← Chapters

(extra 11)

Vol. 13 Ch. 170

(extra 11)

Vol. 13 Ch. 170

ကျိုးဝေ့မှာ သူမအနောက်က ဝန်ထမ်း‌တွေ ပြင်ဆင်ထားတာကြောင့် ကြောက်စရာကောင်းနေတဲ့ စက်ရုံကြီးကို လှည့်ကြည့်မိသည်။ သူမ မသိစိတ်က ဇက်ပုလိုက်မိသည်။

သူမ လန့်သွားရင် ဘယ်လိုလုပ်မလဲ?

သူမသည် တခြား guest တွေကို ကြည့်လိုက်သည်၊ ကိစ္စမရှိဘူး ခဏနေကျရင် လူတိုင်းအနောက်ကနေ နီးနီးကပ်ကပ် ကပ်လိုက်သွားလိုက်မယ်။

ဘယ်လိုပဲပြောပြော ဒီလိုအခြေအနေမျိုးမှာ သူမတစ်ယောက်ထဲ မနေနိုင်ဘူး၊ မဟုတ်လို့ရှိရင် သူမသေအောင်လန့်သွားမိမှာဘဲ။

ကျိုးဝေ့က အစီအစဉ်တွေ ကောင်းကောင်းချနေပေမယ့် ဝန်ထမ်းတွေ စည်းကမ်းတွေကို ဖတ်ပြတဲ့အခါမှာ‌တော့ သူမ လုံးဝကိုစိတ်ရှုပ်ထွေးသွားရတော့သည်။

ဘာ?

ဒီတစ်ခါက တစ်ဦးချင်းကစားရမှာဖြစ်ကာ guest တွေအားလုံးကို မျက်စိအုပ်ထားပြီး နောက်ပိုင်းမှာ မတူညီတဲ့နေရာ‌တွေကို ပို့ပေးမှာဖြစ်သည်။

"ဒါရိုက်တာ၊ ဒီအပိုင်းမှာ နာမည်ကြီးဧည့်သည် လာမယ်လို့ပြောတယ်နော်၊ သူတို့က ဘယ်မှာလဲ?" guestတစ်ယောက်က မေးလာသည်။

ဒါရိုက်တာက ပြုံးကာပြန်ဖြေလိုက်သည်။ "နာမည်ကြီး ဧည့်သည်က ဒီမှာရှိနေပေမယ့် မင်းတို့ တွေကသူတို့နဲ့တွေ့လို့မရသေးဘူး။ မင်းတို့ဝင်သွားရင် သူတို့ကို တွေ့ရလိမ့်မယ်"

ဒါရိုက်တာရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တုံ့ပြန်မှုက guest တွေရဲ့ သိချင်စိတ်ကို ချက်ချင်း လှုံ့ဆော်လိုက်သည်။

guest တွေအချင်းချင်း စပြီးတီးတိုးတီးတိုး ဆွေးနွေးကြတော့သည်။

ကျိုးဝေ့ ဘေးနားရှိ အနုပညာရှင်တစ်ယောက် သူမရဲ့လက်မောင်းကိုဆွဲကာ ပြောလာသည်။ "ဝေ့ဝေ့၊ သူတို့တွေ ဘယ်သူတွေကို ဖိတ်ထားတယ်လို့ထင်လဲ?"

ကျိုးဝေ့က တုံ့ပြန်တာနည်းနည်းနှေးကာ ပြန်ဖြေလိုက်သည်။ "မသိဘူးလေ၊ ဒါရိုက်တာရဲ့ ပုံစံအရတော့ သူတို့တွေက တော်တော်နာမည်ကြီးတဲ့ပုံပဲ"

ဘယ်နာမည်ကြီးတွေများလဲဆိုတာကို ခန့်မှန်းနေရတာနဲ့ယှဉ်ရင် သူမကတော့ ဘာတွေဖြစ်လာမလဲဆိုတာကိုဘဲ ပိုစိုးရိမ်သည်။

အားး၊ ကယ်ကြပါဦး၊ သူမ တစ်ယောက်ထဲနဲ့ ဒီလို horror theme မျိုးကို မကိုင်တွယ်နိုင်ဘူး။

အမျိုးသမီး အနုပညာရှင်က လေးလေးနက်နက်နဲ့ ခေါင်းညိတ်လိုက်သည်။

သူမလည်း အဲ့ဒီလိုထင်သည်။ အထဲမှာ နာမည်ကြီးဧည့်သည်ကို သူမပထမဆုံးတွေ့ရပါစေလို့ တိတ်တဆိတ် မျှော်လင့်မိသည်။

ဒါမှ သူမအတွက် ကင်မရာပေါ်မှာ screen time ပိုရမှာ သေချာပေါက်ပင်။ တကယ်လို့ နာမည်ကြီးနေတဲ့သူဆိုရင်တော့ သူမအနေနဲ့သူတို့ရဲ့ကျော်ကြားမှုအပေါ် လိုက်ပါစီးနင်းလိုက်မည်ပင်။

ကျိုးဝေ့ကလွဲလို့ guest အများစုမှာ အလားတူ အတွေးမျိုးရှိကြသည်။

မကြာခင်မှာဘဲ ရိုက်ကူးရေး တရားဝင်စတင်လိုက်ပြီး guest တွေရဲ့ မျက်လုံးတွေကိုအုပ်လိုက်ကာ အနက်ရောင်ဝတ်ဝန်ထမ်းတွေက သူတို့ကိုစက်ရုံထဲ ခေါ်သွားပေးသည်။

ကျိုးဝေ့မှာ ဝန်ထမ်းရဲ့အဝတ်အစားကို တစ်လမ်းလုံး ဆုပ်ကိုင်ထားပြီး အရမ်းကိုကြောက်လန့်နေကာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်မျိုးစုံက သူမစိတ်ထဲ ဖျတ်ခနဲ ပေါ်ပေါ်လာသည်။

သူတို့ကတော့ စတောင်မစရသေးပေမဲ့ သူမကတော့ ကြောင်တောင်တောင်နဲ့ ကိုယ့်ဘာသာကိုယ်လန့်နေမိသည်။

သိပ်မကြာခင်မှာပဲ အနက်ရောင်ဝတ်ဝန်ထမ်းက ရုတ်တရက် ရပ်လိုက်ပြီး ကျိုးဝေ့ ဆုပ်ကိုင်ထားတဲ့ သူ့အဝတ်အစားကို ဆွဲဖယ်လိုက်သည်။

ကျိုးဝေ့လက်က ဗလာကျင်းနေတာကို ဆုပ်ကိုင်ထားရင်း ချက်ချင်း ထိတ်လန့်သွားသည်။ "ဘာဖြစ်တာလဲ? ဒါက ဘယ်နေရာလဲ? ဟေး တစ်ခုခုပြောပါဦး၊ ငါ့ကို မခြောက်ပါနဲ့!"

သူမက ဒီစကားတစ်သီတစ်တန်းကြီးကို မြန်မြန်ဆန်ဆန် ထုတ်ပြောလာတော့ ဒါရိုက်တာနဲ့ ရိုက်ကူးရေး အဖွဲ့သားတွေမှာ အံ့အားသင့်သွားရသည်။

နေပါဦး၊ အရင်အပိုင်းမှာ သူမ ဒီလောက်ထိစကားပြောတာကို သူတို့ သတိမထားမိဘူး။

ဒါပေမယ့် သူတို့လန့်သွားတာကတော့ အံ့ဩစရာမဟုတ်ပါချေ။ ကျိုးဝေ့က များသောအားဖြင့် အေးအေးဆေးဆေးနေတတ်တဲ့ပုံစံဖြစ်ပြီး variety show တွေမှာ မပါသလောက်ရှိကာ ဟာသလုပ်တာလည်း ရှားပြီး တစ်ခါမှမလုပ်ဖူးပေ။

ဒါကြောင့် ကျန်းချုံက သူမအတွက် ရှိုးတွေကို လက်ခံပေးတာရှားပြီး သူမရဲ့ တည်ငြိမ်တဲ့ သရုပ်ဆောင်လမ်းကြောင်းနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်တဲ့အပေါ်မှာပဲ ပိုပြီးအာရုံစိုက်ခဲ့သည်။

"ကျိုးဝေ့ ကြောက်နေပြီလို့ထင်လား?" လက်ထောက်ဒါရိုက်တာက မသေချာမရေရာစွာနဲ့ မေးလိုက်သည်။

တခြားသူတွေလည်း ခဏလောက် နားမလည်ဖြစ်သွားကြပြီး မဖြစ်နိုင်ဘူးလို့ ခံစားလိုက်ရသည်။

တစ်ခုခု ပုံမှန်မဟုတ်ရင် အကြောင်းပြချက်တော့ရှိရမယ်။

ဒါရိုက်တာက ကင်မရာဖန်သားပြင်ကနေ ကြည့်လိုက်သည်။ အခြား guest တွေလည်း ကြောက်တဲ့ပုံနည်းနည်းပါးပါး ပြကြပေမယ့် ကျိုးဝေ့လိုမျိုး လွန်လွန်ကဲကဲ တုံ့ပြန်တာမရှိပေ။

နှစ်ပေါင်းများစွာ variety show တွေလုပ်ခဲ့တဲ့ အတွေ့အကြုံအရ၊ သူ့ရဲ့အလိုလိုသိစိတ်ကနေ ကျိုးဝေ့ဟာ ဒီအပိုင်းမှာအလားအလာကောင်းရှိတယ်လို့ဆိုရမည်။

ဘာပဲဖြစ်ဖြစ် ဒီhorror themeနဲ့ဆို လူတွေအာရုံကို အလွယ်တကူဆွဲယူနိုင်တဲ့ အခြေအနေနှစ်မျိုးရှိသည်။ တစ်မျိုးက NPCတွေကိုပြန်တိုက်ခိုက်နိုင်လောက်တဲ့ အရမ်းရဲရင့်ပြီး မိုက်တဲ့သူတွေဖြစ်သည်။

နောက်တစ်ယောက်ကတော့ သတ္တိနည်းကာ ထိတ်လန့်တကြားနဲ့ အော်ဟစ်နေတဲ့သူတွေဖြစ်သည်။ ကျိုးဝေ့ကတော့ ဒုတိယတစ်မျိုးဖြစ်သည်။

အရေးအကြီးဆုံးအနေနဲ့ ကျိုးဝေ့က ဒီနယ်ပယ်ထဲတွင် အေးတိအေးစက်နိုင်တဲ့ အလှလေးအဖြစ် အမြဲရှိနေခဲ့ပြီး ဘာဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်တတ်ပုံရပေမယ့် ကြောက်တတ်တဲ့ပုံစံကို ပိုင်ဆိုင်ထားသည်။

ဒီလိုဆန့်ကျင်ဘက်အရာတွေက အရမ်းဆွဲဆောင်မှုရှိသည်။

ဒါကြောင့် တွေးကြည့်ရင်၊ များသောအားဖြင့် အေးဆေးတည်ငြိမ်တတ်တဲ့ ကျိုးဝေ့သာ သူ့ပုံစံကနေ ကွဲထွက်ပြီး variety showမှာ ကြောက်လန့်တကြားနဲ့ အော်ဟစ်တတ်တဲ့ မော်တာပါးစပ်သာဖြစ်သွားရင် အဲ့ဒါကအရမ်းပျော်စရာကောင်းမှာမဟုတ်ဘူးလား?

အဖြေကတော့ သေချာပေါက် ဟုတ်တာပေါ့။ ပျော်စရာကောင်းရုံတင်မကဘူး ဒီအပိုင်းမှာ ကြီးကြီးမားမား စိတ်ဝင်စားစရာတောင်ဖြစ်လာမှာ။

ဒီအချက်ကို နားလည်ပြီးတဲ့နောက်၊ ဒါရိုက်တာက ကျိုးဝေ့ အတွက် ခက်ခဲတဲ့အရာတွေကိုလုပ်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

သူမကို လုပ်စရာတွေအများကြီးရှိတဲ့ နေရာဆီပို့ပြီး NPC အဖွဲ့တွေကိုလည်း ခပ်များများပို့မည်။

"ကောင်းပြီ ဒါရိုက်တာ၊ အားလုံးစီစဉ်ပြီးပြီ၊ NPC တွေလည်းအခု ကျိုးဝေ့ဆီကိုသွားနေပြီ" လက်ထောက်ဒါရိုက်တာက ပြောလာသည်။

ဒါရိုက်တာက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် အရေးကြီးတဲ့ အရာကိုသတိရသွားသည်။

ဟုတ်သား၊ အရေးကြီးဆုံးကတော့ သူမရဲ့အနီးနားမှာနာမည်ကြီး ဧည့်သည်အတွက် drop-in point ကို သတ်မှတ်ပေးဖို့ပဲ!

"စုန့်လင်းချွမ်နဲ့ဆိုရင်ရော ဘယ်လိုလဲ?" ဒါရိုက်တာက မေးလိုက်သည်။

ဘေးက လက်ထောက် အမျိုးသမီးက အမြန်ပြန်ဖြေလိုက်သည်။ "မစ္စတာစုန့်က အဆင်သင့်ပဲ၊ အချိန်မရွေး ဝင်လို့ရတယ်"

ဒါရိုက်တာက ခေါင်းအသာညိတ်ပြလိုက်ပြီး "ကောင်းပြီ၊ နာမည်ကြီး ဧည့်သည်ရဲ့ ဝင်ပေါက်အမှတ်ကို ကျိုးဝေ့နဲ့ နီးအောင်ညှိလိုက်"

ဒါကိုကြားတော့ ဝန်ထမ်းတွေမှာ တစ်ခဏလောက် နားမလည်ဖြစ်သွားရသည်။

နာမည်ကြီး ဧည့်သည်တွေ ဝင်သွားမယ်ဆိုတာက သူတို့ ဘယ်သူနဲ့ အရင်တွေ့ရမလဲဆိုတာကို ဆိုလိုတာပင်။

အခုလို ပြောင်းလိုက်ရင် ကျိုးဝေ့နဲ့ နာမည်ကြီး ဧည့်သည်တို့ တိုက်ရိုက် အဖွဲ့ဖွဲ့မိမှာ။

ပထမဆုံးတွေ့တဲ့လူနဲ့ အဖွဲ့ဖွဲ့ဖို့က အခွင့်အလမ်းအများဆုံးပင်။

ဒီအပိုင်းမှာ သူတို့ရဲ့ နာမည်ကြီးဧည့်သည်က ထိပ်တန်းမင်းသား စုန့်လင်းချွမ် ဖြစ်သည်။

ကျိုးဝေ့က‌တော့ ထိပ်တန်းကြယ်ပွင့်တစ်ယောက်နဲ့ အဖွဲ့ဖွဲ့နိုင်တော့မှာမို့ သူမ ကံကောင်းတယ်လို့ ဆိုရပေမည်။ အာရုံစိုက်ခံရတာနဲ့ လူကြိုက်များတာလည်း တိုးလာမည်ဖြစ်သည်။ သူမသာ ကောင်းကောင်းစွမ်းဆောင်နိုင်ရင် ဒီအခွင့်အရေးကနေ သူမကျော်ကြားလာနိုင်သည်။

ရှိုးတွေမှာ နှစ်အတော်ကြာ လုပ်လာခဲ့တဲ့လူတိုင်းက ဒါရိုက်တာရဲ့ ရည်ရွယ်ချက်ကို သဘာဝကျကျ နားလည်သဘောပေါက်ကြသည်။

သံသယမရှိစွာဘဲ၊ စုန့်လင်းချွမ်က သူတို့ရှိုးဒီအပိုင်းရဲ့ အကြီးမားဆုံး စိတ်ဝင်စားအခံရဆုံးသူဖြစ်သည်။ နောက်တော့ NPC အားလုံး ကျိုးဝေ့ဆီသွားဖို့ စောစောတုန်းက စီစဉ်မှုက ရှိုးရဲ့အာရုံစိုက်မှုကို နည်းနည်းပြောင်းလိုက်တာလို့ဆိုနိုင်သည်။

စုန့်လင်းချွမ်ဘက်မှာလည်း သဘာဝအလျောက်ပြောင်းလဲမှုတွေ လိုအပ်သည်။ မဟုတ်လို့ရှိရင် လျစ်လျူရှုလိုက်သလို ဖြစ်သွားလိမ့်မည်ပင်။

အဲဒီလို နာမည်ကြီး ဧည့်သည်ကို ဖိတ်ဖို့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပေမယ့် နောက်ဆုံးကျသူ့ကို screen time မပေးဘူးဆို သူတို့တွေစိတ်လွတ်သွားလို့ပဲပေါ့။

ကျိုးဝေ့ကတော့ သူမရဲ့ဘာမှမဟုတ်တဲ့ အမှားတစ်ခုက ဒါရိုက်တာကို အစီအစဉ်ပြောင်းဖို့ တွန်းအားပေးမိသွားလိမ့်မယ်လို့ မမျှော်လင့်ထားပါချေ။

ဒီထက်ပိုပြီး မထင်မှတ်တာကတော့ ခဏနေကျ သူမ စုန့်လင်းချွမ်နဲ့ ပက်ပင်းတိုးမှာကိုပင်။

အိမ်မက်ဆိုးလိုမျိုး အတိတ်က အဖြစ်အပျက်တွေကို အမှတ်ရစေတဲ့ သူမရဲ့ညဘက်အိမ်မက်တွေကိုလိုက်နှောင့်ယှက်‌တတ်တဲ့သူနဲ့ပေါ့။

သေချာပေါက် အခုအချိန်မှာ ကျိုးဝေ့အနေနဲ့ အဲဒါတွေကို စဉ်းစားဖို့ အချိန်မရှိသေးပါချေ။ သူမရဲ့အဓိကတာဝန်က သက်ရှိထင်ရှားရှိနေတဲ့သူတစ်ယောက်ကို ရှာဖွေဖို့ဖြစ်သည်။

ဝါး ဝါး ဝါး၊ အရမ်းကြောက်စရာကောင်းတာပဲ!

ရိုက်ကူး‌ရေးအဖွဲ့သားတွေက သူမကို ဘယ်မှာထားခဲ့တာလဲ? စောစောက သူမ မျက်စိကိုအုပ်ထားတဲ့အဝတ်ကိုချွတ်လိုက်တဲ့အချိန် သူမမှာ သေလုမြောပါးနီးပါး ဖြစ်ခဲ့ရသည်။ အလင်းရောင် လုံးဝမရှိတဲ့ မှောင်မည်းနေတဲ့အခန်းထဲမှာ ကင်မရာမင်းတွေရဲ့ ကိရိယာတွေဆီကနေဘဲ အလင်းရောင်မှိန်မှိန်လေး လင်းနေသည်။

ဒါ့အပြင်၊ ကင်မရာမင်းက ခေါင်းဆောင်းတစ်မျိုးကို ၀တ်ထားတာကြောင့် သူ့မျက်နှာကို မမြင်ရရုံသာမက သူမဘေးကနေလည်း စကားမပြောတတ်တဲ့ သစ်သားရုပ်လိုမျိုး လိုက်ပါလာသည်။

အဲ့ဒါက ပိုပြီးတော့တောင် ကြောက်စရာကောင်းနေသည်။

ကျိုးဝေ့မှာ တုန်တုန်ယင်ယင်နဲ့ သူမကိုယ်သူမ ခပ်တင်းတင်းဖက်ကာ ထွက်လာသည်။ အခုအချိန်မှာ အရေးအကြီးဆုံးက တခြား guest တွေကို ရှာဖို့ပဲ။ ဒါကို သူမတစ်ယောက်ထဲတော့ တကယ်မလုပ်နိုင်ဘူး!

ထွက်လာပြီးတဲ့နောက် ကျိုးဝေ့တစ်ယောက် သူမ ဂိုဒေါင်တစ်ခုထဲမှာ ရှိနေတာကို သိလိုက်ရသည်။ ဒီလောက်ကြီးနေတာ မအံ့ဩတော့ဘူး။

ဂိုဒေါင်ကနေ ထွက်လာပြီးတဲ့နောက် သူမကပတ်ဝန်းကျင်ကို အလျင်အမြန် စူးစမ်းလိုက်သည်။ သမိုင်းကြောင်းကို ခိုင်ခိုင်မာမာ ပေးစွမ်းနိုင်တဲ့ ရှေးခေတ်စတိုင်စက်ရုံတစ်ခုဖြစ်သည်။

ဒီဟာက ရိုက်ကူးရေးအတွက်ဆိုရင် ဇာတ်လမ်းအတွက် အစိတ်အပိုင်းတစ်ခုဖြစ်လောက်သည်။ ပတ်ဝန်းကျင်ကတော့ တော်တော်ကောင်းဟည်။

သို့ပေမယ့် ညအချိန်ဖြစ်တာကြောင့်ရော၊ ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ ပြုပြင်မွမ်းမံမှုတွေနဲ့ စီစဉ်မှုတွေကြောင့်ရော၊ နားမလည်နိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ ခံစားချက်ကိုပေးစွမ်းနေသည်။

ထိတ်လန့်ဖို့ကောင်းတဲ့ လေထုက အမြင့်ဆုံးကို ရောက်နေသည်။

ကျိုးဝေ့မှာ အချိန်မဆွဲရဲပါချေ။ ထုတ်လုပ်ရေးအဖွဲ့က ပံ့ပိုးပေးထားတဲ့ မြေပုံမှာ သူမရဲ့တည်နေရာကို အမြန် ရှာတွေ့သွားပြီး သွားရမယ့်နေရာဆီ ပြတ်ပြတ်သားသား ဦးတည်သွားလိုက်သည်။

သူမအနေနဲ့ ဒီလိုသရဲခြောက်တတ်တဲ့နေရာမှာ တစ်စက္ကန့်လေးတောင်မနေချင်တော့ပေ။

ကျိုးဝေ့က လေလိုမျိုးလှုပ်ရှားကာ ခပ်မြန်မြန် လျှောက်လာသည်။ သူမနောက်က ကင်မရာမင်းတောင် သူမကိုလိုက်မမီတော့ပေ။

"ဖြည်းဖြည်းသွား၊ ဖြည်းဖြည်းသွား!" ကင်မရာမင်းက အားတင်းပြောလိုက်သည်။

လေးလံတဲ့ပစ္စည်းကို သယ်ထားရတဲ့ ကင်မရာမင်းမှာ ဟောဟဲလိုက်နေတာကို မြင်လိုက်ရတော့ ကျိုးဝေ့ စိတ်မကောင်းဖြစ်မိသွားသည်။

"တောင်းပန်ပါတယ် ကျွန်မ ဖြည်းဖြည်းသွားနိုင်အောင်ကြိုးစားပါ့မယ်"

အဓိကကတော့ သူမကိုယ်တိုင် အာမမခံနိုင်လို့ပင်။ ကြောက်လာတဲ့အခါဆို သူမရဲ့အပြုအမူတွေကို ထိန်းမနိုင်တော့ပေ။

ရှည်လျားတဲ့ လမ်းတစ်လျှောက်မှာ ကျိုးဝေ့က ကင်မရာမင်းအတွက် ခပ်ဖြည်းဖြည်း လျှောက်ပေးနေသည်။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ လမ်းကြားထဲကို ရောက်လာတော့ သူမကိုယ်ကို မထိန်းနိုင်တော့ဘဲ ခြေထောက်တွေက ပျံနေတဲ့အလားပြေးတော့သည်။

ပြေးရင်းနဲ့လည်း သူမက အော်ပြောသွားသေးသည်။ "တောင်းပန်ပါတယ် ကင်မရာမင်းရေ၊ ဒီနေရာက အရမ်းကြောက်စရာကောင်းလို့ပါ..."

သူမရဲ့နောက်က ကင်မရာမင်းမှာ ပျောက်ကွယ်သွားတဲ့ သရုပ်ဆောင်ကို ငေးကြည့်ရင်း အနည်းငယ် အံ့အားသင့်နေသည်။

သူပြန်တုံ့ပြန်လာတဲ့အချိန်မှာ ကျိုးဝေ့က ခပ်ဝေးဝေးကိုရောက်နေပြီဖြစ်သည်။ သူမ နောက်ကို လိုက်ဖို့ကလွဲလို့ သူ့မှာ တခြားရွေးချယ်စရာမရှိတော့ပေ။

ဒီလိုအခြေအနေမျိုးမှာ ကျိုးဝေ့တစ်ယောက်အရမ်းကိုထိတ်လန့်နေပြီဖြစ်သည်။ သူမနောက်က ခြေသံလေးလေးကြီးက ရုတ်တရက် အရှိန်နဲ့ပြေးလာတာကို ကြားလိုက်ရတာနဲ့ သူမလည်း အလိုလိုနေရင်း အရှိန်ပြင်းပြင်းနဲ့ပြေးတော့သည်။

ကင်မရာမင်း - "..."

အပြေးအလွှား ပြေးပြီးတဲ့နောက် ကျိုးဝေ့ရဲ့ ခံနိုင်ရည်အားလည်း တဖြည်းဖြည်း လျော့လာကာအရှိန်နှေးလာသည်။

ကင်မရာမင်းလည်း အရှိန်မြှင့်လိုက်ပြီး နောက်ဆုံးတော့သူမကို လိုက်မီသွားသည်။

လမ်းရဲ့ ကြောက်စရာကောင်းတဲ့ အပိုင်းကို ဖြတ်ကျော်ပြီးသွားတဲ့ နောက်မှာတော့ ကျိုးဝေ့တစ်ယောက် သိသိသာသာ ငြိမ်သက်သွားပြီး သူမရဲ့ ခံစားချက်တွေဟာလည်း တဖြည်းဖြည်း တည်ငြိမ်လာသည်။

ဒါပေမယ့် သူတို့တွေ ထောင့်ဘက်ချိုးလိုက်တဲ့အချိန်မှာဘဲ သူမအမှောင်ရိပ်တစ်ခုနဲ့ ခေါင်းချင်းဆိုင်တိုက်မိသွားသည်။

"အားးးး..."

ကျိုးဝေ့က အနောက်ကို ခုန်ဆုတ်လိုက်ပြီး မျက်လုံးတင်းတင်းပိတ်ကာ လက်နှစ်ဖက်ကို လေထဲမှာ ဝှေ့ယမ်းလိုက်သည်။

သူမတွန်းလိုက်တဲ့ အမှောင်ရိပ်ကတော့ ဒီအပိုင်းရဲ့ဧည့်သည်ဖြစ်တဲ့ စုန့်လင်းချွမ်ကလွဲပြီး ဘယ်သူမှမဟုတ်ပါချေ။

စုန့်လင်းချွမ်လည်း သိပ်မကြာသေးခင်ကမှ ဝင်လာတာဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့ကပေးထားတဲ့ သဲလွန်စတွေကို ဒီနေရာမှာလာရှာတာဖြစ်သည်။

စောစောက ဒီအဆောက်အဦးဘေးကအခန်းမှာသူ ရှိနေခဲ့တာဖြစ်ပြီး ဒီနေရာမှာရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အသံကို ကြားတော့ တစ်ချက်လာကြည့်ချင်သွားတာဖြစ်သည်။ သူလှည့်ခါနီးမှာ လူတစ်ယောက်နဲ့ ဒီလိုမျိုးတိုက်တိုက်ဆိုင်ဆိုင် ဝင်တိုက်မိလိမ့်မယ်လို့ သူမထင်ထားပါချေ။

အလင်းရောင်မှိန်မှိန်လေးကြောင့် ဘယ်သူလဲဆိုတာကိုသူကောင်းကောင်းတောင်မကြည့်ရသေးခင် တန်းပြီးတွန်းထုတ်ခံလိုက်ရသည်။ ကံကောင်းထောက်မစွာနဲ့ မလဲသွားရအောင် အနီးနားက အရာတစ်ခုကို သူအမြန်လှမ်းကိုင်လိုက်မိသည်။

အသံနဲ့ အကဲဖြတ်ကြည့်ရရင် ဒါကရှိုးရဲ့guestတွေထဲက တစ်ယောက်ဖြစ်မယ်ဆိုတာ သံသယဝင်စရာမလိုပေ။ စုန့်လင်းချွမ်က လျှောက်လာပြီး နှုတ်ဆက်ဖို့လုပ်လိုက်တဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် တစ်ဖက်လူကိုသူမြင်လိုက်ရသည်။

"ကျိုးဝေ့?"

ကျိုးဝေ့က လက်ရှိမှာသူမရဲ့ မျက်လုံးတွေကိုလက်တွေနဲ့အုပ်ထားပြီး စုန့်လင်းချွမ်ဘက်နဲ့ဆို ထောင့်ဖြတ်အကွာမှာရပ်နေသည်။

တစ်ဖက်လူက သူမနာမည်ကို ခေါ်လိုက်တာကြားတော့ သူမလည်း ခဏလောက် အံ့သြသွားသည်။

အသံက နည်းနည်းတော့ ရင်းနှီးနေပေမယ့် ဒါက တခြားယောက်ျားလေး guest မဟုတ်ဘူးဆိုတာ သေချာသည်။ အခု တော့ သူမလက်ကိုပိုပြီးတော့တောင် မချရဲတော့ဘူး။

ကျိုးဝေ့အနေနဲ့ ဒီလူက ရှိုးကစီစဉ်ထားတဲ့ NPC ဟုတ်လား မဟုတ်ဘူးလားဆိုတာ သေချာမသိပေ။ ဒါက horror theme ဖြစ်တာကြောင့် သူမမှာ သူတို့ဝတ်စားထားပုံနဲ့ မိတ်ကပ်တွေကြောင့် ထိတ်လန့်သွားမိမှာစိုးနေသည်။ ဘယ်လိုကြောက်စရာကောင်းတဲ့ပုံစံမျိုး လုပ်ထားမလဲဆိုတာ ဘယ်သူသိမှာလဲ။

"ရှင်က လူလား?" သူမတိုးတိုးလေးမေးလိုက်သည်။

စုန့်လင်းချွမ် နှုတ်ခမ်းတွေ လှုပ်ရှားသွားသည်။ "မင်းဘယ်လိုထင်လဲ?"

ကျိုးဝေ့ - "..."

သူ ဘာတွေပြောနေတာလဲ? သူမသာ သိရင်မေး‌မနေတော့ဘူး!

သူမကြောက်နေတာကိုမြင်တော့ စုန့်လင်းချွမ်က သူမစိတ်အေးသွားအောင်ပြောလိုက်သည် "မကြောက်ပါနဲ့၊ ကိုယ်ပါ"

သူဒီလိုပြောပြီးတာနဲ့ ရိုက်ကူးရေးအပြင်ဘက်မှာကြည့်နေကြတဲ့ ထုတ်လုပ်ရေးအဖွဲ့က တစ်ခုခုထူးဆန်းနေတာ သဘောပေါက်သွားကြသည်။

ခဏနေပါဦး၊ စုန့်လင်းချွမ်ရဲ့စကားတွေက နားထောင်လေလေ၊ ပိုပြီးထူးဆန်းလာသလိုပဲ။

ဒီလိုအခြေအနေမျိုးမှာ အမျိုးသမီး guest ကို သူနှစ်သိမ့်ပေးချင်တာ နားလည်ပေးနိုင်ပေမယ့် 'ကိုယ်ပါ' လို့ပြောလိုက်တာက သူတို့ပိုတွေးလေ ဘာလို့ ပိုပြီးထူးဆန်းတဲ့ပုံပေါက်လာတာပါလိမ့်?

ဒီလိုအမှတ်တမဲ့မျိုးက နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် သိနေပြီးသားလိုပဲ!

အခုအချိန်မှာ ကျိုးဝေ့လည်း ဒီဖြစ်နိုင်ချေကို သဘောပေါက်သွားသည်။ သူမ သိတဲ့သူတစ်ယောက်ယောက်များလား?

ဒါ့အပြင် သူမအသံကိုပိုနားထောင်လေ ပိုပြီးရင်းနှီးနေသလိုပင်။

ဒီဖြစ်နိုင်ခြေကို တွေးမိရင်း သူမ ဖြည်းဖြည်းချင်း လှည့်ကာလက်ချလိုက်ပြီး အဲ့ဒီလူဆီ လှမ်းကြည့်လိုက်သည်။

အဝါရောင် အလင်းမှိန်ဖျော့ဖျော့အောက်မှာ ရင်းနှီးနေသလိုလို မရင်းနှီးနေသလိုလိုမျက်နှာကို ကျိုးဝေ့ မြင်လိုက်ရသည်။

စုန့်လင်းချွမ်!

သူမ မျက်လုံးတွေကို အလိုလိုပွတ်လိုက်မိပြီး သူမအမြင်မှားနေတာလားလို့ ခံစားလိုက်မိသည်။ စုန့်လင်းချွမ်က ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာမှာလဲ?

သူမရဲ့ အမြင်တွေ မှုန်ဝါးနေတာဖြစ်ရမယ်! သေချာပေါက် မှုန်ဝါးနေတာပဲ!

ကျိုးဝေ့ရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရတော့ စုန့်လင်းချွမ်ရဲ့ မျက်လုံးတွေထဲမှာ နားလည်ရခက်တဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။

"မတွေ့တာကြာပြီနော် အတန်းဖော်ဟောင်းရေ"

All Chapters