← Chapters

(extra 3)

Vol. 13 Ch. 162

(extra 3)

Vol. 13 Ch. 162

လီစစ်ရွှေ့က မေးငေါ့ပြီး မေးလိုက်သည်။ "ညက လူတစ်ယောက်နဲ့တွေ့ခဲ့တယ်မဟုတ်လား?"

စုန့်အာ့နန်ရုတ်တရက် အလင်းရသွားသည်။ "ဘယ်လိုသိတာလဲ?!"

ချန်ခယ့်က လျှို့ဝှက်ဆန်းကြယ်တဲ့လေထုကို ထပ်ပေါင်းထည့်လိုက်သည်။ "ငါ့လက်ချောင်းတွေနဲ့ ကြိုဟောခဲ့တာ။ နင် ဖေးခွမ်နဲ့ တွေ့ရုံတင်မကဘူး သူနဲ့ WeChat အကောင့်တောင်လဲခဲ့တယ်"

စုန့်အာ့နန် မျက်လုံးပြူးသွားသည်။

သူတို့ဘယ်လိုလုပ် အဲ့ဒါကိုတောင် သိနေကြတာလဲ!

သူမ ဆက်ပြီးဟန်မဆောင်တော့တာကိုမြင်တော့ သုံးယောက်သား သူတို့ဘယ်လိုသိသွားလဲဆိုတာကိုပြောပြလိုက်သည်။

လီစစ်ရွှေ့က ကျန်းဟန်နဲ့ သူငယ်ချင်းဖြစ်တဲ့ စီနီယာအစ်မတစ်ယောက်နဲ့ သိနေပြီး ဒီနေ့ည KTV သီးသန့်ခန်းမှာ သူမလည်းရှိနေသည်ကို သိလိုက်ရသည်။

"ငါတို့ group chat မှာ ပုံသက်သေတွေရှိတယ်။ လာခဲ့၊ အားလုံးကို ဝန်ခံလိုက်။ ငါတို့ကို လာမလိမ်နဲ့နော်" လီစစ်ရွှေ့က ဆိုလာသည်။

စုန့်အာ့နန် အံ့သြသွားသည်။ "နင်တို့မှာ group တောင်ရှိတယ်ပေါ့လေ?"

ဘာgroupလဲ?

သူမ မြင်တာသာမမှားရင် အဖွဲ့နာမည်မှာ သူမနဲ့ ဖေးခွမ်တို့နာမည်တွေ ပါနေတဲ့ပုံပဲ။

လီစစ်ရွှေ့က တခစ်ခစ်ရယ်လိုက်သည်။ "ဟုတ်တယ်၊ ငါတို့က ပရော်ဖက်ရှင်နယ် shipper တွေပဲ"

ဒီအဖွဲ့ ဘယ်လိုဖြစ်လာရလဲဆိုတာက နောက်ခံသမိုင်းကြောင်းတွေရှိသည်။ gp ထဲမှာရှိတဲ့လူတွေက အခြေခံအားဖြင့် သူမတို့နှစ်ယောက်ကို ဖိုရမ်မှာ ship ကြတဲ့ အစောဆုံးသူတွေဖြစ်သည်။

ပြီးတော့ လီစစ်ရွှေ့က ဘာလို့ ဒီအထဲမှာ ပါနေတာလဲ? ဘာလို့လဲဆိုတော့ သူမက ပထမအသုတ်က shipper တစ်ယောက်လည်း ဖြစ်နေတာကြောင့်ပင်။

ဝါး သူမလည်းမတတ်နိုင်ဘူးလေ! သူမက သူတို့ကို ship ချင်တာမဟုတ်ပေမယ့် သူတို့ရဲ့ရုပ်ရည်က သူမရဲ့အလှတရားခံစားနိုင်စွမ်းနဲ့ လုံးဝကိုလိုက်ဖက်နေကြတာ။

စုန့်အာ့နန် - "..."

ဒါကို သူမ မယုံနိုင်ဘူး

စုန့်အာ့နန်မှာ အံ့အားသင့်နေရာကနေ သတိပြန်မဝင်လာသေးခင် ချန်ခယ့်က သူမပုခုံးကို သိုင်းဖက်လိုက်သည်။

သူမကစိတ်အားထက်သန်စွာ အတင်းအဖျင်းပြောချင်စွာနဲ့ မေးလိုက်သည်။ "လုပ်စမ်းပါအာ့နန် ငါတို့ကို မြန်မြန်ပြောပြ စီနီယာအစ်ကိုဖေးခွမ်က ဘယ်လိုမျိုးလဲ?"

စုန့်အာ့နန်က စဉ်းစားကာပြန်ဖြေလိုက်သည်။ "သူနဲ့ ခင်ရတာ အရမ်းအဆင်ပြေတယ်လို့ ခံစားရတယ်”

သုံးယောက်သား သူမကို အသက်မပါသလိုကြည့်လာကြပြီး သူတို့ အကြည့်တွေထဲမှာလည်း စွပ်စွဲလိုမှုတွေနဲ့ ပြည့်နှက်နေသည်။

သူတို့ရဲ့ တုံ့ပြန်မှုကို နားမလည်တဲ့အတွက် စုန့်အာ့နန်ကမေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

ဘာလို့ သူမကို ဒီလိုကြည့်နေကြတာလဲ?

အဲ့ဒါကနည်းနည်း ကြောက်စရာကောင်းတယ်။

လီစစ်ရွှေ့က ခြောက်ကပ်ကပ်ပြုံးလိုက်ပြီး " ရှောင်အာ့နန်၊ နင် တမင်လုပ်နေတာမဟုတ်လား? ဘယ်သူကဒါကိုကြားချင်နေလို့လဲ?"

ချိုက်ရှောင်တိကလည်း သဘောတူသလို လေးလေးနက်နက် ခေါင်းညိတ်လာသည်။ "ဟုတ်တယ်၊ သူနဲ့ခင်ရတာအရမ်းအဆင်ပြေတယ်၊ အဲ့ဒါက ဘာကြီးလဲ၊ ငါတို့က စီနီယာအစ်က်ုဖေးက ကောလဟာလတွေထဲကလို ချောလားမချောဘူးလားဆိုတာပဲ သိချင်တာ"

အဲ့ဒီဖိုရမ်ပေါ်က ဓာတ်ပုံတွေထက် သူက ပိုချောလားဆိုတာကိုပဲ!

စုန့်အာ့နန်လည်း ရိုးရိုးသားသား ခေါင်းညိတ်လိုက်သည်။ "အရမ်းချောတယ်"

ဖေးခွမ်က အဲ့ဒီ အွန်လိုင်းမှာ တင်ထားတဲ့ ဓာတ်ပုံတွေထက် အပြင်မှာ တကယ်ပိုချောသည်။ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံတွေ အများစုက တဲ့တိုးရိုက်ချက်တွေဖြစ်တာကြောင့် ရုပ်ပုံအရည်အသွေးက အနည်းနဲ့အများတော့ လျှော့သည်။

သူ့ရုပ်ရည်အပြင်၊ သူ့ရဲ့စိတ်နေစိတ်ထားကလည်း အရမ်းထူးခြားသည် - နူးညံ့သိမ်မွေ့ပေမယ့် ဖျတ်လတ်တဲ့အရိပ်အယောင်ရှိသည်။ ဒါတွေက ဓာတ်ပုံတွေကနေ မမြင်ရတဲ့အရာတွေဖြစ်သည်။

စုန့်အာ့နန်ရဲ့အဖြေကိုကြားတော့ ကောင်မလေးသုံးယောက်က တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်အကြည့်ချင်းဖလှယ်လိုက်ကြပြီး အတင်းအဖျင်းဖလှယ်ကြသည်။

အရမ်းချောတယ်တဲ့!

ဘုရားရေ၊ ဒီစာကြမ်းပိုး စုန့်အာ့နန်ဆီကနေတောင် ဒီလိုမျိုး ချီးကျူးခံရတယ်တဲ့။

ဘယ်လိုတောင်ထူးခြားလိုက်သလဲ!

သံသယမရှိစွာဘဲ၊ မိန်းကလေး သုံးယောက်က အသေးစိတ်ကအစ လွတ်မသွားရအောင် စုန့်အာ့နန်ကို အပြန်ပြန်အလှန်လှန် မေးကြတော့သည်။

စုန့်အာ့နန်မှာလည်း ဇာတ်လမ်းတစ်ခုလုံးကို အစအဆုံး ရိုးရိုးသားသား ပြန်ပြောပြဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ချေ။ သို့ပေမယ့် နောက်ဆုံးဖေးခွမ်ကို ထမင်းဖိတ်ကျွေးဖို့အကြွေးတင်နေတဲ့အကြောင်း ပြောလိုက်တဲ့အခါမှာတော့ သုံးယောက်သား ခဏလောက်တိတ်ဆိတ်သွားသည်။

လီစစ်ရွှေ့က စားပွဲကို ရိုက်လိုက်ပြီး ပြတ်ပြတ်သားသား နိဂုံးချုပ်လိုက်သည်။ " ဖေးခွမ်က ငါတို့အာ့နန်ကို လိုက်ဖို့ ကြိုးစားနေတယ်ဆိုတာ ငါ့ခေါင်းနဲ့ရင်းပြီးလောင်းရဲတယ်!"

ချန်ခ်ယ့နဲ့ ချိုက်ရှောင်တိကလည်း မဆိုင်းမတွ ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်သည်။

ဖေးခွမ်က ပေါင်းသင်းရလွယ်တဲ့သူဖြစ်တာကြောင့် သူ့ဘက်ကစပြီး စကားစမြည်ပြောတာကို ရှင်းပြလို့ရသေးသည်။

ဒါပေမယ့် ထမင်းတစ်နပ်စားဖို့ WeChat မှာအပ်တာကရော?သူ့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာ ဘယ်သူက ယုံမှာလဲ?

သူတို့တွေ သိသိသာသာကို နားလည်မှုလွဲနေတာ မြင်တော့ စုန့်အာ့နန်က ရှင်းပြလိုက်သည်။ "နင်တို့ထင်သလို မဟုတ်ဘူးနော်၊ သူက ငါ့ကို WeChat မှာအပ်ချင်တာမဟုတ်သလို ထမင်းတစ်နပ်စားဖို့ ပြောချင်ခဲ့တာလည်းမဟုတ်ဘူး။ ငါ နေရခက်သွားတာကို သူမြင်လိုက်လို့ဖြစ်မယ်"

ဒီဟာက အရမ်းအကျိုးအကြောင်းဆီလျော်တဲ့ ရှင်းပြချက်ဖြစ်တယ်လို့ သူမ ခံစားရပေမယ့် လီစစ်ရွှေ့နဲ့ကျန်နှစ်ဦးကတော့ သံသယရှိနေဆဲဖြစ်သည်။

"တကယ်၊ အဲဒီတုန်းက သူ့ကို ငါ တောင်းပန်ခဲ့တာ၊ ငါနေရမခက်အောင် သူ့မှာ ဒီလိုပြောဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့လို့ဖြစ်မယ်" သူမက ဆက်ရှင်းပြလိုက်သည်။

သို့ပေမယ့် အခု သူမ စဉ်းစားကြည့်မိတော့ သူမကို ထမင်းတစ်နပ်ဝယ်ကျွေးဖို့ ဖေးခွမ် ကမ်းလှမ်းလာတဲ့အချိန်တုန်းက သူ့ပုံစံက စနောက်ချင်နေတဲ့ပုံပင်။

သူမကို ထမင်းကျွေးခိုင်းဖို့ ပြောတာက သူမ စိတ်မသက်မသာဖြစ်တာကို လျော့သွားအောင် သူပြောခဲ့တာလည်းဖြစ်နိုင်သလို သူမအနေနဲ့ သူ့ကိုတကယ်ဝယ်ကျွေးခိုင်းဖို့ကို မရည်ရွယ်ထားဘူးလို့ စုန့်အာ့နန်ထင်မိသည်။

နောက်တစ်နေ့မနက် B တက္ကသိုလ်ရဲ့ တွဲဖက်ဆေးရုံရှိ နှလုံးရောဂါဌာနတွင် ဖေးခွမ် round လှည့်တာပြီးသွားလို့ wardကိုပြန်လာတဲ့အချိန် တစ်စုံတစ်ယောက်ဆီကနေ အတားခံလိုက်ရသည်။

"မနေ့က မင်းစုန့်အာ့နန်ရဲ့နံပါတ်ကို ရလိုက်တယ်လို့ ငါကြားတယ်" ကောယာက မျက်နှာပေါ်မှာ အတင်းအဖျင်းဆာလောင်နေတဲ့ အမူအရာနဲ့ပြောလာသည်။

သူဘယ်ကနေကြားလာလဲဆိုတာကို ဖေးခွမ်တွေးကြည့်စရာတောင်မလိုဘဲ အတိအကျသိသည်။

လီရှန်းနဲ့ သူ့‌ပါးစပ်ပေါက်ကြီးကလွဲရင် တခြားဘယ်သူမှမရှိဘူး။

သူက ဝူရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ‌ပေါ့ပေါ့ပါးပါးမေးလိုက်သည်။ " ပြဿနာရှိလို့လား?"

ကောယာက ကျွတ်စ်သတ်လိုက်ပြီး " ဒီတ်ိုင်းစတာပါ။ ငါတို့ ညီအစ်ကိုတွေကြားမှာ ဘာလို့ ပြဿနာရှိရမှာလဲ? ငါက ဒီတိုင်း မင်းအကြောင်းသိချင်ရုံပါ"

ဖေးခွမ်ကတော့ သူ့ကို ဖျော်ဖြေဖို့ကို အရမ်းပျင်းနေသည်။ သူနဲ့ဆိုင်လို့လား?"

နားထောင်လို့တော့ ကောင်းသားပဲ။ ဒါပေမယ့် သူက ဒီရှိုးကို ကြည့်ချင်ရုံပဲလေ။

ဖေးခွမ်ရဲ့ သဘောထားကို မြင်ပြီး ကောယာက စိတ်မဆိုးပေ။ သူက ဆက်ပြောလာသည်။ "ဘာပြဿနာမှမရှိပါဘူး၊ စုန့်အာ့နန်ရဲ့ နံပါတ်ကို မင်းလိုချင်ရင် ငါပေးလို့ရတယ်လို့‌ပြောမလို့၊ ငါက သူနဲ့ တော်တော်ရင်းနှီးတယ်လေ"

ကောယာက စုန့်အာ့နန်နဲ့ တော်တော်ရင်းနှီးခဲ့တာတော့အမှန်ပင်။

မနှစ်က hot search ဖြစ်ရပ်မှာ စုန့်အာ့နန်က ကောယာကနေတဆင့် ဖေးခွမ်ကို တောင်းပန်စကားပါးခိုင်းပေးခဲ့တာဖြစ်သည်။ သူက ကြားထဲကလူဖြစ်သည်။

အဲဒါကိုပြောရင်းနဲ့ ကောယာက ရုတ်တရက်ပြန်သတိရသွားသည်။ "ဟုတ်သားပဲ၊ မနှစ်တုန်းက ငါ မင်းတို့နှစ်ယောက်အတွက် ကူပြီးစကားပါးခဲ့တုန်းက မင်းမှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ အခုကျ ဘယ်လိုလုပ်တိုးတက်သွားတာလဲ?"

ဖေးခွမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို နည်းနည်း စိုက်ကြည့်လိုက်သည်။ "မဟုတ်တာတွေ မပြောနဲ့"

ဘာတိုးတက်တာလဲ? အဲ့ဒီလို စကားလုံးတွေကို သုံးတာက မကောင်းတဲ့ အသံပေါက်သွားစေသည်။

သူ ဂရုမစိုက်ပေမယ့် ကောင်မလေးအပေါ် မလေးမစားဖြစ်စေသည်။

ကောယာက သူလည်း မသင့်တော်တဲ့ စကားလုံး သုံးခဲ့မိတာကို သဘောပေါက်သွားပြီး ချက်ချင်းပဲ သူ့နှုတ်ခမ်းတွေကို ဇစ်ဆွဲသလိုဆွဲလိုက်ကာ "ငါ့အမှားပါ၊ ငါ့ ပါးစပ်ကို ထိန်းရမယ်"

သူက တခြားဘာကိုမှ ဆိုလိုချင်တာမဟုတ်မှန်း ဖေးခွမ်သိသည်။ သူ့ကိုအကြိမ်အနည်းငယ်လောက် သတိပေးပြီးသွားတော့ သူဘာမှထပ်မပြောတော့ပေ။

အဲ့ဒီကိစ္စလည်းပြတ်သွားသည်။ နှစ်ယောက်သား တခြားအကြောင်းတွေ ပြောကြသည်။

"မင်း အကြာကြီး မပြန်လာခဲ့ဘူး။ မင်းအားတဲ့အချိန်င့ါကိုပြော၊ ငါ မင်းကို လိုက်ပတ်ပြမယ်" ကောယာက ပြောလိုက်သည်။

ဒါကိုကြားတော့ဖေးခွမ်က ရယ်လိုက်ပြီး "ငါမှတ်မိတာမှန်ရင်၊ ငါတို့က တက္ကသိုလ်ကတည်းက အတန်းဖော်တွေမဟုတ်ဘူးလား?"

သူပြည်ပမှာ နေခဲ့တဲ့ နှစ်နှစ်ကလွဲရင် သူဒီမှာရှိတာခြောက်နှစ်ရှိပြီဖြစ်သည်။ ဒါကိုကောယာက လိုက်ပတ်ပြချင်သေးတယ်လား?

ဒါပေမယ့် ကောယာကတော့ အဲ့ဒီလို လုံးဝမတွေးပါချေ "မင်း နိုင်ငံရပ်ခြားပရောဂျက်အတွက် သွားတာပါ အပါအ၀င်ဆို မင်းထွက်သွားတာ လေးနှစ်ရှိပြီ။ အဲဒီအချိန်ကို လျှော့မတွက်နဲ့။ ငါတို့ကျောင်းက အများကြီးပြောင်းလဲသွားပြီကွ!"

"အိုး ဟုတ်သားပဲ၊ ကျောင်းအရှေ့ပေါက်က အစားအသောက်လမ်းကိုလည်း ပြုပြင်ထားတယ်။ ဆိုင်တွေ ဘယ်နှစ်ခါလောက် လက်ပြောင်းထားလဲ သိတဲ့သူရှိတယ်။ မင်းကို လမ်းပြဖို့ သိတဲ့သူတစ်ယောက်တော့လိုမှာဘဲ၊ မဟုတ်ရင် သေချာပေါက် မင်းအကျပ်ရိုက်မှာပဲ"

ဖေးခွမ် ခဏရပ်လိုက်သည်။ သူတော့ အကျပ်ရိုက်မှာမစိုးပါဘူး။

ဒါပေမယ့် တစ်ယောက်ယောက်က သူ့ကို လိုက်ပတ်ပြတာ အကြံကောင်းတစ်ခုပဲ။

"နောက်အပတ် ငါတို့နှစ်ယောက်လုံး ပိတ်ရက်ဆိုရင်‌ရော? ငါတို့ ကျောင်းမှာ လိုက်ပတ်လို့ရတယ်" ကောယာက အကြံပြုသည်။

ဖေးခွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "မလိုဘူး။ မင်းရဲ့ကောင်မလေးနဲ့သာ အချိန်သွားဖြုန်းစမ်းပါ။ ငါ တခြားတစ်ယောက်ကို ရှာလိုက်မယ်"

အဲ့ဒါက အဓိပ္ပာယ်ရှိမှန်း ကောယာ သဘောပေါက်လိုက်သည်။ ဖေးခွမ်ရဲ့ကျော်ကြားပုံနဲ့ဆို သူနဲ့အတူသွားပေးမယ့်လူကိုရှာဖို့ဆိုတာ ပြဿနာမရှိပေ။

ပြောရရင် သူ့ကောင်မလေးကလည်း သူ သူမကိုအချိန်လုံလုံလောက်လောက် မပေးနိုင်တာကို ညည်းညူနေခဲ့တာဖြစ်သည်။

ဖေးခွမ်နဲ့ ဆုံမယ့်ကိစ္စကို စုန့်အာ့နန်စိတ်ထဲမှာ မေ့မေ့လျော့လျော့ဖြစ်သွားသည်။

ပထမတော့ လီစစ်ရွှေ့က တကယ်လို့ ဖေးခွမ်မှာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ရှိမယ်ဆိုရင် ထမင်းတစ်နပ်စားဖို့ ချိန်းထားတာရှိတဲ့အတွက် မကြာခင်မှာဘဲ စုန့်အာ့နန်ကို သူသေချာ ပေါက်ဆက်သွယ်လာလိမ့်မယ်လို့ ပြောနေခဲ့သည်။

ဒါပေမယ့် သူက တစ်ပတ်လုံး တိတ်ဆိတ်နေပြီးတဲ့နောက်မှာ သူတို့သုံးယောက်သား နောက်ဆုံးတော့ မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ကြသည်။

စုန့်အာ့နန်အနေနဲ့လည်း ဖေးခွမ်က သူမကို ထမင်းဖိတ်ကျွေးဖို့‌ ပြောတာက တကယ်ရည်ရွယ်ချက်ရှိတာမဟုတ်ဘဲ ယဉ်ကျေးမှုအရ ပြောမှန်း ပိုသေချာလာသည်။

ဒီတော့ သူမလည်း အဲ့ဒီအကြောင်းထပ်မစဉ်းစားတော့ပေ။

စုန့်အာ့နန်က သူ့ကို ထမင်းတစ်နပ်ဝယ်ကျွေးဖို့ တွန့်ဆုတ်နေတာ မဟုတ်ပေ။ သူက ယဉ်ကျေးမှုအရပြောရုံဘဲမို့ သူမအနေနဲ့ သူ့ကိုနှောင့်ယှက်မိတယ်လို့ ခံစားရတာ‌ေကြာင့်ပင်။ သူမအနေနဲ့ အနာဂတ်မှာ နောက်ထပ်အခွင့်အရေးကိုသာ စောင့်မျှော်ရလိမ့်မယ်လို့ထင်သည်။

ဒါ့အပြင် မကြာခင်မှာ စာမေးပွဲတွေလည်း ရောက်လာတော့မည်ဖြစ်သည်။ သူမက စာကြည့်တိုက်မှာဘဲ နေ့တိုင်း စာကျက်ရင်း အလုပ်များနေတဲ့အတွက် မကြာခင်မှာဘဲ အဲ့ဒီကိစ္စကို လုံးဝ မေ့သွားတော့သည်။

တစ်ရက် စုန့်အာ့နန်တစ်ယောက် စာကြည့်တိုက်ကနေ အဆောင်ကို ပြန်ရောက်လာတော့ သူမရေတစ်ခွက်သွားထည့်တော့မယ့်အချိန် စားပွဲပေါ်ရှိ သူမဖုန်းကမြည်လာသည်။

WeChat က စာဝင်လာတာဖြစ်သည်။

သူမ ယူကြည့်လိုက်တော့ ဖေးခွမ်ပို့လာတာဖြစ်သည်။

ဖေးခွမ် - [ဂျူနီယာညီမလေး အခုအားလား? ကိုယ့်မှာ မင်းကို မေးစရာရှိလို့]

စုန့်အာ့နန်လည်း စက္ကန့်အတော်ကြာတဲ့အထိ အံ့အားသင့်သွားသည် - [အားပါတယ်၊ ဘာများလဲ စီနီယာအစ်ကို?]

ဖေးခွမ်ရဲ့ပြန်စာက ခပ်မြန်မြန် ရောက်လာခဲ့သည် - [ဒီလိုပါ၊ ကိုယ် ဒီကိုမရောက်ဖြစ်တာကြာတော့ ကိုယ်တို့ကျောင်းကန်တင်းက အစားအစာတွေကို အရမ်းစားချင်စိတ်ဖြစ်နေတာ။ ဒါပေမယ့် အခု ရောက်လာတော့ ကိုယ့်မှာ ထမင်းစားကတ်မရှိဘူးဆိုတာ သတိရလိုက်တယ်။ အဲ့ဒါ စိတ်မရှိရင် မင်းရဲ့ထမင်းစားကတ်ကို ကိုယ်ငှားလို့ရမလား မေးချင်လို့?"

ဒီတောင်းဆိုမှုကြောင့် စုန့်အာ့နန် နည်းနည်း အံ့သြသွားသည်။

ဒါပေမယ့် သူမ သိပ်ပြီးမစဉ်းစားနေဘဲ သူမကတ်ကိုချက်ချင်းယူသွားပေးဖို့ ဖေးခွမ်ကို သူဘယ်ဆိုင်မှာရှိနေလဲလို့ မေးဖို့လုပ်လိုက်သည်။ ဒါပေမယ့် သူ့ဆီကနေ နောက်ထပ် မက်‌ဆေ့ခ်ျတစ်စောင်ရောက်လာသည်

[ဒါမှမဟုတ် ဒီနေ့ ကိုယ်တို့ရဲ့ ထမင်းတစ်နပ်ဖိတ်ကျွေးဖို့ ချိန်းထားတာကို ဖြည့်ဆည်းပေးနိုင်မလား?]

စုန့်အာ့နန် - "......"

အဲ့ဒီလိုဆိုလည်း အဆင်ပြေမယ်ထင်တာပဲ။

စုန့်အာ့နန် ရောက်လာတဲ့အခါ ဖေးခွမ်က ကန်တင်းဝင်ပေါက်အပြင်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။

ညစာစားပြီးချိန်မို့ ကန်တင်းမှာ လူသိပ်မများပေမယ့် အဲဒီမှာ ရပ်နေရုံနဲ့တင် သူက ထူးထူးခြားခြားကို ပေါ်လွင်နေသေးသည်။

သူ့ကိုဖြတ်သွားကြတဲ့ မိန်းကလေးအများအပြားက ခပ်ဝေးဝေးရောက်သွားတာတောင် သူ့ကိုလှမ်းကြည့်နေကြသေးသည်။

“စီနီယာအစ်ကိုဖေး” စုန့်အာ့နန်ခေါ်လိုက်သည်။

ဖေးခွမ်က ခေါင်းအသာညိတ်ပြလိုက်သည်။ "ဂျူနီယာညီမလေးကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်"

စုန့်အာ့နန်လည်း ခေါင်းခါလိုက်သည်။ "ကိစ္စမရှိပါဘူး"

သူမရဲ့ထမင်းစားကတ်ကို ကမ်းပေးလိုက်ပေမယ့် ဖေးခွမ်က တစ်ချက်ကြည့်လိုက်ပြီး မယူလိုက်ပေ။

"ဂျူနီယာညီမလေး အလျင်မလိုနေဘူးဆိုရင် ကိုယ်နဲ့ ခဏလောက် လိုက်ဝင်ပေးလို့ရမလား? ပြီးရင် မင်းကို ကတ်ပြန်ပေးပါ့မယ်" သူကဆိုလိုက်သည်။

စုန့်အာ့နန်ကလည်း ဒါက ကျိုးကြောင်းဆီလျော်တယ်လို့ ထင်သည်။ "ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်မမှာလည်း ဘာအစီအစဉ်မှ မရှိဘူး"

နှစ်ယောက်သား ကန်တင်းထဲ အတူတူဝင်လိုက်ကြသည်။ ဖေးခွမ်က ကန်တင်းရဲ့အထူးတလည်ဟင်းလျာဖြစ်တဲ့ ယွမ်၂၀တန် မွှေကြော်ဟင်းလျာနဲ့ ထမင်းတစ်ပန်းကန်လုံးကို မှာလိုက်သည်။

စုန့်အာ့နန်အတွက် တစ်ယောက်ယောက်ကို ထမင်းဝယ်ကျွေးဖို့ဆို ဒါက အရမ်းနည်းလွန်းတယ်လို့ ထင်မိတဲ့အတွက် သူ့ကိုတခြားဟာတွေလည်း ထပ်ပြီးမှာခိုင်းလိုက်သေးသည်။

သို့ပေမယ့် ဖေးခွမ်ကတော့ လောက်ပြီလို့အခိုင်အမာဆိုသည်။ သူကဒီဆိုင်ရဲ့ အစားအသောက်ကိုဘဲ စားချင်နေတာဖြစ်ပြီး အခြားဘာကိုမှ စားချင်စိတ်မရှိဘူးလို့ဆိုသည်။

စုန့်အာ့နန်မှာ ဘာပြောရမှန်းမသိဖြစ်သွားရသည်။

သူမရဲ့ တုံ့ပြန်မှုကို မြင်တော့ ဖေးခွမ်က ပြောလိုက်သည်။ "ဒါဆိုရင်ရော ဘယ်လိုလဲ? ကန်တင်းတတိယထပ်မှာ တော်တော်ကောင်းတဲ့ နို့လက်ဖက်ရည်ဆိုင်တစ်ဆိုင် ရှိတာ ကိုယ်မှတ်မိတယ်။ ပြီးမှ အဲဒီကို သွားပြီး မင်းကကိုယ့်ကို နို့လက်ဖက်ရည်တစ်ခွက် ဝယ်တိုက်ပေါ့"

သေချာပေါက်ကို စုန့်အာ့နန်က ငြင်းမှာ မဟုတ်ပေ။ သူ့ကို ဒီလောက်နည်းနည်းလေးပဲ ကျွေးရတာကြောင့် သူမအဆင်မပြေဖြစ်ကာ စိုးရိမ်နေတာဖြစ်သည်။

နို့လက်ဖက်ရည်ကို ထပ်ထည့်လိုက်တာက ဘာမှမရှိတာထက် ပိုကောင်းသေးသည်။

ကန်တင်းတတိယအထပ်မှာ တခြား အထူးသီးသန့်မုန့်ဆိုင်တွေလည်း ရှိတာကို သူမ သတိရလိုက်သည်။ ခဏနေကျမှ တစ်ခုခုဝယ်လို့ရတာများရှိမလားဆိုပြီး လိုက်ပတ်ကြည့်ဖို့ သူ့ကိုခေါ်သွားရမည်။

ဒီတော့ ဖေးခွမ်စားပြီးသွားတာနဲ့ စုန့်အာ့နန်လည်း သူနဲ့အတူ ကန်တင်းထဲ လိုက်ပတ်ဖို့လုပ်လိုက်သည်။

သူမ ညစာစားထားတာ မကြာသေးပေမယ့် သူစားတာကို ဒီတိုင်းထိုင်ကြည့်နေတာက နည်းနည်း အဆင်မပြေဖြစ်တာကြောင့် ကန်တင်းကနေ ဆန်ပြုတ်တစ်ပန်းကန်ကို ကိုယ်တိုင်သွားဝယ်လိုက်သည်။

နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ကာ အတူတူစားကြသည်။

ဒါပေမယ့် တိတ်တိတ်ဆိတ်ဆိတ်လည်း စားလို့မရပါချေ။ အဆင်မပြေမဖြစ်အောင် စကားစမြည်ပြောဖို့လည်းလိုသေးသည်။

"စီနီယာအစ်ကိုဖေးက စီနီယာအစ်မကျန်းဟန်နဲ့ အရမ်းရင်းနှီးတာလား?" စုန့်အာ့နန်က အသေးအမွှားအကြောင်းအရာကနေစပြောလိုက်သည်။

ဖေးခွမ်က ခေါင်းအသာခါလိုက်သည်။ "အဲ့လောက်လည်း သိပ်မရင်းနှီးဘူး"

စုန့်အာ့နန်က 'အာ' လို့အသံကို ပြုလိုက်ပြီး သူ အဲ့ဒီလိုတုံ့ပြန်လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားပါချေ။

မရင်းနှီးဘူဆိုပြီး သူ့မွေးနေ့ကျသွားတယ်လား?!

ဒီအတွေးကိုတော့ သူမ ထုတ်မပြောပေမယ့် သူမရဲ့ မျက်နှာအမူအရာကတော့ အားလုံးကို ပြောပြနေသည်။

ဖေးခွမ်က ပြုံးကာ ရှင်းပြလိုက်သည်။ "အဲ့ဒါက အနားကပ်မှ သွားဖို့ဆုံးဖြတ်လိုက်တာလေ"

အနားကပ်မှ‌ ဆုံးဖြတ်လိုက်တာလား?

အဲဒါက ပိုလို့တောင် နားလည်စရာမကောင်းပေမယ့် စုန့်အာ့နန်ကတော့ ထပ်ပြီး မေးဖို့မသင့်တော်ဘူးလို့ ခံစားရတာကြောင့် ရီရီမောမောနဲ့ တုံ့ပြန်လိုက်သည်။ "အိုး၊ ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ"

ဖေးခွမ်က သူမကို ကြည့်လိုက်ပြီး အံ့သြသွားပုံပေါ်ကာမေးလိုက်သည်။ "ဘာ တိုက်ဆိုင်တာလဲ?"

စုန့်အာ့နန် မျက်တောင်ခတ်လိုက်သည်။

ဘာတိုက်ဆိုင်တာလဲဆိုတာ သူမလည်း မသိပေ။ သူမလည်း ဒီတိုင်းကြုံရာပြောလိုက်တာဖြစ်သည်။

"ဘာမှမဟုတ်ပါဘူး၊ အဲဒီနေ့က ကျွန်မတို့ အချင်းချင်းတွေ့တာ တိုက်ဆိုင်တာလို့ ခံစားရလို့ပါ" စုန့်အာ့နန်က ရယ်ရယ်မောမောနဲ့ ပြောလိုက်သည်။

ဖေးခွမ်က တည်တည်ငြိမ်ငြိမ်နဲ့ထောက်ခံသလို အသံပြုကာ သူ့နှုတ်ခမ်းက အသာလေး လှုပ်ရှားသွားသည်။

"တကယ်တော့ တိုက်ဆိုင်တာ မဟုတ်ဘူး - အဲဒီနေ့က မင်းရှိနေမယ်ဆိုတာ ကိုယ် သိထားတယ်!"

All Chapters