( extra 15)
Vol. 13 Ch. 174
ဒီဒရာမာကို ရိုက်ကူးခဲ့တာ လေးလပြည့်သွားပြီဖြစ်ကာ အဖွဲ့သားအားလုံး ရင်ခုန်စွာနဲ့ ရိုက်ကူးခဲ့ကြတာဖြစ်သည်။ ပြီးသွားတဲ့အခါ အဖွဲ့သားအားလုံး ဝမ်းသာပီတိဖြစ်ရသည်။
အဖွဲ့သားတွေက သူတို့ဟိုတယ်ရဲ့ ပထမထပ်က စားသောက်ဆိုင်မှာ ရိုက်ကူးရေးပြီးတဲ့အနေနဲ့ ညစာစားပွဲကို အထူးတလည် ပြင်ဆင်ထားကြသည်။
အခမ်းအနားတွင် သရုပ်ဆောင်တွေက ဒါရိုက်တာ၊ ထုတ်လုပ်သူတွေနဲ့အတူ စားပွဲတစ်ဝိုင်းမှာ ထိုင်ကြသည်။ ကျိုးဝေ့က စုန့်လင်းချွမ်ဘေးမှာထိုင်နေသည်။
လေးလကြာ လက်တွဲလုပ်ကိုင်ပြီးတဲ့နောက် နှစ်ယောက်သား ရင်းနှီးလာခဲ့ကြသည်။
ဒါရိုက်တာချန်က သရုပ်တောင်အားလုံးကို ချီးကျူးစကားပြောခဲ့ပြီး အထူးသဖြင့် စုန့်လင်းချွမ်နဲ့ ကျိုးဝေ့တို့ကို ချီးကျူးခဲ့သည်။
စုန့်လင်းချွမ်ဟာ ဒါရိုက်တာချန်ကို ဒီဒရမ်မာမှာ သူ့ရဲ့သရုပ်ဆောင်မှုနဲ့အတူ အံ့အားသင့်အောင်လုပ်ခဲ့တယ်ဆိုတာ ငြင်းစရာမရှိပေ။ ဒီဇာတ်ရုပ်ကို မရိုက်ခင်ကတည်းက ဒါရိုက်တာချီရဲ့ဇာတ်ကားတစ်ကားမှာ သူရိုက်ထားတာကြောင့် သူ့ရဲ့သရုပ်ဆောင်မှုစွမ်းရည်က သိသိသာသာ တိုးတက်လာသည်။
ဒါရိုက်တာချန်က ဒီဒရာမာထုတ်လွှင့်တဲ့အခါ အားလုံးက စုန့်လင်းချွမ်ရဲ့ သရုပ်ဆောင်မှုကို အံ့အားသင့်စေလိမ့်မယ်လို့ ယုံကြည်ခဲ့သည်။
ကျိုးဝေ့ကိုတော့ ဒါရိုက်တာချန်က သူမကို ရိုးရိုးရှင်းရှင်း သဘောကျသည်။
ဒီနယ်ပယ်မှာ အရမ်းအခြေခံကျပြီး သူမရဲ့သရုပ်ဆောင်မှုကိုဘဲ အာရုံစိုက်တဲ့ အနုပညာရှင်တစ်ဦးကို ရှာတွေ့ရန်မှာ ရှားပါးလှသည်။
ညစာစားပွဲမှာ အားလုံးက နည်းနည်းပါးပါးသောက်ထားကြတော့ တက်ကြွနေကြသည်။
အဖွဲ့သားတွေနဲ့ လေးလကြာလက်တွဲလုပ်တောင်ခဲ့တာကြောင့် သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ ထုတ်လုပ်သူတွေ အားလုံးနဲ့လည်း အတော်လေးကို ရင်းနှီးလာကြသည်။ ကနဦးကလို ကန့်သတ်ချုပ်ချယ်မှုတွေ မရှိဘဲ လွတ်လွတ်လပ်လပ် ရယ်မောကြသည်။
ထုတ်လုပ်သူ အစ်မကျန်းက စုန့်လင်းချွမ်နဲ့ကျိုးဝေ့တို့ အတူတူထိုင်နေတဲ့ပုံကို ကြည့်ကာ သူတို့တွေက ပိုပြီးတော့လိုက်ဖက်တယ်လို့ထင်မိသည်။
သူတို့နှစ်ယောက်လုံးဟာ မြင်မြင်ချင်း အသက်ရှူမှားလောက်တဲ့ ရင်သပ်ရှုမောဖွယ်ရာ အလှလေးတွေဖြစ်သည်။ အဲ့ဒီဝိုင်းပချောမောကြည့်ကောင်းတဲ့ အမျိုးသားတွေနဲ့ ချောမောလှပတဲ့ အမျိုးသမီးတွေကြားမှာ သူတို့နှစ်ယောက်ကတော့ မျက်စိအဖမ်းစားဆုံးပင်။
သူတို့တွေ အထက်တန်းတုန်းက ဘယ်လိုမျိုးအတန်းဖော်တွေဖြစ်ခဲ့လဲဆိုတာ တွေးမိတော့ ဒီလိုမျိုး ရုပ်ရည်ချောမောတဲ့ ကျောင်းသားတွေ ကျောင်းမှာရှိတာက ကံကောင်းခြင်းတစ်မျိုးဖြစ်တဲ့အတွက် သူမ မနေနိုင်ဘဲ သက်ပြင်းချမိသည်။
"လင်းချွမ်၊ ဝေ့ဝေ့၊ အမှန်အတိုင်းပြောပြ၊ မင်းတို့နှစ်ယောက်က တကယ်ပဲ အထက်တန်းတုန်းက ဒီတိုင်းကျောင်းနေဖက်တွေလား?" အစ်ကျန်းက သူတို့ကိုစနောက်သလိုမေးလိုက်သည်။
ဒါကိုကြားတော့ စားပွဲဝိုင်းက တခြားလူတွေလည်း ဝိုင်းအော်ဟစ်လာကြသည်။
" အတန်းဖော်တွေထက် ပိုမယ်ဆိုတာ သေချာပေါက်ပဲ။ သူတို့ရဲ့ ရုပ်ရည်အရဆို သူတို့ကျောင်းရဲ့ ကင်းနဲ့ကွင်းတွေဘဲ ဖြစ်ရမယ်။ ငါတို့အားလုံး သိကြတဲ့အတိုင်း၊ ကျောင်းအလှလေးနဲ့ ကျောင်းမြက်လေးပေါ့!"
"ဟုတ်တယ်! အရင်က မဟုတ်ခဲ့ရင်တောင် အခုတော့ဟုတ်နိုင်သေးတယ်။ သိပ်နောက်မကျသေးဘူး၊ နောက်မကျသေးဘူး...."
လူတိုင်းဆီက စနောက်ခံလိုက်ရတော့ စုန့်လင်းချွမ်တစ်ယောက် အကြည့်တွေကို သူ့အရှေ့ကဝိုက်ခွက်ဆီပို့လိုက်ကာ သူနှုတ်ခမ်းထောင့်တွေကလည်း ခပ်သာသာလေးကွေးညွတ်သွားသည်။
သူ့ကိုကြည့်ရတာ တော်တော်စိတ်သဘောကောင်းနေတဲ့ပုံပင်။
တစ်ဖက်မှာ ကျိုးဝေ့ကတော့ ကူကယ်ရာမဲ့စွာနဲ့ပြောလိုက်သည်။ "အားလုံး အဲဒီလိုမစကြပါနဲ့၊ ဒါကကောလဟာလတွေ ဘယ်လိုမျိုး စလာလဲဆိုတာပဲ"
ဒါကိုကြားတော့ အားလုံးက ရယ်ကြပြန်သည်။
သူမ ပြောတာမှန်သည်၊ သူတို့စနောက်နေတာတွေက အတင်းအဖျင်း ဝဘ်ဆိုဒ်တွေရဲ့ နားထဲကိုသာ ရောက်သွားရင် ချက်ချင်းဆိုသလို hot searchတွေထဲပေါက်ကွဲထွက်လာလိမ့်မည်ပင်။
လူတိုင်းမှာ ကောင်းကောင်းဝေဖန်ပိုင်းခြားနိုင်တာကြောင့် ကျိုးဝေ့စကားနောက်ကွယ်က သက်ရောက်မှုကို ခံစားနိုင်ကြသည်။ ဒါကြောင့် သူတို့ အကြောင်းအရာကိုပြောင်းလိုက်ကြသည်။
ညစာစားပွဲက ဆုတောင်းပေးတာနဲ့ စကားစမြည်ပြောဆိုရာကနေ ပြန်လည်အသက်ဝင်လာသည်။ မကြာခင်မှာဘဲ လူတိုင်းရဲ့အာရုံတွေက သူတို့နှစ်ယောက်ဆီကနေ ပြောင်းသွားကြသည်။
စုန့်လင်းချွမ်က သူ့ခွက်ထဲရှိ ဝိုင်နီကိုတစ်ငုံသောက်လိုက်သည်။ သူက ကျိုးဝေ့ဘက်စောင်းပြီး မေးလိုက်သည်။ "မင်း S City ကို ပြန်မှာလား?"
ကျိုးဝေ့လည်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ငါ့မိသားစုနဲ့ ခဏလောက် အနားယူဖို့ အခွင့်အရေးကောင်းဘဲ"
နောက်တော့ သူမလည်း ပြန်မေးလိုက်သည်။ "နင်ရော ဘယ်လိုလဲ? ဒါပြီးရင် ဘာအစီအစဉ်ရှိလဲ?"
တွေးကြည့်စရာတောင်မလိုဘဲ သူ့ရဲ့ အချိန်ဇယားတွေ ပြည့်ကျပ်နေမယ်ဆိုတာ သူမ သိသည်။ အချိန်အတော်ကြာအောင် အဆက်မပြတ် ရိုက်ကူးခဲ့ပြီးတဲ့နောက်မှာ သူအလုပ်တွေ အများကြီး ရွှေ့ဆိုင်းခဲ့ရလောက်သည်။
စုန့်လင်းချွမ်က ပြန်ဖြေလာသည်။ "ငါရောပဲ"
ကျိုးဝေ့ နည်းနည်းနားမလည်ဖြစ်သွားသည်။ "ဟင်?"
ငါရောပဲ? သူ ဘာကို ဆိုလိုတာလဲ?
စုန့်လင်းချွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။ "ငါလည်း ငါ့မိဘတွေနဲ့တွေ့ဖို့ S City ကိုခဏပြန်မလို့လေ"
ကျိုးဝေ့က သဘောပေါက်သွားကာ “အိုး”လို့ဆိုလာသည်။
စုန့်လင်းချွမ်က ထပ်မေးလာပြန်သည်။ "မင်းဘယ်အချိန်ပြန်မှာလဲ?"
ကျိုးဝေ့က သိပ်စဉ်းစားမနေဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒီနေ့ နေ့ခင်းပိုင်းလောက်ထင်တာပဲ၊ နင်ရော ဘယ်အချိန်ထွက်မှာလဲ?"
စုန့်လင်းချွမ်က အသာခေါင်းညိတ်လိုက်သည်။ "အဲဒါဆို အဆင်ပြေပြီ၊ ငါတို့ ဒီနေ့ခင်းအတူတူသွားလို့ရတာပေါ့"
ကျိုးဝေ့ မျက်တောင်ခတ်လိုက်သည်။ အတူတူလား?
စုန့်လင်းချွမ်က ပြောလာသည်။ "ငါ့ ဒရိုင်ဘာက ငါ့အေးဂျင့်ကို လေဆိပ်ဆီခေါ်သွားတယ်။ ငါ မင်းနဲ့အတူလိုက်စီးလို့ရရင် အဆင်ပြေသွားပြီ"
ကျိုးဝေ့ကတော့ အဲဒါကိုအဆင်ပြေတယ်လို့ မထင်ပေ။ ဘာပဲဖြစ်ဖြစ် အကုန်လုံးက တစ်လမ်းထဲပဲလေ။
သူတို့ရဲ့ ရိုက်ကူးရေးနေရာက S City နဲ့ သိပ်မဝေးပေ။ ကားနဲ့ဆို နှစ်နာရီပဲ မောင်းရတာမို့ အရမ်းအဆင်ပြေသည်။
ကျိုးဝေ့ကတော့ ရုတ်တရက်ကြီး ကားကြုံလိုက်စီးချင်သွားရတဲ့ စုန့်လင်းချွမ်အကြောင်းကိုသိပ်ပြီး မစဉ်းစားမိလိုက်ပေ။
ပြီးခဲ့တဲ့လတွေတုန်းက အတူတူလုပ်ကိုင်ခဲ့ရတာကြောင့် သူမတို့ဆက်ဆံရေးက တော်တော်လေး ကောင်းခဲ့သည်။ တခါတရံ ရိုက်ကူးရေးပြီးသွားလို့ သွားမယ့်နေရာကတူတူဘဲဆိုရင် သူတို့ကားတစ်စီးကို မျှစီးတတ်ကြသည်။
သာမာန်သူငယ်ချင်းတွေ လိုပါပဲ။
သံသယတွေကို တမင်ရှောင်နေဖို့ မလိုသလို လွန်လွန်ကဲကဲလည်း ရင်းနှီးမနေပါချေ။ အရာအားလုံးက ပုံမှန်အတိုင်းဖြစ်သည်။
ပွဲအပြီးမှာတော့ စုန့်လင်းချွမ်တစ်ယောက် စကားစမြည်ပြောဖို့ ဒါရိုက်တာချန်ဆီကနေ ဆွဲထားခံလိုက်ရသည်။
သူတို့စားသောက်ဆိုင်ကနေ ထွက်လာတဲ့အခါ တခြားဧည့်သည်တွေတောင် ပြန်သွားကြပြီဖြစ်သည်။
နှစ်ယောက်သား ဟိုတယ်လော်ဘီကို ဖြတ်လာတဲ့အချိန် ခပ်လှမ်းလှမ်းက ဓာတ်လှေကားနားမှာ ရင်းနှီးနေတဲ့ပုံရိပ်ကို တွေ့လိုက်ရသည်။ ကျိုးဝေ့ပဲဖြစ်သည်။
ဒါ့အပြင် သူမကယောက်ျားတစ်ယောက်ရဲ့ လက်ကိုအရမ်းရင်းရင်းနှီးနှီးချိတ်ထားကာ ရယ်မောရင်းစကားစမြည်ပြောနေကြသည်။
အဲ့ဒီလူရဲ့မျက်နှာကိုမြင်လိုက်ရတော့ စုန့်လင်းချွမ်ရဲ့ခြေလှမ်းတွေ တုံ့ဆိုင်းသွားသည်။
သူပဲ!
ဒါရိုက်တာချန်က ရယ်ကာပြောလာသည်။ " ရှောင်ကျိုး မှာ ရည်းစားရှိတယ်ဆိုတာ ငါ မသိလိုက်ဘူး၊ သူက အရမ်းလျှို့ဝှက်တာပဲ"
စုန့်လင်းချွမ်ကတော့ ဘာမှမပြောဘဲ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည်။
ဓာတ်လှေကားတံခါးပွင့်လာတော့ နှစ်ယောက်သား ဝင်သွားကြသည်။ စုန့်လင်းချွမ်နဲ့ ဒါရိုက်တာချန် တို့ကတော့ အလျင်စလိုမလုပ်ဘဲ နောက်ဓာတ်လှေကားကိုပဲ ရွေးဖို့ ရွေးချယ်လိုက်ကြသည်။
စုန့်လင်းချွမ် ဟိုတယ်ခန်းကိုပြန်ရောက်လာတော့ သူဘာတွေတွေးနေမှန်း မသိနိုင်စွာနဲ့ ဆိုဖာပေါ်မှာထိုင်နေသည်။
ကျန်းဟန်က ရောက်လာပြီး မေးလိုက်သည်။ "ဘာဖြစ်တာလဲ? မင်းနဲ့ ဒါရိုက်တာချန်တို့ ဘာတွေပြောနေကြတာလဲ?"
စုန့်လင်းချွမ်က သူ့ကို မော့ကြည့်လိုက်ပြီး ပုံမှန်ထက် သိသိသာသာ တုံ့ပြန်မှု နှေးကွေးနေသည်။ "ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲ စကားပြောဖြစ်တာ"
ကျန်းဟန်ကတော့ သူ့ရဲ့ပုံမှန်မဟုတ်တဲ့ အပြုအမူကို သဘာဝအလျောက် သတိပြုမိပြီး ဘာဖြစ်နေတာလဲလို့မေးတော့မယ့်အချိန် တံခါးခေါက်သံကြားလိုက်ရသည်။
သူတံခါးသွားဖွင့်လိုက်တော့ ကျိုးဝေ့ရဲ့မန်နေဂျာ ကျန်းချုံကို တွေ့လိုက်ရသည်။
"မစ္စစုန့်၊ တောင်းပန်ပါတယ်။ ကျိုးဝေ့က သူ့မိသားစု သူ့ကို လာကြိုလို့ အရင်သွားလိုက်တော့မယ်ဆိုတဲ့အကြောင်း လာပြောခိုင်းတာပါ" ကျန်းချုံက တံခါးဝမှာရပ်ကာ အထဲက စုန့်လင်းချွမ်ကို ပြောလိုက်သည်။
"ဒါပေမယ့် ကျိုးဝေ့ကို သူ့မိသားစုကားနဲ့ လာကြိုတဲ့အတွက် ကျွန်မတို့ကားက အားနေတယ် ရှင်တို့ကို ငှားပေးလို့ရပါတယ်"
မိသားစု?
စုန့်လင်းချွမ်မှာ မနေနိုင်ဘဲ တစ်စက္ကန့်လောက် တိတ်သွားပြီးမှ "မလိုပါဘူး၊ခုနလေးကတင် ကျွန်တော့်ခရီးစဉ် ပြောင်းသွားလို့ B City ကိုပဲ တန်းပြန်တော့မလို့"
ကျန်းချုံလည်း သိပ်ပြီးမစဉ်းစားဘဲ မကြာခင်မှာပဲ ထွက်သွားခဲ့တယ်။ ၀ယ်တယ်။
တံခါးပိတ်ပြီးသွားတော့ ကျန်းဟန်တစ်ယောက် နည်းနည်းနားမလည်ဖြစ်သွားသည်။
ဘယ်တုန်းက သူတို့ S Cityကို ပြန်မယ်လို့ ပြောထားလို့လဲ?
B City ကိုပဲပြန်သင့်တာ မဟုတ်ဘူးလား? လေယာဉ်လက်မှတ်တွေလည်း ကြိုမှာထားပြီးသားလေ။
ဒါပေမယ့် ကျန်းဟန်က မတုံးပါချေ။ ကျန်းချုံရဲ့ စကားတွေကို ခဏလောက် တွေးကြည့်ပြီးတဲ့နောက်မှာတော့ ဘာတွေဖြစ်နေလဲဆိုတာ သူ ခန့်မှန်းမိလိုက်သည်။
ကျိုးဝေ့ S City ကို ပြန်မယ်ဆိုတာ စုန့်လင်းချွမ် ကြားခဲ့တာဖြစ်မည်။ ဒါကြောင့် သူလည်းပြန်မယ်လို့ပြောတာဖြစ်မည်။ သူ့ရည်ရွယ်ချက်ကတော့ သူမတို့နဲ့အတူကားကြုံစီးဖို့ဖြစ်သည်။
ဒါပေမယ့် မထင်မှတ်ဘဲ ကျိုးဝေ့ရဲ့ မိသားစုက သူမကို လမ်းတစ်ဝက်မှာ လာခေါ်သွားတဲ့အတွက် သူ့အစီအစဉ်လည်း ပျက်သွားရတော့သည်။
ကိစ္စအဝဝကို အဖြေရှာပြီးတဲ့နောက် ကျန်းဟန်တစ်ယောက် စုန့်လင်းချွမ်ကို စကားနည်းနည်းလောက်နဲ့ လှောင်ပြောင်ဖို့ လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့မျက်နှာမည်းကြီးနဲ့ တွေ့လိုက်ရသည်။
သူ့လျှာဖျားမှာရှိနေတဲ့ စကားလုံးတွေကို ပြန်မျိုချလိုက်ရသည်။
သူ့ကို မဆွတာက ပိုကောင်းလိမ့်မယ်။
စုန့်လင်းချွမ်တစ်ယောက် အဲ့ဒါကိုခဏနေကျရင် မေ့ပစ်လိုက်မယ်လို့ ကျန်းဟန် အစက ထင်ခဲ့တာဖြစ်သည်။ ဘာပဲဖြစ်ဖြစ်၊ ဒါက အလှည့်အပြောင်း သေးသေးလေးနဲ့ မအောင်မြင်လိုက်တဲ့ ကြိုးစားမှုတစ်ခုသာဖြစ်ကာ ကြီးကြီးမားမားလည်း မဟုတ်ပါချေ။
သို့ပေမယ့် မထင်မှတ်ထားစွာနဲ့ သူ့ရဲ့ဆိုးရွားနေတဲ့စိတ်အခြေအနေက လုံးဝ ပျောက်ကွယ်သွားပုံမပေါ်တဲ့အတွက် ကျန်းဟန်မှာ အရမ်းကိုနားမလည်ဖြစ်သွားရသည်။
သူတို့ထွက်လာတဲ့အချိန် ဟိုတယ်လော်ဘီမှာ ကျိုးဝေ့နဲ့ဆုံမှ ဘာတွေဖြစ်နေလဲဆိုတာ ကျန်းဟန် ရုတ်တရက် သိလိုက်ရသည်။
ကျိုးဝေ့က check out လုပ်ဖို့ ဟိုတယ်ရှေ့ ကောင်တာကို လာတာဖြစ်သည်။ သူမ ဟိုတယ်ခန်းထဲမှာ တစ်ခုခုကျန်ခဲ့တာကို ရုတ်တရက် သတိရသွားတာကြောင့် သူမလက်ထောက်သွားယူနေတုန်းမှာ သူမတို့က ဒီမှာစောင့်နေတာဖြစ်သည်။
အဲ့ဒီအချိန်၊ စုန့်လင်းချွမ်နဲ့ သူ့အဖွဲ့က အပေါ်ထပ်ကနေဆင်းလာတော့ ဟိုတယ်လော်ဘီမှာ ဆုံသွားကြသည်။
ကျန်းဟန်က ကျိုးဝေ့နဲ့ သူမရဲ့အဖော်တွေကို နှုတ်ဆက်လိုက်သည်။
တစ်ဖက်မှာ စုန့်လင်းချွမ်ကတော့ သူတို့ထွက်သွားတဲ့အချိန်ထိ စကားတစ်ခွန်းမှ မပြောဘဲ တစ်ချိန်လုံး ချဉ်တူးနေတဲ့ မျက်နှာထားဖြင့် ရှိနေသည်။
ထွက်သွားတဲ့ သူတို့နောက်ကျောတွေကို ကြည့်ကာ ရှုချင် မျက်မှောင်နည်းနည်းကြုတ်သွားပြီး ကျိုးဝေ့ဘက်ကိုလှည့်ကာ "ဝေ့ဝေ့၊ သူ..."
ကျိုးဝေ့က သူ့ကို ခေါင်းခါပြလိုက်သည်။
ရှုချင်က အင်းလို့ ခပ်တိုးတိုးဆိုလိုက်ပြီး ဆက်မပြောတော့ပေ။
စုန့်လင်းချွမ် ဘက်မှာတော့ ကားပေါ်တက်ပြီးတဲ့နောက်မှာ ကျန်းဟန်တစ်ယောက် နည်းနည်းကြာမှ ဘာဖြစ်နေလဲဆိုတာကို ရုတ်တရက် သိလိုက်ရသည်။
ကျိုးဝေ့ဘေးမှာရပ်နေတဲ့ လူရွယ်က ကျန်းချုံပြောသလိုမျိုး "မိသားစုဝင်" ဆိုတာလောက်တော့ မရိုးရှင်းလောက်ပေ။
အနုပညာရှင်တွေရဲ့ ဆက်ဆံရေး ပေါက်ကြားတာကနေ ကာကွယ်ဖို့အတွက် သူတို့ရဲ့ ရည်းစားကောင်လေး ဒါမှဟုတ် ရည်းစားကောင်မလေးတွေကို ဝန်ထမ်းအဖွဲ့ဝင်တွေ ဒါမှမဟုတ် မိသားစုဝင်တွေအဖြစ်သာ မကြာခဏ မိတ်ဆက်ပေးလေ့ရှိကြောင်း ကျန်းဟန်သိသည်။
ဒါကြောင့် အဲ့ဒီလူက ကျိုးဝေ့ရဲ့ ချစ်သူဖြစ်နိုင်ချေရှိသည်။
စုန့်လင်းချွမ်ရဲ့ အစောပိုင်း တုံ့ပြန်မှုကို သုံးသပ်ကြည့်ရလျှင် ဒီလူကို သူလည်းသိနေလောက်သည်။
ကျန်းဟန် စိတ်ထဲမှာ မြင်ကွင်းတစ်ခုကို ချက်ချင်းပုံဖော်လိုက်သည် - အဲ့ဒီလူက စုန့်လင်းချွမ်၊ ကျိုးဝေ့တို့နဲ့ရွယ်တူလောက်ပဲ။
ဒါဆိုစုန့်လင်းချွမ် ကျိုးဝေ့ကို အဲဒီတုန်းက မလိုက်နိုင်ခဲ့တာ သူ့ကြောင့်များလား?
ဒါ့အပြင် လက်ရှိအခြေအနေအရဆို ကျိုးဝေ့နဲ့ အဲ့ဒီလူက တွဲနေသေးတာ ဒါမှမဟုတ် လမ်းခွဲပြီးမှပြန်တွဲကြတာလည်းဖြစ်နိုင်သည်။
သေစမ်း!
ကျန်းဟန်မှာ ရုတ်တရက်ကြီး စုန့်လင်းချွမ်အတွက် စိတ်မကောင်းသလို ခံစားလိုက်ရသည် - ကြည့်ရတာ သူ့မှာ တစ်ဖက်သတ်အချစ် ဇာတ်ညွှန်းရထားတဲ့ပုံပဲ။
ကားပေါ်တက်ပြီးတာနဲ့ စုန့်လင်းချွမ်က အနောက်မှာထိုင်ကာ မျက်လုံးတွေကို မှိတ်ထားပြီး အိပ်ဟန်ဆောင်နေသည်။
သို့ပေမယ့် ဒီအခိုက်အတန့်မှာ သူ့ခံစားချက်တွေက အပြင်ဘက်မှာ ပေါ်နေသလိုမျိုး သိသိသာသာကိုတည်ငြိမ်မနေပေ။
စောစောတုန်းက ကျိုးဝေ့နဲ့ ရှုချင်တို့ အတူတူရပ်နေကြတဲ့ပုံကို ပြန်တွေးကြည့်မိတဲ့အခါ သူ့အတွေးတွေက လွန်ခဲ့တဲ့ ခုနစ်နှစ် ကျိုးဝေ့ကို သူ ဖွင့်ပြောတဲ့နေ့ဆီ ပြန်ရောက်သွားသည်။
ကျိုးဝေ့က အဲ့ဒီလူလက်ကိုချိတ်ထားရင်း သူ့ကို ငြင်းပယ်ခဲ့ကာ သူမရဲ့ နှလုံးသားက တခြားတစ်ယောက်နဲ့ပဲ သက်ဆိုင်တယ်လို့ ပြောခဲ့သည်။
ဒီနေ့ရှုချင်ကို ပြန်တွေ့လိုက်ရတော့ စုန့်လင်းချွမ်နည်းနည်း မင်သက်သွားမိသည် - သူ တကယ်ပဲ သူနဲ့ထပ်တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားပေ။
လမ်းမကြီးရဲ့ တစ်ဖက်မှာတော့ ရှုချင်က ကားမောင်းနေတုန်း ကျိုးဝေ့က ခရီးသည်ထိုင်ခုံမှာ မိန်းမောစွာနဲ့ထိုင်နေသည်။
ခုနတုန်းက စုန့်လင်းချွမ်ရဲ့ပုံစံကို ပြန်တွေးကြည့်မိရင် သူမနှလုံးသားကို အပ်နဲ့ဆွနေသလိုခံစားလိုက်ရသည်။
ဒီနေ့ ရှုချင်ရုတ်တရက် ပေါ်လာချိန်မှာ ကျိုးဝေ့ရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ စုန့်လင်းချွမ်နဲ့ မဆုံစေချင်တာပင်။
တခြားဘာမှတော့မရှိပါချေ၊ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က အဖြစ်အပျက်တွေက အတိတ်တွေဖြစ်သလို စုန့်လင်းချွမ်ကို အဲ့ဒီရှက်စရာကောင်းတဲ့အတိတ်ကို မမှတ်မိစေချင်ပေ။
သို့ပေမယ့် မမျှော်လင့်ထားစွာနဲ့ အဆုံးမှာ သူတို့ဆုံသွားကြသေးသည်။
ပြန်ဆုံကတည်းက နှစ်ယောက်လုံး အတိတ်ကိုဖုံးကာပြောဖို့ ရှောင်ထားခဲ့တာဖြစ်သည်။
ရှုချင်က ကျိုးဝေ့ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး "ဝေ့ဝေ့၊ ငါတို့ ဆက်ဆံရေးကို မင်း သူ့ကို မရှင်းပြဘူးလား?"
သူတို့ရုပ်ရှင်အတူတူရိုက်ကြတယ်ဆိုတဲ့ သတင်းကို သူမြင်ခဲ့သည်။ အဲ့ဒီတုန်းက အကုန်လုံး ရှင်းလင်းသွားပြီလို့ သူထင်ခဲ့တာဖြစ်သည်။
ကျိုးဝေ့က ခေါင်းအသာခါလိုက်ပြီး "အတိတ်ကို ထပ်ပြီးပြောစရာ မလိုတော့ပါဘူး"
ရှုချင်ရဲ့ မျက်နှာပေါ်မှာ ကူကယ်ရာမဲ့တဲ့ အရိပ်အယောင်တွေပေါ်လာသည်။
စောစောက သူ့တွေ့ခဲ့တဲ့ စုန့်လင်းချွမ်ရဲ့ တုံ့ပြန်မှုကို သုံးသပ်ကြည့်ရင် ဒါက လုံးဝကို အတိတ်တွေဘဲလို့ သူမထင်ပါချေ။
"ဝေ့ဝေ့၊ အဲဒီတုန်းက ဆုံးဖြတ်ချက်အတွက် နောင်တရလား?" ရှုချင်က မေးလိုက်သည်။
ကျိုးဝေ့က ပြတင်းပေါက်ကိုကြည့်နေရာကနေ လှည့်ကြည့်လိုက်သည်။ "ဘာ နောင်တရစရာရှိလို့လဲ? အဲ့ဒီတုန်းက ငါ့မိသားစု အခြေအနေနဲ့ဆို ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး"
ရှုချင် တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
ကျိုးဝေ့က ရေရွတ်လိုက်သည်။ "အစ်ကို၊ အတိတ်ကို ထပ်မပြောနဲ့တော့။ သူနဲ့ ငါက အခု သာမန်သူငယ်ချင်းတွေပဲ၊ ဒီလောက်နဲ့တင် အဆင်ပြေတယ်"
သာမာန်သူငယ်ချင်းတွေ? သူမကိုယ်သူမ ယုံတယ်လား?
သိသိသာသာကို ခံစားချက်တွေ ရှိနေသေးတဲ့ တစ်စုံတစ်ယောက်နဲ့ သာမာန်သူငယ်ချင်းတွေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ရှုချင်အနေနဲ့ စုန့်လင်းချွမ်ရဲ့ခံစားချက်ကို အတိအကျ မသိသေးသော်လည်း ကျိုးဝေ့ကိုတော့ သူ့ရှင်းရှင်းလင်းလင်း နားလည်သည် - သူမရဲ့ရင်ထဲမှာ စုန့်လင်းချွမ် ရှိနေသေးတယ်
အတိအကျပြောရရင် သူမ သူ့အတွက် အဲ့ဒီနေရာမှာပဲ အမြဲရှိနေခဲ့တာဖြစ်သည်။
ရှုချင်က ကျိုးဝေ့ရဲ့ဝမ်းကွဲဖြစ်သည်။ သူတို့နှစ်ယောက်က အသက်မတိမ်းမယိမ်းဖြစ်ကာ အတူကြီးပြင်းလာခဲ့ကြတာဖြစ်သည်။
လွန်ခဲ့တဲ့ခုနစ်နှစ် ကျိုးဝေ့ရဲ့တောင်းဆိုချက်အရ စုန့်လင်းချွမ်ကို သူမငြင်းဖို့ သူကူညီပေးခဲ့သည်။ သို့ပေမယ့် ကျိုးဝေ့တစ်ယောက် စုန့်လင်းချွမ်ကို သဘောကျနေမှန်း ရှုချင်သိသည်။ အရင်က သူ့အကြောင်းကို သူမတစ်ကြိမ်ထက်မနည်း ပြောတာကို သူကြားဖူးသည်။
အဲ့ဒီတုန်းက ကျိုးဝေ့ရဲ့သဘောထားအရ အရင်ဖွင့်ပြောမယ့်သူက သူမ ဖြစ်လိမ့်မယ်လို့ ရှုချင်ထင်ခဲ့မိသည်။
ဒါပေမယ့် တစ်ခါတစ်လေမှာ မျှော်မှန်းထားတာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်လာတတ်သည် - စုန့်လင်းချွမ်ဘက်က အရင်ဖွင့်ပြောလာပေမယ့် ကျိုးဝေ့မှာ သူ့ကို ငြင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။
ရိုးရိုးသားသားပြောရရင် ရှုချင် အဲဒီတုန်းက သိပ်အလေးအနက် မထားခဲ့ပေ။ ကျိုးဝေ့ တစ်ယောက် စုန့်လင်းချွမ်ကို မကြာခင်မှာဘဲ မေ့သွားလိမ့်မယ်လို့ သူ ထင်ခဲ့သည်။
ဒါပေမယ့် ဒီနှစ်တွေအတွင်း သူမမှာ အချစ်ရေးတစ်ခုတစ်လေမှတောင် မရှိခဲ့ပါချေ။
သူမ အမြဲတမ်း ဖြူစင်ပြီး အချစ်ရေးမှာ စိတ်မဝင်စားတဲ့ အသွင်အပြင်ရှိသည်။ မသိတဲ့သူတွေကတော့ သူမကို အချစ်အကြောင်း မသိတဲ့သူလို့ ထင်ကောင်းထင်ကြလိမ့်မည်။ သူမက puppy love ထဲရောက်လုနီးပါး ဖြစ်ခဲ့တဲ့သူလို့ ဘယ်သူကများ ထင်ပါ့မလဲ?
S City ကို ပြန်ရောက်လာတော့ ကျိုးဝေ့လည်း သူမရဲ့မိသားစုနဲ့အတူ ညစာစားကာ ဧည့်ခန်းထဲတွင် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောကြသည်။
အချိန်အကြာကြီး ပြန်မလာခဲ့ရတဲ့အတွက် သတိမထားမိချိန်မှာ သူမတို့တွေ စကားအကြာကြီးပြောမိခဲ့ကြသည်။
ကျိုးဝေ့ အခန်းထဲပြန်ရောက်တော့ ည ၁၁ နာရီထိုးနေပြီဖြစ်သည်။
ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ရင်း သူမ WeChat ကိုဖွင့်ကာ စုန့်လင်းချွမ်ရဲ့အကောင့်ကို ရှာမတွေ့မချင်း အောက်ကိုဆွဲချလိုက်သည်။
ဒီနေ့ ရှုချင်ကို တွေ့လိုက်ရတဲ့အချိန် သူ့ရဲ့အမူအရာကို ပြန်တွေးမိတော့ ကျိုးဝေ့ မျက်လုံးတွေထဲမှာ မှုန်ဝါးဝါးအရိပ်အယောင်တွေ ဖြတ်ပြေးသွားသည်။
သူမသည် စာတစ်ကြောင်းကို တိတ်တဆိတ် ရိုက်လိုက်ပေမယ့် နောက်တစ်စက္ကန့်မှာဘဲ အားလုံးကို ဖျက်လိုက်ပြန်သည်။
ကျိုးဝေ့ ဖုန်းကို ဘေးဆီပစ်လိုက်ပြီး ကုတင်ပေါ် လေးလေးပင်ပင် လှဲချလိုက်ကာ မျက်နှာကျက်ကို ငေးကြည့်နေမိသည်။
ဘာမှမဖြစ်ပါဘူး၊ အရင်က သူပြောခဲ့သလိုဘဲ၊ အဲဒါတွေက အတိတ်မှာဖြစ်ခဲ့တာတွေမို့ ထပ်ပြီးမပြောကြရအောင်။
သာမာန်သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေရုံနဲ့တင် လုံလောက်သည်။
ရိုက်ကူးရေး ပြီးဆုံးသွားတဲ့နောက်၊ စုန့်လင်းချွမ်လည်း B City ကိုပြန်ရောက်လာကို အခြေခံအားဖြင့် အလုပ်တွေများနေခဲ့သည်။
ရိုက်ကူးရေးတွေကြောင့် ကြော်ငြာတွေနဲ့ မဂ္ဂဇင်းကာဗာတွေ ရိုက်ကူးဖို့ ရွှေ့ဆိုင်းခဲ့ရသည်။
မသိလိုက်ခင်မှာဘဲ မေလရောက်လာပြီး စုန့်လင်းချွမ်ရဲ့ ၂၅ နှစ်မြောက်မွေးနေ့ကို ရောက်လာသည်။
အဲ့ဒီနေ့မှာ ကျန်းဟန်က စားသောက်ဆိုင်ကို ကြိုတင်ဘိုကင်ယူထားပြီး သူ့အန်တီလေးစုန့်အာ့နန်နဲ့ ဖေးခွမ် တို့ကိုသာ ဖိတ်ခဲ့သည်။
ဒါပေမယ့် အမှတ်မထင်ဘဲ ဖေးခွမ်က လာခါနီးမှာ ကိစ္စတစ်ခုပေါ်လာတာကြောင့် မတတ်နိုင်ဘဲအဆုံးမှာ ဒီမွေးနေ့ကို သူ့အန်တီလေးနဲ့ပဲ ကျင်းပလိုက်ရသည်။
ညစာစားချိန်မှာ စုန့်လင်းချွမ်က ပုံမှန်ထက် အနည်းငယ်ပိုသောက်ပြီး ပြန်တဲ့အခါမှာတော့ သိသိသာသာကိုမူးနေခဲ့သည်။
ကျန်းဟန်က စုန့်လင်းချွမ်ကို ကူတွဲကာ ကားထဲပို့ပေးပြီးသွားတော့ စုန့်အာ့နန်က သူ့ကိုအနောက်ကနေ ပြန်ဆွဲထားသည်။
"အန်တီလေး ဘာကိစ္စရှိလို့လဲ မသိဘူး?" ကျန်းဟန်က မေးလိုက်သည်။
စုန့်အာ့နန်လည်း ကားပေါ်က စုန့်လင်းချွမ်ကိုကြည့်ကာ စိုးရိမ်စွာနဲ့ ပြောလာသည်။ "လင်းချွမ်ကိုကြည့်ရတာတစ်ခုခုကို စိတ်မပျော်နေတဲ့ပုံ မပေါ်ဘူးလား? သူသိပ်မပျော်နေတဲ့ပုံပဲ"
ကျန်းဟန် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူ မပျော်နေတာ မဆန်းပါဘူး။
ဟင်း!
သူ့အနုပညာရှင်က ကြေကွဲဖို့ကောင်းတဲ့ ဇာတ်ညွှန်းရထားတဲ့ပုံပဲ။
"ဘာမှမဟုတ်ပါဘူးအန်တီလေး။ သူအလုပ်ကဖိအားတွေများနေတာ ဖြစ်မယ်။ စိတ်မပူပါနဲ့၊ မကြာခင် သူပြန်ကောင်းလာမှာပါ"
စုန့်အာ့နန်က အိုး လို့ဆိုလိုက်ပြီး "ဒါဆို ကျေးဇူးပြုပြီး သူ့ကို ဂရုစိုက်ပေးပါဦး"
ကျန်းဟန်လည်း သဘာဝအလျောက် လေးလေးနက်နက် သဘောတူလိုက်သည်။
အခုချိန်မှာ စုန့်လင်းချွမ် မမူးသေးပေ။ အတိအကျပြောရရင် သူ့စိတ်က အရမ်းကို ရှင်းလင်းနေသေးသည်။
တကယ်တော့ သူ့အန်တီလေးနဲ့ ညစာစားတဲ့အခါဆို သူက မူးဖို့တောင်မပြောနဲ့ သောက်တောင်မသောက်ပေ။ ဒါပေမယ့် ဒီနေ့ကတော့ ခြွင်းချက်အနေနဲ့ သူ မတတ်နိုင်ပေ။
ညစာစားတုန်းက ကျိုးဝေ့ဆီကနေ 'ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ' ဆိုတဲ့ WeChat မက်ဆေ့ချ်ကို ရလိုက်တာကြောင့်ဖြစ်သည်။
အဲ့ဒီစာလေးတစ်ကြောင်းက ဝတ်ကျေတမ်းကျေနဲ့ ခပ်တန်းတန်းပုံပေါ်ကာ သူတို့ကြားမှာဖြစ်နိုင်ခြေမရှိဘူးဆိုတဲ့ မက်ဆေ့ချ်ကို ပေးနေပုံပေါ်သည်။
လုံးဝဘာဖြစ်နိုင်ချေမှမရှိဘူးဆိုတာ ပြောနိုင်သည်။ ဒါဟာ သူ့ဆန္ဒအတိုင်း အမြဲရှိနေခဲ့တာပင်။
အရင်တုန်းကရော အခုရောပေါ့။
အဲ့ဒီအကြောင်းကို စုန့်လင်းချွမ် ပိုတွေးလေအချိန် သူ့ရင်ထဲမှာ ပိုပြီးစူးစူးရှရှ ခံစားလာရလေလေပင်။ လက်မြှောက်ကာ ကားမှန်ကို ချလိုက်သည်။
ညလေပြင်းက တိုက်ခတ်လာကာ နောက်ဆုံးတော့ သူ့ရင်ဘတ်ထဲက ခံစားချက်တချို့ကို ချေမွှပစ်လိုက်သည်။
ကားက မကြာခင်မှာဘဲ သူတို့နေတဲ့ နေရာဆီရောက်လာသည်။ လမ်းဆုံတစ်ခုကို ဖြတ်သွားတဲ့အခါ၊ ရင်းနှီးတဲ့ပုံရိပ်တစ်ခုကို စုန့်လင်းချွမ် တစ်ချက်မြင်လိုက်ရသည်။
ဖေးခွမ်ပင်။
ပြီးတော့ သူနဲ့နီးနီးကပ်ကပ်ရှိနေတဲ့သူက စုန့်လင်းချွမ်လည်း သိနေတဲ့သူဖြစ်သည်။
သူကတော့ ဖေးခွမ်နဲ့ ငယ်ငယ်ကတည်းက အတူကြီးပြင်းလာတဲ့ သူအမြဲတမ်းသဘောကျခဲ့ရတဲ့ သူ့ငယ်ချစ်ဖြစ်ကြောင်း သူ့အန်တီလေးပြောခဲ့ဖူးသည်။
အဲ့ဒီတုန်းကဆို စုန့်လင်းချွမ် ရုတ်တရက် သူ့ကိုတောင်အားကျမိခဲ့သေးသည်။
ကိုယ်သဘောကျနေတဲ့သူက ကိုယ့်ကိုလည်း သဘောကျနေတယ်၊ ဒါက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးအရာပဲ။
ဘာပဲဖြစ်ဖြစ်၊ လူအများစုအတွက်တော့ အချည်းအနှီးပင်။
သူ့လိုပေါ့။