( extra 4)
Vol. 13 Ch. 163
စုန့်အာ့နန် အံ့အားသင့်စွာနဲ့ မျက်တောင်ခတ်လိုက်သည်။ "ဟင်?"
သူမ လုံးဝ အံသြသွားပြီး ဘယ်လို တုံ့ပြန်ရမလဲ မသိတော့ပေ။
ဖေးခွမ်က ပြုံးကာ ရှင်းပြလိုက်သည်။ "အဲဒီနေ့က ကိုယ် လီရှန်းနဲ့ လိုက်သွားတာ။ ကိုယ်က အခုမှ ပြန်ရောက်တာဆိုတော့ ကျောင်းသားဟောင်းတွေနဲ့ တွေ့ရအောင် ခေါ်သွားပေးမယ်လို့ ပြောလို့"
"အိုး" စုန့်အာ့နန်က အသံပြုလိုက်သည်။
သူ့စကားတွေက အစောတုန်းက သူပြောခဲ့တဲ့ ကျန်းဟန်နဲ့မရင်းနှီးပေမယ့် သူ့မွေးနေ့ပါတီကို ဘာလို့သွားရလဲဆိုတာကို ရှင်းပြနေတာပင်။
ဒါပေမယ့် နောက်က စကားကျတော့ရော?
"မင်း အဲဒီမှာ ရှိနေတယ်ဆိုတာကို ကိုယ်ဘယ်လိုသိလဲဆိုတာက" ဖေးခွမ်က စုန့်အာ့နန် လက်ညှိုးထိုးလိုက်ပြီး နောက်တော့ သူ့ကိုယ်သူထိုးပြကာ "ကိုယ်တို့ဆေးကျောင်းမှာ ဘယ်သူတွေ အများကြီးရှိတယ်ဆိုတာ မင်းသဘောပေါက်ပါလိမ့်မယ်....."
သူ့စကားမဆုံးသေးပေမယ့် သူ့အဓိပ္ပါယ်ကတော့ တော်တော်လေးရှင်းနေသည်။
စုန့်အာ့နန် ချက်ခြင်းနားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။
သေချာပေါက် သူမတို့အကြောင်း ကောလဟာလတွေကြောင့် လီစစ်ရွှေ့နဲ့ တခြားသူတွေကတောင် သူမရှေ့မှာ ဒီအကြောင်းကို စနောက်ကြတာရှိသလို ဖေးခွမ်ဘက်မှာလည်းခြွင်းချက်မရှိပါချေ။
အဲ့ဒီစီနီယာအစ်ကိုလီရှန်းက စီနီယာအစ်မကျန်းဟန်နဲ့ အတော်လေး ရင်းနှီးပုံရသည်။ ကျန်းဟန်ဆီကနေ သူမအဲဒီမှာရှိနေတယ် ဆိုတာကို သူကြားခဲ့ရတာကြောင့် သူမတို့အကြောင်း ကောလဟာလတွေကြောင့် သူကသူတို့ကို စနောက်ဖို့ အခွင့်အရေးယူမှာ သေချာပေါက်ပင်။
ဒီလိုတွေးကြည့်လိုက်တော့ အဓိပ္ပါယ်ရှိသားပဲ။
စုန့်အာ့နန်က "အိုး" လို့ ဆိုလိုက်ပြီး နားလည်မှုလွဲမိသွားတဲ့အတွက် နည်းနည်းရှက်သလို ခံစားလိုက်ရသည်။
ဒါနဲ့ သူမဘက်ကနေ အကြောင်းအရာပြောင်းဖို့ လက်ဦးမှုယူလိုက်သည်။ "စီနီယာဖေး၊ ပြန်ရောက်လာတော့ အသားကျလာပြီလား?"
ဖေးခွမ်က ခေါင်းအသာညိမ့်ပြလိုက်ပြီး ပြန်ပြုံးပြလိုက်ကာ "အဆင်ပြေပါတယ်၊ ဆေးရုံမှာဘဲ အလုပ်ရှုပ်နေတာ။ ပြန်ရောက်ကတည်းက လိုက်ပတ်ကြည့်ဖို့တောင် အချိန်မရှိဘူး"
နောက်တော့ သူက ရုတ်တရက် မေးလာသည်။ "ကိုယ်တို့ကျောင်းက တော်တော်ပြောင်းလဲသွားတယ်လို့ ကြားတယ်။ ဟုတ်လား?"
စုန့်အာ့နန်က အဲ့ဒီအကြောင်းလေးလေးနက်နက် တွေးကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "အများကြီး ပြောင်းလဲသွားတယ်။ စီနီယာ အချိန်ရရင် လိုက်လျှောက်ကြည့်လို့ရတယ်။ ကျောင်းဝင်းအရှေ့ဘက်က စာကြည့်တိုက်အသစ်က မနှစ်ကမှ ပြီးသွားတာ။ ကျွန်မတို့ ဆေးပညာဌာနဘက်မှာလည်း ဓာတ်ခွဲခန်း ဆောက်ထားတယ်"
"ဟုတ်လား?" ဖေးခွမ်က နည်းနည်း အံ့သြသွားတဲ့ပုံပင်။ "ဒါဆို နောက်ကျ ကိုယ်လာပတ်ကြည့်ရင် ကောင်းမယ်ထင်တယ်။ ကိုယ့်ကို လိုက်ပြပေးဖို့အဆင်ပြေလား ဂျူနီယာညီမလေး?"
စုန့်အာ့နန်ကလည်း သိပ်အများကြီး မစဉ်းစားနေဘဲ အဆင်သင့် သဘောတူလိုက်သည်။
ဒုတိယမြောက်ကန်တင်းက ကျောင်းဝင်းအရှေ့ဘက်နဲ့ နီးတာကြောင့် ခဏနေကျရင် သူတို့ဖြတ်သွားရမှာဖြစ်သည်။ အဲ့ဒါက အဆင်ပြေသည်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သူတို့နှစ်ယောက်သား ကျောင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ဆွေးနွေးခဲ့ကြသည်။
ကန်တင်းကနေ ထွက်လာတော့ နာရီဝက်ကျော်သွားပြီဖြစ်သည်။
သူတို့ရဲ့ မူလအစီအစဉ်အရ နို့လက်ဖက်ရည်ဆိုင်ကို ချက်ခြင်းသွားကြသည်။ ဒါပေမယ့် ဖေးခွမ်က နို့လက်ဖက်ရည်သွားမဝယ်ခင် လမ်းလျှောက်ချင်တယ်လို့ဆိုလာသည်။ မဟုတ်ရင် အခု ဘာမှ သောက်နိုင်မှာမဟုတ်ဘူးလို့ ပြောလာသည်။
ဒါက အဓိပ္ပါယ်ရှိတယ်လို့ ထင်တာကြောင့် စုန့်အာ့နန်လည်း ဖေးခွမ်နဲ့အတူ ကျောင်းဝင်းထဲမှာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်လိုက်သည်။
လေးနှစ်အတွင်းမှာ ကျောင်းက အရမ်းပြောင်းလဲသွားတယ်လို့ ချဲ့ကားပြောနိုင်ပေမယ့် တချို့မတူတာတွေလည်းရှိနေဆဲပင်။ ပထမတော့ စုန့်အာ့နန်က ဖေးခွမ်ကိုလိုက်မိတ်ဆက်ပေးပေမယ့် တဖြည်းဖြည်းနဲ့ အဲ့ဒီအစား ဖေးခွမ်က သူမကိုသူတို့အကြောင်းပြောပြတဲ့ဆီရောက်လာသည်။
အထူးသဖြင့် သူတို့ရဲ့ဆေးကျောင်းနဲ့ပတ်သက်တဲ့ ကိစ္စတွေတွင် ဖေးခွမ် သိထားတာတွေက သူမထက် သာလွန်သည်။
ဒါ့အပြင်၊ သူပြောပြတဲ့အခါ အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး စုန့်အာ့နန်မှာ နားထောင်ရတာကို ပိုပိုပြီး စွဲလန်းလာကာ သူပြောပြီးသွားတဲ့အခါ သူမမှာ အားမရသလို ခံစားလိုက်ရသည်။
ဒီလိုလမ်းလျှောက်နေရင်း နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာသည်။
စုန့်အာ့နန်ကလည်း အရင်ကလို သီးသန့်ကြီးမနေတော့ပေ။ "စီနီယာက ဘယ်ဌာနကလဲ?"
ဖေးခွမ်က သူမကိုတစ်ချက်ကြည့်လိုက်ပြီး ခပ်ဟဟရယ်လိုက်သည်။ "ဒါကို လူတွေ တကယ်ကြားလိုက်သင့်တာ"
စုန့်အာ့နန်က သူပြောချင်တဲ့အဓိပ္ပါယ်ကို သိပ်နားမလည်ပေ။
ဘယ်သူ့ကို ဘာကြားစေချင်တာလဲ?
ဖေးခွမ်ရဲ့ နှုတ်ခမ်းထောင့်တွေက ကွေးတက်သွားပြီး မသိမသာပြုံးလိုက်သည်။ သူကစနောက်ကာပြောလာသည်။ “ကိုယ်တို့နဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို ဖြန့်တဲ့သူတွေကို ကြားစေချင်တာလေ။ ဖိုရမ်ပေါ်မှာ သူတို့က ကိုယ့်အကြောင်း အကုန်သိနေပေမယ့် ပါဝင်ပတ်သက်တဲ့သူတွေကတော့ အချင်းချင်း ဘာမှမသိကြသေးတာကိုသိချင်နေတာ။ သူတို့တွေ အတင်းအဖျင်းပြောချင်ကြဦးမလားဆိုတာ သိချင်လို့ပါ"
စုန့်အာ့နန်မှာ သူဘာကိုဆိုလိုလဲဆိုတာကို နားမလည်ခင်စက္ကန့်အနည်းငယ်လောက် စိတ်ရှုပ်သွားသည်။
သူမတို့အကြောင်း ကောလာဟလတွေကြောင့် ကျောင်းဖိုရမ်ပေါ်မှာ သူမတို့အကြောင်းတွေက ပြတ်လတ်သွားတာမရှိသလို သူမတို့နဲ့ ပတ်သက်တဲ့ အခြေခံအချက်အလက်တွေကို မိတ်ဆက်ထားတာတွေလည်း ပါသည်။
အရင်က သူမအကြောင်းကို အပေါ်ယံဖတ်ကြည့်ဖူးပေမယ့် ဖေးခွမ်အကြောင်းကိုတော့ သိပ်ဂရုမစိုက်မိခဲ့ပေ။
စုန့်အာ့နန်က ခေါင်းကုတ်လိုက်ပြီး"တောင်းပန်ပါတယ် ကျွန်မ သိပ်သတိမထားမိလိုက်ဘူး"
ဖေးခွမ်က ခပ်တိုးတိုးခပ်လိုက်ပြီး "တောင်းပန်စရာ မလိုပါဘူး။ ဂရုမစိုက်မိတာ ပုံမှန်ပါပဲ။ ကိုယ်က စနေတာ၊ အလေးအနက်မထားပါနဲ့"
စုန့်အာ့နန်လည်း စိတ်ထဲမထားဘူးဆိုတာကိုပြဖို့ ခေါင်းခါပြလိုက်သည်။
ဖေးခွမ်က ပြုံးလိုက်ပြီး သူမရဲ့မေးခွန်းကို နောက်ဆုံးတော့ဖြေလာသည်။ "ကိုယ်က နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသရေးဘက်ကလေ"
သူက နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသရေးဘက်ကလို့ ကြားလိုက်ရတဲ့အခါသူမရဲ့မျက်လုံးတွေက ချက်ချင်း အံ့အားသင့်သလို ပြူးကျယ်သွားသည်။ "စီနီယာက နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုရေးဘက်ကလား?!"
သူမရဲ့ သိသိသာသာ တုံ့ပြန်မှုကို မြင်လိုက်ရတော့ ဖေးခွမ်လည်း အံ့ဩသွားသည်။ "ဘာဖြစ်လို့လဲ၊ ပြဿနာရှိလို့လား?'
စုန့်အာ့နန်က အမြန်လက်ခါပြလိုက်သည်။"မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ကျွန်မ နည်းနည်းအံ့ဩမိသွားလို့"
သူမက ဒုတိယနှစ်သာရှိသေးတဲ့အတွက် အထူးပြုကိုမရွေးရသေးပေ။ ဒါပေမယ့် ဆေးပညာကို လေ့လာဖို့ သူမဆုံးဖြတ်ခဲ့တဲ့နေ့ကစပြီး သူမ လိုချင်တဲ့ ဦးတည်ချက်ကတော့ နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ရေးဘက်ဖြစ်သည်။
ထူးချွန်တဲ့ နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ဖို့ရန်မှာ စုန့်အာ့နန်ရဲ့တစ်သက်တာအိပ်မက်ဖြစ်သည်။
စုန့်အာ့နန် လည်း ဒါကိုကြားတော့ အံ့သြသွားပုံရပြီး မတတ်နိုင်ဘဲ ရယ်လိုက်သည်။ "တိုက်ဆိုင်လိုက်တာ။ ကိုယ့်အိပ်မက်လည်း အဲ့ဒါပဲ"
"ဟုတ်တယ်နော်၊ တိုက်ဆိုင်လိုက်တာ!" စုန့်အာ့နန်က လေးလေးနက်နက်နဲ့ကို သဘောတူလိုက်သည်။
နောက်တော့ သူမက နှုတ်ခမ်းကို တင်းတင်းဖိကာ ဖေးခွမ်ကို ကြည့်ပြီး မေးလိုက်သည်။ "စီနီယာ၊ အနာဂတ်ကျရင် ကျွန်မှာ အဲ့ဒီအပိုင်းနဲ့ပတ်သတ်တဲ့ မေးခွန်းတွေ ရှိလာရင် အဲဒါတွေကို စီနီယာနဲ့ ဆွေးနွေးလို့ရမလား?"
ဖေးခွမ်က ခေါင်းညိတ်လိုက်ပြီး ညင်ညင်သာသာ ပြုံးလိုက်သည်။ သူ့လေသံက တည်ငြိမ်နေကာ "ကိုယ့်ဘက်က သင်ပေးနိုင်မယ်လို့ အာမမခံပေမယ့် ကိုယ့်ဂျူနီယာရဲ့မေးခွန်းတွေကို ဖြေဖို့တော့ အားမလျှော့ပါဘူး"
နောက်တော့ သူက ခေါင်းအသာစောင်းကာ ပြုံးလိုက်သည်။ "အခု ကိုယ်တို့ကို လုပ်ဖော်ကိုင်ဖက်တွေလို့ သတ်မှတ်လို့ရပြီ။ အခုကစပြီး ကိုယ်တို့တွေ ရင်းရင်းနှီးနှီးနဲ့ အဆက်အသွယ်လုပ်သင့်တယ်"
စုန့်အာ့နန်ကလည်း သဘောတူလိုက်သည်။ "ဟုတ်တယ်၊ကျွန်မတို့တွေ အဆက်အသွယ်လုပ်သင့်တယ်!"
အရမ်းစိတ်အားတက်ကြွနေတာကြောင့်ဖြစ်မည် စုန့်အာ့နန်က သိသိသာသာကို ရွှင်လန်းနေသည်။ သူမရဲ့မျက်လုံးတွေနဲ့ မျက်နှာပေါ်ရှိ အပြုံးတွေက လွင့်ထွက်သွားလုမတတ်ပင်။
သူမတစ်ကိုယ်လုံးက အထူးတလည်ကို ပွင့်လင်းကာရွှင်မြူးနေတဲ့ အသွင်အပြင်နဲ့ တောက်ပနေသည်။
ဖေးခွမ်က သူ့မျက်လုံးထောင့်ကနေသူမကို ခဏခဏ ကြည့်နေမိပြီး သူ့နှုတ်ခမ်းထောင့်တွေဟာလည်း တားမရဆီးမရကို ကွေးတက်နေသည်။
သူတို့နှစ်ယောက်က ကျောင်းဝင်းထဲမှာ အတော်ကြာ လိုက်ပတ်နေကြပြီး နောက်ဆုံးတော့ ဒုတိယကန်တင်းအပြင်ဘက်ရှိ နို့လက်ဖက်ရည်ဆိုင်ကို မပိတ်ခင်လေးမှာရောက်လာသည်။
သူမတို့တွေ ခဏနေမှ မရောက်လာတာ တော်သေးတယ်၊ မဟုတ်ရင် သူမတို့တွေ ဘာမှသောက်စရာရှိတော့မှာမဟုတ်ဘူး။
"စီနီယာ၊ ဒီမှာလီမွန်တီး " စုန့်အာ့နန်က သူမှာထားတဲ့ဟာကို ဖေးခွမ်ဆီ ပေးလိုက်သည်။
ဖေးခွမ်က ပြုံးပြီး လီမွန်တီးကို လက်ခံလိုက်သည်။ "ဒီနေ့ မင်း လိုက်ကျွေးခဲ့တာဆိုတော့ နောက်တစ်ခါကျ ကိုယ်ကျွေးမယ်"
စုန့်အာ့နန်က လက်အမြန်ခါလိုက်သည်။ ထမင်းတစ်နပ်နဲ့သောက်စရာတစ်ခုလေးက ယွမ် ၅၀တောင် မရှိတာ။ ဘယ်လိုလုပ် သူမ လိုက်ကျွေးတယ်လို့ ခေါ်နိုင်မှာလဲ?
ဖေးခွမ်ကသာ ဒီနေ့ညမှာ သူမရဲ့မေးခွန်းတွေအများအပြားကို ဖြေပေးခဲ့တာကပဲ သူမကို ကူညီရာရောက်နေပြီ။ အိမ်ပြန်ရောက်တဲ့အခါကျရင် သူမအတွက် စာဖတ်ဖို့ စာရင်းပြုစုပေးဦးမယ်လို့တောင် သူပြောခဲ့သေးတယ်။
စုန့်အာ့နန် တကယ်ကို ကျေးဇူးတင်မိသည်။ ကျေးဇူးတင်ကြောင်းပြဖို့ သူ့ကိုဈေးကြီးတဲ့အစားအသောက်ကို ဘယ်မှာလိုက်ကျွေးရမလဲဆိုတာ စိတ်ထဲမှာ အစီအစဉ် ဆွဲထားပြီးသားဖြစ်တဲ့အတွက် ဖေးခွမ်ကို ဘယ်လိုလုပ်ကျွေးခိုင်းရမှာလဲ?
ကန်တင်းကနေ ထွက်လာပြီးတော့ နှစ်ယောက်သား အပြန်လမ်းမှာ ကျောင်းကွင်းပြင်လမ်းကနေ ဖြတ်လာကြသည်။
ဒီအချိန်မှာ လူတော်တော်များများက လမ်းလျှောက်ထွက်ကြ လေ့ကျင့်ခန်း လုပ်နေကြတာမို့ ကွင်းပြင်က အတော်လေးကို အသက်ဝင်စည်ကားနေသည်။
ဖေးခွမ်က တစ်ဖက်မှာ အလုပ်ကိစ္စနဲ့ ဖုန်းပြောနေသည်။စုန့်အာ့နန်လည်း ခပ်ဝေးဝေး မသွားဘဲ သူ့နဲ့နည်းနည်းအကွာလောက်မှာပဲ စောင့်နေလိုက်သည်။
မက်ဆေ့ချ်တွေပို စစ်ကြည့်ဖို့ သူမဖုန်းကို ထုတ်လိုက်သည်။ လီစစ်ရွှေ့က သူမ ဘယ်အချိန်ပြန်လာမလဲဆိုပြီး group chat ထဲမှာ မေးထားသည်။
သူမ နည်းနည်းပါးပါး စာပြန်ပြီးသွားတော့ သူမအနောက်ကနေ ခြေသံကြားတာကြောင့် ဖုန်းကိုထားလိုက်သည်။
ဖေးခွမ် ရောက်လာတာလို့ထင်ပြီး စုန့်အာ့နန်က တစ်ခုခုပြောဖို့လှည့်လိုက်သည်။ ဒါပေမယ့် ဖေးခွမ် အစား သူစိမ်းတစ်ယောက်ရဲ့ မျက်နှာနဲ့ သူမကို တွေ့လိုက်ရသည်။
အရပ်ရှည်ရှည် သွယ်သွယ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး အားကစားဝတ်စုံကို ၀တ်ထားတာကြောင့် အရမ်းသစ်လွင်လန်းဆန်းတဲ့ ခံစားချက်ကို ပေးစွမ်းနေသည်။
"တဆိတ်လောက်၊ WeChat မှာ အပ်လို့ရမလား?" ကျောင်းသားလေးက အတော်လေး ရှက်နေပုံရပြီး သူ့မျက်နှာတစ်ခုလုံးကစ နားရွက်ထိပ်တွေအထိ နီရဲနေသည်။
စုန့်အာ့နန် အံ့အားသင့်သွားသည်။ သူကိုင်ထားတဲ့ဖုန်းကိုကြည့်ရင်း နောက်ဆုံးတော့ ဘာတွေဖြစ်နေလဲဆိုတာကို သူမ သဘောပေါက်သွားသည်။
သူမက အဲ့ဒီကျောင်းသားကို ခေါင်းအသာညိတ်ပြလိုက်ပြီး "တောင်းပန်ပါတယ် အဆင်မပြေလို့ပါ"
အဲ့ဒီကျောင်းသားက ဒီလိုမျိုးတိုက်ရိုက် အငြင်းခံလိုက်ရမယ်လို့ မျှော်လင့်ထားပုံမရဘဲ "အာ" လို့အသံထွက်လာသည်။
ဒါပေမယ့် စုန့်အာ့နန် ရဲ့ တုံ့ဆိုင်းနေတဲ့ပုံကို မြင်လိုက်ရတော့ သူ့မျက်နှာမှာ နောင်တရတဲ့ အရိပ်အယောင်တွေဖြတ်ပြေးသွားသည်။ သူ ဆက်ပြီးခေါင်းမမာနေဘဲ မထွက်သွားခင် "ကောင်းပါပြီ" လို့ယဉ်ယဉ်ကျေးကျေးတုံ့ပြန်လာသည်။
ကျောင်းသားလေး ထွက်သွားတော့ စုန့်အာ့နန်လည်း အလိုလို အသက်ရှူထုတ်လိုက်သည်။
လမ်းပေါ်ရှိ လူစိမ်းတွေဆီက သူမရဲ့WeChat အကောင့်ကို လာပြီးအတောင်းခံရတာက သူမအတွက် ပထမဆုံးအကြိမ် ကြုံတွေ့ရတာမဟုတ်ပေ။
ဒါပေမယ့် သူမကတော့ အဲ့ဒါနဲ့ အသားမကျသေးပါချေ။
သူမ အသားကျသည်ဖြစ်စေ မကျသည်ဖြစ်စေ အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူမရဲ့ နိယာမမှာတော့ပြတ်ပြတ်သားသား ငြင်းဆိုဖို့ဖြစ်ပြီး အဲ့ဒါကို တူးထုတ်တာက နှစ်ဖက်စလုံးအတွက် ကောင်းလိမ့်မည်မဟုတ်ပေ။
အစက စုန့်အာ့နန်တစ်ယောက် ဖေးခွမ်ဖုန်းပြောလို့ပြီးသွားပြီလားဆိုတာ သိချင်လို့ လှည့်ကြည့်လိုက်တာဖြစ်သည်။ ဒါပေမယ့် သူက သူမအနောက်မှာ ရှိနေမယ်လို့ဘယ်သူက ထင်ထားမှာလဲ?
သူမ မနေနိုင်ဘဲ လန့်သွားမိသည်။ "စီနီယာ၊ ဘယ်တုန်းက ပြန်ရောက်တာလဲ? ဖုန်းပြောပြီးသွားပြီလား?"
ဖေးခွမ်က ခေါင်းအသာညိတ်ပြလိုက်ပြီး "ပြီးသွားပြီ။ တစ်ယောက်ယောက်က မင်းနဲ့စကားပြောနေတာတွေ့တော့ အနှောင့်အယှက် မပေးချင်လို့လေ"
"အိုး" စုန့်အာ့နန်က အသံပြုလိုက်ပြီး ဘာပြန်ပြောရမှန်းမသိတဲ့အတွက် "အိုး" လို့ဘဲ ပြန်ပြောနိုင်လိုက်သည်။
နှစ်ယောက်သား စက္ကန့်အနည်းငယ်လောက် တိတ်သွားသည်။
ဖေးခွမ်က မေးလိုက်သည်။ "ကိုယ်တို့ သွားကြတော့မလား?"
စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်သည်။ "သွားကြတာပေါ့"
ကွင်းပြင်ကိုဖြတ်သွားရင်း နှစ်ယောက်သား လမ်းပေါ်တက်လိုက်သည်။
အရမ်းနောက်ကျနေပြီဖြစ်တဲ့အတွက် လူနည်းနည်းလောက်သာရှိတော့သည်။ နှစ်ယောက်သား ဘေးချင်းကပ် လျှောက်နေပြီး လမ်းမီးရောင်ကနေ သူတို့ရဲ့အရိပ်တွေက ရှည်မျောမျောဖြစ်နေသည်။
ဖေးခွမ်က ရုတ်တရက်ပြောလာသည်။ "ဂျူနီယာညီမလေးကိုကြည့်ရတာ ကျောင်းမှာအရမ်းနာမည်ကြီးတဲ့ပုံဘဲ"
စုန့်အာ့နန် လှည့်ကြည့်လိုက်တော့ သူ့မျက်နှာပေါ်မှာ စနောက်ချင်တဲ့ အမူအရာကို ဖမ်းမိလိုက်သည်။
တစ်ညနေခင်းလောက် အတူတူ ကုန်ဆုံးပြီးတဲ့နောက် သူမအနေနဲ့ ဖေးခွမ်နဲ့ တကယ်ပိုရင်းနှီးလာပြီး သူနဲ့စကားပြောရတာလည်း အစောပိုင်းကလို သီးသန့်ဖြစ်မနေတော့ပေ။
"စီနီယာအစ်ကိုလည်း အရမ်းနာမည်ကြီးပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ စီနီယာက တရုတ်မှာမရှိနေပေမယ့် စီနီယာရဲ့နာမည်က ကျွန်မတို့ကျောင်းရဲ့ ဖွင့်ပြောတဲ့နံရံမှာ အမြဲရှိနေတာလေ" သူမက ရယ်မောကာပြောလာသည်။ ရှင်းရှင်းလင်းလင်းကိုဘဲ သူမက သူစနောက်တာကိုပြန်ချေပတာဖြစ်သည်။
"ဟုတ်ပါပြီ၊ ဂျူနီယာညီမလေးက ကိုယ့်ထက် ပိုနာမည်ကြီးတယ်လို့တော့ ထင်တယ်"
“ဟင့်အင်း မဟုတ်ပါဘူး စီနီယာက ပိုနာမည်ကြီးတာပါ"
"..."
နှစ်ယောက်သား အပြန်အလှန်စနောက်ရင်း နောက်ဆုံးတော့ အတူတူရယ်လိုက်ကြသည်။
ဖေးခွမ်က ခပ်တိုးတိုးရယ်လိုက်ပြီး "ကိုယ်တို့ပုံစံက အွန်လိုင်းမှာပြောနေကြတဲ့ 'စီးပွားရေးမိတ်ဖက်တွေ' နဲ့တူနေလားမသိဘူး?"
စုန့်အာ့နန် ခဏလောက်စဉ်းစားလိုက်ပြီး "ဟုတ်လောက်မယ်"
နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကြရင်း ရယ်မိကြပြန်သည်။
ဖေးခွမ်နဲ့ နှုတ်ဆက်ပြီးတဲ့နောက် စုန့်အာ့နန်လည်းအဆောင်ကို တန်းတန်းမတ်မတ် ပြန်သွားလိုက်သည်။
ပိတ်ရက်ဖြစ်တာကြောင့် လီစစ်ရွှေ့တစ်ယောက်ဘဲ အဆောင်ထဲမှာ ရှိနေသည်။ ချန်ခယ့်က ဒီမှာနေတာကြောင့် အိမ်ပြန်သွားပြီး ချိုက်ရှောင်တိကတော့ အခြားကျောင်းက သူငယ်ချင်းတစ်ယောက်ဆီ သွားရောက်လည်နေပြီး ဒီညပြန်လာမှမဟုတ်ပေ။
"နင်စာကြည့်တိုက်ကနေ ပြန်လာပြီးပြီ မဟုတ်ဘူးလား? ထပ်သွားတာလား?"လီစစ်ရွှေ့က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး။ စီနီယာအစ်ကိုဖေးလာလို့"
"ဘယ်က စီနီယာအစ်ကို ဖေး လဲ? ငါမသိ... " လီစစ်ရွှေ့က ရုတ်တရက် အံ့အားသင့်သွားပြီး "အဲ့ဒီစီနီယာအစ်ကိုဖေးလို့တော့ လာမပြောနဲ့နော်?"
စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။
လီစစ်ရွှေ့က ချက်ချင်း ထရပ်လိုက်ပြီး "တွေ့လား တွေ့လား! ငါပြောသားဘဲ သူ နင့်ကို စိတ်ဝင်စားနေပါတယ်လို့! ငါ့သင်္ဘောက ရွက်လွှင့်လိမ့်မယ်ဆိုတာ ငါသိသားပဲ"
စုန့်အာ့နန် - "စစ်ရွှေ့၊ နင်ထင်သလို မဟုတ်ဘူး။ စီနီယာအစ်ကိုဖေးက ငါတို့ ကန်တင်းမှာ လာစားချင်လို့။ သူ့မှာ ထမင်းစားကတ်မရှိလို့ ငါ့ကိုအကူအညီ လှမ်းတောင်းတာ"
ရှင်းရှင်းလင်းလင်းကိုပဲ သူမကို မယုံဘဲ လီစစ်ရွေ့ကမေးလိုက်သည်။ "ဒါဆို စားပြီးသွားတော့ နင်တို့ဘာလုပ်ကြလဲ?"
စုန့်အာ့နန်က ဘာမှ ဖုံးကွယ်မထားဘဲ အားလုံးကို ရိုးရိုးသားသား ပြောပြလိုက်သည်။
ဖေးခွမ်က သူမရဲ့မေးခွန်းတွေကို ဖြေပေးပြီး စာအုပ်တွေအကြံပြုပေးပုံကို သူမက အလေးပေးပြောပြလိုက်သည်။
ကြည့်လေ၊ သူမတို့က တစ်ညလုံး ပညာရေးကိစ္စတွေကို အဓိကထားပြီး ဆွေးနွေးကြတာ။ သူက သူမကိုလိုက်နေတယ်ဆိုတဲ့ အယူအဆက ဘယ်ကရောက်လာတာလဲ?
သူမတို့ ဆက်ဆံရေးက သာမန် စီနီယာ-ဂျူနီယာ ဆက်ဆံရေးတစ်ခုသာ ဖြစ်သည်။ သူမက တခြားသော စီနီယာအစ်ကိုအစ်မတွေနဲ့ တန်းတူသာဆက်ဆံတာဖြစ်သည်။
ဒါ့အပြင်ဖေးခွမ်က မသင့်တော်တဲ့အရာ ဘာကိုမှမလုပ်ခဲ့ပါ ချေ။ အဲ့ဒါက လီစစ်ရွှေ့က စိတ်ကူးယဉ်နေတာ မဟုတ်ဘူးလား?
ဒါပေမယ့် စုန့်အာ့နန်က ဘယ်လိုပဲ စိတ်ထက်သန်စွာနဲ့ ရှင်းပြနေပါစေ လီစစ်ရွှေ့ကတော့ သူမရဲ့ အထင်အတိုင်းထိန်းထားဆဲပင်။
သူမ ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါလိုက်သည်။
အိုး၊ သူ့ရဲ့သင်္ဘော စွဲလမ်းမှုလို့ပဲ မှတ်လိုက်ပါမယ်။
ဇွန်လရဲ့ နောက်ထပ်အချိန်ကာလတစ်ခုမှာတော့ စုန့်အာ့နန်တစ်ယောက် နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်နေချိန်ဖြစ်သည်။
အဲ့ဒီအချိန်တုန်းက သူမနဲ့ဖေးခွမ်တို့တွေ WeChat မှာအကြိမ်အနည်းငယ် စကားနည်းနည်းပါးပါး ပြောဖြစ်ကြသည်။ သူက သူရွေးချယ်ထားတဲ့ စာအုပ်စာရင်းနဲ့တခြားအဖိုးတန် အထူးပြုပစ္စည်းတွေကိုလည်း ပို့ပေးခဲ့သည်။
စုန့်အာ့နန်က သူ့ကို အရမ်းကျေးဇူးတင်နေပြီး အခွင့်အရေးရရင် သူ့ကို ကောင်းကောင်းလေးကျွေးဖို့ တိတ်တိတ်လေး စီစဉ်လိုက်သည်။