← Chapters

အခန်း (၁၉၈)

Vol. 16 Ch. 198

အခန်း (၁၉၈)

Vol. 16 Ch. 198

နိုင်ငံတစ်ဝှမ်းရှိ ကောလိပ်များနှင့် တက္ကသိုလ်များတွင် ကျောင်းသားများကို စာရင်းသွင်းတာ ရပ်တန့်လိုက်သည်မှာ ဆယ်နှစ်ရှိပြီဖြစ်သည်။ သူတို့ ပြန်ဖွင့်လာမည့်နေ့ကို မည်သူမျှ မမျှော်လင့်ထားပေ။

သတင်းထွက်လာသည်နှင့် တပြိုင်နက် ဆီအိုးထဲသို့ ရေတစ်ဆုပ် လောင်းထည့်လိုက်သလိုပင်။ တစ်တိုင်းပြည်လုံး တုန်လှုပ်သွားသည်။

သတင်းသည် ကျီလီ ထုတ်လုပ်ရေးအဖွဲ့ ထံရောက်သွားသောအခါ ရက်အနည်းငယ်ကြာပြီဖြစ်သည်။ သို့တိုင် ဤအရာက လူတိုင်း၏ ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုကို မလျှော့ချနိုင်ခဲ့ပေ။ အထူးသဖြင့် ပညာတတ်လူငယ်ဂေဟာရှိ ပညာတတ်လူငယ်များ ဖြစ်သည်။ သူတို့သည် ဝမ်းသာအားရဖြင့် ရူးလုမတတ် ဖြစ်သွားကြသည်။

ပညာတတ်လူငယ်အချို့သည် ကျေးလက်တွင် ဆယ်နှစ်ကျော်ကြာအောင် နေခဲ့ရသည်။ သူတို့ တစ်သက်လုံး ကျေးလက်မှာ နေရမယ်လို့ ထင်ပြီး မပြန်ကြတော့ပေ။ သူတို့ထဲက အများစုသည် အိမ်ထောင်ကျပြီး ထုတ်လုပ်ရေးအဖွဲ့တွင် ကလေးများရှိသည်။

ပညာတတ်လူငယ်များသည် လယ်ကွင်းသို့ မသွားကြပေ။ ကျောင်းမှာ စာသင်နေတဲ့ ပညာတတ်လူငယ်တွေတောင် စာသင်ဖို့ ကျောင်းမသွားတော့ပေ။ သူတို့စိတ်‌တွေက ကောလိပ်ဝင်ခွင့်စာမေးပွဲပေါ်မှာပဲ လုံးလုံးရှိနေကြသည်။

ထိုအချိန်တွင် ချောင်မိသားစုသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်း ပြောနေကြသည်။

ဝမ်ချွမ်ကျီက ဖရုံစေ့ စားနေပြီး သူမသည် ပြောသည်။ "ဒါက စာမေးပွဲတစ်ခုပဲ မဟုတ်လား?  ပညာတတ်လူငယ်တွေ ငိုရ ရယ်ရ ကျိုးနပ်ပါတယ်။ ရူးသွပ်တဲ့ ယောင်္ကျားတွေလိုပဲ!"

ဝမ်ချွမ်ကျီ၏ အမြင်အရ စာအုပ်များစွာကို လေ့လာခြင်းမှာ ဘာအသုံးဝင်လို့လဲ။ ဒီလူတွေဟာ လယ်ကွင်းထဲမှာ အလုပ်လုပ်နေကြတာ နှစ်အတော်ကြာနေပြီလား? သူတို့သည် သူတို့၏ မွေးရပ်မြေကို စွန့်ခွာခဲ့ကြရသည်။ သူတို့၏ ဘဝက ကျေးလက်က လူတွေလောက် မကောင်းပေ။

သူမသည် ခေါင်းငုံ့ကာ သူ့ဘေးမှာ ထိုင်နေတဲ့ သမီးအကြီးဆုံးကို တစ်ချက်ကြည့်လိုက်သည်။ သူမက “တုန်းဟယ် မင်းအဘွားက အိမ်ထောင်ဖက်ကောင်း တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ ပြောတယ်။ မနက်ဖြန် ကောင်းကောင်းဝတ်ပြီး မင်းအဘွားအိမ် ငါနဲ့လိုက်ခဲ့!”

ချောင်တုန်းဟယ်၏ မျက်လုံးများတွင် အထင်အမြင်သေးသည့် အကြည့်များ ပေါ်လာသည်။ သူမ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “အမေ သမီး အိမ်ထောင် စောစောမပြုချင်ဘူး။”

ဝမ်ချွမ်ကျီက ချက်ချင်း အော်ဟစ်လိုက်ပြီး “နင်က လက်မထပ်ရင် ဘာလုပ်ချင်တာလဲ? ငါတို့က နင့်ကို နှစ်ပေါင်းများစွာ စာသင်ဖို့ စီစဉ်ပေးခဲ့တယ်။ အဲဒါက အသုံးမဝင်ဘူး။ တခြားသူတွေက အထက်တန်းကျောင်းပြီးလို့ စက်ရုံတွေမှာ အလုပ်သွားလုပ်ကြပြီး သူတို့မိသားစုအတွက် ငွေအများကြီး ရှာနိုင်နေကြပြီ။ နင်က လစာပြန်မပေးနိုင်ဘူးလေ။ နင် ပိုက်ဆံ ပြန်မပေးနိုင်ရင် မကြာခင် ယောင်္ကျားယူရမယ်။”

ချောင်တုန်းဟယ်၏ မျက်နှာသည် နီမြန်းလာသည်။ သူမ၏ အဝတ်အစွန်းကို လက်ချောင်းများဖြင့် ချေကာ သူမ၏ ဖြူဖျော့နေသော နှုတ်ခမ်းကို ကိုက်လိုက်သည်။

သူမသည် ဇွန်လတွင် ဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးနောက် သူမသည် အစက ဆရာမလုပ်ရန် ထုတ်လုပ်ရေးအဖွဲ့သို့ ပြန်လာချင်ခဲ့သည်။ သို့သော် ထုတ်လုပ်ရေးအဖွဲ့တွင် သူမအတွက် နေရာမရှိပေ။

နောက်ပိုင်းတွင် ရှန်မိသားစုက သူမကို အလုပ်တစ်ခုနှင့် မိတ်ဆက်ပေးခဲ့သော်လည်း အင်တာဗျူးတွင် သူမကို ငြင်းပယ်ခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်က သူသည် လယ်ယာလုပ်ငန်း အထွတ်အထိပ်ရောက်သောအခါ သူသည် အိမ်၌ ကူညီပြီး လယ်ထဲတွင် အလုပ်လုပ်ခဲ့သည်။ သူ့အမေက သူ့ကို အသုံးမဝင်ဟု ပြော၍ မထီမဲ့မြင်ပြုသည်။ အဲ့ဝာာက သူမအတွက် အလွန်စိတ်ပျက်စရာဖြစ်သည်။

ပြီးခဲ့တဲ့လက သူ့အဘွားအိမ်က အိမ်ထောင်ဖက် တစ်ယောက်ကို သူမနှင့် မိတ်ဆက်ပေးခဲ့သည်။ အဲဒီလူက စစ်သားလုပ်ပြီး ပြန်လာတာ ဖြစ်သည်။ သူမတတိယဦးလေး၏ ဆက်ဆံရေးကြောင့် သူမသည် စစ်သားများကို အလွန်နှစ်သက်သည်။ ဒါကြောင့် သူ့ကို သွားတွေ့ခဲ့သည်။

ထိုလူသည် ကျောမတ်မတ်နှင့် အရပ်ရှည်ပြီး ပိန်သည်။ သူမသည် ပထမအမြင်က ကောင်းခဲ့သည်။ သို့သော် ထိုလူက ပါးစပ်ဖွင့်လိုက်သည်နှင့် သူမသည် စိတ်ပျက်သွားသည်။

ပထမတော့ သူသည် သူမကို ကုန်ပစ္စည်းတစ်ခုလို ကြည့်နေခဲ့သည်။ ထို့နောက် သူမကို ရုပ်ရည်မလှသည့်အတွက် ဝေဖန်စပြုလာကာ ပညာအများကြီးတတ်မြောက်ပြီး လယ်ထဲတွင် အဆုံးသတ်သွားသည့်အတွက် သူမကို အထင်အမြင်သေးကြောင်း ဖော်ပြခဲ့သည်။ ထိုယောင်္ကျား၏ အမေသည် သူမ၏ တင်ပါးကို စိုက်ကြည့်နေခဲ့သည်။ နောက်တော့ လူတိုင်းရှေ့မှာ သူမ အဘွားမိသားစုလို သူမသည်လည်း သမီးတွေပဲ ရှိမှာကို စိုးရိမ်တယ်လို့ မှတ်ချက်ပေးခဲ့သည်။

သူမသည် ဒေါသအရမ်းထွက်ပြီး မျက်ရည်ကျမိသည်။ ဒါတောင် သူမ အမေက သူမကို အပြစ်တင်နေတုန်း ဖြစ်သည်။ သူမ အဘွားက သူ့ကို မတားရင် သူမအမေသည် အဲဒီလူနှင့် ရင်းနှီးဖို့ သူမကို အတင်းအကြပ် လုပ်လိမ့်မည်။

ထိုအချိန်မှစ၍ သူမသည် အိမ်ထောင်ဖက်တွေ့ပေးတာကို ဆန့်ကျင်ခဲ့သည်။

တုံ့ပြန်မှုကင်းမဲ့သော သူမရဲ့ ဂျစ်ကန်ကန် အကျင့်စရိုက်ကို မြင်လိုက်ရတော့ ဝမ်ချွမ်ကျီက ဒေါသတကြီးနဲ့ "ငါ နင့်ရဲ့အမေပါ။ နင့်ရဲ့ကိစ္စတွေကို ငါပြောပိုင်ခွင့် ရှိတယ်။ ငါသွားခိုင်းရင် နင်သွားရမယ်။ မဟုတ်ရင်…"

"မဟုတ်ရင် ဘာဖြစ်လဲ?" ချောင်ရှို့ကျီသည် အပြင်မှ ဝင်လာပြီး သူမ၏ ကျားမျက်လုံးတစ်စုံဖြင့် သူမကို အေးစက်စွာ စိုက်ကြည့်နေသည်။

ဝမ်ချွမ်ကျီသည် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သူမရဲ့ မောက်မာမှုက ချက်ချင်း ဘာမှမရှိတဲ့ထိ လျော့ကျသွားသည်။

“အမေ ကျွန်မက တုန်းဟယ်အတွက် အကောင်းဆုံးကိုပဲ တွေးတာလေ။ သူက အသက် ဆယ့်ခုနစ်နှစ် ရှိနေပြီ။ အခု သူက ယောင်္ကျားကောင်းကို မရှာရင် တခြားသူတွေက သူတို့ကို ရွေးယူသွားလိမ့်မယ်။ ဒီကလေးက မထက်မြက်၊ စကားပြောလည်း မကောင်းတော့ ကျွန်မ သူ့တွက် အရမ်း ရင်လေးရတယ်။”

ချောင်ရှို့ကျီက သူမကို အေးစက်သောအကြည့်ကို ပေးလိုက်သည်။ ထို့နောက် သူမသည် ချောင်တုန်းဟယ်ကို လှည့်ကြည့်လိုက်ပြီး "တုန်းဟယ် ကောလိပ်ဝင်ခွင့် စာမေးပွဲ အကြောင်းကို မင်းသိလား? "

ချောင်တုန်းဟယ်က သူမ ခေါင်းကို မော့လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "သမီး သိပါတယ် အဘွား။"

ချောင်ရှို့ကျီက ဆက်ပြောသည်။ "ဒါဆို မင်း စာမေးပွဲ ဖြေချင်လား? မင်းက ဒီနှစ်ပဲ ဘွဲ့ရထားတာပြီး စာမေးပွဲ ဖြေဖို့ အရည်အချင်းတွေနဲ့လည်း ကိုက်ညီတယ်။ မင်း စာမေးပွဲ ဖြေချင်ရင် အခုပဲ စပြင်ဆင်တော့!"

ချောင်တုန်းဟယ်၏ မျက်နှာသည် နီမြန်းလာသည်။ သူမက အဘွားကို တည့်တည့်စိုက်ကြည့်ပြီး ပြောသည် "အဘွား သမီး လုပ်နိုင်ပါ့မလား?"

ချောင်ရှို့ကျီ - "မင်း လုပ်နိုင်ပါ့မလားဆိုတာ ငါမသိဘူး။ ငါမင်းကို မင်းဖြေချင်လားလို့ပဲ မေးတာ။ မင်းဖြေချင်တယ်ဆို ငါမင်းကို စာလုပ်ဖို့ ထောက်ပံ့ပေးမယ်။ မင်းမဖြေချင်ရင်လည်း မင်းကို အတင်းအကြပ်မလုပ်ဘူး!"

ချောင်တုန်းဟယ်သည် မဖြေခင်မှာ ဝမ်ချွမ်ကျီက "အမေ၊ ဘာလို့ မိန်းကလေးတွေက ဒီလောက် စာလေ့လာရမှာလဲ? တုန်းဟယ်က အရမ်းနုံတယ်။ သူက ကောလိပ်တက်ရရင်တောင် အလုပ်မရှာနိုင်ဘူး။ ဘာလို့ ပိုက်ဆံတွေ ဖြုန်းတီးနေတာလဲ? လက်ထပ်ဖို့ ယောင်္ကျားကို  အမြန်ရှာလိုက်တာက အကောင်း…"

ချောင်ရှို့ကျီ - “မင်း အရမ်းလက်ထပ်ချင်တယ်ဆို မင်း အကြီးဆုံးကို ကွာရှင်းပြီး နောက်အိမ်ထောင် ပြုလိုက်။ ငါ့မြေးမက လက်မထပ်ချင်ဘူး။ သူ အိမ်ထောင်မပြုချင်ဘူးဆိုရင် ငါတို့ ချောင်မိသားစုက သူ့ကို တစ်သက်လုံး ထောက်ပံ့နိုင်တယ်။”

ဝမ်ချွမ်ကျီ - "..."

ချောင်တုန်းဟယ်၏ မျက်ရည်များ ကျလာသည်။ သူမသည် အပြေးသွားပြီး အဘွားကို ပွေ့ဖက်ကာ "အဘွား၊ သမီး ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေချင်တယ်။ သမီး စာလုပ်ချင်တယ်!"

သူမရဲ့ ပုံစံက ချစ်ဖို့မကောင်းပေ။ သူမ ပါးစပ်ကလည်း အပြောမကောင်းပေ။ တစ်ခုတည်းသောအချက်မှာ သူမသည် စာလေ့လာရာ၌ တော်သည်။ တကယ်တော့ သူမသည် စာလုပ်တာ သူမ၏ မောင်နှမတွေလောက် မတော်ပေ။ သူမသည် တကယ်ကို အသုံးမဝင်ပါ။

ဒီလို ရှားရှားပါးပါး အခွင့်အရေးမျိုး သူ့အဘွားက သူ့ကို ပေါပေါပဲပဲ ပေးတာ မဟုတ်ပေ။ သူမကို တကယ် အခွင့်အရေးကောင်း ပေးတာပင်!

ချောင်ရှို့ကျီက သူမခေါင်းကို ပွတ်သပ်ပေးပြီး "မင်းပါဝင်ချင်တယ်ဆို သေချာပြန်ပြင်ဆင်ဦး။"

ချောင်တုန်းဟယ်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများကြောင့် နီရဲလာသည်။ သူမက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြီး "အင်း သမီး ကောင်းကောင်း ပြင်ရမယ်။ သမီး သေချာပေါက် ကောလိပ်ဝင်ခွင့်ရမှာ!"

သူမသည် ချောင်မိသားစုတွင် ပထမဆုံး ကောလိပ်ကျောင်းသား ဖြစ်ချင်သည်။ သူ့အဘိုးအဘွားတွေကို သူ့ကြောင့် ဂုဏ်ယူစေချင်သည်။

ချောင်ရှို့ကျီက ဝမ်ချွမ်ကျီ၏ မျက်နှာကို ထပ်စိုက်ကြည့်ကာ လျစ်လျူရှုပြီး ပြောလိုက်သည်။ “တုန်းဟယ်ရဲ့ စာအုပ်တွေက ပြန်လည်‌လေ့ကျင့်ဖို့‌။ ပညာတတ်လူငယ်တစ်ယောက်က စာအုပ်လာငှားရင် ဘယ်သူမှ မငှားရဘူး။ ပြီးတော့ ဒီနေ့ကစပြီး ဘယ်သူကမှ သူ့ကို မနှောင့်ယှက်ရဘူး။ မဟုတ်ရင် ချောင်အိမ်ထဲက ထွက်သွား။”

ဝမ်ချွမ်ကျီ - "..."

သူမ၏ ရင်ဘတ်ကို ထိလိုက်သည်နှင့် သူမ၏ မျက်နှာသည် နီရာမှ ဖြူဖျော့လာသည်။ ဒေါသကြောင့် သူမသည် သေတော့မည်ဟု ခံစားနေရသည်။

ဒီအိမ်ထောင်ဖက်က အရမ်းချမ်းသာပြီး ခန်းဝင်ပစ္စည်း ယွမ်ရှစ်ဆယ် ပေးဖို့ ဆန္ဒရှိကြောင်း သူမ အမေက သူမကို ပြောပြသည်။

ယခုအချိန်တွင် သတို့သမီး၏ စျေးနှုန်းမှာ ပုံမှန်အားဖြင့် ဆယ်ယွမ်နှင့် ယွမ်နှစ်ဆယ် ဖြစ်သည်။ ရက်ရောသူက ယွမ်သုံးဆယ်၊ လေးဆယ်ပေးသည်။ မြို့က ချမ်းသာတဲ့သူတွေက ယွမ်ငါးဆယ်ပေးသည်။ ယွမ်ရှစ်ဆယ်ပေးတဲ့ ချမ်းသာသော မိသားစုက လာဖို့ ခက်သည်။

သူမသည် တုန်းဟယ်ကို ယောင်္ကျားများ စိတ်ကျေနပ်အောင် သင်ကြားပေးပြီး ထိုချမ်းသာသော အနာဂတ် သားမက်ကို ကြွေသွားရန် စီစဉ်ခဲ့သည်။ သို့သော် ယောက္ခမသည် လမ်းတစ်ဝက်တွင် မမျှော်လင့်ဘဲ ပိတ်ဆို့သွားခဲ့သည်။

မိန်းကလေးတွေ ဘာကြောင့် စာလေ့လာသင့်တာလဲ? ဘယ်လောက်ပဲ သူတို့က ဖတ်တတ်နေပါစေ သူတို့သည် တခြားမိသားစုကပဲ ဖြစ်သွားလိမ့်မည်။

သူမသည် ဒေါသထွက်တာ အသုံးမဝင်ပေ။ သူမသည် ယောက္ခမကို ဆန့်ကျင်ပြီး အနိုင်ယူလို့မရပေ။

...

ချောင်မိသားစုနှင့် ပညာတတ်လူငယ်များသည် ကောလိပ်ဝင်ခွင့်စာမေးပွဲကြောင့် ရှူပ်ရှုပ်ရှပ်ရှပ် ဖြစ်သည့်အပြင် ပို၍ပင် ဆူညံနေသော မိသားစုအချို့လည်း ရှိသည်။ ပညာတတ်လူငယ်များနှင့် ဒေသခံစုံတွဲများရှိသည့် မိသားစုများ ဖြစ်သည်။

ဝမ်ရွှေရှန်သည် ကျေးရွာအစည်းအဝေးမှ ပြန်လာပြီးနောက်တွင် သူသည် ပညာတတ်လူငယ်များအားလုံး ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုနိုင်ကြောင်း လူတိုင်းကို ကြေညာခဲ့သည်။

ဤသည်မှာ ပညာတတ်လူငယ်များ မြို့သို့ပြန်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်သည်။ ဒါကြောင့် အမျိုးသား၊ အမျိုးသမီး ပညာတတ်လူငယ်တွေက ကောလိပ်ဝင်ခွင့် စာမေးပွဲကို ပါဝင်ချင်ကြသည်။ သို့သော်လည်း သူတို့၏ ဒေသခံအိမ်ထောင်ဖက်များက သူတို့ကို မပါဝင် စေချင်ပေ။

အကြောင်းပြချက်က အရမ်းရိုးရှင်းသည်။ သူတို့သည် ထွက်သွားပြီးတာနှင့် ပြန်မလာတော့မှာကို သူတို့က ကြောက်ကြသည်။

ဒါဟာ ဖြစ်နိုင်ချေရှိတဲ့ အတွေးတစ်ခုပင်။ မြို့ကို ပြန်ရောက်တာနှင့် သူတို့သည် မြို့သူမြို့သားတွေ ဖြစ်လိမ့်မည်။ ဘယ်သူက ကျေးရွာက အိမ်‌ထောင်ဖက်နှင့် ကလေးတွေကို လိုချင်မှာလဲ။ ဒါကြောင့် ပညာတတ် လူငယ်တွေနှင့် လူတွေက အခုဆို ပြဿနာတွေတက်နေကြသည်။

လင်းဟွေ့၏ ပဉ္စမမြောက် အစ်ကိုသည် အမျိုးသမီး ပညာတတ်လူငယ်တစ်ဦးနှင့် လက်ထပ်ခဲ့သည်။

အခုဆိုလျှင် အမျိုးသမီး ပညာတတ်လူငယ်သည် ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် ပါဝင်ချင်သည်။ ဒါပေမယ့် လင်းဟွေ့ရဲ့အမေ ဝမ်ချိုးယင်က သူထွက်သွားပြီးတာနှင့် ပြန်မလာမှာကို ကြောက်နေခဲ့သည်။ ထို့ကြောင့် သူမထွက်သွားရင် ခင်ပွန်းနှင့် သားသမီးများ ကျန်ခဲ့လိမ့်မည်။ ဒါကြောင့် သူမသည် လျှောက်ထားခြင်းမပြုရန် တားမြစ်ခဲ့သည်။

ထိုအမျိုးသမီး ပညာတတ်လူငယ်ကို ကျိုးရွှယ်ဟုခေါ်သည်။ သူမသည် စိတ်ဓာတ်ခိုင်မာသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ယောက္ခမနှင့် စကားများ ရန်ဖြစ်ရာ နေရာ၌ပင် ဝမ်ချိုးယင်သည် အလွန်အမင်း ရူးသွပ်သွားကာ နှလုံးဖောက်လုနီးပါး ဖြစ်သွားသည်။ ကျိုးရွှယ်လည်း ဝုန်းဒိုင်းကြဲပစ်ခဲ့သည်။

ပဉ္စမ‌မြောက်လင်းသည် အမျိုးသမီးနှစ်ဦး၏ နှောင့်ယှက်မှုကို ခံရပြီး သူ့ခေါင်းကြီးသွားသည်။ သူသည် ဘယ်ဘက်ကပဲ ရပ်တည်နေပါစေ သူက မှားသည်။

လင်းဟွေ့သည် အမွှာများကို သူမ၏ မိခင်အိမ်သို့ ခေါ်လာခဲ့သည်။ တံခါးဝသို့မဝင်မီတွင် သူမ၏ ပဉ္စမမြောက် အစ်ကိုကို “ပဉ္စမမြောက် အစ်ကို ဒီကိစ္စကို အစ်ကိုဘယ်လိုထင်လဲ? ပဉ္စမ‌မြောက် ယောင်းမက ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဖို့တောင်းဆိုရင် အစ်ကို သဘောတူမှာလား?”

ပဉ္စမမြောက် လင်းက သက်ပြင်းချလိုက်ပြီး ပြန်ပြောလိုက်သည်။ "ဒါက ငါသဘောတူလား သဘောမတူဘူးလားဆိုတာ မေးရမှာ မဟုတ်ဘူး။ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ဘယ်သူကမှ မတားဆီးရဘူးလို့ ကျေးရွာက ပြောထားပြီးသား။"

မဟုတ်ရင် သူတို့သည် အဖမ်းခံရလိမ့်မည်။

ထို့အပြင် ဇနီးသည်၏ ပင်ကိုယ်စရိုက်ကြောင့် သူသည် သူမကို တကယ် တားလိုက်လျှင် အနာဂတ်တွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည် မဟုတ်ပေ။

လင်းဟွေ့က သက်ပြင်းချလိုက်ပြီး ပြောသည်။ "ညီမ နားလည်ပါတယ်။ ညီမ အမေနဲ့ စကားပြောလိုက်မယ်"

သူ့အမေရဲ့အခန်းထဲကို ဝင်လိုက်တာနှင့် ညည်းတွားရင်း ခေါင်းပေါ်မှာ အဖြူရောင် မျက်နှာသုတ်ပုဝါတစ်ထည်နှင့် ကုတင်ပေါ်မှာ လှဲနေသော သူမ အမေကို တွေ့လိုက်ရသည်။

လင်းဟွေ့က အမြန်ဝင်လာပြီး ပြောလိုက်သည်။ "အမေ ဘယ်လိုနေလဲ? အမေ သမီးကို ဆေးခန်း‌ခေါ်သွားစေချင်လား?"

ဝမ်ချိုးယင်သည် မျက်လုံးတစ်ဖက်ကို ဖွင့်လိုက်ပြီး သူမနောက်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ နောက်မှာ ဘယ်သူမှမရှိတာကိုမြင်တော့ သူမသည် မျက်နှာသုတ်ပုဝါကို ဘေးသို့ ပစ်လိုက်သည်။

သူမ ထထိုင်ကာ "မဟုတ်ဘူး ငါအဆင်ပြေတယ်။ မင်းရဲ့ ပဉ္စမမြောက် အစ်ကိုအတွက် ဟန်ဆောင်နေတာ။ မဟုတ်ရင် မင်းရဲ့ ပဉ္စမအစ်ကိုရဲ့ နူးညံ့သိမ်မွေ့တဲ့ စရိုက်ကြောင့် ဒီမိန်းမက လှည့်ဖြားရင် သူက သေချာပေါက် သဘောတူလိမ့်မယ်!"

လင်းဟွေ့က အနည်းငယ် အံသြသွားသည်။ "အမေ ပဉ္စမမြောက် အစ်ကိုနဲ့ တူလေးအတွက် ဒီလိုလုပ်နေတာ သမီးသိပါတယ်။ ဒါပေမယ့် အမေ သူ့ကို တားလို့မရဘူးလေ။ တားလို့လည်း မရဘူး! ဒီတစ်ခါ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အမေ သူ့ကို အတင်းအကြပ် လက်လျှော့ခိုင်းရင် သူ့စိတ်ထဲမှာ နာကြည်းမှု မရှိသွားဘူးလို့ အမေ ထင်လား?"

ဝမ်ချိုးယင်က အံကြိတ်ပြီး "ငါက ဗီလိန်ဖြစ်ချင်တယ်လို့ မင်းထင်နေတာလား? ဒီပညာတတ်အမျိုးသမီးက မြို့ကို ပြန်ရောက်တာနဲ့ ကျေးလက်က ရွှံ့ခြေထောက်တွေကို ဘယ်လိုလုပ် ကြိုက်နေဦးမှာလဲ။ မင်းတူလေးက သုံးနှစ်ပဲရှိသေးတယ် ဒါဆို ဘာလုပ်ရမလဲ?"

လင်းဟွေ့ - “အမေ ပဉ္စမမြောက် ယောင်းမက ဒီလိုလူမဟုတ်ပါဘူး။ ဒါ့ပြင် ပဉ္စမမြောက် ယောင်းမက ကောလိပ်တက်နိုင်ရင် နောင်အနာဂတ်မှာ အမေ့မြေးလေးတွက် အကူအညီဖြစ်မှာ မဟုတ်ဘူးလား? ပြီးတော့ သမီးတို့ လင်းမိသားစုက ကောလိပ်ကျောင်းသားကို မွေးထုတ်ပေးနိုင်ရင် ဒါဟာ ဂုဏ်ယူစရာကိစ္စပဲ မဟုတ်လား အမေ?”

ဝမ်ချူးယင်က သူမပြောသောစကားကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး "ဒါပေမယ့်... စာမေးပွဲပြီးလို့ သူ ပြန်မလာရင် ဘယ်လိုလုပ်မလဲ?"

လင်းဟွေ့က သက်ပြင်းချပြီး “အမေ တုန်းလင်ရဲ့ အဖေ မြို့ကို ပြန်တော့ အမေက သူ့ကို သွားခွင့်မပေးဖို့ သမီးကို ပြောခဲ့တယ်နော်။ သမီး သူ့ကို အစကနေ အဆုံးထိ တားဖို့ မစဉ်းစားခဲ့ဖူးဘူး။ သူက မကောင်းတာနဲ့ ကြုံလာရင်တောင် သမီး နောင်တရမှာ မဟုတ်ဘူး။ သမီး သူ့ကို တားလိုက်ရင် သူ့စိတ်ထဲမှာ နာကြည်းမှုတွေ ဖြစ်လာလိမ့်မယ်။ သမီး သူ့ကို နေခိုင်းလိုက်ရင် သူက နာကြည်းမှုတွေကို လက်ကိုင်ထားမှာ အဲ့ကျ သမီးတို့က လိုက်လျောညီထွေ ဖြစ်မှာ မဟုတ်တော့ဘူး။ အဲ့တာကြောင့် သူ့ကို ခွင့်ပြုလိုက်တာက ပိုကောင်းတယ်။”

တစ်ဖက်သားမှာ အသိတရားရှိတယ်ဆိုရင် သူတို့ကို မစွန့်လွှတ်မှာ သေချာပါသည်။ သူ့မှာ အသိတရားမရှိရင်တော့ ဘာက သူ့ကို ထိန်းထားမှာလဲ?

သူ့သမီးရဲ့ လက်ရှိဘဝကို တွေးတောရင်း အဆုံးမှာတော့ ဝမ်ချူးယင်က စိတ်လျှော့လိုက်ပြီး "ကောင်းပြီ။ သူဖြေချင်တဲ့ စာမေးပွဲဖြေလို့ရတယ်။ ငါ ဗီလိန် မဖြစ်ချင်တော့ဘူး!"

All Chapters