နည်းနည်း မြှင့်ကာပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ စီနီယာဖေး ပြန်ရောက်နေပြီလေ!"

စုန့်အာ့နန်က “အာ" ဆိုပြီးအသံပြုလိုက်ကာ ရုတ်တရက် နည်းနည်း နားမလည်ဖြစ်သွားရသည်။

ဖေးခွမ် ပြန်လာတယ်၊ ဘယ်ကပြန်လာတာလဲ? "စီနီယာဖေးက တရုတ်နိုင်ငံကို ပြန်လာပြီလို့ ကြားတယ်၊ အခု ငါတို့ ကျောင်းရဲ့ တွဲဖက်ဆေးရုံမှာ အလုပ်လုပ်နေတယ်။ တစ်ယောက်ယောက်က သူ့ပုံကို ရိုက်ပြီး ဖိုရမ်မှာ တင်ထားတာ"

လီစစ်ရွှေ့က စကားပြောနေရင်း ဖုန်းကိုအောက်ထိဆွဲချလိုက်ပြီး သူမကိုပြဖို့ ဓာတ်ပုံကိုဖွင့်လိုက်သည်။ "ငါပဲအထင်မှားနေတာလားမသိဘူး? ဖိုရမ်က ဓာတ်ပုံဟောင်းတွေထက် စီနီယာဖေးက ပိုလို့တောင်ချောလာတယ်လို့ ဘာလို့ ငါခံစားနေရတာပါလိမ့်"

စုန့်အာ့နန်မှာ ဖုန်းထဲက ဓာတ်ပုံကို စိုက်ကြည့်မိရင်းတစ်ခဏလောက် မိန်းမောသွားသည်။

သူက အရမ်းချောတာပဲ။

တခြားဆရာဝန်တွေလို ကုတ်အဖြူဝတ်ထားတဲ့ ဖေးခွမ်က လူအုပ်ကြားထဲတွင် မတ်တပ်ရပ်နေသည်။

အင်း၊ သူ့ရဲ့ဒီလိုရုပ်ရည်နဲ့ဆို ဘယ်နေရာမှာပဲ ရပ်ရပ် တောက်ပနေမှာပင်။

စုန့်အာ့နန်အတွေးထဲနစ်နေတုန်း လီစစ်ရွှေ့ကအတင်းအဖျင်းကို စိတ်ဝင်စားစွာနဲ့ ရုတ်တရက် သူမကိုကြည့်လိုက်သည်။ " ရှောင်အာ့နန်၊ နင့်ရဲ့ ကောလဟာလပါတနာက ပြန်ရောက်လာပြီ။ ဘာအတွေးတွေရှိလဲ?"

စုန့်အာ့နန်က နှုတ်ခမ်းစူလိုက်သည်။ သူမမှာ ဘာအတွေးတွေရှိရမှာလဲ?

သူမ စိတ်ကူးတောင် မယဉ်ရဲဘူး။

ship တဲ့ပို့စ်တွေက နာမည်ပြန်ကြီးလာတယ်ဆိုကတည်းက စုန့်အာ့နန်အနေနဲ့ ဖေးခွမ်အပေါ် မလွဲမသွေ အပြစ်ရှိသလို ခံစားလာရသည်။

အနာဂတ်မှာ သူမတို့ တွေ့နိုင်လောက်တဲ့ ဖြစ်နိုင်ချေကို တွေးကြည့်မိတော့ သူမနည်းနည်း ဘာလုပ်ရမှန်းမသိသလိုခံစားလိုက်ရသည်။

ဆေးကျောင်းရှိ ဆေးဘက်ဆိုင်ရာ ပရိုဂရမ်များတွင် ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ တွဲဖက်ဆေးရုံတွင် အလုပ်သင်အဖြစ် လုပ်ရသည်။ ထုံးစံအတိုင်း စုန့်အာ့နန်လည်း အတူတူပင်။

အခုဖေးခွမ်ပြန်ရောက်နေပြီဆိုတော့ သူမတို့တွေ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ အချင်းချင်းတွေ့မိကြမှာပင်။

အင်း၊ သူမရဲ့အလုပ်သင်က တစ်နှစ်ပဲရှိသေးတာ။ အဲ့ဒီအချိန်တွေအားလုံးက လေထဲလွင့်သွားသလိုဘဲကုန်သွားမှာပါလို့ သူမကိုယ်သူမ ပြန်နှစ်သိမ့်လိုက်သည်။

ဒါပေမယ့် အစီအစဉ်တွေက အပြောင်းအလဲတွေကို ဘယ်တော့မှ လိုက်မမီနိုင်ဘူးဆိုတာကို သူမ သိခဲ့သလို အပြောင်းအလဲတွေက သူမ သတိမထားလိုက်မိခင်မှာဘဲ အလျင်အမြန်နဲ့ဖြစ်လာတတ်သည်။

လီစစ်ရွှေ့နဲ့ အချိန်အတော်ကြာ စကားစမြည်ပြောပြီးတဲ့နောက် စုန့်အာ့နန်က သူမဖုန်းကို တစ်ချက်ကြည့်ပြီး ကမန်းကတန်းထလိုက်သည်။

"အချိန်ကုန်သွားပြီ၊ ငါ အခုသွားရတော့မယ်"

လီစစ်ရွှေ့က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "နင်ဘယ်ကို အပြေးအလွှားသွားမလို့လဲ? အရမ်းအရေးကြီးလို့လား?"

စုန့်အာ့နန်က ပြန်ဖြေလိုက်သည်။ "ကျောင်းသားကောင်စီက စီနီယာအစ်မရဲ့ မွေးနေ့လေ သူ့မွေးနေ့ကိုသွားမလို့"

လီစစ်ရွှေ့က ဒီစီနီယာညီမကို မသိတာကြောင့် စုန့်အာ့နန်ကို အများကြီးသောက်ထားမိရင်လို့ လာကြို့ရမယ်ဆိုရင် သူမကိုဖုန်းဆက်လိုက်ဖို့ မှာလိုက်သည်။

စုန့်အာ့နန်ကလည်း သူမကိုလက်ပြလိုက်ပြီး သူမမသောက်ဘူးမို့လို့ စိတ်မပူဖို့ပြောကာ အဆောင်ကနေထွက်လာလိုက်သည်။

မွေးနေ့ရှင် စီနီယာအစ်မက ကျန်းဟန်လို့ခေါ်ပြီး သူမတို့ဆေးကျောင်းကဖြစ်သည်။ အဲ့ဒီစီနီယာအစ်မကို ကျောင်းကောင်စီကနေ သူမသိခဲ့တာဖြစ်ပြီး သူမကိုလည်း အမြဲဂရုစိုက်ပေးသည်။

စုန့်အာ့နန် ကျန်းဟန် ပို့လိုက်တဲ့ တည်နေရာကို စစ်ကြည့်လိုက်သည်။ သူမတို့ကျောင်းနဲ့ သိပ်မဝေးတဲ့ KTV ဖြစ်ပြီး တက္ကစီနဲ့ဆို နာရီဝက်လောက်သာ သွားရသည်။ စုန့်အာ့နန် ဘွတ်ကင်လုပ်ထားတဲ့အခန်းကို ရောက်တော့ အထဲမှာ လူနည်းနည်းပါးပါး ရောက်နေပြီဖြစ်သည်။

စုန့်အာ့နန်ကို မြင်တော့ ကျန်းဟန်က ချက်ချင်းဆိုသလိုလာနှုတ်ဆက်သည်။ “အာ့နန် လာပြီပဲ!"

စုန့်အာ့နန်လည်း ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး သူမယူလာတဲ့ မွေးနေ့လက်ဆောင်ကို ပေးလိုက်သည်။ "အစ်မ မွေးနေ့မှာ ပျော်ရွှင်ပါစေ"

ကျန်းဟန်က လက်ဆောင်ကိုလက်ခံလိုက်ပြီး စုန့်အာ့နန်ကိုပြုံးကာဖက်လိုက်သည်။

စုန့်အာ့နန်နဲ့ ခဏလောက် စကားစမြည်ပြောနေတုန်းမှာ အခန်းတံခါးက ထပ်ပွင့်လာသည်။ မွေးနေ့ရှင်အနေနဲ့ အနေဖြင့် ကျန်းဟန်က အနားယူမယ့်ပုံမပေါ်ချေ။

ကူကယ်ရာမဲ့စွာနဲ့၊ သူမက စုန့်အာ့နန်ကို တခြားမိန်းကလေးတွေနဲ့ ချန်ထားလိုက်ရပြီး တခြားဧည့်သည်တွေကို သူမကိုယ်တိုင်သွားနှုတ်ဆက်သည်။

တကယ်တော့၊ စုန့်အာ့နန်က လက်ရှိလူအများစုအတွက် သူစိမ်းမဟုတ်ပါချေ။ ယမန်နှစ်က သူမပါဝင်ခဲ့တဲ့ variety show ကြောင့်အပြင် အများစုမှာ ဆေးကျောင်းမှလူတွေဖြစ်တာကြောင့် အချင်းချင်း အနည်းနဲ့အများတော့သိကျွမ်းကြသည်။

ဒါ့အပြင် သူမတို့က ကျန်းဟန်ကနေတဆင့် ရင်းနှီးသွားကြတာလည်းရှိသည်။ ထိုင်ပြီး မကြာခင်မှာပဲ စုန့်အာ့နန်တစ်ယောက် သူဘေးနားက လူတော်တော်များများနဲ့ စကားလက်ဆုံကျနေသည်။

တဖြည်းဖြည်းနဲ့ အခန်းထဲမှာ လူတွေပြည့်လာကာ လေထုက ပိုအသက်ဝင်လာသည်။

ဒီလိူအချိန်မျိုးဆိုရင်တော့ စုန့်အာ့နန်နည်းနည်း အဆင်မပြေဖြစ်ရသည်။ အခန်းထဲ လူတွေပြည့်ကျပ်လာတာနဲ့အမျှ သူမထောင့်တစ်နေရာကို ရှာလိုက်သည်။ ကျန်းဟန်ကို မွေးနေ့သီချင်းဆိုပေးပြီး ကိတ်ခွဲပြီးတဲ့အခါကျရင် သူမဆင်ခြေတစ်ခုခုပေးပြီး စောစောပြန်ရမယ်လို့ စဉ်းစားလိုက်သည်။

ဒါပေမယ့် အတော်ကြာတဲ့အထိ ကျန်းဟန်က အဓိကအစီအစဉ်ကိုလုပ်ဖို့ အရိပ်အယောင်တောင် မပြလာသေးတဲ့အတွက် ဘေးပတ်ဝန်းကျင်က လူတွေလည်း မနေနိုင်ဘဲ ထူးဆန်းသလို ခံစားလာရသည်။

"ကျန်းဟန်၊ ဘာလို့မစသေးတာလဲ? ငါ မွေးနေ့သီချင်းဆိုဖို့ အရမ်းစိတ်စောနေပြီ" တစ်ယောက်ယောက်က ပြောလိုက်သည်။

ကျန်းဟန်က ပြုံးကာပြောလာသည်။ "အားလုံးဘဲ ခဏလောက်စောင့်ပေးကြပါ၊ အခုထိ မရောက်လာသေးတဲ့သူတွေ ရှိသေးလို့၊ ခဏနေကြရင် လုပ်မှာပါ"

ဒါကိုကြားတော့ အားလုံးက ဘာမှ မပြောကြတော့ပေ။

စုန့်အာ့နန် မသိစိတ်ကနေ နှာခေါင်းကို ထိလိုက်သည်။ သူမ စိတ်ထင်နေတာလားမသိပေ၊ အခုထိ မရောက်လာသေးတဲ့သူတွေ ရှိလို့လို့ ပြောတုန်းက ကျန်းဟန်တစ်ယောက် သူမကိုကြည့်လိုက်သလို ခံစားလိုက်ရသည်။

ဒါပေမယ့် ဘာအကြောင်းပြချက်မှမရှိဘဲ၊ သူမ အတွေးလွန်နေတာပဲဖြစ်မည်။

စုန့်အာ့နန်လည်း မကြာခင်ဘဲ အဲ့ဒီအတွေးကို လွှင့်ပစ်လိုက်ပြီး အသိပြန်ဝင်လာသည်။

သိပ်မကြာခင်မှာပဲ သီးသန့်အခန်းတံခါးက ထပ်ပွင့်လာပြီး အဝေးကကြည့်ရင်တောင် တော်တော်မြင့်ပုံရတဲ့ ယောက်ျားလေးနှစ်ယောက် ဝင်လာခဲ့သည်။

သီးသန့်အခန်းက ရုတ်တရက် တိတ်ဆိတ်သွားကာ လူတိုင်းက တံခါးဝရှိ လူနှစ်ယောက်ကို တညီတညွတ်တည်း ကြည့်လာကြသည်။

စုန့်အာ့နန်လည်း ခြွင်းချက်မဟုတ်ပေ။ သူမရဲ့ရှုထောင့်ကနေဆို အလင်းရောင်ကို မျက်နှာမူထားတာမို့ လူနှစ်ယောက်ရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။

"စီနီယာအစ်ကိုဖေးပဲ!" တစ်ယောက်ယောက်က အော်လိုက်သည်။

ဒီနာမည်ကို ကြားလိုက်ရတော့ စုန့်အာ့နန်ရင်ထဲမှာ မနေနိုင်ဘဲ တင်းကျပ်သွားရသည်။

စီနီယာအစ်ကိုဖေး?

ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ?

သူမ စိုးရိမ်ထားသလိုပဲ နောက်တစ်စက္ကန့်မှာ လူတိုင်းက သူမဘက်ကို ရုတ်တရက် လှည့်ကြည့်လာကြသည်။ အဲ့ဒီအချိန် တံခါးဝက နှစ်ယောက်လည်း ဝင်လာကြပြီး တခြားသူတွေနဲ့အတူအတူ သူမကို လှမ်းကြည့်လာကြသည်။

တကယ်ကြီး ဖေးခွမ်ပဲ!!

လူတိုင်းရဲ့အကြည့်အောက်မှာ စုန့်အာ့နန်တစ်ယောက် မသိလိုက်ဘာသာနဲ့ ဆိုဖာထဲ တိုးဝင်လိုက်သည်။

အားလုံးက သူမကို ဘာလို့ကြည့်နေကြတာလဲ?

သူမစိတ်တွေ လွတ်ထွက်သွားပြီး စုန့်အာ့နန်မှာ ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ။ ကံကောင်းထောက်မစွာနဲ့ ကျန်းဟန်က အဆင်မပြေတဲ့ အခြေအနေကနေ သူမကို ကူညီဖို့ အချိန်မီရောက်လာသည်။

"ဟေး အားလုံးဘာလို့ကြည့်နေကြတာလဲ? မွေးနေ့ရှင်ကြယ်ပွင့်လေးက ဒီမှာပါဟ ကြည့်မနေကြနဲ့" သူမက ရယ်မောကာပြောလိုက်သည်။

ဖေးခွမ်နဲ့အတူ ဝင်လာတဲ့ ကျောင်းသားက ပထမဆုံး တုံ့ပြန်လာသည်။ သူမက ကျန်းဟန်ဆီလျှောက်သွားပြီး သူယူလာတဲ့လက်ဆောင်ကို ပေးလိုက်သည်။ "ညီမကျန်း မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ ဒါက ငါနဲ့ မင်းရဲ့ စီနီယာအစ်ကိုဖေး ဆီက လက်ဆောင်။ သဘောမကျမဖြစ်ပါနဲ့"

ဖေးခွမ်လည်း "မွေးနေ့မှာ ပျော်ရွှင်ပါစေ" လို့ ပြောလိုက်သည်။

ကျန်းဟန်ရဲ့မျက်လုံးတွေ မြင်‌နိုင်လောက်အောင် ပြူးကျယ်နေသည်။ "စီနီယာအစ်ကိုလီရှန်းနဲ့ စီနီယာအစ်ကိုဖေးတို့ ဒီကိုလာတာနဲ့တင် ညီမ အရမ်းဂုဏ်ယူမိပါတယ်။ လက်ဆောင်ကို သဘောမကျမဖြစ်ပါဘူး"

စကားအနည်းငယ်လောက် အပြန်အလှန်ပြောပြီးတဲ့နောက် ရင်းနှီးတဲ့ မျက်နှာတချို့က သူတို့ဆီ လာနှုတ်ဆက်ကြသည်။

အဝေးက လူအုပ်ကို ကြည့်ရင်း နောက်ဆုံးတော့ စုန့်အာ့နန်သက်ပြင်း တိတ်တိတ်လေး ချလိုက်သည်။

အခု လူတိုင်းရောက်လာပြီဆိုတော့ ဘာဝအလျောက် အဓိကအစီအစဉ်ဖြစ်တဲ့ မွေးနေ့သီချင်းဆိုပြီး ကိတ်မုန့်လှီးမယ့်အချိန် ရောက်လာသည်။ အားလုံးက ကျန်းဟန်ကိုမွေးနေ့ဆုတောင်းပေးဖို့ ရှေ့တိုးလာကြသည်။

နောက်ဆုံးတော့ မွေးနေ့ရှင်ကြယ်ပွင့်လေး ကျန်းဟန် ကိုယ်တိုင်ဦးဆောင်ပြီး အားလုံးက ဂုဏ်ပြုတဲ့အနေနဲ့ ဖန်ခွက်တွေကို မြှောက်လိုက်ကြသည်။

စုန့်အာ့နန်လည်း ဘေးနားမှာ သူမဘာသာသူမ သောက်စရာထည့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

ဒါပေမယ့် သူမ ဖန်ခွက်ကို မြှောက်လိုက်တာနဲ့ သူမဘေးနားက ကျောင်းသား တစ်ယောက်က ရုတ်တရက်ပြောလာသည်။ "ညီမစုန့်က အချိုရည်ပဲ သောက်တာလား? ဒီမှာ ဒီမှာ ဆယ့်ရှစ်နှစ် ပြည့်နေပြီလေ၊ အခုအရွယ်က သောက်လို့ရပြီ"

သူကပြောရင်းနဲ့ အရက်တစ်ခွက်ကို ထည့်ပြီး စုန့်အာ့နန်ကို ပေးလိုက်သည်။

ဒါကိုမြင်တော့စုန့်အာ့နန်က လက်အမြန်ခါကာငြင်းလိုက်သည်။ "တောင်းပန်ပါတယ် စီနီယာအစ်ကို၊ ကျွန်မက အရက်ခံနိုင်ရည်နိ့မ်လို့ပါ၊ မသောက်နိုင်ဘူး"

သူမက နှိမ့်ချနေတာမဟုတ်ဘဲ တကယ်မသောက်နိုင်တာဖြစ်သည်။

အတိအကျ ဘယ်ပမာဏထိလဲ? ချဲ့ကားပြောတာတော့မဟုတ်ပေ၊ သူမမှာ တစ်ခွက်ထဲနဲ့တင် မှောက်နေပြီဖြစ်သည်။

အရင်လ သူမအသက်ဆယ့်ရှစ်နှစ်ပြည့်ကို သူမရဲ့အစ်ကိုကြီး၊ ယောင်းမနဲ့ လင်းချွမ်တို့နဲ့အတူ ကျင်းပခဲ့သည်။ သူမ အရွယ်ရောက်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်နီတစ်ခွက် သောက်ကြသည်။

တစ်ကယ်တော့ သူမ‌ ခွက်သေးသေးလေးတစ်ခွက်နဲ့တင် မူးပြီး မှောက်သွားတော့သည်။

အဲ့ဒီအချိန်တုန်းက သူမရဲ့အစ်ကိုကြီး၊ ယောင်းမဖြစ်သူနဲ့ လင်းချွမ်တို့ အားလုံး အံ့အားသင့်သွားခဲ့ကြသည်။ သူမရဲ့သောက်နိုင်စွမ်းက ဒီလောက်ထိနိမ့်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားပါချေ။

နောက်ဆုံးတော့ သူမရဲ့ မွေးနေ့ပွဲကို ပြီးအောင်မကျင်းပလိုက်ရဘဲ လင်းချွမ်တစ်ယောက် သူမကိုအိမ်အထိကုန်းပိုးခေါ်သွားခဲ့ရသည်။

ဒီအတွက်ကြောင့် သူမရဲ့အစ်ကိုကြီးနဲ့ ယောင်းမဖြစ်သူက သူမကိုအပြင်မှာ အရက်ထပ်မသောက်ဖို့ ပြင်းပြင်းထန်ထန် အမိန့်ပေးလိုက်ကြသည်။

All Chapters