← Chapters

အခန်း (၂၀၃)

Vol. 16 Ch. 203

အခန်း (၂၀၃)

Vol. 16 Ch. 203

ချောင်ရှို့ကျီက ရှန် မိသားစုကို နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရန် မြို့သို့သွားသောအခါ သူမသည် ရှန် မိသားစုကို မြို့တွင် အိမ်ခြံမြေများဝယ်လိုကြောင်းနှင့် သူတို့ကို ကူညီရန် တောင်းဆိုခဲ့သည်။

ထုံးစံအတိုင်း ရှန် မိသားစုက မကန့်ကွက်ခဲ့ပေ။ အဲ့ဒီအစား သူတို့၏ ချဉ်းကပ်မှုကို အပြည့်အဝသဘောတူခဲ့သည်။

ချောင်မိသားစု ထွက်ခွာသွားပြီးနောက် ရှန်ရှို့ခိုင်သည် သူ့၏ဇနီး ချင်းရှောင်မေနှင့် စကားပြောခဲ့သည်။ " ဒီနှစ်မှာ နိုင်ငံက လှုပ်ရှားမှုကြီးကြီးမားမား ဖြစ်မယ်လို့ ငါကောလဟာလတွေ ရထားတယ်။ ဒါက တိုင်းပြည်နဲ့လူမျိုးအတွက် ကောင်းတယ်။ ချောင်မိသားစုက မရိုးရှင်းဘူး။ ငါ ခံစားချက်တစ်ခု ရနေတယ်။ ငါတို့ ရှန် မိသားစုက နောင်မှာ သူတို့ ချောင် မိသားစုနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး!"

ချင်းရှောင်မေက နားထောင်ပြီးနောက် “ဒီလိုဆို မြို့ထဲမှာ အိမ်နည်းနည်းလောက် ထပ်ဝယ်ရအောင်လား?”

ချောင်မိသားစုက အရမ်းကြီးပြီး အံ့သြစရာကောင်းတဲ့ ကံကောင်းမှုတွေ ရရှိခဲ့တာကြောင့် သူမသည် သူတို့ရဲ့ လမ်းကြောင်းအတိုင်း လိုက်သွားရမည်။ နောင်တွင် သူတို့သည် အသားစားသောအခါတွင် သူတို့နှင့်အတူ သူမသည် အသားဟင်းရည် သောက်ရမည်။

ရှန်ရှို့ခိုင်က ရယ်ပြီး "မင်းစိတ်က မြန်လိုက်တာ။ ဟုတ်တယ်။ နောင်ကျ ငါတို့ မြို့ထဲမှာ အိမ်နည်းနည်း ထပ်ဝယ်မယ်!"

အိမ်ဝယ်ခြင်းသည် နေ့ချင်းညချင်း လုပ်နိုင်သော အရာမဟုတ်ပါ။ လူတိုင်းက ဒီရည်ရွယ်ချက်ရှိပြီးသားမို့ သူတို့ကို အာရုံစိုက်ကြလိမ့်မည်။ သူတို့ အဲ့မှာ ရှိနေရင် အဲ့တာက ဆွေမျိုးများနှင့် သူငယ်ချင်းများကို သူတို့ကိုယ်တိုင် ရှာဖွေခြင်းထက် အာရုံစိုက်ကူညီရန် ပိုမိုမြန်ဆန်မည်ဖြစ်သည်။

——

မီးပုံးပွဲတော်အပြီးတွင် ကျောင်းများသည် တစ်ခုပြီးတစ်ခု စတင်ခဲ့သည်။

ချောင်တုန်းယင်သည် အထက်တန်း ဒုတိယနှစ်သို့ တက်ခဲ့သည်။ အန်းပင်းက ပထမနှစ်။ သာ့ချောင်သည် မူလတန်းဒုတိယနှစ်ဖြစ်ပြီး တုန်းလင်သည် စတုတ္ထတန်းဖြစ်သည်။ အငယ်လေးတွေက ကျောင်းတက်ဖို့ အသက်မပြည့်သေးပေ။

ကျောင်းစပြီး လဝက်အကြာတွင် ထုတ်လုပ်ရေးအဖွဲ့သည် အကြောင်းကြားစာငါးစောင် ရရှိခဲ့သည်။ အဲဒီထဲက တစ်ခုက ချောင်မိသားစုထံ ဖြစ်သည်။

ထုတ်လုပ်ရေးအဖွဲ့မှ ပညာတတ်လူငယ်များ စုစုပေါင်း ဆယ့်ငါးဦးသည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့ကြသော်လည်း လေးဦးသာ ဝင်ခွင့်ရရှိခဲ့သည်။ လင်းဟွေ့၏ ပဉ္စမမြောက် ‌ယောင်းမသည် သူတို့ထဲမှ တစ်ဦးမဟုတ်ခဲ့ပေ။ တကျီကတော့ ဖြစ်ခဲ့သည်။

သူမကို နည်းပညာကျောင်းတစ်ခုသို့ တက်ရောက်ခဲ့သည်။ တက္ကသိုလ် မဟုတ်သော်လည်း နည်းပညာကျောင်းသည် ဤခေတ်တွင် အလွန်တန်ဖိုးရှိသေးသည်။

တကျီက အကြောင်းကြားစာကို ယူပြီး ဖွင့်ဖောက်လိုက်သည်။ သူမသည် သူမ အမေအိမ်သို့ ပြန်သွားတော့မည်။

တစ်စုံတစ်ခုကို သတင်းရပြီးနောက် ကော်ရှန်က အမြန် သူ့သမီးငယ်လေးကို လက်တစ်ဖက်နှင့် ချီပြီး သူ့သားကို နောက်တစ်ဖက်ဖြင့် ကိုင်ကာ တားလိုက်သည်။

"မေမေ၊ မေမေ၊ သမီးကို ဖက်ထား" သူတို့ရဲ့သမီး လျိုရှောင်ယင်က တကျီကိုတွေ့တာနဲ့ သူမကို ပွေ့ဖက်ဖို့ သူ့ဆီ ချက်ချင်းလက်ကို ဆန့်လိုက်သည်။

ကလေးများသည် အမှန်ပင် အဆိုးဆုံးဖြစ်သည်။

တကျီသည် ကလေးနှစ်ယောက်အတွက် မိခင်တစ်ယောက်လို ပြုမူခဲ့ခြင်း မရှိပေ။ သူမသည် သူတို့ကို မကြာခဏ ရိုက်နှက်ကြိမ်းမောင်းသည်။ သို့သော်လည်း ကလေးများ၏ နှလုံးသားထဲတွင် သူမသည် သူတို့၏မိခင်ဖြစ်သည်။

ရူးကြောင်ကြောင် ကော်ရှန်သည် သူ့သမီးငယ်လေးကို တကျီ၏ ရင်ခွင်ထဲသို့ ထည့်ထားချင်ပြီး သမီးငယ်လေးအတွက်သာ သူမသည် မထားခဲ့ဖို့ သူမျှော်လင့်ထားသည်။

တကျီသည် စိတ်အနှောင့်အယှက် ဖြစ်လွန်းလို့ သူမ သမီးကိုတောင် မကြည့်ဘဲ တွန်းထုတ်ပစ်လိုက်သည်။

အရင်တုန်းကတော့ ဒီကလေးနှစ်ယောက်ကို မကြိုက်ဘူး။ ယခု သူမကို နည်းပညာကျောင်းတစ်ခုသို့ ဝင်ခွင့်ပေးခဲ့ပြီး သူမ၏ ခြေလှမ်းများကို သူတို့က ဘယ်လို တားဆီးနိုင်မလဲ?

ဒီမ‌ကောင်းဆိုးဝါး အတားအဆီးနှစ်ခုက ဒီကမ္ဘာကြီးမှာ ဘယ်တော့မှ ပေါ်မလာပါစေနဲ့လို့ သူမတကယ်ဆန္ဒရှိခဲ့သည်။ သူတို့သည် သူမကို အရှက်ရစေသည်!

စိတ်ထဲမှာ ဒီလို နှလုံးသားမျိုးနဲ့ သူမသည် ကလေးကို နာကျင်စေမှာကို လုံးဝ မစိုးရိမ်ပေ။ သူမ၏ လက်သည်းများက ကလေး၏နူးညံ့သောမျက်နှာကို ကုတ်ခြစ်ထားသည်။ တချက်တည်း သွေးတွေ ကျလာသည်။

ကလေးမလေးက "နာတယ်... ဖေဖေ နာတယ်..."

ကလေးမလေး၏ သွေးထွက်နေသော မျက်နှာကို မြင်လိုက်ရသောအခါတွင် ရူးကြောင်ကြောင် ကော်ရှန်သည် ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားသည်။ " မင်း ကလေးတွေကို ဂရုမစိုက်တာကို မင်းကို ငါ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ဒါပေမယ့် အခု မင်းဘာလုပ်နေလဲ? ဒါ မင်း သမီး ရှောင်ယင်မဟုတ်ဘူးလား?"

တကျီက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။ "ဖွီ! နင်ငါ့ကို အတင်းအကြပ်မလုပ်ရင် ငါ သူတို့ကို မွေးချင်တယ်လို့ နင်ထင်နေတာလား? ငါပြောနေတာက ငါ မြို့ကို ပြန်တော့မယ်။ ငါ့ကို လာလည်း မရှာနဲ့!"

အပြာရောင်သွေးပြန်ကြောများ နဖူးပေါ် ထောင်လာပြီး ရူးကြောင်ကြောင် ကော်ရှန်၏ မျက်လုံးများ နီရဲလာသည်။

ဒါကိုမြင်တော့ တကျီက သူမကို ရိုက်မယ်လို့ တွေးလိုက်သည်။ သူမသည် ကြောက်လန့်တကြား နောက်ဆုတ်သွားခဲ့သည်။

သို့သော် ရူးကြောင်ကြောင် ကော်ရှန်သည် လှုပ်ရှားမှုမပြုလုပ်မီ လျိုရှောင်ဟူက အပြေးအလွှားလာကာ တကျီကို လက်သီးနှင့် ထိုးသည်။ "မိန်းမယုတ် မိန်းမယုတ် မင်းကို ငါရိုက်မယ်!"

လျိုရှောင်ဟူသည် ငယ်ရွယ်သော်လည်း ကလေးလေးမှာ အားသန်သည်။ သူသည် အိမ်မှာ အိမ်အလုပ်တွေ ကူညီပေးလေ့ရှိသည်။ ထို့ကြောင့် သူ၏ရိုက်ချက်ကြောင့် တကျီသည် နာကျင်စွာ အော်ဟစ် ငိုကြွေးခဲ့သည်။

"စောက်ကလေး!" တကျီက လန့်သွားပြီး လျိုရှောင်ဟူကို တွန်းထုတ်လိုက်သည်။

တကျီသည် ဘယ်လောက်ပဲ ပျော့ညံ့နေပါစေ သူမဟာ အရွယ်ရောက်ပြီး ဖြစ်သည်။ ဤတွန်းအားဖြင့် လျိုရှောင်ဟူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ ဦးခေါင်းနောက်ဘက်သည် ကျောက်တုံးနှင့် ရိုက်မိသွားသည်။

“အစ်ကိုကြီး၊ အစ်ကိုကြီး သွေးထွက်နေတယ်…” လျိုရှောင်ယင်သည် သူ့အစ်ကိုကြီး တွန်းချခံရသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် ငိုကြွေးလာသည်။

ရူးကြောင်ကြောင် ကော်ရှန်သည် သည်းမခံနိုင်တော့ပေ။

သူ့သမီးလေးကို မြေကြီးပေါ်ချပြီး အပြေးအလွှားသွားကာ တကျီကို နှစ်ကြိမ် ပါးရိုက်လိုက်သည်။ ထို့နောက် သူသည် တကျီကို မြေပြင်ပေါ်သို့ တွန်းလှဲကာ အပြင်းအထန် ကန်ကျောက်ခဲ့သည်။

ရူးကြောင်ကြောင် ကော်ရှန်က အရွယ်ရောက်ပြီးသူပင်။ သူသည် တစ်နှစ်ပတ်လုံး လယ်ကွင်းများတွင် အလုပ်လုပ်ရသည်။ သူ၏ လက်သီးနှင့် ကန်ချက်များသည် လျိုရှောင်ဟူနှင့် အလွန်ကွာခြားသည်။

တကျီက ပြန်မတိုက်နိုင်တော့တဲ့အထိ အရိုက်ခံရသည်။ သူမသည် မြေပြင်ပေါ်တွင် ခွေပြီး လဲကျကာ သူမ ပါးစပ်မှ အော်ဟစ်နေသည်။ "ကူညီပါ...လူသတ်သမား..."

အရူး ကော်ရှန်သည် အကြာကြီး သည်းခံခဲ့သည်။ ဒီအလွန်အကျွံ ဖြစ်ပွားမှုနှင့်အတူ သူ့မျက်လုံးများသည် ဒေါသကြောင့် ဘာမှမမြင်နိုင် ဖြစ်သွားသည်။ "မင်း အဆိပ်ပြင်းတဲ့မိန်းမ။ မင်း ငါ့ကို ရိုက်နှက်ကြိမ်းမောင်းတာ လုံလောက်ပြီ။ ဒါပေမယ့် ရှောင်ဟူနဲ့ ရှောင်ယင်က မင်းရဲ့သားသမီးတွေလေ။ သူတို့က အရမ်းငယ်သေးတာ။ မင်းတကယ်ပဲ သူတို့ကို ရိုက်ရက်လိုက်တာ။ ငါ မင်းကို သေအောင် ရိုက်မယ်!"

"ငါ့ကိုကူညီပါ... ငါမှားပါတယ်... ငါ့ကို မရိုက်ပါနဲ့... ရှောင်ဟူ အမေ့ကို လာကယ်ပါ..."

တကျီသည် ဤနှစ်များတစ်လျှောက်လုံး မာနကြီးခဲ့သည်။ ရူးကြောင်ကြောင် ကော်ရှန်ရဲ့ နှာခေါင်းကို မကြာခဏ ထိုးပြီး အရှက်မရှိတဲ့လူဆိုပြီး ကြိမ်းမောင်းခဲ့သည်။ ဒီအရှက်မရှိတဲ့လူက ရူးသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ အဲ့တာက သူမ၏ အတွေးကို လုံးဝကျော်လွန်သွားခဲ့သည်။

တကျီက နာကျင်စွာ လူးလှိမ့်နေရင်း လျိုရှောင်ဟူက သူမရဲ့ ငိုသံကို ကြားလိုက်ရသည်။ သူ့၏ ရင့်ကျက်သော မျက်လုံးများက သူမကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ သူသည် တားရန် ခြေလှမ်းမစခဲ့ပေ။

ရွာသားတွေက ဆူညံသံကြားလို့ ပြေးထွက်လာကြသည်။ မြင်ကွင်းကိုမြင်တော့ သူတို့သည် တားဖို့ အသဲသန်ပြေးကြသည်။

“ကော်ရှန် မြန်မြန်ရပ်လိုက်။ မင်း ဆက်ရိုက်ရင် အသက်အန္တရာယ် ရှိလိမ့်မယ်!”

ရူးကြောင်ကြောင် ကော်ရှန်သည် ရိုက်နေချိန်တွင်း အသိစိတ်ပျောက်သွားပြီး ဂရုမစိုက်တော့ပေ။ လောလောဆယ်မှာတော့ သူ့ကို စည်းရုံးဖို့ ထွက်လာတဲ့ အမျိုးသမီးတွေ ဖြစ်သည်။ လောလောဆယ်တော့ သူတို့သည် သူ့ကို မတားနိုင်သေးဘူး။

"ကော်ရှန် မင်းမရပ်ရင် သူသေလိမ့်မယ်။ မင်းတို့ နှစ်ယောက်အတူတူသေရင် ရှောင်ဟူနဲ့ ရှောင်ယင် ဘာလိုလုပ်မှာလဲ?"

အားလုံးက တကျီကို မကြိုက်ပေမယ့် ကော်ရှန်က သူမကို အသေသတ်တာကို မကြည့်နိုင်ကြပေ။

နောက်ဆုံး စကားတစ်ဝက်ကိုကြားတော့ ကော်ရှန်သည် ရပ်တန့်သွားသည်။

သူ့လက်ကို လျှော့လိုက်သည်။ စိတ်ပျက်အားငယ်မှုနှင့် စိတ်ပျက်မှုများသည် သူ့မျက်နှာတွင် ပြည့်နှက်နေသည်။

ရှောင်ကျန်းကော်သည် သူ့သမီး၏ ဝင်ခွင့်အသိပေးစာကို ယူရန် ထုတ်လုပ်မှုအဖွဲ့ရုံးသို့ သွားနေစဉ် ရုတ်တရက် လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ခြင်းခံခဲ့ရသည်။

တကျီက ရှောင်ကျန်းကော်ရဲ့ ခြေထောက်တွေကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီး အကူအညီ တောင်းလိုက်သည်။ "အစ်ကို ချောင် ငါ့ကိုကယ်ပါ!"

ချောင်ကျန်းကော် - ? ? ?

လူအုပ် - ? ? ?

ရူးကြောင်ကြောင် ကော်ရှန်သည် ရိုက်နှက်တာကို ရပ်သွားခဲ့ပြီဖြစ်သည်။ သူသည် တကျီရဲ့ စကားကိုကြားတော့ ချက်ချင်းပဲ ခေါင်းကိုမော့လိုက်သည်။ နီရဲသောမျက်လုံးတစ်စုံက သူတို့နှစ်ယောက်ကို စိုက်ကြည့်လာသည်။

အခြားသူများကလည်း မရေရာသော အတင်းအဖျင်းကို အနံ့ခံနေပုံရသည်။ သူတို့ မျက်လုံးတွေက ချောင်ကျန်းကော်ကိုသာ စိုက်ကြည့်နေကြသည်။

တကျီရဲ့ ပုံစံက အရင်ကလောက် အဆင်မပြေတော့သော်လည်း သူမက ကလေးနှစ်ယောက် မွေးထားပေမယ့် လယ်ကွင်းထဲ သွားခဲသည်။ ဘက်မလိုက်ဘဲ ပြောရရင် သူမသည် အရမ်းဆွဲ‌ဆောင်မှု ရှိနေသေးသည်။ သူ့ဇနီး ဝမ်ဝက်သတ်သမားနဲ့ နှိုင်းယှဥ်လိုက်ရင် သူမဟာ မြေပြင်ပေါ်ကို ဆင်းသက်လာတဲ့ နတ်သမီးလို့ ဆိုနိုင်ပါသည်။

ချောင်ကျန်းကော်သည် တကျီနှင့် ဆက်ဆံရေးရှိမရှိကို လူတိုင်းက မတွေးမိဘဲ မနေနိုင်ကြပေ။

ချောင်ကျန်းကော်က သူ့ခြေထောက်ကို အတင်းဆွဲထုတ်လိုက်သည်။ သူမကိုကြည့်ကာ သူက မေးလိုက်သည်။ "မင်းက ဘယ်သူလဲ?"

ထိုစကားသုံးခွန်းကြောင့် တကျီသည် ချက်ချင်းသေချင်သွားသည်။

ချောင်ကျန်း‌ကော်က ဟန်ဆောင်နေတယ်လို့ လူတချို့က ထင်ကြတဲ့အတွက် သူ့ကို စမ်းသပ်ဖို့ "အကြီးဆုံး ချောင် သူ့ကို မသိဘူးလား? သူက ထုတ်လုပ်ရေးအဖွဲ့မှာ အမျိုးသမီး ပညာတတ်လူငယ်တစ်ယောက်။ ကော်ရှန်ရဲ့ ဇနီး။ ဒီလောက်နှစ်တွေများကြီး ကြာနေပြီ မင်း သူ့ကို မမြင်ဖူးဘူးလား?"

ချောင်ကျန်းကော်က ခဏလောက် စဉ်းစားပြီးနောက် ရယ်မောကာ ပြောခဲ့သည်။ "အိုး၊ မင်းက ပန်းပဲဆရာပဲ။ ချော်လဲပြီး မြေပြင်ကို ရိုက်မိတာလား? ဟားဟား၊ မင်း ဘယ်လိုလုပ် ရုပ်ဆိုးသွားတာလဲ။ ငါမင်းကို မမှတ်မိဘူး!"

တကျီ - "..."

သူမ ရင်ဘတ်တွင် သွေးများ စို့နေသည်။ မမျိုချနိုင် မထွေးထုတ်နိုင်။ သူမသည် ဒေါသကြောင့် သူသေလုနီးပါးဖြစ်နေသည်။

သူမ၏ ဦးနှောက်သည် နစ်မြုပ်သွားသည်။ အဲဒီတုန်းက သူမက အရှက်ရလောက်အောင် မဖြစ်ခဲ့ဘူးလား?

ချောင်ကျန်းကော်ရဲ့ တုံ့ပြန်မှုကို မြင်တော့ လူတိုင်းက မရေရာသော အတင်းအဖျင်း ပြောဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ခံစားရသည်။

မကြာမီ ဝမ်ရွှေရှန်သည် အခြား ခေါင်း‌ဆောင်များနှင့် အတူ ရောက်ရှိလာပြီး ရူးကြောင်ကြောင် ကော်ရှန်နှင့် တကျီကို ရုံးသို့ အတူတူ ခေါ်ဆောင်သွားခဲ့သည်။

ချောင်ကျန်းကော်၏ လက်ထဲသို့ လူတိုင်း၏ အာရုံစူးစိုက်မှု ကျသွားသည်။

"အကြီးဆုံး ချောင် မင်းအကြောင်းကြားစာ ကိုင်ထားတာလား? အဲ့တာက မင်းရဲ့ တုန်းဟယ် စာမေးပွဲအောင်တာလား?"

ချောင်ကျန်းကော်က ဝမ်းသာအားရနဲ့ "ငါ့တုန်းဟယ်က မြို့တော်ရဲ့ ဆရာကောလိပ်မှာ ဝင်ခွင့်ရတယ်။ ငါ့တုန်းဟယ်ရဲ့ ဦးနှောက်က ငါ့လိုပဲ။ သုံးရလွယ်တယ်!"

လူတိုင်း - "..."

ကျေးဇူးပဲ ချောင်တုန်းဟယ်ရဲ့ ဦးနှောက်က မင်းနဲ့မတူဘူး။ မဟုတ်ရင် ဆရာကောလိပ်ကို ထားတော့ သူမက နည်းပညာကျောင်းကိုတောင် ဝင်ခွင့်မရနိုင်ဘူး။

ပြီးတော့ သူတို့က တူညီတဲ့ ထုတ်လုပ်ရေးအဖွဲ့မှာ လေးနှစ်၊ ငါးနှစ်လောက် ရှိနေပြီ။ သူသည် တစ်ဖက်လူရဲ့ အသွင်အပြင်ကိုတောင် မမှတ်မိပေ။ အဲဒီလို ဦးနှောက်နဲ့ လေ့လာချင်တာလား? အိပ်မက်မက်နေလိုက်။

ချောင်မိသားစုက အံ့သြစရာကောင်းသည်။ သူတို့မှာ အံ့သြစရာကောင်းတဲ့ ဆွေမျိုးတွေ အများကြီးရှိတာနဲ့တင် လုံလောက်ပါသည်။ အခု သူတို့မှာ တကယ်ကို ကောလိပ်ကျောင်းသား တစ်ယောက်ရှိပြီ။

လူတိုင်းက ချက်ချင်း မနာလိုဖြစ်သွားကြသည်။

ချောင်ကျန်းကော်ကို ဂုဏ်ပြုရင်း လူတိုင်းက သူတို့ကိုယ်သူတို့ တွေးနေကြသည်။ ချောင်တုန်းဟယ်သည် ယခု အသက်ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်သည်။ ကောလိပ်မတက်ခင် အောင်သွယ်သမားကို ခေါ်ပြီး သူတို့သားအတွက် ဇနီးမယားအဖြစ် အမိအရယူသင့်သလား?

အောင်မြင်ရင် ကောလိပ်ကျောင်းသားက သူတို့မိသားစု ဖြစ်သွားလိမ့်မည်။ ဘွဲ့ရပြီးရင် သူရှာတဲ့ငွေတွေကလည်း သူတို့မိသားစုကို ပိုင်လိမ့်မည်။

ဝမ်ချွမ်ကျီက လူတိုင်း တွေးနေတာကို သိရင် သူမ တံတွေးတွေ သူတို့ မျက်နှာပေါ် ထွေးမိမှာ သေချာသည်။ ဘယ်လောက်တောင် ရွံရှာစရာလဲ!

သူတို့သည် ကောလိပ်ကျောင်းသားတစ်ယောက် ပြုစုပျိုးထောင်ဖို့ အရမ်းကြိုးစားခဲ့ကြရသည်။ သူမ အမေအနေနဲ့ ဘာအကျိုးကျေးဇူးမှ မရရှိသေးဘဲ သူတို့က မက်မွန်သီးမှည့်ကို ဆွတ်ချင်နေကြသည်။ အိပ်မက်ဆက်မက်လိုက်!

သိပ်မကြာမီ ချောင်မိသားစုမှ ချောင်တုန်းဟယ်ကို ကောလိပ်တက်ခွင့်ရကြောင်း သိလိုက်သည်။ သူတို့သည် အလွန်ပျော်ရွှင်သွားကြသည်။

ဝမ်ချွမ်ကျီက အစကတော့ မယုံပေ။ သူမသည် အကြောင်းကြားစာကို နားလည်သဘောပေါက်စေရန် အထပ်ထပ် လှန်ခဲ့သည်။ အဲဒီထဲမှာ စာလုံးတွေကို သူမ နားမလည်ဘူး။ သို့သော် အဲ့တာက သူမအား ပျော်ရွှင်မှုတွင် ပါဝင်ခြင်းမှ မတားဆီးနိုင်ခဲ့ပေ။

"အရှင်ဘုရား တုန်းဟယ်ကို သေချာပေါက် လက်ခံရမယ်ဆိုတာ ကျွန်မသိတယ်။ တုန်းဟယ်က ငါနဲ့တူတဲ့ ဦးနှောက်ရှိတယ်။ ဒီလို ထက်မြက်တဲ့ ဦးနှောက်မျိုးက ကောလိပ်တက်ရမှာ သေချာတယ်။"

ချောင်ကျန်းကော် - "မိန်းမ တုန်းဟယ်က မင်းနဲ့မတူတာ ကံကောင်းတာပေါ့ မဟုတ်ရင် သူက ဝက်ချေးကျုံးဖို့ ဝက်ခြံဆီကိုပဲ သွားနိုင်မှာ!"

ဝမ်ချွမ်ကျီက ဒေါသတကြီး ဖြစ်နေသည် - “…”

ချောင်တုန်းဟယ်က အကြောင်းကြားစာကို ကိုင်ထားသည်။ သူမ၏ မျက်လုံးများသည် ပျော်ရွှင်မှုကြောင့် နီရဲနေသည်။

သူမ တကယ် စာမေးပွဲ အောင်ခဲ့တာလား?

သူမက ကောလိပ်ကျောင်းသူလား?

သာ့ချောင်သည် အပြေးအလွှား ပြေးလာပြီး သူ့ဝမ်းကွဲအစ်မကို ပွေ့ဖက်ကာ "ဝမ်းကွဲအစ်မ၊ အစ်မက တကယ်ကို အံ့သြစရာကောင်းတယ်။ အစ်မက ကောလိပ်ကျောင်းသူပဲ!"

ချောင်တုန်းဟယ်က သာ့ချောင်ကို ဆိတ်ဆွဲ‌ပေးဖို့ တောင်းဆိုခဲ့သည်။ သာ့ချောင်က သူမပြောတဲ့အတိုင်း လုပ်ခဲ့သည်။ သူမ မျက်နှာကနေ နာကျင်မှုတွေ ကူးစက်လာမှသာ ဒါက အိပ်မက်မဟုတ်မှန်း သူမ သိလိုက်သည်။

သူမ တကယ်ကို ကောလိပ်တက်ရမည် !

ထိုညတွင် ချောင်မိသားစုသည် ချောင်တုန်းဟယ်ကို ဂုဏ်ပြုရန် ပွဲကို ချက်ပြုတ်ခဲ့သည်။ ထုတ်လုပ်ရေးအဖွဲ့သည် ချောင်မိသားစုကို ဂုဏ်ပြုရန်အတွက် ကောင်းမွန်သော အရာများစွာကို ယူဆောင်လာခဲ့သည်။

အခြားသူများကလည်း ချောင်မိသားစုနှင့် ခမည်းခမက်ဖြစ်ချင်ကြောင်း ညင်သာစွာပြောကြသည်။ သို့သော် ချောင်ရှို့ကျီက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

ချောင်မိသားစုတွင် ကောင်းသောအရာများ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေသော်လည်း ဟော်မိသားစု၏ ပတ်ဝန်းကျင်သည် လိုက်လျောညီထွေ မရှိလှပေ။

ရက်အနည်းငယ်ကြာပြီးနောက် ငါးနှစ်ကြာခွဲခွာသွားခဲ့သော ဟော်ချီသည် ထုတ်လုပ်ရေးအဖွဲ့ဆီ ရုတ်တရက် ပြန်လာခဲ့သည်။

All Chapters