(extra 16)
Vol. 13 Ch. 175
အချိန်အတော်ကြာပြီးတဲ့နောက်၊ ကျိုးဝေ့နဲ့ စုန့်လင်းချွမ်မှာ နည်းနည်းပါးပါးသာ အဆက်အသွယ်ရှိခဲ့သည်။
ရံဖန်ရံခါ အားလပ်ရက်တွေတွင် တစ်ယောက်နဲ့တစ်ယောက် မက်ဆေ့ချ် အစုအပုံတွေလိုမျိုး အချင်းချင်း နှုတ်ဆက်စကားတွေ ပေးပို့တတ်ကြသည်။
သူတို့နှစ်ယောက်ရဲ့ အချစ်ရေးအောင်မြင်မှုမှာ အိပ်မက်တစ်ခုလို ခံစားရသည်။
သူတို့ရဲ့ဆက်ဆံရေးက ယခင်အခြေအနေလိုမျိုး ပြန်ရောက်သွားသည်။
ဒီဇာတ်ကားပြီးသွားတဲ့အခါ ကျိုးဝေ့မှာ ကျန်းချုံက လုပ်ယူထားသလိုမျိုး ဖိတ်ကြားစာတွေရခဲ့ပေမယ့် ဒါက တကယ်ကြီးပင်။
"The Rising East" လိုမျိုး ရုပ်ရှင်ထုတ်လုပ်ရေးကြီးတစ်ခုဆီမှာ သရုပ်ဆောင်ပြီးတဲ့နောက် သူမကိုအတွင်းပိုင်း လုပ်ငန်းတွေဆီကနေ သဘာဝအလျောက် အာရုံစိုက်မှုကို ရခဲ့သည်။ ဒါရိုက်တာချန်က ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကို အသိအမှတ်ပြုပေးကာ ဒီနယ်ပယ်ထဲက သူမရဲ့နာမည်ကျော်ကြားမှုကို ထောက်ခံအားပေးအသိအမှတ်ပြုခဲ့သည်။
ဒါ့အပြင် သူမနဲ့ စုန့်လင်းချွမ်တို့ဟာ အထက်တန်းကျောင်း အတန်းဖော်တွေ ဖြစ်ကြတယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့သွားပြီး အွန်လိုင်းပေါ်တွင်သူမကို အာရုံစိုက်လာကြကာ ရေပန်းစားလာသည်။
ဒီအခြေအနေမှာ ကျိုးဝေ့ရဲ့ သရုပ်ဆောင်အလုပ်လည်း တဖြည်းဖြည်း တိုးတက်လာသည်။ ဇာတ်ညွှန်းကမ်းလှမ်းတာတွေ အမြောက်အမြား လက်ခံရရှိခဲ့သည့်အပြင် variety show ပွဲဖိတ်ကြားမှုတွေကိုလည်း ဆက်တိုက်ရရှိခဲ့သည်။
လူကြိုက်များပြီး လူကြည့်များသော variety show တွေမှ ဖိတ်ကြားချက်များပင် ရခဲ့သည်။
သို့ပေမယ့် ကျိုးဝေ့နဲ့ ကျန်းချုံတို့ နှစ်ယောက်မှာ အဲ့ဒီဟာနဲ့ပတ်သက်ပြီး ဆင်ခြင်ဉာဏ်ရှိကြသည်။ သူတို့က variety show ဖိတ်ကြားချက်တွေကို လက်မခံဘဲ ဇာတ်ညွှန်းကောင်းကောင်းနှစ်ခုလောက်ကို ဂရုတစိုက်ရွေးချယ်ကာ ထုတ်လုပ်ရေးအဖွဲ့တွေနဲ့ ချက်ခြင်းဆက်သွယ်ခဲ့သည်။
ကျိုးဝေ့က variety show ကို ဘယ်တုန်းကမှ သိပ်ပြီးစိတ်မဝင်စားခဲ့ပါချေ။ အချိန်တိုအတွင်း ထိတွေ့မှု တိုးလာပေမယ့်၊ နောက်ဆုံးတော့ ခဏတာမျှသာ ဖြစ်သည်။
သရုပ်ဆောင်တွေဟာ သူတို့ရဲ့ အလုပ်ကိုသူတို့အတွက် ပြောခွင့်ပေးဖို့လိုသည်။ အဲဒါက ရေရှည်စီမံကိန်းပင်။
စုန့်လင်းချွမ်ကတော့ သူ့အကူးအပြောင်းမှာ ပိုအာရုံစိုက်ကာသဘာဝအလျောက် သရုပ်ဆောင်တာကိုပဲ ဦးစားပေးထားသည်။
အချိန်အတော်ကြာ အလုပ်များနေပြီးတဲ့နောက် စုန့်လင်းချွမ်ဟာ တခြားထုတ်လုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းခဲ့သည်။
ဒီတစ်ခေါက်ကတော့ ထင်ရှားတဲ့အမျိုးသားဇာတ်ဆောင်နေရနဲ့အတူ သည်းထိတ်ရင်ဖို theme ဒရာမာဖြစ်သည်။ စုန့်လင်းချွမ်မှာ screen time အများအပြားရလိမ့်မှာကို စိတ်ကူးကြည့်ရတာလွယ်သည်။
အဖွဲ့နဲ့ ပူးပေါင်းလိုက်ကတည်းက သူ့အချိန်ဇယားတွေဟာ ပြည့်ကျပ်လာပြီး sense အများစုကို ညဘက်မှာဘဲရိုက်ကူးခဲ့သည်။ စုန့်လင်းချွမ်က အဲ့ဒါနဲ့ပတ်သက်ပြီး မကျေနပ်တာမပြဘဲ ကောင်းစွာပူးပေါင်းဆောင်ရွက်သည်။
နောက်ဆုံးအနေနဲ့ တစ်လကျော်ကြာ ညဘက် sense တွေကို ရိုက်ကူးပြီးတဲ့နောက် ဒါရိုက်တာက သူ့ကို တစ်ရက်အားလပ်ရက်ပေးကာ မနက်ဖြန် ဟိုတယ်မှာ ကောင်းကောင်းအနားယူဖို့ ပြောလိုက်သည်။
ဟိုတယ်ကိုပြန်ရောက်လာတော့ စုန့်လင်းချွမ် ဆိုဖာပေါ်မှာလှဲလိုက်ကာ မျက်နှာကျက်ကို စိုက်ကြည့်ရင်း သူ့ဘေးနားက ကျန်းဟန်ကို ပြောလိုက်သည်။ "မနက်ဖြန်အားလပ်ရက်တစ်ရက်ပေးဖို့ မလိုအပ်ဘူး ဆိုတာ ဒါရိုက်တာကို ဘာလို့မပြောလိုက်တာလဲ? ကျွန်တော်အဆင်ပြေတယ်"
ကျန်းဟန် သူ့ကိုတစ်ချက်ကြည့်ကာ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
အသည်းကွဲတာက လူတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ရစေတာပဲ။ ဒီလိုထင်ရာစိုင်းတတ်တဲ့ သဘောထားက တကယ့်ကို ကြောက်စရာကောင်းတယ်။
"အဲ့ဒီလို မလုပ်နဲ့၊ သူတို့ကမနက်ဖြန်အတွက် ရိုက်ကူးဖို့ စီစဉ်ထားပြီးသားပါ။ ဟိုတယ်မှာ အေးအေးဆေးဆေး အနားယူ" ကျန်းဟန်က အကြံပေးလိုက်သည်။
စုန့်လင်းချွမ်လည်း လက်လျော့ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ဘာမှလုပ်စရာမရှိတဲ့အတွက် သူ့ဖုန်းကိုကောက်ကိုင်လိုက်ပြီး အချိန်ကုန်သွားအောင် ဂိမ်းဆော့ဖို့ ကြံလိုက်သည်။
သို့ပေမယ့် သူနောက်ဆုံးကစားခဲ့တာက အချိန်အတော်ကြာခဲ့ပြီးဖြစ်တာကြောင့် သံချေးတက်နေပြီဖြစ်သည်။ ဂိမ်းစပြီး သိပ်မကြာခင်မှာပဲ သူအသတ်ခံလိုက်ရသည်။
သူ ပျင်းလာသည်။
သူ့ကို ဒီလိုမျိုးမြင်နေရတော့ကျန်းဟန်က မဝံ့မရဲနဲ့ပြောလာသည်။ "ကျိုးဝေ့ရဲ့ ရိုက်ကူးရေးကလည်း ဒီနေရာနဲ့ သိပ်မဝေးဘူး။ ဘယ်လို..."
"ရိုက်ကူးရေးနေရာကို သွားလည်ရင် ဘယ်လိုလဲ" လို့သူ မပြောရသေးခင်မှာဘဲ စုန့်လင်းချွမ်က သူ့ကိုစိုက်ကြည့်လာကာ ရပ်ခိုင်းလိုက်သည်။
ကျန်းဟန် သက်ပြင်းချကာ သူ့ဘဝက တကယ်ခက်ခဲတယ်လို့ တွေးလိုက်မိသည်။
အကောင်းဆုံးကတော့ မန်နေဂျာတစ်ယောက်အနေနဲ့ သူ့အနုပညာရှင်ကို အချစ်ရေးနဲ့ မပတ်သက်စေချင်ပေ။ သို့ပေမယ့် စုန့်လင်းချွမ်က နှလုံးသားရေးရာကိစ္စတွေနဲ့ အလွန်အမင်း ဒုက္ခရောက်နေတာကို မြင်နေရတော့ သူသည်းမခံနိုင်တော့ပေ။
သူ ဂရုမစိုက်ဘူးလို့ အမြဲတမ်းပြောနေပေမယ့် သူ့အကြောင်း ရှင်းလင်းဖို့အတွက် နောက်ကွယ်က ကောလာဟလတွေကို ဘယ်သူက တိတ်တဆိတ် ဖြန့်နေလဲဆိုတာကိုတော့ သူ မသိပါချေ။
ဒီတစ်လော ကျိုးဝေ့နဲ့စုန့်လင်းချွမ်တို့က အထက်တန်းအတန်းဖော်တွေ ဖြစ်ကြတဲ့အကြောင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့ နေသည်။ ဒီထုတ်ဖော်မှုက လက်ရှိရေပန်းစားနေတဲ့ idol တစ်ယောက်ဖြစ်သည့် ကျိုးဝေ့ကို သိသိသာသာ အာရုံစိုက်မိလာစေမှာ သေချာသည်။ သို့ပေမယ့် အာရုံစိုက်ခံရခြင်းနဲ့အတူ အငြင်းပွားစရာတွေလည်း ထွက်ပေါ်လာသည်။
လူတွေက သူတို့ရဲ့ဆက်ဆံရေးကို ခွဲခြမ်းစိတ်ဖြာပြီး အဓိပ္ပါယ်ကောက်လာကြကာ စျေးကွက်ရှာဖွေရေးအကောင့်အမျိုးမျိုးက သူတို့ရဲ့ အတိတ်က အချစ်ရေးတွေအကြောင်း ဇာတ်လမ်းတွေကို ဖန်တီးခဲ့ကြသည်။ ဒီကောလဟာလတွေဟာ ဘယ်တော့မှ မပြီးဆုံးတော့မယ့် ပုံပင်။
တုံ့ပြန်တဲ့အနေနဲ့ ကျိုးဝေ့နဲ့ စုန့်လင်းချွမ်တို့ရဲ့အဖွဲ့နှစ်ဖွဲ့စလုံးက ကောလဟာလတွေဟာ မှားယွင်းကြောင်း ချက်ချင်း ရှင်းလင်းခဲ့သည်။
သို့ပေမယ့် မထင်မှတ်ထားစွာနဲ့၊ အချို့သော လူတွေက ကျိုးဝေ့ဟာ သူမရဲ့အထက်တန်းတုန်းကဆက်ဆံရေးကိုအသုံးချပြီး သူမရဲ့အလုပ်ကို တိုးတက်အောင်လုပ်ဖို့အတွက် စုန့်လင်းချွမ်နဲ့ နီးစပ်အောင် ကြံစည်နေတယ်လို့ စပြီးပြောဆိုလာကြသည်။ စုန့်လင်းချွမ်သာ သူမကိုမထောက်ပံ့ပေးခဲ့ရင် ကျော်ကြားမှုတွေရပြီးတာနဲ့ သူတို့ရဲ့ မိတ်ဟောင်းဆွေဟောင်း ဆက်ဆံရေးကို စွန့်လွှတ်ကာကျင့်ဝတ်ပိုင်းဆိုင်ရာ ခြယ်လှယ်တယ်ဆိုပြီး သူမကို စွပ်စွဲကြသည်။
ဒီကောလာဟလတွေက ကျိုးဝေ့အပေါ် သိသိသာသာကိုသက်ရောက်မှုရှိခဲ့သည်မှာ သံသယဖြစ်စရာမရှိပေ။ သူတို့က သူမကို အထူးတလည် ပစ်မှတ်ထားနေတဲ့ပုံပင်။
ဖျော်ဖြေရေးနယ်ပယ်တွင် အခွင့်အလမ်းတွေ အကန့်အသတ်ရှိပြီး ပြိုင်ဆိုင်မှုပြင်းထန်သည်။ ကျိုးဝေ့သာ အမှားလုပ်မိပါက သူမ စတင်ခဲ့သည့်နေရာကို အလွယ်တကူ ပြန်ရောက်သွားနိုင်သလို ပိုပြီးလည်းဆိုးသွားနိုင်သည်။
ပြဿနာကတာ့ ဒီခြေအနေနဲ့ အမှန်တရားကို သက်သေပြဖို့ နည်းလမ်းမရှိပေ။
အခြေအမြစ်မရှိတဲ့ ကောလာဟလတွေဟာ ယုံကြည်ချင်စရာကောင်းလာပြီး အဲ့ဒါတွေကို ချေပဖို့ခက်ခဲလာစေသည်။ အမှန်တော့၊ The Rising Wind တွင် ဒုတိယအမျိုးသမီး ဇာတ်ဆောင်အဖြစ် ကျိုးဝေ့ ပါဝင်သရုပ်ဆောင်မှုက စုန့်လင်းချွမ်နဲ့အမှန်တကယ် သက်ဆိုင်ကြောင်း ပိုင်းခြားနိုင်တဲ့မျက်လုံးရှိသူတိုင်း မြင်နိုင်သည်။
စုန့်လင်းချွမ်က ရှင်းပြဖို့ ရှေ့ထွက်လာရင်တောင် သူ့အနေနဲ့သူတို့ရဲ့ အတိတ်က ဆက်ဆံရေးကြောင့် ကျိုးဝေ့ရဲ့ အနုပညာအလုပ်တွေကို မပျက်စီးချင်ဘူးလို့ အဓိပ္ပာယ်ရသည်။
သွားပုပ်လေလွင့် ပြောသူတွေက အငြင်းအခုန်တောင်လုပ်ကြလိမ့်မည်ပင်။ "စုန့်လင်းချွမ်က သူ့ကို အနှေးနဲ့အမြန်ဘာလို့မထောက်ပံ့ခဲ့တာလဲ? အခုကျဘာလို့လဲ?"
ဘာဘဲဖြစ်ဖြစ် စုန့်လင်းချွမ်က အချိန်အတော်ကြာ ရေပန်းစားခဲ့သည်။
တိုတိုပြောရရင် ဒီကောလဟာလတွေရဲ့နောက်ကွယ်က ရည်ရွယ်ချက်က ကျိုးဝေ့ ဘာပဲပြောပြော ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်လို့မရတဲ့ အခြေအနေတစ်ခုကို ဖန်တီးဖို့ပင်။
တုံ့ပြန်တဲ့အနေနဲ့ စုန့်လင်းချွမ်က ရှိုးထုတ်လုပ်ရေးအဖွဲ့ကို သူ့ဘက်ကအစပြုကာ ဆက်သွယ်ခဲ့ပြီး ရိုက်ကူးရေးလုပ်နေစဉ်အတွင်း သူဒဏ်ရာရခဲ့တဲ့ ယခင်က မထုတ်လွှင့်နိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ဖို့အဆိုပြုခဲ့သည်။
ဒီလုပ်ဆောင်ချက်က ရှိုးကို ထိခိုက်မှုမရှိပေမယ့် အကျိုးရှိစေသည်။ ထုံးစံအတိုင်း ထုတ်လုပ်ရေးအဖွဲ့က ကန့်ကွက်ခြင်းမရှိပေ။
ရလဒ်အနေနဲ့ မိနစ်နှစ်ဆယ်ကျော်ကြာ အထူးဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။
ဒ္ဗီဒီယိုဖိုင်ကို ထုတ်ပြန်လိုက်တာနဲ့ ကျိုးဝေ့ရဲ့ လက်ရှိအကျပ်အတည်းဟာ ပြေလည်သွားနိုင်ကြောင်း စိတ်ကူးကြည့်ဖို့ အလွယ်လေးပင်။
ရှိုးမှ၊ သူတို့ရဲ့တွေ့ဆုံမှုက တိုက်ဆိုင်မှုသက်သက်သာဖြစ်ကြောင်း ထင်ရှားနေပြီး ကျိုးဝေ့ရဲ့တုံ့ပြန်မှုကနေ သူမဟာ စုန့်လင်းချွမ်နဲ့ ဆုံလိမ့်မယ်ဆိုတဲ့ အရိပ်အအမြွတ်မရထားကြောင်း သိသာလှသည်။
ဒါ့အပြင် အဲ့ဒီအပိုင်းက ကျိုးဝေ့ရဲ့ ပြောင်မြောက်လှတဲ့ စွမ်းဆောင်မှုက သူမကို ပိုမိုအာရုံစိုက်ခံလာရစေပြီး လူကြိုက်များလာစေသည်။
ဒါရိုက်တာခန့်မှန်းထားသလိုပင်။ သူမရဲ့ သရုပ်ဖော်ပုံက ပရိသတ်ကို တကယ်ကို ထူးထူးခြားခြားနဲ့စွဲဆောင်နိုင်ခဲ့သည်။
ဒါပေမယ့် အဲဒါကို လောလောဆယ် ဘေးဖယ်ထားလိုက်ရအောင်။
ကျန်းဟန်က သူ့အတွေးကို ထုတ်မပြခင် ခဏလောက် စဉ်းစားလိုက်သည်။ "လင်းချွမ်၊ ငါတို့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အလျင်စလို ဖြစ်သွားတာဖြစ်လိမ့်မယ်။ ကျိုးဝေ့နဲ့ သူ့ရည်းစားဟောင်းက တကယ် အဆင်မပြေကြသေးတာရော မဖြစ်နိုင်လောက်ဘူးလား? အဲ့ဒါက ငါတို့ထင်နေသလို မဟုတ်ရင်ရော?"
အဲ့ဒီနေ့တုန်းက ကျိုးဝေ့ သူမရဲ့ရည်းစားဟောင်းနဲ့အတူ ရပ်နေတာကို တွေ့လိုက်ရပြီး သူတို့ရဲ့ဆက်ဆံရေးဟောင်းကို ပြန်စနေကြောင်း သူတို့ချက်ခြင်းကောက်ချက်ချခဲ့မိသည်။ သူတို့ နည်းနည်း ရဲတင်းလွန်းသွားတဲ့ပုံပင်။
သူတို့နှစ်ယောက်က သူငယ်ချင်းဘဲဖြစ်ပြီး ဘာမှမရှိတော့ရင်ကော? အဲ့ဒါက မဖြစ်နိုင်တဲ့ မြင်ကွင်းတစ်ခုတော့ မဟုတ်ပေ။
ဒါပေါ့ ကျန်းဟန်ရဲ့ အတွေးအမြင်တွေက အရင်ကရုပ်ရှင်ရိုက်ကူးရေးမှာ ကျန်းချုံနဲ့ စကားစမြည်ပြောခဲ့ရာက ကျိုးဝေ့ဟာ တစ်ယောက်ယောက်နဲ့ တွဲနေပုံမပေါ်ဘူးဆိုပြီး သူမပြောခဲ့တဲ့ အရိပ်အမြွတ်ဆီကနေ အဓိကလွှမ်းမိုးခံခဲ့ရသည်။
ဒါ့အပြင်၊ အကြောင်းတစ်ခုခုကြောင့် ကျန်းဟန်မှာပင်ကိုယ် အလိုလိုသိစိတ်ရှိသည်။
ကျိုးဝေ့လည်း စုန့်လင်းချွမ်ကို သဘောကျနေတာဖြစ်လောက်မည်။
တခါတလေ သူမ သူ့ကိုကြည့်တဲ့ပုံစံက တခြားသူကိုကြည့်တဲ့ပုံနဲ့ ရှင်းရှင်းလင်းလင်းကို ကွဲပြားသည်။
---
စုန့်လင်းချွမ်က သူ အနားယူဖို့ မလိုဘူးလို့ အခိုင်အမာပြောခဲ့ပေမယ့် သူ့ခန္ဓာကိုယ်ကတော့ ရိုးသားစွာနဲ့ နောက်တစ်နေ့ မွန်းတည့်ချိန်အထိ အိပ်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒီကာလထဲမှာ သူအမှန်တကယ်ကိုဘဲပင်ပန်းခဲ့ရသည်။ အနားယူပြီးတဲ့နောက်မှာတော့ သူဘယ်လောက် ပင်ပန်းနေလဲဆိုတာ သိလိုက်ရတော့သည်။
လက်ထောက်က နေ့လယ်စာ ယူလာပေးဝာကြောင့် စုန့်လင်းချွမ်မှာ ပြဿနာမရှိပေ။ နည်းနည်းလောက်စားပြီးသွားတဲ့နောက် သူဆိုဖာပေါ်မှာလှဲကာ ဂိမ်းစကစားတော့သည်။
သူ မသိလိုက်ခင်မှာဘဲ နေ့ခင်းတစ်ခင်းလုံး ဂိမ်းကစားနေခဲ့မိသည်။ နောက်ဆုံး သူမော့ကြည့်လိုက်တော့ အပြင်ဘက် ကောင်းကင်ကြီးက မှောင်နေပြီဆိုတာ သတိထားမိလိုက်သည်။
အဲ့ဒီအချိန် တံခါးခေါက်သံ ရုတ်တရက် ထွက်လာသည်။
စုန့်လင်းချွမ်က သူ့လက်ထောက်ညစာလာပေးတာလို့ထင်လိုက်သည်။ အင်း၊ အခု သူလည်း ဗိုက်နည်းနည်းဆာလာပြီ။
ဒါပေမယ့် သူတံခါးဖွင့်လိုက်တော့ ကျန်းဟန်က စိတ်လှုပ်ရှားတဲ့အမူအရာနဲ့ အပေါက်ဝမှာရပ်နေတာကိုတွေ့လိုက်ရသည်။
"မင်း hot search ကို တွေ့ပြီးသွားပြီလား?" သူမေးလိုက်သည်။
စုန့်လင်းချွမ်က ခေါင်းခါလိုက်ပြီး သူထပ်ပြီးနာမည်ကြီးနေပြန်ပြီလို့ တွေးကာ သိပ်ဂရုမစိုက်လိုက်ပေ။
"မင်းအကြောင်း မဟုတ်ဘူး" ကျန်းဟန်က လျှောက်ဝင်လာကာ ပြောလိုက်သည်။ "ကျိုးဝေ့အကြောင်း၊ သူ့အချစ်ရေးကို ဖော်ထုတ်ခံလိုက်ရတာ"
ဒါကိုကြားတော့ စုန့်လင်းချွမ်ရဲ့ခြေထောက်တွေ အေးခဲသွားပြီး ကျန်းဟန်ကို အန္တရာယ်ရှိတဲ့အကြည့်တွေနဲ့ ကြည့်လိုက်သည်။
ဒီတော့ ကျန်းဟန်က သူ့ကိုလှောင်ပြောင်ဖို့ ဒီလိုဝမ်းသာအားရရောက်လာတာပေါ့လေ?
စုန့်လင်းချွမ်ရဲ့တုံ့ပြန်မှုကိုမြင်တော့ ကျန်းဟန် လက်ကိုအလျင်အမြန်ဝှေ့ယမ်းလိုက်ပြီး ရှင်းပြလိုက်သည်။ "မဟုတ်ဘူး၊ အဲ့ဒီလူက သူ့တစ်ဝမ်းကွဲလို့ ကျိုးဝေ့ထွက်ရှင်းလာတယ်၊ သူ့အဒေါ်ရဲ့သားတဲ့"
စုန့်လင်းချွမ် ခဏလောက် တန့်သွားပြီး သိပ်နားမလည်ဖြစ်နေသည်။ "သူတို့ဓာတ်ပုံရိုက်ထားတဲ့လူက ရှုချင် ဆိုတာ သေချာလား?"
ရှုချင်?
ကျန်းဟန် ခဏလောက်တုံ့ဆိုင်းသွားပြီး နောက်မှ စုန့်လင်းချွမ်ဘယ်သူ့အကြောင်းပြောနေလဲဆိုတာ သဘောပေါက်လိုက်သည်။ "သူက ရှုချင် ဟုတ်လားမဟုတ်ဘူးလားဆိုတာ ငါလည်းမသိဘူး။ ဒါပေမယ့် အဲဒီနေ့က ဟိုတယ်လော်ဘီမှာ ငါတို့ တွေ့ခဲ့တဲ့လူပဲဆိုတာ ငါအတည်ပြုပေးနိုင်တယ်။ ငါ့ကို မယုံရင် မင်းဘာသာကြည့်လိုက်"
ပြောပြီးတာနဲ့ သူ့ဖုန်းကို ကမ်းပေးလိုက်သည်။
စုန့်လင်းချွမ် ဖုန်းကိုယူလိုက်ပြီး ဓာတ်ပုံကိုကြည့်လိုက်သည်။ တကယ်ဘဲ ကျိုးဝေ့နဲ့ ရှုချင်တို့ပင်။
ရှုချင်က ကျိုးဝေ့ရဲ့တစ်ဝမ်းကွဲ။ ဒါဆိုလွန်ခဲ့တဲ့ ခုနစ်နှစ်က သူမ သူ့ကိုဘာလို့ လိမ်ခဲ့တာလဲ?
စုန့်လင်းချွမ် ဧည့်ခန်းဆီကို လှည့်လိုက်ကာ သူ့ဖုန်းကိုယူလိုက်ပြီး ကျိုးဝေ့ နံပါတ်ကိုရှာလိုက်သည်။
ဒါပေမယ့် ခဏလောက်စဉ်းစားကြည့်ပြီးတော့ သူဖုန်းကိုချလိုက်ကာ ကျန်းဟန်ဘက်လှည့်ပြီး ပြောလိုက်သည်။ "ဒရိုင်ဘာကို ကားခေါ်လာခိုင်းလိုက်။ ကျွန်တော်အပြင်ခဏလောက် ထွက်ရမယ်"
ကျန်းဟန်လည်း မ တုံးအ ပါချေ။ စုန့်လင်းချွမ် ကျိုးဝေ့ကို ရှာချင်လို့ဆိုတာ သူချက်ချင်းနားလည်လိုက်သည်။
စုန့်လင်းချွမ်ကို မတားနိုင်မှန်းသိတာကြောင့် သူ များများစားစား မပြောတော့ဘဲ ဒါရိုက်တာကိုပဲ တိုက်ရိုက်ဖုန်းဆက်လိုက်သည်။
ဒီလိုအခြေအနေမျိုးမှာ မျက်နှာချင်းဆိုင်မေးတာက ပိုကောင်းသည်။
---
စုန့်လင်းချွမ်ရဲ့ရိုက်ကူးရေးနေရာက ကျိုးဝေ့တို့နဲ့ မဝေးပေ။ ကားနဲ့ဆိုရင်တော့ တစ်နာရီကျော်လောက် ကြာမည်။
ကျိုးဝေ့ရဲ့ ရိုက်ကူးရေးအဖွဲ့သားတွေ တည်းခိုတဲ့ ဟိုတယ်ကို ရောက်လာပြီးတဲ့နောက် စုန့်လင်းချွမ် သူမကို ဖုန်းခေါ်လိုက်ပြီး သူ ရောက်နေကြောင်း ပြောလိုက်သည်။
ဖုန်းချပြီးတဲ့နောက် ကျိုးဝေ့ နည်းနည်း အံ့အားသင့်သွားသည်။
တကယ်တော့ ရှုချင်နဲ့ သူမရဲ့ဆက်ဆံရေးကို ရှင်းလင်းပြီးကတည်းက စုန့်လင်းချွမ် ဖုန်းခေါ်လာမှာကို သူစောင့်မျှော်နေခဲ့တာဖြစ်သည်။
စုန့်လင်းချွမ်ရဲ့ အကျင့်ကြောင့် အရင်ကအဖြစ်အပျက်တွေက ပြီးဆုံးသွားရင်တောင် သူကတော့ သေချာပေါက် ရှင်းပြခိုင်းဖို့ ရောက်လာလိမ့်မယ်ဆိုတာ ကျိုးဝေ့သိသည်။
ဟိုတယ်ကနေ ကျိုးဝေ့ ထွက်လာတော့ အဝေးက သစ်ပင်အောက်မှာ ရပ်ထားတဲ့ အနက်ရောင် SUV တစ်စီးကို တွေ့လိုက်ရသည်။
ကားပေါ်ကလူက သူမကို သတိထားမိသွားပုံရကာ အချက်ပြ မီးတွေနဲ့ တုံ့ပြန်လာသည်။
ကျိုးဝေ့ အနားရောက်လာတော့ ဒရိုင်ဘာဘက်တံခါးက ရုတ်တရက် ပွင့်လာပြီး ကျန်းဟန်ထွက်လာသည်။
ဒီတစ်ကြိမ်မှာတော့ ကျန်းဟန်က ဒရိုင်ဘာကို မခေါ်ခဲ့ပေ။ ဒီအကြောင်းကို သိတဲ့သူနည်းတဲ့အတွက် ကားကို သူကိုယ်တိုင်မောင်းတာက ပိုကောင်းသည်။
ကားနောက်ခန်းတံခါးပွင့်လာပြီး အထဲမှာ ထိုင်နေတဲ့ စုန့်လင်းချွမ်ကို ကျိုးဝေ့ တွေ့လိုက်ရသည်။
ကျန်းဟန်က ပြောလိုက်သည်။ "မင်းတို့နှစ်ယောက် ကားထဲမှာ စကားပြောနေဦး ငါအနီးနားမှာ ရေဝယ်ဖို့ သွားလိုက်ဦးမယ်"
သေချာပေါက် ရေဝယ်တာက အကြောင်းပြချက်တစ်ခုပင်။ သူတို့နှစ်ယောက်ကို သပ်သပ်ထားခဲ့ချင်တာဖြစ်သည်။
ကျိုးဝေ့ ကားထဲဝင်လိုက်ပြီး တံခါးပိတ်လိုက်သည်။
အစက ကျယ်နေသေးတဲ့ SUV ကားထဲမှာ အခုကျ နှစ်ယောက်သား ဘေးချင်းကပ်ထိုင်လိုက်တာကြောင့် ကျဉ်းသွားသည်။
စုန့်လင်းချွမ်က ဝေ့လည်ကြောင်ပတ်လုပ်မနေပေ။ သူက ကျိုးဝေ့ဘက်လှည့်ကာ အဓိကအချက်ကို တန်းသွားလိုက်သည်။ "ရှုချင်က တကယ်ကြီး မင်းရဲ့ဝမ်းကွဲလား?"
ကျိုးဝေ့ ခဏလောက်တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ပြလိုက်သည်။ "အင်း"
စုန့်လင်းချွမ် လုံးဝမအံ့သြတော့ပေ။ တစ်လျှောက်လုံး ကျိုးဝေ့အဖွဲ့ရဲ့ PR နည်းဗျူဟာကိုပင် သူသံသယမဝင်တော့ပေ။
အရင်ဆုံး ကျိုးဝေ့က သရုပ်ဆောင်အလုပ်ကိုပဲ စွဲစွဲမြဲမြဲလုပ်ခဲ့ကာ အချစ်ရေးက သူမကိုသိပ်ပြီးထိခိုက်စေလိမ့်မည်မဟုတ်ပေ။
ဒုတိယအချက်က သူ သူမကို နားလည်သည်။ သူမသာ PR လုပ်ချင်ရင် အများဆုံး သူငယ်ချင်းလို့ဘဲ သူမပြောလိမ့်မည်ဖြစ်ကာ ရှုချင်ဟာ သူမရဲ့ဝမ်းကွဲဆိုတဲ့အချက်ကို သူမဘယ်သောအခါမှ ထုတ်ပြောလိမ့်မည်မဟုတ်ပေ။
"ဘာလို့လဲ?" သူ မေးလိုက်သည်။
အဲ့ဒီတုန်းက ကျိုးဝေ့ သူ့ကိုဘာလို့ ငြင်းခဲ့လဲဆိုတာကို စုန့်လင်းချွမ် နှစ်ပေါင်းများစွာကြာအောင် နားမလည်နိုင်ခဲ့ပေ။
မဟုတ်လည်း သူမ ဘာလို့ဒီလိုလုပ်ခဲ့တာလဲ?
သူ့ကိုယ်သူ စိတ်အားထက်သန်တဲ့သူလို့ သူ မယူဆပါချေ။ အဲ့ဒီတုန်းက သူ့ရဲ့ခံစားချက်တွေကို ကျိုးဝေ့ဆီ ဖွင့်ပြောတုန်းက ကောက်ကာငင်ကာ ဆုံးဖြတ်ချက်ချခဲ့တာမဟုတ်ပေ။ သူတို့ဟာ အတန်းဖော်တွေဖြစ်ကြပြီး ရင်းနှီးတဲ့ဆက်ဆံရေးလည်းရှိခဲ့ကြသည်။ မကြာခဏဆိုသလို စာအတူလေ့လာ၊ ကျောင်းအတူသွားကြပြီး မရေရာတဲ့ အခိုက်အတန့်တွေတောင် ရှိခဲ့သည်။
သူတို့အတန်းထဲက အတန်းဖော်တော်တော်များများကတောင် သူတို့ကိုစနောက်လေ့ရှိပြီး ကျိုးဝေ့လည်း သူ့ကို သဘောကျတယ်လို့ သူခံစားခဲ့ရသည်။ ဒါ့ကြောင့် နောက်ဆုံးမှာ သူ့ခံစားချက်ကို ဝန်ခံခဲ့တာဖြစ်သည်။
ကျိုးဝေ့က ခေါင်းငုံ့ကာ ခဏလောက်ငြိမ်သက်နေသည်။ နောက်ဆုံးက သူမသတ္တိတွေစုကာ ပြောလိုက်သည်။ “အဲဒီတုန်းက ငါ့မိသားစုမှာ တစ်ခုခုဖြစ်ခဲ့လို့ ငါကျောင်းပြောင်းခဲ့ရတယ်”
အဲဒီတုန်းက သူမ အဖေက စီးပွားရေးလုပ်ရာမှာ လိမ်လည်ခံခဲ့ရပြီး ကုမ္ပဏီလည်း ဒေဝါလီခံခဲ့ရကာ အကြွေးတွေ အများကြီး တင်ခဲ့သည်။ သူက အဲ့ဒီဖိအားတွေကို မခံနိုင်ဘဲ ဆေးအလွန်အကျွံသောက်ကာ သူ့ဘဝကိုအဆုံးသတ်ဖို့ရွေးချယ်ခဲ့သည်။
မိခင်ဖြစ်သူဟာလည်း ပြင်းထန်စွာစိတ်ထိခိုက်ခဲ့ပြီး ဆေးရုံတင်ခဲ့ရသည်။ အဲ့ဒီအချိန်ကစကာ သူမရဲ့ကျန်းမာရေးကလည်း ဆိုးရွားလာခဲ့သည်။
ညတွင်းချင်းပဲ သူမရဲ့မိသားစုက ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲကို ကြုံတွေ့ခဲ့ရသည်။ သူတို့အိမ်နဲ့ ကားအားလုံးကို ပေါင်ထားရပြီး ကျောင်းဆက်တက်ဖို့ကိုလည်း တခြားမြို့က သူမအဒေါ်ဆီ ပြောင်းခဲ့ရသည်။
သူမရဲ့ လုပ်ရပ်တွေကို သူမရဲ့မာနကလမ်းပြနေကြောင်း ကျိုးဝေ့ ဝန်ခံရမည်။
ဒါကြောင့် သူမ မသက်သာတဲ့အဆုံး ရှုချင်ကို သူမရဲ့ချစ်သူအဖြစ် ဟန်ဆောင်ခိုင်းခဲ့ရသည်။ ဒီတော့မှ စုန့်လင်းချွမ် သူမကိုလိုက်နေတာ ရပ်လိမ့်မယ်ဆိုတာ သူမ သိနေတာကြောင့်ပင်။