← Chapters

အခန်း (၂၀၈)

Vol. 16 Ch. 208

အခန်း (၂၀၈)

Vol. 16 Ch. 208

ချောင်မိသားစုနှင့် လော့မိသားစုတို့သည် စကူတာတစ်စီးကို တွေ့ရှိခဲ့ပြီး ပစ္စည်းများကို မြို့တော်၏ ဆရာကောလိပ်သို့ ပို့ဆောင်ရန် တောင်းဆိုခဲ့သည်။

ကောလိပ်က ကျောင်းသားတွေကို ဆယ်နှစ်ကြာ စာရင်းမသွင်းတော့တဲ့အတွက် ချောင်တုန်းဟယ်နဲ့ တခြားသူတွေက ပထမအသုတ် ကျောင်းသားတွေ ဖြစ်ကြသည်။ သူတို့ရောက်သောအခါ ကျောင်းဝင်းသည် အနည်းငယ် လူသွားလူလာနည်းပြီး အိုဟောင်းနေသည်။

သို့သော် ကျောင်းဝင်းသည် သစ်ပင်များဖြင့် စိမ်းလန်းနေသည်။ ကောင်းမွန်တဲ့ လေထုရှိသည်။ ဖြည်းဖြည်းချင်း သပ်သပ်ရပ်ရပ် လုပ်ပြီးရင် ရှုခင်းတွေက ပိုပိုပြီး လှလာမှာ သေချာသည်။

အဆောင်တစ်ခန်းမှာ လူဆယ်ယောက်ရှိသည်။ ချောင်တုန်းဟယ် ရောက်သွားသောအခါ အခန်းထဲတွင် လူသုံးလေးယောက်ရှိနေပြီဖြစ်သည်။

ချောင်တုန်းဟယ်ကိုတွေ့တော့ လူတချို့က နှုတ်ဆက်ဖို့ အစပျိုးခဲ့ကြသည်။ အချို့လူတွေက တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

ချောင်တုန်းဟယ်က လူတိုင်းကို ပြုံးပြီး တိတ်တိတ်လေး နှုတ်ဆက်ခဲ့သည်။ နောက်တော့ သူမသည် အဘွားနဲ့ အတူ အိပ်ယာပြင်သည်။

သာ့ချောင်လည်း ပြေးလာပြီး ကူညီသည်။

အိပ်ဆောင်ရှိ လူအနည်းငယ်၏ မျက်လုံးများသည် သာ့ချောင်ပေါ်သို့ ကျရောက်သွားသည်။

သူတို့မိသားစုသည် ကျေးလက်ဒေသက လာပုံပေါက်ပေမယ့် သူတို့ရဲ့အသားအရည်က အနည်းငယ် ဖြူဖွေးသည်။ အထူးသဖြင့် ကလေးမလေး။ သူမသည် မြို့သူမြို့သားများထက် ပိုလှသည်။ သူမ၏ အသားသည် အခွံခွာထားသော ကြက်ဥကဲ့သို့ ဖြူဖွေးနူးညံ့သည်။ အဲ့တာက လူတွေကို တကယ် မနာလိုစေသည်။

အရပ်ရှည်ပြီး ဆံပင်တိုတဲ့ မိန်းကလေးက ချောင်တုန်းဟယ်ကို "ရေသွားယူဖို့ ပြေးသွားတာ နင့် ညီမလေးလား?"

ချောင်တုန်းဟယ်က ခေါင်းညိတ်လိုက်ပြီး "ဒါက ငါ့ဝမ်းကွဲညီမလေး။"

အခြားမိန်းမလှလေးက ဒါကိုကြားတော့ သူမက ခပ်တိုးတိုး မှတ်ချက်ချလိုက်သည်။ "နင်တို့က လုံးဝမတူတာ မဆန်းပါဘူး။ နင့်ရဲ့ဝမ်းကွဲညီမလေးက အရမ်းကြည့်ကောင်းတာပဲ။"

အဓိက အဓိပ္ပါယ်ကတော့ ချောင်တုန်းဟယ်က မလှပါ။

မထင်မှတ်ပဲ ချောင်တုန်းဟယ်က စိတ်မဆိုးခဲ့ပေ။ အဲဒီအစား သူမ ပါးစပ်ထောင့်က အပြုံးသည် ပိုမို နက်ရှိုင်းလာပြီး "ဟုတ်တယ်။ ငါလည်း ငါ့ညီမလေးက အရမ်းကြည့်ကောင်းတယ်လို့ ထင်တယ်!"

ထိုမိန်းမလှလေးက ပြုံးပြီး စကားမပြောနိုင်တော့ပေ။ သူမသည် နှုတ်​ခမ်း​လေး​တွေ​စူပြီး စကားတစ်​ခွန်းမှမ​ပြောဘဲ လှည့်​ထွက်​သွားသည်​။

ဆံပင်တို ကောင်မလေးက ချောင်တုန်းဟယ်ကို မျက်စိမှိတ်ပြပြီး ပြုံးပြသည်။

ချောင်တုန်းဟယ်က အသိအမှတ်ပြုပြီး နှုတ်ခမ်းကို ကွေးလိုက်သည်။

သူမသည် လူအများနှင့် ငြင်းခုံခြင်းကို မကြိုက်သော်လည်း သူမက တုံးအသည်ဟု မဆိုလိုပါ။ ချောမောလှပသော မိန်းကလေး၏ စကားလုံးများက ထေ့ငေါ့နေခဲ့သည်။ တစ်ဖက်သားက သူ့ကို နှိုးဆွဖို့ ဒီဟာကို သုံးချင်ရင်တော့ သူမ ကျရှုံးလိမ့်မည်။

တခြားသူတွေ ဒီလိုမှတ်ချက်မျိုးကြားရရင် မပျော်နိုင်ပေမယ့် သူမကတော့ အဲ့လိုမဖြစ်ပါဘူး။ သူမ အမြင်အရတော့ ညီမလေး သာ့ချောင်က သူမထက် ပိုလှသည်။

သူမသည် မနာလို မဖြစ်ရုံသာမက ဂုဏ်ယူစရာလို့ပင် ခံစားရသည်။

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် ကောင်မလေးများကြားတွင် ခပ်ပါးပါးလေးနှင့် တိုက်ခိုက်သော စကားများကို ကြားခဲ့ရသည်။ သူတို့မှာ ကူညီဖို့ အစီစဉ်မရှိပေ။

တုန်းဟယ်သည် အရွယ်ရောက်လုနီးပါး ဖြစ်နေပြီ။ နောင်တွင် သူမသည် အပြင်တွင် တစ်ယောက်တည်း နေရလိမ့်မည်။ သူသည် လူအမျိုးမျိုးနှင့် ပေါင်းသင်းဆက်ဆံတတ်ရန် သင်ယူရမည်။ ဤသည်မှာ သူမသင်ယူရမည့် သင်ခန်းစာတစ်ခုဖြစ်သည်။

ထုပ်ပိုးပြီးသောအခါ အားလုံးက ထမင်းစားရန် အချိန်မရှိသောကြောင့် ကျောင်းဝင်းအတွင်း လမ်းလျှောက်လာကြသည်။

သာ့ချောင်က သူ့ဝမ်းကွဲအစ်မရဲ့လက်ကို ချိတ်ပြီး "ဝမ်းကွဲအစ်မ မြို့တော်က တကယ့်ကို ကွဲပြားတာပဲ။ ညီမလေး မြို့တော်မှာ ကောလိပ် ဝင်ခွင့်တဲ့ခါကျ အစ်မရဲ့ ကုမ္ပဏီကို လာမယ်!"

သူ့ညီမလေးက သူမကို နှစ်သိမ့်ပေးနေမှန်းသိလိုက်ရတော့ ချောင်တုန်းဟယ်ရဲ့ နှလုံးသားက နွေးထွေးသွားသလို ခံစားလိုက်ရသည်။ "ကောင်းပြီ မင်းလာမှာကို ငါစောင့်နေမယ်!"

ဒီအထဲမှာ တခြားမောင်နှမတွေလည်း ပါသည်။

ဒါပေမယ့် ယခု ဒီမိသားစုတစ်ခုလုံးတွင် သာ့ချောင်သာ မြို့တော်သို့ ဝင်ခွင့်ခံရဖွယ်ရှိသည်။

ချောင်တုန်းယင်၊ အန်းပင်းနှင့် တုန်းလင်တို့သည် စာကျက်ရန် စိတ်မဝင်စားကြသည်။ သို့မဟုတ် သူတို့၏ ဦးနှောက်သည် အရမ်းမကောင်းပေ။ လိုရင်းပြောရရင် မြို့တော်ကို ဝင်ခွင့်ရဖို့ ခက်လိမ့်မည်။

ကျောင်းဝင်းထဲ လမ်းလျှောက်ပြီး သူတို့သည် စားဖို့နေရာရှာကြသည်။ တံခါးဝသို့ရောက်သောအခါ သူတို့သည် လော့မိသားစုသို့ ပြေးသွားကြသည်။

ရက်အနည်းငယ်အကြာတွင် သာ့ချောင်သည် သူမ၏ ဝမ်းကွဲအစ်ကိုက မှာလိုက်သော ဘဲကင်ကို သူ့စိတ်ထဲတွင် ရွတ်ဆို‌နေခဲ့သည်။ အခု အစားအသောက်ကို ပြောတော့ သူမရဲ့ ပထမဆုံး အတွေးက ဘဲကင်ပင်။

"မြို့တော်ကိုရောက်ရင် ဘယ်လိုလုပ် ဘဲကင်မစားရမှာလဲ? အဖေ ဟုတ်တယ်မလား?"

လော့ကျွင်းလျန်သည် အစားအသောက် အရမ်းကြိုက်သူ တစ်ဦးဖြစ်သည်။ သာ့ချောင်က ဘဲကင်အကြောင်းပြောတာနဲ့ သူ့ပါးစပ်က ချက်ချင်းပဲ သွားရည်ကျသွားသည်။ စကားပြောနေရင်း သူသည် သူ့အဖေကို စိုက်ကြည့်နေသည်။

လော့ချင်းက သူ့သားကို ဘယ်လိုလုပ် မသိမှာလဲ? ရယ်မောကာ သူက ခေါင်းယမ်းလိုက်သည်။ "စားချင်ရင် ပြောလေ!"

ပထမဦးစွာ လော့ချင်းသည် ချောင်မိသားစုနှင့် နောက်ထပ်အပြန်အလှန် ဆက်ဆံရေးရှိချင်သည်။ ဒုတိယအနေနဲ့ လော့မိသားစုမှာ ချမ်းသာကြွယ်ဝပြီး ဘဲကင်စားတာက သူတို့ရဲ့ ဘတ်ဂျက်ထဲမှာ ပါသည်။ ဒါကြောင့် ကန့်ကွက်ဖို့ မစဉ်းစားဖူးဘူး။

သူ့အဖေရဲ့ တုန့်ပြန်မှုကို ကြားတော့ လော့ကျွင်းလျန်က သူ့နောက်စေ့ကို ပွတ်ပြီး ရယ်မောလိုက်သည်။ သူ၏ဖြူဖွေးသော သွားများသည် နေရောင်အောက်တွင် တောက်ပစွာ ထွန်းလင်းတောက်ပနေသည်။

သူတို့သည် လမ်းသွားလမ်းလာများကို မေးမြန်းရန် ထွက်လာကြပြီး ချွမ်ကျု့၏ ဘဲကင်သည် အကျော်ကြားဆုံးဖြစ်ကြောင်း ကြားခဲ့ရသည်။ အဲ့တာသည် ချင်မင်းဆက်တွင် ထုံကျစ်အုပ်ချုပ်စဉ်ကာလတွင် တည်ထောင်ခဲ့သော အချိန်ဂုဏ်ပြုအမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ဤသို့ဖြင့် လူတိုင်းသည် ထွက်ခွာပြီး ချွမ်ကျု့သို့ လျှောက်သွားကြသည်။

ချွမ်ကျု့ကို ရောက်‌သောအခါ လာစားတဲ့ လူတော်တော်များလို့ တန်းစီဖို့ မလုံလောက်ပေ။

ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ဘဲကင်နံ့သည် သူတို့ နှာခေါင်းထဲသို့ ပျံ့လွင့်သွားကာ လူတိုင်းကို သွားရည်ယိုစေခဲ့သည်။ လမ်းသွားလမ်းလာတွေက သူတို့ကို မလိမ်လိုက်ပုံ ရသည်။

ထိုင်ပြီးနောက် စျေးနှုန်းစာရင်းကို ကြည့်လိုက်တော့ လူတိုင်းသည် အနည်းငယ် အံ့ဩသွားကြသည်။

ဘဲကင်တစ်ကောင် ကိုးယွမ် ကုန်ကျသည်။

လက်ရှိ ဝန်ထမ်းတစ်ဦး၏ လစာမှာ ယွမ်၃၀ခန့် ဖြစ်သည်။ ဘဲတစ်ကောင်သည် ဒီထဲက သုံးပုံတစ်ပုံလောက်ကို ဖြုန်းပစ်လိုက်သည်။  ဤစျေးနှုန်းသည် ပုံမှန်မဟုတ် စျေးကြီးလွန်းသည်။

လော့ကျွင်းလျန်က နားရွက်တွေကို ကုတ်ပြီး မှတ်ချက်ပေးလိုက်သည်။ "ဒီဘဲက ရွှေပုံပေါ်မှာ ကြီးလာလို့လား။ မဟုတ်ရင် ဘာလို့ အရမ်းဈေးကြီးနေတာလဲ?" 

သာ့ချောင်ကလည်း ဈေးကြီးတာကို တွေ့ပြီး တိုးတိုးလေးပြောလိုက်သည်။ "အဘွား သမီးတို့ ဘယ်လိုလုပ်စားမှာလဲ? သွားရအောင် သမီးတို့ တခြား ပေါ့ပေါ့ပါးပါးဟာပဲ ရွေးစားရအောင်။ "

ခေါက်ဆွဲ ဒါမှမဟုတ် တစ်ခုခုစားမည်။ အဲ့တာက လူလေးယောက်ဆိုရင် နှစ်ယွမ်ထက်နည်းပြီး ဗိုက်ပြည့်ဖို့လည်း အာမခံသည်။ ဒီဘဲတစ်ကောင်က ကိုးယွမ် ကုန်ကျသည်။ ထို့အပြင် အဲ့တာက လူတိုင်းအတွက် မလုံလောက်ပါ။ များလွန်းသည်!

ချောင်ရှို့ကျီ - "အဆင်ပြေပါတယ်။ ငါတို့ရောက်နေပြီမို့ မှာလိုက်ကြရအောင်။ အဘွားက တတ်နိုင်ပါသေးတယ်!"

လော့ချင်းက ကြားဖြတ်လိုက်ပြီး "စိတ်မပူပါနဲ့ တူမလေး။ ဒီအစားအစာကို ဦးလေးက မင်းတို့ကို ကျွေးမှာပါ!"

ချောင်မိသားစုသည် လော့မိသားစုကို ကျွေးခွင့်မပေးပေ။ နောက်ဆုံးတော့ လူတိုင်းက ထွက်မသွားကြပေ။

သူတို့သည် ဘဲကင်တစ်ကောင်ကို ဝန်ထမ်းတစ်ယောက်နှင့် အော်ဒါမှာလိုက်သည်။

ဘဲကင်လာချသောအခါ အနီရောင် အသီးကဲ့သို့ တောက်ပပြီး အရောင်အသွေးအပြည့်နှင့် ဘဲကင်တစ်ကောင်ကို လူတိုင်းသည် မြင်လိုက်ရသည်။ မွှေးပျံ့သောအနံ့သည် နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ပဲငံပြာရည်အချိုနဲ့ ကြက်သွန်ဖြူထောင်းနဲ့တွဲစားရင် ကြွပ်ဆတ် လတ်ဆတ်ပြီး နူးညံ့သည်။

ဘဲကင်တစ်ကောင်ကို ကိုးယွမ် ကုန်ကျတာ မထူးဆန်းပေ။ အရသာချည်းပဲ တကယ်ကို တကယ်ကို တန်သည်။

ထမင်းစားနေတုန်း သာ့ချောင်က သူ့အဘိုးကို တိုးတိုးလေးပြောသည်။ "အဘိုး၊ အဘိုးလုပ်ရင် သူတို့ထက် ပိုကောင်းအောင် လုပ်ပေးနိုင်မလား?"

ရွှယ်ချွမ်က သူ့မြေးကို ရွှင်မြူးစွာကြည့်ကာ ပြန်ဖြေခဲ့သည်။ "အဘိုးရဲ့ လက်ရာက နည်းနည်းတော့ ဆိုးလိမ့်မယ်" 

ဒါက ဘိုးဘွားတွေရဲ့ လျှို့ဝှက်ချက် ဟင်းချက်နည်းပါ။ နှစ်ပေါင်း၁၀၀ကျော် အချိန်ဂုဏ်ပြုသည့် အမှတ်တံဆိပ်ဖြစ်သည်။ ဘယ်လောက်ပဲ ဘဝင်မြင့်နေပါစေ ရွှယ်ချွမ်သည် တခြားသူတွေရဲ့ နယ်မြေမှာ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ‌မပြောရဲပေ။

ဘဲကင်စားပြီးနောက် လူတိုင်း၏ နှုတ်ခမ်းမှာ အဆီဝေ့နေသည်။ အဲ့တာက စျေးကြီးသော်လည်း အရသာရှိသည်။

စားသောက်ပြီးနောက် ချောင်မိသားစုသည် အနီးနားရှိ ဟိုတယ်တစ်ခုသို့ သွားရောက်တည်းခိုခဲ့သည်။ ဟော်မိသားစုဆီ သွားရောက်ရန် အချိန်မရှာမီ ရက်အနည်းငယ်ကြာ စူးစမ်းလေ့လာရန် စီစဉ်ထားသည်။

လော့ချင်းမှာ နေဖို့ အချိန်မရှိပေ။

သူသည် မလာခင်က အပြန်ခရီးအတွက် လက်မှတ်ကို ကြိုပြီး ဝယ်ထားခဲ့သည်။ ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမက သူ့အတွက် စောင့်မျှော်နေသော ကိစ္စများ ရှိသေးသည်။ သူသည် ဤခရီးစဉ်တွင် အချိန်များစွာ ကုန်ဆုံးခဲ့ပြီး နောက်ထပ် ကျန့်ကြာလို့မဖြစ်တော့ပေ။

လော့ကျွင်းလျန်သည် သူ့အဖေ ပြန်တော့မည်ကို ကြားသောအခါ အသက် ၁၈နှစ်အရွယ် ကောင်လေးသည် ရုတ်တရက် မျက်လုံးများ နီရဲလာသည်။ စိတ်ပျက်လက်ပျက်ဖြင့် သူ့အဖေကို ဘူတာရုံကို လိုက်ပို့ချင်သော်လည်း လော့ချင်းက သူ့ကို တားလိုက်သည်။

လော့ကျွင်းလျန်ကို ဒီလို မြင်လိုက်ရတော့ ချောင်တုန်းဟယ်သည် ရက်အနည်းငယ်အကြာတွင် သူမ မိသားစုက ပြန်တော့မည့်အကြောင်း တွေးလိုက်မိသောအခါ ဝမ်းနည်းမဆုံးနိုင်ဖြစ်ခဲ့ရသည်။

ဤအချိန်တွင် သူမသည် အနည်းငယ် ဝမ်းနည်းမိသည်။ စောစောက သိခဲ့ရင် သူမသည် အခုလောက်ထိ အဝေးကို ရွေးမှာ မဟုတ်ဘူး။ ခရိုင်မြို့က ကောလိပ်တစ်ခုမှာ ကျောင်းတက်မယ်ဆိုရင် သူမသည် အားလပ်ရက်တွေမှာ အိမ်ကို စက်ဘီးစီးပြီး ပြန်လို့ရသည်။

ထိုညတွင် ချောင်မိသားစုသည် ဟိုတယ်ရှိ အခန်းနှစ်ခန်းသို့ စာရင်းသွင်းခဲ့ကြသည်။ ပြီးတော့ သာ့ချောင်သည် သူမရဲ့ အဘိုးအဘွားတွေနဲ့ နေဖို့ အသက်ကြီးနေပြီ ဖြစ်သည်။

သာ့ချောင်က သူ့ဝမ်းကွဲအစ်မကို သူနဲ့ အတူနေဖို့ တောင်းဆိုခဲ့သည်။

ချောင်တုန်းဟယ်သည် ဒီရက်အနည်းငယ်အတွင်း သူ့မိသားစုနှင့် အချိန်ပိုကုန်ဆုံးချင်သောကြောင့် သူမသည် ပျော်ရွှင်စွာ သဘောတူခဲ့သည်။

နောက်တစ်နေ့တွင် ချောင်မိသားစုသည်  နိုင်ငံတော် အလံ လွှင့်တင်ခြင်းကို ကြည့်ရန် မိုးမလင်းမီ အိပ်ယာထလာပြီးနောက် ရှုခင်းသာယာသော နေရာများသို့ သွားကာ ကစားကြသည်။

တစ်ဖက်တွင် ဟော်မိသားစုသည် သူတို့၏ မိသားစုအရေးကို လုပ်ဆောင်ခဲ့သည်။

—----

ဟော်ချီ ပြန်မလာခင်မှာ သူသည် သူ့အဖေနဲ့တွေ့ဖို့ တွေးနေခဲ့သည်။

မျက်လုံးနီရဲပြီး သူတို့သည် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားတာမျိုး ဖြစ်နိုင်သည်။ သူတို့သည် စကားမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေမည်။ ဒါမှမဟုတ် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဘာစကားမှမပြောဘဲ ပြုံးနေကြမည်။

သို့သော် ဘယ်လိုပင်ဖြစ်စေ လက်ရှိအခြေအနေမှာ လုံးဝမဖြစ်နိုင်တော့ပေ။ ပြန်လည်ဆုံဆည်းမှုတွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုမရှိခဲ့ပေ။ အဆင်မပြေမှုနှင့် ဒေါသများသာ ရှိသည်။

"ချီအာ..."

ဟော်ကျန့်ချန်သည် သူ့သားက သူ့နားကိုရောက်သည်အထိ အရွယ်ရောက်လာတာကို မြင်လိုက်ရသောအခါ ပီတိဖြစ်မိသည်။ ဒါပေမယ့် တစ်ဖက်လူရဲ့ လျစ်လျူရှုတဲ့ အကြည့်တွေကို သူတွေ့တာနဲ့ တပြိုင်နက် သူ့ခေါင်းပေါ်ကို ရေအေးလောင်းချသလို ခံစားလိုက်ရသည်။

ဟော်ချီက အေးစက်စွာပြောခဲ့သည်။ "အမေက ခင်ဗျားနဲ့ကွာရှင်းချင်တယ်။ ခင်ဗျားမှာ တခြားမိသားစုရှိပြီးသားဆိုတော့ အေးအေးဆေးဆေးပဲ ကွာရှင်းလိုက်ရအောင်။ ကျွန်တော် ခင်ဗျားကို ဒီကိစ္စကို ရှင်းရှင်းလင်းလင်း လုပ်ပေးစေချင်တယ်။ ကျွန်တော် ခင်ဗျားပေါ် အထင်သေးအောင် မလုပ်ပါနဲ့ !"

ဟော်ကျန့်ချန်၏ နှလုံးသားသည် ဓားတစ်ချောင်းကို လက်ခံရရှိခဲ့သည်။ သူက သိုက်ရှုဖန်ကို မယုံကြည်နိုင်စွာ လှည့်စိုက်ကြည့်ပြီး "ရှူဖန်၊ မင်း... ငါတို့ ဒီ‌လောက် အဝေးကို တကယ်သွားမှာလား?"

သိုက်ရှုဖန်က ဒေါသတကြီး ရယ်မောရင်း "မဟုတ်ရင် ရှင်က အရင်အရာရှိတွေလို အဓိကမယားနဲ့ မယားငယ်တွေကို လက်ထပ်သလို နမူနာယူချင်တာလား? ငါသဘောတူရင်တောင် မစ္စဝမ်က အဆင့်နှိမ့်ချပြီး ကိုယ်လုပ်တော်လုပ်ဖို့ သဘောတူမှာလား?"

ဟော်ကျန့်ချန် - "..."

ဟော်ချီ - "အခု တရုတ်ပြည်က အသစ်ပဲလေ။ မယားနှစ်ယောက် လက်ထပ်တာ ဥပဒေနဲ့ ဆန့်ကျင်တယ်။ ခင်ဗျားဒီလို တွေးရဲရင် ကျွန်တော် ချက်ချင်း ခင်‌ဗျားကို သတင်းပို့မယ်!"

ဟော်ကျန့်ချန်က သူ့နှလုံးသားထဲမှာ နောက်ထပ်ဓားတစ်ချောင်းကို ရလိုက်သည်။ "...ငါ မလုပ်"

သူသည် သူ့အဖေနှင့် သားအမိအတွက် ဖြေရှင်းဖို့ ပြန်လာခဲ့သည်။ ဒါပေမယ့် ဒီအခြေအနေမှာ သူဘယ်ဘက်ကပဲရွေးပါစေ တစ်စုံတစ်ယောက်ကို သူက အမြဲနာကျင်စေလိမ့်မည်။

သားဖြစ်သူ၏ တုံ့ဆိုင်းနေသော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် ဟော်ဟွားချင်းသည် ချက်ချင်းပင် ဒေါပွလာပြီး သူ့ကို အခန်းထဲသို့ ခေါ်ကာ သူ့ကို ပြင်းထန်သော ဟောပြောပွဲတစ်ခု ပေးခဲ့သည်။

ဟော်ကျန့်ချန် ထွက်လာတော့ သူသည် ထော့နဲ့ထော့နဲ့ လျှောက်လာသည်။

သိုက်ရှုဖန်သည် သူနှင့် အတူမနေချင်ကြောင်း သူမသည် ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်သည်။ သူမသည် သူ့ကိုကြည့်ရင် ညစ်ပတ်တဲ့အရာတစ်ခုကို ကြည့်နေသလိုမျိုးက သူ့နှလုံးသားကို ကျောက်တုံးတစ်တုံး ထည့်ထားသလိုမျိုး ပိတ်ဆို့သွားသလို ခံစားလိုက်ရသည်။ အရမ်းအဆင်မပြေပါ။

ပိုစိတ်ပျက်စရာကောင်းတာက သူ့သားက သူ့ကို အစကနေအဆုံး 'အဖေ' လို့ ဘယ်တုန်းကမှ မခေါ်ခဲ့ပေ။ သူ့အကြည့်က သူ့အား ရန်သူကို ကြည့်နေသလိုမျိုး ဖြစ်သည်။ သူ့အဖေတောင် သူနဲ့ အတူမနေဘူးဆိုပြီး ကြမ်းတမ်းတဲ့စကားတွေ ထုတ်ပြောခဲ့သည်။

လူတစ်ယောက်သည် တစ်ချိန်တည်းမှာ အမျိုးသမီးနှစ်ယောက်လုံးကို မရနိုင်ပါ။

တစ်ရက်လောက် ရုန်းကန်ပြီး ဒုက္ခခံစားပြီးနောက် သူသည် နောက်တစ်နေ့တွင် ဝမ်အန်နာနှင့် ဟော်အိမ်သို့ ပြန်လာခဲ့သည်။

ဝမ်အန်နာသည် သူမကို နောက်ဆုံးတွေ့ဖူးတုန်းကထက် ပိုပိန်သွားသည်။ သူမ၏ မျက်နှာသည် ဖြူဖျော့နေသည်။

လင်မယားနှစ်ယောက် အတူတူလာနေတာကိုမြင်တော့ ဟော်ချီသည် သူတို့ကို ရိုက်နှက်ဖို့ အပြေးအလွှားသွားရန် တိုက်တွန်းခဲ့သည်။

ဝမ်အန်နာသည် ဟော်ချီကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ သူမရှေ့က သားရဲနှင့်တူသော လူငယ်လေးအား မြင်လိုက်ရသောအခါ မနာလိုမှုနှင့် နာကြည်းမှုများ တိုးလာသည်။

ဒီကလေးက သူမထင်တာထက် ပိုထူးချွန်သည်။ ဒီလိုသားမျိုးကြောင့် ဟော်ကျန့်ချန်နှင့် သိုက်ရှုဖန် ကွာရှင်းလိုက်လျှင်ပင် ဟော်ကျန့်ချန်သည် ဤသားအမိကို သူ့နှလုံးသားထဲမှာ သေချာပေါက် တွေးနေလိမ့်မည်။

အစတည်းက သူတို့က လယ်ထဲမှာ ဘာလို့ မသေခဲ့ကြတာလဲ?

သူတို့ အဲ့တည်းက သေခဲ့ရင် အခုလောက် ဒုက္ခဖြစ်မှာ မဟုတ်ဘူး။

သိုက်ရှုဖန်က သူမသားကို ဖက်လိုက်ပြီး သူတို့ကို လျစ်လျူရှုကာ ကြည့်သည်။ " ရှင်တို့နှစ်ယောက် ဒီမှာ ဘာလုပ်နေတာလဲ? "

သူတို့ နားလည်မှုလွဲနေမှန်း သိလိုက်ရတော့ ဟော်ကျန့်ချန်က "ငါ့မှာ အရေးကြီးတာတစ်ခု ကြေညာဖို့ရှိတယ်။ အားလုံးရှိနေတာ အကောင်းဆုံးပဲ။"

သိုက်ရှုဖန်က သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး သူ့သားကို သူတို့နှင့် ဆန့်ကျင်ဘက်တွင် ထိုင်ရန် ခေါ်သွားသည်။

ဟော်ကျန့်ချန်က သက်ပြင်းချကာ "ငါ အဖေနဲ့ မင်းတို့ သားအမိကို နှစ်တွေအကြာကြီး အကြွေးတင်နေတာ။ နှစ်တွေအကြာကြီး ငါ အတိတ်ကို မမှတ်မိခဲ့ဘူး။ ငါရွေးချယ်နိုင်ရင်..."

ဟော်ချီက သူ့ကို အေးတိအေးစက် ဖြတ်ပြောလိုက်ပြီး "ကျေးဇူးပြုပြီး အဓိက အချက်ကိုပဲ ပြောပါ။ ခင်ဗျား စိတ်ကူးယဉ်ဆန်ချင်ရင် အခု ပြန်သွားလိုက်‌တော့။"

ဟော်ကျန့်ချန် - "..."

အလွန် အသည်းကွဲသွားသည်!

All Chapters